မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, July 2, 2010

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အစီအစဉ် ဆွမ်းလောင်းပွဲ ကျင်းပမည်



စစ်ကိုင်းမြို့ ၊ စစ်ကိုင်းတောင်ရိုး ၊လပြည့်ဝန်းလမ်း တွင် ၉.၇.၂၀၀၉ ရက် မှ စ၍ သံဃာတော်များအား ဦးဇင်း မွေးနေ့အဖြစ် နတ်သုဒ္ဓါဒံပေါက်ဆွမ်း နှင့်ရေခဲမုန့်များအားကျောင်းအတွင်းမှာပင်ဆပ်ကပ်လှူဒါန်းခဲ့ပြီးထိုနေ့မှစ၍ အလှူရှင်များ နှင့်တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ပြီး ဆွမ်းလောင်းအသင်းတစ်ခုအောင်မြင်စွာ ဖြစ်ထွန်းလာခဲ့ပါသည်။ စစ်ကိုင်းတောင်မှ ဆွမ်းခံထွက်ကြသော သံဃာတော်များ ၏အခက်အခဲများ၊ ကျောင်းတိုက်တိုင်းတွင် အရုဏ်ဆွမ်းမရှိ၍ ဆွမ်းခံပြန်လာမှ သပိတ်ထဲမှ ဆွမ်းအချို့အား အရုဏ်၊ နေ့ဆွမ်းနှစ်နပ်စာ ဘုန်းပေးကြရပါတယ်။ ထို့ကြောင့်ဆွမ်းလောင်းအသင်းမှ ဆွမ်းခံကြွကြသောသံဃာတော်များအား နံနက် အရုဏ် ဘုန်ပေးနိုင်ရန် ၊မုန့်ဟင်းခါးဆွမ်း၊ ကြာဇံချက်ဆွမ်းများစီစဉ်ပေးပြီး၊ ဆွမ်းဟင်းလေးမျိုးဖြင့်အပတ်စဉ် တနင်္လာနေ့တိုင်းလောင်းလှူပေးလျှက်ရှိပါသည်။ ကြားရက်များတွင်လည်း အလှူရှင်ရှိရင် ရှိသလိုပဲလောင်းလှူပေးလျှက်ရှိပါသည်။
            ယခုကဲ့သို့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အောင်မြင်စွာဖြစ်ထွန်းလာရေးအတွက် မေတ္တာရှင် ဆရာတော်အား နယကဆရာတော်အဖြစ်တာဝန်ယူဆောင်ရွက်လျှက် စစ်ကိုင်းမြို့တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော် ၊၀ိပဿနာကျောင်းဆရာတော် ၊ စစ်ကိုင်းမြို့ မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဆရာတော်၊ ရတနာဓူဝံကျောင်းဆရာတော်၊ စစ်ကိုင်းမြို့သောတာပန်ရပ် ကွက်ရပ်/ကျေးသံဃာ့နယကဆရာတော်၊ အောင်မြေသာစံကျောင်းဆရာတော်၊ စစ်ကိုင်းမြို့ မြစင်္ကြာ ပရိယတ္တိစာသင်တိုက်ဆရာတော်၊ စစ်ကိုင်းမြို့ ဇိနောဒယ ပရိယတ္တိစသင်တိုက်ဆရာတော် များ ၏ သြ၀ါဒနဲ့ ကိုခံယူလျှက် အကျိုးတော်ဆောင်ဆရာတော်များ၊ အုပ်ချုပ်ရေး ဆရာတော်များနှင့်အတူ ဥပဋ္ဌာပက အဖွဲ့ဝင်များ ပါဝင်လျှက် ဆောင်ရွက်လျှက်ရှိရာ ယခုလာမည့် ၉.၇.၂၀၁၀ ရက်နေ့တွင်တစ်နှစ်တင်းတင်းပြည့် ပြီဖြစ်၍ အဆိုပါဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ တစ်ခုကျင်းပလိုပါသည်။
        အဆိုပါဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းလောင်းပွဲတွင် ပုံမှန်လောင်းလှူနေသော သာမန်ဆွမ်းလောင်း ခြင်းမျိုးမဟုတ်ပဲ နတ်သုဒ္ဓါဒံပေါက်ဆွမ်း လောင်းလှူဖို့ဦးဇင်းအနေနဲ့ဆန္ဒရှိပါတယ်။ သို့သော် အလှူရှင်များပေါ်၌  မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုနေ့တွင် သြ၀ါဒဆရာတော်ကြီးများ အားပင့်၍ တစ်နှစ်အတွင်းဆောင်ရွက်မှုများ၌ အားနည်း ချက်များ လိုအပ်ချက်များ ကို ဆရာတော်ကြီးများ၏ သြ၀ါဒနဲ့အညီဆက်လက်ဆောင်ရွက်နိုင်ရန် သြ၀ါဒ ခံယူပွဲလည်း ကျင်းပရန်ဖြစ်ပါသည်။
       ဆက်လက်ပြီးထိုနေ့ညတွင် စစ်ကိုင်းမြို့အတွင်း၌ လည်း တရားပွဲတစ်ပွဲကျင်းပရန်လည်းဆန္ဒရှိပါသည်။ ထို့ကြောင့်  ၉.၇.၂၀၁၀ ရက်နေ့တွင်ကျင်းပမည့်ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်ကုသိုလ်ပြုပွဲတွင် အများ ၀ိုင်းဝန်းဆောင်ရွက်မှသာ အဆင်ပြေမည့် ပွဲတစ်ခုဖြစ်၍ ပါဝင်ကုသိုလ်ယူဝိုင်းဝန်ပေးကြပါရန် နှိုးဆော်လိုက်ပါသည်။


       ဆွမ်းလောင်းအသင်းဖြစ်ပေါ်လာမှုအတွက် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော ဆရာတော်ကြီးများနှင့် ဆောင် ရွက်ပေးခဲ့သော အွန်လိုင်းပေါ်မှကူညီပေးခဲ့ကြသောဆရာတော်သံဃာတော်များအား တပည့်တော် ဤနေရာမှပဲ ရှိခိုးဦးခိုက်လျှက် ။ အလှူရှင်များ ဖြစ်ကြသော ကိုဖြိုး၊ ကိုထက်၊ ကိုရန်အောင်၊ကိုကြီး(စင်ကာပူ) မ၀ါဝါခိုင်မင်းနှင့် ဒေါ်နန်းသန္တာအောင်၊ နော်ဝေမှ ဆွမ်းအမကြီးတစ်ဦးအပါအ၀င်နိုင်ငံ အသီးသီးမှအလှူရှင်များ အားလုံးအား အထူး ကျေးဇူးတင်ရှိပါကြောင်း။

       အဆိုပါနေ့တွင်သံဃာတော်များအတွက်ဗလာစာအုပ် နှင့် ဘောပင်များ လှူဒါန်းဖို့နော်ဝေနိုင်ငံမှ အလှူ
ရှင်တစ်ဦးမှ စာရင်းပေးထားပြီးဖြစ်ကြောင်း
မန္တလေးမြို့ MAM Computer Center မှ ၃၀၀၀၀ (သုံးသောင်းကျပ်)လှူဒါန်းထားပါသည်။

ကိုဖြိုး၊ကိုထက် ရေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေးမှ ၉.၇.၂၀၁၀ ရက်နေ့ ညတရားပွဲ တရားပွဲအတွက်
ကုသိုလ်ပြုကြပါမည်။

  1.   မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ( ၉၉၀၀၀ ကျပ်)
  2.   မသန္တာဝင်း ( စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး ) အတွက် ( ၂၁၀၀၀ ကျပ် )
  3.  မမေမြတ်နိုးခိုင် (မြန်မာပြည်) သံဃာတော် ( ၉ ပါး ) အတွက် အလှူငွေ (၁၈၉၀၀ ကျပ်)
  4.   ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)မှ သံဃာတော် (၅၀)အတွက် (s$150)
  5.   ကိုကြီး {ကိုရီး} မှ သံဃာ အပါး၁၀၀ အတွက် ၂၁၀၀၀၀ နှစ်သိန်းတစ်သောင်းကျပ်
  6.   ကိုဟန်လင်းအောင်+မကြည်စင်သန့်  (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်    အလှူငွေ ၁၅၀၀၀၀ ကျပ်  (စင်္ကာပူဒေါ်လာ ၁၅၀)
  7.  ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှ      သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
  8.   ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
  9.  မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်       (စင်္ကာပူဒေါ်လာ ၉၀)
  10. ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀    ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
  11.  မသီတာဇော်မင်း (ဂျပန်)မှ  သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
  12.  မဘုတ်ဆုံ(စင်္ကာပူ)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
  13. ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်ကာပူ) သံဃာတော် (၁၀)ပါးအတွက် ၂၁၀၀၀ကျပ်

ဆက်လက် ၍ အလှူရှင်များစာရင်းအား update ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


0 comments:

 
^ထိပ်ဆုံးသို့