မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, August 29, 2011

ဒိုးပင်အောင်ကံသာ မိဘမဲ့ကျောင်းသို့ လှူဒါန်းမှုများ

၂၈.၈.၂၀၁၁ ခုနစ်၊ ၁၃၇၃ ခုနှစ် ဝါခေါင်လကွယ်နေ့တွင် မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကာယကံ မေတ္တာရှင်များအဖွဲ့ သီပေါမြို့၊ ကျောက်မဲမြို့ နှင့် မန္တလေးမြို့တို့ မှ စုပေါင်း၍ ပြင်ဦးလွင်မြို့ ဒိုးပင်အောင်ကံသာ မိဘမဲ့ကျောင်းသို့ သွားရောက်၍ ဆွမ်းကပ်လှူခြင်း၊ ကလေးများကို တစ်နေ့တာ ထမင်းကျွေးမွေးခြင်း ၊ ဆန်၊ ဆီ၊ နှင့် အဝတ်အထည်များ၊ အလှူငွေများကို သွားရောက်လှူဒါန်းမှုများပြု လုပ်ခဲ့ကြပါသည်။ ထိုသို့ လှူဒါန်းရာတွင် ကျောက်မဲမြို့၊ သီပေါမြို့ နှင့် မန္တလေးမြို့ တို့မှ ကာယကံ မေတ္တာရှင်အဖွဲ့များ စုပေါင်း၍ လှူဒါန်းမှု အစုစုတို့မှာ ဒိုးပင် အောင်ကံသာ မိဘမဲ့ ပရဟိတကျောင်းအတွက် အလှူငွေ စုစုပေါင်း ၂၇ သိန်းကျော်၊ ဆန် အိပ်ပိုင်း (၈၅)ပိုင်းကျော်၊ ဆီပုံးများနှင့် အဝတ်အထည်များ ကိုလှူဒါန်း၍ ယင်းနေ့ တစ်နေ့စာအတွက် ချက်ပြုကျွေးမွေး လှူဒါန်း ခဲ့ကြပါသည်။ ထို ဒိုးပင်အောင်ကံသာ မိဘမဲ့ ပရဟိတကျောင်းတွင် တိုင်းရင်းသား မိဘမဲ့ကလေးများနှင့် နာဂစ်မုန်းတိုင်း သင့် မိဘမဲ့ ကလေးများ စုစုပေါင်း ၁၁၅၂ ယောက်ရှိပြီး ကိုရင်လေးများ၊ တက္ကသိုလ် ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများ နှင့် ကျောင်းပြီးသွား၍ သက်ဆိုင်ရာ နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော ကလေးများ စုစုပေါင်း ၁၅၀၀ ကျော်ကို ဆရာတော် ဦးပဏ္ဍဝ မှမိဘရင်းချာကဲ့သို့ ပြုစုကျွေးမွေးစောင့်ရှောက်ထားလျက် ရှိပါသည်။

ကာယကံ မေတ္တာရှင်များအဖွဲ့ သည် ထိုမှတဆင့် ပြင်ဦးလွင်မြို့ ရက်ကွက်ကြီး (၁) ရှိ ရွှေစင်မင်း သီလရှင်သင်(အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းသို့ သွားရောက်၍ အလှူငွေ ကျပ် (၇) သိန်းကျော်နှင့် ဆန်အိပ်ပိုင်း (၁၅) ပိုင်းတို့ကို လည်းသွားရောက်လှူဒါန်းခဲ့ကြပါသည်။ အလှူရှင်အားလုံးတို့နှင့်အတူ အများပြည်သူများ ကြည်ညိုသဒ္ဒါပွားများပြီး၊ မိဘမဲ့ကလေးများအတွက် သနားဂရုဏာသက်ပြီး ကျွေးမွေး လှူဒါန်းလိုစိတ်များ ပေါ်ပေါက်လာကြစေရန်အတွက် ပုံကလေးများနှင့်တကွ ရေးသားဖော်ပြပေးလိုက်ရပါသည်။



6423851.jpg
ကလေးများ အိပ်သော နေရာများ။
6423852.jpg
သီပေါအဖွဲ့မှ ချက်ပြုရန် ပြင်ဆင်နေကြပုံ
6423853.jpg

6423854.jpg

6423855.jpg

6423856.jpg
လှူဒါန်းထားသော ဆန်အိပ်ပိုင်းများ
6423857.jpg

6423861.jpg

6423863.jpg

6423864.jpg

6423865.jpg

6423867.jpg
ကလေးများကို ထမင်းကျွေးရန် ပြင်ဆင်ထားသော ထမင်းဇလုံကြီးများ။
6423866.jpg
ကိုရင်လေးများ ဆွမ်းဘုန်းပေးရန် ပြင်ဆင်နေစဉ်
6423891.jpg

6423893.jpg
မိဘမဲ့ကလေးများအတွက် လှူဒါန်းထားသော အဝတ်အစားထုတ်များ။
6423894.jpg
လှူဒါန်းထားသော ဆန်အိပ်ပိုင်းများ
6423897.jpg

6423896.jpg
ထမင်းမစားမှီ ဆုတောင်းနေပုံ
6424148.jpg

6423895.jpg

6424208.jpg
ရွှေစင်မင်း သီလရှင်သင်(အမျိုးသမီး) ပရဟိတပညာရေးကျောင်း

6423899.jpg
မိဘမဲ့ သီလရှင်ကလေးများနှင့် မိဘမဲ့ မိန်းကလေးများ

6423900.jpg
ကြည်ညို သနားစရာ မိဘမဲ့ သီလရှင်ကလေးများ
6423901.jpg


ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ



Thursday, August 25, 2011

မေတ္တာသစ္စာဟူသော သူတော်ကောင်းဓာတ်

မေတ္တာအလင်းတောက်ပခြင်းဟာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ထာဝစဉ်အားထားမြတ်နိုးရမည့်

လျှို့ဝှက်ကယ်တင်ရှင်ဖြစ်ပေမယ့်….


မေတ္တာတရားခေါင်းပါးမှုနတ်ဆိုးက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ယနေ့ မျက်ရည်နှင့်သွေးများ

စနစ်တကျဖန်တီးပေးနေတယ်…။


သစ္စာအလင်းပျံ့နှံ့ခြင်းဟာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ထာဝစဉ်ဆောင်ရွက်ရမည့်

လျှို့ဝှက်အင်အားဖြစ်ပေမယ့်…


သစ္စာတရားခေါင်းပါးမှုနတ်ဆိုးက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ယနေ့ သဘာဝဘေးအန္တရာယ်ဆိုးများ

စနစ်တကျဆောင်ကြဉ်းပေးနေတယ်…။


မေတ္တာ၊သစ္စာရောင်ခြည်တို့သည်သာ

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ငြိမ်းချမ်းရေးနိဗ္ဗာန်ဘုံများ

ဖန်ဆင်းပေးနိုင်ပေမယ့်…


စစ်ဆိုတဲ့ စစ်ပွဲဆင်နွှဲမှုတွေက

ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်

ကြေကွဲဖွယ်ငရဲခန်းများ

စနစ်တကျ ဖန်တီးပေးနေတယ်…။


ရေးသားသူ - မောင်ရဲမြင့် (မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ အရှုံးမရှိဒဿန စာအုပ်ထဲမှ ပါသော မေတ္တာသစ္စာဟူသောသူတော်ကောင်းဓာတ်လေးကို ပြန်လည် မျှဝေဖော်ပြကုသိုလ် ယူသည်။


ခင်မင်စွာဖြင့်…

ကိုဇော်သိင်္ခ

Sunday, August 21, 2011

ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း

6369023.jpg

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု ချင်းပြစ်ရွာရှိ သာသနာ့ အောင်မြေကျောင်းတိုက်သည် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် ယခင် ဆရာတော်ကြီးများလက်ထက်တွင် (၂)မိုင်ခန့် အကွာအဝေးသို့ (၄) ကြိမ်မြောက် ရွှေ့ပြောင်းဆောက်လုပ်ခဲ့ရပါသည်။

ယခု သီတင်းသုံးနေထိုင်သော ဆရာတော် ဦးပညာဒီပ လက်ထက်တွင်လည်း (၄)ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ရပါသည်။ ယခု (၄) ကြိမ်မြောက်ပြောင်းရွှေ့ရာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်း ပြောင်းရွှေ့ရသည်မဟုတ်ပဲ တစ်ရွာလုံးပါ ပြောင်းရွှေ့ကြရသဖြင့် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း စီးပွားရေးနှင့် စားဝတ်နေရေးအတွက် ကြပ်တည်းမှု ဖြစ်နေရပါသည်။ တစ်ရွာလုံးပြောင်းရွှေ့ရန် မြေနေရာ ခက်ခဲနေသည်ကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ မြေများကို ဝယ်ယူ၍ ရွှေ့ပြောင်းနေထိုင်ကြရပါသည်။ ထိုမြေကွက်များကို ဝယ်ယူရာတွင် မြေပိုင်ရှင်များမှ ယခင်ဈေးထက် နှစ်ဆပိုယူ၍ ရောင်းကြသောကြောင့် ရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် ပို၍ခက်ခဲ၊ ကြပ်တည်းကြရပါသည်။ ထိုသို့ စီးပွားရေးကြပ်တည်း၊ ခက်ခဲနေမှုကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်းအတွက်လည်း မည်သို့မျှ ထောက်ပံ့ကူညီလှူဒါန်းမှု မလုပ်နိုင်ကြပါ။

ရွာဦးဘုန်းတော်ကြီးကျောင်းရွှေ့ပြောင်းရန်အတွက်လည်း ယခုဆရာတော်မှ မြေသုံးကွက်ကို အကြွေးဝယ်ယူ၍ မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုမြေကွက်များကိုလည်း ယခင်ပေါက်ဈေး မြေတစ်ကွက်လျှင် (၃)သိန်းပဲ ရှိရာမှ ယခု မြေတစ်ကွက်ကို ခြောက်သိန်းပေး၍ မြေသုံးကွက်ကို (၁၈)သိန်းဖြင့် ဝယ်ယူဆောက်လုပ်ထားရပါသည်။ ထိုကျောင်းဟောင်းကို ပြန်လည်ဆောက်လုပ်ရာတွင်လည်း ခဏခဏရွှေ့ပြောင်းနေရသောကြောင့် ကျောင်းတိုင်များနှင့် သစ်သားများမှာလည်း ပျက်စီးလျက်ရှိနေသောကြောင့် ယခု ဆောက်လက်စဖြင့်ပင် အပြီးမသတ်နိုင်သေးပဲရှိနေပါသည်။

ဆရာတော်မှာလည်း ယခုအခါ ထိုကျောင်းဝင်းအတွင်း ထန်းလျက်မိုးဖြင့် ဝါဆိုကျောင်းဆောင်သေးသေးလေး ဆောက်၍ ဝါဆိုနေထိုင်လျက်ရှိပြီး ကိုရင်လေးများနှင့် ကျောင်းသား၊ကျောင်းသူ (၈၀)ကျော်တို့ကို ယဉ်ကျေးမှုသင်တန်း၊ ဘာသာရေးသင်တန်း၊ လောကီ၊လောကုတ် ပညာတို့ကို အမွေပေး သင်ကြားလျက်ရှိပါသည်။

ရွာဦးကျောင်းဆောက်လုပ်ရန်အတွက် မြေအကြွေးဝယ်ထားသော တန်ဖိုးနှင့် ကျောင်းဟောင်းကိုပြန်၍ ဆောက်နေသော ဘုန်းကြီးကျောင်းတော်ကြီး ပြီးမြောက်ရန် အတွက် တန်ဖိုးငွေကျပ် (၂၄)သိန်းကျော်ဖိုး လိုအပ်လျက်ရှိနေပါသည်။

ထိုအခက်အခဲများကို ပြေလည်စေရန်အတွက် မေတ္တာရှင်ဆရာတော်၏ ညွှန်ကြားမှုဖြင့် ၊ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်နှင့်အတူ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း) နှင့် ကာယကံမေတ္တာရှင်အဖွဲ့(မန္တလေး)တို့မှ စုစုပေါင်းလှူဒါန်းငွေကျပ် ဆယ်သိန်းရှစ်သောင်း(၁,၀၈၀,၀၀၀)ကျပ်ကို ဦးဇင်း ဦးကောဝိဒ နှင့်အတူ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျ ကာယကံ မြောက်သွားရောက်လှူဒါန်းခဲ့ကြပါသည်။



6369143.jpg

ကာယကံမေတ္တာရှင်အဖွဲ့မှ အလှူငွေများ ပေးအပ်လှူဒါန်းနေပုံ

ထိုလှူဒါန်းမှုတန်ဖိုးကြောင့် အနည်းငယ်အဆင်ပြေသွားခဲ့သော်လည်း ချင်းပြစ်ရွာ ဘုန်းတော်ကြီးကျောင်း ပြီးစီးအောင်မြင် ဖြစ်မြောက်ရေးအတွက် တန်ဖိုးငွေကျပ် တစ်ဆယ့်လေးသိန်း (၁,၄၀၀,၀၀၀) ကျော်ခန့် လိုအပ်လျက်ရှိနေပါသေးသည်။ ထိုကြောင့် စေတနာရှင်၊ အလှူရှင် မိဘပြည်သူများအနေဖြင့် ကျောင်းဒါယကာ၊ ဒါယိကာမများ ဖြစ်လိုပါက နည်းများမဆို ပါဝင်ကုသိုလ်ယူလှူဒါန်း၍ နိဗ္ဗာန်သို့ ရောက်ရန်အထောက်အပံ့ ဖြစ်နိုင်ကြပါစေရန်အတွက် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်………။

လှူဒါန်းလိုသူများ အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

ဦးကောဝိဒ kovida9@gmail.com (Ph: 092110202)

ကိုဇော်သိင်္ခ zawtk07@gmail.com (Ph: 0991041540)

ကိုတွတ် (Ph: 095092037)


6369025.jpg

အပြီးမသတ်ရသေးသော ဘုန်းတော်ကြီးကျောင်း

6369024.jpg


6369021.jpg
ချင်းပြစ်ရွာ မူလတန်းကျောင်း

6369022.jpg
ချင်းပြစ်ရွာမှ အိမ်ကလေးများ

6369026.jpg
ဆရာတော် သီတင်းသုံးရာ ထန်းလက်မိုး ဝါဆိုကျောင်းဆောင်လေးပုံ
6369030.jpg
ချင်းပြစ်ရွာ ကျောင်းဆရာတော်နှင့် ဦးဇင်း ဦးကောဝိဒ

6369029.jpg
ပြီးစီးအောင် မခင်းရသေးသော ကျောင်းဆောင်ပေါ်တွင် ဆရာတော်အား ဂါရဝပြုနေကြသော ရွာသူရွာသားများ
6369031.jpg

6369033.jpg
မပြီးစီးသေးသော ကျောင်းတော်ကြီးပုံ
6369034.jpg
တိုင်ဟောင်းများကိုဆက်၍ ပြန်လည်အသုံးပြုထားရပုံ



ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ
************
http://www.zawtk.com
www.everyoneit.com

 
^ထိပ်ဆုံးသို့