မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, February 13, 2010

ဖေဖော်ဝါရီ ၁၃

လွန်ခဲ့တဲ့ ၉၅နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်

သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….

နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ….

ချစ်သူကောင်းတစ်ယောက်
ယောက်ျားးကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ

ကိုသူရ ရဲ့ ………..

ဗိုလ်ချုပ်ရဲ့ ၉၅ နှစ်ပြည့်မွေးနေ့အတွက် မနေ့တစ်နေ့ကမှစတင် လေ့လာထားတဲ့ပညာနဲ့ ဂုဏ်ပြုပါတယ် ။
ပထမဦးဆုံးသော SWF သီချင်းဖိုင်လေးလဲဖြစ်ပါတယ်ခင်ဗျား ။

CLICK HERE ( to Listen & to Watch )


ဗိုလ်ချုပ်ရဲ့ ၉၅ နှစ်ပြည့် မွေးနေ့မှာ သူငယ်ချင်းပို့ပေးထားသော မေး မှ ရရှိသော ကဗျာ လေး နဲ့ ကိုသူရ (မိုးသောက်ပန်း) အထူးပြုလုပ်ထားသော ဂုဏ်ပြု အထူးလက်ဆောင် swf file လင့် လေး နဲ့ ပြန်လည် ဂုဏ်ပြု ဖော်ပြေ ပေးလိုက်ပါတယ် ခင်ဗျ………။

ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့