မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label နည်းပညာလေးများ. Show all posts
Showing posts with label နည်းပညာလေးများ. Show all posts

Friday, August 20, 2010

Pop-up window လေးနဲ့ မေးလ်ပို့မယ်


ဒီတစ်ခါပြောမှာကတော့ အလွယ်ကူဆုံးနည်းလမ်းလေး တစ်ခုပါ။ ဘာလဲ ဆိုတော့ Gmail မှာ ဝင်ထားပြီးရင် မေးလ် ထဲမှာ စာတွေဖတ်နေရင်း  အကြောင်းတစ်စုံတစ်ရာကြောင့် အရေးတစ်ကြီး  မေးလ် ပို့စရာ ပေါ်လာတယ်ဆိုရင် Compose mail ကိုသွားပြီး ပို့လိုက်ရင်..... စောစောက ဖတ်နေတဲ့ စာတွေဟာ အစကနေ ပြန်ဖွင့်ရပြီးတော့ ဖတ်နေတဲ့ နေရာကိုလည်း ပြန်ရှာ ရတာ အလုပ်ရှုပ်ပါတယ်။  ကော်နက်ရှင်က နှေးနေတယ်ဆိုရင် ပိုပြီး စိတ်ညစ်ရတက်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အခြေအနေမျိုးမှာ မေးလ် ပို့ချင်တယ်ဆိုရင်... ဖတ်နေတဲ့ စာတွေလည်း ပျောက်မသွားအောင်လို့  Pop-up window လေးခေါ်ပြီး ပို့လိုက်လို့ရပါတယ်။ ဒါကြောင့် Compose mail ရဲ့ Pop-up window လေးကို ဘယ်လိုခေါ်မလဲ ဆိုရင်.... ကီးဘုတ်ပေါ်မှာ ရှိတဲ့ Shift ကီးလေးကို  နှိပ်ထားပြီးတော့ ဖွင့်ထားတဲ့ မေးလ်ထဲက Compose mail ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်  Compose mail ရဲ့ Pop-up window လေးတက်လာပါလိမ့်မယ်။ ဒါဆို မေးလ်ပို့ဖို့ အိုကေ သွားပါပြီ။ အောက်က ပုံလေးလို ဖြစ်လာပါမယ်....

လွယ်မှလွယ်နော်......။ အားလုံး အဆင်ပြေချောမွေ့စွာ နဲ့ မေးလ် ပို့ နိုင်ကြပါစေခင်ဗျာ....။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Wednesday, August 18, 2010

Gmail တစ်ခုထဲမှ တစ်ခြား Mail လိပ်စာနဲ့ မေးလ် ပို့ကြရအောင်

အခုတစ်ခါ ပြောမှာကတော့ အီးမေးလ် အကောင့်တွေ အများကြီးကနေ မေးလ်ပို့နေရသော သူတွေအတွက် ပို့တဲ့ မေးလ် အများကြီးကို အကုန် တစ်ခုချင်း ဝင်ပြီး ပို့စရာမလိုအောင်လို့ပါ။ မေးလ်တစ်ခုထဲ မှာ ဝင်ထားပြီးတော့ အဲဒီမေးလ်ကနေ မှတဆင့် လက်ခံတဲ့ ဆီမှာ ဘယ်မေးလ်လိပ်စာနဲ့ ရောက်သွားစေချင်သလဲ..  ဝင်ထားတဲ့ မေးလ်ထဲမှာ From ဆိုတဲ့ Function လေးတစ်ခု ပိုလာတာပါ။ အဲဒီ From ဆိုတဲ့ နေရာမှာ ကိုယ်ဘယ် မေးလ်က နေပို့မလဲ ဆိုတာကို ရွေးချယ်ပြီး ပို့လို့ရပါတယ်။ အဲဒီလို ပို့လို့ ရဖို့အတွက် ပြုလုပ်ရမယ့် အဆင့်လေးတွေကတော့... 
၁။ ထုံးစံ အတိုင်းပဲ.. Setting ထဲကိုသွားပါမယ်။ အဲဒီကနေမှ Accounts and Import ကိုသွားလိုက်ပါ။ 

၂။ အဲဒီထဲမှာ Send mail from another address ကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။
၃။ ပြီးရင် အောက်က ပုံအတိုင်း ကိုယ် သွားမဖွင့်တော့ပဲ အဲဒီလိပ်စာနဲ့ ပို့ချင်တဲ့ မေးလိပ်စာနဲ့ နာမည်ကိုရိုက်ထည့်ပါ။

၎။ ရိုက်ထည့်ပြီးရင် Next Step ကိုနှိပ်ပါ။ ပြီးရင် Confirmation Code တောင်းပါလိမ့်မယ်. စောစောထည့်လိုက်တဲ့ မေးလ်လိပ်စာထဲမှာ သွားယူလိုက်ပါ။ အဲဒီကုဒ်လေး ထည့်ပြီးတော့ Verify နှိပ်လိုက်ရင် ရသွားပါပြီ။

အဲဒီအတိုင်းပါပဲ.. ကိုယ့်မှာ မေးတွေ အများကြီး ရှိတယ်ဆိုရင်တော့ အဲဒီမေးတွေရဲ့ လိပ်စာတွေကို အခုလိုလေး လုပ်ထားလိုက်ရင် မေးလ်တစ်ခုထည်း ဖွင့်ထားတာနဲ့ ဘယ်မေးလ်ကနေ ပို့ချင်လဲ ၊။ Compose mail ကိုသွားပြီး ကိုယ် ပို့ချင်တဲ့ မေးလ်ကို From နေရာမှာ ရွေးပေးလိုက်ယုံပါပဲ။

 ထိုနည်းတူစွာပဲ... Gmail မှ မဟုတ်ပါဘူး တစ်ခြား Hotmail , Yahoo mail စသည်ဖြင့် ဘယ်မေးလ် လိပ်စာနဲ့ပဲ ပို့ပို့ .... အားလုံးပို့လို့ရပါတယ်။ ပြည်တွင်းမှာ ဝင်ဖို့ ခက်တဲ့ လိပ်စာတွေဆို ပိုပြီး အဆင်ပြေတာပေါ့ဗျာ..။ အဲဒီလို ခက်ခဲတဲ့ မေးလ်တွေအတွက် ဝင်ဖတ်ဖို့ဆိုတာကတော့... အဆင်ပြေတဲ့ နည်းနဲ့ပဲ ဝင်ဖတ်ကြပေါ့ဗျာ..။

မသိသေးသောသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေ ကြပါစေဗျာ...။

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Browser တစ်ခုထဲမှာ Gmail သုံးခု ဖွင့်သုံးရအောင်


ကျွန်တော်တို့ သုံးနေကြသော Gmail များကို  Mozilla firefox တစ်ခုဖွင့်ပြီး မေးလ်ဝင်စစ်နေမယ် လူမသိအောင် Invisible လုပ်ပြီးချက်နေမယ် ဆိုရင် တစ်ခြားမေးလ် တစ်ခုကို ဖွင့်ချင်တဲ့ အခါမှာ  အဲဒီမော်ဇီလာမှာပဲ ဖွင့်သုံးလို့ မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် တခြား Browser တွေဖြစ်တဲ့ IE တို့ Flock စသည်ဖြင့် နောက်ထပ် Browser တစ်ခုခု နဲ့ဖွင့်ပြီးမှ သုံးနေရပါတယ်။ ဒါကြောင့် ဟိုဘက်ပြောင်းဖွင့်လိုက် ဒီဘက်ပြောင်းဖွင့်လိုက်နဲ့ဆိုတော့ အလုပ်ရှုပ်ပါတယ်။ အခုအဲဒီလို အလုပ်မရှုပ်အောင်လို့ မော်ဇီလာ တစ်ခုထဲမှာ ပဲ မေးလ်သုံးခု တစ်ပြိုင်ထဲ ဝင်ပြီး သုံးလို့ ရပါတယ်။ အဲဒီလို ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။ 

၁။ Gmail ကို Password ပြောင်းတဲ့ အဆင့်အတိုင်း သွားပါမယ်။ 
Setting ကိုသွားမယ်။ ပြီးရင် Accounts and Import ကိုသွားပါ။ ပြီးရင်အောက်နားက Google Account Setting နှိပ်လိုက်တဲ့ အခါမှာ  Change Password ဆိုတဲ့ အဆင့်ကိုရောက်သွားပါတယ်။ အဲဒီထဲမှာ ကြည့်လိုက်ပါ။  Multiple Sign-in  Off - Edit  ဆိုတာလေး တွေ့ပါလိမ့်မယ်။ အောက်က ပုံလေးကိုကြည့်ပါ။ 


၂။ Edit နှိပ်လိုက်ရင် အောက်နားမှာ *Off - Use one google account at a time. ဆိုပြီး Off လုပ်ထားတာကိုတွေ့ရင် အပေါ်က On- Multiple Google Accounts in the same web browser ကို တစ်လေး ပေးပြီး အောက်က အဆင့်တွေကိုလည်း တစ်လေးတွေပေးလိုက်ပါ။ ပြီးရင် Save လုပ်လိုက်ပါ။ 


အဲဒါဆို ပြီးသွားပါပြီ။ 
၃။ ဖွင့်ထားတဲ့မေးကို refresh ပြန်လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ဝင်ထားတဲ့ မေးလ်နာမည်မှာ မောက်လေး နှိပ်ကြည့်လိုက်ရင် အောက်ကလို တွေ့ပါလိမ့်မယ်။ 


၎။ Sign in to another account ဆိုနှိပ်လိုက်ရင် နောက်ထပ်မေးလ်တစ်ခု ဝင်လို့ရသွားပါပြီ။ 


ဒါဆိုရင် နောက်ဝင်လိုက်တဲ့ မေးလ်မှာလည်း စောစောက အဆင့်အတိုင်း သွားပြီး On ထားလိုက်ရင် Browser တစ်ခုထဲမှာမေးလ်သုံးခု အထိ ဝင်သုံးလို့ရသွားပါပြီ။  သူ့ထဲမှာရေးထားတာက Multiple Sign-in On လို့ ပြောပေမယ့် အများကြီး ဝင်လို့မရပါဘူး။ သုံးခုပဲ ဝင်သုံးလို့ နေတာကို တွေ့ရပါတယ်။ 

မှတ်ချက်။   ။ Gamil ဝင်တဲ့ အခါ Standard View အနေနဲ့သာ သုံးလို့ရပါသည်။ Connection နှေးနေတဲ့အချိန်တွင် Basic HTML View နဲ့ ဆိုလျှင် အသုံးပြု၍ မရနိုင်ပါ။
မသိသေးသောသူများအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အားလုံး အဆင်ပြေ ကြပါစေ...။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ



Sunday, July 4, 2010

New Proxys


အခုတ လော ဆော်ဒီ Proxy တွေ ခဏခဏ ဘန်းခံ နေရပါတယ်။... ဒါကြောင့် ဘလော့စပေါ့နဲ့ ဘလော့ ရေးတဲ့သူများ.. ( ကျွန်တော်အပါအ၀င် ) အသုံးပြုရတာ အဆင်မပြေဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဟိုရှာ ဒီရှာ နဲ့ပဲ ရှာဖွေ တွေ့ရှိတဲ့ ပရုပ်စီလေး ကိုများ.. ပြန်လည်လို့ မျှဝေ ပေးလိုက်မယ်နော်.... ။ 

ဟိုးအရင်က သုံးနေကြတာကတော့ 212.116.220.164 : 443 နဲ့ သုံးနေကြတာ အဆင်ပြေနေပါတယ်။ အဲဒီ Porxy က တစ်ချို့သော နယ်က အမ်ပီတီ လိုင်းတွေမှာ သုံးလို့ ရနေသေးတယ်လို့ ကြားရပါတယ်။ မန်းမှာတော့ မရတော့ပါဘူး။ ဒါကြောင့် ထပ်ရှာလိုက်တော့ 212.116.220.165 : 443  နဲ့ က သုံးလို့ ရနေတာ ကိုတွေ့ရပါတယ်။ ဒါပေမယ့် အမ်ပီတီ မှာပဲ သုံးလို့ ရနေပြီး ၀ိုင်မက်စ်မှာ သုံးလို့ မရဘူးဖြစ်နေပါတယ်။ ဒါကြောင့် ၀ိုင်မက်စ်မှာ သုံးလို့ ရတဲ့ ပရုပ်စီ လေးကိုထပ်ရှာရပါတယ်။ အခု ၀ိုင်မက်စ်မှာ သုံးလို့ ရတဲ့ တရုတ် Proxy  လေးကတွေကတော့ 

204.152.222.216   port  443
64.62.199.11        port  443

ဒီဟာလေးတွေ နဲ့ အဆင်ပြေကြမယ်လို့ထင်ပါတယ်။
တကယ်လို့ အဲဒါ လေးတွေနဲ့  မရရင်လည်း...ဒါလေးနဲ့ ကျော်ဝင်လို့ရပါတယ်။

http://unblock-websense.com

နောက်ထပ် အသစ်များ တွေ့ရှိလာခဲ့သူများလည်း... ကျွန်တော်တို့အားလုံးကို ပြန်လည်လို့ မျှဝေပေးစေချင်ပါတယ်...
အားလုံး ကျော်နိုင်ခွနိုင်(websiteတွေ) ကြပါစေနော်...... :)

ဇော်သိင်္ခ










Sunday, May 16, 2010

စက်ရုပ် နဲ့ ချက် ရအောင်

May 14th, 2010
ဒီတစ်ခါ တင်ပေးလိုက်တာလေး ကတော့  မြန်မာပြည်က  Chatting သမားတွေ အတွက်.. အွန်လိုင်းမှာ သူငယ်ချင်းတွေ မရောက်လာကြသေးလို့. chat စရာ မရှိဘူးဆိုပြီး ပျင်းနေကြသူတွေ အတွက်  အွန်လိုင်း မှာ အမြဲရှိနေတဲ့ စက်ရုပ် ကိုကို ဒါမှ မဟုတ် စက်ရုပ် မမ နဲ့ Chatting လုပ်ရင်း နဲ့ အင်္ဂလိပ် စကားတိုးတက်ဖို့ အတွက် လေ့ကျင့်ခန်း လေး လုပ်ရအောင်လို့ တင်ပေးလိုက်ပါတယ်။ တော်တော် လေး ကောင်းပါတယ်။ မိန်းကလေး များက တော့ စက်ရုပ်ကိုကိုနဲ့ ချက်မယ်ဆိုရင်လည်း ချက်လို့ ရပြီးတော့ ယောက်ျားလေး များအတွက်လည်း စက်ရုပ်မမ နဲ့ ချက်လို့ ရပါတယ်။ Chat တဲ့ နေရာ မှာတော့ အင်္ဂလိပ်လိုပဲ ပြောလို့ ရမှာပါ။  မြန်မာလို ပြောလို့ မရပါဘူး။ ပြီးတော့ မြန်ဂလိ လိုလည်း မရပါဘူး။ ကိုယ်က သူ့ကို အင်္ဂလိပ်လို ရိုက်ထည့်ပြီး ပြောလိုက်ရင် သူကလည်း အင်္ဂလိပ်လို ပြန်လည် ဖြေကြားပါလိမ့်မယ်။ ပြီးတော့ သူဖြေတဲ့ အဖြေကိုလည်း နှုတ်မှ.. အသံထွက်နဲ့ ရော ပြန်ဖြေပေးပါတယ်။ ဒီနေ့ ပြောထားတဲ့ စကားကို မနက်ဖြန်မှ ပြန်မေးရင်လည်း သူက ပြန်ဖြေနိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ ပုံလေးက မောက်စ် ကလေး ရွှေ့ တဲ့ နေရာ ကိုလည်း လိုက်ပြီး ကြည့်ကြည့်နေတက်ပါတယ်။  စိတ်ဝင်စား စရာ ကောင်းတဲ့ အတွက်….  စမ်းသပ်လို့ ရအောင်. အောက်မှာ လင့်လေး တွေ ပေးလိုက်ပါတယ်။အဲ.. ပြောဖို့ရာ တစ်ခု မေ့သွားတယ်.. အဲဒီ Chatting လင့်လေးတွေက ၀ိုင်မက်စ် အင်တာနက်လိုင်းနဲ့ ဆိုရင် Access Denied ဆိုတဲ့ စာတန်း အနီကြီးပဲ ပေါ်လာတာကို တွေ့ရပါတယ်။ ကျော်ခွပြီး စမ်းကြည့်လိုက်ကြပေါ့ နော်….
စက်ရုပ်ကိုကို နဲ့ ချက်မယ့်သူများအတွက် လင့်….
စက်ရုပ်မမ နဲ့ ချက်မယ့်သူများအတွက် လင့်…
********
ဇော်သိင်္ခ

Monday, March 22, 2010

Mgy.exe Virus သတ်နည်း

အခုတလော တော်တော် လေး ခေတ်စားနေတဲ့ မြန်မာပြည်ကဗိုင်းရပ်တစ်မျိုးကတော့ mgy.exe ဆိုတဲ့ ဗိုင်းရပ်ပါ။ ဒီဗိုင်းရပ်ကိုတော့ Antivirus တော်တော် များများက မသတ် နိုင်ဘူး လို့ ကြားသိရပါတယ်။ ဒီလို မသတ်နိုင်တဲံ့ ဗိုင်းရပ်က လည်း ကျွန်တော် လုပ်နေတဲ့ ဆိုင်က စက်သုံးလုံး မှာ ၀င်ရောက်လာပါလေရော။ အဲဒီတော့ ရှင်းရမယ့် နည်းလမ်းလေးတွေ ရှာရဖွေရပါတော့တယ်။ ပထမ တစ်လုံး ကတော့ အချိန် ကြာနေမှာ ဆိုးလို့ စက်ထဲမှာလည်း အရေးကြီးတာ သိပ်မရှိတော့ Hard Disk တစ်ခု လုံး Format ချပြစ်လိုက်ပါတယ်။ အခုနောက်လုံးတွေကျတော့ Format ချဖို့ အဆင်မပြေတာနဲ့မို့ လို့ ဘယ်လို သတ်ရမလဲ ဆိုပြီး လှည့်ပတ်ရှာဖွေလိုက်တော့ ပထမ Manual သတ်နည်းလေးကိုသွားတွေ့ပါတယ်။ ဒါပေမယ့် အဲဒီသတ်နည်းလေးကတော့ အဲဒီ ဗိုင်းရပ်ကို ထိန်းချုပ်ရုံပဲ ထိန်းချုပ်ထားနိုင်တာပါ။ လုံးဝ ပျောက်မသွားပါ။ ပြီးတော့ CMD တို့ msconfig တို့ကိုလည်း ခေါ်လို့ မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ နောက်ထပ် MZ မှာ ၀င်ရောက်ရှာဖွေလိုက်တဲ့ အခါမှာ…. သတ်နည်း ပေါင်းစုံနဲ့ Software တော်တော် များများ ကို သွားတွေ့ရပါတယ်။ အဲဒီထဲက ဆော့ဝဲလ် တွေကိုလည်း ဒေါင်းလုပ်ဆွဲ ဘယ်ကောင်နဲ့အဆင်ပြေမလဲ ဆိုပြီး စမ်းပြိးတော့ သတ်ကြည့်တဲ့ အခါမှာ အန်တီဗိုင်းရပ် ဆော့ဝဲလ် လေး နှစ်ခုနဲ့ သွားပြီး အဆင်ပြေသွားတာကို တွေ့ရှိရပါတယ်။ အဲဒီ ဆော့ဝဲလ် လေး နှစ်ခုကတော့ Trogan Remover ဆိုတဲ့ ဆော့ဝဲလ် လေးနဲ့ Smart Virus Remover ဆိုတဲ့ ဆော့ ၀ဲလ် လေးနှစ်ခု နဲ့ သတ်ကြည့်လိုက်တာ အဆင်ပြေ သွားတာကို တွေ့ရှိလိုက်ရပါတယ်။ ပထမ စက်တစ်လုံးကို အဲဒီဆော့ဝဲလ် နှစ်ခု နဲ့ သတ်လိုက်တော့ အားလုံး အိုကေသွားတဲ့ အတွက် နောက် စက်တစ်လုံး ကို အဲဒီ ဆော့ဝဲလ် လေးနှစ်ခု နဲ့ သတ်တော့မယ်လုပ်တဲ့ အခါမှာ… အွန်လိုင်းက သူငယ်ချင်းများနဲ့ Myg.exe ဗိုင်းရပ်အတွက် စိတ်ညစ်နေကြသူတွေ အတွက် ဒီသတ်နည်းလေး ကို ပြန်လည် မျှဝေချင်တဲ့ ဆန္ဒ နဲ့ တစ်ဆင့်ခြင်းလေး ကို Screen short ယူ ပြီးတော့ ပုံလေးတွေနဲ့ တကွ ပြန်လည် ရေးသား ဖော်ပြ ပေးလိုက်ပါတယ်။

mgy.exe ဗိုင်းရပ် ကိုယ့်ရဲ့ စက်ထဲ ၀င်ပြီဆိုတာ နဲ့ အဲဒီစက်မှာ Task Manager , Folder Options , registry တို့ ခေါ်မရဘူး ဖြစ်နေတက်ပါတယ်။ ပြီးတော့ Run မှာ cmd ရိုက်လိုက်ရင် လည်း ချက်ခြင်း ပျောက်သွားပါတယ်။ msconfig လို့ ရိုက်လိုက်ရင်လည်း Restart ကျသွားပါတယ်။ အဲဒါဆိုရင်တော့ သေချာပြီ။ mgy.exe ၀င်နေပြီဆိုတာ။ အဲဒီတော့ mgy.exe ကို ဒီလိုသတ်လိုက်ကြရအောင်ပါ။ ပထမဆုံး Trogan Remover Software လေး နှစ်ခု ကို ဒေါင်းလုပ် အရင်လုပ် ရအောင်လို့ ကျွန်တော် အောက်မှာ upload ဆိုဒ် နှစ်ဆိုဒ်က နေ ဆော့ဝဲလ် နှစ်ခုစလုံးပေါင်း ပြီးတော့ ပြန် တင်ပေးလိုက်ပါတယ်။ အောက်မှာ အရင် ဒေါင်းလုပ် ယူလိုက်ကြပါ။ ပြီးရင်တော့ သတ်နည်းလေး ကို ပြောပြပေးပါ့မယ်။ ဆော့ဝဲလ် နှစ်ခု ပေါင်း ဆိုဒ်ကတော့ 9.5 MB ရှိပါတယ်။ တစ်ခုကတော့ Trial Version ဖြစ်လို့ တစ်လပဲ ရမှာပါ။

Download ( 4Shared download )

Download ( ifile download )

********************

mgy.exe ဗိုင်းရပ်ကိုသတ်တော့မယ် ဆိုရင် အပေါ်က ဆော့ဝဲလ်လေး နှစ်ခုကိုအရင် install လုပ်လိုက်ပါ။ အင်စတော လုပ်ပြီးပြီဆိုရင်တော့ Trogan Remover Software လေးကို run လိုက်ပါ။ အဲဒီလို run တဲ့အခါမှာ Trial version ဖြစ်လို့ continue နဲ့ပဲ သွားလိုက်ပါ။ ကီးရှိတယ် ဆိုရင်လည်း ကီးလေး ထည့်ပေးလိုက်ပါ။ run ပြီးပြီ ဆိုရင် Scan ဆိုပြီး စစ်လိုက်ပါ။ အဲဒီလို စစ်လိုက်တဲ့အခါမှာ mgy.exe နဲ့ ပတ်သတ်တဲ့ ဖိုင်တွေကို တွေ့ပါလိမ့်မယ်. အဲဒီအခါမှာ အောက်က ပုံလေးတွေ အတိုင်း Ok နဲ့သာ ဆက်သွားလိုက်ပါ။

Scan ကိုနှိပ်လိုက်ပါ။ Scan ကိုနှိပ်ပြီးရင်ရင် အောက်ကပုံအတိုင်း Scanning စစ်နေပါလိမ့်မယ်.။

အဲဒီလို စစ်နေစဉ်မှာ မသင်္ကကာစရာ ဖိုင်တွေ trogan တွေ ဗိုင်းရပ်တွေ တွေ့လာရင် အောက်ကပုံလို တက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း Select မှတ်ပြီး Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံတက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း ပဲ Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံဆက်ပြီး တက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း ပဲ Select မှတ်ပြီး Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံဆက်ပြီး တက်လာပါလိမ့်မယ်။

ဒီပုံထဲက အတိုင်းပဲ OK ပေးပြိးသွားရင်တော့ Scan စစ်လို့ အားလုံး ပြီးသွားပါပြီ။ အဲဒီအခါ မှာ စက်ကို Restart ချမလား မေးပါမယ် ။ Restart ချလိုက်ပါ။ ဒီဆော့ဝဲလ်လေး ရဲ့ ကဏ္ဍက တော့ ဒီနေရာ တင်ပြီးသွားပါပြီ။

********

စက်ကို Restart ချလိုက်လို့ ပြန်တက်လာတဲ့အခါမှာတော့ နောက်ထပ် Smart Virus Remover ဆိုတဲ့ ဆော့်ဝဲလ်လေး ကို run ပါမယ်။ အဲဒီလို run လိုက်တဲ့အခါမှာ အောက်က ပုံလေး အတိုင်း တွေ့ရပါမယ်။


ဒီပုံလေး ထဲမှာ တွေ့တဲ့အထဲက အပေါ်ဆုံးက Delete Autorun File အကို အရင်နှိပ်လိုက်ပါ။ ပြီးရင် တတိယမြောက်က Remove Virus From a Folder ကိုနှိပ်လိုက်ပါ။ နှိပ်ပြီးရင် C: Drive တို့ D: Drive တို့ ရှိသမျှ Drive တွေကို scan လိုက်ပါ။ Drive တစ်ခု ချင်း စစ်ရမှာပါ။ စစ်လိုက်ရင် တွေ့ပါလိမ့်မယ်။ထိုနည်းတူစွာပဲ USB drive ထဲက ဗိုင်းရပ်ကိုလည်း အဲဒီမှာ Remove Virus from USB ဆိုတာ နှိပ်ပြီး သတ်နိုင်ပါတယ်။ အောက်ကပုံလေးထဲက ဖိုင်လေးတွေ…

အဲဒီအတိုင်းတွေ့ရင် အောက်ဆုံးက Delete Selected Files ဆိုတာ ကိုနှိပ်ပြီး သတ်လိုက်ပါ။ ဒါဆိုရင် ရှိသမျှ ဗိုင်းရပ်တွေ သေသွားပါပြီ။ ဗိုင်းရပ်သေသွားပေမယ့် Folder Options တို့ Task Manager တို့ Msconfig တို့ CMD တို့ ခေါ်လို့ ရအောင်လို့ အဲဒီပုံထဲက က ဒုတိယမြောက်က ဟာဖြစ်တဲ့ Restore Windows Default Settings ဆိုတာ ကို နှိပ်လိုက်ပါ။ အဲဒါနှိပ်လိုက်ရင်. အောက်က ပုံအတိုင်း တွေ့ပါလိမ့်မယ်။

အပေါ်က ပုံမှာတွေ့တဲ့အတိုင်းပဲ Task Manager , Registry Editer, Command Prompt, Run , Folder Options , All Folder Settings , Autoplay on All Drive ဆိုတာတွေကို တစ်တွေ အကုန်ပေးပြီးတော့ Apply လုပ် OK လုပ်လိုက်ရင် Restart လုပ်ခိုင်းပါလိမ့်မယ်။ Restart လုပ်လိုက်လို့ ပြန်တက်လာတဲ့အခါမှာ တော့ သင့်ရဲ့ ကွန်ပျူတာ အတွင်းမှာရှိတဲ့ mgy.exe ဆိုတဲ့ အကောင်ဟာ… မရှုမလှ နဲ့ ဂန့်နေတာကိုတွေ့ရပါလိမ့်မယ်။ :) ပြီးတော့ စောစော က ပြောတဲ့ Task Manager တို့ Folder Options တို့ လည်း အကုန်လုံး ပြန်ပေါ်နေတာကိုပါတွေ့ရပါလိမ့်မယ်။ ဒါဆို ဗိုင်းရပ်သေသွားပြီဆိုပေမယ့်လည်း သူ့ရဲ့ ဖိုင်က ရှိနေနိုင်ပါသေးတယ် ။ ဒါကြောင့် C: Drive တို့ D: Drive တို့ ရှိသမျှ Drive တွေထဲမှာ သွားပြီး Shift Delete လုပ်လိုက်ပါအုံး။ အဲဒီ Drive တွေကို ဖွင့်တဲ့အခါမှာ ဒီအတိုင်းဆို တွေ့ရမှာမဟုတ်ပါဘူး။ သူ့ရဲ့ Hidden files တွေကို ဖြတ်ဖို့ အတွက် Folder Options ကို သွားပြီးတော့ View ထဲကို ၀င်လိုက်တဲ့အခါမှာ Show hidden files and folders ကို တစ်ပေး။ ပြီးတော့ Hide extensions for known file types နဲ့ Hide protected operations system files တို့ရဲ့ တစ်တွေကို ဖြုတ်လိုက်ပါ။ ဒါဆိုရင် စောစောက Drive တွေထဲမှာ Hidden files တွေကို တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာပဲ Mgy.exe ဆိုတဲ့ အကောင်ကိုလည်း တွေ့ပါလိမ့်မယ် တွေ့ရင် Shift Delete သာ လုပ်လိုက်ပေတော့ နောက်ထပ် ဘယ်တော့မှ ထလာ နိုင်မှာ မဟုတ်တော့ပါဘူး။ ကဲ….. ဒါဆိုရင်တော့ Mgy.exe ဗိုင်းရပ်ကို သတ်လို့ ပြီးဆုံးသွားပါပြီ။

သူငယ်ချင်းတို့ အားလုံးလည်း ဗိုင်းရပ် ကင်းစင်ပြီးတော့ အဆင်ပြေချောမွေ့စွာနဲ့ပဲ…. အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း……

ဇော်သိင်္ခ

Wednesday, February 3, 2010

ချစ်သူများနေ့ ပေါ်ပေါက်လာပုံ

ဖေဖော်ဝါရီ (၁၄) ရက်နေ့ နီးလာတဲ့ အခါမှာ… ချစ်သူများနေ့ ကလည်း နီးလာပြီဆိုတော့ ကျွန်တော့် ရဲ့ စာဖတ်ပရိတ်သတ်များ အတွက်

ချစ်သူများနေ့ ဖြစ်ပေါ်လာ ပုံလေး နဲ့ အချစ်ရဲ့ ဒဏ္ဍာရီ အကြောင်းလေးတွေ ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်…

အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့…။

ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ “Love from your Valentine.” ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
“” . . Valentine’s Day . . “” ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။

American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့…။

‘ ‘ .. ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ .. ‘ ‘

ဖေဖော်ဝါရီ … အဖြူရောင်နှင်းတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ကြဲဖြန့် … ဟေမန်က နွေကိုကြိုဖို့ နှင်းစက်တွေကို အားရပါးရ အရင်းပြုနေချိန် …

အမှတ်တရတွေဖြစ်ဖို့ အမှတ်တမဲ့က အစပြုလာခဲ့သလား …?

“အချစ်”ကို လလေးတွေနဲ့ ပုံသဏ္ဍန်တွေ အမျိုးမျိုးနဲ့ ခိုင်းနှိုင်းပြောတတ်ကြပါတယ် … တချို့က အချစ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ကိုယ်ပိုင်ခံစားချက်တွေ ထုတ်ခဲ့ကြသလို သူများခံစားချက်တွေကို နားလည်နိုင်သူတွေလည်း ရှိခဲ့ဖူးကြရဲ့ … ဒီလိုမှမဟုတ်ဘဲ မကြုံဖူးလို့ နားမလည်နိုင်ဘူး ဆိုတဲ့သူတွေတောင် ဘယ်လိုပဲဖြစ်ဖြစ်တော့ အချစ်အကြောင်းကို တွေးကြည့်ဖူးကြမှာပဲ … အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ဖူးကြမယ် … လမ်းညွှန်ပေးကြဖူးမယ် … နှစ်သိမ့်ပေးကြဖူးပါလိမ့်မယ် …

ကဲ … ဒီလို … လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့ ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် … ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့ “ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …

လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေ ပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် … စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ … ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေ အားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် … သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …

ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’s Dayအကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲ စိန့်ဗယ်လင်တိုင်း (St. Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကို ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် … ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ် … ဒီတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါရော … အဲဒါကတော့ Valentine’s Dayနဲ့ ဘာသာရေးသမိုင်းကြောင်း ဘယ်လိုများ ဆက်စပ်နေပါသလဲဆိုတဲ့ မေးခွန်းပါပဲ …။

ဒဏ္ဍာရီ (၁)

ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentineလို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါး ရှိခဲ့ပါတယ်တဲ့။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတဲ့ ဇာတ်လမ်းအရ Valentineဆိုတာ (၃)ရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အဲဒီဘုန်းတော်ကြီးဟာ ကလောဒီးယပ်စ်(၂) ဘုရင်လက်ထက်မှာ သက်ရှိထင်ရှား ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုပါတယ်။ ဘုရင်ကလောဒီးယတ်စ်ဟာ တိုင်းပြည်မှာရှိတဲ့ အိမ်ထောင်သည်တွေကို စစ်တပ်အတွက် မရွေးချယ်ဘဲ လူပျိုလူလွတ်တွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တိုင်းပြည်က လူပျိုတွေခမျာ သူတို့ရဲ့ ချစ်သူကြင်သူတွေနဲ့ ဝေးကွာရတဲ့ စိတ်ဒုက္ခကို ခံစားနေခဲ့ရရှာတယ်။ ဘုရင်ကလဲ လူပျိုတွေ အိမ်ထောင်မပြုရဘူးလို့ အမိန့်ထုတ်ထားတာကိုး။ လူငယ်တွေရဲ့ သနားစရာအဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင် Valentineဟာ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချပြီး ဥပဒေ အပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်လေးတွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို သိသွားတဲ့အခါ ဘုရင်ကလောဒီးယတ်စ်တစ်ယောက် ဒေါသပေါက်ကွဲပြီး ရှင်တော်Valentineကို သေဒဏ်ချမှတ်ခဲ့ပါတော့တယ်။

ဒဏ္ဍာရီ (၂)

နောက်ထပ် ရာဇ၀င်တစ်ခုကတော့ သူတော်စင် Valentineဟာ အကျဉ်းခံရသူတွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ အကျဉ်းသား Valentineဟာ သူ့ဆီကို မကြာခဏ အလည်လာတွေ့တဲ့ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်မိခဲ့တယ်။ ထောင်ထဲမှာ သူမသေဆုံးခင် စာတစ်စောင်ကို ချစ်သူအတွက် ချန်ထားခဲ့ရာမှာ “From Your Valentine”ဆိုပြီး လက်မှတ်ရေးထိုးခဲ့ပါသတဲ့။ ဒီနေရာမှာ သူရေးခဲ့တဲ့ စာအရေးအသားဟာ ခုခေတ်ရင်ဖွင့်စာတွေမှာ တွေ့နေရတဲ့ အသုံးအနှုန်းနဲ့ သွားပြီးတူညီနေတာ တွေ့ရပါတယ်။ ဒီတော့ ပထမဆုံးသော ချစ်သက်လက်ဆောင်ကို Valentineက ပေးပို့ခဲ့တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ (၃)

အလယ်ခေတ်လောက်က Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ တော်တော်လေး ခေတ်စားလာခဲ့ပြီး အယူအဆအမျိုးမျိုးလဲ ဆင့်ပွားပေါ်ပေါက်လာခဲ့ပါတယ်။ တချို့ကတော့ St. Valentineဟာ ခေါင်းဖြတ်ပြီး အသတ်ခံရတယ်လို့ ယုံကြည်နေကြပြီး နောက်ထပ်လူပြောများတာတစ်ခုက Valentineရဲ့ ရုပ်ကြွင်း (ဒါမှမဟုတ်) အရိုးပြာကို အိုင်ယာလန်နိုင်ငံက ဘုန်းတော်ကြီး John Sprattအတွက် ပုပ်ရဟန်းမင်းကြီး George XVIက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီးဟာ တရားဟော အရမ်းကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက အထင်ကြီး လေးစားမိပါသတဲ့။ ဒါကြောင့်လဲ ရွှေကွပ်ထားတဲ့ အနက်ရောင် ကြုတ်ကလေးထဲမှာ ထည့်ထားတဲ့ သူတော်စင် Valentineရဲ့ အရိုးပြာကို ပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၊ Whitefriarလမ်းက ဘုရားကျောင်းမှာ ပြသထားတဲ့ အဲဒီကြုတ်ကလေးကို Valentine’s Dayရောက်လာတိုင်း လူတွေက သွားရောက်ကြည့်ရှုလေ့ ရှိကြပါတယ်တဲ့။

စတင်ကျင်းပခဲ့စဉ်က …

အေဒီ (၂၇၀)လောက်တုန်းက Valentine Dayကို ဖေဖော်ဝါရီလအလယ်မှာ လူအများစု ယုံကြည်မှုအရ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Valentine Day စားပွဲသောက်ပွဲတွေကို ဘုရားကျောင်းတွေမှာ ကျင်းပခဲ့တယ်လို့ ယုံကြည်ရပါတယ်။ Valentine Dayကို ကျင်းပရင်းနဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Pagan Lupercaliaပွဲတော်ကို ဆက်နွယ်ကျင်းပဖို့ အခွင့်အခါ ကြုံသွားတော့ Valentine Dayအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာ ပိုပြီးကြီးမားလာပါတော့တယ်။ ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီလလယ် နွေဦးပေါက်ရာသီကို သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ခဲ့ပါတယ်။ အိမ်တွေမှာ ဘာသာရေးအရ ဆေးကြောသန့်စင်မှုတွေ ပြုလုပ်ကြပါတယ်။ ဆားတွေ၊ Speltလို့ခေါ်တဲ့ ဂျုံတွေနဲ့ ကြဲဖြန့်ထားလေ့ ရှိကြပါတယ်။ ဖေဖော်ဝါရီလထဲမှာ ရောမခေတ် အစဉ်အလာအရ စိုက်ပျိုးခြင်းကို ပိုင်စိုးတဲ့ နတ်ဘုရား Faunusကို ပူဇော်ပသတဲ့ အစဉ်အလာရှိခဲ့ပြီး ရောမနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ Romulusနဲ့ Remusတို့ကို ပူဇော်တဲ့ပွဲတော် ကျင်းပတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို ကျင်းပဖို့အတွက် Lupercaliaဂိုဏ်းဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာ သူတို့ငယ်ဘ၀က ခိုအောင်းနေခဲ့တဲ့ ဂူတွေထဲမှာ စုဝေးကြပါတယ်။ ပြီးတဲ့အခါ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှု အထိမ်းအမှတ်အဖြစ် ယဇ်ပူဇော်ပြီး ခွေးကိုတော့ သန့်စင်မှု အထိမ်းအမှတ်အဖြစ် ယဇ်ပူဇော်ပါသတဲ့။ ငယ်ရွယ်တဲ့ ယောက်ျားပျိုတွေဟာ ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲမှာစိမ်ပြီး လမ်းတွေပေါ်မှာ ပက်ဖြန်းကြပါတယ်။ မိန်းကလေးတွေကလဲ သွေးသံရဲရဲ မြင်ကွင်းကို ကြောက်လန့်တာမျိုး မရှိဘဲနဲ့ သူတို့ကိုယ်မှာ ဆိတ်သွေးတွေကို စိုစွတ်စေပါတယ်။ အဲဒီခေတ် ဓလေ့ထုံးစံအရ မိန်းကလေးတွေဟာ ဆိတ်သားရေနဲ့ သူတို့ခန္ဓာကိုယ် ထိတွေ့ခြင်းဟာ နှစ်သစ်မှာ ကောင်းကျိုးချမ်းသာတွေ ရရှိခံစားစေနိုင်မယ်လို့ ယုံကြည်ကြပါတယ်တဲ့။ သမိုင်းမှတ်တမ်းတွေအရ အဲဒီပွဲတော်ချိန်တွေမှာ ရောမမိန်းမပျိုလေးတွေဟာ သူတို့နာမည်တွေကို ကရားအိုးလေးတစ်လုံးထဲ ထည့်ထားကြပြီး လူငယ်ကာလသားတွေကတော့ အဲဒီကရားလေးထဲက မိန်းကလေးတွေရဲ့ နာမည်ကို မဲနှိုက်ကြပါတယ်။ မဲမှာပါတဲ့ နာမည်ရှင် မိန်းကလေးနဲ့ မဲပေါက်တဲ့လူငယ်လေးဟာ ချစ်သူစုံတွဲတွေအဖြစ် လူတွေက သတ်မှတ်ပေးကြပြီး နောက်ပိုင်းမှာ လက်ထပ်ပေါင်းသင်းကြတဲ့အထိ အရေးပါစေခဲ့ပါတော့တယ်။

ပုပ်ရဟန်းမင်းကြီး Gelasiusက အေဒီ(၄၉၈)ခုနှစ် အရောက်မှာ Valentine Dayကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့အဖြစ် သတ်မှတ်တဲ့အကြောင်း တရားဝင် ကြေငြာလိုက်ပါတော့တယ်။ ရောမခေတ် စုံတွဲရှာတဲ့ဓလေ့ဟာလည်း စနစ်သစ်တစ်ခုအနေနဲ့ ပြဋ္ဌာန်းခံခဲ့ရပါတယ်။ ဒီစနစ်အရ ခရစ်ယန် မဟုတ်တဲ့သူတွေရော၊ ဥရောပဒေသက မဟုတ်တဲ့သူတွေပါ ဒီပွဲလေးကို ဆင်နွှဲခွင့် ရလာပါတော့တယ်။ တနည်းပြောရရင်တော့ ကိုးကွယ်ယုံကြည်မှု ပွဲတော်လေးကနေ လူတိုင်းပါဝင်နိုင်တဲ့ အထိမ်းအမှတ် ပွဲတော်လေးအဖြစ် ကူးပြောင်းလာတဲ့ သဘောပါပဲ။ အလယ်ခေတ် ရောက်လာတဲ့အခါမှာတော့ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို “ကျေးငှက်တို့ အဖော်ရှာသော ရာသီအစ”လို့ ယုံကြည် သတ်မှတ်လာကြပါတယ်။ အဲဒီနောက်ပိုင်းတော့ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ Valentine Dayဟာ ချစ်ခြင်းဖွဲ့ သင်္ကေတတစ်ခုအဖြစ် တစ်ကမ္ဘာလုံး လက်ခံယုံကြည်ပြီး အမှတ်တရ ကျင်းပခဲ့ကြတာ ဒီနေ့အချိန်ထိပါပဲ။

ပထမဆုံး Valentine’s Dayအထိမ်းအမှတ် ကဗျာ …

အစောဆုံး Valentineကဗျာကို ပေးပို့ခဲ့သူကတော့ အော်ရီလန်နယ်စား ချားလ်စ်ပဲ ဖြစ်ပါတယ်။ လန်ဒန်မျှော်စင်ကြီးမှာ အကျဉ်းကျနေတုန်းက သူ့ချစ်ဇနီးကို ရေးသားပေးပို့ခဲ့တာပါ။ သူဟာ ပြင်သစ်မင်းဆွေမင်းမျိုး တစ်ယောက်ဖြစ်ပြီး Agincourtစစ်ပွဲမှာ အင်္ဂလိပ်တွေရဲ့ ဖမ်းဆီးမှုကို ခံရပြီး လန်ဒန်မျှော်စင်ကြီးမှာ အထီးကျန်စွာ အကျဉ်းချ ခံထားရတာပါ။ (၁၄၁၅)ခုနှစ်က ရေးခဲ့တဲ့ သူ့ကဗျာနဲ့ မူရင်းလက်ရေးမူကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ဗြိတိသျှအမျိုးသား စာကြည့်တိုက်မှာ မှတ်တမ်းတင် သိမ်းဆည်းထားပြီး နှောင်းခေတ်လူတွေကို ပြသထားပါတယ်။ နောက်ပြီး မှတ်တမ်းတွေအရ Henry Vဘုရင်မင်းမြတ်ဟာ စာဆိုတော်တစ်ဦးကို ဆင့်ခေါ်ပြီး သူ့ချစ်သူ ဗေးလက်စ်မင်းသမီး Catherineဆီ Valentineအထိမ်းအမှတ် ချစ်သ၀ဏ်လွှာတစ်စောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ချန်ထားလို့မရတဲ့ မြှားနတ်မောင် …

Valentine’s Dayရဲ့ အထိမ်းအမှတ် သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Iconတစ်ခုကတော့ Cupidလို့ခေါ်တဲ့ ဖူးစာရေး မြှားနတ်မောင်လေးပါပဲ။ ကလေးငယ်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ တောင်ပံလေးတွေပါတဲ့ နတ်ကလေးပါ။ အချစ်နတ်သမီး Venusရဲ့သားတော်လို့ လူတွေက သတ်မှတ်ထားကြပြီး ရှေးဟောင်းဂရိ ကျမ်းစာတွေထဲမှာတော့ အလှနတ်ဘုရားမ Aphroditeရဲ့ သားတော် Erosကို မြှားနတ်မောင်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပြန်ပါတယ်။

Cardလေးတွေ ပေးကြပြီ …

ဗြိတိန်မှာ (၁၇)ရာစုကစပြီး Valentine’s Dayကို ကြီးကြီးကျယ်ကျင် ဆင်ယင်နွှဲပျော်ခဲ့ကြပါတယ်။ (၁၈)ရာစု အလယ်လောက်မှာတော့ ချစ်သူစုံတွေတွေသာမက ပွဲလမ်းသဘင် ကြိုက်နှစ်သက်တဲ့ လူတိုင်းအတွက် အကျုံးဝင်တဲ့ ပွဲတော်နေ့လေး ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ ချစ်သူခင်သူ အချင်းချင်း အမှတ်တရ လက်ဆောင်လေးတွေ၊ ကတ်လေးတွေ အပြန်အလှန် ပေးပို့လာကြပါတယ်။ Valentineခေတ်ဦးက လက်ရေးမူနဲ့ ရေးသားပေးပို့တဲ့ သ၀ဏ်လွှာတွေကို အသုံးများခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံနှိပ်ထားတဲ့ ပို့စ်ကတ်လေးတွေ ပိုပြီး ခေတ်စားလာပါတယ်။ အဲဒီကတ်လေးတွေမှာ အချစ်ကို သရုပ်ဖော်တဲ့ စာသားလေးတွေ၊ ရုပ်ပုံလေးတွေ ပါလာခဲ့ပြီး အချစ်ရေးမှာ သတ္တိကြောင်တတ်တဲ့ လူငယ်လေးတွေအတွက် ချစ်သူကို ရင်ဖွင့်ဖို့ အားကိုးအားထားရာ နည်းလမ်းလဲ ဖြစ်လာခဲ့ပါတော့တယ်။ စာပို့ခ သက်သက်သာသာနဲ့ Valentine’s Dayပို့စ်ကတ်လေးတွေ ပို့ပေးတဲ့ ၀န်ဆောင်မှု လုပ်ငန်းလေးတွေ ပေါ်လာပြီးတော့ ချစ်သူတွေကြားမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုလေးတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။

လက်ဆောင်ပစ္စည်းလေးတွေနဲ့ …

အမေရိကန်မှာတော့ လက်လုပ် Valentine’s Dayလက်ဆောင်လေးတွေ အပြန်အလှန်ပေးကြတဲ့ ဓလေ့တစ်ခု (၁၇၀၀)ပြည့်နှစ် အစောပိုင်းကာလမှာ ခေတ်စားလာခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတွေအရတော့ ပထမဆုံး Valentine’s Dayလက်ဆောင်ကို စပြီးတီထွင်တဲ့သူဟာ အမေရိကန်နိုင်ငံသား Esther A. Howlandဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါသတဲ့။ နောက်ပိုင်းမှာတော့ ကတ်တွေပို့တာ၊ လက်ဆောင်လေးတွေလဲတာဟာ ချစ်သူများနေ့ရဲ့ မပြောင်းလဲနိုင်တော့တဲ့ အထိမ်းအမှတ်တွေ ဖြစ်လာပါတော့တယ်။ Greeting Card Associationရဲ့ ခန့်မှန်းချက်အရ Valentine’s Dayအတွက် အထိမ်းအမှတ် ပို့စ်ကတ်လေးတွေ ပေးပို့ကြတာဟာ နှစ်စဉ် ကတ်အရေအတွက် သန်း(၁၀၀၀)ကျော်ထိ ရှိတတ်ကြောင်း သိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ခရစ္စမတ်ကတ်လေးတွေပြီးရင် အများဆုံးပါပဲ။ စိတ်ဝင်စားစရာ တစ်ခုကတော့ Valentine’s Day လက်ဆောင်လေးတွေအတွက် ငွေပေးချေသူဦးရေရဲ့ (၈၅)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေတယ် ဆိုတာပါပဲ။

တဖြည်းဖြည်း ကျယ်ပြန့်လာကြတာ …

အမေရိကန်မှာ Valentine’s Dayကို စည်စည်ကားကား ကျင်းပကြသလို ကနေဒါ၊ မက္ကစီကို၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနိုင်ငံတွေမှာလည်း ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ နောက်တော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ အာရှနိုင်ငံတွေထိ ကူးစက်ပြန့်နှံ့လာပြီး ခုဆိုရင် Valentine’s Dayဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်သူစုံတွဲလေးတွေအတွက် ရင်ခုန်ဆွတ်ပျံ့စေမယ့် အထိမ်းအမှတ်နေ့ကလေးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။ ရှင်တော် Valentineဆီကတဆင့် သန္ဓေတည် မွေးဖွားလာတဲ့ ချစ်ခြင်းမေတ္တာပြယုဂ် နေ့ထူးနေ့မြတ်ကလေးဟာ လူသားတွေရင်ထဲမှာ အချစ်ရှိနေသ၍ ဘယ်တော့မှ မပျောက်ပျက်နိုင်တော့မယ့် ရက်စွဲလေးအဖြစ် ထာဝရတည်ရှိနေဦးမှာ အသေအချာပါပဲ။

အချစ်က
ရင်ခုန်စွတ်ပျံ့မှုတွေနဲ့ သိမ်သိမ်မွေ့မွေ့ လှတယ်…
ဘယ်လိုနတ်ဘုရားမျိုးက စီမံခဲ့ပါလိမ့်….
လူတစ်ယောက်ကို
အခြားလူတစ်ယောက်က အကောင်းတွေပဲဖြစ်စေချင်တယ်ဆိုတဲ့
နူးညံ့ပါးလွှာတဲ့ မေတ္တာဓါတ်တွေကိုပေးတယ်….

အချစ်ဆိုတာ လူတစ်ယောက်ကို အကောင်းတွေပဲပေးချင်တယ်ဆိုတဲ့ မေတ္တာမနောကံ ပေးစွမ်းနိုင်သူဖြစ်တယ်….

ဒီစာစုလေး များသည် မနှစ် ချစ်သူများနေ့ က ဖတ်မိသော စာသားလေးများ ကို word ဖိုင်ဖြင့် ကော်ပီကူး၍ သိမ်းယူထားခြင်း ဖြစ်သောကြောင့် ဘယ်က ကူးယူထားသည်ကို မမှတ်မိတော့ ပါသဖြင့် ရေးသားသူ အမည်ကို မဖော်ပြနိုင်ခြင်း ဖြစ်ပါသည်။

ဇော်သိင်္ခ

Wednesday, January 27, 2010

ကလုံးရိုက်မယ်

Drive Clone Pro ဆိုတော့ ကလုံး ရိုက်တဲ့ Software လေး နဲ့ အသုံးပြုပုံလေး ပါ။

Drive Clone Pro ဆိုတာက တော့  Hard Disk ကို ကလုံး ရိုက်တဲ့ ဆော့ဝဲလ် လေး တစ်ခုပါ။ ကလုံးရိုက်တယ် ဆိုတာကတော့. ဘယ်နေရာတွေ မှာ အသုံးများလဲ ဆိုရင်  ကွန်ပျူတာ ဆားဗစ်စင်တာတွေနဲ့ အင်တာနက်ဆိုင်တွေ မှာ.နည်းပညာသမား တွေ အသုံးများပါတယ်။ ကွန်ပျူတာ ဆားဗစ်စင်တာ တွေမှာ လည်း စက်အလုံးရေ. အများနဲ့လာဝယ်တဲ့အခါမှာ ၀င်းဒိုးတင်ပေးရပါ. အဲဒီလို ၀င်းဒိုး တင်တဲ့အခါမှာ စက်တစ်လုံးချင်းကို တင်နေမယ်ဆိုရင်. အချိန်တွေ အရမ်းကုန်နေမှာဆိုးတဲ့အတွက် စက်တစ်လုံးထဲကို ၀င်းဒိုးတင်ပြီး လိုအပ်တဲ့ဆော့ဝဲလ်တွေ အကုန်ထည့်ပြီးပြီဆိုတော့ ကျန်တဲ့ Model အမျိုးအစား တူတဲ့ စက်တွေ အတွက်  Hard Disk လေး ကိုတပ်ပြီး ကလုံးရိုက်ပြီး ပြန်တပ်ပေးလိုက်ယုံပါပဲ.။ကလုံးရိုက်လို့  ကြာတဲ့ အချိန်ကတော့  10 မိနစ် နဲ့ 15 မိကြားလောက်ပဲ ကြာပါတယ်။ ၀င်းဒိုးအသစ်တင်တာနဲ့ ဆော့ဝဲလ်တွေ အပြည့်အစုံထည့်မယ်ဆိုရင်. ၂ နာရီ ၀န်းကျင်လောက်ကြာပါတယ်။ အခု လို ကလုံးရိုက်လိုက်တော့ နှစ်နာရီ ၀န်းကျင်လောက်ဆိုရင်. စက်အလုံးရေ 10 လုံး ကျော်ကျော်လောက် ပြီးသွားနိုင်ပါတယ်။ အဲဒီအတွက် ကလုံး ရိုက်ကြတဲ့ နေရာ မှာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး ။ ကလုံး ရိုက်တဲ့ ဆော့ ၀ဲလ် တွေ ကလည်း အများ ကြီး ရှိပါတယ်။ ကိုယ် ကြိုက်တာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်သုံးကြပါတယ်။ အဲဒီလို အများကြီးရှိတဲ့ ကြားက ကျွန်တော် အသုံးပြု နေတဲ့ Far Stone က ထုတ်တဲ့ Drive Clone Pro ဆိုတဲ့ ဆော့ဝဲလေးနဲ့ အသုံး ပြုပုံလေး ကို. ကျွန်တော် သိသလောက်လေး ကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဒီဆော့ဝဲလ် လေး က ကလုံးရိုက်ယုံ သက်သက် မဟုတ်ပါဘူး။

ဒီဆော့ဝဲလ် လေး ထည့်ထား မယ်ဆိုရင်  အဲဒီစက် မှာ ရှိတဲ့ C: Drive ကြီး တစ်ခု လုံး ကို Backup လုပ်ထားလို့ ရပါတယ်။ အဲဒီ Backup ကို  D: Drive ဒါမှ မဟုတ် Memory Stick တစ်ခုခု ထဲသို့  Backup လုပ်ထားလိုက်ရင် အဲဒီစက် မှာ ၀င်းဒိုး လုံးဝ ပြန်မတက်ပဲ  ကျသွားပါစေ ဒီ Drive Clone Pro ဆိုတဲ့ဆော့ ၀ဲလ်လေးက ၀င်း ဒိုးမတက်ခင် သူက အရင် လိုင်းလေ နှစ်လိုင်းပြေး နေပါတယ်.အဲဒီအချိန်မှာ အမိအရ စပေ့ဘားလေး နှိပ်လိုက်ရင် Drive Clone Pro ဆိုတဲ့  မီနီ ၀င်းဒိုးလေး ထဲရောက်သွားပါတယ်။ အဲဒီထဲ ရောက်မှ   Restore My Computer ကိုနှိပ်ပြီး စောစောက Backup လုပ်ထားတဲ့ ဖိုင် ကို   Restore လုပ်လိုက်ရင်. ကြာတဲ့ အချိန်ဟာ သုံး မိနစ်လောက်ပဲ ကြာပါတယ်.. ပြီးတော့ စက်ကို restart နဲ့ ပြန်တက်လိုက်ရင်.. ကျွန်တော်တို့ အရင် Backup လုပ်ထားတဲ့ အချိန်တုန်းက ၀င်းဒိုးအတိုင်း  အသစ် ပြန်ဖြစ်သွားပါတယ်။ Backup လုပ်တဲ့ အချိန်တုန်းက ကိုယ်လုပ်ထားတဲ့ Backup ဖိုင်ကို ဗိုင်းရပ် ရန်မှ ကာကွယ်ဖို့ အတွက် Password ခံထားလို့ လည်း ရပါတယ်။ တခြား မော်ဒယ်တူတဲ့ စက်က ဟာ့ဒစ်ကို လည်း ကလုံး မရိုက်ပဲ  အဲဒီ Backup ဖိုင်ကို ပဲ Restore ပြန်လုပ်လိုက်မယ်ဆိုရင်လည်း သုံးမိနစ်လောက်နဲ့ ပြီးပါတယ်။ အဲဒီ ဆော့ ၀ဲလ်လေးနဲ့ ကလုံး ရိုက်နည်းလေးကို. ကျွန်တော် တဆင့်ချင်းလေး ပြောရေးပြပေးသွားပါမယ်ခင်ဗျ.. အောက်မှာ စဖတ်လိုက်ကြရအောင်..

ပထမဆုံး ဟာ့ဒစ်ကို အရင် တပ်ထားလိုက်ပါ. ပြီးတော့ ကလုံး ရိုက်မယ့် ဟာ့ဒစ်မှာ အရင်က ၀င်းဒိုးရှိထားခဲ့ရင်. Boot တက်တဲ့ နေရာမှာ အဆင်မပြေဖြစ်မှာ ဆိုးတဲ့အတွက် Drive Clone Pro ဆော့ဝဲလ် လေး တက်လာတာနဲ့  စပေ့ဘားလေး နှိပ်ပြီး အရင် ၀င်လိုက်ပါ. ပြီးတော့ Restart ပြန်ချလိုက်ပါ။ အဲဒါဆိုရင် နောက်တပ်တဲ့ ဟာ့ဒစ်နဲ့ အရင် ၀င်းဒိုးထဲမှာ နှစ်ခု တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဆော့ ၀ဲလ်လေး ကို ဖွင့်လိုက်ပါ။

ပြီးတော့ အောက်က ပုံလေး အတိုင်း  Clone Drive ကို နှိပ်လိုက်ပါ။



ပြီးရင် အောက်က ပုံလေး မှာ မြင်ရတဲ့အတိုင်း Clone Drive အောက်မှာ ရှိတဲ့  Source Drive နဲ့ Destination Drive ကို ရွေးပေးလိုက်ပါ။ ပြီးရင်

Next ကိုနှိပ်လိုက်ပါ။



Next ကိုနှိပ်လိုက်ရင်  Destination Drive ရဲ့  Partition ပုံစံ ဟာ Source Drive ရဲ့ Partition ပုံစံ အတိုင်း ဖြစ်သွားမယ်ဆိုတဲ့ အကြောင်း ပြထားတာပါ။

ပြီးရင် Next ကို ဆက်နှိပ်ပါ။



Next ကိုနှိပ်လိုက်တဲ့အခါမှာ. အပေါ်မှာ ရွေးထားခဲ့တာ  Source Drive နဲ့ Destination Drive ကို သေချာအောင် ပြန်ပြပေးတဲ့သဘောပါ။ တကယ်လို့ Source နဲ့ Destination မှားနေတယ် ဆိုရင် ပြန်ပြင်လို့ရအောင် သေချာအောင် ပြတဲ့သဘောပါ။ သေချာပြီဆိုရင်တော့

Clone Now ကို နှိပ်လိုက်ပါ။ အဲဒီလိုနှိပ်လိုက်ရင်…



ထပ်မံပြီးတော့ သတိပေးတဲ့စာကတော့ Destination Drive ထဲမှာ ရှိတဲ့ Partition တွေထဲမှာ ရှိတဲ့ Data တွေ ပေါ်မှာ Overwrite လုပ်ပြစ်လိုက်မယ်ဆိုတဲ့ သတိပေးစာလေး ပါ။

Continue ကို နှိပ်လိုက်ပါ။



စပြီးတော့ ကလုံး ရိုက်နေပါပြီ. အဲဒီမှာ  Estimate Time Remaining : က ၄ မိနစ် လောက်ပဲ ကြာပါတယ်။



အောက်က  အခြေအနေက တော့ ကလုံး ရိုက် ချိန် ၄ မိနစ်နဲ့ တင် ပြီးဆုံးသွားပြီဆိုတဲ့အကြောင်း ပြတဲ့ Box လေးပါ။ ကလုံး ရိုက်ပြီးတဲ့အခါမှာ စက်ကို Shut Down ချပြီးတော့ အဲဒီ ဟာ့ဒစ် ကို တခြား စက်မှာ သွားတက်လိုက်ပါတော့ ၀င်းဒိုး အသစ်တစ်လုံး ကို ဟာ့ဒစ် ဖြုတ်ချိန် တက်ချိန်ရောမှ ၁၀ မိနစ်လောက် နဲ့ တင် ပြီးဆုံး သွားပါတယ်။



ကျွန်တော်သုံးတာကတော့  Drive Clone Pro Version 5.0 ပါ ကီးချန် ရော ရှိပါတယ်။ ဆိုဒ်ကတော့ 87.5 MB ရှိပါတယ်။ ဒီဆော့ဝဲလ်လေး ကိုတော့ တင်ပေးချင်ပါတယ် ကျွန်တော် တင်နေတာ သုံးခါ ရှိပါပြီ။ ကောနက်ရှင် အခြေအနေအရ အဆင်မပြေလို့ အခုတော့  တော့ မတင်ပေးနိုင်တာ ကို ခွင်လွှတ်ကြပါလို့. နောက်များမှ အဆင်ပြေရင် ပြန်တင်ပေးပါမယ်ခင်ဗျာ.။

ပြီးတော့ ဒီဆော့ဝဲလ် လေးနဲ့ ပတ်သတ်ပြီးတော့ လည်း တခြား အသုံးဝင်တဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော် မစမ်းသပ်နိုင်သေးလို့ ကျွန်တော်သုံး စမ်းသပ် ဖူးတာလေးတင် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါခင်ဗျာ။

အမှားများ ပါလာခဲ့လျှင် ပြန်လည် ထောက်ပြ ပေးကြပါလို့ တောင်းဆိုအပ်ပါတယ်ခင်ဗျ။

ဇော်သိင်္ခ

Sunday, January 3, 2010

အရေးကြီးတဲ့ ဖိုဒါလေးတွေကို ၀ှက်ထားမယ်။

မိမိသုံးနေသောအရေး ကြီးသော  ဖိုင်တွေ ဖိုဒါတွေ တခြားသူတွေ မသိအောင် မတွေ့အောင်  မိမိရဲ့ ကွန်ပျူတာ သို့မဟုတ် Memory Stick  တွေထဲမှာ သိမ်းတဲ့ အခါမှာ..  ဘယ်သူမှ မမြင်နိုင်အောင် သိမ်းထား ( ၀ှက်ထား) နိုင်ပါတယ်။ဘယ်လို သိမ်း (၀ှက်) မလဲ ဆိုတော့ .

၁။ ကိုယ်သိမ်း(၀ှက်)မယ့် ဖိုဒါ ကို. ဘယ်နားမှာ ၀ှက်မလဲ ဆိုတဲ့ နေရာကိုရွေးပြီးတော့ အရင်ထည့်ထားခဲ့လိုက်ပါ။ ဥပမာ.. Desktop ပေါ်လား၊                  My  Document ထဲလား၊  D: ထဲလား E: (Memory Stick ) ထဲလား ပေါ့။

၂။ Run ထဲမှာ cmd လို့ ရိုက်ပြီး OK ပေးလိုက်ပါ။

C:\Documents and Settings\admin>_ ဒီအတိုင်း ရှိနေရင်..

၃။  ပြီးတော့ စောစောက ကိုယ်ထည့်ထားခဲ့တဲ့ အောက်ကို ရောက်အောင်သွားလိုက်ပါ။ ကိုယ်က D: ထဲမှာ ထည့်ထားတယ်ဆိုရင်. .

C:\Documents and Settings\admin>D: လို့ရိုက်ပြီး Enter ခေါက်လိုက်ရင်..

D:\>_ လိုလေး ဖြစ်သွားမှာပါ။  .. စ၀ှက်တော့မယ်နော်.. ၀ှက်မယ့် ဖိုင်နာမည်ကို.  koko လို့ ပေးခဲ့လိုက်တယ်ဆိုရင်..

D:\>attrib +s +h "koko" လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။

D: ထဲမှာ ကြည့်ပြီးတော့ လုပ်ကြည့်ပါ။ ကိုယ့် ရဲ့ ဖိုဒါလေး မျက်စိအောက်က ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ (  attrib +s +h "koko"  ဒီနေရာတွေမှာ space လေးတွေတော့ ခြားထားခဲ့အုံးနော်)

Folder Option ထဲက  View ထဲက

Show Hidden File and Folder လုပ်ထားလဲ ဖိုဒါ မှိန်မှိန်လေး အနေနဲ့ တွေ့မြင်ရမှာ မဟုတ်ပါဘူး။

အဲဒီလို သိမ်းတဲ့အခါမှာ. ကိုယ်သိမ်းတဲ့ Folder Name ကိုတော့ ကိုယ်မှတ်မိဖို့ တော့ လိုတယ်နော်.. တကယ်လို့. နာမည် မေ့သွားရင်လည်း. ပြန်ရှာတဲ့ နည်းတော့ ရှိပါတယ်။ ကိုယ်သိမ်းခဲ့တဲ့ နေရာ တော့ သိဖို့လိုတာပေါ့နော်.. အဲဒီလိုသိတယ် ဆိုရင်. ဘာနဲ့ သွားကြည့်မလဲ ဆိုတော့.

WinRar ဆိုတဲ့ software လေးတော့ ထည့်ထားဖို့လိုတာပေါ့နော်..  WinRar ကို ဖွင့်လိုက်ပါ။ ပြီးတော့ ကိုယ်သိမ်းထားတဲံ့အောက်ကို သွားကြည့်လိုက်ပါ။ အဲဒီမှာ..  ၀ှက်ထားတဲ့ ဖိုင်ကိုတွေ့ပါလိမ့်မယ်... အဲဒီကနေ ဖွင့်ရင်လည်း ရတော့ရပါတယ်. D: ထဲမှာ ပြန်မြင်ရအောင်တော့လုပ်လို့ မရဘူး လို့ ထင်တာပါပဲ။

........

စောစောက ၀ှက်ထားတဲ့ ဖိုဒါ ကို ပြန်ဖော် ကြည့်ချင်တယ် ဆိုရင်တော့.. စောစောက..လိုပဲ. ကိုယ်ဝှက်ထားတဲ့ ထဲ ရောက်အောင်သွားပြီးတော့.. အပေါင်း နေရာ မှာ အနှုတ် ကလေး နဲ့ ဖော်လိုက်ယုံပါပဲဗျာ..

D:\>attrib -s -h "koko"

ဒါဆို ရင်တော့ အိုကေသွားပါပြီ။

*** Memory Stick တွေထဲမှာလည်း ဗိုင်းရပ် ကိုက်လို့ ဖိုဒါတွေ ရှာမတွေ့တော့ဘူး ဆိုရင်တော့.. WinRar နဲ့ အရင် ဖွင့်ကြည့်ပြီးတော့ အပေါ်က နည်းလေး အတိုင်း  ပဲ ပြန်လည် ဖော်ယူလို့ ရပါတယ် ခင်ဗျာ။..

နောက်တစ်နည်းအနေနဲ့..

ကျွန်တော်တို့ ဖိုဒါကို ကုတ်တွေထည့်ပြီး rename ပေးဖျောက်မယ်ဆိုရင် refresh လုပ်တဲ့ အခါ မှာ အဲဒီဖိုဒါနေရာကို ပြနေပါလိမ့်မယ်...။
ဒါကြောင့် ဖိုဒါရှိနေတယ် မရှိနေဘူးဆိုတာကိုသိပါတယ်...။ ။

အဲဒီနေရာကလည်း လွတ်နေပါလိမ့်မယ်...... ။  ဖိုဒါရှိနေတာ သိနေရင် အဲဒီနေရာ မှာ နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ရင် ပွင့်သွားပါတယ်။ ပြီးတာ့ ဖြတ်ပြစ်လို့လဲ ရပါတယ်။ အဲဒါက သိပ်စိတ်မချရဘူးလို့ထင်ပါတယ်။

ဖိုဒါကို rename ပေးပြီးတော့  alt+0160 လို့ ရိုက်လိုက်ရင်.ဖိုဒါလေးပဲ တွေ့ရပါလိမ့်မယ်။ နာမည်မတွေ့တော့ပါဘူး။  ပြီးတော့ အဲဒီ ဖိုဒါမှာ right click နှိပ်ပြီး properties >customize> change icon ထဲမှာ  ပုံလေးတွေကြားထဲက ဘာမှ မမြင် ရတဲ့နေရာ.. ကွက်လပ်လေး ပေါ်မှာ မောက်စ် လေး တစ်ချက်နှိပ်ကြည့်လိုက်ရင်.. အပြာရောင် အကွက်လေး တွေ့ရပါလိမ့်မယ်. အဲဒါဆိုရင်.. ok..Apply .. Ok ပေးလိုက်ပါ......။ ပျောက်သွားပါလိမ့်မယ်.....။ အဲဒီနေရာလေးက တော ကွက်လပ်လေး အနေနဲ့ တော့ ရှိနေမှာပါ.............

အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ...။

ဇော်သိင်္ခ ...

Saturday, January 2, 2010

SVCHOST.EXE Virus

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...

kozaw ဘလော့မှ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

zawtk...

Wednesday, November 25, 2009

Wi-Fi Wi-Max & Protocol

Wi-Fi နဲ့ Wi-Max ကွာခြား ချက်လေး ပါ။

Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။


Protocol များ အကြောင်း

ဒါလည်း ကိုသူရိန်ရေးထား တဲ့ protocol လေး တွေ ရဲ့ အကြောင်းလေး ပါ။

website လိပ်စာတစ်ခုကို ကြည့်မယ်ဆိုရင် ဥပမာ - http://www.google.com အဲဒီလိပ်စာမှာ ရှေ့က http ဆိုတာက hyper text rtansfer protocol ရဲ့ အတိုကောက်ဖြစ်ပါတယ် ။ protocol ဆိုတာက a set of rules and formats လို့ပြောကြပါတယ် ။ စည်းမျဉ်းစည်းကမ်းတွေကိုစုစည်းထားခြင်း လို့ပြောနိုင်ပါတယ် ။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေလည်းဆိုရင်တော့ data အပို့အယူ လုပ်တဲ့အခါမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ပြောတာပါ ။

protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့ protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသားတွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။

http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ ။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီးပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာလုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့ data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့ a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။

့https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။

နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။ ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့ access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။ ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။





Private IP Addressing
အရင်ကတည်းက Network ဆင်တိုင်း ကွန်ပျူတာတွေရဲ့ IP မှာ network ID ကို Class C ဖြစ်တဲ့ 192.168.0 ကိုပဲ အမြဲပေးမိတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ net ID ပဲ ပေးမိမှန်းမသိဘူး။ နောင်တော်ကြီးတွေဆီကပဲ အတုခိုးမိတာလား။ ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး။ သူငယ်ချင်းတစ်ယောက်ကလည်း မေးဖူးတယ်။ ဘာကြောင့် LAN တွေရဲ့ Net ID ကို 192.168.0 ပဲ သုံးတာလဲတဲ့။ ကျွန်တော်လည်း ဘာရမလဲ။ မှတ်ရတာ လွယ်လို့နေမှာပေါ့ကွာလို့ ဖြေမိတယ်။ အခု MCSE XP SP2 စာအုပ်ဖတ်တော့မှ တက်တက်စင်အောင် လွဲမှန်းသိတော့တယ်။ အဲဒီထဲမှာ ရေးထားတာက

IP တွေသုံးစွဲခွင့်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းကြီး ရှိတယ်။ အင်တာနက်နဲ့ ချိတ်မဲ့ကွန်ပျူတာတိုင်းဟာ IP ရှိရတယ်။ အဲဒီ IP ကို ကိုယ်ပေးချင်တာ ရမ်းပေးလို့မရဘူး။ IANA (Internet Assigned Numbers Authority) ဆိုတဲ့ အဖွဲ့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါပေမဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုမရှိတဲ့ Network (ဒါမှမဟုတ်) Private Network တွေအတွက်တော့ မှတ်ပုံတင်စရာမလိုဘဲ လွတ်လပ်စွာအသုံးပြု ခွင့်ပြုပေးထားတဲ့ IP တွေရှိပါတယ်။


Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255

Class B ဆိုရင် 172.16.0.0 ကနေ 172.31.255.255

Class C ဆိုရင် 192.168.0.0 ကနေ 192.168.255.255 ထိ ပေးခွင့်ရှိတယ်လို့ ရေးထားပါတယ်။ အခုဖော်ပြထားတဲ့ Address range တွေကို ဘယ် Internet Host ကမှ သုံးစွဲထားခြင်းမရှိဘူးလို့လည်း ရေးထားပါသေးတယ်။

ဒီအကြောင်းလေး တွေကိုအပြည့်အစုံ  ဖတ်ချင်ရင်တော့ ကိုသူရိန်တို့ရဲ့  IT Men ကိုသွားဖတ်နိုင်ပါတယ်..


zawtk...

Proxy Server

Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။


CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

IT Men's Blog မှပြန်လည်ဖော်ပြသည်။



zawtk...

Saturday, November 14, 2009

မန်မာ အက္ခရာသုံး ဒိုမိန်း ထွက်ပြီ

ကိုရီးယားနိုင်ငံ ဆိုလ်း မြို့တွင် ကျင်းပ သော အင်တာနက် ဆိုင်ရာ အမည်နှင့် နံပါတ်များ ခွဲရေးအဖွဲ့ ၏ အောက်တိုဘာ ၂၆  ရက်မှ ၃၀ ရက်ထိ ကျင်းပခဲ့သော အစည်းဝေး က အတည် ပြု ပေးလိုက်သည့် မိခင် ဘာသာဖြင့်


ရေးသား နိုင်သော အင်တာနက် လိပ်စာများ (Uniform Resource Locator, previously Universal Resource Locator) တွင် ယူနီကုဒ်စံ သတ်မှတ်ချက်ကို လိုက်နာထားသည့် မြန်မာ အက္ခရာများကို စတင် သုံးစွဲနိုင်ပြီဟု မြန်မာစာ သုံး ဒိုမိန်းများ အတွက် ဝန်ဆောင်ပေးနေသည့် ကနောင် ဝဘ်ဒီဇိုင်း (http://kanaung.com) မှ အတည်ပြု ပြောဆိုခဲ့သည်။


ပထမဆုံး မြန်မာစာသုံး ဒိုမိန်း လိပ်စာ (Uniform Resource Locator, previously Universal Resource Locator) အဖြစ် ဧရာမြန်မာ ယူနီကုဒ် အင်တာနက် စာမျက်နှာ အတွက် http://www.ဧရာ.com ကို စတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တခြားသော စံများနှင့်လည်း ကိုက်ညီသည့် ဒိုမိန်း လိပ်စာများ အတွက်လည်း ဝယ်ယူ စုဆောင်း ထားကြောင်းလဲ သိရှိရသည်။


လက်ရှိ အခြေအနေတွင် ယူနီကုဒ် ဗားရှင်းများ အလိုက် သတ်မှတ်ထားသော စံကို လိုက်နာကျင်သုံး ထားသည့် မြန်မာ အက္ခရာများ နှင့် ယူနီကုဒ် စံ၏ တစိတ်တပိုင်းကို လိုက်နာထားသည့် de facto standard ဇော်ဂျီ စာလုံးများကြားတွင် မိမိအသုံးပြုမည့် လိပ်စာအား မည်သည့် standard၊ မည်သည့် de facto standard သုံး အက္ခရာဖြင့် ဝယ်ယူမည်ကို အဓိကထား စဉ်းစားရမည့် အချက်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲသူများ အနေဖြင့် အဆင်ပြေမည် ဖြစ်ကြောင်းသိရှိရသည်။


http://www.ဧရာ.com ကို မည်သည့် စာလုံး စံနစ်ဖြင့် ရေးသားထားသည် ဖြစ်ပါစေ အဆင်ပြေမည် ဖြစ်သော်လည်း၊ မဇ္စျိမ ဟူသော စကားလုံးအား de facto standard သုံး ဇော်ဂျီ ရေးသားပါက တမျိုးဖြစ်မည် ဖြစ်ပြီး၊ တခြားသော standard အတိုင်း ရေးသားပါက နောက်တမျိုးဖြစ်မည် ဖြစ်သောကြောင့် သုံးစွဲမည့်သူအတွက် များစွား အနှောင့်အယှက် ဖြစ်လာမည်သာ ဖြစ်သည်။


သို့အတွက် နိုင်ငံတကာ အသိအမှတ် ပြုထားသော စံအတိုင်း ရေးသားထားသော အက္ခရာ များကို သုံးစွဲလာပါက နောက်တွင် ပိုမို အဆင်ပြေ လာမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လောလောဆယ်တွင် မြန်မာ အက္ခရာများကို .com .net များဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း၊ .org အား ရောင်းချခြင်း မရှိသေးကြောင်း သိရှိရသည်။


လက်ရှိ အခြေအနေတွင် သုံးစွဲသူများ အနေဖြင့် http://www.ဧရာ.com ရိုက်ပြီး သွားရောက်နိုင်ပြီ ဖြစ်သော်လည်း၊ ဧရာမြန်မာ ယူနီကုဒ် စာမျက်နှာကို ရောက်သွားပါက http://www.xn--fjdxq.com/ သို့ ပြောင်းလဲသွားအောင် လုပ်ဆောင် ထားသည် ကို တွေ့ရှိရမည်။


xn--fjdxq ကို ဧရာ ဟု နည်းပညာအရ အသိအမှတ် ပြုထားပြန်သည် ကိုလည်း တွေ့ရှိရသည်။ ဆာဗာ ထိုင်ထားသည့် ဒိုမိန်းအမည် စံနစ် Domain Name System (DNS) အား မိခင် ဘာသာ စကားသုံး အက္ခရာများ ဖြစ်ရန်ကိုမှု ၂၀၁၀ စောင့်ဆိုင်းရန် လိုကြောင်း သိရှိရသည်။


Online Journal မှ တဆင့်ပြန်လည်ဖော်ပြခြာင်းဖြစ်သည်။


zawtk...

Wednesday, November 4, 2009

Mozilla Firefox shortcut keys



































































































Shortcut KeysDescription
Alt + Left ArrowBack a page.
BackspaceBack a page.
Alt + Right ArrowForward a page.
F5Refresh current page, frame, or tab.
F11Display the current website in full screen mode. Pressing F11 again will exit this mode.
EscStop page or download from loading.
Ctrl + (- or +)Increase or decrease the font size, pressing '-' will decrease and '+' will increase.
Ctrl + EnterQuickly complete an address. For example, type computerhope in the address bar and press CTRL + ENTER to get http://www.computerhope.com.
Shift + EnterComplete a .net instead of a .com address.
Ctrl + Shift + EnterComplete a .org address.
Ctrl + Shift + DelOpen the Clear Data window to quickly clear private data.
Ctrl + DAdd a bookmark for the page currently opened.
Ctrl + IDisplay available bookmarks.
Ctrl + JDisplay the download window.
Ctrl + NOpen New browser window.
Ctrl + PPrint current page / frame.
Ctrl + TOpens a new tab.
Ctrl + F4 or Ctrl + WCloses the currently selected tab.
Ctrl + Shift + TUndo the close of a window.
Ctrl + TabMoves through each of the open tabs.
SpacebarMoves down a page at a time.
Shift + SpacebarMoves up a page at a time.
Alt + Down arrowDisplay all previous text entered in a text box and/or available options on drop down menu.

Shortcut keys main page -



zawtk..

Friday, October 30, 2009

Gtalk နာမည်တွေမကျန်အောင်

ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==>Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။

zawtk...

Internet Speed မြန်အောင်လုပ်နည်း

ကျွန်တော်တို့ သုံးနေတဲ့ ကော်နက်ရှင် ကို ကျွန်တော်တို့ သုံးနေတဲ့ စက်ကနေ  connection speed ပိုမြန်လာအောင်လုပ်တဲ့နည်းလေး ကိုပြောပါ့မယ်။
Run ကို အရင်သွားပါ။ ပြီးတာ့ gpedit.msc လို့ ရိုက်ပြီးတော့ OK ပေး လိုက်ပါ။အဲဒီလို နှိပ်လိုက်ရင်  Group Policy  Box လေး ပေါ်လာရင်  Administrative Templates ကိုနှိပ်ပြီးတော့ ဘေးနား က Network ကို နှစ်ချက်နှိပ်ပါ။ ပြီးရင် QoS Packet Scheduler ကို နှစ်ချက်ဆက်နှိပ်ပါ။ ပြီးတော့ limit reservable bandwidth ကိုလည်းနှစ်ချက်ဆက်နှိပ်လိုက်ရင်  Box ကလေး ကျလာပါလိမ့်မယ်။
အဲဒီလို ကျ လာရင် အဲဒီ Box လေး ထဲက Not Configured ကို ဖြုတ် Enable ကို On ပေး ။ ပြီးတော့ အောက်က Bandwidth limit (%) 20 ကို   0 ပြောင်း ပြီးတော့ Apply => OK လုပ်လိုက်ရင် ရပါပြီဗျာ..။

zawtk...

Gtalk ဘာသာပြန်

Gtalk ဘာသာပြန်စနစ်ထည့်သွင်း နည်း

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

English-Myanmar en2mm@mmgeeks.org

English-Myanmar en2mm8@mmgeeks.org

Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Traditional Chinese -

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

zawtk...

Proxy Server

Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။


CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

IT Men's Blog မှ ပြန်လည်ဖော်ပြသည်။



zawtk...

Folder & WinWord & Screen Short

ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ Folder ကို တခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။

ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။

ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

**********************************

Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။

ကိုယ်က password နဲ. သိမ်းချင်တဲ့ Microsoft word ဖိုင်ကိုဖွင့် ပြီးရင် File => Save as လို.ပြော။ Save as box ပေါ်လာရင် အဲဒီဘောက်လေးရဲ့ Title Bar ညာဘက်အောက်နားလေးမှာ Tools ဘေးက မျှားလေးကို ဖွင့်လိုက် Security Options.. ဆိုတာကိုရွေး။ password ကို ၄ ခါ ရိုက်ပေးရပါမယ်။ password ၂ မျိုးပေးထားလို.လဲရပါတယ်။

*********************************

Screan Shot ယူနည်း

ပထမဦးဆုံး အနေနဲ. screan shot ယူနည်းလေး ပြောပြမယ်။ ဘယ်နေရာမှာသုံးဖို.လဲဆိုရင် ဥပမာ အခု ကိုယ့်ကွန်ပြူတာမှာ မြင်နေရတဲ့ ပုံစုံမျိုးကို အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင် မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။ ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။ Ctrl + Print Screen Sys Rq ဆိုတဲ့ ကီးလေး နှစ်ခုကို နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံ ပါပဲ။ အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။ Paint ကိုသွားဖို.ရာ start => Run => mspaint ဆိုပြီး Enter ခေါက်ပါ။ ပြီးရင် Ctrl + V ဆိုပြီး paste လုပ်ပါ။ ပြီးရင် Jpg ဖိုင်နဲ.သိမ်းလိုက်ပါ။

zawtk...

Registry Editor နဲ့ Test Manager ခေါ်မရလျှင်

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။

Task Manager ခေါ်လို့မရရင်

နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။

zawtk...

 
^ထိပ်ဆုံးသို့