မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, January 22, 2012

ထလော့ မြန်မာ

7399321.png

ထလော့ မြန်မာ

ထလော့ မြန်မာ - အိုမြန်မာတို့

ဒို့ရွာ ဒို့မြေ - ဒို့ရွာမြေဝယ်

စေတီစပါး - များလဲများ၏

များပါလေလဲ - တမွဲမွဲနှင့်

ဆင်းရဲကသာ - ကာလကြာလျှင်

ရာဇကာမျိုး - တညှိုးညှိုးနှင့်

ပုထိုးမြင့်ဟောင်း - ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျှက် - မစားလေရ ဝမ်းမဝ၍

ဆွမ်းမျှမတင်နိုင် - ရှိမည်တည်း။ ။

ထလော့မြန်မာ - အိုမြန်မာတို့

ဒိုရွာ ဒို့ပြည် - ဒိုရွာမြေဝယ်

ရေချိုသောက်ရန် - မြစ်ချောင်းကန်နှင့်

သီးနှံချိုပြား - များလဲများ၏

များဘိလေလဲ - တမွဲမွဲနှင့်

ဆင်းရဲကသာ - ကာလကြာလျှင်

မြင်သာမြင်ရ - မစားရ၍

တောကပြိတ္တာ - ဖြစ်မည်တည်း။ ။

ထလော့မြန်မာ - မြန်မာထလော့

အားမပျော့နှင့် - မလျှော့လုံ့လ

ကိုယ်ကစ၍ - ငါကအားလုံး

လက်ရုံးများမြောင် - ဉာဏ်များမြောင်နှင့်

ဆောင်ကြလေ - ဆောင်ကြလေလော့

ဤမြေ ဤရွာ - ဘယ်သူ့ရွာလဲ

ဤသာသနာဟာ - ဘယ်သူ့သာသနာလဲ

ထလော့တာဝန် - ကျေလော့လုပ်ငန်း

ဉာဏ်ရှေ့မှန်း၍ - တဝမ်းတစိတ် ညီစေသတည်း။ ။


ဆရာ ဇော်ဂျီ ကဗျာလေးကို အမှတ်တရ အနေနဲ့ ပြန်လည်ရေးသား ဖော်ပြပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ


1 comments:

Anonymous said...

buy tramadol with mastercard tramadol dosage half life - tramadol hcl vs lortab

 
^ထိပ်ဆုံးသို့