မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, February 20, 2012

မေတ္တာရှင်ဆရာတော် အရှင်ဇ၀န (ရွှေပြည်သာ) တရားပွဲ(စင်္ကာပူ) ဖိတ်ကြားလွှာ


မေတ္တာရှင် ရွှေပြည်သာ ဆရာတော် တရားပွဲကို အောက်ပါ တရားပွဲဖိတ်စာပါ အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသောကြောင့် ဆွမ်းလောင်းအသင်း အလှူရှင်များ အားလုံး နှင့်တကွ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား လေးစားခင်မင်စွာဖြင့် ဖိတ်ကြားအပ်ပါတယ်။

ပထမနေ့တရားပွဲ-

နေ့ရက်- (၃.၃.၂၀၁၂) စနေနေ့
အချိန် - ညနေ (၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-

Poh Ern Shih Temple ,
No.9 Chwee Chian Road,
ှSingapore 117488

---------------------
ဒုတိယနေ့ တရားပွဲ-

နေ့ရက်- (၄.၃.၂၀၁၂) တနင်္ဂနွေနေ့
အချိန် - ညနေ(၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-

Function Room 1,
The Arena Country Club,
511 upper Jurong Road,
Singapore 638366,

Near ( Joo Koon MRT)


တရားပွဲကို http://www.mettashinfoundation.org မှလည်း တိုက်ရိုက်ထုတ်လွင့်သွားပါမည်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Wednesday, February 8, 2012

မေတ္တာရှင်ရွှေပြည်သာ ဆရာတော်၏ သက်တော် (၄၈)နှစ်ပြည့် ဝိဇာတ မင်္ဂလာ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ၊ ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏ သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို ၁၃၇၃ ခု၊ တပိုတွဲလပြည့်နေ့ ၇.၂.၂၀၁၂ အင်္ဂါနေ့ နံနက် (၅)နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတည်ရှိရာ သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပရာ စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးတော်မူကြသော သံဃာ အပါး (၁၀၀၀) ကျော်တို့အား အာရုဏ်ကြက်သား ကြာဇံဟင်းခါးဆွမ်းကပ်လှူပြီးနောက်၊ နတ်သုဒ္ဒါဆွမ်းနှင့် စာရေးတံမဲများကို ဆရာတော်နှင့် တပည့်သာဝကများမှ ဆက်ကပ်လောင်းလှူခဲ့ကြပါတယ်။

မနက် (၉) နာရီအချိန်တွင် အကယ်ဒမီ ဒေါ်ချိုပြုံးနှင့် တေးဂီတ ပညာရှင်များမှ ဆရာတော်အား ဓမ္မပူဇာတေးများ ဖြင့် ပူဇော်ကန်တော့ခဲ့ကြပါတယ်။

ည (၈) နာရီခွဲ အချိန်တွင် ဆရာတော၏် တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော မော်တော်ကား ရေစက်ချပွဲ ဓမ္မသဘင်ကို ကျင်းပခဲ့ပါတယ်။

7520613.jpg

7520615.jpg

7520616.jpg

7520799.jpg

7520798.jpg

7520617.jpg

7520618.jpg

7520619.jpg

7520621.jpg

7520622.jpg

7520623.jpg

7520624.jpg
သီတဂူကြယ်တစ်ပွင့် ဆရာတော်မှ ဆရာတော်အား မွေးနေ့လက်ဆောင်ပေးအပ်လှူဒါန်းပုံ

7520625.jpg

7520626.jpg

7520627.jpg

7520629.jpg

7520797.jpg

7520633.jpg
7520634.jpg



--
ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ

Saturday, February 4, 2012

သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမင်္ဂလာ ဖိတ်ကြားလွှာ

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ ၊

ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊ ရပ်စောက်မြို့

ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏

ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏

သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ကျင်းပပူဇော်မည်ဖြစ်ပါ၍

ကြွရောက်တရားနာ ကုသိုလ်ယူနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

+++ အခမ်းအနားအစီအစဉ်များ +++

နေ့ရက်- ၁၃၇၃-ခု၊ တပိုတွဲလပြည့်နေ့၊ (၇-၂-၂၀၁၂) အင်္ဂါနေ့ ၊

နံနက် ၅ နာရီခွဲအချိန်တွင် သံဃာ အပါး(၁၀၀၀) တို့အား နတ်သုဒ္ဒါဆွမ်းနှင့်စာရေးတံမဲများ

လှူဒါန်းမည်ဖြစ်ပါသည်။

နံနက်ခင်း ၉ နာရီအချိန်တွင် အကယ်ဒမီဒေါ်ချိုပြုံးနှင့် တေးဂီတရှင်များမှ ဆရာတော်အား

ပူဇော်မည်ဖြစ်ပါသည်။

ည (၈း၃၀) နာရီ အချိန်တွင် ဆရာတော်အား တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော

မော်တော်ကားရေစက်ချပွဲ ဓမ္မသဘင်ဖြစ်ပါသည်။

နေရာ - သဒ္ဓမ္မပါလကျောင်းတိုက်၊ လပြည့်ဝန်းလမ်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ ။

အကုသိုလ် ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်း ဖြစ်သည်။ စိတ်လည်းဆင်းရဲသည် ။ အပါယ်သို့လည်းသွားသည်။ ကုသိုလ်စိတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုကြည့်လျှင် ကုသိုလ်လည်းရသည်။ စိတ်လည်းချမ်းသာသည်။ နိဗ္ဗာန်နှင့်လည်း နီးသည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နှင့်သာဝကများ

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ



Thursday, January 26, 2012

စင်္ကာပူနိုင်ငံတွင် မေတ္တာရှင် ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ)၏ တရားပွဲ ဖြစ်မြောက်ရေး အလှူရှင်များ။


အလှူတကာ့အလှူတွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်ပေသည်။

မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အလှူရှင်များစုပေါင်း၍ စင်္ကာပူနိုင်ငံတွင် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ)၏ တရားပွဲကျင်းပနိုင်ရန်အတွက် အလှူငွေများ ကောက်ခံလျှက်ရှိရာ အောက်ပါ အလှူရှင်များက စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ဆက်သွယ် လှူဒါန်းခဲ့ကြပါသည်။

စင်္ကာပူတရားပွဲသို့ ကြွရောက်မည့် မေတ္တာရှင်ဆရာတော်၊ဦးဇင်း ဦးကောဝိဒ၊ကပ္ပိယ တစ်ဦးတို့အတွက် လေယာဉ်လက်မှတ်သွား-ပြန် အလှူရှင်-

ကိုမျိုးဦး+မခိုင်ခင်ဝင်း၊သမီးလေး-သန့်အိနြေ္ဒဦး မိသားစု (စင်္ကာပူ)မှ (စင်္ကာပူဒေါ်လာ ၁၀၀၀)

စင်္ကာပူတွင် ဆရာတော်တို့ တည်းခိုရန်အတွက် တည်းခိုခန်းခ အလှူရှင်များ နဲ့ တရားဟောခမ်းမ အလှူရှင်များ-

၁.ကိုရန်နိုင် + မသီတာ (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၂၅၀

၂.ကိုဌေးအောင် (ဒိန်းမတ်) စင်္ကာပူဒေါ်လာ ၂၀၀


၃.ကိုမင်းကောချမ်း+ မစန္ဒာအောင်၊သား-မင်းကွန်ချမ်း (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀၀


၎.ကိုထွန်းထွန်း (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀၀

၅.မခင်ဖြူစင် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀၀


၆.မဖြူဖြူသန့် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၅၀

၇.မအေးသန္တာ (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၅၀


၈.မမေလွင်ဖူး (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၃၀

၉.မမိမိနိုင် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၃၀

၁၀.မဖြူဖြူခိုင် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၃၀


၁၁.ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀၀

၁၂.Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊သမီးလေး-မေမြတ်နိုးခိုင် မိသားစု (ရန်ကုန်) စင်္ကာပူဒေါ်လာ ၁၀၀

၁၃.ကိုဥာဏ်အေး+မနှင်းဝတ်ရည် ၊သမီးလေး -နိုရာဆောင်း မိသားစု (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၅၀


၁၄.ကိုသန့်ဇင်ဟိန်း+မသူသူထက်(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၅၀


၁၅.မနှင်းသန္တာထွန်း(စင်္ကာပူ) မှ စင်္ကာပူဒေါ်လာ ၃၀


၁၆.ဦးကျော်မြင့်မိသားစု(စင်္ကာပူ) စင်္ကာပူဒေါ်လာ ၂၀၀

၁၇.မဖူးသက်ပိုင်(စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀

၁၈.ဦးဝင်းထွဋ် မိသားစု (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၃၀

၁၉.မမေမြတ်မွန် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၃၀

၂၀.မလင်းလင်းခိုင် (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀

၂၁.ကိုဦး မိသားစု (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၁၀

၂၂.ဦးသောင်းညွန့်+ဒေါ်နော်ဆဲဖော မိသားစု (စင်္ကာပူ) စင်္ကာပူဒေါ်လာ ၂၀

၂၃.ကိုထူးအောင်+မနှင်းယုယုကို ၊ သမီး-မမေဖြူသွယ်၊ မကြည်လဲ့ဖြူ မိသားစု(စင်္ကာပူ)
စင်္ကာပူဒေါ်လာ ၁၀၀

-------------------------------------------------------
စုစုပေါင်း လက်ခံရရှိငွေ ( ၁၆၈၀ စင်္ကာပူဒေါ်လာ)
-------------------------------------------------------

ဆရာတော်များ စင်္ကာပူတွင် သီတင်းသုံးနေစဉ်အတွင်း နေ့ဆွမ်းအလှူရှင်-

၁.ကိုမျိုးဦး+ မခိုင်ခင်ဝင်း၊သမီးလေး-သန့်အိနြေ္ဒဦး မိသားစု မှ နေ့ဆွမ်းတစ်ရက်ဆက်ကပ်ပါမည်။

၂.ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု မှ နေ့ဆွမ်းတစ်ရက် ဆက်ကပ်ပါမည်။


အလှူငွေများကို ဆက်လက်ကောက်ခံလျှက်ရှိနေပါသောကြောင့် တရားပွဲဖြစ်မြောက်နိုင်ရေးအတွက် စေတနာ သဒ္ဓါတရားထက်သန်သူ အလှူရှင်များအနေနှင့် ဆက်သွယ် လှူဒါန်းခြင်းဖြင့် တရားအလှူကုသိုလ်ရှင်များ ဖြစ်နိုင်ကြပါတယ်ရှင်။

တရားပွဲ အစီအစဉ်မှာ ဧပြီလပထမပတ်လောက်တွင် ကျင်းပနိုင်ရန် ခန့်မှန်းထားပါသောကြောင့် အလှူရှင်များအနေနဲ့ အလှူငွေများကို ကြိုတင်ဆက်သွယ်ကာ စာရင်းပေးထားနိုင်ကြပြီး အလှူငွေများကို မတ်လကုန်အထိ နောက်ဆုံးထား၍ ထည့်ဝင်နိုင်ကြပါကြောင်း လေးစားစွာဖြင့် အသိပေးနှိုးဆော်လိုက်ရပါတယ်ရှင်။

ဆက်သွယ်လှူဒါန်းရန်-
ဒေါ်ဝါ၀ါခိုင်မင်း(ရန်ကုန်)
nanwarwarmg2009@gmail.com
Ph-09 73095851

ကိုဥာဏ်အေး(စင်္ကာပူ)
minlinkar21@gmail.com
လေးစားစွာဖြင့်
ဝါ၀ါခိုင်မင်း

**************
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Sunday, January 22, 2012

ထလော့ မြန်မာ

7399321.png

ထလော့ မြန်မာ

ထလော့ မြန်မာ - အိုမြန်မာတို့

ဒို့ရွာ ဒို့မြေ - ဒို့ရွာမြေဝယ်

စေတီစပါး - များလဲများ၏

များပါလေလဲ - တမွဲမွဲနှင့်

ဆင်းရဲကသာ - ကာလကြာလျှင်

ရာဇကာမျိုး - တညှိုးညှိုးနှင့်

ပုထိုးမြင့်ဟောင်း - ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျှက် - မစားလေရ ဝမ်းမဝ၍

ဆွမ်းမျှမတင်နိုင် - ရှိမည်တည်း။ ။

ထလော့မြန်မာ - အိုမြန်မာတို့

ဒိုရွာ ဒို့ပြည် - ဒိုရွာမြေဝယ်

ရေချိုသောက်ရန် - မြစ်ချောင်းကန်နှင့်

သီးနှံချိုပြား - များလဲများ၏

များဘိလေလဲ - တမွဲမွဲနှင့်

ဆင်းရဲကသာ - ကာလကြာလျှင်

မြင်သာမြင်ရ - မစားရ၍

တောကပြိတ္တာ - ဖြစ်မည်တည်း။ ။

ထလော့မြန်မာ - မြန်မာထလော့

အားမပျော့နှင့် - မလျှော့လုံ့လ

ကိုယ်ကစ၍ - ငါကအားလုံး

လက်ရုံးများမြောင် - ဉာဏ်များမြောင်နှင့်

ဆောင်ကြလေ - ဆောင်ကြလေလော့

ဤမြေ ဤရွာ - ဘယ်သူ့ရွာလဲ

ဤသာသနာဟာ - ဘယ်သူ့သာသနာလဲ

ထလော့တာဝန် - ကျေလော့လုပ်ငန်း

ဉာဏ်ရှေ့မှန်း၍ - တဝမ်းတစိတ် ညီစေသတည်း။ ။


ဆရာ ဇော်ဂျီ ကဗျာလေးကို အမှတ်တရ အနေနဲ့ ပြန်လည်ရေးသား ဖော်ပြပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်…

ဇော်သိင်္ခ


 
^ထိပ်ဆုံးသို့