မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, June 10, 2012

၁၀.၆.၂၀၁၂ မချိုမော်ဟန် (ဘန်ကောက်) ၏ မွေးနေ့အလှူ

သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လပြည့်ကျော် (၆) ရက်  တနင်္ဂနွေနေ့

အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ကုသိုလ်ရှင်

ဦးလှဘုန်းမြင့် + မချိုမော်ဟန်၊ သမီး- သဲသက်ဇွန်၊ စိမ့်နှင်းမွန်  မိသားစု(ဘန်ကောက်) မှ
မချိုမော်ဟန် ၏ မွေးနေ့အလှူ
  ဖြစ်ပါတယ်။

အရုဏ်ကြက်သား ကြာဇံဟင်းခါး ကပ်လှူခဲ့ပြီး
နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် အလှူရှင် မိသားစုမှ ကိုယ်တိုင်လာရောက် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့  အလှူရှင် မိသားစုတို့နှင့်အတူ မွေးနေ့ရှင် မချိုမော်ဟန်  တို့သည် ယခုလို ဆွမ်းလောင်းလှူရသော  ကုသိုလ်ကံစေတနာတို့ကြောင့်  ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီးလျှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင် ပြည့်စုံ၍ သာသနာအကျိုး လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှ ဆုတောင်း ပေးလိုက်ပါတယ်။

Inline image 9

Inline image 10

Inline image 18

Inline image 11

Inline image 12

Inline image 13

Inline image 14

Inline image 15

Inline image 16

Inline image 17

Inline image 8


Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။







0 comments:

 
^ထိပ်ဆုံးသို့