မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, February 14, 2010

ချစ်သူများနေ့ အတွက်

ဖေဖော်ဝါရီ ၁၄

ချစ်သူများနေ့တဲ့…

မနက် အာရုံတက်ကတည်းက..

ကောင်လေးတွေ…

ကောင်မလေးတွေဆီကို..

ချောကလက်တို့ ပန်းစီးတို့ .

သွားပို့ကြသတဲ့…

နေသာချိန်ရောက်တော့လည်း..

ကားလမ်းပေါ်မှာ ဆိုင်ကယ် ကိုယ်စီနဲ့ …

အတွဲလေးတွေ သွားလာနေကြတာ …

အရမ်း လှနေတယ်ကြတယ်ပေါ့ ….

မိန်းလမ်းဘေး တစ်လျှောက်မှာလည်း …

ချစ်တက်သူတို့အတွက်..

ချောကလပ်တို့ ပန်းစီးတို့ ပို့စကဒ်တို့

ရောင်းတဲ့ ဆိုင်လေးတွေက …

အချစ်သီချင်းလေး တွေ သံပြိုင်ဖွင့်လို့

မြိုင်နေကြတယ်ပေါ့ ….

ပန်းစီးလေးတွေကလည်း …

နှင်းဆီပွင့်လေးတွေ …

အစိုလေးတွေရော အခြောက်လေးတွေရော ….

အသည်း ပုံ ချောကလက်လေးတွေ ပို့စကဒ်တို့ ကြားမှာ …

လှနေကြတာပေါ့နော် …

ပန်းစီး ၊ ချောကလက်နဲ့ ပို့စကဒ်လေးတွေ ရတဲ့

ညီမလေးတွေ မမလေးတွေ ကတော့ …

ရင်တွေခုန်ပြီး ပျော်နေရောပေါ့နော် …

မရတဲ့ ညီမလေး တွေနဲ့ မမတို့ကရော ..

ဘယ်သူများ လာပေးမလဲ ဆိုပြီး မျှော်နေမှာ ထင်တယ်နော် …

တကယ်လို့ ဘာမှ မရခဲ့ဘူး ဆိုလျှင်လည်း ..

ဝမ်းမနည်း ကြပါနဲ့ ၊ စိတ်မကောင်းမဖြစ်ကြပါနဲ့ နော် …

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဟာ ..

*ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့ ..

၄၅ ရက်မြောက်နေ့ …

“ကလောဒီယပ်စ်“ ဆိုတဲ့ …

သဘောမကြီးမြတ်တဲ့ ပဒေသရာဇ် …

ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး …

ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့  …

တာနီမြို့က Saint Valentiuns ဆိုတဲ့ …

သူတော်စင်ပုဂ္ဂိုလ်ကြီး ရောမမှာ …

နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ *

(မေးတွေထဲမှာ ပျံ့နေတဲ့ ကဗျာထဲမှ ) ….

ဒီနေ့ဟာ တို့ မြန်မာ ပြည်သူပြည်သားတွေ အတွက် …

အရေး ပါတဲ့ နေ့ တစ်နေ့ မဟုတ်တာကိုတောင် …

အမှတ်ရနေတယ် ဆိုရင်ဖြင့် …

ဒီနေ့ နဲ့ ကပ်လျက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကို

ကိုကို ၊ မမ၊ ညီညီ၊ ညီမငယ် တို့ အားလုံး ကို ..

အမှတ်ရစေချင်ပါတယ် ကွယ် …

ဖေဖော်ဝါရီ ၁၃ ဟာ တို့ နိုင်ငံ ကို …

လွတ်လပ်ရေး ကြီး ရအောင် …

ကြိုးစားပေးခဲ့တဲ့ …

မြန်မာပြည်ကြီးကို ပြန်လည်ထူထောင် ပေးခဲ့ တဲ့ …

ကမ္ဘာက လေးစားရတဲ့ …

မြန်မာ ပြည်သူ ပြည်သားတွေ အားလုံး …

လေးစား ကြည့်ညို အတု ယူထိုက်တဲ့ ..

တို့နိုင်ငံ ရဲ့ ခေါင်း ဆောင် ကြီး

ဗိုလ်ချုပ်အောင်ဆန်း ရဲ့

မွေးနေ့လေ ….

ဒါကြောင့် …..

ဘာမှ အရေး မပါတဲ့ နေ့လေး မှာ …

သိပ်ပြီး စိတ်မကောင်း မဖြစ်ပဲ ..

အရေး ပါတဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ လေး ကို …

နှစ်စဉ် နှစ်တိုင်း အမှတ်ရနေစေချင်ပါတယ် ကွယ်..

ဒါကြောင့် ငယ်စဉ်က ဆိုခဲ့ ရတဲ့ ကဗျာ လေးကို လည်း..

ပြန်လည် အမှတ်ရနေစေချင်တယ် နော်….

ကဗျာလေး က …..

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ပါ။

တထောင့်ကိုးရာတဆယ့်ငါး၊

ရှေ့နေဦးဖာ သား။

ဇာတိနတ်မောက် မကွေးခရိုင်၊

သိကြများခုတိုင်။

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စု သား …“

တဲ့ ……….

အားလုံးပဲ အမှတ်ရနေစေချင်ပါတယ်နော်…


ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့