Saturday, October 9, 2010
ရယ်ရယ်ပြုံးပြုံး ဟာသများ ၃
Monday, August 2, 2010
ရယ်ရယ်ပြုံးပြုံး ဟာသများ ၂
Wednesday, July 28, 2010
ရယ်ရယ်ပြုံးပြုံး ဟာသများ ၁
Monday, June 28, 2010
ရှေ့နေစကား
ဒီလိုနဲ့ပဲ အလောင်းကို သင်္ချိုင်းပို့ကြတယ်ပေါ့ဗျာ။သင်္ချိုင်းရောက်၊ အသုဘပို့တဲ့သူတွေကလဲ ပြန်ကုန်ကြတော့မှ စဏ္ဍာလတွေကလဲ
Wednesday, June 23, 2010
ဘ၀ အမောပြေ လေးများ
"ဒါ... ဘယ်နှစ်ယောက်မြောက်လဲ"
"၉ ယောက်မြောက်ပါဆရာ..."
"ဟင် ဟုတ်လား..... သားကြောမဖြတ်သေးဘူးလား ....... အမျိုးသားကဘာလုပ်သလဲ.."
"ဆရာရယ်... အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး
တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်.."
သူ့အလှ
သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်....
"သူငယ်ချင်း ..... ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ"
"ဟုတ်လား "
"အေး.... သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ..... မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး... သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ .....
လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး...."
"ဟင်.....ဟုတ်လား........ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့... "
နားလည်မှု
မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး.... ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."
ဘယ်လိုလဲ
ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."
တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."
ပညာရှိ
ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်....
"ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ "
တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်...
"နိမ့်သေးတယ်.... မြင့်တာယူခဲ့"
နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်...
"နိမ့်သေးတယ် "
နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်.....
"နိမ့်သေးတယ်"
နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်.....
"မရဘူး.... နိမ့်သေးတယ်..."
တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်..
"ဆရာခင်ဗျား.... ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံး
စာအုပ်တွေပါခင်ဗျာ..... ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့
ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ......"
"အိမ်း..... နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့
စာအုပ်လိုချင်တာကွ..."
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး
၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး “ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။ ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။ “ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“ ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး “ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက လိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။
Saturday, April 24, 2010
ဘ၀ အမောပြေ
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”
ဒါနောက်ဆုံးပါပဲ !!
သင်္ချာပညာရှင်တစ်ယောက် ရာဇဝတ် မှုတစ်ခုနှင့်် အဖမ်းခံရပြီး သေဒဏ်ပေးခံ ရသည်။
သေဒဏ်ပေးခါနီးတွင် သေဒဏ်ပေးမည့် စစ်သားက ပြောသည်
“ခင်ဗျား နောက်ဆုံးအနေနဲ့ ဆေးလိပ်လေး တစ်လိပ်လောက်မသောက်ချင်ဘူးလား”
“မသောက်ချင်ပါဘူးဗျာ”
“ခင်ဗျားကိုကျွန်တော်တို့ သေနတ် နဲ့ပစ်မသတ်ခင် .. ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒ
တစ်ခု ကိုတောင်းဆိုနိုင်ပါတယ်”
“ခင်ဗျားတစ်ကယ်ပြောတာလား “
“ဟုတ်ပါတယ်ခင်ဗျာ… ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒကိုဖြည့် ဆည်းပေးဖို့
ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်”
ထိုအခါ သင်္ချာပညာရှင်က …….
“ကောင်းပီ… ဒါဆို .. ကျွန်နော်နောက်ဆုံး အနေနဲ့ ဘီယာ ခွက် ၁သန်း
လောက်သောက်ချင်ပါတယ်.. ဒါလေးသောက်ပီးရင်တော့ခင်ဗျားတို့သဘောပါပဲ”
လုံခြုံစိတ်ချရအောင်
ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။
အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ- ကလေး ရဲ့  အမေ အတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော် ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင် ဒါဆို ဘယ်သူ့အတွက်လည်း။
ကလေး–ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင်
စက်ဘီးလည်းစီးနိုင်ပါတယ်၊ ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ်
ဆိုလို့ပါ။
တာဝန်ခံ- တိန်”
ငှက်ကလေး တစ်ကောင်
ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ လှုံ
နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ. သူကလဲ ရှက်တာနဲ.
သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။
ကောင်မလေး – ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး – ငှက်တကောင်ရှိတယ်။
အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။
ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။
ရဲ – မင်းဘာဖြစ်လာတာလဲ။
ကောင်လေး – မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း ကောင်မလေး
တယောက် က ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။ အဲ.နောက်မမှတ်မိတော.ဘူး။
အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။
ရဲ – နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး – အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က ငှက်ကလေးနဲ.ဆော.နေတုန်း
ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။ ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး
ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို.
ပစ်လိုက်တယ်။
Tuesday, March 30, 2010
ရယ်မောစရာ ဟာသလေးများ
တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနား ဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
“မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား. ” …
အိုင်းစတိုင်း
တခါတုန်းက ကမ္ဘာကျော် ရုပဗေဒ ပညာရှင်ကြီး အိုင်းစတိုင်းကို ဧည့်ခံပွဲတခုမှာ အရမ်းလှပတဲ့မိန်းမတယောက်က လာရောက်နှုတ်ဆက်ပါတယ်တဲ့။
” ရှင်ဟာ တကယ်ပါရမီရှင် (Genius) ပါဘဲ။တကယ်လို့ ရှင်နဲ့ ကျွန်မသာပေါင်းဖက်လိုက်ရင် ရှင့်လို ဦးနှောက် ၊ ကျွန်မလိုရုပ်ရည်နဲ့ ကမ္ဘာမှာ အထူး ခြား ဆုံး ပါရမီရှင်လေးတယောက်ကိုမွေးဖွားပေးနိုင်မှာဘဲတဲ့…. ”
အဲဒီတော့ဆရာကြီးအိုင်းစတိုင်းကပြန်ပြောလိုက်ပါတယ်။
” မထင်ပါနဲ့ကွယ် ..တော်ကြာငါ့လိုရုပ်ရည်နဲ့ မင်းလိုဦးနှောက်ရှိတဲ့ ကလေးမွေးလာရင် ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး ကလေးတယောက်ဖြစ် သွားပါ လိမ့်မယ်”
———————————
နောက်ဆက်တွဲ
ဤအကြောင်းကိုကြားသွားတဲ့ သူမိန်းမက အိုင်းစတိုင်းကိုအိမ်ပြန်ရောက်တော့ ဖောက်တာပေါ့ (ခေတ်စကား) “ကျွန်မ နဲရှင်နဲ့ ရတဲ့ကလေးဟာ ရှင်နဲ့ တူပြီး ကျွန်မလိုဦးနှောက်နဲဆို တော်တော် ကံဆိုးတဲ့ကလေး ဖြစ်သွားမှာပေါ့ ..နော်….”
ဒီတစ်ခါအိုင်းစတိုင်ပြန်ပြောလိုက်တာက …
” အေး …ကလေးက ငါနဲ့ တူရင်ကလေး ကံဆိုးတာပေါ့ … ဒါပေမယ့် ငါနဲမတူလို့ကတော့ မင်းကံဆိုးပြီးမှတ် ”
သိတယ်မှတ်လို့
လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျှင် ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေး ရန်ဖြစ် သည်။ တစ်နှစ်ခန့်အကြာတွင်… ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို စားပွဲပေါ်တင်သည်။ မိန်းမကမူ…တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက…
မကျေမနပ်မေးသည်။
” မင်းကငါ့ကို… တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား”
”ရှင်အတော်… နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ…
ခြောက်လလောက်ရှိပြီ’
*****************
ကလေးတွေကြောင့် မဟုတ်ပါ
တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင်အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ် ဆိုပါစို့။ ပညာရေးဝန်ကြီး တဦးဟာ နယ်မြို့လေးကကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီးညာဝန်ကြီး ဆိုရင် လက်အုပ်ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့အခန်းထဲမှာ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့ လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသားတယောက်ကို ဒီကမ္ဘာကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ.. ဆိုပြီး မေးလိုက်ပါသတဲ့။ အမေးခံ ရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့….ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး…. လို့ ပြန်ဖြေလိုက်ပါတယ်။ ၀န်ကြီးလည်း ကလေးတွေရဲ့ ပညာရေး အခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီ ကျောင်းသားလေး က လည်း ခေါင်းကလေးခါပြီး ကျွန်တော်ကဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ ကျွန်တော်လုပ်တာ မဟုတ်ဘူး…. လို့ဖြေပြန်တယ်၊ ၀န်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်း ဆရာမ ဖက်လှည့်ပြီး ဒါဘယ်လို ဖြစ်ရတာလဲဗျ….. လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ ဒါ…. ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာ ကတည်းက ဒီလိုပဲစောင်းနေတာပါ….တဲ့။ ၀န်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။
အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ဆရာကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ်အရိုအသေပြုရင်း အခုလို ရှင်းပြ လိုက်ပါ သတဲ့ဗျာ။
ဝန်ကြီးခင်ဗျာ၊ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ကျောင်းက ရံပုံငွေအခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့
လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ အခုလို တိမ်းစောင်းနေတာပါ။
************************
“ရယ်မောခြင်းသည် အသက်ရှည် ၏ “ တဲ့ အဲဒီဆောင်ပုဒ်လေး အတိုင်း လူတိုင်းလူတိုင်း အချိန်အခါမရွေး ရယ်မော နိုင်ကြမည်ဆိုလျှင် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ မွန်းကြပ်နေမှုများ ၊ စိတ်ဓာတ်ကျနေတာများ ၊ စိတ်သောကရောက်နေတာများ ကင်းဝေးပြီးတော့် စိတ်ပျော်ရွှင်ခြင်းများ ရရှိနိုင်ဖို့ရန် အတွက် ကျွန်တော် မေးထဲ မှာ ဟိုး အရင်က ရောက်ရှိနေသော ဟာသ လေး များ ကို ပြန်လည် ရှာဖွေ ပြီး ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူငယ်ချင်း တို့ အားလုံး လည်း အမြဲတမ်း ရယ်မော ပျော်ရွှင် နိုင်ကြပါစေ လို့ ဆန္ဒပြုရင်း…
ဇော်သိင်္ခWednesday, March 24, 2010
မောင်မလာတော့ဘူးကွယ်
ရှေ.နေကြီး
အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီးဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
” လူကြီးမင်းဟာ …ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေမထည့်နိုင်ဘူးလား ခင်ဗျာ။”
ရှေ.နေကြီးက ပြန်ပြောသည်။
“ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
သေတော့မယ်ဆိုတာ ခင်ဗျားသိသလား”
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
” ကျနော် တောင်းပန်ပါတယ်။ ကျနော် …ဒါတွေကို ဘာမှ မသိပါဘူး”
ရှေ.နေကြီး ဆက်ပြောသည်။
“စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။”
” ကျနော် အထူးတောင်း…တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး”
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
” ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် ”
” ဘုရား…ဘုရား သနားစရာပါလား ခင်ဗျာ ”
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
” အေး… အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ … ဟင် “
” ဘာလဲ … မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား”
” မဟုတ်ပါဘူး….နောက်ဆုံးပေါ် နာရီကို ကြည့်မ၀ဖြစ်နေလို.ပါ ”
” တခြားနာရီတွေထက်… ဘာများသာလို.လဲ ရှင့်”
” အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။
ဥပမာ … ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ ”
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။
” ရှင့် နာရီ မှားပြီ … ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်”
‘ဂျိန်းစ်ဘွန်း’ နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
” အင်း … နာရီက နာရီဝက် တိတိ မြန်နေတာကိုး..”
မောင် မလာ, တော့ဘူးကွယ်
” ကျနော် ဒီကောင်ကို …ဒီနေ. သင်းလိုက်တာဗျ ”
” အဲဒီတော့ …ဘာဖြစ်သလဲ”
“အချိန်းအချက် လုပ်ထားတာတွေကို ဒီကောင် …လိုက်ဖျက်နေရတာပေါ့ “
Tuesday, February 16, 2010
ခင်နဲ့မောင် နှင့် အခြား ဟာသများ
ခင်နဲ.မောင်
> အချက်အပြုတ်……….မောင့်အလုပ်
> ဆန်ဆီဆားလဲ……….မောင်ပါပဲ
> ကလေးထိန်းကျောင်း….. မောင်ပဲကောင်း
> အဖွတ်အလျော်………မောင်ပဲနော်
> သို့သော်…သို့သော်
> အလှပြင်ဆိုင်……..ခင်ပဲထိုင်
> ဗိုလ်ချူပ်ဈေးသွား…..မောင်မတား
> ဆလင်းဘတ်အသစ်…..ခင်အတွက်ဖြစ်
> ဘာပဲပြောပြော……..ခင်သဘော…..။
*******
> သားမက်လုပ်သူက ကျောက်ပြားလုပ်သော ဆိုင်သို.ရောက်လာသည်။
> သားမက် – “ဈေးလဲပေါ၊ ခန်.လဲခန်.ညားတဲ. ကျောက်ပြား တစ်ချပ်လောက် လိုချင်တယ်”
> ဆိုင်ရှင် – “အင်း တချပ်တော.ရှိပါရဲ.။ ဒါပေမယ်. ကျောက်ပြားပေါ်မှာ တခြား
> လူရဲ. နာမည်ထိုးထားတယ်”
> သားမက် -”ကိစ္စမရှိဘူး၊ သွားလေသူယောက္ခမ က စာမဖတ်တတ်ဘူး”
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ..
သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။
နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။
ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။
ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့
လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။
သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား
ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး
သူခိုးထွက်ပြေးသွားခဲ့တယ်။
ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်”
လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ..
ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို
ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။
အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “တောက်…
သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ” လို့
အော်ဆဲလိုက်တော့တယ်။
မောင်မယ်သစ်လွင် ကြိုဆိုပွဲ
ကျောင်းသားသစ်….. ကျွန်တော်ငယ်ငယ်တုန်းက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။
မေမေက ကျွန်တော့်ဆံပင်ကို ကောက်လိုက်တော့ မိန်းကလေးနဲ့ ပိုတူသွားတယ်။
လူတိုင်းက ကျွန်တော့်ကို မိန်းကလေးလို့ ထင်ကြတယ်။
ကျောင်းသားများ ……. မင်းစိတ်ညစ်ရတာပေါ့။
ကျောင်းသားသစ်….. စိတ်ညစ်တာပေါ့ဗျာ။ အတန်းပိုင် ဆရာမကတောင်
ကျွန်တော့်ကို မိန်းကလေးလို့ထင်ပြီး ကောင်မလေးတွေနဲ့ ထိုင်ခိုင်းတယ်။
နောက်တော့ အမေက ကောက်နေတဲ့ ကျွန်တော့်ဆံပင်တွေကို ညှပ်ပစ်လိုက်မှ
ယောက်ျားလေးမှန်း သိသွားကြတယ်။
ကျောင်းသားများ….. ဟာ .. ဒါဆို မင်းတို့အတန်းပိုင် လန့်သွားမှာပေါ့။
ကျောင်းသားသစ်….. ဆရာမ လန့်မသွားဘူး။ ကျွန်တော့်ကို မိန်းကလေးထင်ပြီး
နေ့တိုင်း ကျောင်းကြို ကျောင်းပို့လုပ်နေတဲ့ ကျောင်းသားက လန့်သွားတာ…
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို
လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့်
ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။
ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင်
သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့
ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့
ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ
ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး
အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး
ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို
ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို
ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို
ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။
အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ
ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို
ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို
မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ…
ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ
ဟင်း” ဟူတည်း။
ရယ်မောခြင်းသည် အသက်ရှည်၏။
ဇော်သိင်္ခ
Friday, January 29, 2010
မှတ်သားစရာ
အောင်မြင်မှုဆိုတာထက်
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။
အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။
စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။
“စိတ်ပျက်လိုက်တာ” လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်ပျက်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။
ကိုယ်ကျင့်ကောင်းဖို့
ရိုးသားပါ။
အောင်မြင်နိုင်ဖို့
ကြိုးစားပါ။
မွဲတာဟာ
ရှက်စရာ မဟုတ်ပါဘူး။
ဒါပေမဲ့
မွဲရာက လွတ်အောင်
မလုပ်တာကတော့
ရှက်စရာပါ။
သေချာတာကတော့
သေရမယ်ဆိုတာ တစ်ခုပဲ
သေချာတယ်။
သူများဘ၀ နစ်နာမှ
ကိုယ်ကောင်းစားမယ်
ဆိုတဲ့
အောက်တန်းစားစိတ်မျိုး
ဘယ်တော့မှ
မမွေးမိပါစေနဲ့။
ကံကောင်းချင်ရင်
အမြဲတမ်း စနစ်တကျ
ကြိုတင်ပြင်ဆင်ထားပါ။
ပစ္စည်းတစ်ခု
တန်ဖိုးရှိ-မရှိ
ငွေနဲ့တိုင်းတာ သတ်မှတ်တယ်
လူတစ်ယောက်
တန်ဖိုးရှိ-မရှိ
ပညာ၊ ကိုယ်ကျင့်တရားနဲ့
တိုင်းတာ သတ်မှတ်တယ်။
ဒီစာစုလေးတွေဟာ ဘယ်အချိန်က ဘယ်သူ့ထဲက နေမှ ကျွန်တော့်ထဲ ရောက်နေမှန်း မမှတ်မိတော့ပါဘူး။ လေ့လာမှတ်သားစရာလေးတွေဖြစ်လို့ ပြန်လည် မျှဝေလိုက်ခြင်းပါ။ စာရေးသူ၏ အမည် မသိလို့ မဖော်ပြနိုင်တာကိုတော့ ခွင့်လွှတ်ပါလို့ တောင်းဆိုအပ်ပါတယ်ခင်ဗျ.။
ဇော်သိင်္ခ
Thursday, January 28, 2010
သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင်
သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင်
စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦး ရှိပါသည်။ တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။ ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။
အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊ စိတ်ပြန်လည် လာသည်မှတ်ကာ ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။ ဒါနဲ. ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး
ဆရာဝန် – နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ. သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။ သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ လို စိတ်ပြန်လည်လာလို. ဆေးရုံက ဆင်းခွင်.ပေးလိုက်မယ်။ သတင်းဆိုးကတော. ခင်ဗျားကယ်ခဲ.တဲ. အမျိုးသားလူနာ ခုနလေးကပဲ ရေချိုးခန်းထဲမှာ တံဘတ် နဲ. ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတယ်။ စိတ်မကောင်းပါဘူးခင်ဗျာ။
အမျိုးသမီး – အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊ ကျွန်မကိုယ်တိုင်သူကို. ရေတွေ စိုနေလို. ခြောက်သွားအောင် လှန်းပေးလိုက်ခဲ.တာပါ။
မင်းဘာလို.ငိုနေတာလဲ?
ကလေး နှစ်ယောက် ဆေးခန်းတွင် ဆေးစစ်ရန် ထိုင်စောင်.နေကြသည်။ နှစ်ယောက်မှာ တစ်ယောက်က စတင် ငိုးကျွေးပါတော.သည်။
ပထမကလေး – မင်းဘာလို.ငိုနေတာလဲ။
ဒုတိယကလေး – ငါဒီကို သွေးလာစစ်တာဟ။
ပထမကလေး – အဲဒါ ငိုစရာလား။
ဒုတိယကလေး – သွေးစစ်ရင် ကျွန်တော့ လက်ညိုးကို ဆရာဝန်က အပ်နဲ.ဖောက်မှာလေ။
ထိုအခါမှာတော. ပထမ ကလေး က စတင်ငိုကြွေးပါတော.သည်။ ဒီတော့ ဒုတိယ ကလေးက အံ့အားသင့်စွာဖြင်.။
ဒုတိယကလေး – မင်းက ဘာလို.ငိုရပြန်တာလဲ။
ပထမကလေး – ငါက ဒီကို ဆီးလာစစ်တာလေ။ ဗြဲဗြဲ
ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး
စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )
အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။
ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)
လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
” ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”
ပိုးထိမှာ မပူရတော့ဘူး
သိပ္ပံ အတန်း တခုတွင် လက်တွေ.ချိန်၌ ပိုးကောင် ၄ ကောင်အား ဖန်အိမ် တခုစီတွင် ထည်.၍ စမ်းသပ် ကျရာဝယ်
ပထမ ပိုးကောင် ကို အရက် ထည်.ထားတဲ့ ဖန်အိမ် မှာ ထည်.ထားတယ်။
ဒုတိယ ပိုးကောင် ကို ဆေးလိပ်ငွေ.တွေ ဖြည်.ထားတဲ့ ဖန်အိမ်မှာ ထည်.ထားတယ်။
တတိယ ပိုးကောင် ကို သုတ်ရည်ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။
စတုတ္တ ပိုးကောင် ကို မြေသြဇာ ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။
နောက်တနေ.မှာတော့ ကျောင်းသားတွေ အဖြေကို သွားကြည့်ကျရာဝယ်။
အရက် ထည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
ဆေးလိပ်ငွေ.တွေ ဖြည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
သုတ်ရည်ထည့်ထားသော ဖန်အိမ် က ပိုးကောင် သေသည်။
မြေသြဇာ ထည့်ထားသော ဖန်အိမ် မှ ပိုးကောင် အသက်ရှင်နေသေးသည်။
ဆရာ – ကဲတပည့် တို. ဒီ လက်တွေ. သင်ခန်းစာ ကနေ ဘာတွေ လေ့လာ ခဲ့ရသလဲ သိတဲ.သူလက်ညိုးထောင်။
တပည်. – ကျွန်တော် လေ.လာ ခဲ့တာကတော့ ‘သင်ဘယ်လောက်ပဲ အရက်သောက်၊ ဆေးလိပ်သောက်၊ မိန်းမ၊ယောင်္ကျား ဘယ်လောက် ရူပ်ရူပ် ပိုးထိမှာ မပူရတော.ဘူး’ ။ ဟုတ်တယ် မလား ဆရာ။
မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်
ဆရာမ – ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။
ဂျော်နီ – ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။
ဆရာမ – အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။
ဂျော်နီ – ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ – အင်း မေး။
ဂျော်နီ – အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။
ဆရာမ က ရှက်ရှက် နှင်.
ဆရာမ – အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။
ဂျော်နီ – မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။
ကျောင်းဟာသများ
ဆရာ – မောင်ပု မင်း ရဲ. “ကျွန်တော်.ရဲ. ခွေး” ဆိုတဲ. essay က မင်းအစ်ကိုရေးတာ နဲ. တထပ်ထဲပါလားကွ။ မင်းကူးချ တာလား။မှန်မှန်ပြောစမ်း။
မောင်ပု – ကူးမချပါဘူး ဆရာ၊ ဒါပေ.မယ်. ခွေးက အဲ.ခွေးပဲလေ။
ဆရာ – မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ် မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု – ၁၀ ပါ ဆရာ။
ဆရာ – မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု – ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။
ဆရာ – မာရီယာ ထွက်ခဲ.၊ ဟောဒီ ကမ္ဘာမြေပုံ ကနေ အမေရိကား တိုက်ကို ထောက်ပြစမ်း။
မာရီယာ – ဒီမှာ ပါ ဆရာ။
ဆရာ – မှန်တယ်။ ကဲ ကလေးတို.ရေ အမေရိကား တိုက်ကို ဘယ်သူရှာဖွေ တွေ.ရှိခဲ. သလဲ။
အတန်း – မာရီယာပါ ဆရာ။
ဆရာ – မင်းဘာလို. ကျောင်းနောက်ကျတာလဲ။
တပည်. – ကျောင်းလမ်း ထိပ် က ဆိုင်းဘုတ် ကြောင်.ပါ ဆရာ။
ဆရာ – ဘာ ဆိုင်းဘုတ် တုန်း။
တပည်. – ကျောင်းရှိသည်၊ ဖြေးဖြေးမောင်း ဆိုတဲ.ဟာလေ။
ဆရာ – မောင်ပု၊ ရေ ရဲ. ဓါတုဗေဒ ဖော်မြူလာ ကိုပြောစမ်း။
မောင်ပု – H I J K L M N O
ဆရာ – ဘာတွေ လာပြောနေတာလဲ။
မောင်ပု – ဆရာပဲ မနေ.က သင်တယ်လေ. H to O ဆို။
fwdmail မှ.တဆင့်ပြန်လည် မျှဝေသည်။
ဇော်သိင်္ခ