မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, February 26, 2010

ဝန်ထမ်းနှင် နတ်ပြည်

မတ်စွာဘုရားလက်ထက်တော်က သူဌေးကြီး တစ်ယောက်ရှိပါတယ်။ သူက “ နေ့တိုင်း ကုသိုလ် ဖြစ်စေရမယ်“ လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာမကြာလာလာကပ်ပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

ဒီတော့ ဆွမ်းခံကြွတဲလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကို ကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီးပွားရေးအလုပ်တွေနဲ့ ရှုပ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာတွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။

“ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ်ဆွမ်းခံကြွရဲ့လား“

“အခုတလော မကြွဖြစ်ကြပါဘူး“

“`ဟင် … ဘာဖြစ်လို့လဲ“

“အခုတလော ရပ်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်“

“အို … ဖြစ်မှဖြစ်ရလေ စောစောက ပြောရောပေါ့။ ဆွမ်းဒါန ကုသိုလ်ကတော့ မရလို့ မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်“

အိမ်ရှင်သူဌေးကြီးက အိမ်ရှင်မကို အဲဒီလိုပြောပြီး သူနဲ့ သိကျွမ်းတဲ့ ကောင်းလေးတစ်ယောက်ဆီ သွားပါတယ်။ လူငယ်လေးကိုတွေ့တော့ အကျိုးအကြောင်းပြောပြပြီး

“မောင်ရင်လေးရယ် ဦးတို့တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ရဟန်းသံဃာတွေ ကြွလာတဲ့အခါ တံခါးဖွင့်ပေးပြီး၊ သံဃာတွေ အိမ်ထဲရောက်တဲ့ခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေးအတွက်လည်း လခများများ ပေးပါ့မယ်။ ပြောလိုက်ပါတယ်။

လူငယ်ကောင်လေးကလည်း “ကျွန်တော်ဦးတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါ့မယ်“လို့ ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူ့ရဲ့စိတ်ကို အထူးပဲ စောင့်ရှောက်ထားပါတယ်။ အထူးသဖြင့်တော့ သူရဲ့ ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။

ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီဆိုရင် လူငယ်လေးက “ငါ့ရဲ့တံခါးဖွင့်ပေးမှုကြောင့် ရဟန်သံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ“ လို့ မေတ္တာစိတ်ကလေး ညွတ်ညွတ်ပြီး ဖွင့်ပေးပါတယ်။ ဒီလိုပါပဲ တံခါးပြန်ပိတ် တဲ့အခါမှာလည်း မေတ္တာစိတ်ကလေးကို သေချာညွတ်ပြီး ပြန်ပိတ်ပါတယ်။

သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်နေတဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားဘဲ၊ ကုသိုလ်တွေလို့ပဲ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွတ်ပြီး ကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံ သီလပေးတဲ့အခါ ၀င်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချအမျှပေးဝေတဲ့အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။

အလုပ်တိုင်းကို အလုပ်လို သဘောမထားဘဲ ကုသိုလ်တွေလိုပဲ နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲ့အလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို “ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံးရာထူးပဲ “ ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။

ဒီလိုနဲ့ သေလွန်ကြတဲ့အခါမှာတော့ အိမ်ရှင် အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။တံခါးစောင့်လူငယ်လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ “ကိုကို တံခါးစောင့်နတ်သားလေး“တဲ့။ လူ့ပြည်က တံခါးစောင့်ဘ၀ကနေ ရောက်လာတဲ့အတွက် “ ကိုကို တံခါးစောင့် နတ်သားလေး“ လို့ ခေါ်ကြတာပါ။

ကျန်တဲ့ဝန်းကျင်က နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေးလို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ပါးဖ်ြစလဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့်နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝစိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင် ဂုဏ်ယူပါသတဲ့။ သူ့ရဲ့ သာမန် တံခါးစောင့် အလုပ်ကလေးက ဒီဘ၀ရောက်အောင် ပို့ပေးလိုက်လို့ပါတဲ့။ ဒီစာရေးနေဆဲ ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့် နတ်သားလေးကတော့ နတ်သမီးတစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်ထိ ပျော်ရွှင်ဆဲ ရှိချင်ရှိနေဦးမှာပါပဲ ။

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ၀န်ထမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိက ၀န်ထမ်းပဲဖြစ်ဖြစ် ၊ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။

ဒီတော့ ကိုယ်က ဘယ်လိုဝန်ထမ်းပုံစံမျိုးနဲ့ဖြတ်သန်းမလဲ။

ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံဆင်း၊ ရုံးချိန် အလုပ်အားတဲ့အချိန် တွေမှာ စုစု,စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့သူကို မနာလို ဣဿာမစ္ဆရိယဖြစ်၊ ၀န်ထမ်း ဘ၀ကို အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမလား … ?

*******

အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘ၀ကို ရထားတာ ပါ။ နိဗ္ဗာန်မရသေးရင်တောင် ဘ၀ကို အဓိပ္ပာယ်ရှိရှိလေးတော့ နေသွားဖို့ ကောင်းပါတယ်။

အဲဒီအတွက် အဓိက ကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာ ပြုချင်တာလည်း ဒီစိတ်ပဲ။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကလေးကို မြင့်မြတ်တဲ့လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။

အသိကောင်းလေးတစ်ယောက် ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေလက်ကိုင်ထားပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့ အကျိုး ပေးမယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးမယ်“ ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။

ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့သုံးကြိမ်းလောက် ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။

ဒီတော့ သူ့အနေနဲက ရာထူးလေးတွေ ဆင့်ကဲဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။

ဒါပေမယ့် သူနဲ့အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲဝန်တိုနေပါသတဲ့။

အဲဒီဝန်တိုနေတဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်းဒုံရင်း အတိုင်းပါပဲတဲ့။

ဒါကိုကြည့်ပြီး သူက ဘယ်လိုထပ်နှလုံးသွင်းပြန်သလဲဆိုတော့ “ ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့အကျိုးပေးတယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့အကျိုးပေးတယ်“ လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ၀မ်းသာစိတ်နဲ့ နှလုံးသွင်းတာ မဟုတ်ဘဲ မကောင်းတဲ့စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်းဆင်ခြင်တာပါတဲ့။

ကောင်လေးက သူ့ရဲ့ လက်တွေ့ဘ၀နဲ့ အသုံးတည့်နေလို့ ဆင်ခြင်နေပေမယ့် သူ ဆင်ခြင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ် ဆိုတာတော့ သူမသိပါဘူးတဲ့။တကယ်တော့ ပါဠိကို သိတာ မသိတာက သိပ်ပြီးအရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။

ဒါပေမယ့် စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတ အဖြစ် မှတ်ထားလိုက်ပါဦး။

ကုသလံ အန၀ဇ္ဇ သုခ ၀ိပါက လက္ခဏံ – ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။

အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ – အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာ ရှိတယ်။

ဒါက ပါဠိရှိတဲ့အတိုင်း တိုက်ရိုက် မြန်မာပြန်ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင်တော့ ဆင်ခြင်လို့ရအောင်ပါ။

ဘယ်လိုပဲ ဆင်ခြင်ဆင်ခြင် ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးပါတယ်။

ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ် ဆိုပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယအသိကို အခြေခံပြီး လက်တွေ့ကျင့်သုံးကြည့်ရပါမယ်။

ကဲ … ဥပမာပဲ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ်ဆိုပါစို့။ အသံလွှင့်ဖို့အတွက် တစ်ယောက် တည်းလွှင့်လို့ မရပါဘူး။ အနည်းဆုံး ၀န်းထမ်းနှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာစာစုကို ကွန်ပျူတာ စာစီမယ်၊ စာစီတဲ့သူကလည်း “ငါစီလိုက်တဲ့စာလေးတွေဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာဗဟုသုတလေးတွေရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ“ ဆိုပြီး မေတ္တာစိတ်ညွတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေ ဖြစ်နေတာပါ။

ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမယ့်သူ၊ အသံဖမ်းမယ့်သူ၊ စက်ကိုကြီးကြပ်မယ့်သူ၊ မီးကို ဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ၀င်းတံခါးကို စောင့်ပေးနေမယ့်သူ စသည်ဖြင့် အများကြီးပါပဲ။

အသံလွှင့်ဖို့ စီစဉ်အားထုတ်သူအားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ “ငါတို့ထုတ်လွှင့်တဲ့ ဆေးပညာဗဟုသုတလေးတွေကို နားထောင်ပြီး ပြည်သူပြည်သားတွေ ဆေးပညာဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ“ လို့ မေတ္တာစိတ်ကလေးညွတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီး ရနေတာပါ။

ဒီလို ကောင်းတဲ့စိတ်ကလေး ဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်နေမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သင်္မး တစ်ဖက်ငါးရာက အသင့်ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီနးလှလှလေး ဖြစ်ရဦးမှာပါ။

နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာ အသေဘာတရားအရ စိတ်ဆိုတာ အာရုံနှစ်ခု ယူလို့ရတာမဟုတ်တော့ မေတ္တာစိတ်ကလေး ဖြစ်နေတဲ့ အချိန်မှာ ၀န်ထမ်းအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မနာလိုဝန်တိုတက်တဲ့ ဣဿာမစ္ဆရိယစိတ်လည်း ဖြစ်မနေတော့ ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့ အတွက် နေရထိုင်ရ လုပ်ရကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတက်ပါတယ်။ စိတ်ပျော်ရွှင်နေတက်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်ရတော့ပါဘူး။

အဲဒီအရသာဟာ ဘာနဲ့မှ လဲလို့ မရပါဘူး။

အလုပ်အားနေတဲ့အချိန်လေးတွေမှာလည်း အပိုအဆစ်အနေနဲ့ ရုံးမှာ တံမြတ်စည်းလှည်းနေလိုက်မယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အ၀တ်စုတ်ကလေးတစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ်ဆေးကြောမယ်၊ အများသုံး အိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။

နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း “ဒီနေ့ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း၊ ဤမဟာပထ၀ီမြေကြီးကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အပေါင်းအားလည်းကောင်း ၊ အမျှ အမျှ အမျှ ပေးဝေငှပါ၏ ။ အမျှ အမျှ အမျှ ယူတော်မူကြပါ “ လို့ နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။

တကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်း နတ်မြတ်တွေကလည်း ကူညီမစမှာပါ။

ရေသောက်တဲ့အခါတိုင်း “ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ရုံးသူရုံးသားတွေလည်း စိတ်ကောရုပ်ကော အေးမြကြပါစေ“ လို့ မေတ္တာပို့ သောက်မယ်။ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး “ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ“ လို့ ကိုယ့်ရဲ့ ရုံးသူရုံးသားတွေကို သီးသန့် သီးခြားလေး ၀တ်တစ်ခုလိုထားပြီး မေတ္တာပလို့ပေး နေလိုက်မယ်ဆိုရင်လည်း ကုသိုလ်တွေ ဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုရင် ကိုယ်က အရင်ပေးရမှာပါ။

တွေ့ကြဆုံကြတယ်ဆိုတာကလည်း တကယ့်ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး။ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက်ဆုံခိုက်လေးမှာ မေတ္တာနဲ့နေကြတာတေ့ အကောင်းဆုံးနေထိုမှုပါပဲ။

အဲဒီလိုမှမဟုတ်ဘဲ မထားသင့်တဲ့ စိတ်တွေထားပြီး သေသွားရင် ရောက်ရမယ့် ဂတိက သိပ်ပြီး မကောင်းနိုင်ပါဘူး။

ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်း ပြုပေးမှ ၊ ကျောင်း ဆောင်ကြီးတေါ ဆောက်လှူမှ ကုသိုလ်မဟုတ်ပါဘူး။ စားဝတ်နေရးအတွက် လုပ်နေရတဲ့အလုပ်တွေဟာလည်း စိတ်ထားတက်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေး ပြောင်းတပ်ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။

အရာဝတ္ထုတော်တော်များများကို စိတ်ကပဲနာမည်တွေ လိုက်တပ် ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ။ ရုံးမှာလုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ်တွေလို့ နာမည်ပြောင်းတပ်လိုက်ရုံပါပဲ။ မခက်ပါဘူး။

အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့သူကို နေရာတိုင်းက လိုချင်ကြပါတယ်။

ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံဖြစ်သွားတက်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလို မေတ္တာစိတ်ကလေး ညွတ်ပြီးသား ဖြစ်နေတက်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူရဲ့ မျက်နှာဟာ ကြည်ပြီး သိပ်သိသာနေတက်ပါတယ်။ မျက်နှာကြည်နေတဲ့အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလို ချစ်ပြီးသားဖြစ်နေတက်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။

………………..

ကဲ … စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေးညွတ်ပြီးလုပ်တော့နော်။ ရာထူးတွေမြန်မြန်တိုးပြီး လူချစ်လူခင်များသွားအောင်လို့ပါ။ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ …………………………….. လို့ပါ။

ရဝေနွယ် ( အင်းမ )

ကျမ်းကိုး -
၁။ ၀ိမာန၀တ္ထု အဠကထာ
ဒွါရပါလက ၀ိမန၀တ္ထု။
၂။ ၀ိမာန၀တ္ထုတော်ကြီး၊
မြို့မိဆရာတော်။
မြန်မာ့အသံ နှစ် (၆၀)ပြည့် မဂ္ဂဇင်း ။၂၀၀၆ ။
ဇော်သိင်္ခ

Thursday, February 25, 2010

ကမ္မသတ္တိလေးတွေ

ီပို့စ် လေး ကို တင်ဖို့ရာ နှစ်ရက်ရှိသွားပါပြီး။ ကော်နက်ရှင်တွေ ပြတ်နေတာရယ် ရတဲ့ ကော်နက်ရှင်ကြတော့လည်း အရမ်းလေးနေတာ နဲ့ မတင်ဖြစ်ဘူး ဖြစ်နေတာ ။ ဒီနေ့မှပဲ ကော်နက်ရှင်က ပြန်ရလာတာနဲ့ ပဲ ဒီပို့စ်လေး ကို တင်ပေးလိုက်ပါတော့တယ်ခင်ဗျ…..

ဇာတ်လမ်းလေးတစ်ပုဒါကို အရင်ပြောပြရအောင်ပါ။

မြတ်စွားဘုရားလက်ထက်တော်က ဥဂ္ဂသေန ဆိုတဲ့ သူဌေးသားတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူနေထိုင်ရာ ရာဇဂြိုဟ်မြို့ကို လူပေါင်းငါးရာပါတဲ့ ကျွမ်းဘားအဖွဲ့ကြီးတစ်ဖွဲ့ ရောက်လာပါတယ်။

အဲဒီကျွမ်းဘား အဖွဲကြီးက ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်မှာ ကပြကြပါတယ်။ ဗိမ္ဗိသာရမင်းကြီးကလည်း သူ့ရဲ့ ပြည်သူပြည်သားတွေကိုပါ လာကြည့်ခွင့်ပေးပါတယ်။ စာထဲမှာတော့ ညောင်စောင်းတွေချပြီး ကြည့်ကြ တာလို့ ဆိုပါတယ်။ အဲဒီခေတ်က ကုလားထိုင်ပဲ မပေါ်သေးလို့လား၊ ဒါမှ မဟုတ် ချမ်းသာတဲ့သူတွေပဲ ၀ိုင်းကြည့်ကြတဲ့ ပွဲမို့လား မသိပါဘူး။

လူငါးရာပါတဲ့ ကျွမ်းဘားအဖွဲ့ထဲမှာ ပရိသတ် စိတ်အ၀င်စားဆုံးက အသက်နှစ်ဆယ်အရွယ် ကချေသည်မလေးပါ။ အဲဒီကချေသည်မလေးက ရုပ်ရည်ကလည်း အလွန်လှဆိုပဲ။ လှရုံတင် မဟုတ်ပါဘူး။ သူက ၀ါးလုံးပေါ်တက်ပြီး ကျွမ်းဘား ကစားပြတာပါ။ ပရိသတ်က လည်း အဲဒီ ကျွမ်းဘားကစားပြတာကို သဘောကျပြီး ဆုငွေတွေ ၀ိုင်းချကြပါသတဲ့။ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့လည်း အားပေးကြပါသတဲ့။ ပရိသတ်ထဲက တစ်ယောက်ဖြစ်တဲ့ ဥဂ္ဂသေနကတော့ အားပေးရုံတင်မကတော့ဘဲ သံယောဇဉ်ပါ ဖြစ်သွားပါသတဲ့။ ဒါက လည်း အတိတ်ရေ စက်တစ်ခုကြောင့်ပါ။

ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ သူ့မိဘတွေကို ကချေသည်မလေးကို လိုချင်တဲ့အကြောင်း ပူဆာတော့တာပါပဲ။ ဒါပေမယ့် သူဌေးသားနဲ့ ကချေသည်ဆိုတော့ အလွှာသိပ်ကွာနေတာနဲ့ မိဘတွေက သဘောမတူပါဘူး။ ဒီတော့ ဥဂ္ဂသေနက အစာငတ်ခံ ဆန္ဒပြပါတယ်။ နောက်ဆုံးတော့ ဥဂ္ဂသေနရဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်ပြီး “ ဒီအသေပြာတစ်ထောင်ကို ယူသွားပြီး ကချေသည်မလေးရဲ့ အဖေကိုပေးပါ။ ပြီးတော့ ကချေသည်မလေးကို ဥဂ္ဂသေနနဲ့ ပေးစားဖို့ ထည့်လိုက်ပါလို့ “ ပြောပြီး လွှတ်လိုက်ပါတယ်။

ဒါပေမယ့် ကချေသည်မလေးရဲ့ အဖေက ဒီသမီးလေး နဲ့ပဲ လုပ်စားနေရတာဆိုတော့ ဥဂ္ဂသေနအိမ်ကို ထည့်မပေးလိုက်နိုင်ပါဘူး။ သူ့သမီးကို လက်ထပ်ချင်သပ ဆိုရင် သူတို့နဲ့ပဲ လိုက်နေရမယ်လို့ ပြောလိုက်ပါတယ်။

ဥဂ္ဂသေနလည်း သတင်းစကားကြားတာနဲ့ ငေါက်ခနဲထ၊ မိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ကချေသည်မလေးရှိရာကို ထွက်ခဲ့ပါတယ်။ ကချေသည်မလေးဆီရောက်တော့ ဖခင်ဖြစ်သူကလည်း တစ်ခါတည်း သမီးဖြစ်သူနဲ့ ပေးစားလိုက်ပါတယ။ ဒီလိုနဲ့ ဥဂ္ဂသေနဟာ ကျွမ်းဘားအဖွဲ့ကြီးနဲ့ မြို့တကာ နယ်တကာလှည့်ပြီး လိုက်နေခဲ့ပါတယ်။ ပါပေမယ့် ဥဂ္ဂသေနက ဘာမှ မတက်တော့ လှည်းစောင့်တာ၊ နွားတွေ အစာကျွေးတာ၊ ပစ္စည်းသယ်တာလောက်ပဲ လုပ်ပေးနိုင်ပါတယ်။ ဒီလိုနေလာရင်းနဲ့ သားလေးတစ်ယောက်ရလာပါတယ်။

သားရလာတော့ ကချေသည်မလေးက ကလေးချော့တဲ့အခါ ဘယ်လိုသီချင်းဆိုပြီး ချော့သလဲဆိုတော့ “လှည်းစောင့်သမားရဲ့သား အိပ်ပါတော့လား၊ ပစ္စည်းသယ်သမားရဲ့သား အိပ်ပါတော့လား“ အဲဒီလို ဆိုပြီး ချော့ပါတယ်။ ဒီတော့ ဥဂ္ဂသေနက မခံမရပ်နိုင်ဖြစ်ပြီး “မင်း ငါ့ကို စောင်းဆိုတာလား“ လို့မေးလိုက်ပါတယ်။ ဇနီးဖြစ်သူ ကချေသည်မလေးကလည်း “စောင်းဆိုတာ မဟုတ်ဘူး ၊ တည့်တည့်ဆိုတာ “ လို့ ပြန်ပြောလိုက်ပါတယ်။

ဥဂ္ဂသေနဟာ သူ့မာနကို ထိခိုက်လာတော့ ချက်ချင်းပဲ ယောက္ခမ လုပ်သူထဲသွားပြိး သူ့ကို ကျွမ်းဘားအတက်ပညာ သင်ပေးဖို့ ပြောပါတယ်။ ယောက္ခမလုပ်သူကလည်း တအံ့တသြနဲ့ပေါ့။ နောက်ဆုံးတော့ မခံချင်စိတ်နဲ့ သင်လိုက်တာ ၀ါးလုံးထိပ်ဖျားမှာ ကျွမ်းပစ်ပြီးကစားတဲ့အတက်ကို ကောင်းကောင်းတက်သွားပါတော့တယ်။

ယောက္ခမလုပ်သူကလည်း သူ့သားမက်ကို ရွာငယ်မြို့ငယ်ကစပြီး ပွဲထုတ်ပေးပါတယ်။ ဥဂ္ဂသေနဟာ ကစားရင်း ကစားရင်းနဲ့ သူ့ဇနီးကချေသည်မလေး ထက် သာသွားပါတယ်။ ဒီလိုနဲ့ ရွာတကာလှည့်လည် ကပြနေခဲ့ရင်း သူ့ဇာတိ ရာဇဂြိုဟ်မြို့ကို ကပြဖို့ အလှည့်ကျလာပါတယ်။

ရာဇဂြိုဟ်မြို့သူမြို့သားတွေကလည်း သူတို့ဇာတိသူဌေးသား ဥဂ္ဂသေန ကျွမ်းဘားကစားပြမယ် ဆိုတော့ အားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်။ ဥဂ္ဂသေနကလည်း သူ့ဇာတိမြို့ဆိုတော့ အရင်စံချိန်ထက်တင်ပြီး ကစားပြဖို့ ပြင်ထားပါတယ်။

ဒီလိုနဲ့ ရာဇဂြိုဟ်ကို ရောက်လာတဲ့အခါ အတောင်ခြောက်ဆယ်ရှိတဲ့ ၀ါးလုံးထိပ်ဖျားမှာ ကျွမ်းခုနှစ်ပတ်ပစ်ပြီး ကစားပြပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင် ကြွလာပါတယ်။ မြတ်စွာဘုရားကြွလာတော့ ပွဲကြည့်တဲ့ ပရိသတ်က မြတ်စွာဘုရားဆီ ရောက်ကုန်တော့တာပါပဲ။

မဟာဂရုဏာရှင်ဖြစ်တဲ့ မြတ်စွာဘုရားက “ဥဂ္ဂသေနတစ်ယောက် သူ့အတက်ပညာကို အစွမ်းကုန် ပြသနေတဲ့အချိန်မှာ ပရိသတ်က ငါ့ဆီရောက်လာရင် နှလုံးမသာမယာဖြစ်တော့မှာပဲ “ ဆိုပြီး အတူပါလာတဲ့ အရှင်မောဂ္ဂလာန်ကို “ချစ်သားမောဂ္ဂလာန်… ဥဂ္ဂသေနကို သွားပြောချေ၊ ကျွမ်းဘားကို ဆက်ပြပါလို့ မြတ်စွာဘုရားက ပြောခိုင်းလိုက်ပါတယ်လို့ “ မြတ်စွာဘုရားက အဲဒီလိုပြောခိုင်းလိုက်တော့ အရှင်မောဂ္ဂလာန်ကလည်း ချက်ချင်းသွားပြောပါတယ်။ ဒီတော့ ဥဂ္ဂသေနက ဘယ်လိုတွေးသလဲ ဆိုတော့ “ မြတ်စွာဘုရားက ငါ့ရဲ့ ကျွမ်းဘားကို ကြည့်ရှု့လိုလို့ပဲ“ ဆိုပြီး အစွမ်းကုန်ဆက်ပြပါတယ်။

ဥဂ္ဂသေနကစားပြလို့ ပြီးသွားတဲ့အခါ ဥဂ္ဂသေနက ၀ါးလုံးထိပ်ဖျားကပဲ မြတ်စွာဘုရားကို လက်အုပ်ချီ အရိုအသေပြုပါတယ်။

မြတ်စွာဘုရားက အောက်ကပဲ “ ချစ်သား ဥဂ္ဂသေန ပညာရှိတဲ့သူဟာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာတွေမှာဖြစ်တဲ့ တွယ်တာခြင်းတဏှာကို ပယ်စွန့်ပြီး ပဋိသန္ဓေတည်ခြင်းမှ လွတ်မြောက်ဖို့ သင့်လှပေတယ်“ လို့ တရာဟောလိုက်ပါတယ်။ ၀ါးလုံးထိပ်ဖျားက တရားနာရင်းပဲ ဥဂ္ဂသေနဟာ ရဟန္တာဖြစ်သွားပါတယ်။ ပွဲကြည့်ပရိသတ်အားလုံးလည်း တရားထူး တရားမြတ်တွေရသွားကြပါတယ်။ လူဝတ်နဲ့ ရဟန္တာဖြစ်သွားတာဆိုတော့ သင်္ကန်းဝတ်ကို ကူးရပါတယ်။ မကူးရင် အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်စံရပါတယ်။ ဒါကြောင့် အောက်ကို ဆင်းလာပြီး မြတ်စွာဘုရားဆီ ရဟန်းပြုပေးဖို့ ခွင့်တောင်းပါတယ်။ မြတ်စွာဘုရားကလည်း ဧဟိဘိက္ခုလို့ ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားက သံဝေဂယူဖို့ ဥဂ္ဂသေန ကချေသည် ဖြစ်ရတဲံ အကြောင်းရင်းကို ဆက်ဟောပြပါတယ်။

ကဿပဘုရားရှင်လက်ထက်မှာ ပြည်သူပြည်သားတွေက ရွှေစေတီ တစ်ဆူ ၀ိုင်းတည်ကြပါတယ်တဲ့။ ပြည်သူပြည်သားတွေက လုပ်အားလာပေးတဲ့အခါစားစရာ သောက်စရာတွေပါ လှည်းနဲ့ တင်ယူလာခဲ့ကြပါတယ်။ ဥဂ္ဂသေနလောင်း ဇနီးမောင်နှံတို့လည်း လှည်းနဲ့လာခဲ့ကြပါတယ်။ လှည်းနဲ့လာရင်း လမ်းမှာ ဆွမ်းခံကြွတဲ့ ရဟန္တာတစ်ပါးကို ဖူးတွေ့လိုက်ရပါတယ်။ ဒါကြောင့် လှည်းကိုရပ်ပြီးပါလာတဲ့ ဆွမ်းဘောဇဉ်တွေကို လောင်းလှူပါတယ်။ ဆွမ်းလောင်းပြီးတော့ ဇနီးမောင်နှံနှစ်ယောက်လုံးက “`ဤကုသိုလ်ကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့ တရားထူးကို သိရပါလို၏“ လို့ ဆုတောင်းလိုက်ပါတယ်။

ရဟန္တာအရှင်မြတ်ကလည်း ဆုတောင်းတဲ့အတိုင်း ပြည့်မှာဖြစ်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးတော်မူလိုက်ပါတယ်။အဲဒီလို ပြုံးလိုက်တာကို တွေ့လိုက်ရတော့ ဇနီးဖြစ်သူက ဘာပြောသလဲဆိုတော့ “အို….အရှင့်မြတ် ပြုံးတဲ့ အပြုံးက ကချေသည် တစ်ယောက်ရဲ့ အပြုံးမျိုးပဲ၊ မဟုတ်မှလွဲရော ကချေသည် တစ်ယောက်ဖြစ်ခဲံလို့ ထင်တယ်နော်“ လို့ ပြောလိုက်ပါတယ်။ ဒီတော့ ယောကျာ်းလုပ်သူကလည်း “အေး… ဟုတ်လောက်တယ်“ လို့ ထောက်ခံချက် ပေးလိုက်ပါသတဲ့။

ဥဂ္ဂသေနတို့ တရားထူးရတာက ရဟန္တာကို စေတနာပါပါ ဆွမ်းလောင်းခဲ့တဲ့ ကုသိုလ်အထောက်အပံ့ကြောင့်ပါတဲ့။ ကချေသည်ဖြစ်ရတာကတော့ ရဟန္တာကို ကချေသည်နဲ့တူတယ်လို့ လျှာရှည်မိလိုက်တဲ့ အကုသိုလ်ကံကြောင့်ပါ။ တကယ်လို့ ယောက်ျားလုပ်သူက “အင်း“ မလိုက်ခဲ့ရင် မိန်းမပဲ ကချေသည်ဖြစ်ရမှာပါ။ အခုတော့ ယောကျာ်းကပါ “အင်း“ လိုက်ခဲ့တဲ့အတွက် နှစ်ယောက်စလုံး ကချေသည်ဖြစ်ရတယ်။

အဲဒီလို အတိတ်ရေစက်ကြောင့်ပဲ သူတို့ နှစ်ယောက်ဟာ ဒီဘ၀မှာညပဲ ပြန်တွေ့ရတာပါတဲ့။ အတိတ်ရေစက်တွေ ပါလာခဲ့ရင်တော့ ဘယ်လို အကြောင်းတွေကာဆီးကာဆီး နောက်ဆုံးတော့ တွေ့ဆုံကြရတာပါပဲ။

ဒီနေရာမှာ အဓိကပြောချင်တာက ဒီဇာတ်လမ်းမဟုတ်ပါဘူး။ ကမ္မသတ္တိလေးတွေအကြောင်းပါ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ ကောင်းကံ ဆိုးကံ နှစ်ခုက ဒွန်တွဲပါနေလို့ သီးခြားရွေးချယ်ပြီး ရေးလိုက်တာပါပဲ။

အဓိကပြောချင်တဲ့ ကမ္မသတ္တိလေးတွေအကြောင်း ပြောရအောင်ပါ။

မကြာသေးခင်ကာလက မန္တလေးက အဖွားတစ်ယောက်က ဘယ်လိုပြောလာသလဲဆိုတော့ “ဗုဒ္ဓဘာသာတွေ ပြောနေတဲ့ ကံ, ကံရဲ့ အကျိုးကိုတောင် ယုံရမှာ မချင့်ရဲ ဖြစ်လာတယ်“ တဲ့။ အဖွားက ကံ,ကံရဲ့ သဘော သတ္တိလေးတွေကို ကောင်းကောင်းသိမှာပါ။ ဒါပေမယ့် သူ့ဝန်းကျင်ကို ကြည့်ပြီး အားမလိုအားမရနဲ့ ပြောလိုက်တာ ထင်ပါတယ်။

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက “စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်“ လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ ကံ ၊ ကံနဲ့ စေတနာ ဘာထူးသလဲ မေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ- ၀က်တစ်ကောင်ကိုကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ … ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်းပြီးသွားတဲ့အချိန်ဟာ ကံပါ။ ဒါကို ယောဆရာ တော် ဘုရားရဲ့ “ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ“ ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။

ကောင်းမှုပြုလုပ်ဆဲမှာပဲဖြစ်ဖြစ်၊ မကောင်းမှုပြုနေဆဲမှာပဲဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီစေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလိုပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေးတည်ပြီး ချုပ်ချုပ်သွား၊ မကောင်းတာ ပြုနေတဲ့အချိန်မှာလည်း မကောင်းတဲ့စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေးတည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေ များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။

အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးသလားဆိုတော့ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထအကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလဲဆိုတော့ သရက်သီးမှည့်ကို စားပြီးသွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီသရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်။ အဓိကကတော့ မြေကြီးရယ် ၊ မိုးဥတုရယ် နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေးတွေ ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့အချိန်ဟာ စေတနာပါတဲ့ ၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။

သရက်စေ့ဟာ ချက်ချင်းချက်ခြင်းထပြီး အပင် မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်းအကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ကမ္မသတ္တိတွေက ယောနိသောမန သိကာရ ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တဆိုတဲ့ ဘုရား၊ ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ၊ဆရာကောင်း စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံးတဲ့အခါမှ ထအကျိုးပေးတာပါ။ ဒီလိုပါပဲ … မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တမိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။

အဲဒီတော့ ကိုယ့်သန္တာန်မှာရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင်ပေးမယ်။ တစ်နှစ်ကြာမှလည်း အကျိုးပေးချင်ပေးမယ်။ ဆယ်နှစ်ကြာမှလည်း အကျိုးပေးချင်ပေးမယ်။ နောက်ဘ၀ကျမှလည်း အကျိုးပေးချင်ပေးမယ်။ နောက်ဆုံးဘ၀ တစ်ရာမြောက်ကျမှပဲ အကျိုးပေးချင်ပေးမယ်။ နှစ်ဘ၀မြောက် ၊ သုံးဘ၀မြောက်၊ ဆယ်ဘ၀မြောက်ကျမှလည်း အကျိုးပေးချင်ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

အဲဒီတော့ မန္တလေးကအဖွားကို ဘယ်လိုပြန်ပြောရမလဲဆိုတော့ “မကြာမီ လာမည် မျှော်“ လို့ပဲ ပြောရတော့မှာပါပဲ။

အထက်က ပြခဲ့တဲ့ ဥဂ္ဂသေနတို့ ၀တ္တုကိုပဲ ပြန်အာရုံပြုကြည့်လိုက်ပါ။

ကဿပဘုရားရှင်လက်ထက်မှာ ရဟန္တာတစ်ပါးကို စေတနာ ထက်ထက်သန်သန်နဲ့ လောင်းလှူခဲ့တဲ့ အတွက် စေတနာလေးတွေ ချုပ်သွားပေမယ့် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ နောက်ရဟန္တာအရှင်မြတ်ကို ကချေသည်နဲ့တူတယ်လို့ စေတနာပါပါနဲ့ ပြောခဲ့တဲ့အတွက် စေတနာလေးတွေ ချုပ်သွားပေမယ့် မကောင်းတဲ့ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ ကဿပဘုရားရှင်လက်ထက်တော်မှာ ရခဲ့တဲ့ ကမ္မသတ္တိလေးတွေက ဂေါတမဘုရားလက်ထက်တော်ရောက်မှ ပြိုင်တူလာအကျိုးပေးပါတယ်။

ကောင်းတဲ့ကမ္မသတ္တိပဲဖြစ်ဖြစ် ၊ မကောင်းတဲ့ကမ္မသတ္တိပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိမြောက်သွားပြီ ဆိုရင်တော့ ဘ၀တစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာ့ပါ။ အကျိုးပေးနီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာပြုပြီး အကျိုးမပေးသေဘူးဆိုပြီး ကံကိုအထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိမြောက်သွားတာဆိုတော့ ကောင်းတဲ့ကံအတွက် ပြဿနာမရှိပေမယ့် မကောင်းတဲ့ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘ၀တွေက ကျင်လည်ရဦးမှာပါ။ တစ်ဘ၀တွေက ကျင်လည်ရအုံးမှာပါ။ တစ်ဘ၀ထဲနဲ့ မပြီးသေးပါဘူး ။ တစ်ဘ၀ထဲနဲ့ ပြီးပြတ်အောင်လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။

ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး …..

၁။ ဓမ္မပဒ အဠကထာ(ဒု)တွဲ ဥဂ္ဂသေန၀တ္တု။

၁။ မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မဒေသနာပေါင်းချုပ် အတွဲ (၁)

ရဝေနွယ် (အင်းမ)

Tuesday, February 23, 2010

Hacking Windows XP

Windows XP မွှေနှောက် ချင်သူ တွေ အတွက် Hacking Windows XP စာအုပ်လေးပါ။

Download ( 4Shared download 10.1 MB )

ဇော်သိင်္ခ

Windows XP Registry Guide

Windows XP ရဲ့ Registry ပိုင်း ကို တစ်ခု ချင်း စမ်းသပ် ချင်သူတွေ အတွက်

Windows XP Registry Guide စာအုပ်လေးနော်..

Download ( 4Shared download 6.1 MB )

Download ( ifile download 5.71 MB )

ဇော်သိင်္ခ

Thursday, February 18, 2010

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာ

ဗိုလ်ချုပ်အောင်ဆန်းသည် (၁၉၄၆)ခုနှစ်၊ ဇွန်လတွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက်ရှိ မဟာသံဃနာယက အစည်းအဝေး အပြီး ခေတ္တ အနားယူနေ တော်မူကြသော ဆရာတော်ကြီးများနှင့် ပခုက္ကူ ဆရာတော် ဘုရားကြီး အရှင်ပညာ (အဂ္ဂမဟာပဏ္ဍိတ)တို့ထံ သွားရောက် ဖူးမြော် သြဝါဒ ခံယူခဲ့ပါသည်။
ဆရာတော် အရှင်ပညာ၊ ပခုက္ကူ ဆရာတော်ဘုရားကြီးက ”မောင်အောင်ဆန်း၊ ဗိုလ်ချုပ်ဆိုလို့ တော်တော်ကြီးပလား အောက်မေ့တယ်။ တယ်မကြီးသေးဘဲကိုး။ ကြုံတုန်းကြုံခိုက် ဆရာတော်သြဝါဒ နည်းနည်းပေးပါမည်။
ဗိုလ်ချုပ် လွတ်လပ်ရေးရပြီးလျှင် တို့သာသနာရေးကိစ္စလည်း ပစ်မထားပါနဲ့။ သာသနာတော်ကြီး အကြီးအကဲ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး သာသနာရေးကိစ္စတွေ လုပ်ရလိမ့်လို့ စိတ်ကူးထည့်ထားပါလေ။
ဒါ့အပြင် ‘သည်းခံ နိုးကြား သနား၊ ထကြွ နိစ္စမသွေ၊ ရှိစေရှုတတ်၊ သူမြတ်တို့ဂုဏ် ဆိုတဲ့အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါး အနက် အထူးသဖြင့် နိုးနိုးကြားကြား၊ သတိဝီရိယ သတိပြုရမည်။
‘ဒါယကာ ဗိုလ်ချုပ်
မြောက်တိုင်းလည်း မမြောက်နဲ့
မမြောက်ဘဲလဲ မနေရာ
ခြောက်တိုင်းလဲ မကြောက်နဲ့
မကြောက်ဘဲလဲ မနေရာ’ ဆိုတဲ့ သြဝါဒလေးချက်ကိုလဲ သတိပြုလေ”ဟု မိန့်ကြားတော်မူလေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ် ကျောင်းသားဘဝကပင် ဘာသာရေးနှင့် ထိတွေ့ရင်းနှီးခဲ့သူ ဖြစ်သည်။
နတ်မောက်မြို့၊ ဘုန်းတော်ကြီး ဦးသောဘိတကျောင်း၌ စတင်ပညာသင်ခဲ့ရာမှ ဘာသာရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို အလေးထားခဲ့သည်။ နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတကျောင်း၌ (၁၂)နှစ်သားအရွယ် မြန်မာစာလေးတန်း (စတုတ္ထတန်း)အောင်မြင်သည်။ မြန်မာစာလေးတန်း အောင်မြင်ပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းသို့ ဆက်လက်ပညာသင်ကြားရာ၊ အစိုးရစစ် သတ္တမတန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကျောင်းများ၊ အမျိုးသားကျောင်းများတွင် ပထမဆင့် အောင်မြင်သဖြင့် ဦးရွှေခို၏ ဆုတံဆိပ်ကို ရရှိခဲ့သည်။
ရေနံချောင်းအမျိုးသားကျောင်းမှ အင်္ဂလိပ်-မြန်မာ(၁ဝ)တန်း စာမေးပွဲအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ သွားရောက် ပညာဆက်လက် ဆည်းပူးရာတွင် မြန်မာစာ ပါဠိဘာသာကို အထူးယူခဲ့သည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့်ပင် ကျွမ်းကျင်စွာ ရေးသားနိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ပါဠိဘာသာ သင်ခန်းစာများကို (လက်ရေးမူအတိုင်း) ယခုအထိ ရေနံချောင်းမြို့၊ အမှတ်(၁)အစိုးရအထက်တန်း ကျောင်းစာကြည့်တိုက်၌ သိမ်းထားလေသည်။
ငယ်စဉ်ကပင် ဘာသာတရားကို သက်ဝင်ယုံကြည်ရင်းစွဲ ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်၊ သံဃာတော်များအား အခါအခွင့်သင့်တိုင်း အချိန်ရသလောက် ဖူးမြော်ကန်တော့လေ့ရှိသည်။ ဘာသာရေးအပေါ် အလေးအနက်ခံယူချက်နှင့် ရိုသေကိုင်းရှိုင်းခြင်းတို့ကို ဖော်ပြသည်ဟု ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် (၁၃ဝ၈)ခုနှစ်၊ တပေါင်း လဆန်း(၄) ရက်၊ (၁၉၄၇)ခု၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ဝန်ခန်းမ၌ ကျင်းပသော ပထမပြန်ဘွဲ့နှင်းသဘင်တွင် မြန်မာနိုင်ငံတော် အမှုဆောင်ဝန်ကြီးများအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အနေဖြင့် သာသနာရေးနှင့်ပတ်သက်၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြလျှောက်ထားခဲ့သည်။
”ဒီနေ့ ဆုနှင်းသဘင်ကြီးမှာ လာရောက် စကားပြောရတာဟာ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတိုင်း ဝတ္တရားနှင့် လာရောက်ပြောရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူမှန်သမျှ ဘုရား၊တရားကို အမြဲတမ်း ရိုသေကိုင်းရှိုင်းကြပါတယ်။ ယုံကြည်ကြတယ်လို့လည်း ယူဆမိပါတယ်။
တပည့်တော်လဲ ငါးပါးသီလကို အမြဲဆိုသလို စောင့်ထိန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်သားဖြစ်လို့ စစ်တိုက်တဲ့ အခါမှာတော့ ငါးပါးသီလကို မစောင့်ထိန်းနိုင်ခဲ့ပါဘူး။ များသောအားဖြင့် လူတွေဟာ ဘုရားတရားကို ဆည်းကပ်ခြင်းမရှိဘဲ၊ ဒုက္ခတွေ့ချိန်ကျမှ ဘုရားတရားကို ပိုပြီး သတိရကြပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုရင် ဘာသာတရားကို ဆည်းကပ်ကြတယ်။ သတိရကြတယ်။ တပည့်တော်ကိုလည်း ရွေးကောက်ပွဲနီးလာလို့ လာပြီး ကပ်တယ်ထင်မှာ စိုးတဲ့အတွက် ခုမှပဲလာရခြင်း ဖြစ်ပါတယ်။
ပထမပြန်စာမေးပွဲဟာ ရှေးမြန်မာမင်း လက်ထက်ကစပြီး ဗုဒ္ဓဘာသာသနာတော်မှာ အကြီးဆုံးစာမေးပွဲ ဖြစ်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက် ရောက်တဲ့ အခါမှာလည်း ပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်တယ်။ ကျင်းပရခြင်းအကြောင်းက မင်းတို့ရဲ့ ပရိယာယ်အရ ကျင်းပပေးခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့အခါမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး အယူစွဲနေတာကို သိလို့ကျင်းပတာပဲ။
ဥရောပတိုက်မှာ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က ဘာသာရေးနှင့် ပတ်သက်ပြီး စစ်ပွဲကြီးဖြစ်ခဲ့တယ်။ ဘာသာမတူတဲ့အတွက် တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် တိုက်ခိုက်ကြတယ်။ နောက်ဆုံးကျတော့ သင်ခန်းစာတစ်ခုရသွားပြီး၊ ဘာသာရေးနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒအတိုင်း ကိုယ်ယုံကြည်ရာ ဘာသာကိုယူနိုင်တဲ့ ထုံးတမ်းတစ်ရပ် ဖြစ်လာတယ်။
ဗုဒ္ဓဘာသာထဲမှာ လူတစ်ပိုင်း ဖြစ်နေတာကို တပည့်တော်တို့ မကြိုက်မနှစ်သက်ပါဘူး။ တပည့်တော် ဘုန်းကြီးလုပ်ဖို့ နှစ်ခါတောင် စိတ်ကူး ခဲ့ပါသေးတယ်။ မအောင်မြင်ဘူး။ မအောင်မြင်တာဘဲ ခပ်ကောင်းကောင်း။ မြန်မာပြည် မလွတ်လပ်သမျှ ကျွန်လူမျိုးဘဝနဲ့ ရှိတဲ့အခါမှာ ကျွန်သာသနာဘဲ ဖြစ်နေတယ်။ ကျွန်နိုင်ငံဖြစ်နေသမျှ ကာလပတ်လုံး သာသနာတော်ဟာ မကြီးပွားနိုင်ဘူး။
ခေတ်ပြောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လျှောက်ထားပါရစေ။ ခေတ်ပြောင်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင်များပိုမို နားလည် လွယ်အောင် ပါဠိဘာသာနဲ့ ထုတ်ဝေထားတဲ့ အဖိုးတန်ကျမ်းဂန်များကို မြန်မာစာနဲ့ ပြန်ဆိုရေးသား ပြောင်းလဲရရင် ဗုဒ္ဓဘာသာဝင်တို့ဟာ ဘုရား၊ တရား၊ သံဃာ အကြောင်းတွေ ပိုပိုနားလည်လာလိမ့်မယ်။
ဥပမာ-သြကာသဆိုတဲ့ပုဒ်ရဲ့အနက်အဓိပ္ပာယ်ကို တချို့မသိကြပါဘူး။
မြတ်စွာဘုရားသခင် ကျင့်ထုံးများကိုလည်း သာသနာတော်ကြီး ထွန်းကားလာအောင် သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ပွဲတစ်ခုလို့ ယူဆမိပါတယ်။ နောက်ဆုံး တင်ပြလျှောက်ထား လိုတာကတော့ ယခုအခါ ရွေးကောက်ပွဲတွေ နီးလာပြီ။ သာသနာတော်ကြီး ကြီးပွားတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စကားနဲ့ ဆွယ်တရားဟောပြောကြတဲ့ လူပုဂ္ဂိုလ်များကို သတိထားကြပါ။ တကယ်တမ်း လွတ်လပ်ရေးကို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်များကိုတော့ အားပေး ချီးမြှောက်ကြပါ”
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့လွတ်လပ်ရေးကို မရမနေ၊ မရမခြင်း နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်နေချိန် ကာလမှာပင် အနာဂတ် သာသနာအတွက် ရည်မှန်းချက်ရှိခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင် သာသနာ့ဘောင်ဝင်ရန်ပင် စိတ်ကူးရှိခဲ့သော်လည်း မလွတ်လပ်မီစပ်ကြား သာသနာရေးထက် နိုင်ငံအရေး အလေးပေးရဦးမည်ဟု သဘောပေါက်ပြီး ကျွန်သာသနာမှ လွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်း ထူထောင်နိုင်မည့် သာသနာရေးအား မျှော်မှန်းခဲ့သည်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော သာသနာတော်ကြီးကား လွတ်လပ်သော ယနေ့နိုင်ငံတော်၏ ယနေ့ အချိန်ကာလနှင့်အတူ လွတ်လပ်ရေး သာသနာတော်ကြီး အဖြစ် နေရောင်လရောင်ပမာ ထွန်းလင်းပြောင်လျက် ရှိနေပါချေပြီ။
ရေနံမြေဘဖေရဲ့ (၁၉၈ဝ)ခုနှစ်၊ ဇူလိုင်လထုတ် ရတနာမွန်မ တနာမွန်မဂ္ဂဇင်းမှ ကူးယူတင်ပြလိုက်ရပါသည်။

လျှပ်တစ်ပြက် ဂျာနယ်မှ ပြန်လည် ဖော်ပြသည်။
ဇော်သိင်္ခ

Wednesday, February 17, 2010

A+ and Beyond A+

ဆရာ ဦးဇော်လင်း (YOUTH) ရဲ့ A+ စာအုပ်လေးပါ။

Download (16.9MB )

*****

ဆရာ ဦးဇော်လင်း (YOUTH) ရဲ့ Beyond A+ စာအုပ်

A+ ရဲ့ နောက်ကွယ်မှာ ဘာတွေ ရေးသားထားတယ် ရှင်းလင်းဖော်ပြထားတယ် ဆိုတာ သိချင်ရင်တော့ ဒေါင်းဖတ်ကြည့်လိုက်ကြနော် ..

Download ( 13.2 MB )

အီးမေးမှ ပို့ပေးသော ညီလေး ကိုဇင် အား ကျေးဇူးတင်ရှိပါတယ်။

ဇော်သိင်္ခ

Tuesday, February 16, 2010

ခင်နဲ့မောင် နှင့် အခြား ဟာသများ

ခင်နဲ.မောင်

> အချက်အပြုတ်……….မောင့်အလုပ်

> ထင်းမီးသွေးဝယ်……..မောင်ပဲကွယ်
> ဆန်ဆီဆားလဲ……….မောင်ပါပဲ
> ကလေးထိန်းကျောင်း….. မောင်ပဲကောင်း
> အဖွတ်အလျော်………မောင်ပဲနော်
> သို့သော်…သို့သော်
> အလှပြင်ဆိုင်……..ခင်ပဲထိုင်
> ဗိုလ်ချူပ်ဈေးသွား…..မောင်မတား
> ဆလင်းဘတ်အသစ်…..ခင်အတွက်ဖြစ်
> ဘာပဲပြောပြော……..ခင်သဘော…..။

*******

ကွယ်လွန်သူ ယောက္ခမကြီး၏ အုပ်ဂူရှေ.တွင် အထိမ်းအမှတ်ကျောက်ပြား စိုက်ရန်
> သားမက်လုပ်သူက ကျောက်ပြားလုပ်သော ဆိုင်သို.ရောက်လာသည်။
> သားမက် – “ဈေးလဲပေါ၊ ခန်.လဲခန်.ညားတဲ. ကျောက်ပြား တစ်ချပ်လောက် လိုချင်တယ်”
> ဆိုင်ရှင် – “အင်း တချပ်တော.ရှိပါရဲ.။ ဒါပေမယ်. ကျောက်ပြားပေါ်မှာ တခြား
> လူရဲ. နာမည်ထိုးထားတယ်”
> သားမက် -”ကိစ္စမရှိဘူး၊ သွားလေသူယောက္ခမ က စာမဖတ်တတ်ဘူး”

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ..
သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။
နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့
လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။
သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား
ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး
သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်”
လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ..
ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို
ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “တောက်…
သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ” လို့
အော်ဆဲလိုက်တော့တယ်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲ

ကျောင်းသားသစ်….. ကျွန်တော်ငယ်ငယ်တုန်းက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။
မေမေက ကျွန်တော့်ဆံပင်ကို ကောက်လိုက်တော့ မိန်းကလေးနဲ့ ပိုတူသွားတယ်။
လူတိုင်းက ကျွန်တော့်ကို မိန်းကလေးလို့ ထင်ကြတယ်။

ကျောင်းသားများ ……. မင်းစိတ်ညစ်ရတာပေါ့။

ကျောင်းသားသစ်….. စိတ်ညစ်တာပေါ့ဗျာ။ အတန်းပိုင် ဆရာမကတောင်
ကျွန်တော့်ကို မိန်းကလေးလို့ထင်ပြီး ကောင်မလေးတွေနဲ့ ထိုင်ခိုင်းတယ်။
နောက်တော့ အမေက ကောက်နေတဲ့ ကျွန်တော့်ဆံပင်တွေကို ညှပ်ပစ်လိုက်မှ
ယောက်ျားလေးမှန်း သိသွားကြတယ်။

ကျောင်းသားများ….. ဟာ .. ဒါဆို မင်းတို့အတန်းပိုင် လန့်သွားမှာပေါ့။

ကျောင်းသားသစ်….. ဆရာမ လန့်မသွားဘူး။ ကျွန်တော့်ကို မိန်းကလေးထင်ပြီး
နေ့တိုင်း ကျောင်းကြို ကျောင်းပို့လုပ်နေတဲ့ ကျောင်းသားက လန့်သွားတာ…

တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို
လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့်
ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။

ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင်
သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့
ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့
ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ
ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး
အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး
ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို
ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို
ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို
ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။

အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ
ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို
ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို
မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ…
ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ
ဟင်း” ဟူတည်း။

ရယ်မောခြင်းသည် အသက်ရှည်၏။

ဇော်သိင်္ခ

Monday, February 15, 2010

မြန်မာ အီးဘုတ် ၇

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နှုတ်ချက် စုစည်းမှု

Download

အောင်ဆန်း အက်တလီ စာချုပ် (၁၉၄၇)

Download

ကျောက်ကွင်း ၀ါဒ ပြိုင်ပွဲ

Donwnload

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (White Paper)

Download

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (Black Paper)

Download

ဇော်သိင်္ခ

Sunday, February 14, 2010

ချစ်သူများနေ့ အတွက်

ဖေဖော်ဝါရီ ၁၄

ချစ်သူများနေ့တဲ့…

မနက် အာရုံတက်ကတည်းက..

ကောင်လေးတွေ…

ကောင်မလေးတွေဆီကို..

ချောကလက်တို့ ပန်းစီးတို့ .

သွားပို့ကြသတဲ့…

နေသာချိန်ရောက်တော့လည်း..

ကားလမ်းပေါ်မှာ ဆိုင်ကယ် ကိုယ်စီနဲ့ …

အတွဲလေးတွေ သွားလာနေကြတာ …

အရမ်း လှနေတယ်ကြတယ်ပေါ့ ….

မိန်းလမ်းဘေး တစ်လျှောက်မှာလည်း …

ချစ်တက်သူတို့အတွက်..

ချောကလပ်တို့ ပန်းစီးတို့ ပို့စကဒ်တို့

ရောင်းတဲ့ ဆိုင်လေးတွေက …

အချစ်သီချင်းလေး တွေ သံပြိုင်ဖွင့်လို့

မြိုင်နေကြတယ်ပေါ့ ….

ပန်းစီးလေးတွေကလည်း …

နှင်းဆီပွင့်လေးတွေ …

အစိုလေးတွေရော အခြောက်လေးတွေရော ….

အသည်း ပုံ ချောကလက်လေးတွေ ပို့စကဒ်တို့ ကြားမှာ …

လှနေကြတာပေါ့နော် …

ပန်းစီး ၊ ချောကလက်နဲ့ ပို့စကဒ်လေးတွေ ရတဲ့

ညီမလေးတွေ မမလေးတွေ ကတော့ …

ရင်တွေခုန်ပြီး ပျော်နေရောပေါ့နော် …

မရတဲ့ ညီမလေး တွေနဲ့ မမတို့ကရော ..

ဘယ်သူများ လာပေးမလဲ ဆိုပြီး မျှော်နေမှာ ထင်တယ်နော် …

တကယ်လို့ ဘာမှ မရခဲ့ဘူး ဆိုလျှင်လည်း ..

ဝမ်းမနည်း ကြပါနဲ့ ၊ စိတ်မကောင်းမဖြစ်ကြပါနဲ့ နော် …

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဟာ ..

*ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့ ..

၄၅ ရက်မြောက်နေ့ …

“ကလောဒီယပ်စ်“ ဆိုတဲ့ …

သဘောမကြီးမြတ်တဲ့ ပဒေသရာဇ် …

ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး …

ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့  …

တာနီမြို့က Saint Valentiuns ဆိုတဲ့ …

သူတော်စင်ပုဂ္ဂိုလ်ကြီး ရောမမှာ …

နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ *

(မေးတွေထဲမှာ ပျံ့နေတဲ့ ကဗျာထဲမှ ) ….

ဒီနေ့ဟာ တို့ မြန်မာ ပြည်သူပြည်သားတွေ အတွက် …

အရေး ပါတဲ့ နေ့ တစ်နေ့ မဟုတ်တာကိုတောင် …

အမှတ်ရနေတယ် ဆိုရင်ဖြင့် …

ဒီနေ့ နဲ့ ကပ်လျက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကို

ကိုကို ၊ မမ၊ ညီညီ၊ ညီမငယ် တို့ အားလုံး ကို ..

အမှတ်ရစေချင်ပါတယ် ကွယ် …

ဖေဖော်ဝါရီ ၁၃ ဟာ တို့ နိုင်ငံ ကို …

လွတ်လပ်ရေး ကြီး ရအောင် …

ကြိုးစားပေးခဲ့တဲ့ …

မြန်မာပြည်ကြီးကို ပြန်လည်ထူထောင် ပေးခဲ့ တဲ့ …

ကမ္ဘာက လေးစားရတဲ့ …

မြန်မာ ပြည်သူ ပြည်သားတွေ အားလုံး …

လေးစား ကြည့်ညို အတု ယူထိုက်တဲ့ ..

တို့နိုင်ငံ ရဲ့ ခေါင်း ဆောင် ကြီး

ဗိုလ်ချုပ်အောင်ဆန်း ရဲ့

မွေးနေ့လေ ….

ဒါကြောင့် …..

ဘာမှ အရေး မပါတဲ့ နေ့လေး မှာ …

သိပ်ပြီး စိတ်မကောင်း မဖြစ်ပဲ ..

အရေး ပါတဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ လေး ကို …

နှစ်စဉ် နှစ်တိုင်း အမှတ်ရနေစေချင်ပါတယ် ကွယ်..

ဒါကြောင့် ငယ်စဉ်က ဆိုခဲ့ ရတဲ့ ကဗျာ လေးကို လည်း..

ပြန်လည် အမှတ်ရနေစေချင်တယ် နော်….

ကဗျာလေး က …..

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ပါ။

တထောင့်ကိုးရာတဆယ့်ငါး၊

ရှေ့နေဦးဖာ သား။

ဇာတိနတ်မောက် မကွေးခရိုင်၊

သိကြများခုတိုင်။

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စု သား …“

တဲ့ ……….

အားလုံးပဲ အမှတ်ရနေစေချင်ပါတယ်နော်…


ဇော်သိင်္ခ

Saturday, February 13, 2010

ဖေဖော်ဝါရီ ၁၃

လွန်ခဲ့တဲ့ ၉၅နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….

နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ….

ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ

ကိုသူရ ရဲ့ ………..

ဗိုလ်ချုပ်ရဲ့ ၉၅ နှစ်ပြည့်မွေးနေ့အတွက် မနေ့တစ်နေ့ကမှစတင် လေ့လာထားတဲ့ပညာနဲ့ ဂုဏ်ပြုပါတယ် ။
ပထမဦးဆုံးသော SWF သီချင်းဖိုင်လေးလဲဖြစ်ပါတယ်ခင်ဗျား ။

CLICK HERE ( to Listen & to Watch )


ဗိုလ်ချုပ်ရဲ့ ၉၅ နှစ်ပြည့် မွေးနေ့မှာ သူငယ်ချင်းပို့ပေးထားသော မေး မှ ရရှိသော ကဗျာ လေး နဲ့ ကိုသူရ (မိုးသောက်ပန်း) အထူးပြုလုပ်ထားသော ဂုဏ်ပြု အထူးလက်ဆောင် swf file လင့် လေး နဲ့ ပြန်လည် ဂုဏ်ပြု ဖော်ပြေ ပေးလိုက်ပါတယ် ခင်ဗျ………။

ဇော်သိင်္ခ

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု – ၅)

၂၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့်

ညီညွတ်ရေးအဆို မိန့်ခွန်းမှ ကောက်နုတ်ချက်

ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထလု တ်ွလပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆတို့ဲအကြောင်း

ပဋိညာဉ်ကတိ ပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း

ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး

စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။ မရဘူးဆိုလို့ရှိရင်

တိုင်းပြည်န့လဲူမျိုး လတ်ွလပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ

ပျက်စီးကြောင်း လုပ်တ့သဲူတေ၊ွ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ

ဆောင်ရွက်ခြင်းမရှိရင် ခုန တိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး

လုပ်ကိုင်ဆောင်ရက်ွသွားကြတဲ့ သူတေကွို သစ္စာဖောက်ရာ မလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို

ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ်ရေး

လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ခေါ်၍

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့

လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းပြုပြည်ပြု

လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ

ထူထောင်တဲ့အခါ ကျရင် ဖွဲ့ စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့

အုပ်ချုပ်မှာလ။ဲ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယလိုတိုင်းပြည်မျိုး

ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှ

လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို

အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။

ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်း သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊

တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက်

ညီညတ်ွရမှာလဲ။ ဘယ်လိုရည်ရယ်ွချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင်

ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။

အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညတ်ွရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊

လူတမျိုးလုံးရဲ့ အကျိုး၊ အဒဲီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် အဲဒါတွေကိုရအောင်၊

အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊

ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညတ်ွချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။

ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။__

ဇော်သိင်္ခ

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု – ၄)

၁၉၄၆ ခု ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင်ပန်းခြံ၌ လူထုဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးမှ

ကောက်နှုတ်ချက်

ရသင့်ရထိုက်တဲ့ အခငွ့်အရေးတေကွို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင်

ဆောင်ရွက်ရလိမ့်မယ်။ ယခုလို တရားသဖြင့် တောင်းဆိုချက်တွေကို မရရင် ဘာလုပ်မယ်ဆိုတာတွေလည်း

ဖဆပလ ဥကဋ္ဌ္က မိန့်ခနွ်းမှာ ဖြေရှင်းပြခြဲ့ပီးဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ အထိ ရောက်ချင်မှ

ရောက်လိမ့်မယ်။ သို့ပေမယ့် ပြင်ဆင်ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့

လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ

တိုင်းပြည်တွင်လား မဟုတ်ဘူး။ ဗြိတိသျှအစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဗြိတိသျှအစိုးရဟာ

သူတို့နယ်အတွင်းရှိ တိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးဆိုပေမယ့် သူတို့ ဒီလို လုပ်နေရင် မပေါ်သင့်ပဲနဲ့

ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း လွတ်လပ်ရေးတိုက်ပွဲ မဆင်နွှဲပဲနဲ့ ပြီးမြောက်သွားလိုပေမယ့်

ကျုပ်တို့ တစ်ဖက်တည်းအပေါ်မှာ တည်နေတာ မဟုတ်ဘူး။

တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာက ပရိယာယ်အကြီး၊ ပရိယာယ်အသေး ဆိုတာတွေနဲ့

သူ့နေရာန့သဲူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ် ရှေ့တိုးသင့်တိုး အခြေအနေကြည့်ကာ

ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့ တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောရင်

အခုလုပ်ကြမယ်ဆိုတာ သိရပေမယ့် လွတ်လပ်ရေးတိုက်ပွဲအထိ မရောက်စေပဲ တိုက်ပွဲကလေးများနဲ့ပင်

လိုရာရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က

ကျောင်းသား၊ အလုပ်သမား၊ ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး

သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့စနစ်ထဲက သူသျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ပဲ

ကစဥ့်ကလျားဖြစ်အောင် လုပ်တ့စဲ နစ်ပ။ဲ ကျုပ်က ဆူကြပါဆိုရင် ဆူကြမှာပဲဆိုတာ ယုံကြည်ပါတယ်။

အချို့လူတွေက ကျုပ်တို့ကို သမရိုးကျစနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး၊ စင်ပြိုင်အစိုးရ

တည်ထောင်ရေးတွေကိုသာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည် အခြေအနေကို ကြည့်ပြီး ညီညီညွတ်ညွတ်နဲ့

အလုပ်လုပ်ရမယ့်အချိန်မှာ ခွက်စောင်းခုတ်ဝါဒတွေ ပေါ်လာတာ တွေ့ရတယ်။ ဒီဟာက

တိုင်းပြည်အားနည်းအောင် လုပ်တ့နဲ ည်းဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ်

အသေးစိတ်ကို အသုံးပြုပြိး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲရလိမ့်မယ်။

ခေါင်းဆောင်တွေဟာ လူတိုင်း ကောင်းနိုင်လိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုပဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့

အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာပ။ဲ

အရေးကြီးတာက ဒါဟာ ကိုယ်က တစ်ကွက်စားပြီး တဖက်လူက နှစ်ကွက်စားမှာကို သတိပြုရမယ်။

ဇော်သိင်္ခ

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု – ၃ )

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင်

ပြောကြားခ့ေဲ သာ ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းမှ ကောက်နှုတ်ချက်

ကျနော်တို့ကလည်းဘဲ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။

အဲဒီလိုကြိုးစားမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျနော်တို့လုပ်တဲ့

လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ယခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။

ဘာဖြစ်လို့လည်းဆိုရင် အချိန်တွေလိုပါသေးတယ်။ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။

ပြီးလာတ့တဲ စ်နေ့ ခင်ဗျားတို့ မြင်လာတ့တဲ စ်နေ့မှာ ကျနော်တို့လုပ်ငန်းတွေဟာ အောင်မြင်သလား၊

မအောင်မြင်ဘူးလား ဆိုတာ ခင်ဗျားတို့မြင်နိုင်မှာပဲ။

အဲဒီလိုမြင်လာတ့အဲ ခါမှာ ဖဆပလအဖွဲ့ ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့နေရာမျိုးမှာ

ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျနော်

ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် ပြောနေဖို့မလိုပါဘူး။ အဲဒီတော့ ဖဆပလအဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့

လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင် ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို

လတ်ွလပ်ရေးရအောင် ကျုပ်တို့လုပ်နေတ့ေဲ နရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို

ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ ဘယ်သူတွေက ဘာဖြစ်လို့

ကျုပ်တို့ကို အပြစ်တင်နေရသလဲ။

အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထား ကြည့်စေချင်တာက ဒီ ဖဆပလအဖွဲ့ချုပ်ဟာ ဘယ်လို

ဖဆပလအဖွဲ့ ချုပ်လည်းဆိုတာ ရာဇ၀င်နဲ့ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်နဲ့

ပြန်ကြည့်စေချင်တယ်။ ကျနော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေ၊

နိုင်ငံရေးခေါင်းဆောင်တွေအားလုံး တစ်ယောက်စီ၊ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး

စဉ်စားကြည့်ပါ။ ဘယ်လိုလူစားတွေလဲ။ ဘယ်လိုအဖွဲ့တွေလဲ ဆိုတာ အဲဒီအခါမှာ အဖြေထွက်လာမယ်။

ယခုအခါမှာ ကျနော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့

အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုရင် အတိုက်အခံဆိုတာ ရှိစမြဲပါပဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနဲ့ မကင်းလို့ရှိရင် ကျနော်တို့လည်း မလွတ်ကင်းနိုင်ဘူး။

အဲဒီလို အတိုက်အခံနဲ့ မကင်းတ့အဲ ပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သို့သော်လည်းပဲ

တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီးတော့ တဆင့်ထက်တဆင့် ကျနော်တို့ လုပ်လာတဲ့လုပ်ငန်းဟာ

တိုးတက်သလား မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။

ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျနော်ပြောမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက

မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျနော်ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ

လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ရှိရင် ပဒေသာပင်ကြီး

ချက်ချင်း နေ့ချင်းညချင်း ပေါက်ကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့သူတွေ များကြတယ်။ တချို့က ဟာ . . .

လွတ်လပ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော် အရင်တခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက

အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊

ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့

လမ်းသွားလမ်းလာလုပ်တ့သဲူတွေ အတော်ဂကျွတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။

လတ်ွလပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလ။ဲ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက်

ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့

အကျိုးကို မထိခိုက်ပနဲ့ ၊ဲ အခြားလူတေရွ့ဲ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ်

ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။

ဒီတော့ လတ်ွလပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့

သဘောမျိုးသာဖြစ်တယ်။ စည်းန့ကဲ မ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့

လတ်ွလပ်ရေးဆိုတာကို ကျနော်တို့ ရတ့အဲ ခါမှလည်း နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး

စည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။

အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ

တကယ်ရမယ်။

အဲဒီတော့ကာ ခင်ဗျာတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို

ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။

လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို

လုပ်ပြီးတ့ေဲ နာက် ရှေ့ကို လတ်ွလပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း

ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို

ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ ပြောခ့ချဲင်တယ်။

ဇော်သိင်္ခ

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု – ၂ )

၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး

လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။

ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့

အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးန့ေဲ တာ့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့

မဖြစ်ဘူး။ တစ်ဖကတ် င်ွသာလုပ်တ့အဲ လုပ်၊ အလိုအလျောက် လထူုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း

လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့

သတ္တိရှိပါတယ်။

တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား

ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်

နိုးကြားသလဆဲိုတဲ့ အပေါ်မှာ တည်ပါတယ်။

ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို

တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း

ကြမ်းခ့တဲ ယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင်

ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။

လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့

မွေးဖွားတ့အဲ ခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။

အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။

ဇော်သိင်္ခ

Thursday, February 11, 2010

့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် ( စုစည်းမှု-၁ )

ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ နှင့် ဖေဖော်ဝါရီ (၁၃) ရက် ဗိုလ်ချုပ် အောင်ဆန်း ၏မွေး နေ့ ကို ဂုဏ်ပြု သည့် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် များ ကို စာဖတ်သူများသို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့်

မိန့်ခွန်း ကောက်နှုတ်ချက်

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ်

ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။

ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန်

ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း

ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး

မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့်

ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ

ဝါဒမျိုးကို တကိုဖျက်မယ့်သူတေနွ့ဲ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။

အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊

လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊

သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊

အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး

မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့

ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင်

တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ

လတ်ွလပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါ ဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ

ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့်

စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊

တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ်

ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း

ပညာသင်ကြားနိုင်ခငွ့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ

လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက

စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့

ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ

အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊

ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊

အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ

အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

ဇော်သိင်္ခ

Wednesday, February 10, 2010

USB Disk Security



USB Disk Security လေးတွေကတော့ မိမိရဲ့ ကွန်ပျူတာ မှာ ထည့်ထားလိုက်ရင် ကွန်ပျူတာမှာ လာထိုးတဲ့ Removeable Drive တွေမှာ ပါလာတဲ့ Virus တွေ ကို စစ်ပေးမှာ ဖြစ်ပြီးတော့ တွေ့တဲ့ ဗိုင်းရပ် မှန်သမျှကို သတ်ပြစ်လို့ ရပါတယ်. ။ အန်တီဗိုင်းရပ် လို Database Update တွေ နေ့စဉ် အပတ်စဉ်တွေထည့်ထားစရာ မလိုပါဘူး။ တစ်ခါ Install လုပ်ထားလိုက်ရုံနဲ့ အမြဲ သုံးလို့ ရတဲ့ Software လေးပါ။

အောက်မှာ Version သုံးမျိုး ပေါင်းပြီး တင်ပေးထားပါတယ်။

Download ( Password က 12345 ပါ crack ဖိုင်ပါလို့ password ခံထားပေးတာပါ။ )

( USB Disk Security 5.0.0.58 က Crack File နဲ့ပါ။)

(USB Disk Security 5.1.0.15 က Serial Keys နဲကပါ။)

(USB Disk Security 5.3.0.20 ကလည်း Serial Keys နဲ့ ပါ။ )

Download ( USB Disk Security 5.3.0.20 ပါ ကီးမပါဘူး)

ဇော်သိင်္ခ

Tuesday, February 9, 2010

ဆွာမိကြီးပြောတဲ့ အချစ်အကြောင်း

I once had a friend who grew to be very close to me.
Once when we were sitting at the edge of a swimming pool, she filled the palm of her hand with some water and held it before me, and said this: “You see this water carefully contained on my hand? It symbolizes Love.”

တစ်ချိန်တုန်းက ကျူပ်နဲ့ သိပ်ခင်တဲ့ မိတ်ဆွေတစ်ဦးရှိခဲ့ တယ်…

တစ်နေ့ တော့ ရေကူးကန်ဘေးမှာ ကျူပ်တို့ နှစ်ဦးထိုင်နေစဉ် သူမက လက်ခုပ်တစ်ဖက်နဲ့ ရေခပ်ပြီး

ကျူပ်ရှေ့ ကိုလာကာ…” ကျွန်မလက်ထဲကရေကို ကြည့် ပါဦးလေ…ဒါဟာချစ်ခြင်း

မေတ္တာရဲ့ သင်္ကေတအထိန်းအမှတ်ပါပဲ…” လို့ ဆိုလာပါတယ်..

This was how I saw it: As long as you keep your hand caringly open and allow it to remain there, it will always be there. However, if you attempt to close your fingers round it and try to posses it, it will spill through the first cracks it finds.
ဟုတ်ပါတယ်….သင်ဟာသင့် ရဲ့ လက်ကို သေချာစွာဖြန့် ထားပြီးရှိစေမယ်ဆိုယင် ရေတွေဟာ

လက်ခုပ်ထဲမှာပဲရှိနေမှာပါ…ဒါမဟုတ်ပဲ ပိုင်ဆိုင်လိုတဲ့ စိတ်ဇောနဲ့ လက်ကိုဆုပ်ပြီး

ရေတွေကိုယူလိုက်မယ်ဆိုယင်တော့ လက်ချောင်းတွေကြားထဲကနေ

ရေတွေယိုဖိတ်ပြီးထွက်ကျကုန်မှာပါ….

This is the greatest mistake that people do when they meet love…they try to posses it, they demand, they expect… and just like the water spilling out of your hand, love will retrieve from you .

အဲဒီအချက်ဟာ အချစ်နဲ့ ပါတ်သက်လာယင် လူတွေ အမှားကြီးမှားနေကြတဲ့ 

အချက်အလက်ပါပဲ…သူတို့ ဟာ ပိုင်ဆိုင်ချင်ကြတယ်..

ပိုင်ဆိုင်ဖို့ အတွက်ကြိုးပမ်းကြတယ်….အတင်းအကြပ်တောင်းဆိုကြတယ်..အမျှော်လင့် ကြီး

မျှော်လင့် ကြတယ်…အဲဒီအခါမှာတော့ …လက်ခုပ်ထဲကရေတွေလိုပါပဲ…

ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်တိုင်း…လက်ထဲကနေလျှောထွက်သွားသလိုပါပဲ…

ချစ်ခြင်းမေတ္တာဟာလည်း သင့် ထံကနေ ထွက်ခွာသွားပါလိမ့် မယ်….

For love is meant to be free, you cannot change its nature. If there are people you love, allow them to be free beings.
Give and don’t expect.
Advise, but don’t order.
Ask, but never demand.


ချစ်ခြင်းမေတ္တာဆိုတာလွတ်လပ်ခြင်းသဘာဝတရားမို့ ထိုသဘာဝတရားကိုသင်ဘယ်လိုမှ

ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး…ဒါကြောင့် သင်မေတ္တာစစ်နဲ့ ချစ်ခင်နှစ်သက်

နေသူတွေရှိနေမယ်ဆိုယင်တော့ …

သူတို့ ကို….

လွတ်လပ်ပါစေလေ…

ပေးဆပ်လိုက်ပါလေ…ရယူဖို့ တော့ဖြင့် မမျှော်လင့် ပါလေနဲ့ …

အကြံပြုပါလေ….ဘယ်တော့ မှတော့ အမိန့် ပေးစေခိုင်းခြင်းမပြုပါလေနဲ့ …

မေတ္တာရပ်ခံ၊ ခွင့် တောင်းပါလေ…ဘယ်တော့ မှတော့ မတောင်းဆိုပါလေနဲ့ ….

It might sound simple, but it is a lesson that may take a lifetime to truly practice. It is the secret to true love. To truly practice it, you must sincerely feel no expectations from those who you love, and yet an unconditional caring.”
ကြားရဖန်များလို့ ရိုးကောင်းရိုးနေပါလိမ့် မယ်…ဒါပေမယ့် ဒီအမှန်တရားဟာ သင့် ဘဝ

တစ်လျှောက်လုံးအတွက်ကျင့် သုံးရမယ့် လက်ဆောင်မွန်ပါလေ…

ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ လျှို့ ဝှက်ချက်ပါပဲ…

တိတိကျကျ၊တစ်သွေမတိမ်းလိုက်နာကျင့် သုံးချင်တယ်ဆိုယင်ဖြင့် …

ကိုယ်တကယ်ချစ်မြတ်နိုးသူကို ဘာအနှောင်အဖွဲ့ မှမပါတဲ့ ဂရုစိုက်ခြင်းမျိုးဖြင့် ဂရုစိုက်ပါလေ…

ကိုယ်တကယ်ချစ်မြတ်နိုးသူဆီကဘာတစ်ခုကိုမျှ ပိုင်ဆိုင်ရရှိလိမ့် မယ်လို့ မမျှော်လင့် ပါနဲ့ …

Passing thought… Life is not measured by the number of breaths we take; but by the moments that take our breath away…..
အတိုချူပ်ရလျှင် …ဘ၀ဆိုသည်မှာ အသက် ရှူသွင်း၊ရှူရှိုက်နေသည့် အကြိမ်ပမာဏအရေ

အတွက်မဟုတ်…ထိုတစ်ခဏလေးများမျှသာဖြစ်ပါတယ်…
Life is beautiful!!! Live it !!!


သာယာလှပ တန်ဖိုးရှိတဲ့ ဘ၀များမှာ !!!…

အနေတတ်၍ ကျေနပ်ပါစေလေ !!!…

forward mail က ရတာလေးကို….ခံစားတင်ပြသည်…

ဇော်သိင်္ခ

Sunday, February 7, 2010

Deep Freeze

Deepfreeze Software လေးကတော့ စက်တစ်လုံးမှာ ကိုယ်သုံး မယ့် ဆော့ဝဲလ်တွေ setting တွေ အားလုံး ပြည့်စုံပြီ ဆိုရင် ဒီဆော့ဝဲလ် လေးကို ထည့်ထားလိုက်ပါ။ ပြီတော့ အဲဒီစက် ကို ကြိုက်သလိုသုံးပါ ကလိချင်တိုင်း ကလိပေါ့ဗျာ…။ Registery ထဲဝင်ကလိလည်း ရပါတယ်။ ကလိလွန်းလို့ ဘာမှ လုပ်မရတော့ဘူး တချို့ဖိုင်တွေလည်း ဖြတ်လိုက်လို့  မတွေ့တော့ဘူး ဆိုရင်တော့ အဲဒီစက်ကို Restart သာ ချလိုက်ပါ။ စောစောက ထည့်ထားတဲ့ Setting အတိုင်း ပြန်ရောက်သွားပါလိမ့်မယ်။ ဒီဆော့ဝဲလ်လေးကိုတော့ အင်တာနက်ဆိုင်တွေ မှာလည်း အသုံး များပါတယ်။ ယူဇာတွေ သုံးချင်ရာတွေ သုံးသွား ကလိချင်တာတွေ ကလိသွားရင် စက်ကို restart ပြန်ချလိုက်တဲ့အခါမှာ.. မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။ သုံးနေရင်းနဲ့ စက်ထဲကို ဗိုင်းရပ်ဝင်ပြီး System file တွေကို ကိုက်သွားလို့ ၀င်ဒိုး ပြဿနာ တက်သွားတယ် ဆိုရင်လည်း စောစောကလို restart သာ ချလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။ အသုံးပြုပုံကိုလည်း အသုံးပြုနည်း ဖိုင်လေးနဲ့ တင်ပေးလိုက်တယ်နော်….။

Download ( Version 6.30.20 နဲ့ StandardEvaluation ) Password က 12345 နော်..

Download (Version 5.63 )

Download ( အသုံးပြုနည်း PDF File)

Download ( from Rapidshared )

ဇော်သိင်္ခ

Saturday, February 6, 2010

ပျော်ရွှင်ခြင်းကိုရှာမယ်

လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က
အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ
ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို
ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။
လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ
မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို
“လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး
သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့
အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး
တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ
အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက
ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ
ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို
အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့
ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊
ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်
ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်း

ကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။
ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး
ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။
လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။
လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။
ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို
သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊
ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့
လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ
လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို
ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း
သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့
ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ
ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။
ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင်
ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊
မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ
မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက
မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ
လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို
သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး
ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

form fwdmail..
ဇော်သိင်္ခ

Friday, February 5, 2010

နှင်းဆီပွင့်ုတို့ရဲ့ သင်္ကေတ

ျစ်သူများနေ့ နီးလာတော့ ချစ်သူများနေ့ ပေါ်ပေါက်လာပုံ အကြောင်းကို တင်ထားပြီးတဲ့ နောက်…… အဲဒီနေ့မှာပဲ.ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးတွေစီ သို့မဟုတ် ကောင်လေးတွေ စီကို ချောကလပ်တို့ ပန်းစည်းတို့ ပေးတက်ကြပါတယ်. ချစ်သူများနေ့မှာ ပန်းစည်းတွေ ပေးကြတဲ့ အခါမှာ နှင်းဆီပွင့်လေး တွေကို ပေးတက်ကြပါတယ်။ အဲဒီလို ပေးတဲ့အခါ မှာ နှင်းဆီပွင့် ဘယ်နှစ်ပွင့် ပေးလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး တော့ နှင်းဆီပွင့် တွေ ရဲ့ အဓိပ္ပာယ် လေး တွေကို ဖွင့်တက်ကြပါတယ်။ နှင်းဆီ တစ်ပွင့် စီ ရဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လေး တွေကို ရှာဖွေပြီးတော့ စာဖတ်သူ သူငယ်ချင်းများသို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

[?]နှင်းဆီ ၁ ပွင့် ………….ရင်ထဲမှာ မင်းပဲရှိတယ်
[?]နှင်းဆီ ၂ ပွင့်……………ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
[?]နှင်းဆီ ၃ ပွင့်……………မင်းကို ငါချစ်တယ်
[?]နှင်းဆီ ၄ ပွင့်……………သေတောင်မခွဲဘူး

[?]နှင်းဆီ ၅ ပွင့်……………တန်ဖိုးထားမြတ်နိုးတယ်

[?]နှင်းဆီ ၆ ပွင့်……………တစ်ယောက်ကို တစ်ယောယက် လေးစားချစ်ခင် ခွင့်လွှတ်တယ်
[?]နှင်းဆီ ၇ ပွင့်……………မင်းကို တိတ်တခိုးလေး ချစ်နေမယ်
[?]နှင်းဆီ ၈ ပွင့်……………မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်
[?]နှင်းဆီ ၉ ပွင့်……………အမြဲတမ်း
[?]နှင်းဆီ ၁၀ ပွင့်…………အပြစ်ကင်းစင်သော ချစ်သူ
[?]နှင်းဆီ ၁၁ ပွင့်…………မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်
[?]နှင်းဆီ ၁၂ ပွင့်………….တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
[?]နှင်းဆီ ၁၃ ပွင့်………….သူငယ်ချင်းအချစ်
[?]နှင်းဆီ ၁၄ ပွင့်…………ဂုဏ်ယူပါတယ်
[?]နှင်းဆီ ၁၅ ပွင့် ………..I’M SORRY!
[?]နှင်းဆီ ၁၆ ပွင့်…………မတည်ငြိမ်သော အချစ်
[?]နှင်းဆီ ၁၇ ပွင့်………….ပြန်မရနိုင်တော့တဲ့ အချစ်
[?]နှင်းဆီ ၁၈ ပွင့်………….ရိုးသားပွင့်လင်းခြင်း
[?]နှင်းဆီ ၁၉ ပွင့်…………မျှော်လင့်စောင့်စားခြင်း
[?]နှင်းဆီ ၂၀ ပွင့် ………..ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်
[?]နှင်းဆီ ၂၁ ပွင့်…………ရိုးသားတဲ့ အချစ်
[?]နှင်းဆီ ၂၂ ပွင့်………….မင်းကံကောင်းပါစေ
[?]နှင်းဆီ ၂၅ ပွင့်………….မင်း ပျော်ရွှင်ပါစေ
[?]နှင်းဆီ ၃၀ ပွင့်…………ဖူးစာကို ယုံတယ်
[?]နှင်းဆီ ၃၆ ပွင့် ………..Romantic
[?]နှင်းဆီ ၅၀ ပွင့်…………မမျှော်လင့်ပဲ တွေ့ကြတယ်
[?]နှင်းဆီ ၉၉ ပွင့်………….Forever!
[?]နှင်းဆီ ၁၀၀ ပွင့်………….၁၀၀% အချစ်
[?]နှင်းဆီ ၁၀၁ ပွင့်…………အရမ်း….အရမ်း…..ချစ်
[?]နှင်းဆီ ၁၀၈ ပွင့် ………..လက်ထပ်ခွင့်ပေးပါ
[?]နှင်းဆီ ၁၁၁ ပွင့်…………အဆုံးမဲ့အချစ်
[?]နှင်းဆီ ၁၄၄ ပွင့်………….နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်
[?]နှင်းဆီ ၃၆၅ ပွင့်…………နေ့တိုင်းလွမ်းတယ်
[?]နှင်းဆီ ၉၉၉ ပွင့် ………..မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ
[?]နှင်းဆီ ၁၀၀၁ ပွင့်…………သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ။
ဇော်သိင်္ခ

Thursday, February 4, 2010

How To Solve The Problem

ပဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော
တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့သူတို့ ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်း ကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာ လမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်……….

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့
ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။

ခွေးကတော့ ခွေးပါပဲ…..ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲ ဒီလိုပါပဲ…
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား…။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။

ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။ ။

အဖြေရလာပါလိမ့်မယ်….။ ။

Heng Lee Zen ရဲ့ Which One? ကို ကိုဇော် zaw357@gmail.com ဘာသာပြန်ပါသည်..။



ဇော်သိင်္ခ

Wednesday, February 3, 2010

ချစ်သူများနေ့ ပေါ်ပေါက်လာပုံ

ဖေဖော်ဝါရီ (၁၄) ရက်နေ့ နီးလာတဲ့ အခါမှာ… ချစ်သူများနေ့ ကလည်း နီးလာပြီဆိုတော့ ကျွန်တော့် ရဲ့ စာဖတ်ပရိတ်သတ်များ အတွက်

ချစ်သူများနေ့ ဖြစ်ပေါ်လာ ပုံလေး နဲ့ အချစ်ရဲ့ ဒဏ္ဍာရီ အကြောင်းလေးတွေ ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်…

အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့…။

ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ “Love from your Valentine.” ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
“” . . Valentine’s Day . . “” ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။

American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့…။

‘ ‘ .. ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ .. ‘ ‘

ဖေဖော်ဝါရီ … အဖြူရောင်နှင်းတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ကြဲဖြန့် … ဟေမန်က နွေကိုကြိုဖို့ နှင်းစက်တွေကို အားရပါးရ အရင်းပြုနေချိန် …

အမှတ်တရတွေဖြစ်ဖို့ အမှတ်တမဲ့က အစပြုလာခဲ့သလား …?

“အချစ်”ကို လလေးတွေနဲ့ ပုံသဏ္ဍန်တွေ အမျိုးမျိုးနဲ့ ခိုင်းနှိုင်းပြောတတ်ကြပါတယ် … တချို့က အချစ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ကိုယ်ပိုင်ခံစားချက်တွေ ထုတ်ခဲ့ကြသလို သူများခံစားချက်တွေကို နားလည်နိုင်သူတွေလည်း ရှိခဲ့ဖူးကြရဲ့ … ဒီလိုမှမဟုတ်ဘဲ မကြုံဖူးလို့ နားမလည်နိုင်ဘူး ဆိုတဲ့သူတွေတောင် ဘယ်လိုပဲဖြစ်ဖြစ်တော့ အချစ်အကြောင်းကို တွေးကြည့်ဖူးကြမှာပဲ … အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ဖူးကြမယ် … လမ်းညွှန်ပေးကြဖူးမယ် … နှစ်သိမ့်ပေးကြဖူးပါလိမ့်မယ် …

ကဲ … ဒီလို … လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့ ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် … ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့ “ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …

လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေ ပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် … စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ … ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေ အားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် … သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …

ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’s Dayအကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲ စိန့်ဗယ်လင်တိုင်း (St. Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကို ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် … ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ် … ဒီတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါရော … အဲဒါကတော့ Valentine’s Dayနဲ့ ဘာသာရေးသမိုင်းကြောင်း ဘယ်လိုများ ဆက်စပ်နေပါသလဲဆိုတဲ့ မေးခွန်းပါပဲ …။

ဒဏ္ဍာရီ (၁)

ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentineလို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါး ရှိခဲ့ပါတယ်တဲ့။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတဲ့ ဇာတ်လမ်းအရ Valentineဆိုတာ (၃)ရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အဲဒီဘုန်းတော်ကြီးဟာ ကလောဒီးယပ်စ်(၂) ဘုရင်လက်ထက်မှာ သက်ရှိထင်ရှား ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုပါတယ်။ ဘုရင်ကလောဒီးယတ်စ်ဟာ တိုင်းပြည်မှာရှိတဲ့ အိမ်ထောင်သည်တွေကို စစ်တပ်အတွက် မရွေးချယ်ဘဲ လူပျိုလူလွတ်တွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တိုင်းပြည်က လူပျိုတွေခမျာ သူတို့ရဲ့ ချစ်သူကြင်သူတွေနဲ့ ဝေးကွာရတဲ့ စိတ်ဒုက္ခကို ခံစားနေခဲ့ရရှာတယ်။ ဘုရင်ကလဲ လူပျိုတွေ အိမ်ထောင်မပြုရဘူးလို့ အမိန့်ထုတ်ထားတာကိုး။ လူငယ်တွေရဲ့ သနားစရာအဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင် Valentineဟာ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချပြီး ဥပဒေ အပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်လေးတွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို သိသွားတဲ့အခါ ဘုရင်ကလောဒီးယတ်စ်တစ်ယောက် ဒေါသပေါက်ကွဲပြီး ရှင်တော်Valentineကို သေဒဏ်ချမှတ်ခဲ့ပါတော့တယ်။

ဒဏ္ဍာရီ (၂)

နောက်ထပ် ရာဇ၀င်တစ်ခုကတော့ သူတော်စင် Valentineဟာ အကျဉ်းခံရသူတွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ အကျဉ်းသား Valentineဟာ သူ့ဆီကို မကြာခဏ အလည်လာတွေ့တဲ့ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်မိခဲ့တယ်။ ထောင်ထဲမှာ သူမသေဆုံးခင် စာတစ်စောင်ကို ချစ်သူအတွက် ချန်ထားခဲ့ရာမှာ “From Your Valentine”ဆိုပြီး လက်မှတ်ရေးထိုးခဲ့ပါသတဲ့။ ဒီနေရာမှာ သူရေးခဲ့တဲ့ စာအရေးအသားဟာ ခုခေတ်ရင်ဖွင့်စာတွေမှာ တွေ့နေရတဲ့ အသုံးအနှုန်းနဲ့ သွားပြီးတူညီနေတာ တွေ့ရပါတယ်။ ဒီတော့ ပထမဆုံးသော ချစ်သက်လက်ဆောင်ကို Valentineက ပေးပို့ခဲ့တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ (၃)

အလယ်ခေတ်လောက်က Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ တော်တော်လေး ခေတ်စားလာခဲ့ပြီး အယူအဆအမျိုးမျိုးလဲ ဆင့်ပွားပေါ်ပေါက်လာခဲ့ပါတယ်။ တချို့ကတော့ St. Valentineဟာ ခေါင်းဖြတ်ပြီး အသတ်ခံရတယ်လို့ ယုံကြည်နေကြပြီး နောက်ထပ်လူပြောများတာတစ်ခုက Valentineရဲ့ ရုပ်ကြွင်း (ဒါမှမဟုတ်) အရိုးပြာကို အိုင်ယာလန်နိုင်ငံက ဘုန်းတော်ကြီး John Sprattအတွက် ပုပ်ရဟန်းမင်းကြီး George XVIက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီးဟာ တရားဟော အရမ်းကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက အထင်ကြီး လေးစားမိပါသတဲ့။ ဒါကြောင့်လဲ ရွှေကွပ်ထားတဲ့ အနက်ရောင် ကြုတ်ကလေးထဲမှာ ထည့်ထားတဲ့ သူတော်စင် Valentineရဲ့ အရိုးပြာကို ပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၊ Whitefriarလမ်းက ဘုရားကျောင်းမှာ ပြသထားတဲ့ အဲဒီကြုတ်ကလေးကို Valentine’s Dayရောက်လာတိုင်း လူတွေက သွားရောက်ကြည့်ရှုလေ့ ရှိကြပါတယ်တဲ့။

စတင်ကျင်းပခဲ့စဉ်က …

အေဒီ (၂၇၀)လောက်တုန်းက Valentine Dayကို ဖေဖော်ဝါရီလအလယ်မှာ လူအများစု ယုံကြည်မှုအရ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Valentine Day စားပွဲသောက်ပွဲတွေကို ဘုရားကျောင်းတွေမှာ ကျင်းပခဲ့တယ်လို့ ယုံကြည်ရပါတယ်။ Valentine Dayကို ကျင်းပရင်းနဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Pagan Lupercaliaပွဲတော်ကို ဆက်နွယ်ကျင်းပဖို့ အခွင့်အခါ ကြုံသွားတော့ Valentine Dayအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာ ပိုပြီးကြီးမားလာပါတော့တယ်။ ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီလလယ် နွေဦးပေါက်ရာသီကို သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ခဲ့ပါတယ်။ အိမ်တွေမှာ ဘာသာရေးအရ ဆေးကြောသန့်စင်မှုတွေ ပြုလုပ်ကြပါတယ်။ ဆားတွေ၊ Speltလို့ခေါ်တဲ့ ဂျုံတွေနဲ့ ကြဲဖြန့်ထားလေ့ ရှိကြပါတယ်။ ဖေဖော်ဝါရီလထဲမှာ ရောမခေတ် အစဉ်အလာအရ စိုက်ပျိုးခြင်းကို ပိုင်စိုးတဲ့ နတ်ဘုရား Faunusကို ပူဇော်ပသတဲ့ အစဉ်အလာရှိခဲ့ပြီး ရောမနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ Romulusနဲ့ Remusတို့ကို ပူဇော်တဲ့ပွဲတော် ကျင်းပတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို ကျင်းပဖို့အတွက် Lupercaliaဂိုဏ်းဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာ သူတို့ငယ်ဘ၀က ခိုအောင်းနေခဲ့တဲ့ ဂူတွေထဲမှာ စုဝေးကြပါတယ်။ ပြီးတဲ့အခါ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှု အထိမ်းအမှတ်အဖြစ် ယဇ်ပူဇော်ပြီး ခွေးကိုတော့ သန့်စင်မှု အထိမ်းအမှတ်အဖြစ် ယဇ်ပူဇော်ပါသတဲ့။ ငယ်ရွယ်တဲ့ ယောက်ျားပျိုတွေဟာ ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲမှာစိမ်ပြီး လမ်းတွေပေါ်မှာ ပက်ဖြန်းကြပါတယ်။ မိန်းကလေးတွေကလဲ သွေးသံရဲရဲ မြင်ကွင်းကို ကြောက်လန့်တာမျိုး မရှိဘဲနဲ့ သူတို့ကိုယ်မှာ ဆိတ်သွေးတွေကို စိုစွတ်စေပါတယ်။ အဲဒီခေတ် ဓလေ့ထုံးစံအရ မိန်းကလေးတွေဟာ ဆိတ်သားရေနဲ့ သူတို့ခန္ဓာကိုယ် ထိတွေ့ခြင်းဟာ နှစ်သစ်မှာ ကောင်းကျိုးချမ်းသာတွေ ရရှိခံစားစေနိုင်မယ်လို့ ယုံကြည်ကြပါတယ်တဲ့။ သမိုင်းမှတ်တမ်းတွေအရ အဲဒီပွဲတော်ချိန်တွေမှာ ရောမမိန်းမပျိုလေးတွေဟာ သူတို့နာမည်တွေကို ကရားအိုးလေးတစ်လုံးထဲ ထည့်ထားကြပြီး လူငယ်ကာလသားတွေကတော့ အဲဒီကရားလေးထဲက မိန်းကလေးတွေရဲ့ နာမည်ကို မဲနှိုက်ကြပါတယ်။ မဲမှာပါတဲ့ နာမည်ရှင် မိန်းကလေးနဲ့ မဲပေါက်တဲ့လူငယ်လေးဟာ ချစ်သူစုံတွဲတွေအဖြစ် လူတွေက သတ်မှတ်ပေးကြပြီး နောက်ပိုင်းမှာ လက်ထပ်ပေါင်းသင်းကြတဲ့အထိ အရေးပါစေခဲ့ပါတော့တယ်။

ပုပ်ရဟန်းမင်းကြီး Gelasiusက အေဒီ(၄၉၈)ခုနှစ် အရောက်မှာ Valentine Dayကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့အဖြစ် သတ်မှတ်တဲ့အကြောင်း တရားဝင် ကြေငြာလိုက်ပါတော့တယ်။ ရောမခေတ် စုံတွဲရှာတဲ့ဓလေ့ဟာလည်း စနစ်သစ်တစ်ခုအနေနဲ့ ပြဋ္ဌာန်းခံခဲ့ရပါတယ်။ ဒီစနစ်အရ ခရစ်ယန် မဟုတ်တဲ့သူတွေရော၊ ဥရောပဒေသက မဟုတ်တဲ့သူတွေပါ ဒီပွဲလေးကို ဆင်နွှဲခွင့် ရလာပါတော့တယ်။ တနည်းပြောရရင်တော့ ကိုးကွယ်ယုံကြည်မှု ပွဲတော်လေးကနေ လူတိုင်းပါဝင်နိုင်တဲ့ အထိမ်းအမှတ် ပွဲတော်လေးအဖြစ် ကူးပြောင်းလာတဲ့ သဘောပါပဲ။ အလယ်ခေတ် ရောက်လာတဲ့အခါမှာတော့ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို “ကျေးငှက်တို့ အဖော်ရှာသော ရာသီအစ”လို့ ယုံကြည် သတ်မှတ်လာကြပါတယ်။ အဲဒီနောက်ပိုင်းတော့ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ Valentine Dayဟာ ချစ်ခြင်းဖွဲ့ သင်္ကေတတစ်ခုအဖြစ် တစ်ကမ္ဘာလုံး လက်ခံယုံကြည်ပြီး အမှတ်တရ ကျင်းပခဲ့ကြတာ ဒီနေ့အချိန်ထိပါပဲ။

ပထမဆုံး Valentine’s Dayအထိမ်းအမှတ် ကဗျာ …

အစောဆုံး Valentineကဗျာကို ပေးပို့ခဲ့သူကတော့ အော်ရီလန်နယ်စား ချားလ်စ်ပဲ ဖြစ်ပါတယ်။ လန်ဒန်မျှော်စင်ကြီးမှာ အကျဉ်းကျနေတုန်းက သူ့ချစ်ဇနီးကို ရေးသားပေးပို့ခဲ့တာပါ။ သူဟာ ပြင်သစ်မင်းဆွေမင်းမျိုး တစ်ယောက်ဖြစ်ပြီး Agincourtစစ်ပွဲမှာ အင်္ဂလိပ်တွေရဲ့ ဖမ်းဆီးမှုကို ခံရပြီး လန်ဒန်မျှော်စင်ကြီးမှာ အထီးကျန်စွာ အကျဉ်းချ ခံထားရတာပါ။ (၁၄၁၅)ခုနှစ်က ရေးခဲ့တဲ့ သူ့ကဗျာနဲ့ မူရင်းလက်ရေးမူကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ဗြိတိသျှအမျိုးသား စာကြည့်တိုက်မှာ မှတ်တမ်းတင် သိမ်းဆည်းထားပြီး နှောင်းခေတ်လူတွေကို ပြသထားပါတယ်။ နောက်ပြီး မှတ်တမ်းတွေအရ Henry Vဘုရင်မင်းမြတ်ဟာ စာဆိုတော်တစ်ဦးကို ဆင့်ခေါ်ပြီး သူ့ချစ်သူ ဗေးလက်စ်မင်းသမီး Catherineဆီ Valentineအထိမ်းအမှတ် ချစ်သ၀ဏ်လွှာတစ်စောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ချန်ထားလို့မရတဲ့ မြှားနတ်မောင် …

Valentine’s Dayရဲ့ အထိမ်းအမှတ် သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Iconတစ်ခုကတော့ Cupidလို့ခေါ်တဲ့ ဖူးစာရေး မြှားနတ်မောင်လေးပါပဲ။ ကလေးငယ်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ တောင်ပံလေးတွေပါတဲ့ နတ်ကလေးပါ။ အချစ်နတ်သမီး Venusရဲ့သားတော်လို့ လူတွေက သတ်မှတ်ထားကြပြီး ရှေးဟောင်းဂရိ ကျမ်းစာတွေထဲမှာတော့ အလှနတ်ဘုရားမ Aphroditeရဲ့ သားတော် Erosကို မြှားနတ်မောင်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပြန်ပါတယ်။

Cardလေးတွေ ပေးကြပြီ …

ဗြိတိန်မှာ (၁၇)ရာစုကစပြီး Valentine’s Dayကို ကြီးကြီးကျယ်ကျင် ဆင်ယင်နွှဲပျော်ခဲ့ကြပါတယ်။ (၁၈)ရာစု အလယ်လောက်မှာတော့ ချစ်သူစုံတွေတွေသာမက ပွဲလမ်းသဘင် ကြိုက်နှစ်သက်တဲ့ လူတိုင်းအတွက် အကျုံးဝင်တဲ့ ပွဲတော်နေ့လေး ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ ချစ်သူခင်သူ အချင်းချင်း အမှတ်တရ လက်ဆောင်လေးတွေ၊ ကတ်လေးတွေ အပြန်အလှန် ပေးပို့လာကြပါတယ်။ Valentineခေတ်ဦးက လက်ရေးမူနဲ့ ရေးသားပေးပို့တဲ့ သ၀ဏ်လွှာတွေကို အသုံးများခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံနှိပ်ထားတဲ့ ပို့စ်ကတ်လေးတွေ ပိုပြီး ခေတ်စားလာပါတယ်။ အဲဒီကတ်လေးတွေမှာ အချစ်ကို သရုပ်ဖော်တဲ့ စာသားလေးတွေ၊ ရုပ်ပုံလေးတွေ ပါလာခဲ့ပြီး အချစ်ရေးမှာ သတ္တိကြောင်တတ်တဲ့ လူငယ်လေးတွေအတွက် ချစ်သူကို ရင်ဖွင့်ဖို့ အားကိုးအားထားရာ နည်းလမ်းလဲ ဖြစ်လာခဲ့ပါတော့တယ်။ စာပို့ခ သက်သက်သာသာနဲ့ Valentine’s Dayပို့စ်ကတ်လေးတွေ ပို့ပေးတဲ့ ၀န်ဆောင်မှု လုပ်ငန်းလေးတွေ ပေါ်လာပြီးတော့ ချစ်သူတွေကြားမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုလေးတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။

လက်ဆောင်ပစ္စည်းလေးတွေနဲ့ …

အမေရိကန်မှာတော့ လက်လုပ် Valentine’s Dayလက်ဆောင်လေးတွေ အပြန်အလှန်ပေးကြတဲ့ ဓလေ့တစ်ခု (၁၇၀၀)ပြည့်နှစ် အစောပိုင်းကာလမှာ ခေတ်စားလာခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတွေအရတော့ ပထမဆုံး Valentine’s Dayလက်ဆောင်ကို စပြီးတီထွင်တဲ့သူဟာ အမေရိကန်နိုင်ငံသား Esther A. Howlandဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါသတဲ့။ နောက်ပိုင်းမှာတော့ ကတ်တွေပို့တာ၊ လက်ဆောင်လေးတွေလဲတာဟာ ချစ်သူများနေ့ရဲ့ မပြောင်းလဲနိုင်တော့တဲ့ အထိမ်းအမှတ်တွေ ဖြစ်လာပါတော့တယ်။ Greeting Card Associationရဲ့ ခန့်မှန်းချက်အရ Valentine’s Dayအတွက် အထိမ်းအမှတ် ပို့စ်ကတ်လေးတွေ ပေးပို့ကြတာဟာ နှစ်စဉ် ကတ်အရေအတွက် သန်း(၁၀၀၀)ကျော်ထိ ရှိတတ်ကြောင်း သိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ခရစ္စမတ်ကတ်လေးတွေပြီးရင် အများဆုံးပါပဲ။ စိတ်ဝင်စားစရာ တစ်ခုကတော့ Valentine’s Day လက်ဆောင်လေးတွေအတွက် ငွေပေးချေသူဦးရေရဲ့ (၈၅)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေတယ် ဆိုတာပါပဲ။

တဖြည်းဖြည်း ကျယ်ပြန့်လာကြတာ …

အမေရိကန်မှာ Valentine’s Dayကို စည်စည်ကားကား ကျင်းပကြသလို ကနေဒါ၊ မက္ကစီကို၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနိုင်ငံတွေမှာလည်း ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ နောက်တော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ အာရှနိုင်ငံတွေထိ ကူးစက်ပြန့်နှံ့လာပြီး ခုဆိုရင် Valentine’s Dayဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်သူစုံတွဲလေးတွေအတွက် ရင်ခုန်ဆွတ်ပျံ့စေမယ့် အထိမ်းအမှတ်နေ့ကလေးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။ ရှင်တော် Valentineဆီကတဆင့် သန္ဓေတည် မွေးဖွားလာတဲ့ ချစ်ခြင်းမေတ္တာပြယုဂ် နေ့ထူးနေ့မြတ်ကလေးဟာ လူသားတွေရင်ထဲမှာ အချစ်ရှိနေသ၍ ဘယ်တော့မှ မပျောက်ပျက်နိုင်တော့မယ့် ရက်စွဲလေးအဖြစ် ထာဝရတည်ရှိနေဦးမှာ အသေအချာပါပဲ။

အချစ်က
ရင်ခုန်စွတ်ပျံ့မှုတွေနဲ့ သိမ်သိမ်မွေ့မွေ့ လှတယ်…
ဘယ်လိုနတ်ဘုရားမျိုးက စီမံခဲ့ပါလိမ့်….
လူတစ်ယောက်ကို
အခြားလူတစ်ယောက်က အကောင်းတွေပဲဖြစ်စေချင်တယ်ဆိုတဲ့
နူးညံ့ပါးလွှာတဲ့ မေတ္တာဓါတ်တွေကိုပေးတယ်….

အချစ်ဆိုတာ လူတစ်ယောက်ကို အကောင်းတွေပဲပေးချင်တယ်ဆိုတဲ့ မေတ္တာမနောကံ ပေးစွမ်းနိုင်သူဖြစ်တယ်….

ဒီစာစုလေး များသည် မနှစ် ချစ်သူများနေ့ က ဖတ်မိသော စာသားလေးများ ကို word ဖိုင်ဖြင့် ကော်ပီကူး၍ သိမ်းယူထားခြင်း ဖြစ်သောကြောင့် ဘယ်က ကူးယူထားသည်ကို မမှတ်မိတော့ ပါသဖြင့် ရေးသားသူ အမည်ကို မဖော်ပြနိုင်ခြင်း ဖြစ်ပါသည်။

ဇော်သိင်္ခ

Tuesday, February 2, 2010

ကော်ဖီချစ်သူ

ဒီနေ့မနက်လည်း ကော်ဖီသောက်နေရင်း သူငယ်ချင်းကို သတိရနေကျအတိုင်း သတိရနေခဲ့ပါတယ်၊ မိမိမှာလည်း မနက်အရုဏစာစားပြီးတာနဲ့ ကော်ဖီမစ်ကိုသောက်လိုက်ရမှ၊ အကြောင်းကြောင်းကြောင့် မသောက်ဖြစ်ခဲ့တဲ့နေ့ဆို ဘ၀မှာ တစ်ခုခု လိုနေသလိုလို စွဲနေတာကိုပြောတာပါ။

ကျန်တဲ့သူတွေတော့ မပြောတက်ပါဘူး၊ မိမိကော်ဖီမစ်ဖျော်တဲ့အခါ ကော်ဖီခွက်ထဲကို ရေနွေးကို အရင်ထည့်ပါတယ်၊ ပြီးမှ ကော်ဖီမစ်ထုပ်ကို ဖောက်ပြီး ထည့်ပါတယ်၊ ရေနွေးပေါ်မှာ ကော်ဖီမစ်အမှုန့်လေးတွေ အပုံလိုက်လေးပေါ်နေပြီး တဖြည်းဖြည်း ရေနွေးထဲပျော်ကျသွားတာကို ကြည့်နေရတာ မိမိအတွက်တော့ အရသာ တစ်မျိုးပါ။ အဲဒီအရသာက စက္ကန့်ပိုင်းအတွင်း လေး ပဲ ခံစားရတာဆိုတော့ အဲဒီ စက္ကန့်ပိုင်း အတွင်းလေးမှာ ဖုန်းလာရင်တောင် သွားမကိုင်ဘူးလို့။

ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “ရူးတာ “ တဲ့ ၊ ပြီးတော့ သူငယ်ချင်းက အောက်ပါ ဇာတ်လမ်းလေးကို ပြောပြပါတယ်။

********************

မြတ်စွာဘုရားလက်ထက်တော်က တိဿဆိုတဲ့ သူငယ်တစ်ယောက်ရှိခဲ့ဖူးတယ်၊ တစ်နေ့မှာ သူက မြတ်စွာဘုရားရဲ့ တရားတော်ကိုနာကြားပြီး ရဟန်းပြုလိုစိတ်တွေ တဖွားဖွားဖြစ်လာတယ်၊ ရဟန်းပြုချင်တဲ့ အကြောင်း မိဘတွေထံခွင့်တောင်းတော့ မိဘတွေက ခွင့်မပြုဘူး၊ ဘာဖြစ်လိုလဲ ဆိုတော့ သူက တစ်ဦးတည်းသောသား သားလပျိုလေးဖြစ်လို့ပဲ၊ ဒီတော့ တဿငယ်က ရဟန်းပြုခွင့်ရဖို့ အရေး အစာအငတ်ခံဆန္ဒပြတယ်၊ နောက်ဆုံးတော့ မိဘတွေက လက်လျှော့လိုက်ရတယ်ပေါ့။ တိဿသူငယ်ဟာ ရဟန်းဖြစ်တာနဲ့ ရဟန်းတရားကို ကြိုးကြိုးစားစား အားထုတ်သလို တစ်ဖက်ကလဲ ဓုတင် (၁၃)ပါးလုံးကို ဆောင်ပြီးကျင့်တယ်၊ ဒါကြောင့် သူဟာ မြတ်စွာဘုရားသာသနာတော်မှာ စူဠပိဏ္ဍပါတိက တဿမထေရ်ဆိုပြီး ကျော်စောထင်ရှားတယ်၊ ရဟန်းအချင်းချင်းရဲ့ ကြည့်ညိုမှုကိုခံရသလို လူဒကာ ဒကာမတွေရဲ့ ကြည်ညိုမှုကိုလဲ အထူးပဲ ခံရတယ်။

ဒီလိုနဲ့ ကာလတစ်ခုကျော်လာတဲ့အခါ သူရဲ့ဇာတိ ရာဇဂြိုလ်ပြည်မှာ ကျင်းပနေကျအတိုင်း နက္ခတ်ပွဲသဘင် ကျင်းပကြတယ်၊ ဒီတော့ မထေရ်ရဲ့ မိဘတွေက သူတို့သားကို အထူးသတိရပြီး မထေရ်လူ့ဘ၀က၀တ်ခဲ့တဲ့ အ၀တ်ကလေးတွေကိုကိုင်ပြီး “ ဒီလိုနက္ခတ်သဘင်မှာ ငါတို့ သားလေးဟာ ဒီအ၀တ်ကလေးတွေကို ၀တ်ပြီး ကစားခဲ့တာ“ ဆိုပြီး ငိုကြွေးနေကြတယ်တဲ့။

အဲဒီအချိန်မှာ ပြည့်တန်ဆာမတစ်ယောက်ရောက်လာပြီ အကျိုးအကြောင်းမေးတယ်၊ မိဘတွေကလည်း အကျိုးအကြောင်းပြောပြတယ်၊ ပြည့်တန်ဆာမက ဘယ်လိုပြောသလဲဆိုတော့ “ အရှင်တို့သားကို လူထွက်စေပြီး အိမ်ပြန်ခေါ်လာနိုင်ရင် ဘယ်လောက်ပေးမလဲ“ လို့ မေးလိုက်၊ မိဘဖြစ်သူတွေကလည်း “သားဖြစ်သူကိုသာ လူထွက်စေပြီး အိမ်ကိုရအောင်ခေါ်ခဲ့ပါ၊ ငွေကြေးတော့ ပြောမနေနဲ့ ကြိုက်သလောက်ယူ“ လို့ ပြောလိုက်တယ်။

ဒီတော့ ပြည်တန်ဆာမက မိဘဖြစ်သူတွေကို သူတို့ သားရဟန်း လူ့ဘ၀က ဘယ်လိုအစားအစာလေးတွေ ကြိုက်တက်လဲလို့မေးတယ်၊ မိဘဖြစ်သူ တွေကလည်း သူတို့သား လူ့ဘ၀တုန်းက ဘယ်လို လက်သုပ်ကလေးတွေ ကြိုက်တာ၊ ဘယ်လိုချဉ်ငန်စပ်ဟင်းမျိုးလေးတွေ ကြိုက်တာ၊ ဘယ်လို ဖျော်ရည်မျိုးလေးတွေ ကြိုက်တာ စသည်ဖြင့်ပေါ့၊ ကြိုက်တက်တဲ့ အစားအစာလေးတွေကို ပြောပြလိုက်တယ်။ ပြည့်တန်ဆာမကလည်း စာရွက်နဲ့ အသေအချာရေးမှတ်ထားတယ်၊ ပြီးတော့ တိဿရဟန်း သီတင်းသုံးတဲ့ သာဝတ္ထိမြို့ကို သွားပြီး ရဟန်းဆွမ်းခံကြွနေကျလမ်းမှာ အိမ်တစ်လုံး ငှားနေလိုက်တယ်။

အကြံနဲ့ ဆိုတော့ ရဟန်းကို နေ့စဉ်ဆွမ်းခံကြွဖို့ဖိတ်လိုက်တယ်၊ ပြည့်တန်ဆာမကလည်း တိဿရဟန်းလူ့ဘ၀က ကြိုက်တက်တဲ့ ဟင်းလေးတွေကို ချက်ပြီးပြီး ဆွမ်းလောင်းတယ်၊ ကြာလာတဲ့အခါကျတော့ ရဟန်းက ပြည့်တန်ဆာမအိမ်က လောင်းတဲ့ ဆွမ်းဟင်းတွေကို စွဲလာတယ်၊ ဘယ်လောက်ထိ ဖြစ်လာသလဲဆိုရင် ပြည့်တန်ဆာမအိမ်က ဆွမ်းဟင်းမပါရင် ဆွမ်းမစားတက်တဲ့အထိ စွဲလာတယ်။

ပြည့်တန်ဆာမက သူမျှော်လင့်တဲ့ အခြေအနေအထိ ရောက်လာပြီဆိုတော့ သူ့ရဲ့ အဓိကလုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်တော့တာပဲ၊ ဘယ်လိုဖော်သလဲဆိုတော့ တစ်နေ့ ရဟန်းဆွမ်းခံကြွတဲ့ အချိန်မှာ ပြည့်တန်ဆာမက မကျန်းမာဟန်ဆောင်ပြီး အိမ်ခန်းထဲမှာ အိပ်နေလိုက်တယ်။

ရဟန်းက တွေ့နေကျ ပြည်တန်ဆာမကို မတွေ့ရတော့ အစေအပါးတွေကို “ ဘယ်သွားလဲ “ ပေါ့၊ အစေအပါးတွေကလည်း ကြိုတင်ဇာတ်တိုက် ထားတဲ့အတိုင်း “ နေမကောင်းလို့ အခန်းထဲမှာ နေနေပါတယ်၊ အရှင်ဘုရားကို ဖူးမြင်လိုပါတယ်“ လို့ လျှောက်လိုက်ကြတယ်၊ ဒီတော့ ရဟန်းလည်း ပြည့်တန်ဆာမရဲ့ အိပ်ခန်းထဲကို ၀င်သွားလိုက်တယ်။

ရဟန်းဟာ အဲဒီပြည့်တန်ဆာမရဲ့ အိပ်ခန်းထဲမှာပဲ သူ့ရဲ့ ရဟန်းဘ၀ကို ဆုံးရှုံးလိုက်ရတယ်၊ လိုရင်းပြောရရင်တော့ ပြည့်တန်ဆာမက ရဟန်းကို လူထွက်စေပြီး သူရဲ့ မိဘတွေဆီ ပြန်ပို့နိုင်ခဲ့တယ်၊ အဲဒီလို ပြန်ပို့နိုင်လို့ ပြည့်တန်ဆာမ ငွေကြေးဘယ်လောက်ရသွားတယ် ဆိုတာတော့ စာထဲမှာ ပြမထားဘူး။

စာရေးဆရာ အဲဒီဝတ္ထုကို ပြန်အာရုံပြုကြည့်၊ တိဿသူငယ်ဟာ မြတ်စွာဘုရားရဲ့ တရားကိုနာကြားပြီး ရဟန်းတရားထူးကို ရချင်လွန်းလို့ အစာငတ်ခံ ဆန္ဒပြပြီးတောင် ရဟန်းဝတ်ခဲ့တဲ့သူ၊ ဒါပေမယ့် ဘာမဟုတ်တဲ့ ရသတဏှာလေးကြောင့် ဘ၀နဲ့ ယှဉ်တဲ့ ရည်မှန်းချက်ကြီးကို စွန့်လွှတ်ခဲ့ရတယ်။ အသေးအဖွဲလေးပါဆိုပြီး အစစအရာရာ လျှော့မတွက်နဲ့ စာရေးဆရာရဲ့။

ကမ္ဘာမှာ ကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေးအဖွဲလေးကို အခြေတည်ပြီး ဖြစ်သွားကြတာပဲ၊ ဥပမာ- လက်နှစ်လုံးလောက် ရထားသံလမ်းလွဲနေလို့ လူတွေ ထောင်ချီပါတဲ့ ရထားတွဲကြီး တွေ မှောက်သွားကြတာ ၊ ဒီဖြစ်စဉ်တွေ ကို မဂ္ဂဇင်းဂျာနယ်တွေထဲမှာ ဖတ်ဖူးမှာပါ။

နေရာတကာ အသေးအဖွဲလေးဆိုပြီး အထင်မသေးနဲ့ စာရေးဆရာရဲ့ “

***************

သူငယ်ချင်းပြောခဲ့တဲ့ စကားတွေထဲက “ ကြီးကျယ်တဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေဟာ အသေးအဖွဲလေးကို အခြေတည်ပြီး ဖြစ်သွားကြတာ“ ဆိုတဲ့ စကားကိုတော့ အထူးပဲ သတိရနေဖြစ်ပါတယ်။

ရဝေနွယ် (အင်းမ)

ကျမ်းကိုး

ညာင်ကန်ဆရာတော်ဘုရားကြီးရေး၊ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု (ပထမတွဲ)

ဝါတမိဂဇာတ်၊ စာမျက်နှာ -၇၇-၇၈-၇၉။

Fashion Image မဂ္ဂဇင်း

နိုင်ဝင်ဘာ၊ ၂၀၀၂။

ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့