မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, September 30, 2012

၃၀.၉.၂၀၁၂ ခု၊ တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ ဆွမ်းလောင်းလှူခြင်း

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု  တော်သလင်းလပြည့်နေ့  ဂရုဓမ္မ အခါတော်နေ့ 
30.9.2012 တနင်္ဂနွေနေ့

နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား

အလှူရှင် မခင်ငြိမ်းချမ်းဦး (မလေးရှား)မှ 
ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူပေးခဲ့ပါသည်။

ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များမှ
သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲလုံး 
မုံညင်းချဉ်သုတ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူကုသိုလ်ယူခဲ့ပသည်။

ယနေ့ မိုးများအလွန်ရွာသွန်းရာ စတီးရာဇမတ်အလှူရှင်များကောင်းမှုဖြင့် မိုးလုံခြုံစွာ လောင်းလှူနိုင်ခဲ့ပြီး။
မော်တော်ယဉ်အလှူရှင်များလှူဒါန်းထားသောမော်တော်ယဉ်ဖြင့် ကျောင်းတိုက်များသို့ လိုက်ခံပို့ဆောင် ကုသိုလ်ယူပေးခဲ့ပါသည်။

လစဉ်မော်တော်ကား ဆီနှင့်အထွေထွေသုံးစားရိတ်အလှူရှင်များ
၁.မအင်ကြင်းသန့်(စင်္ကာပူ) S$10
၂.မခင်ကလျာစိုး(စင်္ကာပူ) S$10
၃.ZYL & KPS(စင်္ကာပူ) Dec 2012 ထိလှုပြီး
၎.ကိုမင်းသူရိန်+မသဇင် မိသားစု(စင်္ကာပူ) S$10
၅.ကိုစိုးနိုင်ဝင်း+မလဲ့လဲ့နှင်း(ရွှေဘို) S$10
၆.ကိုဖိုးကျော်+မမီးငယ်(စင်္ကာပူ)ကိုကျော်ကိုသက်+မလဲ့ဝတ်ရည်မြင့် S$10
၇.ဦးအောင်သိန်း+ဒေါ်မြင့်မြင့်ဦး မိသားစု(စင်္ကာပူ) S$10
၈.ဦးအောင်စိုး+ဒေါ်ခင်ထားအေး မိသားစု(စင်္ကာပူ) S$10
၉.ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ) S$10
၁၀.ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေးသန္တာထွန်း(စင်္ကာပူ) S$10
၁၁.ကိုအောင်စေမင်း+မသင်းလဲ့ရီမောင်(စင်္ကာပူ) S$50
၁၂.ကိုထင်အောင်စိုး+မလဲ့လဲ့ဝင်း(စင်္ကာပူ) S$10
၁၃.မမေဖုန်းသော်(စင်္ကာပူ) S$10
၁၄.ဦးအောင်သာကျော်+ ဒေါ်သန်းသန်းဆွေ (စင်္ကာပူ) S$10
၁၅.ကိုဇော်ဝင်းမြင့် + မတင်ဇာပိုင် မိသားစု (စင်္ကာပူ) S$10
၁၆.မမိုးမိုးနိုင်(USA) ၂၀၀၀၀ ကျပ်
၁၇.ကွယ်လွန်သူဖခင်ကြီးဦးကံသိမ်းအားရည်စူး၍ ကျန်ရစ်သူမိသားစု၏အလှူ(ရန်ကုန်) ၆၅၀၀ ကျပ်
----------------------------------

တော်သလင်းလပြည့်နေ့ အတွက် မှတ်သားဖွယ်
 မြတ်စွာဘုရား နုစဉ် အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေထိုင်ကြတဲ့သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံ အောင် စောင့်ထိန်းကြတဲ့ အတွက်
 သူတို့ တိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကပ်ကြီး သုံးပါး ဘေးကလွတ်မြောက် နေကြ ပါတယ်။ ကုရုတိုင်းမှာ မိုးလေ၀သ ညီညီမျှမျှ ရွာသွန်းနေချိန်မှာ
ကာလိင်္ဂ တိုင်းမှာတော့ မိုးခေါင်ပြီး ကပ်ကြီး ၃ပါး ဆိုက်ကပ်နေလို့ လူရော တိရစ္ဆာန်ပါ ဒုက္ခရောက်ကြရ ပါတယ်။ ရှေးမင်းတွေ ထုံးစံ အရ မိုးရွာအောင်
အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင် ၀င်ပြီး ဥပုသ် သီလ ဆောက်တည်ပေမယ့် မိုးက မရွာဘဲ နေပါတယ်။

ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဉ္စန၀ဏ္ဏ ဆင်တော်ကြီး ရှိလို့ မိုးရွာတာပဲလို့ အယူရှိကြပြီး အဲဒီဆင်ကြီးကို ရရှိအောင် ကိုယ်စား လှယ် လွှတ်ပြီး ရွှေနဲ့လဲပါလို့
 တောင်းဆိုပါတယ်။ ဒီတော့ ကုရုဘုရင်က စာနာ ထောက်ထားပြီး သင်တို့ တိုင်းပြည်မှာ မိုးရွာ မယ် ဆိုရင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့ မလဲဘဲ အခမဲ့ မေတ္တာလက်ဆောင်
 ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လဲ ကာလိင်္ဂ တိုင်းမှာ မိုးက မရွာဘဲ ခေါင်မြဲ ခေါင်နေပါတယ်။

ဒီတော့ မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့ တိုင်းသူပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မ ကြောင့်သာ ဖြစ်တယ် လို့ သဘောပေါက်ပြီး အဲဒီ တရားကို
ရွှေပြားပေါ်မှာ ကူးယူခဲ့ရမယ်လို့ ကိုယ်စားလှယ်တော် ကြီးများကို ထပ်မံ စေလွှတ် ပြန်ပါ တယ်။ ကုရုတိုင်းမှာ တတိုင်းတပြည်လုံး ငါးပါးသီလ မြဲကြတဲ့ အနက်
၁။ ဘုရင်
၂။ မယ်တော်ကြီး
၃။ မိဖုရားကြီး
၎။ အိမ်ရှေ့မင်း
၅။ ပုရောဟိတ်ကြီး
၆။ မြေတိုင်းအမတ်
၇။ ရထားထိန်း
၈။ လယ်ပိုင်ရှင်ကြီး
၉။ တံခါးမှူးနဲ့
၁၀။ ပြည့်တန်ဆာမ တို့ ဆယ့်တစ်ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး တောင်းလာခဲ့ပါတယ်။
ကုရုဓမ္မလို့ ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်က စပြီး တတိုင်းပြည်လုံးကျင့်သုံး ကြတဲ့ အခါမှာ မိုးရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ကပ်ကြီး ၃ပါးက လွတ်ကင်းပြီး သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာ ဖြစ်လို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မိုးလေ၀သ မှန်ကန် ညီမျှအောင် လူတိုင်းကိုယ်စီ ငါးပါးသီလ မြဲကြပါစေ။


Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 16

Inline image 13

Inline image 14

Inline image 10

Inline image 11

Inline image 12

Inline image 15

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ်ယူနိုင်ကြပါစေ။

Thursday, September 27, 2012

မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အောက်တိုဘာလ ဆွမ်းအလှူရှင်များစာရင်း။

မေတ္တာရှင်ဖောင်ဒေးရှင်း စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနေနှင့် အပတ်စဉ်တနလာင်္နေ့တိုင်း ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များ၏ တိုးပွာအလှူငွေများဖြင့် ဆွမ်းများမပြတ်လောင်းလှူလျှက်ရှိရာ ဆွမ်းလောင်းအသင်း အလှူနေ့ဖြစ်သော တနလာင်္နေ့တွင် မွေးနေ့အလှူရှင်များမှ မွေးနေ့အလှူဆွမ်းများ လှူဒါန်းလိုပါက အလှူရှင်များအား ဦးစားပေးဆွမ်းလောင်းလှူစေသလို ၊နိုင်ငံတကာမှ စေတနာရှင် အလှူရှင်များမှ ဆွမ်းများမပြတ်လောင်းလှူလျှက်ရှိကြပါသောကြောင့် ယခုဆိုလျှင် တစ်လလျှင် ရက်ပေါင်း(၂၀)ကျော် သံဃာတော်အပါး ၄၀၀ကျော်အား ဆွမ်းများ လာင်းလှူပေးနိုင်လျှက်ရှိနေပါတယ်။

နိုင်ငံတကာမှ စေတနာရှင်အလှူရှင်များအနေနှင့် စေတနာသဒ္ဓါတရားပေါက်၍ ဆွမ်းများလောင်းလှူလိုပါက အရုဏ်ဆွမ်းအလှူ(၆၀,၀၀၀ ကျပ်) ၊နေ့ဆွမ်းအလှူ(၁၂၀,၀၀၀ ကျပ်)၊ အရုဏ်ဆွမ်း+နေ့ဆွမ်း တစ်နေ့တာ အလှူအတွက် (၁၇၀,၀၀၀ကျပ်) ဖြင့် အောက်တွင်ဖော်ပြထားသော ဆက်သွယ် လှူဒါန်းရန်ပုဂ္ဂိုလ်များထံသို့ တစ်လခန့်ကြိုတင်ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ် အကျိုးမျှော်၍ နှိုးဆော်  လိုက်ရပါတယ်။


၂၀၁၂ ခု ၊အောက်တိုဘာလဆွမ်းအလှူရှင်များစာရင်း-

၁.(၁.၁၀.၂၀၁၂)တနလာင်္နေ့

ဗိုလ်ကြီးဥက္ကာကျော်(ကြည်း-၄၀၇၄၀)၊ ခမရ- ၁၀၃
(အရုဏ်ဆွမ်းအလှူ)

ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များ
(နေ့ဆွမ်းအလှူ)

၂.(၂.၁၀.၂၀၁၂)အဂါင်္နေ့

ကိုဝင်းသိန်း+မနွီး(ထိုင်းနိုင်ငံ)
(အာရုဏ်ဆွမ်းအလှူ)

ကိုအောင်သန်းဦး+မအိ(ထိုင်းနိုင်ငံ)
(နေ့ဆွမ်းအလှူ)


၃.(၃.၁၀.၂၀၁၂)ဗုဒ္ဓဟူးနေ့

ဦးအောင်ဌေး+ဒေါ်မြတ်နွယ် ၊သမီး- မမြတ်မျိုးအောင် မိသားစု(စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ) (KBZ)

၎.(၄.၁၀.၂၀၁၂)ကြာသပတေးနေ့

ကိုနိုင်ဝင်း+မရင်ရွှေ(ထိုင်းနိုင်ငံ)
(အာရုဏ်ဆွမ်းအလှူ)

ကိုစိုးစိုး(ထိုင်းနိုင်ငံ)
(နေ.ဆွမ်းအလှူ)


၅.(၅.၁၀.၂၀၁၂)သောကြာနေ့

ကိုကျော်+မကျင်လှ(ထိုင်းနိုင်ငံ)
(အရုဏ်ဆွမ်းအလှူ)


၆.(၆.၁၀.၂၀၁၂)စနေနေ့

ဒေါ်ခင်စန်းဝင်း မိသားစု (ရန်ကုန်)
(အရုဏ်ဆွမ်းနန်းကြီးသုတ်- ၁၅၀,၀၀၀ ကျပ်)
(နေ့ဆွမ်းကြက်သား+အာလူးဟင်း-၁၂၀ယ၀၀၀ ကျပ်)

၇.(၇.၁၀.၂၀၁၂)တနင်္ဂနွေနေ့

ကိုဇော်ဇော် + မသိမ့်သန္တာနှင်း သား-ဇင်လတ်ပိုင် မိသားစု (ဘရူနိုင်း) မှ
မသိမ့်သန္တာနှင်း ၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၈.(၈.၁၀.၂၀၁၂)တနလာင်္နေ့

ကိုသက်မြင့်ဦး+မကေသီလွင်၊သမီးလေး-လွင်မာမင်း မိသားစု (စင်္ကာပူ)
(အရုဏ်ဆွမ်းအလှူ)

မိခင်ကြီး ဒေါ်ရင်ကြည်ကွယ်လွန်ခြင်း(၂)နှစ်ပြည့်အလှူအဖြစ် မမေစန္ဒာ(စင်္ကာပူ)
(နေ့ဆွမ်းအလှူ)

၉.(၉.၁၀.၂၀၁၂)အဂါင်္နေ့

ကိုလှအောင်+မထားထားမြင့်မိသားစု (ဂျပန်)မှ
မထားထားမြင့်၏မွေးနေ့အလှူ။
(အရုဏ်ဆွမ်းအလှူ)

ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေးသန္တာထွန်း(စင်္ကာပူ)မှ မအေးသန္တာထွန်း၏မွေးနေ့အလှူ
(နေ့ဆွမ်းအလှူ)

၁၀.(၁၄.၁၀.၂၀၁၂)တနင်္ဂနွေနေ့
ကိုသူရယုစိန်(စင်္ကာပူ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်းအလှူ)

ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များ
(နေ့ဆွမ်းအလှူ)

၁၁.(၁၅.၁၀.၂၀၁၂)တနလာင်္နေ့

မခင်ငြိမ်းချမ်းဦး(မလေးရှား)
(အရုဏ်ဆွမ်းအလှူ)

လမင်းအိမ်စာပေ(မူဆယ်)
(နေ့ဆွမ်းအလှူ)

၁၂.(၁၆.၁၀.၂၀၁၂)အဂါင်္နေ့

ကိုမျိုးသန့်စိုး+မအေးသန္တာဖြိုး(စင်္ကာပူ)မှ မအေးသျန္တာဖြိုး၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်းအလှူ)

၁၃.(၁၇.၁၀.၂၀၁၂)

ကွယ်လွန်သူဖခင်ကြီး ဦးသန်းဝင်းအားရည်စူး၍ ကျန်ရစ်သူမိသားစု ကောင်းမှု(စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၄.(၁၈.၁၀.၂၀၁၂)ကြာသပတေး

ကွယ်လွန်သူဖခင်ကြီး ဦးညွန့်လှိုင်အားရည်စူး၍ ဒေါ်မြင့်မြင့်အေးနှင့် သားသမီးများ၏အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၅.(၁၉.၁၀.၂၀၁၂)သောကြာနေ့

မအေးဇာနွယ်(စင်္ကာပူ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၆.(၂၀.၁၀.၂၀၁၂)စနေနေ့

မဖြူဖွေး( USA)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၇.(၂၁.၁၀.၂၀၁၂)တနင်္ဂနွေနေ့

ကိုအောင်ဆန်းလင်း+မသင်းသင်းညွန့် မင်္ဂလာနှစ်ပတ်လည်အလှူ
(နေ့ဆွမ်းအလှူ)

၁၈.(၂၂.၁၀.၂၀၁၂)တနလာင်္နေ့

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)တို့၏ မင်္ဂလာနှစ်ပတ်လည်အလှူ။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၉.(၂၄.၁၀.၂၀၁၂)

ကွယ်လွန်သူ Dr.ဦးမင်းနိုင် အားရည်စူး၍ ဒေါ်ကြူကြူခင်၊သမီး-မဖြူဖြူသန့် ၊မချိုချိုသန့် (စင်္ကာပူ)တို့၏ အလှူ။ (အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး ၁၆၀,၀၀၀ ကျပ်+ 100 SGD)

၂၀.(၂၆.၁၀.၂၀၁၂)သောကြာနေ့

ဖြူဖွေး(USA)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၂၁.(၂၇.၁၀.၂၀၁၂)စနေနေ့

Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊သမီးလေး-မေမြတ်နိုးခိုင်မိသားစု မှ ဒေါ်ဝါ၀ါခိုင်မင်း၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်းအလှူ)

ကိုထက်ဝေလင်း+မစုလတ်ဖြူ(စင်္ကာပူ)
(နေ့ဆွမ်းအလှူ)

၂၂.(၂၈.၁၀.၂၀၁၂)တနင်္ဂနွေနေ့

ကိုအောင်သက်လင်း+မယဉ်ယဉ်နု(စင်္ကာပူ)မှ မယဉ်ယဉ်နု ၏မွေးနေ့အလှူ။(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး)

၂၃.(၂၉.၁၀.၂၀၁၂)တနလာင်္နေ့

မွန်ကြည်စိန်+မမိုးဝင်း(ထိုင်း)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး)


၂၄.(၃၀.၁၀.၂၀၁၂)အဂါင်္နေ့

ကိုကျော်+မကျင်လှ(ထိုင်းနိုင်ငံ)
(အရုဏ်ဆွမ်းအလှူ)


ကိုကျော်ဇေယျ+မဇင်သူထက်(ဂျပန်)မှ ကိုကျော်ဇေယျ၏ မွေးနေ့အလှူ
(နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး)

၂၅.(၃၁.၁၀.၂၀၁၂)ဗုဒ္ဓဟူးနေ့

နှစ်ဖက်မိဘများအားအမှုးထား၍
ဦးမျိုးမင်းထွန်း+Dr.မေပုလဲသွယ်၊သမီး- မိုးမြင့်သာ မိသားစု (စင်္ကာပူ)
(အရုဏ်ဆွမ်း ကြာဇံကြော်အလှူ)

နိုဝင်ဘာလ-

(၁.၁၁.၂၀၁၂)ကြာသပတေးနေ့

ကိုမင်း+ကိုသန်းထွန်း+ကိုသိန်းတန်+ကျော်နိုင်ဦး(ထိုင်းနိုင်ငံ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)


၂.(၅.၁၁.၂၀၁၂)တနလာင်္နေ့

ကိုသက်မြင့်ဦး+မကေသီလွင်၊သမီး-လွင်မာမင်း မိသားစု(စင်္ကာပူ)
(အရုဏ်ဆွမ်းအလှူ)

ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များ
(နေ့ဆွမ်းအလှူ)

၃.(၆.၁၁.၂၀၁၂)အဂါင်္နေ့

ဒေါ်ရီရီ (USA) ၏ မွေးနေ့အလှူ (အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၎.(၉.၁၁.၂၀၁၂)သောကြာနေ့

မစုငယ်ဝင်း(စင်္ကာပူ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၅.(၁၀.၁၁.၂၀၁၂)စနေနေ့

မအေးမြတ်(စင်္ကာပူ)

၆.(၁၁.၁၁.၂၀၁၂)တနင်္ဂနွေနေ့

ကိုမင်းသူ(စင်္ကာပူ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၇.(၁၂.၁၁.၂၀၁၂) တနလာင်္နေ့

မခင်ငြိမ်းချမ်းဦး(မလေးရှား)
(အရုဏ်ဆွမ်းအလှူ)

ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များ
(နေ့ဆွမ်းအလှူ)

၈.(၁၃.၁၁.၂၀၁၂)အဂါင်္နေ့

ကိုအောင်ချမ်းမွန်+မနေခြည်လင်းရောင်(စင်္ကာပူ)တို့၏ မင်္ဂလာ နှစ်ပတ်လည်အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၉.(၁၆.၁၁.၂၀၁၂)သောကြာနေ့

မရီရီအောင်
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၁၀.(၁၈.၁၁.၂၀၁၂)တနင်္ဂနွေနေ့

ကိုဝင်းမောင်အေး(ဂျာမဏီ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်းအလှူ)

၁၁.(၁၉.၁၁.၂၀၁၂)တနလာင်္နေ့

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)မှ Dr.နေကြည်မြင့်၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

 ၁၂.(၂၄.၁၁.၂၀၁၂)စနေနေ့

Dr.မျိုးမင်းသန့်+ဒေါ်မေယမင်းသူ(Bright Team Deco ) မှ ဒေါ်မေယမင်းသူ@မေလေး၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်းအလှူ)

၁၃.(၂၉.၁၁.၂၀၁၂)ကြာသပတေးနေ့

ကိုဥာဏ်အေး+မနှင်းဝတ်ရည်၊သမီးလေး-နိုရာဆောင်း မိသားစု(စင်္ကာပူ)မှ
ကိုဥာဏ်အေးနှင့် မနှင်းဝတ်ရည်တို့၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

ဒီဇင်ဘာလ-
၁.(၁.၁၂.၂၀၁၂)စနေနေ့
(ဂျပန်)

၂.(၃.၁၂.၂၀၁၂)တနလာင်္နေ့

မအေးမြင့်မွန်(အင်္ဂလန်)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(သတ်သတ်လွတ်ဆွမ်းဟင်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး- ၁၇၀,၀၀၀ ကျပ်)

၃.(၄.၁၂.၂၀၁၂)အဂါင်္နေ့

ကိုစည်သူထွန်း+မဆုရည်ဖြိုး
(၃)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး- ၁၇၀,၀၀၀ ကျပ်)

၃.(၆.၁၂.၂၀၁၂)ကြာသပတေးနေ့

ဦးမွန်မောင်အေး၏မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(သတ်သတ်လွတ် ဆွမ်းဟင်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး- ၁၇၀,၀၀၀ ကျပ်)

၎.(၁၀.၁၂.၂၀၁၂)တနလာင်္နေ့

ကွယ်လွန်သူဖခင်ကြီးဦးဘသော်အား ရည်စူး၍ ဒေါ်ကြည်လေး မိသားစု
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၅.(၁၂.၁၂.၂၀၁၂) ဗုဒ္ဓဟူးနေ့

Dr.မိုးကိုဦး+ မ၀င်းမင်းသစ် (ဘန်ကောက်)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး- ၁၆၀,၀၀၀ ကျပ်)

၃.(၁၃.၁၂.၂၀၁၂)ကြာသပတေးနေ့

ကွယ်လွန်သူဖခင်ဦးအုံးမြင့်အားရည်စူး၍ မိခင် -ဒေါ်လှတင့် နှင့် သမီး- ဒေါ်ခင်သီတာ ကောင်းမှု။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၎. (၁၅.၁၂.၂၀၁၂)စနေနေ့

ကွယ်လွန်သူဖခင်ဦးအောင်ဗိုလ် (၁၃)နှစ်ပြည့် အားရည်စူး၍ ဒေါ်ရီမိသားစု(မန္တလေး)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(KOZTK ထံ ဆက်သွယ်မည်။)

၅.(၁၆.၁၂.၂၀၁၂)တနင်္ဂနွေနေ့

ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည် မိသားစု(ထိုင်ဝမ်)မှ
သား-မင်းသစ်ထွန်း ၏(၈နှစ်ပြည့်) မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(အလှူငွေ လက်ခံရရှိပြီး- ၁၇၀,၀၀၀ ကျပ်)




၆.(၂၇.၁၂.၂၀၁၂)ကြာသပတေးနေ့


ကိုတင်ထူးရွှေ+မသီရိအောင်(စင်္ကာပူ)
(အရုဏ်ဆွမ်းအလှူ) 
 
(၂၀၁၃ ခုနှစ်)

ဇန်န၀ါရီလ

၁.(၄.၁.၂၀၁၃)သောကြာနေ့

KO Nyan Aye

၂.(၁၀.၁.၂၀၁၃)ကြာသပတေးနေ့

ကိုပြည်စိုးသော်+မခင်မာသန့်(စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)(ဦးကောဝိဒ)

၃.(၂၀.၁.၂၀၁၃) တနင်္ဂနွေနေ့

ကိုခင်မောင်လွင်+မညိုညိုဆန်း မိသားစု(စင်္ကာပူ) မှ
ကိုခင်မောင်လွင်၏ မွေးနေ့အလှူ။

၎.(၂၆.၁.၂၀၁၂)စနေနေ့

ဒေါ်ကြူကြူမြင့် (စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၅.(၃၀.၁.၂၀၁၂)ဗုဒ္ဓဟူးနေ့

ဒေါ်ကြူကြူမြင့် (စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
ဖေဖော်ဝါရီလ-

၁.(၂.၂.၂၀၁၃)စနေနေ့

မသင်းလဲ့ရီမောင်(စင်္ကာပူ)၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၂.(၈.၂.၂၀၁၃)

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)မှ ကိုခင်မောင်ကျော်၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၃.(၉.၂.၂၀၁၃)စနနေ့

ကိုသူရဦး+မမီမီသော်မိသားစု(စင်္ကာပူ)မှ ကိုသူရဦး၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၎.(၁၁.၂.၂၀၁၃)တနလာင်္နေ့

ကိုခင်မောင်လွင်+မညိုညိုဆန်း မိသားစု(စင်္ကာပူ) မှ
ကိုခင်မောင်လွင်+မညိုညိုဆန်း တို့၏ မင်္ဂလာနှစ်ပတ်လည်အလှူ။

မတ်လ-

(၃၀.၃.၂၀၁၃)စနေနေ့

ကိုသူရဦး+မမီမီသော်၊သမီး-အိမ်ကြည်ဖြူ ၊သား-မောင်မင်းသန်းထက် မိသားစု(စင်္ကာပူ)မှ
သား-မောင်မင်းသန်းထက်၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

ဧပြီလ-

၁.(၅.၄.၂၀၁၃)သောကြာနေ့

ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည်၊သား-မင်းသစ်ထွန်း မိသားစု(ထိုင်ဝမ်)မှ
ကိုသက်နိုင်ဦး၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၂.(၁၄.၄.၂၀၁၃)တနင်္ဂနွေနေ့

Mr.Koyanagi + မသင်းသင်းနိုင်၊သား- HIROAKI မိသားစု(ဂျပန်)မိသားစု
(အရုဏ်ဆွမ်းအလှူ)

၃.(၂၄.၄.၂၀၁၃)ဗုဒ္ဓဟူးနေ့

မိဘများအားအမှူးထား၍ မောင်ဇေယျာ(ကမာရွတ်)၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်းအလှူ)

မေလ-

၁.(၂၄.၅.၂၀၁၃)သောကြာနေ့

မိဘများအားအမှူးထား၍ မမိုးမိုးနိုင်(USA)၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

၂.(၂၅.၅.၂၀၁၃)စနေနေ့

ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည် မိသားစု(ထိုင်ဝမ်)မှ
သား-မင်းသစ်ထွန်း မိသားစု မှကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည် တို့၏
(၁၀နှစ်)ပြည့် မင်္ဂလာ နှစ်ပတ်လည်အလှူ။(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

(အလှူငွေ လက်ခံရရှိပြီး)(WWKM)

ဇွန်လ

(၂၃.၆.၂၀၁၃)တနင်္ဂနွေနေ့

ကိုသူရဦး+မမီမီသော်၊သမီး-အိမ်ကြည်ဖြူ ၊သား-မောင်မင်းသန်းထက် မိသားစု(စင်္ကာပူ)မှ
သမီး- အိမ်ကြည်ဖြူ၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

သြဂုတ်လ-

(၂၆.၈.၂၀၁၃)တနလာင်္နေ့

ကိုသူရဦး+မမီမီသော်၊သမီး-အိမ်ကြည်ဖြူ ၊သား-မောင်မင်းသန်းထက် မိသားစု(စင်္ကာပူ)မှ
မမီမီသော်၏ မွေးနေ့အလှူ
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)

စက်တင်ဘာလ-

၁.(၁၀.၉.၂၀၁၃)အဂါင်္နေ့

ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည်၊သား-မင်းသစ်ထွန်း မိသားစု(ထိုင်ဝမ်)မှ
Dr.နှင်းဝတ်ကြည် ၏ မွေးနေ့အလှူ။
(အရုဏ်ဆွမ်းအလှူ)

---------------------------------------

မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း အနေဖြင့် သံဃာအပါး (၄၀၀)ကျော်အား အပတ်စဉ် တနလာင်္နေ့တိုင်း (အရုဏ်ဆွမ်း+နေ့ဆွမ်း)များလောင်းလှူလျှက်ရှိပါသည်။ထိုကဲ့သို့ သံဃာတော်များအား ဆွမ်းများ မပြတ်လှူဒါန်းသွားနိုင်စေရန် ရည်ရွယ်၍ ရာသက်ပန်ငွေပဒေသာပင် အလှူငွေများကို ပဒေသာပင်တစ်ခုလျှင် အလှူငွေ (၅၀၀၀၀ ကျပ်) နှုန်းဖြင့် ကောက်ခံလျှက်ရှိနေပါသည်။

မွေးနေ့အလှူရှင်များ ၊အမှတ်တရ အလှူရှင်များရှိပါက အလှူရှင်များ၏ အလှူရက်များကို ဦးစားပေး ဆွမ်းများဆက်ကပ် လောင်းလှူစေပြီး အလှူရှင်မရှိသော တနလာင်္ဆွမ်းပတ်တိုင်းတွင် ရာသက်ပန် ဆွမ်းပဒေသာပင် အလှူငွေများဖြင့် ပျက်ကွက်မှုမရှိအောင် ဆွမ်းများဆက်ကပ် ၊လောင်းလှူပေးလျှက်ရှိနေပါတယ်။

နိုင်ငံတကာမှ အလှူရှင်များအနေနှင့် အရုဏ်ဆွမ်းတစ်နပ်စာအတွက် အလှူငွေ (၆၀,၀၀၀ ကျပ်) ၊နေ့ဆွမ်းတစ်နပ်စာအတွက် (၁၂၀,၀၀၀ ကျပ်)၊အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ ဆွမ်းရက်တစ်ရက်အတွက် (၁၇၀,၀၀၀ ကျပ်) ဖြင့် ကြိုတင်ဆက်သွယ်ကာ လှူဒါန်းကုသိုလ်ယူနိုင်ကြပါတယ်ရှ/


ဆက်သွယ်လှူဒါန်းရန်-

1.ဦးကောဝိဒ(စစ်ကိုင်း)
Ph-092110202

kovida9@gmail.com

2.၀ါဝါခိုင်မင်း (မြန်မာပြည်) Ph-09 73095851
nanwarwarmg2009@gmail.com

3.ကိုဥာဏ်အေး(စင်္ကာပူ)
Ph-8139 9604

minlinkar21@gmail.com


4.ကိုရန်နိုင်(ဂျပန်)
Ph-080 3852 5214 (Softbank)

nay.naywathan@gmail.com JP Bank Account ヤン ナイン ウイン 
(14000-49306371)


5.ကိုဇော်မြင့် (မန္တလေး)
Ph-09-91041540
kozawmyint@zawtk.com 

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါ ပွားများ ကုသိုလ်ယူနိုင်ကြပါစေ။ 
 
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Tuesday, September 25, 2012

ရွှေစကားတို့ရဲ့ မြစ်ဖျား (၃)



ကုန်းဘောင်ခေတ်စာမျက်နှာတွေ လှန်လိုက်ရင် ရှေ့ပိုင်းစာမျက်နှာတွေဖတ်ရတာ အားပါသလောက် နောက်ပိုင်း စာမျက်နှာတွေကျတော့ သိပ်ပြီးအားမပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဇာတ်သိမ်းပိုင်း” ကို သိထားပြီးဖြစ်တာကိုး။ ဆရာညိုမြကတော့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ကုန်းဘောင်တစ်ခေတ်ကို နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်ဆိုပြီး လောကနေ့တစ်နေ့နဲ့ ဥပမာပေးထားပါတယ်။ အတက်ကာလ၊ အဆင်းကာလ အားဖြင့် ပြောမယ်ဆိုရင်တော့ အလောင်းမင်းတရားကနေ ဘိုးတော်ဘုရားနတ်ရွာစံတဲ့အထိကို အတက်ကာလ၊ ဘကြီးတော်မင်းတရားကနေ သီပေါမင်းအထိကို အဆင်းကာလလို့ ဆိုထားပါတယ်။ ပြီးတော့ ကုန်းဘောင်ခေတ်(ရှေ့ပိုင်း) မြန်မာပြည်မြေပုံအရ အာသံ၊ မဏိပူရ၊ ဇင်းမယ်၊ အယုဒ္ဓယတို့ဟာ မြန်မာ့အင်ပါယာဖြစ်ခဲ့ဖူးပါတယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လောကဓမ္မတာဆိုပေမယ့် သမိုင်း ကျရှုံးခြင်းတွေကျတော့ နောင်မျိုးဆက်များစွာအထိ ဒီကျရှုံးမှုဒဏ်ရာတွေကို ခံစားရပါတယ်။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ အတိတ်ခေတ်ရဲ့ သမိုင်းကျရှုံးမှုဒဏ်ရာတွေကို ဦးစွာ ကုစားပြီးမှ ကျန်တဲ့ အစိတ်အပိုင်းတွေကို တစ်ဆင့်ချင်းတည်ဆောက်ရတာကိုး။ သမိုင်းဒဏ်ရာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ နှစ်ခုရှိတဲ့အနက် ရုပ်ပိုင်းဆိုင်ရာကို ကုစားဖို့ လွယ်ကူသလောက် စိတ်ပိုင်းဒဏ်ရာကတော့ အချိန်ကာလ များစွာ ယူပြီးကုစားရပါတယ်။ တချို့သမိုင်းအရှုံးတွေကျတော့ မျိုးဆက်ကုန်တဲ့အထိပဲ ဒဏ်ရာအမာရွတ်တွေကျန်သွားမယ့် အနေအထားပါ။ ရေးနေကျ ရွှေစကားတွေအကြောင်း မရေးခင် ဒီအတွေးတွေ အရင်ဝင်လာတာကတော့ ရွှေစကားအတွက် ရေးဖို့လှန်ထားတဲ့ စာမျက်နှာတွေက ကုန်းဘောင်ခေတ် စာမျက်နှာတွေဖြစ်နေလို့ပါ။ ကဲ… ကုန်းဘောင်ခေတ် စာမျက်နှာတွေထဲက ရွှေစကားတို့ရဲ့ မြစ်ဖျားခံရာ လိုက်ကြည့်လိုက်ရအောင်။

တစ်နေ့မှာ မောင်းထောင်သာသနာပိုင်ဆရာတော်က ဦးတေဇဆိုတဲ့ ဦးပဉ္စင်းငယ်တစ်ပါးကို စာပြန်ခိုင်းပါတယ်။ စာပြန်ရတာက သမားရိုးကျပုံစံနဲ့ ပြန်ရတာမဟုတ်ပါဘူး။ ဆိုင်မဆင့်ဗုံမဆင့် ခေါ်ပြီး ပြန်ခိုင်းတာပါ။ ပြန်ခိုင်းတဲ့ စာတွေကတော့ ဘိက္ခုပါတိမောက် ပါဠိနိဿယအကုန်၊ ဘိက္ခုနီပါတိမောက် ပါဠိနိဿယအကုန်၊ ခုဒ္ဒကသိက္ခာ၊ ပါဠိနိဿယအကုန်၊ မလသိက္ခာပါဠိနိဿယအကုန်ပါ။ ဒီစာတွေက ဝိနည်းပိုင်းဆိုင်ရာစာတွေပါ။ စာပြန်ရမယ်ဆို ကြိုတင်သိမထားတာရယ်၊ ပြန်ခိုင်းတဲ့စာတွေက များလွန်းနေတာရယ်ကြောင့် ဦးတေဇက အကုန်မရပါဘူး။ တချို့တဝက်ကိုပဲ ရပါတယ်။ မောင်းထောင်သာသနာပိုင် ဆရာတော်ကလည်း မရမချင်း အထပ်ထပ် ပြန်ဆိုခိုင်းပါတယ်။ အစကတည်းက ကြိုတင်ပြင်ဆင်ခွင့်မရလာတာကြောင့် ဘယ်လိုပြန်ခိုင်းပြန်ခိုင်း မရပါဘူး။ ဒါကြောင့် စာမရ,ရ ကောင်းလားဆိုပြီး သဲဒဏ် ရေဒဏ် ပေးပါတယ်။
စာပြန်ခိုင်းခံရသူ ဦးတေဇဆိုတာက တခြားမဟုတ်ပါဘူး။ တောင်ငူမင်းသားရဲ့ ရဟန်းပါ။ တောင်ငူမင်းသားက သူ့ရဟန်း မောင်းထောင်သာသနာပိုင်ဆရာတော်ကျောင်းမှာ ဒဏ်ထမ်းနေရတဲ့သတင်းကို ကြားသွားပါတယ်။ သတင်းကြားတာနဲ့ ကျောင်းကို တစ်ခါတည်း ထလိုက်သွားပါတယ်။ ကျောင်းရောက်တော့ သူ့ရဟန်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒဏ်ထမ်းနေရတာကိုမြင်ရပါတယ်။ သူ့ရဟန်း အတွက် အတော်လေးစိတ်မကောင်း ဖြစ်သွားဟန်တူပါတယ်။ ဒါကြောင့် သာသနာပိုင်ဆရာတော်ဆီသွားပြီး “တပည့်တော်ရဲ့ ရဟန်းစာမရပေမယ့် ဝိနည်းသိက္ခာနဲ့ဆန့်ကျင်တဲ့ အကျင့်ပျက်မှုများရှိပါသလား” လို့ လျှောက်ထားပါတယ်။ သာသနာပိုင်ဆရာတော်က “အကျင့်သိက္ခာပုဒ်မပျက် လိုက်နာကြောင်းငါသိတယ်။ ဒင်း စာမရလို့ ငါဒဏ်ပေးတာ” လို့ ပြန်အမိန့်ရှိပါတယ်။  ဒီတော့ တောင်ငူမင်းသားက “စာမရသော်လည်း အကျင့်သိက္ခာပုဒ်မပျက်ရင် သည်းခံတော် မူသင့်ပါတယ်။ မေ့နေတဲ့စာကို နောင်ပြန်ကျက်ရင် ရနိုင်တာပဲမဟုတ်လားဘုရား” လို့ ပြန်လျှောက်ပါတယ်။ သာသနာပိုင်ဆရာတော်ကလည်း “မဟုတ်ဘူးမင်းသားရဲ့၊ ဒင်း ဝိနည်းသိက္ခာကျမ်းကို အာဂုံအမြဲဆောင်ထားရမှာကို အရဆောင်မထားလို့ နောင်မှတ်သွားအောင် ငါက ဒဏ်ပေးထားတာ”  ထပ်မိန့်ပါတယ်။ တောင်ငူမင်းသားက ကိုယ့်ရဟန်းဆိုတဲ့ သံယောဇဉ်ရယ်၊ မင်းသားဆိုတဲ့ဂုဏ်ရယ်ကြောင့် “မာန်”လေး ဝင်လာပုံ ရပါတယ်။ အဲဒီဝင်လာတဲ့ “မာန်” လေးနဲ့အတူ တောင်ငူမင်းသားက “အရှင်ဘုရားဟာ မဟုတ်သေးပါဘူး။ အရှင်ဘုရားက အခုချက်ချင်းအကုန်ရ,ရမယ်လို့ အမိန့်ချပြီး ချက်ချင်းပြန်ခိုင်းတော့ ဘယ်လာရနိုင်မှာလဲ။ စာကျက်ရက်ပေးပြီး ပြန်ခိုင်းတာမရလို့ ဒဏ်ပေးတယ်ဆိုတော်သေး။ အခုအပြစ်ပေးတာလဲ အတော်ပင်ပန်းနေပြီ၊ သည်းခံတော်မူပါဘုရား” လို့လျှောက်ပါတယ်။
ဆရာတော်ကလည်း သာသနာပိုင်ဆိုတဲ့ ရာထူးကို လွယ်လွယ်ကူကူနဲ့ ရ ထားတာမှမဟုတ်တာ။ ဘက်စုံ ထက်မြက်လို့ ရ ထားတာကိုး။ ပြီးတော့ တောင်ငူမင်းသားနည်းတူ “သာသနာပိုင်” ဆိုတဲ့ “မာန်” ကလေးကလည်း တစ်ခါတည်းဝင်လာလေတော့ “နင် ဘာလာစကားများနေတာလဲ” ဆိုပြီး အနီးမှာ ရှိတဲ့ထွေးခံနဲ့ ပစ်ပေါက်လိုက်ပါတယ်။ တောင်ငူမင်းသားကလည်း ထွေးခံကိုကောက်ပြီး ဆရာတော်ကို ပြန်ပေါက်ပါရော။ ဒီတော့ ဆရာတော်က ထ တဲ့ပြီး ခြေထောက်နဲ့ပြေးကန်ပစ်လိုက်ပါတယ်။ တောင်ငူ မင်းသားကလည်း အကန်ခံနေရာကနေချက်ချင်းထ၊ ဆရာတော်ကိုဖက်ပြီး နပန်းသတ်တော့တာပါပဲ။ သာသနာ ပိုင်ဆရာတော်နဲ့ တောင်ငူမင်းသား ထွေးလုံးရစ်ပတ်နဲ့ နပန်းသတ်နေကြတာကို အနားမှာရှိတဲ့ တိုက်အုပ်၊ တိုက်ကြပ် ဘုန်းကြီးတွေ၊ ကပ္ပိယတွေက ဒီအတိုင်းပဲ ကြည့်နေကြရပါတယ်။ ဘယ်သူမှဝင်ပြီး မခွဲဝံ့ကြပါဘူး။ နောက် မဟာဒါန်ဝန်ရောက်လာပြီး မဟာဒါန်ဝန်က်ခွဲပေးမှ  ရန်ပွဲ ပြီးသွားပါတယ်။ တောင်ငူမင်းသားကလည်း သူ့ရဲ့ ရဟန်း ဦးတေဇကို ဒဏ်ထမ်းနေရာကနေပင့်ပြီး ပြန်သွားပါတယ်။
ဒီသတင်းကို ဘိုင်းတော်ဘုရားကြားသွားတော့ “အင်း တောင်ငူကလည်း တောင်ငူပဲ။ မောင်းထောင်ကလဲ မောင်းထောင်ပဲ” လို့ ညည်းတွားမိန့်တော်မူပါတယ်။ ဘိုးတော် ဘုရားအနေနဲ့ တစ်ဖက်ကလည်း သားတော်၊ တစ်ဖက်ကလည်း သာသနာပိုင်ဆရာတော်၊ ဘုန်းကြီးဘက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လောကရေးနဲ့ ကြည့်ရင် အမြင်မလှပါဘူး။ ဒါကြောင့် လူဖြစ်တဲ့သားတော်အနေနဲ့ ဝန်ချတောင်းပန်စေချင်ပါတယ်။ ဒါပေမယ့် သားတော် တောင်ငူမင်းသားက ခပ်စွာစွာ ခပ်ထက်ထက် မာနနဲ့။ မိမိပြောလို့ကတော့ ဘယ်လိုမှတောင်းပန်မှာမဟုတ်တဲ့အကြောင်း ကိုယ့်သားတော်အကြောင်း ကိုယ်သိပြီးသားပါ။ ဒီတော့ သားတော်တောင်ငူမင်းသားကို နိုင်တဲ့ ရန်ကုန် ဝန်ကြီး ဦးကျော်ရွေးကို အကူအညီတောင်းရပါတယ်။ ဦးကျော်ရွေးဆိုတာက တောင်ငူမင်းသားငယ်ငယ်က ချီပိုးထိန်းကျောင်း ခဲ့ရသူ။ ရိုက်သင့်ရင် ရိုက်ပြီး ဆုံးမခဲ့သူ။ တောင်ငူမင်းသား ကိုယ်တိုင်ကလည်း ချစ်ကြောက်ရိုသေရသူ၊ တောင်ငူမင်းသားက ငြင်းမယ့်သူမဟုတ်ပါဘူး။ လောကထုံးစံအတိုင်း နိုင်ရာနဲ့ကိုင်တွယ်တာပါ။ ဘိုးတော်မင်းတရားအနေနဲ့ သားတော် တောင်းပန်တယ်ဆိုတဲ့  နေရာမှာလဲ ကာယကံရှင်နှစ်ဦးသာသိတဲ့ တောင်းပန်မှုမျိုးမဟုတ်ဘဲ သံဃာ့ပရိသတ်၊ မင်းပရိသတ်၊ လူပရိသတ်အလယ်မှာ တောင်းပန်စေချင်တာပါ။ ဘိုးတော်မင်းတရားက သူ လိုချင်တဲ့ ပုံစံကိုပါ တစ်ပါးတည်းပြောပြပါတယ်။
ဦးကျော်ရွေးက တောင်ငူမင်းသားကို လောကရေး၊ ဓမ္မရေးတွေနဲ့ဆုံးမပြီး သာသနာပိုင်ဆရာတော်ကို ဝန်ချတောင်းပန်ဖို့ပြော၊ တောင်ငူမင်းသားကလည်း ခေါင်းညိတ်၊ ဒီလိုနဲ့ ဝန်ချတောင်းပန်ပွဲအစီအစဉ်ကို ပြုလုပ်လိုက်ကြပါတော့တယ်။
နန်းတော်ရဲ့ ဇေတဝန်ဆောင် သံဃာစင်ပေါ်မှာ မောင်းထောင်သာသနာပိုင်ဆရာတော်၊ သုဓမ္မာ ဆရာတော်များ၊ အောက်ခြေမှာ ဘိုးတော်မင်းတရားနဲ့ မိဖုရားခေါင်ကြီး၊ ဝန်ကြီးဦးကျော်ရွေး၊ အမတ်ကြီး ဦးပေါ်ဦး၊ အခြား မှူးမတ်ကြီးများ၊ သားတော်သမီးတော်များ၊ မောင်းမမိတ်ဿံများ၊ ရဟန်းပရိတ်သတ်၊ မင်းပရိသတ်၊ လူပရိသတ် စုံစုံညီညီ၊ ရဟန်းတော်များဆွမ်းစားခြင်းကိစ္စပြီးလို့ ငါးပါးသီလယူ၊ ပရိတ်တရားတော်လည်းနာပြီးပြီ။ အပ်ကျသံ ကြားရအောက်အောင် ခန်းမဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ အားလုံးရဲ့စိတ်က တောင်ငူမင်းသားဆီမှာ။ တောင်ငူမင်းသားဆီကအသံကို အားလုံးနားစွင့်နေကြပါတယ်။ တောင်ငူမင်းသားက ဦးကျော်ရွေးကို တစ်ချက်ကြည့်လိုက်ပါတယ်။ စ ရတော့မလားပေါ့။ ဦးကျော်ရွေးက ခေါင်းဆတ် ပြလိုက်ပါတယ်။ တောင်ငူမင်းသားက ပုဆစ်တုပ်ထိုင်နေရာကနေ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီ…..
ကျေးဇူးတော်ရှင် သာသနာပိုင်ဆရာတော်ဘုရား…. တပည့်တော်သည် မကောင်းသောဒေါသ၏ နောက်ပါဖြစ်၍ စိတ်လိုက်မာန်ပါ ဆရာတော်ဘုရားအား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးဖြင့် ပြစ်မှား ကျူးလွန် မိုက်မှားမိပါသည်။ ထိုမိုက်မှားကျူးလွန်မိသောအပြစ်ကို ချမ်းသာပေးသနားတော်မူပါရန် တပည့်တော် ကန်တော့ ဝန်ချတောင်းပန်ပါ၏ဘုရား။ ဝန်ချတောင်းပန် ကန်တော့သည့်အတိုင်း တပည့်တော်ကို သနားသောအားဖြင့် သည်းခံ တော်မူပါရန် အကြိမ်ကြိမ်ကန်တော့ဝန်ချပါကြောင်း ရှိခိုးလျှောက်ထားဝံ့ပါသည်ဘုရား” လို့ ဝန်ချတောင်းပန်လိုက်ပါတယ်။ တောင်ငူမင်းသားရဲ့စကားဆုံးတာနဲ့ ပရိသတ်အားလုံးက ဝိုင်းပြီး သာဓုခေါ်ကြပါတယ်။ ပရိသတ်အားလုံး သာဓုခေါ်သံအဆုံးမှာ မောင်းထောင်သာသနာပိုင် ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ မိန့်တော်မူပါတယ်။
အင်း … သာဓု၊ သာဓု၊ သာဓု ငါသည်းခံ၏။ မင်းသားချည်း မှားသည်မဟုတ်။ ငါလဲ မှားလေသည်။ မင်းသားလဲ ပုထုဇဉ်၊ ငါလဲ ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိလိုက်စားမိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင်ဖြစ်သော်လည်း မင်းသားက ပုထုဇဉ်အငယ်။ ငါက ပုထုဇဉ်အကြီးဖြစ်၍ ငါက မင်းသားထက် သာလွန်၍ မိုက်မှားမိချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို ဝတ်ဆင်မြန်းလျက် မဟာသံဃာရာဇာအမည်ကို ရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင်ဂုဏ်ယစ်မူးသောကြောင့် ဒေါသာဂတိကိုလိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလဲ ငါ့အပေါ်၌ အမျက်မထားလေနဲ့။ သည်းခံပါလေ”
သာသနာပိုင်ဆရာတော်က ခေတ္တရပ်လိုက်တော့ ပရိတ်သတ်အားလုံးက ဝိုင်းပြီး သာဓု ခေါ်ကြပါတယ်။ ပြီးမှ ဆရာတော်က မိန့်လက်စ စကားကို ဆက်ပြီး မိန့်ပါတယ်။ “မင်းသားကို ဥပမာ တစ်ခုပြောရဦးမယ်။ မြတ်စွာဘုရားဟောတော်မူသော မဟောသဓဇာတ်တော်မှာ စူဠနီမင်းဟာ မဟောသဓကို သတ်ပစ်ရန် သာ ဒေါသအမျက်ထားပြီးလျှင် ကြံစည်လျက်ရှိနေသည်။ မဟာဥပကာရီဥမင် လှိုဏ်ခေါင်းအတွင်းသို့ ကျရောက်မှ နောက်က ပျက်စီးအောင် ကြံခဲ့ကြသော ဒေါသအမျက်ကြီးတွေကို တစ်ခါတည်းပျောက်ကွယ်၍ တစ်ယောက်နှင့်တစ်ယောက် အသက်ချင်းလဲကြ၍ ချစ်ကြည်ကြသောအဖြစ်သို့ ရောက်လေသကဲ့သို့ ဤနန်းတော်ဇေတဝန်အဆောင်သည် မဟာဥပကာရီ ဥမင်လိုဏ်ခေါင်းဟု သဘောထား၍ ဖြစ်ခဲ့သော ဒေါသအမျက်တို့သည် တစ်ခါတည်းစွန့်ပစ်ပယ်ဖျောက်ပြီး အသက်ချင်းလဲကြသကဲ့သို့ ရှေ့ကိုအသက်ရှည်သမျှ ကာလပတ်လုံး မေတ္တာစိတ်မပျက်ကြရအောင်သာ သတိပြုကြရန် ဖြစ်တော့သည်ကို အသင်မင်းသား မှတ်ယူပါလော့”
သာသနာပိုင်ဆရာတော်ရဲ့ တရားမိန့်ကြားသံ ဆုံးတော့ ပရိသတ်အားလုံးက သာဓုထပ်မံခေါ်ကြပါတယ်။ နောက် တောင်ငူမင်းသားကိုယ်တိုင် အလှူတော်သင်္ကန်းတွေကို ဆရာတော်များအားကပ်လှူပါတယ်။ ကိစ္စဝိစ္စတွေပြီးလို့ ဆရာတော်တွေပြန်ကြွတဲ့အခါ တောင်ငူမင်းသားက သာသနာပိုင်ဆရာတော်ရဲ့ ဖိနပ်ကို ကိုယ်တိုင်ကိုင်ပြီး ပရိသတ်တွေရဲံ့ မျက်နှာကြည်နူးကျေနပ်စိတ်တွေက အထင်းသားနေမှာပါ။
တကယ်တော့ ဒီပွဲဟာ မောင်းထောင်သာသနာပိုင် ဆရာတော်နဲ့ တောင်ငူမင်းသားတို့ ကိုယ့်ရဲ့မာနကို နိဝါတဆိုတဲ့ဆပ်ပြာနဲ့ ဖွပ်လျှော်တဲ့ပွဲ။ တစ်နည်းအားဖြင့် မာနနဲ့ နိဝါတ လဲလှယ်တဲ့ပွဲ။ ဒါမှမဟုတ် တမလွန်ကို မာနတွေ ယူမသွားဘဲ နိဝါတတွေသာယူသွားမယ်လို့ တရားဝင် ကြေညာတဲ့ပွဲ။ မောင်းထောင်သာသနာပိုင် ဆရာတော်ရဲ့ “ငါကပုထုဇဉ်အကြီးဖြစ်၍ ငါကမင်းသားထက်သာလွန်၍ မိုက်မှားမိချေသည်” ဆိုတဲ့စကားဟာ ကုန်းဘောင်ခေတ်မှာ ဘယ်လောက်အထိ မြည်ဟည်းခဲ့တယ်ဆိုတာ မပြောတက်ပေမယ့် စားရေးသူကတော့ မောင်းထောင်သာသာနာပိုင် ဆရာတော်ရဲ့ နိဝါတမင်္ဂလာကိုအရုံပြုပြီး ကန်တော့လိုက် မိတာတော့ အမှန်ပါ။


ရဝေနွယ်(အင်းမ)
ကျမ်းကိုး
(၁)ပါးစပ်ရာဇဝင်(မှော်ပီဆရာသိန်းကြီး)
(၂)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
(မြတ်သတိ အောက်တိုဘာ၊ ၂၀၀၀)
ခင်မင်စွာဖြင့်….
ဇော်သိင်္ခ

Tuesday, September 18, 2012

၁၈.၉.၂၀၁၂ အင်္ဂါနေ့ ဆွမ်းလောင်းလှူခြင်း

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း  (၃) ရက် ၁၈.၉.၂၀၁၂  အင်္ဂါနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကုသိုလ်ရှင်

ကိုငြိမ်းချမ်းသူ + မ၀င်းလဲ့လဲ့အောင်၊ သမီး-ဆုရည်လင်း မိသားစု(စင်္ကာပူ)၏ အလှူ ကောင်းမှု။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

"လမင်းအိမ်" စာပေ နှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့)   မှ ကောင်းမှု ။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော်  စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အလှူရှင် တို့ အားလုံးသည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပြည့်စုံ၍  သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။

Inline image 15

Inline image 14

Inline image 13

Inline image 12

Inline image 11

Inline image 10

Inline image 9

Inline image 8


Inline image 7

Inline image 6

Inline image 5

Inline image 4

Inline image 3

Inline image 2


Inline image 1

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

Monday, September 17, 2012

၁၇.၉.၂၀၁၂ တနင်္လာနေ့ ကိုရန်နိုင်ဝင်း(ဂျပန်) ၏ မွေးနေ့အလှူ

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း  (၂) ရက် ၁၇.၉.၂၀၁၂ တနင်္လာနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်းနှင့်
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုရန်နိုင်ဝင်း (ဂျပန်) ၏ မွေးနေ့အလှူ ကောင်းမှု ။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အလှူရှင် ကိုရန်နိုင်ဝင်း သည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပြည့်စုံ၍  သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 17

Inline image 11

Inline image 12

Inline image 13

Inline image 14

Inline image 15

Inline image 16

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ် ယူနိုင်ကြပါစေ။

Wednesday, September 12, 2012

မိဘများအားအမှူးထား၍ မသဇင်ခိုင် (US) မှ မွေးနေ့အလှူ ကောင်းမှု 12.9.2012 ဗုဒ္ဓဟူးနေ့။


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ၀ါခေါင်လပြည့်ကျော် (၁၁)ရက် ၁၂.၉.၂၀၁၂ ဗုဒ္ဓဟူးနေ့

မိဘများအားအမှူးထား၍ မသဇင်ခိုင် (US) မှ မွေးနေ့အလှူ  ကောင်းမှု။ 

သံဃာတော်အရှင်သူမြတ်တို့အားနံနက်အရုဏ်တက်ချိန်တွင် အရုဏ်ကြက်သား ကြာဇံချက်ဆွမ်းကပ်လှူခဲ့ပါသည်။

သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်လည်း
ဆွမ်း
ကြက်သားဟင်း
သရက်ချဉ်သုတ်
ပဲစားဥ
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင်
လောင်းလှူကုသိုလ်ယူခဲ့ပါသည်။

ယနေ့ မွေးနေ့အလှူရှင် မသဇင်ခိုင် (US) မှ သံဃာတော်အရှင်သူမြတ်တို့အား တစ်နေ့တာ အရုဏ်ဆွမ်း+နေ့ဆွမ်းများလှူဒါန်းရသော ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်  ဆွမ်းအကျိုးငါးပါး ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊ လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေ

Inline image 9

Inline image 11

Inline image 12

Inline image 10

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

 
^ထိပ်ဆုံးသို့