မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် အရှင် ဇဝန ၏ ဘဝတွင် ကျင့်သုံးနေထိုင်သင့်သော ဒဿနလေးများကို ဆရာတော်၏ မူရင်းလက်ရေး ဖိုင်လေးများနှင့်အတူ စာဖတ်ပရိသတ်များအတွက် ပြန်လည် မျှဝေလိုက်ပါသည်။
(၁)
စွဲလမ်းမှုများလေ…
ဆင်းရဲများလေ….
စွဲလမ်းမှုနည်းလေ…
ဆင်းရဲနည်းလေ…
စွဲလမ်းမှုကုန်လျှင်…
ဆင်းရဲကုန်၍…
နိဗ္ဗာန်သို့ ရောက်၏

(၂)
လောကလူသားတွေကောင်းစားရေးကို အဓိကထားပြီးလုပ်သော လုပ်ငန်းမှန်သမျှ…
ငါကောင်းစားရေး (ဒိဌိ နှင့် လောဘ) ကို အလုပ်ဖြင့် ပယ်သတ်ရာ ရောက်နေသောကြောင့်…
ကုသိုလ် (ဝိပဿနာ) အလုပ်ဟုပင် ခေါ်ရမည်။

(၃)
သူတစ်ပါး ကောင်းကျိုးအတွက် ချစ်လျှင် မေတ္တာ၊ ကုသိုလ်…
မိမိ ကောင်းကျိုးအတွက် ချစ်လျှင် တဏှာ ၊ အကုသိုလ်…

(၄)
မေတ္တာတရားဟူသည် ဘာသာတစ်ခုခု၏ ကိုယ်ပိုင် ပစ္စည်းမဟုတ်…
တကယ့် သူတော်ကောင်းများ၏ ကိုယ်ပိုင်ပစ္စည်းသာ ဖြစ်သည်…။

(၅)
ကိုယ်ချင်းစာ တရားတစ်ခုကို ထားတက်ပြီဆိုလျှင်…
ဘုရားရှင် ဟောကြားသော တရားအားလုံးကို ကျင့်သုံးရာ ရောက်သည်။

(၆)
လှူရတာကို ပျော်သောသူများသည် ဘဝဆက်တိုင်း ချမ်းသာ၍
နိဗ္ဗာန်နှင့် တစ်နေ့တခြား ပို၍ နီးလာသည်။
အကြောင်းကား လှူခြင်းသည် စွဲလန်းသော လောဘကိုသတ်ခြင်း တစ်မျိုးဖြစ်၍…
နိဗ္ဗာန်ဟူသည်…
ထိုလောဘကုန်သော နေရာကို ဆိုလိုသောကြောင့်ပင်တည်း…

ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ
************
http://www.zawtk.com
www.everyoneit.com
0 comments:
Post a Comment