မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, April 12, 2013

"လမင်းအိမ်" စာပေနှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့ ) ကောင်းမှု အလှူ 12.4.2013

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ခူးလဆန်း (၂) ရက် ၊ ၁၂.၄.၂၀၁၃ သောကြာနေ့

အရုဏ် နို့ယာဂုဆွမ်းကပ်လှူခြင်းနှင့် နေ့ဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

"လမင်းအိမ်" စာပေနှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့ ) ကောင်းမှု အလှူ

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်ဥချက်
ပဲစာဥ
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။























အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


1 comments:

sanchesginger@gmail.com said...

I have never been to Asia and that would be so wanderful to get to know something about the people like that. resume services for you I need your article to follow.

 
^ထိပ်ဆုံးသို့