မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, November 25, 2011

ခေတ်သစ်ပုံပြင် (၁)

7034164.jpeg

ကြက်တူရွေး ဆရာကြီး


တစ်ခါတုန်းက မြို့လေးတစ်မြို့ရဲ့ ဈေးရှေ့ကို ကြက်တူရေးရောင်းတဲ့လူတစ်ယောက် ရောက်လာသတဲ့။

သူ့မှာ ကြက်တူရွေး ၃ ကောင်ပါလာတယ်။

ဘယ်ဘက်ပခုံးပေါ်မှာ တစ်ကောင်၊ ညာဘက်ပခုံးပေါ်မှာ တစ်ကောင်နဲ့ ခေါင်းပေါ်မှာတစ်ကောင်။

ကြက်တူရွေးရောင်းရန်ရှိတယ်လို့ အော်နေတဲ့အတွက် လူတစ်ယောက်က ဈေးလာမေးတယ်။

ညာဘက်ကြက်တူရွေးက ၅၀၀၀ ကျပ်၊ လို့ ပြောရုံရှိသေး။

အဲဒီလူက ဘာမှ မမေးတော့ဘဲ လှည့်ပြန်သွားသတဲ့။

ကြက်တူရွေးတစ်ကောင် ၅၀၀၀ ကျပ်ဆိုတာ များလွန်းလို့ ယူဆသွားပုံရတယ်။

လူစကားပြောတဲ့ကြက်တူရွေးတွေ ရောင်းဖို့ရှိတယ်လို့ အကျယ်ကြီးအော်ပြောတော့မှ လူတွေက စိတ်ဝင်စားပြီး အနားကပ်လာကြတယ်။

မိန်းမ ယောက်ျား ၁၀ ယောက်လောက်တော့ရှိမယ် ထင်တယ်။

အဲ့ဒီထဲက အသားဖြူဖြူအရပ်ရှည်ရှည် ထိပ်ပြောင်ပြောင်နဲ့ လူတစ်ယောက်က မေးတယ်။

“ညာဘက်ကြက်တူရွေးက ဘယ်လောက်လဲ”

ရောင်းသူက “ ၅၀၀၀ ကျပ်”

“ ဟာ… များတာပေါ့။ သူက ဘာအရည်အချင်းတွေ ရှိလို့လဲ။” “ သူက တရုတ်ကားတွေ၊ ကိုရီးယားကားတွေ ကြည့်ပြီး မြန်မာလိုဘာသာပြန်တက်တယ်။”

“နိပ်ဟ… ဝယ်သွားပြီး ကိုရီးယားကားတွေ ငှားကြည့်မယ်။ ကြက်တူရွေးကို ဘာသာပြန်ခိုင်းမယ်၊ ငါးထောင်… အေးအေးဆေးဆေး တန်တယ်” လို့ ဝဝတုတ်တုတ် အသားညိုညို ရွှေသွားတဝင်းဝင်း နားကပ်တလက်လက်၊ လက်ကောက်တရွှင်ရွှင်နဲ့ မိန်းမကြီးက ဘေးကလူတွေကြားအောင် ပြောနေတုန်း။

ပိန်ပိန်သေးသေး ပုပုညှက်ညှက် အသားမည်းမည်း ကောင်မလေးတစ်ယောက်က “ဘယ်ဘက်ပခုံးက ကြက်တူရွေး ဈေးဘယ်လောက်လဲ” လို့ လှမ်းမေးလိုက်တယ်။

ပုံစံကြည့်ရတာ ဝယ်နိုင်ပုံလည်း မပေါက်ဘဲနဲ့ ဈေးမေးနေသေးတယ်လို့ ဘေးက အတင်းပြောနေကြသေးတယ်။

ကြက်တူရွေးရောင်းတဲ့သူက စိတ်ရှည်သလားမမေးနဲ့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်။

“ဘယ်ဘက်ကြက်တူရွေးက တစ်သောင်းကျပ် ကြိုက်ရင် ဝယ်သွား။ တစ်ပြားမှ မလျှော့ဘူး” လို့ ခပ်တင်းတင်းပြောလိုက်သတဲ့။

“ ဟင်း……… သူ့ကြက်တူရွေးက ဘာတွေတက်လို့ ဈေးမြောက်နေရတာလဲ” လို့ သူကြားအောင် အကျယ်ကြီးပြောလိုက်သတဲ့။

“တက်မှတက်၊။ တရုတ်ကား။ ကိုရီးယားကားတွေကြည့်ပြီး ဘာသာပြန်တက်တဲ့အပြင် အင်တာနက်ကြည့်ပြီး အီးမေးလ်တောင် ပို့တက်တယ်။”

“နိပ်ပါ့… နိုင်ငံခြားက သားသမီးတွေဆီကို အီးမေးလ်ပို့ခိုင်းရမယ်။ ကိုယ်က ပါးစပ်နဲ့ပြောသမျှ သူက ကွန်ပျူတာနဲ့ရိုက်ပြီး အီးမေးလ်ပို့ပေးနိုင်တယ်ဆိုရင် တန်တယ်။ တစ်သောင်းကျပ် ပေးမယ်။”

လူခပ်ထွားထွား ကတုံးနဲ့ထီးကောက်ကြီးချိတ်ထားတဲ့ လူတစ်ယောက်က ဝင်ပြောလိုက်တယ်။

အရောင်းအဝယ်ကတော့ အဆင်ပြေမယ့်ပုံပဲ။

အဲဒီအချိန်မှာ ပိန်ပိန်ရှည်ရှည် ဝေလေလေပုံစံပေါက်တဲ့ လူတစ်ယောက်က “ ခေါင်းပေါ်က ကြက်တူရွေးက ဘယ်လောက်လဲဗျ” လိုက အကျယ်ကြီး အော်မေးလိုက်တယ်။

“အဲဒီကြက်တူရွေးကတော့ တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်။ ကြိုက်ရင်ဝယ်။ တစ်ပြားမှ မလျှော့နိုင်ဘူး။”

“ဒီလောက်ဈေးကောင်းနေပြီဆိုတော့ ပညာတွေ အရမ်းတက်လို့နေမှာပေါ့နော်။” လူတစ်ယောက်က ဝင်ထောက်လိုက်တယ်။ ကြက်တူရွေးရောင်းသူက အားကျမခံ ပြန်ဖြေတယ်။

“အဲဒီကြက်တူရွေးက ဘာပညာတွေတက်ထားမှန်း ကျုပ်တော့ မသိဘူး။ ဒါပေမဲ့ ဘယ်ဘက်ပခုံးပေါ်က ကြက်တူရွေးနဲ့ ညာဘက်ပခုံးပေါ်က ကြက်တူရွေး နှစ်ကောင်စလုံးက အဲဒီကောင်ကို ဆရာကြီးလို့ ခေါ်တဲ့အတွက်… တစ်သောင်းခွဲကျပ် ရမှ ရောင်းနိုင်မယ်” တဲ့။

ကဲ…… ကြည့်။ ကြက်တူရွေး ရောင်းတဲ့သူက ဘုမသိ ဘမသိ ပညာတက်ကြက်တူရွေးနှစ်ကောင်က ဆရာကြီး ခေါ်တာနဲ့ပဲ ဈေးကို စွတ်တင်ထားလိုက်တော့တာပဲ။

ဆရာကြီး အခေါ်ခံရပြီဆိုတာနဲ့ ဈေးကြီးသွားပြီးလား။

အမှန်တကယ်တက်ကျွမ်းပြီး နှစ်ကောင်စလုံးက တကယ်ပဲ လေးလေးစားစားနဲ့ ဆရာကြီးလို့ ခေါ်ရတဲ့ ကြက်တူရွေးလား။

ဟိတ်ဟန်နဲ့ အကြံအဖန်လုပ်ပြီး ဆရာကြီးအဖြီးအဖြန်းလား။

ဈေးကွဲတဲ့အချိန်အထိတော့ အဲဒီကြက်တူရွေးဝယ်သူမရှိသေးကြောင်းပါခင်ဗျား…..။

အုန်းပင်ပေါ်က မျောက်အသည်းနှလုံး

တစ်ခါတုန်းက မြစ်ကမ်းစပ်တစ်ခုမှာ မိကျောင်းလင်မယား ရှိသတဲ့။

အဲဒီ မြစ်ကမ်းစပ်က အုန်းပင်ပေါ်မှာ မျောက်တစ်ကောင်လည်း နေသတဲ့။

တစ်နေ့ကျတော့ မိကျောင်းမက ကိုယ်ဝန်ဆောင်ပြီး မျောက်နှလုံးသား စားချင်ကြောင်း ချင်ကြင်းတပ်သတဲ့။

မိကျောင်းဖိုကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။

တို့က ရေထဲမှာ၊ မျောက်က အုန်းပင်ပေါ်မှာ ငါလည်း အုန်းပင် မတက်တက်တော့ မျောက်ကိုဖမ်းပြီး အသည်းနှလုံးထုတ်ဖို့ ဆိုတာ ဘယ်လွယ်မလဲလို့ ပြန်ပြောသတဲ့။

ဒါပေမဲ့ မိကျောင်းမက လက်မခံဘူး။ အလျှော့မပေးဘူး။

“ရှင် ဒီလောက်လေးတောင် အစွမ်းအစမရှိဘူးလား။ တစ်ခါတလေ ပူဆာတာကိုတောင် ရအောင် မလုပ်နိုင်ဘူးလား” ဆိုပြီး ပူညံပူညံလုပ်တော့တယ်။

သိတယ်မဟုတ်လား မိန်းမတွေအလိုကြီးလာရင် ယောကျာ်းတွေက အဆင်ခြင်မဲ့စွာနဲ့ ခိုင်းတာလုပ်ပေး ရတော့တာပဲလေ..။

အခုလည်းကြည့်။ မျောက်နှလုံးသားမှ စားချင်သတဲ့။ မဖြစ်နိုင်ဘူးပြောတော့၊ ဖြစ်ပါတယ်။ သူခိုင်းသလိုသာလုပ်ပါတဲ့။

မိကျောင်းဖိုလည်း သူခိုင်းတဲ့အတိုင်းလုပ်တယ်။

ပထမ၊ မျောက်အုန်းသီးတက်နေကျ အုန်းပင်အောက်မှာ နေပူဆာလှုံရင်း သစ်တုံးလို မလှုပ်မယှက် အကြာကြီး အိပ်နေတယ်။

မျောက်ကိုတွေ့ရင် နေကောင်းလား။ အစားအသောက်အဆင်ပြေလားလို့ နှုတ်ဆက်မေးမြန်းလေ့ ရှိတယ်။

တဖြည်းဖြည်း မိကျောင်းက မျောက်နဲ့ ရင်းနှီးလာတော့ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးတွေ အရမ်းပေါတယ်။ အုန်းသီးတွေပဲ စားရတာ ငြီးငွေ့ဖို့မကောင်းဘူးလား။ ဟိုဘက်ကမ်းက ငှက်ပျောသီး သွားစားရအောင်။ ကျုပ်လိုက်ပို့ပေးမယ်လေ။

ပထမတော့ မျောက်က မယုံဘူး။ သူ့အကျိုးစီးပွားမပါဘဲနဲ့တော့ ဒီလောက်ကြီး အပင်ပန်းခံပြောမှာမဟုတ်ဘူး။ အကြံအစည် တစ်ခုခုတော့ ရှိပုံရတယ်ဆိုပြီး မိကျောင်းနားကို မကပ်ဘူး။

မိန်းမအလိုဖြည့်ချင်တဲ့ မိကျောင်း လွယ်လွယ်နဲ့ ဘယ်လက်လျှော့မလဲ။ နေ့တိုင်းလိုလို မြှူဆွယ်ပြောဆိုနေတော့တာပေါ့။

ဇွဲကောင်းကောင်းနဲ့ လှုပ်ရင် ကြာတော့ သစ်တုံးတောင် နဲ့လာနိုင်တယ် မဟုတ်လား။ လွတ်လွတ်မရှောင်နိုင်လို့ကတော့ ငြိမှာပဲ။

မျောက်က လွတ်လွတ်မှ မရှောင်တာ။

နောက်ဆုံးတော့ မိကျောင်းစကားနားဝင်ပြီး မိကျောင်းကျောပေါ် ရောက်တော့တာပေါ့။ ဟိုဘက်ကမ်းမှာ ငှက်ပျောသီးလိုက်စားမလို့တဲ့လေ..။ မိုက်လိုက်တဲ့မျောက်။

ရေလယ်ရောက်တော့ မိကျောင်းက မျောက်ကို ပြောတယ်။

“ ဟိုဘက်ကမ်းမှာ ငှက်ပျော်သီးမရှိဘူး။ မင်းကို ညာခေါ်လာတာ။ ငါ့မိန်းမက မင်းနှလုံးသားစားချင်တယ်လို့ ပူဆာတဲ့အတွက် ငါ အကွက်ဆင်ပြီး ဖမ်းလာတာ။ မင်း ဘုရားတရားသာ တပေတော့”

အဲဒီတော့မှ မျောက်က ကျောချမှ ဓားပြမှန်းသိတော့တယ်။ နောင်တရလို့လည်း အကျိုးမထူးတော့ဘူး။ သေဘေးကလွတ်အောင်ကြံမှပဲဆိုပြီး စဉ်းစားလိုက်တော့ စိတ်ကူးတစ်ခုရလိုက်တယ်။

“ဟာဗျာ… ခင်ဗျားစောစောက ပြောရောပေါ့။

အခုလိုတောင် အကွက်ဆင်ပြီး အပင်ပန်းခံ ဖမ်းလာစရာ မလိုပါဘူး။ ကျုပ်လို့ မျောက်တွေက ဟိုခုန်သည်ခုန် ခုန်ရလွန်းလို့ အသည်းနှလုံး ပြုတ်မကျအောင် အုန်းပင်ပေါ်မှာ ချိတ်ထားတာဗျ။

ခင်ဗျားမိန်းမစားချင်တဲ့ အသည်းနှလုံး ကျုပ်ပြန်ယူပေးမယ်။ ကျုပ်နေ့တိုင်းတက်နေတဲ့ အုန်းပင်ပေါ်မှာရှိတယ်။ ဟိုဘက်ကမ်း အမြန်ပြန်။ ခင်ဗျားမိန်းမ မျှော်နေရော့မယ်။ နောက်မကျစေနဲ့။ မိန်းမဆိုတာ သူတို့လိုချင်တာကို လိုချင်တဲ့အချိန်မရရင် သိပ်စိတ်ဆိုးတာဗျ။”

မိကျောင်းက နောက်ပြန်လှည့်လာတယ်။

ကမ်းစပ်လည်းရောက်ရော မျောက်က မိကျောင်း ကိုယ်ပေါ်က ခုန်ထွက်ပြီး အုန်းပင်ပေါ်ပြေးတက်သွားတယ်။

အုန်းသီးတစ်လုံးခူးပြီး…. “ဗျို့ ကိုမိကျောင်း၊ ခင်ဗျားမိန်းမအတွက် ကျုပ်ရဲ့နှလုံးသားကို အုန်းသီးထဲမှာ ထည့်ထားတယ်။ ခွဲပြီး ကျွေးလိုက်ပေတော့ဗျို့” ဆိုပြီး မိကျောင်းခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။

မိကျောင်းခေါင်းပေါ် အုန်းသီးအလုံးကြီးကြီး အထုခံလိုက်ရတော့ တော်တော်အီသွားပုံရတယ်။ ခေါင်းဖုသွားတယ်။

ငါ့ခေါင်းကိုဖုအောင်ထုလိုက်တဲ့ မျောက်နှလုံးသားက အတော် မာကျောပုံရတယ်။ အသည်းနှလုံးထည့်ထားတဲ့ အုန်းသီးတောင် ဒီလောက်မာကျောနေရင် အတွင်းက မျောက်နှလုံးသားက ကျောက်တုံးတွေလိုပဲ ဖြစ်နေမလား။ ငါ့မိန်းမ စားမှစားနိုင်ပါ့မလား ဆိုပြီး စဉ်းစားနေသတဲ့။

ဘာပဲဖြစ်ဖြစ် ငါ့မိန်းမဆီ မျောက်နှလုံးသား ပါသွားလို့ ငါ့တာဝန် ကျေရင်ပြီးရော။ သူစားနိုင်တာ မစားနိုင်တာ ငါ့အလုပ်မှမဟုတ်တာလို့တွေးပြီး ဉာဏ်ပေတုံး မိကျောင်းကြီး မျောက်နှလုံးသားပါမယ်ထင်တဲ့ အုန်းသီးကြီးကို ပါးစပ်နဲ့ ကိုက်ပြီး အားရဝမ်းသာ သယ်သွားရှာသတဲ့………

ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..။

ကောင်းသန့်ရဲ့ ခေတ်သစ်ပုံပြင်စာအုပ်မှကောက်နှုတ်ဖော်ပြသည်………


ခင်မင်စွာဖြင့်…

ဇော်သိင်္ခ

Wednesday, November 16, 2011

ထာဝရဆွမ်းပဒေသာပင်အလှူ ဆိုသည်မှာ-


မေတ္တာရှင် ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအတွက် ထာဝရငွေပဒေသာပင် စိုက်ထူထားရခြင်း အကြောင်းကို အစ်မဝါမှ အလှူရှင်များအတွက် ဖော်ပြပေးထားတဲ့ ပို့စ်ပေးကို ပြန်လည်ဖောပြပေးလိုက်ရပါတယ်။

မေတ္တာရှင် ဖောင်ဒေးရှင်း ၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအတွက် ရာသက်ပန် ထာဝရဆွမ်းပဒေသာပင်အလှူငွေများ ကောက်ခံလျှက်ရှိရာ အလှူရှင်တချို့မှ "ရာသက်ပန်ထာဝရဆွမ်းပဒေသာပင်အတွက် အလှူငွေ(၅၀,၀၀၀ ကျပ်)ထည့်ဝင်ရုံနဲ့ ရာသက်ပန်ထာဝရအလှူအဖြစ် တည်မြဲနိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းလေးကို မေးလာကြတဲ့အတွက် ကျွန်မအနေနဲ့ ကျွန်မနားလည်သလောက် ဖြေကြားပေးသွားပါမယ်ရှင်။

ရာသက်ပန်ထာဝရတည်မြဲနေသော ဆွမ်းပဒေသာပင်ဟု ဆိုရခြင်းမှာ ကောက်ခံရရှိထားသော ထာဝရဆွမ်းပဒေသာပင်အလှူငွေများ၏ အရင်းအမြစ်များကို လုံးဝမသုံးစွဲပါပဲ ရရှိလာသော အတိုးအညွန့်များဖြင့်သာ ထုတ်ယူ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသောကြောင့် လက်ခံရရှိထားသော အရင်းအမြစ်ငွေများ လုံးဝမပျောက်ပျက်ပဲ ရာသက်ပန်ထာဝရ အမြဲတည်တံ့နေမည်ဖြစ်ပါသဖြင့် ရာသက်ပန်ထာဝရဆွမ်းပဒေသာပင် ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

ကျွန်မတို့အနေနှင့် ယခုလောလောဆယ်အထိ မေတ္တာရှင်ဆရာတော် အရှင်ဇ၀န၏ မတည်အလှူငွေ ကျပ်သိန်းနှစ်ဆယ် အပါအ၀င် ထာဝရငွေပဒေသာပင်အတွက် အလှူငွေပေါင်း သိန်း(၁၀၀)ခန့် လက်ခံရရှိထားပါသည်။သိန်း ၁၀၀ကို ဘဏ်မှာအပ်ပါက ဘဏ်တိုးငွေ(၁ကျပ်)နှုန်းဖြင့် တွက်လျှင် တစ်လ(၁ သိန်း)ကျပ်သာ ရမည်ဖြစ်ပါတယ်။သံဃာအပါး ၄၀၀ ကျော် တစ်နေ့တာအလှူအတွက် ကုန်ကျငွေမှာ(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူအတွက် ၁၆၀၀၀၀ ကျပ်)ဖြစ်သဖြင့် တနလာင်္ဆွမ်းပတ် တစ်ရက်စာအတွက်ပင် အဆင်မပြေနိုင်ပါ။သို့ဖြစ်ပါ၍ ဘဏ်တွင်မအပ်နှံပဲ လောလောဆယ် ဆရာတော်၏လမ်းညွှန်မှုဖြင့် အတိုးငွေအနည်းငယ်ပိုရသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံတွင် အပ်နှံကာ တိုးပွားငွေများဖြင့် လှူဒါန်းပေးလျှက်ရှိနေပါသည်။ရာသက်ပန် ထာဝရဆွမ်းပဒေသာပင်အတွက် အလှူငွေများ ဆက်လက်ကောက်ခံရရှိပြီး ဘဏ်တိုးနှင့်လှူဒါန်းနိုင်မည့် အခြေအနေသို့ ရောက်ရှိပါက အလှူငွေများအားလုံးကို ဘဏ်တွင်အပ်နှံနိုင်ရန် စီစဉ်ပြီး ၊ ဘဏ်တိုးငွေများဖြင့်သာ လစဉ်လှူဒါန်းသွားမှာ ဖြစ်လို့ ရာသက်ပန်ထာဝရငွေပဒေသာပင်သည် မိမိသေဆုံးသည့်တိုင်အောင် ကျန်ရစ်နေမယ့် ကုသိုလ်ဘဏ်တိုက်ကြီး ဖြစ်ပါကြောင်း အလှူရှင်အပေါင်းကို လေးစားစွာဖြင့် ရှင်းပြလိုက်ရပါတယ်ရှင်။


ထာဝရဆွမ်းပဒေသာပင်လှူရသော အကျိုး-

ထာဝရဆွမ်းပဒေသာပင်လှူရသော အကျိုးသည် သာမာန်ဆွမ်းအလှူနှင့်မတူပါ။သာမာန်ဆွမ်းအလှူရှင်သည် မိမိကျွေးလိုသည့် အချိန်တွင် ကျွေးလိုသောသံဃာတော်အားဆွမ်းဆက်ကပ်လှူဒါန်းသော အလှူဖြစ်ပါသည်။ထာဝရဆွမ်းပဒေသာပင်ဆွမ်းသည် စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့အတွက် ဆွမ်းအလှူရှင်မရှိသော တနလာင်္ဆွမ်းပတ်များတွင် ဆွမ်းဆက်ကပ်သော ပဒေသာမြေမှာပေါက်သကဲ့သို့ ကာလဒါနဆွမ်း ဖြစ်ပါသည်။

ရိုးရိုးဆက်ကပ်လှူဒါန်းရသောဆွမ်းတွင် အကျိုး ငါးပါး ရရှိပါသည်။ထာဝရဆွမ်းပဒေသာပင် အလှူရှင်များ အကျိုးပေးရာတွင် ရိုးရိုးဆွမ်းအလှူကြောင့် ရသော အကျိုး ၅ပါးကို ရပြီးသည့်အပြင် ကိုယ့်မှာအလိုရှိသောအချိန်တွင် အမြဲတမ်းအဆင်သင့် ထူးခြားသောအကျိုးနှင့်လည်း ပြည့်စုံတော်မူကြောင်းကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက မိန့်ကြားသည်ကို မဟာစည်သတင်းလွှာစာအုပ်တွင် ဖတ်ဖူး၍ ရာသက်ပန်ဆွမ်းပဒေသာပင်အလှူရှင်များ သိစေရန် ကျွန်မမျှဝေလိုက်ရပါသည်။


၂၀၀၈၊၂၀၀၉၊၂၀၁၀ (၃နှစ်)တာ တနလာင်္ဆွမ်းပတ်အလှူများအတွက် အလှူခံခဲ့စဉ်က တစ်နှစ်တာအတွက် အလှူငွေ လက်ခံပြီး အလှူငွေကုန်ခါနီးတွင် နောက်နှစ်အတွက် ဆက်လက်အလှူခံကာ သံဃာတော်များအတွက် ဆွမ်းအဆင်ပြေစေနိုင်ခဲ့ပါသည်။သို့ပါသော်လည်း မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနေနှင့် ရေရှည်အတွက် အကျိုးမျှော်၍ အလှူရှင်များ၏ အလှူငွေများ တစ်သက်တာ ထာဝရတည်တံ့နိုင်ကြစေရန် မေတ္တာရှင်ဆရာတော်၏ ဦးဆောင်မှုဖြင့် ရာသက်ပန်ထာဝရဆွမ်းပဒေသာပင်အလှူရှင် အသင်းကြီးကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ကာ ကောက်ခံနေခဲ့ခြင်း ဖြစ်ပါသည်။

သံဃာတော်များ၏ ဘုန်းတန်ခိုးတော်နှင့်အတူ နိုင်ငံတကာမှ စေတနာရှင် အလှူရှင်များ၏ စေတနာ သဒ္ဓါတရားထက်သန်မှုများကြောင့် ဆွမ်းလောင်းအသင်းကြီးတွင် အပတ်စဉ် တနလာင်္နေ့တစ်ကြိမ်ဆွမ်းလောင်းလှူမှု သာမကတော့ပါပဲ ယခုဆိုပါလျှင် တစ်လလျှင် အလှူရက် (၁၅ ရက်၊၁၆ရက်)ခန့် လှူဒါန်းနိုင်သည့်အတွက် အလှူရှင်များ အနေနှင့်လည်း ၀မ်းမြောက်ကြည်နူးပီတိဖြစ်ကြမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ကျွန်မအနေနှင့် ယုံကြည်မိပါသည်။

ရာသက်ပန်ထာဝရဆွမ်းပဒေသာပင် အလှူရှင်များ အနေနှင့် အပတ်စဉ် တနလာင်္နေ့တိုင်း ဆွမ်းအလှူရှင်မရှိသောနေ့များတွင် ဆွမ်းလောင်းလှူနိုင်ရန် ရည်ရွယ်ထားပါသည်။သို့ပါသော်လည်း စေတနာရှင် မွေးနေ့အလှူရှင် ၊အမှတ်တရနေ့အလှူရှင်များ၏ ဆက်သွယ်လှူဒါန်းမှုများ အမြဲမပြတ် ရှိနေပါသောကြောင့် မွေးနေ့အလှူရှင်များကို ဦးစားပေးလှူဒါန်းစေကာ နိုဝင်ဘာလတွင် နိုဝင်ဘာ ၂၁ ရက်နေ့(တနလာင်္နေ့) တစ်ကြိမ်သာ ရာသက်ပန်ထာဝရဆွမ်းပဒေသာပင် အလှူရှင်များ၏ အလှူနေ့အဖြစ် စတင်လောင်းလှူနိုင်မှာ ဖြစ်ပါတယ်ရှင်။(Ps.ဤပို့စ်တင်အပြီး နိုဝင်ဘာလ ၂၁ ရက်နေ့အတွက် မွေးနေ့အလှူရှင် ဆက်သွယ်လာပါသောကြောင့် အလှူရက်ပေးလိုက်ပါသည်၊သို့ဖြစ်ပါ၍ ရာသက်ပန်ထာဝရဆွမ်းပဒေသာပင်အလှူငွေများကို ဒီဇင်ဘာလမှ စတင်၍ လှူဒါန်းသွားမည် ဖြစ်ပါတယ်ရှင်။)

ကျွန်မတို့အနေနှင့် လောလောဆယ် ရာသက်ပန်ငွေပဒေသာပင်၏ တိုးပွားငွေမှာ ဆွမ်း အလှူ၂ပတ်စာခန့်သာ အဆင်ပြေစေသည့်အတွက် စိတ်ပူပင်မှုရှိခဲ့ပါသော်လည်း သံဃာတော်များ၏ ဘုန်းတန်ခိုးတော်နဲ့အတူ အမြဲမပြတ်ဆက်သွယ်ကာ လှူဒါန်းနေကြပါသောစေတနာရှင်အလှူရှင်များရှိနေခြင်းကြောင့် တနလာင်္ဆွမ်းပတ်များအားလုံး နဲ့အတူ ဆွမ်းအလှူရက်များစွာကို လစဉ် အခက်အခဲမရှိ အဆင်ပြေစေနိုင်ခဲ့ပါသည်။

စေတနာရှင် အလှူရှင်များအနေနဲ့လည်း တစ်သက်တာထာဝရတည်တံ့နေမယ့် မေတ္တာရှင်ဖောင်ဒေးရှင်း၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း၏ ထာဝရငွေပဒေသာပင်များကို ငွေပဒေသာပင်တစ်ခုလျှင် (၅၀,၀၀၀ ကျပ်)ဖြင့် ဆက်လက်ပါဝင် လှူဒါန်းကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

ရာသက်ပန် ထာဝရဆွမ်းငွေပဒေသာပင် အလှူရှင်များ စာရင်း

ဦးဇင်းဦးကောဝိဒ လက်ခံထားသောအလှူရှင်စာရင်း-

၁.မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)(၂,၀၀၀,၀၀၀ ကျပ်)

၂.ဦးကောဝိဒ(စစ်ကိုင်း) (၂၀၀,၀၀၀ ကျပ်)

၃.ကိုဖြိုး(ရွှေအိမ်ဖြူတယ်လီဖုန်း-မန္တလေး)(၁၀၀,၀၀၀ကျပ်)

၎.ကိုဇော်သိင်္ခ (မန္တလေး) (၅၀၀၀၀ ကျပ်)

၅.ဦးဇော်သောင်း+ဒေါ်အေးသန်း မိသားစု (စစ်ကိုင်းမြို့) ( ၂၀၀,၀၀၀ ကျပ်)

၆.ဦးကျော်ဝင်း +ဒေါ်စီလာ မိသားစု (ပြင်ဦးလွင်မြို့) ( ၁၀၀,၀၀၀ ကျပ်)

၇.ရွှေလမ်းငွေလမ်းဝင်းကြည် ( ၅၀,၀၀၀ ကျပ်)

၈.ဦးသာဥာဏ်+ဒေါ်အေးအေးမြတ် မိသားစု(တောင်ကြီး) (၃၀,၀၀၀ ကျပ်)

၉.ကာယကံမေတ္တာရှင်အဖွဲ့(မန္တလေးမြို့) (၁၉၀,၀၀၀ ကျပ်)

၁၀.မရွှန်းလဲ့ပြည့်(၅နှစ်)ပြည့် မွေးနေ့အလှူ။(ရန်ကုန်)(၅၀၀,၀၀၀ ကျပ်)

၁၁.Dr.ကြည်ချိုအောင်(ရန်ကုန်) (၁၀၀,၀၀၀ ကျပ်)

၁၂.သာသာယာယာ(မန္တလေး) (၁၂၀,၀၀၀ ကျပ်)

၁၃.ရွှေမြန်မာဆိုင်ကယ်ပစ္စည်းဆိုင် မိသားစု(မန္တလေးမြို့) (၁၀၀,၀၀၀ ကျပ်)

၁၄.ဦးစီကွမ်း + ဒေါ်အေးအေးသိန်း(မန္တလေး) (၅၀၀,၀၀၀ ကျပ်)

၁၅.စိုင်းရဲခေါင် (၂၀,၀၀၀ ကျပ်)

၁၆.ကိုမင်းမင်းလတ်+မခင်စုဝင်း၊သား-ကျော်ထူးသွင်၊သမီး-ရွှန်းလဲ့ရည်ကြွယ် မိသားစု(မလေးရှား)(၁၂၂,၃၁၇ ကျပ်)

၁၇.အလှူရှင်တစ်ဦး(မြိတ်) (၂၅,၀၀၀ ကျပ်)

---------------------------------------------------------------------
လက်ခံရရှိပြီးသောအလှူငွေစုစုပေါင်း= ၄,၄၀၇,၃၁၇ ကျပ် (ဦးကောဝိဒ)
---------------------------------------------------------------------

ဒေါ်ဝါ၀ါခိုင်မင်း လက်ခံရရှိထားသော အလှူငွေစာရင်း-

၁.Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊သမီးလေး-မေမြတ်နိုးခိုင် မိသားစု(၁၀၀,၀၀၀ ကျပ်)

၂.Dr.မိုးကိုဦး+မ၀င်းမင်းသစ်(ဘန်ကောက်)(၃၀၀,၀၀၀ ကျပ်)

၃.ကိုအောင်မြင့်ဦး+မမေသဇင်အုန်း၊သား-Matthew မိသားစု(စင်္ကာပူ)(600SGD)(၃၈၇,၆၀၀ ကျပ်)

၎.ဦးမြင့်သူ+ဒေါ်မွှေးမွှေးကြူ ၊သမီးလေး ဇင်မွန်ထက် မိသားစု(ကနေဒါ)( ၂၀၀,၂၆၀ ကျပ်)

၅.ကိုကျော်သူရ (စင်္ကာပူ) (၂၅၀,၀၀၀ ကျပ်)

၆.ကိုမျိုးဦး+မခိုင်ခင်ဝင်း(စင်္ကာပူ) အလှူငွေ( ၁၀၀,၀၀၀ ကျပ်)

၇.ဦးမျိုးသိန်း နှင့် alor gajah ,malacca , malaysia မှ မြန်မာလုပ်သားများကောင်းမှူး။ ( ၅၀,၀၀၀ ကျပ်)

၈.ကိုဇင်လင်းဇော် + မသက်မာ (စင်္ကာပူ) (၃၂,၃၀၀ ကျပ် )

၉.ဒေါ်အေးအေးဝင်း အားရည်စူး၍ ကျန်ရစ်သူမိသားစုကောင်းမှူး။ (၅၀,၀၀၀ ကျပ်)

၁၀.ကိုခင်မောင်အေး+မတင်ညိုလင်း မိသားစု(စင်္ကာပူ) မှ ဇူလိုင် ၂၉ ရက် ကိုခင်မောင်အေးမွေးနေ့အလှူ(၆၄,၅၀၀ ကျပ်)

၁၁.မယွန်းရတီလှိုင် (နန်းထိုက်ဖုန်းအပိုပစ္စည်း နှင့်အရောင်းဆိုင် ၊ မလေးရှား) ( ၅၀,၀၀၀ ကျပ်)

၁၂.ဦးကိုကိုနိုင် + ဒေါ်မြင့်သဲစုစံ + သားသား မောင်ဇွဲလုလင်နိုင် မိသားစု (စင်္ကာပူ) (၁၅၀,၀၀၀)ကျပ်။

၁၃. ဦးချစ်ထွန်း + ဒေါ်အိနန်း တို့အားရည်စူး၍ မစန်းစန်းခိုင် (စင်္ကာပူ)(၁၀၀,၀၀၀) ကျပ်။

၁၄.ကွယ်လွန်သူဖခင် ဦးတင်အောင် နှင့်မိခင်ဒေါ်ညွန့်ညွန့်ရီတို့အားရည်စူး၍ ကျန်ရစ်သူ မိသားစု(ထိုင်းနိုင်ငံ) (၁၀၀,၀၀၀)ကျပ်

၁၅.ကိုထွန်းထွန်း(စင်္ကာပူ) (၇၀,၀၀၀ ကျပ်)

၁၆.Dr.ညီညီကျော်+Dr.ဖူးပွင့်ဟန်(USA) (၁၀၀,၀၀၀ ကျပ်)

၁၇.ကိုသက်နိုင်ဦး+Dr.နှင်းဝတ်ကြည်၊သား-မင်းသစ်ထွန်း မိသားစု(ထိုင်ဝမ်) (၁၀၀,၀၀၀ ကျပ်)

၁၈.ဒေါ်ခင်မြမြ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၁၉.ဒေါ်ခင်လေးကြူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၀.ဒေါ်ခင်လေးဖြူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၁.ဒေါ်ခင်လေးမူ (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၂.ဒေါ်ခင်လေးမေ (ထိုင်း)(၅၀,၀၀၀ ကျပ်)

၂၃.ဦးကိုကိုမောင် (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၄.Mr.Steven+Ms. Sydney ,သား-AJ , သမီး-EVA (ထိုင်း) (၅၀,၀၀၀ ကျပ်)

၂၅.ဦးတင်ထွန်း+ဒေါ်ညွန့်ညွန့် မိသားစု(၁၀၀,၀၀၀ ကျပ်)

၂၆.မိဘများကိုအမှူးထား၍ မအေးမွန်သန့်(စင်္ကာပူ)၏ (၂၃.၉.၂၀၁၁ မွေးနေ့အလှူ) (၅၀,၀၀၀ ကျပ်)

၂၇.ဦးချစ်အေး+ဒေါ်တင်တင်ရီ ၊သမီး-မသန္တာဦး၊မဖြူဖြူခိုင်၊မအိအိခိုင် မိသားစု (၅၀,၀၀၀ ကျပ်)

၂၈.မအေးဇာနွယ်(စင်္ကာပူ) (၁၀၀,၅၀၀ ကျပ်)

၂၉.ကိုဇော်လင်းထူး+မကျော့ကေသွယ် မိသားစု(ရန်ကုန်)(၅၀,၀၀၀ ကျပ်)

၃၀.ကိုမင်းသူရိန်+မသဇင်၊သား-မင်းသန့်ကျော်(Ah Boy)၏ (၇.၉.၂၀၁၁)မွေးနေ့အလှူ (စကာင်္ပူ) (၁၀၀,၀၀၀ ကျပ်)

၃၁.မနိုဘယ်လ်မိုး(စင်္ကာပူ)(၅၀,၀၀၀ ကျပ်)

၃၂.စေတနာရှင်တစ်ဦး(90SGDx588k) ( ၅၂,၉၂၀ ကျပ်)

၃၃.ဦးဂျင်မီစိုး မိသားစု (ရန်ကုန်) (၁၀၀,၀၀၀ ကျပ်)

၃၄.မဖြူမေဇင် (စင်္ကာပူ)၏ (၈.၁၀.၂၀၁၁)မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်)

၃၅.ဦးဇော်မိုးဆန်း+ဒေါ်နော်နော်ရည်မွန်၊သမီး-ရှင်မိုးရည်၊သွန်းဆင့်မိုးရည် မိသားစု(အဒူဒါဘီ၊ယူအေအီး)(၅၀,၀၀၀ ကျပ်)

၃၆.Dr.ဖိုးသော်တာ၊Dr.မေရင်ရင်သန်း၊Dr.သွဲ့သွဲ့ ၊ Dr.ခင်သန်းနွယ်၊ Dr.ခင်သန်းမြင့် မိသားစု (၅၀,၀၀၀ ကျပ်)

၃၇.ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး ၊ သား-မောင်ကောင်းဆက်၊ သမီး မသက်စန္ဒီ မိသားစု (စင်္ကာပူ) ( ၁၂၄,၀၀၀ ကျပ်)

၃၈.ကိုမျိုးသန့် + မမြင့်မြင့်အေး၊ သမီး မညွှန်းအိမ်စည်မျိုး (စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မည့်  ကိုမျိုးသန့် ၏ မွေးနေ့အလှူ) (၆၂၀၀၀ ကျပ်)

၃၉.ဒေါ်ခင်သန်းဝင်း(ရွှေပြည်သာ) ၏ သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့တွင်ကျရောက်သော မွေးနေ့အလှူ (၅၀,၀၀၀ ကျပ်)

၄၀.ဦးညိုသန့် (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၁.ဒေါ်အေးအေးဝင်း (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၂.မောင်ဥာဏ်လင်းဦး (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၃.မစုလှိုင်ဦး (ရွှေပြည်သာ) (၅၀,၀၀၀ ကျပ်)

၄၄.မ၀င်းဝင်း (ခေတ္တ-စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၄၅.ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)
(၂၄.၁၀.၂၀၁၁)မင်္ဂလာနှစ်ပတ်လည်အလှူ(၅၀,၀၀၀ ကျပ်)

၄၆.မိဘများကို အမှူးထား၍ မအေးအေးမျိုး(UK)(၁၀၀,၀၀၀ ကျပ်)

၄၇.ကိုဇော်ဇော်အောင်+Dr.ဇင်မာဝေ(စင်္ကာပူ)(၁၀၀,၀၀၀ ကျပ်)

၄၈.ကွယ်လွန်သူမိဘများဖြစ်သော(ဦးမြင့်လွင်+ဒေါ်ခင်ခင်လေး)တို့အား ရည်စူး၍ဒေါ်ချိုချိုဝင်း၊ဦးကျော်ကျော်ဦး၊ဦးလှိုင်ထွန်း၊ဒေါ်အေးအေးချို၊ဒေါ်သိဂီင်္လင်း၊
ဒေါ်ရင်မင်းထွေး(၅၀,၀၀၀ ကျပ်)

၄၉.ဦးကျော်မြင့်မိသားစု(၆၂,၀၀၀ ကျပ်)

၅၀.ကျေးဇူးရှင်ဖခင်ကြီး ဦးကြည်ထွန်း+မိခင်ကြီး ဒေါ်ခင်ဆွေသိမ်း တို့အား အမှူးထား၍ သမီး-မအိအိမာ(စင်္ကာပူ)၊သား-မောင်အောင်မျိုးသိမ်း မိသားစု ကောင်းမှူး။( ၆၂,၀၀၀ ကျပ်)

၅၁.မနန်ခမ်းဟန်(စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၂.မသန်းသန်းလှ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၃.မဇင်မာဖြူ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၄.မသီသီထွန်း (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၅.မရှင်းသန့်ဖြူ (စင်္ကာပူ) (၅၀,၀၀၀ ကျပ်)

၅၆.ကိုကျော်ဇော +မယဉ်ဖြူမြင့် (စင်္ကာပူ) (၁၂၀,၀၀၀ ကျပ်)

၅၇.ဦးစောလစ်ဝှီး@ဦးကျော်စိုးလင်း+ဒေါ်ကျင်အေး(ရန်ကုန်)(၅၀,၀၀၀ ကျပ်)

------------------------------------------------------------------------
လက်ခံရရှိပြီးသော အလှူငွေစုစုပေါင်း=(၄,၆၈၈,၀၈၀ ကျပ်)(၀ါဝါခိုင်မင်း)
------------------------------------------------------------------------

၅၇.ဦးစိုးဝင်း+ဒေါ်ခင်နှင်းအေး၊သား OSCAR (USA)(၅၀၀,၀၀ ကျပ်)(ကျန်)

၅၈.Dr.မျိုးမင်းသန့်+မမေယမင်းသူ(ရန်ကုန်)(၁၀၀,၀၀၀ ကျပ်) (ကျန်)

၅၉.ကိုဇော်မိုးဦး+ဒေါ်ညိုညိုခန့်မိသားစု(၅၀,၀၀၀ ကျပ်)(ကျန်)

၆၀.Mr.Koyanagi + မသင်းသင်းနိုင် ၊သား HIROAKI မိသားစု (ဂျပန်) ( ၁၀၀,၀၀၀ ကျပ်)(ကျန်)

၆၁.ကိုဆန်းမော်+မအေးမွန်ထွန်း(ဂျပန်) (၅၀,၀၀၀ ကျပ်)(ကျန်)

၆၂. မိဘများကို အမှူးထား၍ မလှိုင်ဝင်းလဲ့(စင်္ကာပူ)

----------------------------------------------------------------------------

(အလှူငွေ ပါဝင်လှူဒါန်းပြီး အလှူရှင်စာရင်းတွင် နာမည်မပါသေးသူများ ကျွန်မ၏ မေးလ်အကောင့်သို့ ဆက်သွယ် အသိပေးနိုင်ကြပါတယ်ရှင်။)


အလှူငွေများ ဆက်သွယ်လှူဒါန်းရန်-

ဦးကောဝိဒ(စစ်ကိုင်း)
kovida9@gmail.com(Ph-092 110202)
ကိုဥာဏ်အေး(စင်္ကာပူ)
minlinkar21@gmail.com
ကိုဇော်(မလေးရှား)
zaw357@gmail.com
ကိုဇော်မြင့်(မန္တလေး)
kozawmyint.kzm@gmail.com
(ph-0095991041540)

ဝါ၀ါခိုင်မင်း(မြန်မာပြည်)
nanwarwarmg2009@gmail.com
(Ph-097 3095851)
SAKURA DENTAL IMPLANT CENTER(YANGON)
တိုက်(၃၅) ၊အခန်း(၀၁)
ရွှေအုန်းပင်အိမ်ယာ
ရန်ရှင်းလမ်း ၊ရန်ကင်း။



လေးစားစွာဖြင့်

ဝါ၀ါခိုင်မင်း

မေတ္တာရှင်ဖောင်ဒေးရှင်း စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း


ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

Saturday, November 5, 2011

ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းခြင်း

6908381.jpg

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေဘေးသင့် ပြည်သူများဆီသို့ ရေဘေးထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ လမ်းညွှန်မှုဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း)မှ ဦးဇင်းဦးကောဝိဒ ဦးဆောင်၍ မေတ္တရှင်ဖောင်ဒေးရှင်း အဖွဲ့(မူဆယ်) တို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိကြပြီးနောက် ပခုက္ကူမြို့နယ် ကမ္မရွာအနောက်ဘက် ဂျိုးပျံ ကျေးတွင် ခေတ္တ စခန်းချ ထားခဲ့ပြီးနောက် ခရီးသွားလာရေး ခက်ခဲသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမှုနည်းပါးသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်အတွက် စုံစမ်းခဲ့ပါသည်။ နောက်နေ့တွင် ခရီးသွားလာရန် အလွန်ခက်ခဲသော ပခုက္ကူမြို့နယ်အဆုံး ဂဝံလေးတိုင် ကျေးရွာ နှင့် ပေါက်မြို့နယ် အဆုံး ကျွန်းရင်း ကျေးရွာ များသို့ ခက်ခဲကြမ်းတမ်းသော တောတောင်တွေကြားရှိ လမ်းများကို ဖြတ်သန်းပြီး ဂဝံလေးတိုင်ကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရွာမှတဆင့် လှေများဖြင့် ယောချောင်းကို ဖြတ်သန်းပြီးနောက် ကျွန်းရင်းကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရှိ ရေဘေးသင့် ပြည်သူများအားလုံးတို့နှင့် ထိုရွာရှိ အိမ်ထောင်စုဝင်အားလုံးတို့အား အဝတ်အထည်များ၊ ဆောင်များ၊ ဇလုံပန်းကန်ဇွန်း၊သောက်ရေခွက်များ၊ ဆန်၊ ဆီ များနှင့် အလှူငွေတို့ ဖြင့် ကာယကံမြောက် ပေးဝေ လှူဒါန်းခဲ့ကြပါသည်။ မူဆယ်မြို့ရှိ “လမင်းအိမ်”စာပေမှ ကျွန်းရင်းရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်၊ ကာယကံမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(မူဆယ်)မှ အလှူငွေကျပ် ဆယ်သိန်း၊ ဦးကောဝိဒမှ အလှူငွေတစ်သိန်းကျပ်နှင့် ယော ချောင်းကိုဖြတ်သန်းသွားလာရန်ခက်ခဲသောကြောင့် အဆင်ပြေစေရန်အတွက် “လှေ”ဝယ်ရန်အတွက် လေးသိန်းကျပ်တိတိ၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုင်ကယ် တစ်စီးတို့ကိုလည်း လှူဒါန်း ပေးခဲ့ပါသည်။

ထိုနေ့ညနေပိုင်းတွင် ဂဝံလေးတိုင် ကျေးရွာသို့လည်း ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများကို ကာယကံမြောက်ပေးဝေ လှူဒါန်းကြပြီးနောက် ထိုကျေးရွာမှတစ်ဆင့် တခြား သွားလာရခက်ခဲသော ကျေးရွာများသို့လည်း သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကိုပေးဝေ လှူဒါန်းခဲ့ကြပါသည်။ ဦးကောဝိဒ ဦးဆောင်သော မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ တို့သည် ဂျိုးပျံ ကျေးရွာတွင် ယာယီစခန်းချ ၍ ထိုကျေးရွာမှတဆင့် ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေကို ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက်လှူဒါန်းလျက်ရှိနေပါသည်။

6908340.jpg


6908342.jpg


6908345.jpg


6908346.jpg


6908348.jpg


6908349.jpg


6908350.jpg


6908352.jpg


6908353.jpg


6908354.jpg


6908355.jpg


6908356.jpg


6908357.jpg


6908359.jpg


6908361.jpg


6908363.jpg


6908365.jpg


6908366.jpg


6908368.jpg


6908369.jpg


6908378.jpg


6908377.jpg


6908380.jpg


6908382.jpg


6908383.jpg


ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့