မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, November 5, 2011

ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းခြင်း

6908381.jpg

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေဘေးသင့် ပြည်သူများဆီသို့ ရေဘေးထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ လမ်းညွှန်မှုဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း)မှ ဦးဇင်းဦးကောဝိဒ ဦးဆောင်၍ မေတ္တရှင်ဖောင်ဒေးရှင်း အဖွဲ့(မူဆယ်) တို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိကြပြီးနောက် ပခုက္ကူမြို့နယ် ကမ္မရွာအနောက်ဘက် ဂျိုးပျံ ကျေးတွင် ခေတ္တ စခန်းချ ထားခဲ့ပြီးနောက် ခရီးသွားလာရေး ခက်ခဲသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမှုနည်းပါးသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်အတွက် စုံစမ်းခဲ့ပါသည်။ နောက်နေ့တွင် ခရီးသွားလာရန် အလွန်ခက်ခဲသော ပခုက္ကူမြို့နယ်အဆုံး ဂဝံလေးတိုင် ကျေးရွာ နှင့် ပေါက်မြို့နယ် အဆုံး ကျွန်းရင်း ကျေးရွာ များသို့ ခက်ခဲကြမ်းတမ်းသော တောတောင်တွေကြားရှိ လမ်းများကို ဖြတ်သန်းပြီး ဂဝံလေးတိုင်ကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရွာမှတဆင့် လှေများဖြင့် ယောချောင်းကို ဖြတ်သန်းပြီးနောက် ကျွန်းရင်းကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရှိ ရေဘေးသင့် ပြည်သူများအားလုံးတို့နှင့် ထိုရွာရှိ အိမ်ထောင်စုဝင်အားလုံးတို့အား အဝတ်အထည်များ၊ ဆောင်များ၊ ဇလုံပန်းကန်ဇွန်း၊သောက်ရေခွက်များ၊ ဆန်၊ ဆီ များနှင့် အလှူငွေတို့ ဖြင့် ကာယကံမြောက် ပေးဝေ လှူဒါန်းခဲ့ကြပါသည်။ မူဆယ်မြို့ရှိ “လမင်းအိမ်”စာပေမှ ကျွန်းရင်းရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်၊ ကာယကံမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(မူဆယ်)မှ အလှူငွေကျပ် ဆယ်သိန်း၊ ဦးကောဝိဒမှ အလှူငွေတစ်သိန်းကျပ်နှင့် ယော ချောင်းကိုဖြတ်သန်းသွားလာရန်ခက်ခဲသောကြောင့် အဆင်ပြေစေရန်အတွက် “လှေ”ဝယ်ရန်အတွက် လေးသိန်းကျပ်တိတိ၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုင်ကယ် တစ်စီးတို့ကိုလည်း လှူဒါန်း ပေးခဲ့ပါသည်။

ထိုနေ့ညနေပိုင်းတွင် ဂဝံလေးတိုင် ကျေးရွာသို့လည်း ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများကို ကာယကံမြောက်ပေးဝေ လှူဒါန်းကြပြီးနောက် ထိုကျေးရွာမှတစ်ဆင့် တခြား သွားလာရခက်ခဲသော ကျေးရွာများသို့လည်း သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကိုပေးဝေ လှူဒါန်းခဲ့ကြပါသည်။ ဦးကောဝိဒ ဦးဆောင်သော မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ တို့သည် ဂျိုးပျံ ကျေးရွာတွင် ယာယီစခန်းချ ၍ ထိုကျေးရွာမှတဆင့် ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေကို ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက်လှူဒါန်းလျက်ရှိနေပါသည်။

6908340.jpg


6908342.jpg


6908345.jpg


6908346.jpg


6908348.jpg


6908349.jpg


6908350.jpg


6908352.jpg


6908353.jpg


6908354.jpg


6908355.jpg


6908356.jpg


6908357.jpg


6908359.jpg


6908361.jpg


6908363.jpg


6908365.jpg


6908366.jpg


6908368.jpg


6908369.jpg


6908378.jpg


6908377.jpg


6908380.jpg


6908382.jpg


6908383.jpg


ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

Saturday, October 22, 2011

မန္တလေးဗုဒ္ဒတက္ကသိုလ်ကျောင်းတော်ကြီး ပြီးမြောက်ရေး အထူးတရားပွဲ

ဗုဒ္ဓတက္ကသိုလ် အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ၏ ဗန်းမော်ကျောင်းတိုက်၌ တည်ဆောက်လျှက်ရှိသော မန္တလေး ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြီး ပြီးမြောက်အောင်မြင်ရေးအတွက် အထူးတရားပွဲကို ဆရာတော်ကြီးများမှ အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်မည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမြှော်၍ နှိုးဆော် အပ်လိုက်ပါသည်။

6803928.jpg

တရားပွဲကုသိုလ်ရှင်

ကျေးဇူးရှင်မိခင်ကြီးဒေါ်တင်ထိုက်အားအမှူးထား၍ သားသမီးများကောင်းမှု၊

ရှမ်းပွဲရပ်၊ ၈၁လမ်း၊ ၄၂x၄၃ကြား၊ မန္တလေးမြို့။

6803932.jpg

တရားပွဲကုသိုလ်ရှင်

ဦးဌေးကို+ဒေါ်မာတင် မိသားစု

စိန်ပန်းရပ်၊ မန္တလေးမြို့။

6803930.jpg

တရားပွဲကုသိုလ်ရှင်

ဦးယုသွင်+ဒေါ်သီတာသိန်း မိသားစု

သိန်းတန် ဆပ်ပြာဝန်း၊ ၃၃လမ်း၊ ၈၅x၈၆လမ်းကြား၊ မန္တလေးမြို့။

6803929.jpg

တရားပွဲကုသိုလ်ရှင်

ဖခင်ကြီး ဦးတင့်လွင်ကို အမှူးထား၍

သမီးမရှု့တိုင် (လိပ်ပြာအထည်ဆိုင် ဈေးချို)

မန္တလေးမြို့။


6803931.jpg

ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့