Wednesday, April 21, 2010
Outlook Express အသုံးပြုနည်း စာအုပ်
Monday, April 5, 2010
PC Hardware
ဒီစာ အုပ်လေးကတော့ ဟိုးအရင်တုန်းက ညီလေး ကိုဇင် ပို့ပေးထားတဲ့ စာအုပ်လေးပါ။ ဆရာ ဦးမျိုးသူရ ရေးသားထားတဲ့ ကွန်ပျူတာ တပ်ဆင် ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ ဆိုတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေး မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ကွန်ပျူတာ တစ်လုံး မှာ ပါဝင်တဲ့ Hardware ပစ္စည်းတွေကို တစ်ခုခြင်း တပ်ဆင်အသုံးပြုပုံ နှင့်တကွ ထို Hardware ပစ္စည်းတွေ ရဲ့ အလုပ် လုပ်ဆောင်ပုံများ ကိုပါ ပုံတွေ နှင့် တကွ ရေးသား ဖော်ပြထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ ကွန်ပျူတာ အကြောင်းကို လေ့လာနေသူတွေ အတွက်တော့ တကယ် အသုံးဝင်မယ့် စာအုပ်လေးပါ။
အောက်မှာ ဒေါင်းလုပ် ယူနိုင်ပါပြီ။ ဆိုဒ်ကတော့ 15.2 MB ရှိပါတယ်။
Download ( ifile download )
Dwonload ( 4Shared download )
ဇော်သိင်္ခ
Saturday, March 27, 2010
Hardware and Data Communication Network
စာအုပ်ထဲမှာပါတဲ့ ခေါင်းစဉ်လေး နှစ်ခုကတော့ Hardware and Data Communication Networkတဲ့။ ပထမတစ်ပိုင်းအနေနဲ့ကတော့ Computer Science အနေနဲ့ကွန်ပျူတာရဲ့ အကြောင်းကို အသေးစိတ် အချက်အလက်များနဲ့ တကွ ရှင်း ပြပေးထားပါတယ်။ ဒါ့အပြင် Computer Hardware အပိုင်းအနေနဲ့လည်း ကွန်ပျူတာ ထဲမှာပါတဲ့ ကွန်ပျူတာ ရဲ့ အစိတ်အပိုင်းတွေကို တစ်ခုခြင်းစီ အခြေခံကျကျ အသေးစိတ် ရှင်းလင်း ရေးသားထားတဲ့ စာအုပ်လေးပါ။ ဒုတိယပိုင်း အနေနဲကတော့ Data Communication အပိုင်းနဲ့ Network အပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီးပါတာကို တွေ့ရပါတယ်။ Data Communication အပိုင်းမှာဆိုရင် Digital နဲ့ Analog Signal တွေ ရဲ့ အကြောင်း ၊ ပြီးတော့ Modem အကြောင်း မှာ ဆိုရင် data တွေကို Communicate လုပ်တဲ့အခါမှာ Modulate လုပ်တာနဲ့ နောက်ထပ် Demodulate ပြန်ပြီးလုပ်ရတဲ့ အကြောင်းကိုရေးဖွဲ့ ထားသည့် အပြင် Network အပိုင်းမှာ လည်း Modem install လုပ်ပုံနှင့် တကွ အင်တာနက် ချိတ်ဆက် အသုံးပြုပုံ တို့ ကိုအသေးစိတ်ရှင်းလင်း ရေးဖွဲထားတဲ့ စာအုပ်လေးပါ။ ကွန်ပျူတာအကြောင်းကို စတင်လေ့လာနေသူတွေ အတွက် တကယ်အသုံး ၀င်တဲ့ စာအုပ်ကလေး ဖြစ်တဲ့ အတွက်စာဖတ်သူများသို့ ပြန်လည် မျှဝေပေး လိုက်ခြင်း ဖြစ်ပါကြောင်း….. ။
အောက်မှာ Download လုပ်ယူနိုင်ပါပြီ။ Size ကတော့ Rar File အနေနဲ့ 9.45 MB ရှိပါတယ်။
Download ( 4 Shared download )
Download ( ifile download )
ဇော်သိင်္ခ
Wednesday, March 24, 2010
Mgy.exe Removal
Mgy.exe ဗိုင်းရပ် သတ်နည်းလေးကိုတော့ ဟိုနေ့က Trogan Removal လေးတွေနဲ့ သတ်တာလည်း အဆင်ပြေသွားပါတယ်။ အခု တင်ပေးမှာကတော့ အဲဒီနေ့က သတ်တဲ့ Trogan Removal နဲ့ မဟုတ်ပဲ Mgy.ex Removal လေးနဲ့ သတ်လိုက်ယုံပါပဲ။ ဒီဆော့ ၀ဲလ် လေးကတော့ အခုမှ ပြန်ရေးထားတဲ့ ဆော့ ၀ဲလ်လေးပါ။ မြန်မာချက်အွန်လိုင်း ကနေမှ ပြန်လည်ရေးသားထားတဲ့ ဆော့ဝဲလ်လေးပါ။ ဒီဆော့ဝဲလ် ကိုလည်း အခကြေးငွေနဲ့ ပြန်လည် ရောင်းချ ခြင်းခွင့်မပြုလို့တော့ ရေးထားပါတယ်။ အွန်လိုင်းကနေမှ တဆင့် ပြန်လည် မျှဝေခွင့်တော့ ပြုမယ် ထင်လို့ ပြန်လည်မျှဝေလိုက်တာပါ။ ဒီဆော့ဝဲလ်လေးကို ရမ်းလိုက်ရင် စက်က restart ကျသွားပါလိမ့်မယ် ။ restart ကျပြီးလို့ ပြန်တက်လာ တဲ့အခါမှာတော့ Mgy.exe ဆိုတဲ့ အကောင် ဟာ.. သေသွားတာကို တွေ့ရပါလိမ့်မယ်။ စတစ်ထဲမှာ လည်း ဒီကောင်ရှိတယ်ဆိုရင် အဲဒီဆော့ဝဲလ် မရမ်းခင် စတစ်ကို လည်း အဲဒီစက်မှာ တက်ပေးထားလိုက်ပါ။ စတစ်ထဲမှာရှိတဲ့ Mgy.exe ဆိုတဲ့ ကောင်လေးကိုလည်း သတ်ပေးသွားပါလိမ့်မယ်။ ပြီးရင်တော့ စက်က ပုံမှန်အတိုင်းပဲ ပြန်ကောင်းသွားပါပြီ။ ဒါဆို အိုကေသွားပြီပေါ့။ ဒီဆော့ဝဲလ် ပိုင်ရှင်က အဲဒီလိုပြောထားလို့ပါ။ ကျွန်တော်တော့ ဒီဆော့ဝဲလ်လေးနဲ့တော့ မစမ်းရသေးပါဘူး။ အဲဒီဗိုင်းရပ်တွေ့ရင်တော့ စမ်းကြည့်လိုက်ပါအုံးမယ်…။
အောက်မှာ ဒေါင်းလုပ် ယူနိုင်ပါပြီခင်ဗျ။
Download
Download
( ဤ Program ကိုအခကြေးငွေဖြင့် ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။)
ဒီဆော့ဝဲလ် ကို မူရင်းရေးသားသူ မြန်မာ ချက်အွန် လိုင်း မှ သူငယ်ချင်းကိုလည်း ကျေးဇူး အများကြီး တင်ရှိပါတယ်ခင်ဗျ။…
ဇော်သိင်္ခ
Tuesday, March 23, 2010
4Shared Desktop
အခုတင်ပေးမယ့် Software လေးကတော့ နည်းနည်း ကြီးတဲ့ ဖိုင်ဆိုဒ်တွေ ကို Upload တင်တဲ့ အခါမှာ ပိုပြီးတော့ မြန်အောင်လို့ ၊ ဒီဆော့ဝဲလ်လေး ကို စက်ထဲမှာ အင်စတောလုပ်ထားလိုက်ပြီးတော့ ။ အကောင့်လေးကိုလည်း register လုပ်ထားလိုက်မယ် ဆိုရင် …. ဖိုင်ဆိုဒ် ခပ်ကြီးကြီးတွေ ကိုလည်း အချိန်တို အတွင်းမှာပဲ( ကော်နက်ရှင် ကောင်းလျှင် ) Upload တင်ရတာ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော် ဒီဆိုဒ်မှာ တင်ထားတဲ့ Download Files တွေ အားလုံး လည်း ဒီဆော့ဝဲလ် ကို အသုံး ပြုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ifile လင့်ကတော့ http://ifile.it မှာ ၀င်ပြီးတော့ Register လုပ်ပြီးတော့ တင်ထားတာပါ။ ဒီအတိုင်းတင်တာ ထက်စာရင် Register လုပ်ပြီးမှ တင်ရတာက ပိုပြီး အဆင်ပြေပါတယ်။
အပေါ်က ပုံကတော့ Login ၀င်ပြီးသား Upload တင်ထားတဲ့ ဖိုင်တွေ ရှိနေတဲ့ ပုံလေးပါ။ အဲဒီထဲကနေမှ လင့်လေး ကို ပြန်ယူရပါတယ်။ ဒီဆော့ ၀ဲလ် လေး ကို တော့ အောက်က လင့် နှစ်ခု မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ဆိုဒ်ကတော့ 4.55 MB ရှိပါတယ်။
Download ( 4 shared download )
Download ( ifile download )
သူငယ်ချင်းတို့ အားလုံးလည်း အဆင်ပြေ ချောမွေ့စွာ နဲ့ပဲ ဒေါင်းလုပ်စွဲနိုင်ကြပါစေလို့ … ဆန္ဒပြု ရင်း ….
ဇော်သိင်္ခ
Saturday, March 20, 2010
Networking E-Book
အခုတစ်ခါ တင်ပေးလိုက်မယ့် စာအုပ်လေးတွေကတော့ Networking နဲ့ပတ်သတ်တဲ့ စာအုပ်လေး သုံးအုပ်ပါ။ ဒီစာအုပ်လေးသုံးအုပ်ကတော့ (၁) သတင်းအချက်အလက် ဆက်သွယ်ရေး စနစ် ဆိုတဲ့ ဆက်သွယ်ရေး စနစ်တွေအကြောင်းကို အခြေခံကျကျ ရေးဖွဲထားတဲ့ Networking စာအုပ်လေး တစ်အုပ်
(၂) Network Know-How ဆိုတဲ့ Networking စာအုပ်လေး တစ်အုပ်နဲ့
(၃) Networking Fundamentals ဆိုတဲ့ Power Point ပုံစံလေးနဲ့ လုပ်ထားတဲ့ စာအုပ်လေး တစ်အုပ်ဆိုပြီး သုံးအုပ်ကို စုပေါင်း ထည့်ပေးထားပါတယ် ။ အောက်မှာ ဒေါင်း လိုက်ကြပါစို့နော်…….။
size ကတော့ 10.245 MB ရှိပါတယ်။
Download ( 4Shared download )
Download ( ifile download )
ဇော်သိင်္ခ
Tuesday, February 23, 2010
Hacking Windows XP
Windows XP မွှေနှောက် ချင်သူ တွေ အတွက် Hacking Windows XP စာအုပ်လေးပါ။
Download ( 4Shared download 10.1 MB )
ဇော်သိင်္ခ
Windows XP Registry Guide
Wednesday, February 17, 2010
A+ and Beyond A+
ဆရာ ဦးဇော်လင်း (YOUTH) ရဲ့ A+ စာအုပ်လေးပါ။
Download (16.9MB )
*****
ဆရာ ဦးဇော်လင်း (YOUTH) ရဲ့ Beyond A+ စာအုပ်
A+ ရဲ့ နောက်ကွယ်မှာ ဘာတွေ ရေးသားထားတယ် ရှင်းလင်းဖော်ပြထားတယ် ဆိုတာ သိချင်ရင်တော့ ဒေါင်းဖတ်ကြည့်လိုက်ကြနော် ..
Download ( 13.2 MB )
အီးမေးမှ ပို့ပေးသော ညီလေး ကိုဇင် အား ကျေးဇူးတင်ရှိပါတယ်။
ဇော်သိင်္ခ
Wednesday, February 10, 2010
USB Disk Security
USB Disk Security လေးတွေကတော့ မိမိရဲ့ ကွန်ပျူတာ မှာ ထည့်ထားလိုက်ရင် ကွန်ပျူတာမှာ လာထိုးတဲ့ Removeable Drive တွေမှာ ပါလာတဲ့ Virus တွေ ကို စစ်ပေးမှာ ဖြစ်ပြီးတော့ တွေ့တဲ့ ဗိုင်းရပ် မှန်သမျှကို သတ်ပြစ်လို့ ရပါတယ်. ။ အန်တီဗိုင်းရပ် လို Database Update တွေ နေ့စဉ် အပတ်စဉ်တွေထည့်ထားစရာ မလိုပါဘူး။ တစ်ခါ Install လုပ်ထားလိုက်ရုံနဲ့ အမြဲ သုံးလို့ ရတဲ့ Software လေးပါ။
အောက်မှာ Version သုံးမျိုး ပေါင်းပြီး တင်ပေးထားပါတယ်။
Download ( Password က 12345 ပါ crack ဖိုင်ပါလို့ password ခံထားပေးတာပါ။ )
( USB Disk Security 5.0.0.58 က Crack File နဲ့ပါ။)
(USB Disk Security 5.1.0.15 က Serial Keys နဲကပါ။)
(USB Disk Security 5.3.0.20 ကလည်း Serial Keys နဲ့ ပါ။ )
Download ( USB Disk Security 5.3.0.20 ပါ ကီးမပါဘူး)
ဇော်သိင်္ခ
Sunday, February 7, 2010
Deep Freeze
Deepfreeze Software လေးကတော့ စက်တစ်လုံးမှာ ကိုယ်သုံး မယ့် ဆော့ဝဲလ်တွေ setting တွေ အားလုံး ပြည့်စုံပြီ ဆိုရင် ဒီဆော့ဝဲလ် လေးကို ထည့်ထားလိုက်ပါ။ ပြီတော့ အဲဒီစက် ကို ကြိုက်သလိုသုံးပါ ကလိချင်တိုင်း ကလိပေါ့ဗျာ…။ Registery ထဲဝင်ကလိလည်း ရပါတယ်။ ကလိလွန်းလို့ ဘာမှ လုပ်မရတော့ဘူး တချို့ဖိုင်တွေလည်း ဖြတ်လိုက်လို့  မတွေ့တော့ဘူး ဆိုရင်တော့ အဲဒီစက်ကို Restart သာ ချလိုက်ပါ။ စောစောက ထည့်ထားတဲ့ Setting အတိုင်း ပြန်ရောက်သွားပါလိမ့်မယ်။ ဒီဆော့ဝဲလ်လေးကိုတော့ အင်တာနက်ဆိုင်တွေ မှာလည်း အသုံး များပါတယ်။ ယူဇာတွေ သုံးချင်ရာတွေ သုံးသွား ကလိချင်တာတွေ ကလိသွားရင် စက်ကို restart ပြန်ချလိုက်တဲ့အခါမှာ.. မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။ သုံးနေရင်းနဲ့ စက်ထဲကို ဗိုင်းရပ်ဝင်ပြီး System file တွေကို ကိုက်သွားလို့ ၀င်ဒိုး ပြဿနာ တက်သွားတယ် ဆိုရင်လည်း စောစောကလို restart သာ ချလိုက်ပါ။ အိုကေသွားပါလိမ့်မယ်။ အသုံးပြုပုံကိုလည်း အသုံးပြုနည်း ဖိုင်လေးနဲ့ တင်ပေးလိုက်တယ်နော်….။
Download ( Version 6.30.20 နဲ့ StandardEvaluation ) Password က 12345 နော်..
Download (Version 5.63 )
Download ( အသုံးပြုနည်း PDF File)
Download ( from Rapidshared )
ဇော်သိင်္ခ
Wednesday, January 27, 2010
CafeSuite
ဒါကတော့ အင်တာနက်ဆိုင်တွေ Net Game ဆိုင်တွေ မှာ အသုံး ပြုကြတဲ့ Cafesuite Software လေးပါ။ Crack ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်။ အသုံးပြုနည်း ကတော့ ကျွန်တော်လည်း သေချာ မသိလို့ ထည့်မပေးတော့ပါဘူး။
CafeSuite 3.49 (15.8MB)
ဇော်သိင်္ခ …
Mp3 Resizer Portable
ဒါလေးကတော့ Mp3 တွေကို မေးနဲ့ပို့ကြတဲ့အခါမှာ သီချင်းရဲ့ ဆိုဒ်က 4MB လောက်ဆိုရင်ကို ဒီက ကော်နက်ရှင်တွေနဲ့ဆိုရင် သိပ်အဆင် မပြေတာ များပါတယ်။ ဒါကြောင့် 4MB ရှိတဲ့ သီချင်းကို 1MB လောက်ထိ ချုံ့ပြီး ပို့တော့ အဆင်ပြေနိုင်လောက်မယ် ထင်ပါတယ်။ ဒါကြောင့် ဒီဆော့ဝဲလ် လေးကို အသုံးပြုပြီး ပို့လို့ရအောင် ပြန်လည် မျှဝေလိုက်တာပါ။ ချုံ့နိုင်တဲ့ Bitrate ကတော့ အများဆုံး 256 kbit ကနေ 8kbit အထိချုံ့ နိုင်ပါတယ်။ အသံကတော့ ချုံ့တဲ့ပေါ်မှာ မူတည်ပြီး အနည်းငယ် တိုးတိုး သွားနိုင်ပါတယ်။ အောက်မှာ ဒေါင်းယူလိုက်ကြနော်………။
Download
ဇော်သိင်္ခ
PDF Creator
ဒါလေးက တော့ PDF ဖိုင် အဖြစ် ပြောင်းချင်ပါတယ် ဆိုတဲ့ သူတွေ အတွက် PDF Creator လေးပါ။ Office files တွေ ပုံတွေကနေမှ PDF File Type အဖြစ် လွယ်လွယ်ကူကူ ပြောင်းလို့ ရတဲ့ Software လေးပါ။
အသုံးပြုပုံက တော့ ဒီဆော့ဝဲလ်လေးကို စက်ထဲတော့ အင်စတော အရင်လုပ်ထားလိုက်ပါ။ ပြီးတော့ ကိုယ်ပြောင်းမယ့် ဖိုင်ကို ဖွင့် Print ထုတ်သလို Print ကို နှိပ် တဲ့အခါမှာ အောက်က ပုံလေးအတိုင်း Printer Name ရွေးတဲ့နေရာမှာ နှိပ်ကြည့်လိုက်ပါ။ အောက်နားမှာ PDF Creator ဆိုတာလေး တွေ့ပါလိမ့်မယ် ။
နှိပ်လိုက်ပါ။ အဲဒါဆိုရင် ဘယ်နားသိမ်းမလဲ ဆိုတဲ့ Box ကလေး ကျလာရင် သိမ်းမယ့်နေရာရွေးပြီး File Name လေးလဲ ပေးပြီးဆိုရင် Save လို့ ဆက်နှိပ်လလိုက်တဲ့အခါမှာ.. သင့်ရဲ့ PDF File လေးကို သင်သိမ်းထားတဲ့ နေရာမှာ တွေ့မြင်ကြရပြီ ဖြစ်ပါတယ်။ Software လေးကိုတော့အောက် မှာ ဒေါင်းယူလိုက်ကြနော်..။
Download
ဇော်သိင်္ခ
Drive Clone Pro
Download
ဇော်သိင်္ခ
Windows 7 Loaders
Windows 7 ကို Laptop တွေမှာ တင်တဲ့အခါ ကြရင် ခွေထဲမှာပါတဲ့  Loaders တွေ နဲ့ က အဆင်မပြေပါဘူးခင်ဗျာ.။ အဲဒီတော့ ကျွန်တော်တို့ Windows 7 ကြီးကို တစ်လပဲ သုံးလို့ ရတော့မှာပါ။ တလ ပြည့်သွားရင် နောက်ထပ် ပြန်တင်ရမယ့်ပုံပါပဲ။ အဲဒါကြောင့် Windows 7 ကို Laptop မှာ အပြည့်အ၀ သုံး လို့ ရဖို့ အတွက် အင်တာနက်ထဲ မှာ မွှေလို့ ရထားတဲ့ Windows 7 Loaders လေးတွေ ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျ။ အင်တာနက်ထဲ မွှေတယ်ဆိုတာ ထက် အထူးသဖြင့် MZ ထဲမှာ ပဲ အများဆုံး မွှေလိုက်လို့ ရတာတွေပါ။ ကျွန်တော်တော့ ဒီ Loader လေးတွေ နဲ့ အဆင်ပြေပါတယ်ခင်ဗျ… အဆင်မပြေတာ ရှိရင်တော့ ပြန်ပြောပေးကြပါ။
1.Download ( Version 1.7.3 )
2.Download ( Version 2.3.3 for Vista & 7 )
3.Download ( Version 1.7.7 )
4.Download ( Version 3.117 for Extreme Edition & others )
5.Download ( Release 24.10.2009 )
6 Download ( 7600 RTM Version 7.0 )
ဇော်သိင်္ခ
PowerDVD 9
ဒီကနေ ဒေါင်း ယူလိုက်ကြပေါ့ဗျာ။
PowerDVD 9 Software လေး ရပြီဆိုရင်တော့ စက်ထဲမှာ အင်စတော လုပ်ပြီး သုံးရင် ဒီအတိုင်း သုံးလို့ ရမှာ မဟုတ်ပါဘူး ခင်ဗျ..
သူ့ ရဲ့ Activation Key လေး တော့ ရမ်းပေးလိုက်မှ သုံးလို့ ရမှာပါ။
အဲဒီအတွက် Activater လေး ကို 4 Shared က နေ တင်ပေးလိုက်တယ်နော်..
Download
အားလုံး အဆင်ပြေပြေ နဲ့ ကိုးရီးယား ကား များများ ကြည်နိုင်ကြပါစေ……….နော်.
ဇော်သိင်္ခ
Tuesday, January 26, 2010
Photoshop Portable
Photoshop Portable ကြိုက်သူတွေ အတွက် Portable လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..
Download (90.52MB)
Adobe Photoshop CS3 Protable
Download (49.18MB)
kothetnaing blog မှ donwload link အားပြန်လည်မျှဝေသည်။
ဇော်သိင်္ခ