မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, August 28, 2012

ဆွမ်းလောင်းအသင်း ရာသက်ပန် ငွေပဒေသာပင်အတွက် ယနေ့အထိ လက်ခံရရှိထားသော အလှူရှင်များစာရင်း

အပတ်စဉ် တနလာင်္နေ့တိုင်း သံဃာအပါး (၃၀၀ )ကျော် အား အရုဏ်ဆွမ်း+နေ့ဆွမ်းများ ဆက်ကပ် လောင်းလှူ လျှက်ရှိသော မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့ ၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းသို့ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်အရှင်ဇ၀န မှ ရာသက်ပန်ငွေပဒေသာပင် စိုက်ထူရန်အတွက် အလှူငွေ ၂,၀၀၀,၀၀၀ (ကျပ်သိန်းနှစ်ဆယ်)ကို မတည်လှူဒါန်းခဲ့ပါသည်။ နိုင်ငံတကာမှ စေတနာရှင် အလှူရှင်များအနေဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းသို့ ရာသက်ပန် ငွေပဒေသာပင်တစ်ခုလျှင် အလှူငွေ (၅၀၀၀၀ ကျပ်) ဖြင့် ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးဆော်၍ နှိုးဆော်လိုက်ရပါသည်။
သာသနာတည်ဘို့ ဆွမ်းလောင်းစို့ နေ့စဉ်အချိန်မှန် လောင်းလှူနိုင်ရန် တို့များကြိုးပမ်းရန်-

မေတ္တာရှင်ဖောင်ဒေးရှင်း ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတစ်သက်တာထာဝရ ငွေပဒေသာပင်အတွက် အလှူရှင်များ-စာရင်းကို နောက်တိုး အလှူရှင်များစာရင်းနှင့်တကွ ဖော်ပြေပေးလိုက်ရပါသည်။

6.11.2012 update ပြုလုပ်ပြီး။ 


လစဉ်အလှူရှင်များ-

တနလာင်္အပတ်စဉ်ဆီအလှူရှင်-

ဒေါ်ချို (ရွှေဘိုမြို့)

လစဉ်အရုဏ်ဆွမ်းတစ်ရက်အလှူရှင်-

၁.ကိုသက်မြင့်ဦး+မကေသီလွင်၊
သမီး-လွင်မာမင်း မိသားစု(စင်္ကာပူ)

၂.မခင်ငြိမ်းချမ်းဦး (မလေးရှား)

လစဉ်အလှူငွေထည့်ဝင်ခြင်း-

၁.ကိုငြိမ်းတေဇထွန်း+မခင်သန္တာ(စင်္ကာပူ)
(လစဉ် စင်္ကာပူဒေါ်လာ၅၀)

၂.ကိုသန်းဇော်ဦး+မသီတာစိုး မိသားစု(စင်္ကာပူ)
(လစဉ် စင်္ကာပူဒေါ်လာ၅၀)

၃.ကိုမင်းသက်နောင်(မလေးရှား)
(လစဉ် စင်္ကာပူဒေါ်လာ ၁၀၀)

၎.ကိုဇော်ဇော် နဲ့ ညီမ ခေတ်ရတနာ (စင်္ကာပူ)
(လစဉ် စင်္ကာပူဒေါ်လာ ၅၀)

လစဉ်ဝေယျာဝစ္စအလှူရှင်-

၁.ကိုမင်းထက်ကျော်ဇင်+မနန်းသန္တာအောင်
၂.ကိုကြီး
-->

ဦးဇင်းဦးကောဝိဒ လက်ခံထားသောအလှူရှင်စာရင်း-

၁.မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)(၂,၀၀၀,၀၀၀ ကျပ်)

၂.ဦးကောဝိဒ(စစ်ကိုင်း) (၂၀၀,၀၀၀ ကျပ်)

၃.ကိုဖြိုး(ရွှေအိမ်ဖြူတယ်လီဖုန်း-မန္တလေး)(၁၀၀,၀၀၀ကျပ်)

၎.ကိုဇော်သိင်္ခ (မန္တလေး) (၅၀၀၀၀ ကျပ်)

၅.ဦးဇော်သောင်း+ဒေါ်အေးသန်း မိသားစု (စစ်ကိုင်းမြို့) ( ၂၀၀,၀၀၀ ကျပ်)

၆.ဦးကျော်ဝင်း +ဒေါ်စီလာ မိသားစု (ပြင်ဦးလွင်မြို့) ( ၁၀၀,၀၀၀ ကျပ်)

၇.ရွှေလမ်းငွေလမ်းဝင်းကြည် ( ၅၀,၀၀၀ ကျပ်)

၈.ဦးသာဥာဏ်+ဒေါ်အေးအေးမြတ် မိသားစု(တောင်ကြီး) (၃၀,၀၀၀ ကျပ်)

၉.ကာယကံမေတ္တာရှင်အဖွဲ့(မန္တလေးမြို့) (၁၉၀,၀၀၀ ကျပ်)

၁၀.မရွှန်းလဲ့ပြည့်(၅နှစ်)ပြည့် မွေးနေ့အလှူ။(ရန်ကုန်)(၅၀၀,၀၀၀ ကျပ်)

၁၁.Dr.ကြည်ချိုအောင်(ရန်ကုန်) (၁၀၀,၀၀၀ ကျပ်)

၁၂.သာသာယာယာ(မန္တလေး) (၁၀၀,၀၀၀ ကျပ်)

၁၃.ရွှေမြန်မာဆိုင်ကယ်ပစ္စည်းဆိုင် မိသားစု(မန္တလေးမြို့) (၁၀၀,၀၀၀ ကျပ်)

၁၄.ဦးစီကွမ်း + ဒေါ်အေးအေးသိန်း(မန္တလေး) (၅၀၀,၀၀၀ ကျပ်)

၁၅.စိုင်းရဲခေါင် (၂၀,၀၀၀ ကျပ်)

၁၆.ကိုမင်းမင်းလတ်+မခင်စုဝင်း၊သား-ကျော်ထူးသွင်၊သမီး-ရွှန်းလဲ့ရည်ကြွယ် မိသားစု(မလေးရှား)(၁၂၂,၃၁၇ ကျပ်)

၁၇.အလှူရှင်တစ်ဦး(မြိတ်) (၂၅,၀၀၀ ကျပ်)

၁၈.ကိုဖြိုးသွင်ကျော်၊မစီစီသောင်း၊မမွန်မွန်သန့်(မန္တလေးမြို့) (၁၁၀၀၀၀ ကျပ်)
၁၉. ကိုဇော်မင်းအောင် မိသားစု မင်းဘူးမြို့  (၅၀၀၀၀ ကျပ်)

၂၀. ကိုဉာဏ်မျိုးထက် (UAE) + မယုယုဆွေ ၊ သား-သီဟစံ၊ သမီး-မဒ္ဒီမျိုးထက်၊ မြင်းမိုရ်ဦး မိသားစု မန္တလေးမြို့  (၅၀၀၀၀ ကျပ်)

၂၁. မိဘနှစ်ပါးအားဦးထိပ်ထား၍ အမေရိကန်နိုင်ငံ (L.A) မြို့နေ မအိအိဆွေဇင်မှ (၅၀၀၀၀ ကျပ်)

၂၂. ဦးရှိန်၊ ဒေါ်ခင်နီ ၊မောင်ကျော်ဇင်ဖြိုး တို့အားရည်စူးပြီး သမီးလေး အင်ကြင်းသူ မိသားစု '' (ရန်ကုန်) မှ
သမီးလေးအင်ကြင်းသူ 25-09-2012 မွေးနေ့အလှူအဖြစ် (၁၅၀၀၀၀ ကျပ်)


၂၃. ကိုမောင်သက်+မဝေေ၀စိုး (မူဆယ်)မြို့မှ (၂၅၀၀၀၀ ကျပ်) 



-------------------------------------
အလှူငွေစုစုပေါင်း=
၅,၀၄၇၃၁၇ ကျပ်
------------------------------------


ဒေါ်ဝါ၀ါခိုင်မင်း လက်ခံရရှိထားသော အလှူငွေစာရင်း-

၁.Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊သမီးလေး-မေမြတ်နိုးခိုင် မိသားစု(၁၀၀,၀၀၀ ကျပ်)

၂.Dr.မိုးကိုဦး+မ၀င်းမင်းသစ်(ဘန်ကောက်)(၃၀၀,၀၀၀ ကျပ်)

၃.ကိုအောင်မြင့်ဦး+မမေသဇင်အုန်း၊သား-Matthew မိသားစု(စင်္ကာပူ)(600SGD)(၃၈၇,၆၀၀ ကျပ်)

၎.ဦးမြင့်သူ+ဒေါ်မွှေးမွှေးကြူ ၊သမီးလေး ဇင်မွန်ထက် မိသားစု(ကနေဒါ)( ၂၀၀,၂၆၀ ကျပ်)

၅.ကိုကျော်သူရ (စင်္ကာပူ) (၂၅၀,၀၀၀ ကျပ်)

၆.ကိုမျိုးဦး+မခိုင်ခင်ဝင်း ၊သမီးလေး-သန့်အိနြေ္ဒဦး မိသားစု(စင်္ကာပူ) အလှူငွေ( ၂၀၀,၀၀၀ ကျပ်)

၇.ဦးမျိုးသိန်း နှင့် alor gajah ,malacca , malaysia မှ မြန်မာလုပ်သားများကောင်းမှူး။ ( ၅၀,၀၀၀ ကျပ်)

၈.ကိုဇင်လင်းဇော် + မသက်မာ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၉.ဒေါ်အေးအေးဝင်း အားရည်စူး၍ ကျန်ရစ်သူမိသားစုကောင်းမှူး။ (၅၀,၀၀၀ ကျပ်)

၁၀.ကိုခင်မောင်အေး+မတင်ညိုလင်း မိသားစု(စင်္ကာပူ) မှ ဇူလိုင် ၂၉ ရက် ကိုခင်မောင်အေးမွေးနေ့အလှူ(၆၄,၅၀၀ ကျပ်)

၁၁.မယွန်းရတီလှိုင် (နန်းထိုက်ဖုန်းအပိုပစ္စည်း နှင့်အရောင်းဆိုင် ၊ မလေးရှား) ( ၁၅၀,၀၀၀ ကျပ်)

၁၂.ဦးကိုကိုနိုင် + ဒေါ်မြင့်သဲစုစံ + သားသား မောင်ဇွဲလုလင်နိုင် မိသားစု (စင်္ကာပူ) (၂၀၁,၂၀၀ကျပ်)

၁၃. ဦးချစ်ထွန်း + ဒေါ်အိနန်း တို့အားရည်စူး၍ မစန်းစန်းခိုင် (စင်္ကာပူ)(၁၀၀,၀၀၀) ကျပ်။

၁၄.ကွယ်လွန်သူဖခင် ဦးတင်အောင် နှင့်မိခင်ဒေါ်ညွန့်ညွန့်ရီတို့အားရည်စူး၍ ကျန်ရစ်သူ မိသားစု(ထိုင်းနိုင်ငံ) (၁၀၀,၀၀၀)ကျပ်

၁၅.ကိုထွန်းထွန်း(စင်္ကာပူ) (၇၀,၀၀၀ ကျပ်)

၁၆.Dr.ညီညီကျော်+Dr.ဖူးပွင့်ဟန်(USA) (၁၀၀,၀၀၀ ကျပ်)

၁၇.ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည်၊သား-မင်းသစ်ထွန်း မိသားစု(ထိုင်ဝမ်) (၁၀၀,၀၀၀ ကျပ်)

၁၈.ဒေါ်ခင်မြမြ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၁၉.ဒေါ်ခင်လေးကြူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၀.ဒေါ်ခင်လေးဖြူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၁.ဒေါ်ခင်လေးမူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၂.ဒေါ်ခင်လေးမေ (ထိုင်း)(၅၀,၀၀၀ ကျပ်)

၂၃.ဦးကိုကိုမောင် (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၄.Mr.Steven+Ms. Sydney ,သား-AJ , သမီး-EVA (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၅.ဦးတင်ထွန်း+ဒေါ်ညွန့်ညွန့် မိသားစု(၁၀၀,၀၀၀ ကျပ်)

၂၆.မိဘများကိုအမှူးထား၍ မအေးမွန်သန့်(စင်္ကာပူ)၏ (၂၃.၉.၂၀၁၁ မွေးနေ့အလှူ) (၅၀,၀၀၀ ကျပ်)

၂၇.ဦးချစ်အေး+ဒေါ်တင်တင်ရီ ၊သမီး-မသန္တာဦး၊မဖြူဖြူခိုင်၊မအိအိခိုင် မိသားစု (၅၀,၀၀၀ ကျပ်)

၂၈.မအေးဇာနွယ်(စင်္ကာပူ) (၁၀၀,၅၀၀ ကျပ်)

၂၉.ကိုဇော်လင်းထူး+မကျော့ကေသွယ် မိသားစု(ရန်ကုန်)(၅၀,၀၀၀ ကျပ်)

၃၀.ကိုမင်းသူရိန်+မသဇင်၊သား-မင်းသန့်ကျော်(Ah Boy)၏ (၇.၉.၂၀၁၁)မွေးနေ့အလှူ (စကာင်္ပူ) (၁၀၀,၀၀၀ ကျပ်)

၃၁.မနိုဘယ်လ်မိုး(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၃၂.စေတနာရှင်တစ်ဦး(90SGDx588k) ( ၅၂,၉၂၀ ကျပ်)

၃၃.ဦးဂျင်မီစိုး မိသားစု (ရန်ကုန်) (၁၀၀,၀၀၀ ကျပ်)

၃၄.မဖြူမေဇင် (စင်္ကာပူ)၏ (၈.၁၀.၂၀၁၁)မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်)

၃၅.ဦးဇော်မိုးဆန်း+ဒေါ်နော်နော်ရည်မွန်၊သမီး-ရှင်မိုးရည်၊သွန်းဆင့်မိုးရည် မိသားစု(အဒူဒါဘီ၊ယူအေအီး)(၅၀,၀၀၀ ကျပ်)

၃၆.Dr.ဖိုးသော်တာ၊Dr.မေရင်ရင်သန်း၊Dr.သွဲ့သွဲ့ ၊ Dr.ခင်သန်းနွယ်၊ Dr.ခင်သန်းမြင့် မိသားစု (၅၀,၀၀၀ ကျပ်)

၃၇.ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး ၊ သား-မောင်ကောင်းဆက်၊ သမီး မသက်စန္ဒီ မိသားစု (စင်္ကာပူ) ( ၁၂၄,၀၀၀ ကျပ်)

၃၈.ကိုမျိုးသန့် + မမြင့်မြင့်အေး၊ သမီး မညွှန်းအိမ်စည်မျိုး (စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မည့်  ကိုမျိုးသန့် ၏ မွေးနေ့အလှူ) (၆၂၀၀၀ ကျပ်)

၃၉.ဒေါ်ခင်သန်းဝင်း(ရွှေပြည်သာ) ၏ သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့တွင်ကျရောက်သော မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်)

၄၀.ဦးညိုသန့် (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၁.ဒေါ်အေးအေးဝင်း (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၂.မောင်ဥာဏ်လင်းဦး (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၃.မစုလှိုင်ဦး (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၄.မ၀င်းဝင်း (ခေတ္တ-စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၄၅.ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)
(၂၄.၁၀.၂၀၁၁)မင်္ဂလာနှစ်ပတ်လည်အလှူ(၅၀,၀၀၀ ကျပ်)

၄၆.မိဘများကို အမှူးထား၍ မအေးအေးမျိုး(UK)(၁၀၀,၀၀၀ ကျပ်)

၄၇.ကိုဇော်ဇော်အောင်+Dr.ဇင်မာဝေ(စင်္ကာပူ)(၁၀၀,၀၀၀ ကျပ်)

၄၈.ကွယ်လွန်သူမိဘများဖြစ်သော(ဦးမြင့်လွင်+ဒေါ်ခင်ခင်လေး)တို့အား ရည်စူး၍ဒေါ်ချိုချိုဝင်း၊ဦးကျော်ကျော်ဦး၊ဦးလှိုင်ထွန်း၊ဒေါ်အေးအေးချို၊ဒေါ်သိဂီင်္လင်း၊
ဒေါ်ရင်မင်းထွေး(၅၀,၀၀၀ ကျပ်)

၄၉.ဦးကျော်မြင့်မိသားစု(၆၂,၀၀၀ ကျပ်)

၅၀.ကျေးဇူးရှင်ဖခင်ကြီး ဦးကြည်ထွန်း+မိခင်ကြီး ဒေါ်ခင်ဆွေသိမ်း တို့အား အမှူးထား၍ သမီး-မအိအိမာ(စင်္ကာပူ)၊သား-မောင်အောင်မျိုးသိမ်း မိသားစု ကောင်းမှူး။( ၆၂,၀၀၀ ကျပ်)

၅၁.မနန်ခမ်းဟန်(စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၂.မသန်းသန်းလှ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၃.မဇင်မာဖြူ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၄.မသီသီထွန်း (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၅.မရှင်းသန့်ဖြူ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၆.ကိုကျော်ဇော +မယဉ်ဖြူမြင့် (စင်္ကာပူ) (၁၂၀,၀၀၀ ကျပ်)

၅၇.ဦးစောလစ်ဝှီး@ဦးကျော်စိုးလင်း+ဒေါ်ကျင်အေး မိသားစု(ရန်ကုန်)(၅၀,၀၀၀ ကျပ်)

၅၈.ကွယ်လွန်သူ ဘဘ ဦးဘိုးအေး၊မယ်မယ် ဒေါ်ကျင်ရှီ ၊ ဖေဖေ ဦးသိန်းအောင်၊ မေမေ ဒေါ်ညွှန်စိန် နှင့် ဒေါ်လေး ဒေါ်သျှမ်းသွယ်နှင့် မောင်နှမများကို ရည်စူး၍ ကိုဌေးအောင်(ဒိန်းမတ်)၏ အလှူ။
(၇၆၉,၀၀၀ ကျပ်)

၅၉.ဦးပြုံး+ဒေါ်သန်းတင် မိသားစု (၆၀,၅၀၀ ကျပ်)

၆၀.ဦးကျော်မြင့်+ဒေါ်စန်းရီ မိသားစု(၃၀,၂၅၀ ကျပ်)

၆၁.Dr.မျိုးမင်းသန့်+မမေယမင်းသူ(MD, Bright Team Decoration Co. Ltd. ရန်ကုန်)(၁၀၀,၀၀၀ ကျပ်)

၆၂.ဦးစိုးဝင်း+ဒေါ်ခင်နှင်းအေး၊သား OSCAR (USA)(၅၀၀,၀၀ ကျပ်)

၆၃.ဦးပန်းစိန်+ဒေါ်မြသိန်း မိသားစု (၁၅၀,၀၀၀ ကျပ်)

၆၄.(၂၀.၉.၂၀၁၁)နေ့တွင် ကွယ်လွန်သွားသော မိခင်ကြီး ဒေါ်စိန်ကျော့ အားရည်စူး၍ ဦးလှသိန်း+ဒေါ်အေးအေးမြင့် မိသားစု ( ၁၅၀,၀၀၀ ကျပ်)

၆၅.ဦးသိန်းဟန်+(ဒေါ်စန်းရီ)ရည်စူးပြီး..ကိုကြီးစတိုး(နီလိုင်း)မိသားစု (မလေးရှား) ၁၀၀,၀၀၀ ကျပ်

၆၆.ကိုဇေယျဝင်း+မခိုင်ဇင်ထွန်း(သြစတေးလျ) ၅၀,၀၀၀ ကျပ်

၆၇.Mr.Koyanagi + မသင်းသင်းနိုင် ၊သား HIROAKI မိသားစု (ဂျပန်) ( ၁၀၀,၀၀၀ ကျပ်)

၆၈.ကိုဆန်းမော်+မအေးမွန်ထွန်း(ဂျပန်) (၅၀,၀၀၀ ကျပ်)

၆၉.နှစ်ဖက်သောမိဘများကိုအမှူးထား
ကိုကြည်ော်သက်+မရွှန်းလဲ့မေ (စင်ကာပူ)- ၆၁၈၀၀ ကျပ်
၇၀.မိဘနှစ်ပါးကိုအမှူးထားမမေသန်းထိုက်(စင်ကာပူ)-၅၀၀၀၀ ကျပ်
၇၁.ကွယ်လွန်သူ ဦးမင်းနိုင် အားရည်စူး၍ ဒေါ်ကြူကြူခင်မိသားစု(ရန်ကုန်) ၂၀၀,၀၀၀ ကျပ်
၇၂.ကွယ်လွန်သူမိဘနှစ်ပါးဖြစ်သော ဦးအေး+ဒေါ်စန်းစန်းလွင် တို့အားရည်စူး၍ ကိုအောင်ပြည့်စုံအေး(စင်္ကာပူ) ၅၀,၀၀၀ ကျပ်+၅၀,၄၂၄ ကျပ်
၇၃.ကိုစောကိုဦး+မမိုးဝေကျော်(စင်္ကာပူ) ၁၀၀,၀၀၀ ကျပ်
၇၄.ကိုမြတ်ထွန်းမျိုး+မအိချို (စင်္ကာပူ)( ၅၀,၀၀၀ ကျပ်)
၇၅.ကွယ်လွန်သူ အဖိုး အဖွားများအားရည်စူး၍ Mr.Lee Chia Meng+ မနှင်းဥမ္မာနိုင် (ရန်ကုန်) (၅၀,၀၀၀ ကျပ်)
၇၆.ကိုဘိုဘိုဟန်+မရတနာတင် (စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၇၇.ဦးကိုကိုမောင် + Dr.ဇာခြည်လဲ့ ၊သမီး-ဆုပြည်ရွှေစင်၊ဆုလဲ့ရွှေစင် မိသားစု(ရန်ကုန်) (၂၀,၀၀၀ ကျပ်)
၇၈.မအေးမို့မို့ကြည် (စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၇၉.နှစ်ဖက်သော မိဘများကို အမှူးထား၍
ကိုအောင်ခိုင်ကျော်+မအေးမြတ်မြတ်စိုး(စင်္ကာပူ) မှ ကိုအောင်ခိုင်ကျော် ၏ (၂၂.၂.၂၀၁၂) မွေးနေ့အလှူ
(၁၀၀,၀၀၀ ကျပ်)
၈၀.ကွယ်လွန်သူများဖြစ်ကြသော ဦးသန်း+ဒေါ်အမာ၊ဦးထွန်းကြည်+ဒေါ်အုန်းမြိုင်၊ဦးသန်းတင်+ဒေါ်သန်းနွဲ့ တို့အား ရည်စူး၍ ဦးဌေးလွင်+ဒေါ်ဒန်းမြိုင်မိသားစု၏ အလှူ (၂၀၀,၀၀၀ ကျပ်)
၈၁.ကိုသီဟသက်တင်+မဇာခြည်လွင် ၊သား-ဂျေဂျေ(စင်္ကာပူ) မိသားစု မှ (၂၅.၂.၂၀၁၂)ကိုသီဟသက်တင် ၏ မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်)
၈၂.ကိုဇော်မင်းလှိုင်+မသဇင်မြင့် ၊သမီး-သီရိဇော် (စင်္ကာပူ)မှ (၁၀၀,၀၀၀ ကျပ်)
၈၃.မအေးအေးသွယ် (ဆိုက်ပရပ်စ်) (၅၀,၀၀၀ ကျပ်)
၈၄.ဦးစိန်ဝင်း+ဒေါ်နုနုရီ မိသားစု (80 SGD)(၅၁,၂၀၀ ကျပ်)
၈၅.ကိုမောင်မောင်မျိုးမင်း+မမိုးသူဇာ ၊သမီး-စုနေခြည်မောင်၊စုစံထားမောင် မိသားစု (စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၈၆.ကိုမျိုးမင်းကြည် +မဇင်မာဝင်း ၊သား- ရှင်းခန့်မင်းကြည် ၊ပိုင်ဇင်မင်းကြည် မိသားစု (စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၈၇.ကိုဇော်ဝင်းမြင့် + မတင်ဇာပိုင် မိသားစု (250 SGD)(၁၆၀,၀၀၀ ကျပ်)
၈၈.ဦးခင်အောင်တင် + ဒေါ်ခင်ခင်ဦး မိသားစု(စင်္ကာပူ)မှ ကွယ်လွန်သူမိခင်ကြီး(၉)နှစ်ပြည့်အားရည်စူးအလှူ (၅၀၀၀၀ ကျပ်)
၈၉.ဦးအောင်သိမ်း+ဒေါ်မြင့်မြင့်ဦး မိသားစု (စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)
၉၀.ကိုရန်နိုင်+မသီတာ (စင်္ကာပူ) (240 SGD)(၁၅၃၆၀၀ ကျပ် )
၉၁.ဦးအောင်ရှိန်+ ဒေါ်မငယ် မိသားစု (စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၉၂.ကိုစည်သူဝင်း+ မအိမွန်ချို (စင်္ကာပူ)မှ (100SGD)(၆၄,၀၀၀ ကျပ်)
၉၃.ကိုဝင်းထွဋ်အောင်+ဒေါ်သဉ္ဇာဝင်း ၊သား-ဘုန်းပြည့်စည်သူ မိသားစု(စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၉၄.မဇာခြည်မင်းမင်းထွေး(စင်္ကာပူ) (80 SGD)(၅၁,၂၀၀ ကျပ်)
၉၅.Jesse Kaung Myat (Singapore) (200SGD)(၁၂၈,၀၀၀ ကျပ်)
၉၆.မသီသီဟန်နှင့် သူငယ်ချင်းများ (စင်္ကာပူ) (385SGD)(၂၄၆၄၀၀ ကျပ်)

၉၇.ကိုသိန်းဝင်းထွန်း + မအိအိထွန်း မိသားစု (စင်္ကာပူ) (500SGD)(၃၂၀,၀၀၀ ကျပ်)

၉၈.ကိုဇော်ဝင်းထွဋ် + မနှင်းယုယုဝင်း၊သမီး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)
၉၉.ကိုဇော်ဇော်ထွန်း+ မခိုင်သဉ္ဖာဝင်း ၊သား- ကျော်ဇေယျာဝင်း မိသားစု(စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)
၁၀၀.ကိုမျိုးမင်း +မနှင်းဖြူဖြူ ၊သား- မိုးသစ်မင်း မိသားစု (စင်္ကာပူ)(100SGD)(၆၄,၀၀၀ ကျပ်)
၁၀၁.ကိုကျော်မင်း +မနီလာလှိုင် ၊သမီး- မေမျိုးဟိန်း၊မေမျိုးဟန် မိသားစု(စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)
၁၀၂.ကိုစိုးဝင်းနောင် + မသန္တာလှိုင် မိသားစု (စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)

၁၀၃.ရွှေအင်းလေးမိသားစု(၁၅၃၆၀၀ ကျပ် )

၁၀၄.ကိုထိန်လင်း+ မမေသင်္ကြန်ထွန်း (စင်္ကာပူ)(၆၄,၀၀၀ ကျပ်)

၁၀၅.မနီနီလွင် မိသားစု (စင်္ကာပူ) (၅၁,၂၀၀ ကျပ်)
၁၀၆.မိခင်ဒေါ်စောလေးအား အမှူးထား၍ သမီး မမူမူအေး မိသားစု (စင်္ကာပူ)(၅၁,၂၀၀ ကျပ်)
၁၀၇.ဦးတင့်လွင်မိသားစု (စင်္ကာပူ) (80SGD)(၅၁,၂၀၀ ကျပ်)

၁၀၈.ဦးခိုင် မိသားစု (စင်္ကာပူ) (80SGD)(၅၁,၂၀၀ ကျပ်)
၁၀၉.ဦးအောင်ကိုမြင့် မိသားစု (စင်္ကာပူ) (80SGD)(၅၁,၂၀၀ ကျပ်)
၁၁၀.မိခင် ဒေါ်ခင်စိန်အား အမှူးထား၍ ဒေါ်တင်မြင့်မိသားစု (စင်္ကာပူ)(80SGD)(၅၁,၂၀၀ ကျပ်)
၁၁၁.မိခင်ဒေါ်အောင်ကြွဖြူ(စစ်တွေ)အား အမှူးထား၍ သမီး- လှလှကြည်၊ဒေါက်တာမြင့်မြင့်သိန်း မိသားစု (စင်္ကာပူ) (300 SGD)(၁၉၂,၀၀၀ ကျပ်)
၁၁၂.ကိုကျော်စွာလင်း+ မကေခိုင် မိသားစု(စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)

၁၁၃.ကျေးဇူးရှင်မိခင်ကြီးအား အမှူးထား၍ Miss Sharon နှင့်မောင်နှမမိသားစုများ (စင်္ကာပူ) (80SGD)(၅၁,၂၀၀ ကျပ်)

၁၁၄.ဦးသန်းထိုက်ဦး +ဒေါ်ကြူကြူဝင်း မိသားစု (စင်္ကာပူ)(80SGD)(၅၁,၂၀၀ ကျပ်)

၁၁၅.မယုယုဟန်မိသားစု (စင်္ကာပူ) (80SGD)(၅၁,၂၀၀ ကျပ်)

၁၁၆.ဦးသိန်းဝင်း+ဒေါ်နီနီအေးမိသားစု (စင်္ကာပူ) (170SGD)(၁၀၈,၈၀၀ကျပ်)

၁၁၇.မမြရည်ညို မိသားစု (စင်္ကာပူ) (90SGD)(၅၇,၆၀၀ ကျပ်)

၁၁၈.ဦးသက်တင်+ဒေါ်သန်းမြင့် မိသားစု (Best Smile -စင်္ကာပူ) (90SGD)(၅၇,၆၀၀ ကျပ်)

၁၁၉.ဦးကျော်တင့် + ဒေါ်အုန်းကြည် ၊သမီး -မချယ်ရီ မိသားစု (စင်္ကာပူ)(110SGD)(၇၀,၄၀၀ ကျပ်)

၁၂၀.ဦးကျော်ခိုင်တင့် + ဒေါ်သိန်းသိန်းရှင်မိသားစု (စင်္ကာပူ)(80SGD)(၅၁,၂၀၀ ကျပ်)

၁၂၁.ဒေါ်အေးသန့် မိသားစု (စင်္ကာပူ)(100SGD)(၆၄,၀၀၀ကျပ်)

၁၂၂.ဦးစိုးလှ +ဒေါ်အေးမြတ်မွန် မိသားစု (စင်္ကာပူ) (100SGD)(၆၄,၀၀၀ကျပ်)

၁၂၃.ဦးအောင်စိုး+ဒေါ်ခင်ထားအေး မိသားစု (စင်္ကာပူ)(100SGD)(၆၄,၀၀၀ ကျပ်)

၁၂၄.ဦးစိုးမိုးအောင်+ဒေါ်ခင်မျိုးမြင့် ၊သမီး- အေးမြတ်စိုး မိသားစု(100SGD)(၆၄,၀၀၀ ကျပ်)

၁၂၅.ဦးအောင်ဇော်လင်းမိသားစု (စင်္ကာပူ) (100 SGD)(၆၄,၀၀၀ ကျပ်)

၁၂၆.ဦးအေးကျော်+ဒေါ်နွယ်လေးခိုင် တို့အား အမှူးထား၍ မအေးသက်ထားနွယ်(စင်္ကာပူ) (100SGD)(၆၄,၀၀၀ ကျပ်)

၁၂၇.ဦးစိုးဝင်း+ဒေါ်ခင်မာထွေး မိသားစု (စင်္ကာပူ) (90SGD)(၅၇,၆၀၀ ကျပ်)

၁၂၈.နှစ်ဖက်သော မိဘများဖြစ်သောဦးစိုးလှိုင်+ဒေါ်မြသိန်း၊ဦးလိန်ဟာ+ဒေါ်ရာဟတ် တို့အားအမှူးထား၍
ကိုကျော်ပိုင် +မသင်းသင်းအေး မိသားစု (စင်္ကာပူ) (100USD) (၆၄,၀၀၀ ကျပ်)

၁၂၉.ကိုဝင်းမင်း +မကျော့ကေခိုင် မိသားစု (စင်္ကာပူ) (၅၁,၂၀၀ ကျပ်)

၁၃၀.ဦးမြစိန်+ဒေါ်လှမြင့် မိသားစု (စင်္ကာပူ) (၅၁,၂၀၀ ကျပ်)

၁၃၁.မစုမွန် ၊ မဌေးဌေးလင်း ကောင်းမှူး (စင်္ကာပူ)(80SGD)(၅၁,၂၀၀ ကျပ်)

၁၃၂.ကွယ်လွန်သူ ဦးလှသောင်း အားရည်စူးပြီး ဒေါ်စံပယ်အား အမှူးထား၍မသန်းသန်းဆင့် ၏အလှူ။ (စင်္ကာပူ)
(၅၁,၂၀၀ ကျပ်)

၁၃၃.ကွယ်လွန်သူအဖွား ဒေါ်သိန်းညွန့် အားရည်စူး၍ ဦးညွန့်ရွှေ+ဒေါ်အမြိုင် ၊သမီး- မလှိုင်ဝင်းလဲ့ (စင်္ကာပူ)မှ (၅၁,၂၀၀ ကျပ်)

၁၃၄.ဦးကျော်ဝင်း + ဒေါ်မာလာရီ (စင်္ကာပူ)မှ(100SGD)(၆၄,၀၀၀ ကျပ်)

၁၃၅.ဦးဝင်းထိန် + မမေကျော်စိုးညွန့် (စင်္ကာပူ)(500SGD)(၃၂၀,၀၀၀ ကျပ်)

၁၃၆.ဦးသိန်းရွှေ + ဒေါ်စန်းစန်းမိသားစု (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၈၀(၅၁,၂၀၀ ကျပ်)

၁၃၇.ဦးလှသောင်း+ဒေါ်စံပယ် ၊သမီး- မသန်းသန်းတင့် မိသားစု (စင်္ကာပူ) (၅၁,၂၀၀ ကျပ်)

၁၃၈.ဦးအောင်စိုးမြင့် + ဒေါ်သောင်းရီတို့အား အမှူးထား၍သားသမီးများကောင်းမှူး (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၅၀၀(၃၂၀,၀၀၀ ကျပ်)

၁၃၉.ဦးအောင်ဇော်+ဒေါ်တင်တင်ခိုင် (စင်္ကာပူ) ( 100USD) (၈၀,၀၀၀ ကျပ်)

၁၄၀.ကိုစိုးမိုးမြိုင် +မနီလာသန်းထွန်း (စင်္ကာပူ) (၆၄,၀၀၀ ကျပ်)

၁၄၁.ကိုဇော်လင်းအောင် +မဇင်မာထွန်း (စင်္ကာပူ)(၆၄,၀၀၀ ကျပ်)

၁၄၂.ဒေါက်တာခင်ခင်ဝင်း (လစဉ် စင်္ကာပူဒေါ်လာ၁၀ x ၅ နှစ်အတွက်) (၃၈၄,၀၀၀ ကျပ်)

၁၄၃.ဦးသန်းဆွေ +ဒေါ်သင်းသင်းလှိုင် ၊သား-ကျော်မျိုးဆွေ၊ဇော်မျိုးဆွေ၊စိုးမိုးဆွေမိသားစု (စင်္ကာပူ) ၁၀၂,၄၀၀ ကျပ်

၁၄၄.ဦးဇော်ဝင်း+ဒေါ်စီစီ မိသားစု (စင်္ကာပူ) ၁၀၂,၄၀၀ ကျပ်

၁၄၅.ဦးထွန်းညွန့်+ဒေါ်ဌေးဌေးကြည်၊သား-မင်းနိုင်ဦး၊သမီး-စုစုအောင် မိသားစု(စင်္ကာပူ) ၅၀,၀၀၀ ကျပ်

၁၄၆.ကိုကျော်သူရ + မစိုးစိုးလွင် ( U.S.A) (၈၀,၀၀၀ ကျပ်)

၁၄၇.ကွယ်လွန်သူ ဦးဝင်းလွင် (ခ) ဦးရေခဲ အားရည်စူး၍ ကျန်ရစ်သူမိသားစုကောင်းမှူး။(ကျောက်မြောင်း)
(၁၀၀,၀၀၀ ကျပ်)

၁၄၈.ကိုကျော်စွာမင်း (လွိုက်ကော်) (၁၅.၄.၂၀၁၂မွေးနေ့အလှူ)(၂၅၀,၀၀၀ ကျပ်)

၁၄၉.ကိုမင်းသူရိန်+မလဲ့ရည်ဝင်း၊သား-မင်းပြည့်ဖြိုး မိသားစု(စင်္ကာပူ) (၆၄,၀၀၀ ကျပ်)

၁၅၀.ဦးအောင်ဌေး+ဒေါ်မြတ်နွယ် ၊သမီး-မမြတ်မျိုးအောင် မိသားစု(စင်္ကာပူ) (၅၀,၀၀၀ ကျပ်)(yoma)
၁၅၁.ကိုအောင်လေး+မကြည်လေး(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၁၅၂.ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေးသန္တာထွန်း(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၁၅၃.ကိုရဲမျိုးကျော်+Dr.နန်းထွေးခမ်း(စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၁၅၄.ကိုမျိုးဝဏ္ဏဦး(ရန်ကုန်) (၅၀,၀၀၀ ကျပ်)

၁၅၅.ကွယ်လွန်သူ ဒေါ်အောင်မာဝေ(၁)နှစ်ပြည့်အား ရည်စူး၍ ဦးထွန်းအောင်ကျော်+ဒေါ်ခင်မာလာဝေ၊သမီး-ရွှန်းမြတ်ဆုလာဘ် မိသားစု၏အလှူ (၁၅၀,၀၀၀ ကျပ်)

၁၅၆.Kathy Gems Art မိသားစု(Abu Dhabi, UAE) ၅၀,၀၀၀ ကျပ်

၁၅၇.ကိုစိုးနိုင်ဝင်း+မလဲ့လဲ့နှင်း(ရွှေဘို) (၅၀,၀၀၀ ကျပ်)

၁၅၈.ဦးအောင်ကိုသန့်+မနှင်းအိခိုင်(စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၁၅၉.ဦးထွန်းနောင်+ဒေါ်ခင်လေးဆွေ မိသားစု(စင်္ကာပူ)( ၆၅,၃၀၀ ကျပ်)

၁၆၀.ဦးကျော်ဦး+ဒေါ်ချယ်ရီမြင့်၊သမီး-နှင်းရည်ဝင်း ၊သား-ဟိန်းသူရဇော်၏ (၆၊၄၊၂၀၁၂)(၅)နှစ်ပြည့် မွေးနေ့အလှူ (စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၁၆၁.ကိုသိန်းဝင်း+မမြတ်မြတ်စန်း (စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၁၆၂.ကွယ်လွန်သူသမီးလေး မယ်မဒီဘို အားရည်စူး၍ ကိုဇင်ဘိုဘိုစိုး+မဒါလီမြင့်ဆွေမိသားစု (စင်္ကာပူ)(၆၅,၀၀၀ ကျပ်)

၁၆၃.မစုငယ်ဝင်း (စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၁၆၄.ဦးကျော်ခိုင်+ဒေါ်ခင်ဝင်းသန့် (၁၅၀,၀၀၀ ကျပ်)

၁၆၅.ကွယ်လွန်သူဖခင်ကြီး ဦးအေးသောင်းအားရည်စူး၍ ဒေါ်အေးမြင့်(ကွမ်းခြံကုန်း) မိသားစု (၅၀,၀၀၀ ကျပ်)

၁၆၆.ကိုလင်းလင်းထွန်း+မရွှေဇင်မာ၊သမီးလေး-ဖြူစင်မင်း မိသားစု(၂၀,၀၀၀ ကျပ်)

၁၆၇.ဦးမျိုးဝင်း+ဒေါ်ခင်ခင်ကြူမိသားစု(မြိတ်) ၅၀,၀၀၀ ကျပ်

၁၆၈.ဦးခက်ဂွမ်+ဒေါ်အင်ကြူမိသားစု(မြိတ်) ၅၀,၀၀၀ ကျပ်

၁၆၉.ကိုမျိုးမင်းသိန်း+မဖြိုးမင်းဦး(စင်္ကာပူ) (၆၅,၀၀၀ ကျပ်)

၁၇၀.ကိုသန့်ဇင်+မကျင်ကျင်လင်း(စင်္ကာပူ)တို့၏
သားလေး-လင်းသန့်ပိုင်၏ ၃ နှစ်ပြည့်မွေးနေ့အလှူ(၃၀.၄.၂၀၁၂) S$(၅၀,၀၀၀ ကျပ်)

၁၇၁.ဖြူစင်သဒ္ဓါအဖွဲ့(စင်္ကာပူ) (၁၈၅,၀၀၀ ကျပ်)

၁၇၂.ကိုမြင့်ဇော်+မအေးသန္တာမင်း၊သား-မင်းသုတဇော် မိသားစု(စင်္ကာပူ)မှ မအေးသန္တာမင်းမွေးနေ့အလှူ (၆၅,၀၀၀ ကျပ်)

၁၇၃.ကိုမျိုးသန့်စိုး+မအေးသန္တာဖြိုး(စင်္ကာပူ) ၅၀,၀၀၀ ကျပ်

၁၇၄.ဦးစိန်ဘောဂ+ဒေါ်နီနီထွန်း မိသားစု(စင်္ကာပူ) ၆၅,၀၀၀ ကျပ်

၁၇၅.မအေးမြတ်သူ (စင်္ကာပူ) ၆၅,၀၀၀ ကျပ်

၁၇၆.မနွယ်နီကျော် (စင်္ကာပူ) ၃၂,၅၀၀ ကျပ်

၁၇၇.မမြမြင်ကြည် မိသားစု (စင်္ကာပူ) ၇၁,၅၀၀ ကျပ်

၁၇၈.မအေးစုခိုင် (စင်္ကာပူ) ၅၀,၀၀၀ ကျပ်

၁၇၉.ဂျပန်နိုင်ငံ၊နာဂအိုကာရောက်မြန်မာမိသားစု၊ ကျောင်းသား/သူများကောင်းမှူ။
ရာသက်ပန်ဆွမ်းပဒေသာပင်(၈)ခုအတွက် အလှူငွေ (၄၀,၀၀၀ ယန်း)

၁၈၀.ကိုကုဋေဖြိုးအောင် + မကေခိုင်ချို မိသားစု (ဂျပန်နိုင်ငံ) မှ ရာသက်ပန်ဆွမ်းပဒေသာပင် ၂ခုအတွက် အလှူငွေ (၁၀,၀၀၀ ယန်း)(YN)

၁၈၁.ကွယ်လွန်သူများဖြစ်ကြသော ဒေါ်တင်သန်း၊ဒေါ်စုစုကျော်တို့အား ရည်စူး၍ ဦးသန်းစိန်နှင့် သမီး-ဒေါ်ဆွေဇင်သန်းစိန်၊ဒေါ်မေဇင်သန်းစိန် (စင်္ကာပူ)မှ အလှူငွေ ၂၀၀,၀၀၀ကျပ်

၁၈၂.ဦးသန်းလွင်ဦး+ဒေါ်ခင်ဌေးလှစိုး မိသားစု (၆၅,၀၀၀ကျပ်)

၁၈၃.ကိုဇော်မင်းထွန်း(မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ဝင်)(၅၀,၀၀၀ ကျပ်)

၁၈၄.ဦးတင်ထူး+ဒေါ်စန်းစန်းဦး၊သား-မောင်မျိုးခင်၊မောင်ဝေဖြိုး မိသားစု(စင်္ကာပူ) ၄၀၀,၀၀၀ ကျပ်

၁၈၅.ကိုဇော်သန့်အောင်(မေတ္တာရှင်ဖောင်ဒေးရှင်း ၊စင်္ကာပူ) (၅၁,၈၇၀ ကျပ်)(22/6)

၁၈၆.ကိုအောင်ကျော်မိုး+မဇင်ဌေးဦး၊ သမီး-အေးခိုင်ခိုင်ကျော် မိသားစု(စင်္ကာပူ)(၁၀၃,၇၄၀ ကျပ်)(22/6)

၁၈၇.ကိုထင်အောင်စိုး+မလဲ့လဲ့ဝင်း(စင်္ကာပူ)(၃၉၉,၀၀၀ ကျပ်) (22/6)

၁၈၈.ကိုနိုင်မင်းသန်း+မယမင်းသန့် မိသားစု(ဂျပန်) ၅၀,၀၀၀ ကျပ်

၁၈၉.ဂျပန်ရောက် ကျောင်းသားများအဖွဲ့ ၅၀,၀၀၀ ကျပ်

၁၉၀.ကိုဖြိုးကြိုင် + မခင်မာချို ၊သား-မြတ်ဟိန်းစံ၊သမီး-မေမျက်ချယ် မိသားစု(ဆင်မင်းလမ်း၊အလုံ) ၁၀၀,၀၀၀ ကျပ်

၁၉၁.ကိုလှမိုးဦးဆောင်သော ဆစ်ဒနီအလှူရှင်များအဖွဲ့ (ဆစ်ဒနီမြို့) ၁၅၀,၀၀၀ ကျပ်

၁၉၂.နှစ်ဖက်မိဘများကို အမှူးထား၍ ဦးသန်းလွင်+ဒေါ်လှလှယဉ် မိသားစု(စင်္ကာပူ)(၃၃,၂၅၀ ကျပ်)(22/6)

၁၉၃.ဦးဝင်းဖေမိသားစု(စင်္ကာပူ) (၃၃,၂၅၀ ကျပ်)(22/6)

၁၉၄.ဦးအောင်သန်း+ဒေါ်ယဉ်ယဉ်မြင့်တို့အား အမှူးထား၍ ကိုသိန်းမင်း+မအိအိအောင်(ရန်ကုန်) (၅၀,၀၀၀ ကျပ်)(30/5)

၁၉၅.မသက်နန္ဒာ (U.S.A) (၁၀၅,၀၇၅ ကျပ်) (22/6)

၁၉၆.မအေးသီတာ (စင်္ကာပူ) (၅၃,၂၀၀ ကျပ်) (22/6)

၁၉၇.မအေးမြကြူမိသားစု (ထိုင်ဝမ်) ၅၀,၀၀၀ ကျပ်(2/6)

၁၉၈.ဦးချင်းစိန် +ဒေါ်ခင်မြင့်ရီ မိသားစု (ထိုင်ဝမ်) ၅၀,၀၀၀ ကျပ်(2/6)

၁၉၉.ဦးစိန်ဝင်း+ဒေါ်စန်းစန်းမြင့် မိသားစု (ထိုင်ဝမ်) ၅၀,၀၀၀ ကျပ်(2/6)

၂၀၀.ဦးအောင်ထွန်း+ဒေါ်နွယ်နီစိန် ၊သား-မောင်ဥက္ကာကျော်(ထိုင်ဝမ်) ၅၀,၀၀၀ ကျပ်(2/6)

၂၀၁.မနန်းဇာခြည်လတ်(စင်္ကာပူ)(၆၆,၅၀၀ ကျပ်) (22/6)

၂၀၂.ဦးအောင်ထွန်းလှိုင်+ဒေါ်စံအောင်ခိုင် တို့အားအမှူးထား၍ သမီး-မနွယ်နွယ်သိန်း(စင်္ကာပူ)(၆၆,၅၀၀ ကျပ်) (22/6)

၂၀၃.ကိုထွန်းမြင့်အောင်+မဆုဝေဖြိုး(စင်္ကာပူ)(၅၁၈၇၀ ကျပ်) (22/6)

၂၀၄.ဦးသောင်းမြင့်+ဒေါ်ခင်မြင့်မိသားစု(စင်္ကာပူ)(၅၃,၂၀၀ကျပ်) (22/6)

၂၀၅.ဦးစောထွန်း(စင်္ကာပူ)(၅၃,၂၀၀ကျပ်) (22/6)

၂၀၆.မတင်နန္ဒာထွန်း(စင်္ကာပူ) (၅၃,၂၀၀ကျပ်) (22/6)

၂၀၇.မတိုးတိုးလွင်(စင်္ကာပူ)(၅၃,၂၀၀ကျပ်) (22/6)

၂၀၈.ဇွန်လ မေတ္တာရှင်ဆရာတော်တရားပွဲမှ ရရှိသော ရာသက်ပန်ဆွမ်းအလှူငွေစုစုပေါင်း(S$1958အတွက်) ၁,၂၇၂,၇၀၀ ကျပ်(12/6)

၂၀၉.ဒေါ်မေစုကောင်း မိသားစု(ရန်ကုန်) ၂၀,၀၀၀ ကျပ် (22/6)

၂၁၀..ကွယ်လွန်သူဦးလေး ဦးစံမောင်အားရည်စူး၍ ကျန်ရစ်သူ တူ၊တူမများ၏ အလှူ (150 SGDx 678 Kyats=101700 Kyats) (5/7)

၂၁၁.ဦးကျော်နိုင်+ဒေါ်တင်အောင်မိသားစု(တောင်ဥက္ကလာ)(80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၂.ဦးမောင်ငယ်+ဒေါ်မူမူအောင်၊သမီး-နီလာအေး မိသားစု(စင်္ကာပူ)(80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၃.ကိုခိုင်မင်းဇော်+မခင်နီလာထွန်း၊သမီး-ကြယ်စင်ခိုင်မင်း မိသားစု(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၄.မအေးမြသီတာလွင်(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၅.ကိုလင်းနိုင်+မစုစုဖြိုး၊သား-မောင်ဥာဏ်ဟိန်းထက် မိသားစု(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၆.ကိုလင်း(စင်္ကာပူ) (50SGDx 678 Kyats=33900 Kyats) (5/7)

၂၁၇.ကိုသန့်ဇော်+မသိန်းသိန်းမော်၊သား-လွင်သန့်မောင်၊သမီး-နှင်းသန့်သော်တာ မိသားစု(စင်္ကာပူ)မှ(၇နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်အလှူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၈.ကိုစည်သူသိန်း+မမိုးသန္တာဝင်း၊သမီး-ယွန်းအလိမ္မာမိုး မိသားစု(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၁၉.မမြသဲဖြူ+ မလဲ့လဲ့ခိုင်(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၀.ဦးသိန်းဌေး+ဒေါ်ရှုတင်မိသားစု(စင်္ကာပူ)(စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၁.ကိုဝိမုတ္တိသုခ (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၂.ကိုကျော်စိုးမိုး+မယုဇနထွန်း (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၃.မသိမ့်သိမ့်မျိုး (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၄.ကိုတင်အောင်ထွန်း(စင်္ကာပူ) (50 SGDx 678 Kyats=33900 Kyats) (5/7)

၂၂၅.ကိုစံထွန်း(စင်္ကာပူ) (100SGDx 678 Kyats=67800 Kyats) (5/7)

၂၂၆.မအိအိမွန် (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats)

၂၂၇.ကွယ်လွန်သူမိခင်ကြီး ဒေါ်မြ၀င်းအားရည်စူး၍ သမီး-ဇာခြည်မင်းမင်းထွေး (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၈.ဦးမြင့်သိမ်း+(ဒေါ်လှသိမ်း) မိသားစု (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၂၉.ကိုဌေးဝင်း+ မမျိုးသီရိသိမ်း မိသားစု (စင်္ကာပူ) (80SGDx 678 Kyats=54240 Kyats) (5/7)

၂၃၀.ဦးမောင်မောင်သန်း+ဒေါ်ဥမ္မာဟိန်း၊သား-မောင်ဥဂ္ဂါမင်း မိသားစု(ပါရမီ၊ရန်ကုန်) ၁၅၀,၀၀၀ ကျပ် (8/7)

၂၃၁.Dr.ဒေါ်ခင်အေးမူ+ဒေါ်မိမိတင်မိသားစု(ရန်ကုန်) ၅၀,၀၀၀ ကျပ်(14/7)

၂၃၂.မ၀ဿန်ဦး(စင်္ကာပူ) ၁၀၀,၀၀၀ ကျပ် (18/7)

၂၃၃.ဦးထွန်းသိန်း+ဒေါ်ခင်စန်းကြွယ်၊သမီး-မအိအိစန်းသိန်း မိသားစု။
၂၀၀,၀၀၀ ကျပ်(21/7)

၂၂၄.ဦးခင်မောင်+ဒေါ်ရင်မေမိသားစု- ၅၀,၀၀၀ ကျပ်(24/7)

၂၂၅.ဦးသိန်း+ဒေါ်ကြင်အေး မိသားစု - ၁၀၀၀၀ ကျပ် (24/7)

၂၂၆.မစုမော်ဝင်းသော်(အင်းစိန်) ၁၀၀,၀၀၀ ကျပ် (27/7)

၂၂၇.ကွယ်လွန်သူဖခင်ကြီးဦးမွန်ထွန်းရင် နှင့် မိခင်ကြီး ဒေါ်ငွေကျင်အား ရည်စူး၍ သား-ကိုမွန်မောင်အေး+မမြင့်မြင့်ဆွေ မိသားစု(၁၀၀,၀၀၀ ကျပ်)

၂၂၈.မမိုးမခမေ၏ ဖခင် ဦးကြည်စိုး၏(၆၃နှစ်ပြည့်)မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်) (၂၉.၈.၂၀၁၂မွေးနေ့)

၂၂၉.ကွယ်လွန်သူမိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင် တို့အားရည်စူး၍ အရှင်ဇနက(အဂါင်္မောင်) သန္တိသုခကျောင်း(လန်ဒန်တက္ကသိုလ်) ၁၀၀,၀၀၀ ကျပ်

၂၃၀.ကွယ်လွန်သူသမီးလေးမယ်မဒီဘို(၄)လပြည့်အား ရည်စူး၍ ကိုဇင်ဘိုဘိုစိုး+မဒါလီမြင့်ဆွေ(စင်္ကာပူ) (100 SGDx687)(၆၈၇၀၀ ကျပ်) (30/7)

၂၃၁.ဦးထွန်းအောင်ကျော်+ဒေါ်ခင်မာလာဝေ၊သမီး-ရွှန်းမြတ်ဆုလာဘ် မိသားစု(စင်္ကာပူ)မှ ဒေါ်ခင်မာလာဝေ၏(၂၇.၇.၂၀၁၂) မွေးနေ့အလှူ။
(150 SGDx687) (၁၀၃၀၅၀ ကျပ်)(30/7)

၂၃၂.မတင်တင်အောင်(စင်္ကာပူ)(200 SGDx687)(၁၃၇၄၀၀ ကျပ်)(30/7)

၂၃၃.ကိုဦး+Dr.ကျင်ကျင်မေ(စင်္ကာပူ)(300 SGDx687)(၂၀၆၁၀၀ကျပ်)

၂၃၄.ကိုဒဲရယ်+မနန်း(စင်္ကာပူ)(73SGDx687)(၅၀၁၅၁ကျပ်)
-------
၂၃၅.ဒေါ်မြင့်မြင့်စန်း+ဒေါ်ခင်အေးမူ(ပုသိမ်)(၁၀၀၀၀၀ ကျပ်)(16/8)

၂၃၆.ကိုရန်နိုင်ချစ် + မသိန်းသိန်းဝင်း ၊ သမီးဦး တာရာလင်းလက်အောင် မိသားစု (စင်ကာပူ) (၁၉.၈.၂၀၁၂) မွေးနေ့အလှူ (၅၀၀၀၀ ကျပ်)
------------------------------------------
စုစုပေါင်း =၂၃,၂၂၀,၅၂၆ ကျပ် (၁၄/၈/၂၀၁၂)
------------------------------------------

၂၃၇.ဦးအေးသန်း+ဒေါ်လှကြိုင်မိသားစု(စင်္ကာပူ) (၁၀၀၀၀၀ ကျပ်)(15/8)

၂၃၈.ဦးအေးကျော်+ဒေါ်သန်းသန်းဦး မိသားစု(စင်္ကာပူ)(၁၀၀၀၀၀ ကျပ်)(15/8)

၂၃၉.ကိုမြင့်အောင်+မသီတာအောင်၊သား-ရဲရင့်ဘုန်းမြင့်မိသားစု(စင်္ကာပူ) (၆၈၈၀၀ ကျပ်)(15/8)

၂၄၀.ကိုသန်းဇော်ဦး+မသီတာစိုး မိသားစု(စင်္ကာပူ) (၁၀၀၀၀၀ ကျပ်)(15/8)

၂၄၁.ကိုကျော်ကျော်မိုး+မနှင်းဝေေ၀ဖြိုး(ရန်ကုန်)(၁၀၀,၀၀၀ ကျပ်)(22/8)

၂၄၂.ကိုကျော်ဇေယျ+မဇင်သူထက်(ဂျပန်)မှ ကိုကျော်ဇေယျ၏မွေးနေ့အလှူ ( ၅၀,၀၀၀ ကျပ်)(24/8)

၂၄၃.မနီနီဝင်း(တိုကျို) (၅၀,၀၀၀ ကျပ်) (24/8)

၂၄၄.ကိုစိုးထိုက်+မမာမာထွေး(စင်္ကာပူ)တို့၏ ၁၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အလှူ (၅၀,၀၀၀ ကျပ်) (25/8)

၂၄၆.ကိုမြင့်ဌေး+မတင်ဇာနီကျော်(စင်္ကာပူ)မှ မတင်ဇာနီကျော်၏ မွေးနေ့အလှူ ( ၅၀,၀၀၀ ကျပ်)


၂၄၇.ဦးစိုးဝင်း+ဒေါ်ခင်မျိုးသက် မိသားစု(လွှမ်းမိုးသူ ကုပ္မဏီလိမိတက်) (၅၀၀,၀၀၀ ကျပ်)(6/9)

၂၄၈.ကိုဇေယျာနိုင်+မဇင်မာလတ်၊သမီး-မမေမြင့်မြတ်သွေးမိသားစု(ရန်ကုန်) (၅၀,၀၀၀ ကျပ်) (KBZ)

၂၄၉.မအေးနန္ဒာကျော်(တိုကျို) (၅၀,၀၀၀ ကျပ်)(10/9)

၂၅၀.မဇင်မြတ်စိုး(တိုကျို) (၅၀,၀၀၀ ကျပ်)(10/9)

၂၅၁.မနွေးနွေးထွေး(စင်္ကာပူ) (၁၀၀,၃၀၂ကျပ်)(16/9)

၂၅၂.ကွယ်လွန်သူဖခင်ကြီး ဦးကြည်ဟုတ် နှင့် မိခင် ဒေါ်သန်းထွန်းတို့အား အမှူးထား၍ သမီး-မမျိုးနေဇာ(ရန်ကုန်)(၅၀,၀၀၀ ကျပ်)

၂၅၃.ကိုသန်းထိုက်စိုး(ဂျပန်) (၅၀,၀၀၀ ကျပ်)

၂၅၄.ကိုကျော်လင်း+မမွန်မွန်စိုး၊သားသား-အောင်သူရိန်ထွဋ်မိသားစု
(ရန်ကုန်) (၅၀,၀၀၀ ကျပ်)

၂၅၅.ဦးချစ်သောင်း+ဒေါ်ကြည်ကြည်စိန်(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)(5/10)

၂၅၆.မပန်းအိမျိုး(Australia)(၅၀,၀၀၀ ကျပ်)(5/10)

၂၅၇.ဦးကျော်ကျော်ထွန်း+ဒေါ်သင်းသင်းနွယ်(စင်္ကာပူ)
(၅၀,၀၀၀ ကျပ်)(5/10)

၂၅၈.မိခင်ဒေါ်တင်တင်ထွေး၏ မွေးနေ့အလှူအဖြစ် မပန်းမြတ်မြတ်+မအေးမြတ်သီတာအောင် (စင်္ကာပူ)
(၆၇,၅၀၀ ကျပ်)(5/10)

၂၅၉.မသဉ္ဇာမျိုးမြင့် (စင်္ကာပူ)(၃၃,၇၅၀ ကျပ်)(5/10)

၂၆၀.ကွယ်လွန်သူဖခင်ကြီးဦးမြင့်လွင်@ဦးတင်ထွဋ်အားရည်စူး၍
ဒေါ်ကြည်ကြည်ဆွေမိသားစု (စင်္ကာပူ)(၅၀,၀၀၀ ကျပ်) (5/10)

၂၆၁.မိခင်ဒေါ်တင်တင်ချစ်အားအမှူးထား၍ သား-ကိုထိန်လင်းအောင်(စင်္ကာပူ)၏ မွေးနေ့အလှူ
(၅၀,၀၀၀ ကျပ်)(5/10)

၂၆၂.မထက်ထက်လှ(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)(13/10)

၂၆၃.ကွယ်လွန်သူ ဖခင်ဦးမြင့်အောင်အားရည်စူးပြီး သမီးမဖြူလေး မိသားစု(မလေးရှား)(၅၄,၀၀၀ ကျပ်)(14/10 )

၂၆၄.ကိုတိုးလေး(ထိုင်း) ၅၃,၀၀၀ ကျပ် (25/10)

၂၆၅.မယမင်းဦး(စင်္ကာပူ)(၆၈၅၀၀ ကျပ်) (3/11)

၂၆၆.ဖခင်ကြီး ဦးထွန်းအောင်ကျော်အား အမှူးထား၍ ဦးကိုကိုနှင့် မောင်နှမတစ်စု (၅၁၃၇၅ ကျပ်)(3/11)

------------------------------------------
စုစုပေါင်း =၂၅,၄၁၇,၇၅၃ ကျပ် (၆/၁၁/၂၀၁၂)
------------------------------------------




ဆက်သွယ်လှူဒါန်းရန်-

ဦးကောဝိဒ(စစ်ကိုင်း)
kovida9@gmail.com
(Ph-092 110202)

မ၀ါဝါခိုင်မင်း(မြန်မာ)
nanwarwarmg2009@gmail.com
(Ph-097 3095851)

ကိုဥာဏ်အေး(စင်္ကာပူ)
minlinkar21@gmail.com
(Ph-81399604)

ကိုဇော်မြင့်(မန္တလေး)
kozawmyint.kzm@gmail.com
(ph-0991041540)

ကိုရန်နိုင်(ဂျပန်)
nay.naywathan@gmail.com JP Bank Account
ヤン ナイン ウイン 
(14000-49306371)
Ph-080 3852 5214 (Softbank)

အလွမ်းမြို့(ဥရောပ)
alwanmyolay@gmail.com


 မေတ္တာရှင်ဖောင်ဒေးရှင်း စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း၊ ရာသက်ပန် ထာဝရငွေပဒေသာပင်အတွက် ပါဝင်လှူဒါန်းထားကြသော အလှူရှင်များ အနေဖြင့် အလှူများစာရင်းတွင် မပါဝင်ပါက ကိုဇော်မြင့် 0991041540 နှင့် ဒေါ်ဝါဝါခိုင်မင်း 0973095851 သို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။

Monday, August 13, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၂)






“တော်ထဲ၌ ပရိသတ်ခြွေရံနည်းသည်၊ ကြောက်တော်မမူလော”
(တောင်ဖီလာဆရာတော်)
“ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည်”
(ရွှေဥမင်ဆရာတော်)

အင်းဝခေတ် စာမျက်နှာတွေလှန်လိုက်ရင် လုံးဝ ချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါတယ်။ အဲဒါတွေကတော့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ရဲ့ စကားနှစ်ခွန်းပါ။ ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်တော့……..   
                 
တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှာပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။  အဲဒီခေတ်လတ်တလော ပစ္စုပ္ပန်အနေအထားအရ တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ ဆရာတော်။ မင်းကိုးကွယ်တဲ့ ဆရာတော်၊ ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိယသူတော် တစ်ယောက်ကိုသာ အဖော်ပြုပြီး သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးစလုံး ပါရမီဗီဇအခံတွေ တူနေကြတော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ တစ်ခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်နေပါတယ်။ ဦးတည်ချက်ပန်းတိုင် မှန်ရင် လုပ်ဆောင်ချက်လဲမှန်ကြတာ လောကဓမ္မတာပါ။ 

တစ်နေ့မှာ သာလွန်မင်းတရားးဆီကို “နှစ်ပေါင်း များစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော် နှစ်ဆူကို ရှာဖွေပေးဖို့” စာသွင်းလျှောက်ထားကြပါတယ်။ မင်းကြီးလဲ သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော် အပါအဝင် ဆရာတော်လေးပါးနဲ့အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ မင်းဘူးကိုကြွခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်တောဝင် တစ်တောင်ထွက် ရှာလိုက်ကြတာ ရက်တွေသာ ကုန်လွန်သွားပါတယ်။ ဘာသဲလွန်စမှ မရဘူးဖြစ်နေပါတယ်။ ရှာလိုက် နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်း တစ်ညတာ ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။  

အဲဒီညမှာပဲ တောင်ဖီလာဆရာတော် အိပ်မက်မက်ပါတယ်။ ဘယ်လိုမက်သလဲဆိုတော့ လူတစ်ယောက်က ခွေးနက်ကြီးတစ်ကောင်နဲ့လာပြီး “ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲလဲထူပြောပါတယ်၊ အဘယ့်ကြောင့်ကြွလာရသနည်း” လို့ မေးပါတယ်၊ ဆရာတော်ကလဲ “ရှေးမင်းတို့ သွားရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာနှစ်ဆူရှိကြောင်း၊ ရာဇဝင်ကြောင်းရှိ၍ ရှာဖွေရန်ကြွလာကြောင်း”  ပြန်အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ ခွေးနက်ကြီးနဲ့လူဟာ “`ဤသို့ဆိုလျှင် ခွေးနက်ကြီးဝင်ရာတော်သို့ နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်” လို့ပြန်လျှောက်ပါတယ်။ စကားဆုံးတော့ ဆရာတော်လည်း တစ်ခါတည်းနိုးသွားပါတယ်။ အဖော်သုံးပါးကိုလည်း အိပ်မက်အကြောင်းပြေပြလိုက်ပါတယ်။
မနက်မိုးလင်းတော့ အိပ်မက်အတိုင်းလိုက်ရှာကြပါတယ်။ ခွေးနက်ကြီးတစ်ကောင်က ဆရာတော်တို့ရဲ့ ရှေ့ကသွားနေတာနဲ့ ခွေးနက်ကြီးနောက်လိုက်ရင်း စက်တော်ရာ နေရာရောက်တော့ ပျောက်သွားပါတယ်။ မန်းချောင်းနှဖူးအရောက်မှာ နတ်ဘီလူးတစ်ယောက် ကိုယ်ထင်ရှားပြပြီး စက်တော်ရာနှစ်ဆူကိုလိုက်လံ ညွှန်ပြပါတယ်။ 

တောင်ဖီလာဆရာတော်တို့လည်း စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ ကျိန်းစက်ကြပါတယ်။ တောင်ဖီလာဆရာတော်ကတော့ ပဋ္ဌာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီးပူဇော်ပါတယ်။ ပြီးတော့ ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး  “ငါသည် ဘုရားဖြစ်မည်ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများ ထင်စေသတည်း” ဆိုပြီး အဓိဠာန်လိုက်ပါတယ်။ သင်္ကန်းတော်ဟာ ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွထလာတယ်လို့ ဆိုပါတယ်။ ကြိုးလည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့ အမှတ်နိမိတ်ပါ။ ဒါတွေ ရေးပြလိုက်ရတာကတော့ စက်တော်ရာ နှစ်ဆူနဲ့ တောင်ဖီလာဆရာတော်တို့ရဲ့ ကျေးဇူးရယ်၊ မြန်မာပြည်သား ဘုရားဆုပန် ဆရာတော်တစ်ပါးရဲ့ ပုံရိပ်ကိုတစ်စိတ်တစ်ဒေသရယ်ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။ 

တောင်ဖီလာဆရာတော်ဟာ စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ဖူးတွေ့ပါတယ်။ တောင်ဖီလာဆရာတော်က  ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ဘဲ သီခြားရည်ရွယ်ချက်တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ၊ ရွှေဥမင်ဆရာတော် ပြုစုရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာနိဿယ တို့ကို တိုက်ဆိုင်ကြည့်ချင်လို့ပါ။ 

မင်းဆရာတော် ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ လှူဖွယ်ပစ္စည်းဝတ္ထုတွေ အပြည့်နဲ့ပေါ့။ ရွှေဥမင်ဆရာတော်က ကပ္ပိယသူတော် တစ်ယောက်ပဲရှိပါတယ်။ ပြီးတော့ ဘာပစ္စည်းဝတ္ထုမှလည်း မရှိပါဘူး။ ပစ္စည်းဝတ္ထုဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက် နေရာထိုင်ခင်းမပေးနိုင်လို့ မိမိထိုင်နေကျ သားရေနွယ်အခင်းလေးကို ဖုန်ခါပြီးနေရာ ထိုင်ခင်းပေးရပါတယ်။ အဲဒီလောက်အထိ ပစ္စည်းဝတ္ထု ခေါင်းပါးတာပါ။ 

ရွှေဥမင်ဆရာတော်ရဲ့ လက်ရှိပစ္စက္ခ အနေအထာ
းအရ တောထဲမှာပရိသတ်မရှိပုံ ပရိသတ်မရှိလို့ ပစ္စည်းဝတ္ထု ခေါင်းပါးပုံတို့ကို ကြည့်ပြီး တောင်ဖီလာဆရာတော်က….

“အရှင်ဘုရား… တောထဲ၌ ပရိသတ်ခြေရံနည်းသည်၊ ကြောက်တော်မမူသောလော” လို့မေးလျှောက်ပါတယ်။ ဒီတော့ ရွှေ့ဥမင်ဆရာတော်က ”ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့်နေပါသည် လို့ ပြန်မိန့်လျှောက်ပါတယ်။ 

မထင်မှတ်ထားတဲ့စကားကြားလိုက်ရတော့ တောင်ဖီလာဆရာတော် တော်တော်လေးတုန်လှုပ်သွားပါတယ်။ ပါရမီ အခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့တန်ပြန်အတွေးတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ “သြော်… ငါကတော့ မကြောက်တက်သူဖြစ်ခဲ့ပါပြီ” ဆိုတဲ့ တန်ပြန်အတွေးပါ။ နောက် တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ ပစ္စည်းတွေထဲက နှစ်ထပ်သင်္ကန်းကြီးကို ကိုယ်တိုင်ကိုင်ပြီး …

“သင်္ကန်းပါဘုရား… အရှင်မဟာကဿပကိုဘုရားရှင် ကပ်လှူသော နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ ရသော ပစ္စည်းပါဘုရား။ သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါ” လို့ပြောဆိုပြီး လှူဒါန်းပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင် လက်နှစ်ဖက်နဲ့ခံယူပါတယ်။ သင်္ကန်းကို အောက်မချသေးဘဲ တောင်ဖီလာဆရာတော်နည်းတူ သင်္ကန်းကို အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရားအား လှူပါ၏” လို့ဆိုပြီး အောက်ပြန်ချထားလိုက်ပါတယ်။ နောက် တောင်ဖီလာဆရာတော်က ပါလာတဲ့ ပစ္စည်းတွေကို တစ်ခုချင်းလှူပါတယ်။ ပစ္စည်းတစ်ခု လှူတိုင်း လှူတိုင်း ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏” လို့ချည်းဆိုပြီး ဘေးကို ချချထားလိုက်ပါတယ်။ 

ရွှေဥမင်ဆရာတော်ရဲ့ အပြုအမူကိုကြည့်ပြီး တောင်ဖီလာ ဆရာတော်က ဒီလိုတွေးပါတယ်။ “သြော်…. ငါကား မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္ထုတို့၌ ရွံရှာသဖြင့် ဤသို့ ပြုချေသည်”

ရွှေဥမင်ဆရာတော်ရဲ့ သဘောကတော့ အဲဒီလို မဟုတ်ပါဘူး၊ ရွှေဥမင်ဆရာတော်ရဲ့ သဘောက “ဤ အရှင်မြတ်သည် မင်းဧကရာဇ်ဆရာတော်ဖြစ်လျက် ကိုယ်တိုင်ငါ့ထံသို့လာရောက်၍ ပူဇော်သက္ကာရများနှင့် ငါ့အားပူဇော်ပေသည်။ ငါးကား သူကဲ့သို့ပူဇော်ရန် ပစ္စည်း ဝတ္ထုမရှိသောကြောင့် သူ့အားမပူဇော်ရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ် ခြွေရံတို့ကိုစွန့်၍ တောနေခြင်းအကျိုးငှာ မြတ်သောဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တစ်ခုအလွန်ရခဲလှစွာသော ရဟန်းအဖြစ်ကို ရပါလျက်မင်းဆရာတော် အခေါ်ခံ၍ နေခြင်းသည် အကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့”  အဲဒီလို နှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့တာပါ။ 

လှူဖွယ်ဝတ္ထုတွေလှူပြီးတော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ဝိနည်းငါးကျမ်း ပါဠိအဠကထာ နိဿယနဲ့ ရွှေဥမင်ဆရာတော်ရေးသားထားတဲ့ ဝိနည်း ငါးကျမ်း ပါဠိအဠကထာနိဿယကို တိုက်ဆိုက်ကြည့်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း မိမိရေးသားထားတဲ့ ပါဠိအဠကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။ တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ချကျေနပ်သည်အထိ ကြည့်ရှု့ပါတယ်။ ကြည့်လို့အားရတော့မှ “ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊ ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်းသည်။ ရွှေဥမင်ဆရာတော် နိဿယသည်ပင် နောင်စာသင်သားတို့အတွက် အားကိုးရာ ဖြစ်လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောကဝယ် ဘုရားနှစ်ဆူပွင့်သော် သတ္တဝါတို့၌ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် အငြင်းအခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်” အဲဒီလို နှလုံးပိုက်ပြီး မိမိကိုယ်တိုင် ရေးသားထားတဲ့ နိဿယတွေကို ရွှေစည်းခုံစေတီရင်ပြင်မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။ 

ရှေးရှေးဆရာတော်ကြီးတွေဟာ ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို တကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက ဘောလ်ပင်တွေ၊ စာရွက်တွေ၊ လျှပ်စစ်မီးတွေ မပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့ မီးခွက်ထွန်းပြီး ခဲရာခဲဆစ် ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့ ကိုယ့်ရဲ့ ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့ဝန်မလေးကြပါဘူး။ ဒါတွေကတော့ စာရေးတဲ့ အခါတိုင်းတွေးရမယ့် အတွေးတွေလို့ နားလည်ထားမိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လက်တွေ့အနေနဲ့ ကွာဟနေပြန်ပါတယ်။ “သြော်… ဒီအတွေးတွေ တွေးဖြစ်ပါလား” ဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို ဖော့ပြီး ဖြေဆည်လိုက်ရပါတယ်။ 

တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော် နှစ်ပါးရဲ့ အပြုအမူတွေကို ကြည့်နေသူတွေထဲမှာ ကပ္ပိယသူတော်လဲ ပါပါတယ်။ ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလိုအားမရဖြစ်နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော်အနားကပ်ပြီး……

“ဘုန်းကြီးတို့ ဝိနည်းမှာ သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတစ်ပါးကိုမပေးအပ်၊ ပေးသော် သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပါတ်သင့်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် မင်းဆရာကိုယ်တိုင် လာ၍ လှူသည့် ပစ္စည်းကို အားပါးမနာ သူရှေ့တွင်ပင် ရွှေစည်းခုံကိုလှူဘိသနည်း။ မသင့်လော” လို့ အပြစ်တင်ဟန်နဲ့လျှောက်ပါတယ်။ ဒီတော့ ရွှေဥမင်ဆရာတော်က  “သူတော် ငါ့စောင့်၏ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်သည်။ ဒီကအပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ဝင်ဝံ့ပေလျှင် လောကဝယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။ 

မကြာခင်တစ်ရက်မှာ ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ အဲဒီသတင်းကတော့ “တောင်ဖီလာ   ဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေမင်းဆရာအဖြစ်ကို ရှက်ရွံ့လို့ စစ်ကိုင်းတောင် အရှေ့ချောက်ကြား တောင်ဖီလာ တောရမှာ တောရဆောက်တည်သွားကြောင်း”်ဆိုတဲ့ သတင်းပါပဲ၊ အဲဒီ အချိန်မှာ ရွှေဥမင်ဆရာတော်က သူတော့်ကို “ကိုင်း ဘယ့်နှယ့်လဲ” ဆိုတဲ့အကြည့်နဲ့ ကြည့်နေပုံ သူတော်ကလည်း သူ့ဆရာတော်စကားတစ်ခွန်း တာသွားပုံကို တွေးပြီး ခေါင်းတဆတ်ဆတ်ညိတ်နေပုံ ပုံရိပ်နှစ်ခုကို အတွေးနဲ့ ပုံဖော်ကြည့်လိုက်မိပါတယ်။ 
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
-သီလဝိသောဓနီ(တတိယနံမော်ဆရာတော်)
မြတ်သတိ -စက်တင်ဘာ- ၂၀၀၀။
ခင်မင်စွာဖြင့်…
ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့