မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, October 30, 2009

ကယ်တင်ရှင်အစစ်

ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု စသည်တို့မှာ ပညာဆည်းပူးနေကြတဲ့
မြန်မာများကို နိုင်ငံခြားသားတွေက မေးတယ်။

“ သင်တို့ရဲ့ ဗုဒ္ဓဘာသာ ဘုရားက သင်တို့ကို ကယ်တင်ပေးနိုင်သလား ” တဲ့။

“ ဟာ… ဗုဒ္ဓမြတ်စွာက မကောင်းမှု ဒုစရိုက်တွေနဲ့ ကောင်းမှုသုစရိုက်တွေကို
ညွှန်ပြပေးတယ်၊ မကောင်းမှုလုပ်ရင် မကောင်းမှုကံဖြစ်ပြီး၊ ကောင်းမှုလုပ်ရင်
ကောင်းမှုကံဖြစ်တယ်။ အဲဒီ ကောင်းကံ၊ မကောင်းကံတွေက ကိုယ်နဲ့အတူ အမြဲလိုက်ပါပြီး
အကျိုးပေးတက်တယ်။ ကောင်းကံတွေက ကောင်းကျိုးပေးပြီး မကောင်းကံတွေက
မကောင်းကျိုးတွေကို ပေးတယ်၊ သတ္တ၀ါတွေဟာ ကိုယ်ပြုလုပ်ထားတဲ့ ကံတွေ
စီရင်တဲ့အတိုင်း သံသရာမှာ ကျင်လည်နေကြရတယ်။ ”

“အို…. ဒါဆိုရင် သင်တို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သင်တို့ကို မကယ်တင်နိုင်ဘူးပေါ့။
သင်တို့ဟာ သနားစရာပဲ၊ တို့ကိုးကွယ်တဲ့ ဘုရားသခင်က သူ့ကိုယုံကြည်ပြီး
ကိုးကွယ်တဲ့ လူတွေကိုသူတို့ ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိလျှင်လဲ ခွင့်လွှတ်ပြီး
ကောင်းကင်ဘုံရောက်အောင် ကယ်တင်ပေးတယ်။”

အင်း… ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ သနားစရာဖြစ်နေကြပြီပေါ့။ ဘုရားသခင်ကပဲ
ကယ်တင်နိုင်သလား၊ ကိုယ့်ကံကပဲ ကိုယ့်ကြမ္မာကို ဖန်တီးသလားဆိုတာ
ဆန်းစစ်ကြည့်ပေါ့။

အင်္ဂလန် စာနယ်ဇင်း လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျွန်ဝေါလ်တာ (John Walters) က
ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့တောင်အာရှနိုင်ငံများမှာ သတင်းလိုက်ယူရင်း
ဗုဒ္ဓဘာသာကို လေ့လာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တယ်။ ပြီးတော့ The Essence of
Buddhism (ဗုဒ္ဓ၀ါဒ၏ အနှစ်သာရ ) အမည်ရှိတဲ့ စာအုပ်တစ်အုပ်ကို ရေးတယ်။

အဲဒီစာအုပ်မှာ သူတောင်ကိုရီးယားနိုင်ငံကို ရောက်သွားတော့ မဟာမိတ်လေယာဉ်များက
ဆီအောမြို့တော်ကို အကြီးအကျယ် ဗုံးကြဲနေတယ်။ သာသနာပြု မစ်ရှင်အဖွဲ့ရဲ့
မိဘမဲ့ကလေးကျောင်းတစ်ကျောင်းမှာ ဆရာမကဦးဆောင်ပြီး ကလေးများအားလုံး “ ဘုရားသခင်
ကယ်တော်မူပါ ” သီချင်းကို သံပြိုင်သီဆိုနေကြတယ်။ ဗုံးတစ်လုံးက
သူတို့အပေါ်ကျလာလို့ အားလုံးသေကုန်ကြရောတဲ့။

အဲဒီတော့ “ ဘုရားကယ်တင်တယ် ” ဆိုတာ အခြေအမြစ်မရှိဘူး။
အသက်ရှင်နေထိုင်တဲ့အခိုက်မှာတော

င် မကယ်တင်နိုင်ရင် သေတဲ့အခါ
ဘယ်လိုကယ်တင်နိုင်မှာလဲလို့ သူမှတ်ချက်ရေးထားပါတယ်။

ဗုဒ္ဓဘာသာအရ ကောင်းကင်မှာ နတ်ပြည် ၆ ထပ်နဲ့ ဗြဟ္မာဘုံ ၂၀ တောင်ရှိတယ်။
သူတို့ပြောတဲ့ “ ကောင်းကင်ဘုံ ” ဆိုတာ ဘယ်ဘုံလဲ။ အခြားသီးသန့်တစ်ဘုံများ
ဖြစ်နိုင်သလား။ ရုပ်၊ နာမ်ရှိတဲ့ဘုံလား၊ ရုပ်၊ နာမ်မရှိတဲ့ဘုံလား။ ရုပ်၊
နာမ်ရှိတဲ့ဘုံဆိုရင် ထာဝရ မတည်မြဲနိုင်ဘူး။ ရုပ်၊ နာမ်တရားတွေက
ပျက်တဲ့တရားတွေကိုး။

ဗုဒ္ဓဘာသာက သိထားတဲ့ဘုံတွေဆိုတာ ဗုဒ္ဓမြတ်စွာ တစ်ဆူတည်း မြင်သိတာမဟုတ်ဘူး။

အရှင်သာရိပုတ္တာရာ၊ အရှင်မဟာ မောဂ္ဂလာန်စတဲ့ အဘိညာဉ်ကိုရတဲ့ သာဝကများလည်း
မြင်သိကြတာ၊ အရှင်မြတ်တွေကိုယ်တိုင် တက်ရောက်ကြသေးတာ။

ပြီးတော့ ကံ၊ ကံရဲ့အကျိုးရှိတာကို မြတ်စွာဘုရားသာမက ဒိဗ္ဗစက္ခု အဘိညာဉ်၊
ယထာကမ္မူပဂ အဘိညာဉ်ရကြတဲ့ လူများလည်း သိမြင်ကြတာ။ ကံအကျိုးပေးရှိလို့ အတိတ်ဘ၀၊
နောက်ဘ၀ဆိုတာရှိတယ်။ သံသရာဆိုတာရှိတယ်။ ကယ်တင်ရှင်ရှိသလားဆိုတဲ့ မေးခွန်းနှင့်
ပတ်သတ်ပြီး မြတ်ဗုဒ္ဓကိုယ်တိုင် ဖြေဆိုခဲ့ဖူးတယ်။

အခါတပါးမှာ မြတ်စွာဘုရားဟာ နာဠန္ဒမြို့ပါဝါရီက သူဌေးရဲ့ သရက်ဥယျာဉ်မှာ
သီတင်းသုံးနေတော်မူတယ်။ အဲဒီအခါ အဘိဗန္ဓကရဲ့သား ရွာသူကြီးက
ဘုရားရှင်ထံချဉ်းကယ်ပြီး လျှောက်ထားတယ်။

“အရှင်ဘုရား… ပစ္ဆာဘူမိမှာနေတဲ့ ပုဏ္ဏားတွေဟာ လူသေရင် နတ်ပြည်ကိုရောက်အောင်
လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အရှင်ဘုရားကော လူသေရင် နတ်ပြည်ကိုရောက်အောင်
ပို့ပေးနိုင်ပါသလား ”

ဒီတော့ မြတ်စွာဘုရားက “ ရွာသူကြီး…. သင့်ကိုပဲ ပြန်မေးပါရစေ၊
သင်ကြိုက်သလိုဖြေပါ၊ လူတစ်ယောက်ဟာ ကျောက်တုံးကြီးတစ်ခုကို ရေတွင်းထဲ
ပစ်ချလိုက်တယ်။ အဲ့ဒီနောက် ဟေ့… ကျောက်တုံးပေါ်ပါလော့၊ ဟေ့… ကျောက်တုံး
ကုန်းပေါ်သိုတက်ခဲ့ပါလော့ လို့ လူအများက၀ိုင်းပြီးတောင်းပန်တယ်
။ လက်အုပ်ချီပြီး
အကြိမ်ကြိမ်ဆုတောင်းတယ်။ ဒီလိုဆုတောင်းတဲ့အတွက် ကျောက်တုံးက ရေထဲပေါ်လာမည်လား၊
ကုန်းပေါ်ကို တက်လာမည်လား ”

“ မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါဘုရား ”

“ ရွာသူကြီး… လူတစ်ယောက်ဟာ ထောပတ်အိုးတစ်လုံးကို ရေကန်ထဲမှာ နှစ်မြှုပ်ပြီး
ရိုက်ခွဲလိုက်တယ် ဆိုပါတော့၊ အဲဒီအခါ အိုးချမ်းကွဲတွေက အောက်ကိုကျပြီး
ထောပတ်တွေက ရေပေါ်ကို တက်လာကြတယ်မဟုတ်လား။ အဲဒီအခါ လူတွေစုဝေးပြီး “ ဒီထောပတ်တွေ
ရေအောက်ကို ကျသွားပါစေ၊ နစ်မြုပ်သွားပါစေ ” လို့ လက်အုပ်ချီပြီး အကြိမ်ကြိမ်
ဆုတောင်းကြတယ်၊ ဒီလိုဆုတောင်းတဲ့အတွက် ထောပတ်တွေက ရေအောက်ကို
နစ်မြုပ်သွားပါမည်လား ”

“ မနစ်မြုပ်နိုင်ပါဘုရား ”

“ရွာသူကြီး… ဒီဥပမာလိုပဲ၊ လူတစ်ယောက်က ကုသိုလ်တွေကို မပြုဘဲ ဒုစရိုက်တွေကိုသာ
ကျူးလွန်နေမယ်ဆိုရင် ဒီလူသေတဲ့အခါ နတ်ပြည်ရောက်ပါစေလို့ ဘယ်သူတွေက ဘယ်လောက်ပဲ
ဝိုင်းပြီးဆုတောင်းတောင်း ဒီလူငရဲကျမှာပဲ၊ အခြားလူတစ်ယောက်ကတော့ ဒါန၊ သီလ၊
ဘာဝနာ ကောင်းမှုတွေကိုပဲ အများကြီးလုပ်ထားရင် ဒီလူသေတဲ့အခါ ဒီလူငရဲ ကျပါစေလို့
ဘယ်သူတွေက ဘယ်လောက်ပဲ ၀ိုင်းပြီးဆုတောင်းတောင်း ဒီလူနတ်ပြည်ရောက်မှာပဲ ”

“ ကဲ.. မြတ်စွာဘုရားပေးတဲ့ ဥပမာက သဘာဝမကျဘူးလား။ တရားမျှတမှု မရှိဘူးလား။
မကောင်းမှု လုပ်ထားတဲ့ လူကနတ်ပြည်ရောက်ပြီး ကောင်းမှုလုပ်ထားတဲ့လူက
ဘုရားသခင်ကို ရှိမခိုးတဲ့အတွက် ငရဲကျရင် ဒီဘုရားသခင်ဟာ တရားမျှတပါဦးမလား ”

စိတ္တေန နိယတေ လောကော။

စိတ်ကလောကကို ဦးဆောင်နေတာတဲ့။ စိတ်က လောကကို ဖန်တီးနေတယ်။ ကုသိုလ်စိတ်က
ကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး ကောင်းကျိုးကိုပေးမယ်၊ အကုသိုလ်စိတ်က
အကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး မကောင်းကျိုးကိုပေးမယ်။

မြတ်စွာဘုရားက ဒီလို ကံသဘော - ကမ္မနိယာမ ရှိတာကို ရှင်းပြပြီး ကုသိုလ်တရား၊
အကုသိုလ်တရားတွေကို ခွဲခြားပြထားပေးတယ်။ လူတိုင်း၊ လူတိုင်း
ကောင်းတာလုပ်ဖို့နဲ့ မကောင်းတာကိုလုပ်ဖို့အတွက် ကိုယ်တိုင်ရွေးချယ်နိုင်တယ်။
ကိုယ်လုပ်တဲ့ကံကို ကိုယ်အမွေခံရမယ်။ ကံရဲ့ အစွမ်းသတ္တိကို ဘယ်ဘုရားသခင်မှ
မပြောင်းလဲနိုင်ဘူး။

ဒီလို ကံသဘောတွေကို အမှန်အတိုင်းညွှန်ပြပြီးတော့ သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်တဲ့ နည်းလမ်းကိုလည်း ညွှန်ပြကာ တကယ်ထာဝရချမ်းသာရာ
နိဗ္ဗာန်ရွှေပြည်သို့ ပို့ဆောင်ပေးတဲ့ မြတ်စွာဘုရားသည်သာ တကယ့်ကယ်တင်ရှင်
အစစ်မဟုတ်ပါလား။

(ဒေါက်တာမင်းတင်မွန်)


zawtk...

ဗုဒ္ဒဘာသာငါးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ


(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။
မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့
ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့
ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား
ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။


(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့
ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့
လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။
ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ
ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ
နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။


(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊
ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့
ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။


ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ
ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက်
သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊
သုံးသပ်ပါ။


(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့
မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို
ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့
မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို
ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း
မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။
ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို
သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ
တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊
အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက
ဗုဒ္ဓဘာသာပါ။


(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက
ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု
ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက
မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို
ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို
ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်
ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည်
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ
နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး
နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို
သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ
ကျန်းမာပျော်ရွှင် ကြပါစေ။)

zawtk...

ဓမ္မလက်ဆောင်

၁ ။    လုပ်တိုင်း မဖြစ် စိတ် မညစ်နှင့်
ကိုယ်လုပ်တိုင်း သာဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။



၂ ။    ဆင်းရဲ ကြုံမှု မညည်း ညူနှင့်
ချမ်းသာ ချမ်းသာ ကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း ။


၃ ။     အာရုံဟူသမျှ မတောင့်တ နှင့်
အာရုံတိုင်းသာ တောင့်တ ပါက ဘယ်မှာ လောဘ ဆုံးမည်နည်း ။



၎ ။     ပြောတိုင်း မရ ဒေါမထ နှင့်
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။



၅ ။     သိဉာဏ် မလိုက် သင် မမိုက် နှင့်
သိဉာဏ် မရ မိုက်နေပါက ဘယ်မှာ မောဟ ဆုံးမည်နည်း ။



၆ ။     ပျက်စီးတိုင်း လျှင် မပူပင် နှင့်
မပျက်စီးကာ ခိုင်မြဲ ပါက ဘယ်မှာ အနိစ္စ ရှိမည်နည်း ။



၇ ။     ဗုဒ္ဒတရား မေ့ မထား နှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း ။

ရွှေပေါ်ကျွန်း ဆရာတော်
အရှင်ဇေယျ သိဒ္ဓိဓမ္မဉာဏိက

zawtk...

နီတိ စကား

အသံတိတ်၏ အဟန့်

တစ်ယောက် အပေါ် တစ်ယောက်အလိုမကျ အားမရသဖြင့် စိတ်ကောက် ဆန္ဒပြခြင်းသည်
တစ်ဖက်သား၏ စိတ်ဝယ်ရေနွေး အဖျောခံနေရသော ကြမ်းပိုးတစ်ကောင်ထက် အထိနာ၏။
ရန်သူ၏လက်သည်းအခွံခွာ ညှဉ်းဆဲသည် ထက်လည်း အထိနာ၏။
နေပူကြီး၏အတွင်း တိမ်ပုပ်ဆင်းစဉ် ကာလ ထက်လည်း အခံရဆိုး၏။
အသက်ရှုလမ်းကြောင်း အရာဝတ္ထု တစ်ခုဖြင့် ဆို့ပိတ်ခံရ သည်ထက်လည်းဆိုး၏။
စင်စစ် တို စိတ်ကောက်ခြင်းသည်မိမိ မကျေနပ်သော စကားလုံးကို တစ်ဖက်သား
ထုချေခွင့် အလျဉ်းမပေးပဲ တစ်ဖက်သတ်ပြောကြားနေခြင်းပင်။

လိုချင်သူယူမလားသွားမမေးနှင့် 

အကြင်သူသည် မိမိသို့သော်၎င်း၊ မိမိပိုင် ပစ္စည်းကို သော်၎င်း၊
အာရုံညွတ်၊ စိတ်ကလည်း ဆွတ်ချူရန် အကွက်ချောင်း လျက်ကရှိ၏။
ထိုသူ့အားပျူငှာလောကွတ် အဖြစ်ဖြင့်ပင် မဆက်ဆံသင့်။
အားနာခြင်း ရှေ့သွားဖြင့် လည်း မကမ်းလင့်သင့်။
ပြုကျင့်မိချေသော်ကျားရှေ့ မှောက်လျက်လဲသူပမာ
အထိနာပေတော့မည်။

ရာသီချိုး တစ်မိုးသာရွာ

မိုးသည်နွေ ၊ မိုး ၊ ဆောင်းသုံးရာသီပြောင်းတွင် မိုးတွင်းမှသာ ရွာ၏။ သွန်း၏ ။
ကျန်ရာသီများ ၀ယ်မရွာမသွန်း၊လူတို့တွင် လည်းပထမ၊ ဒုတိယ ၊ တတိယတည်း
ဟူသော အရွယ်သုံးပါးတို့တွင် တစ်ရွယ်သာလျှင် အကျိုးပေးသန်လာတတ်ချေသည်။
ထိုအကျိုးပေးတို့  သန်ချိန်မစုမိ၊ မဆောင်းမိ၊ မပေါင်းမိ၊ မစည်းမိပါသော်ကား
တောင်ပေါ်နေသမား မိုးရွာချိန်ရေခံ မထားမိသဖြင့်ဆောင်းလျှင် ရေစမ်း၊ နွေ
ရေခမ်းသော ကြောင့် ၀မ်းမအေး ကိုယ်မလန်း စိတ်ပါညှိုးနွမ်းရ တော့သည်ပမာ
အနေလည်း မလှ၊ အသေလည်း မလှ၊ ဒုက္ခ ခွေကြီး ကျတတ်လှချေသည်။

နေ့စာရင်း ညတွင်းချင်း စစ်ကြည့်စမ်းပါ…

လူ့ဘo သည် အနေတတ်အမြတ် ထွက်ပြီး
အနေမတော် အရှူံးပေါ် သည်ချည်းဖြစ်ရာ..
နေ့တစ်နေ့ ၏ မိမိကြံစည်သော စိတ်ထား၊
နေ့တစ်နေ့၏ မိမိပြုကျင့်သော လုပ်ကွက်များ
ညအိပ်ရာမ၀င်မီ နဖူးလက်တင် ဆင်ခြင်ကြည့်ပါလေ။
ထိုသို့ ဆင်ခြင်ကြည့်တိုင်း
မိမိ၏ ကြံ၊ ပြော၊ လုပ် သုံးခုစလုံး တို့ တွင်ပင်လျင်
လိုချင်စိတ်ထား အားကြီးနေသော် ပြိတ္တာ သွားရန်စရံ။
မလိုမုန်းထား အားကြီးနေခဲ့သော် ငရဲသွားရန် စရံ။
မသိမိုက်မှား၊ အလိုက်စား လွန်နေသော် တိရိစ္ဆာန် သွားရန် စရံ။
အလိုမမက် အမျက်မရှိ၊ သတိလက်စွဲ၊ စိတ် နှင့ိကိုယ် အသိမြဲနေခဲ့သော်ကား
အထက်တန်းသွား လက်မှတ်များ ကြိုတင်ရထားပြီးသူ တထစ်ချ မှတ်ပါလေ။

သင့်လက်ထဲရှိ ရန်မိတ်နှစ်ဦး

လောကတွင်အချစ်ရဆုံး အားအထားရဆုံးသည်သင့်အတွက် သင်သာလျှင်ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော်….
သင့်ဘ၀၏တိုးတက်ကောင်းစားရေးများ

နှင့်တကွသင့်ဘ၀လွတ်မြောက်ရေးများကို

သင့်ကိစ္စသင်မှတစ်ပါးမည်သူတစ်ဦး
၊ တစ်ယောက်ကမျှဝင်ရောက်ကူညီမပေးနိုင်
သောကြောင့်တည်း။
လောကတွင်အကြောက်ရဆုံး၊စိတ်မချ
ရဆုံးလည်းသင့်အတွက်သင်မှတစ်ပါး အခြားမရှိချေ။
အဘယ်ကြောင့်ဆိုသော်.
သင့်ဘ၀၏ ဆိုးကျိုး ဆိုးပြစ်များ နှင့်
နစ်နာစရာကိစ္စမှန်သမျှသင့်စိတ်
မပါဘဲလျက်ကလည်းကောင်း၊

သင့်အလိုမတူဘဲလျက်ကလည်းကောင်း၊ မည်သူကမျှ ဖျက်ဆီး ခွင့်မရလေသောကြောင့်တည်း။



zawtk...

ဓနဥပဒေသ (၅) ရပ်

၁။ ဓနဥစ္စာ ဟူသည် မိမိရရှိသော ၀င်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိနှင့်    မိသားစု၏    အနာဂတ် အတွက် ချန်လှပ်သိမ်းဆည်း တက်သူထံသို့သာ ၀မ်းမြောက်ပျူငှာ    စွာ   ရောက် ရှိလာတက်မြဲဖြစ်သည်။

၂။ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင်ခိုင်းစေတက်သော သူအတွက် ကျိုးနွံကျေ နပ်စွာ အားထုပ်လုပ်ကိုင်ပေးစမြဲဖြစ်၍၊ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ်အဆတိုး ပွားများပြားလာတက်သောသဘောရှိသည်။

၃။ စနဥစ္စာဟူသည်ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ ကျွမ်းကျင်လိမ္မာသောသူတို့၏ အကြံဉာဏ် ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလုံနေတက်ကြသည်။

၎။ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင် ၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုး တွင် ရင်းနှီးမြှုပ်နှံ သောသူတို့ထံ မှ လျောကျပျောက်ကွယ်သွားတက်စမြဲ ဖြစ်သည်။

၅။ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲသောအမြတ်အစွန်းမျိုးကိုမျှော်မှန်းသူများ၊ လူလိမ်လူညာတို့

၏ ဖျားရောင်းသွေးဆောင်မှုနောက် လိုက်ပါနားရောင်တက်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူယဉ်ယဉ်ဖြင့် မဆင်မခြင်ရင်းနှီး မှု ပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတက်စမြဲဖြစ် သည်။

``ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား အကောင်အထည်ဖော်ရန်နည်လမ်းမှန်ကိုရှာတွေ့မြဲဖြစ်သည်။``

``နောင်တကြီးစွာ မရမိစေရန်ကြိုတင်စဉ်စား မှုအနည်းငယ်ပြုပါ``

ထကြွနိုးကြားမှု ၊ အခွင့်အရေးကိုမပြတ်ရှုမြင်ပြီး အလျှင်အမြန်ရယူတက်မှုအားဖြင့်သာ ကံကြမ္မာကောင်းတွေ အဆက်မပြတ်ကြုံကြိုက်နိုင်တယ်၊ အောင်မြင်ကြီးပွား သူတစ်ဦးဖြစ် လာနိုင်တယ်။``

``ကံကြမ္မာကောင်းတွေသည် အခွင့်အရေးကိုအမိအရ ဖမ်းယူခြင်းဖြင့်သာကြုံကြိုက် ရရှိနိုင်တယ်။``

ဖေမြင့်


(ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်)



zawtk...



Gtalk နာမည်တွေမကျန်အောင်

ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==>Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။

zawtk...

Internet Speed မြန်အောင်လုပ်နည်း

ကျွန်တော်တို့ သုံးနေတဲ့ ကော်နက်ရှင် ကို ကျွန်တော်တို့ သုံးနေတဲ့ စက်ကနေ  connection speed ပိုမြန်လာအောင်လုပ်တဲ့နည်းလေး ကိုပြောပါ့မယ်။
Run ကို အရင်သွားပါ။ ပြီးတာ့ gpedit.msc လို့ ရိုက်ပြီးတော့ OK ပေး လိုက်ပါ။အဲဒီလို နှိပ်လိုက်ရင်  Group Policy  Box လေး ပေါ်လာရင်  Administrative Templates ကိုနှိပ်ပြီးတော့ ဘေးနား က Network ကို နှစ်ချက်နှိပ်ပါ။ ပြီးရင် QoS Packet Scheduler ကို နှစ်ချက်ဆက်နှိပ်ပါ။ ပြီးတော့ limit reservable bandwidth ကိုလည်းနှစ်ချက်ဆက်နှိပ်လိုက်ရင်  Box ကလေး ကျလာပါလိမ့်မယ်။
အဲဒီလို ကျ လာရင် အဲဒီ Box လေး ထဲက Not Configured ကို ဖြုတ် Enable ကို On ပေး ။ ပြီးတော့ အောက်က Bandwidth limit (%) 20 ကို   0 ပြောင်း ပြီးတော့ Apply => OK လုပ်လိုက်ရင် ရပါပြီဗျာ..။

zawtk...

Gtalk ဘာသာပြန်

Gtalk ဘာသာပြန်စနစ်ထည့်သွင်း နည်း

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

English-Myanmar en2mm@mmgeeks.org

English-Myanmar en2mm8@mmgeeks.org

Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Traditional Chinese -

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

zawtk...

Proxy Server

Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။


CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

IT Men's Blog မှ ပြန်လည်ဖော်ပြသည်။



zawtk...

Folder & WinWord & Screen Short

ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ Folder ကို တခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။

ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။

ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

**********************************

Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။

ကိုယ်က password နဲ. သိမ်းချင်တဲ့ Microsoft word ဖိုင်ကိုဖွင့် ပြီးရင် File => Save as လို.ပြော။ Save as box ပေါ်လာရင် အဲဒီဘောက်လေးရဲ့ Title Bar ညာဘက်အောက်နားလေးမှာ Tools ဘေးက မျှားလေးကို ဖွင့်လိုက် Security Options.. ဆိုတာကိုရွေး။ password ကို ၄ ခါ ရိုက်ပေးရပါမယ်။ password ၂ မျိုးပေးထားလို.လဲရပါတယ်။

*********************************

Screan Shot ယူနည်း

ပထမဦးဆုံး အနေနဲ. screan shot ယူနည်းလေး ပြောပြမယ်။ ဘယ်နေရာမှာသုံးဖို.လဲဆိုရင် ဥပမာ အခု ကိုယ့်ကွန်ပြူတာမှာ မြင်နေရတဲ့ ပုံစုံမျိုးကို အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင် မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။ ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။ Ctrl + Print Screen Sys Rq ဆိုတဲ့ ကီးလေး နှစ်ခုကို နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံ ပါပဲ။ အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။ Paint ကိုသွားဖို.ရာ start => Run => mspaint ဆိုပြီး Enter ခေါက်ပါ။ ပြီးရင် Ctrl + V ဆိုပြီး paste လုပ်ပါ။ ပြီးရင် Jpg ဖိုင်နဲ.သိမ်းလိုက်ပါ။

zawtk...

Registry Editor နဲ့ Test Manager ခေါ်မရလျှင်

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။

Task Manager ခေါ်လို့မရရင်

နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။

zawtk...

Folder Option ပျောက်နေလျှင်

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ folder option ကို ရှာ မတွေ့ဘူး ဆိုရင် ပြန်ဖော်တဲ့နည်း လေး ကိုပြော ပါမယ့်။ အဲ့ဒီလို ပြန်ဖော် တဲ့ နည်းတွေ ကတော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးလို့ထင်ပါတယ်။ ကွာ ရင်တော့ နည်းနည်း ပဲ ကွာလိမ့်မယ်လို့ ထင်ပါတယ်။  အား လုံး  အဆင်ပြေကြရင် ကောင်းပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ .
Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။ Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒိုး Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။


နောက်တစ်နည်းကတော့...

အခု တစ်ခါ ပြော မယ့်နည်းလေးကတော့ တော်တော်လေး လွယ်ပြီးတော့ လုပ်ပြီးတိုင်းလည်း ပြန်ပေါ် လာတာများတယ်။   Group Policy ခေါ်ပြီးတော့ လုပ်ရတာပါ။

==> Run ဘောက်ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပြီးတော့ OK ပေးလိုက်ပါ။
==> User Configuration အောက်က Administrative Templates ကိုမလစ်လုပ်လိုက်ရင် ညာဘက်မှာ
==> Window Component ကို နှစ်ချက်နှိပ်လိုက်ပြီးရင်
==> Window Explorer ကို နှစ်ချက်ဆက်နှိပ်ပါ။ပြီးတော့
==> Removes the Folder Option menu item form the tools menu ကိုနှစ်ချက်နှိပ်လိုက်ရင်
ဘောက်ကလေး တစ်ခုကျလာပါလိမ့်မယ်။ အဲဒီထဲက Disable ကို On ပေးလိုက်ပါ။
ပြီးရင် Apply , Ok ပေး ပြီးတော့ ပြန်ပိတ်လိုက်ပါ။ ပြီးတော့ Window Explorer ပြန်ခေါ်ကြည့်လိုက်ရင်
Folder Option ကို ပြန်တွေ့ရမှာ ဖြစ်ပါတယ်။အောက်က ပုံလေး အတိုင်းပါ။



zawtk...

IE တွင် Gmail မှာ မြန်မာလိုပေါ်အောင်

အင်တာနက်နဲ့ ပတ်သတ်ပြီး ပထမဆုံးအနေနဲ့ ကျွန်တော်တို့ gmail ကို Internet Explorer နဲ့ ဖွင့် တဲ့ အခါ မှာ ကိုယ့် ရဲ့ မေး ထဲ မှာ မြန်မာလို စာ သား တွေ က လေး တောင့်ကွက်တွေ နဲ့ ပေါ် နေတယ် ဆိုရင် မြန်မာလို မြင်ရအောင် လုပ်တဲ့ နည်း လေး ကို ပြောပါ့မယ်။ Mozilla Firefox နဲ့ ဖွင့်ရင်တော့ ဘာမှ ပြောင်းစရာ မလိုပါဘူး....

Internet Explorer ကို ဖွင့် ပါ။ ပြိးတော့ Tools Menu ကိုနှိပ်ပါ။ ပြီးတော့ Internet Options ကို နှိပ်လိုက်ရင် Box လေး ကျလာ တဲ့ ခါ
အောက်နားလေး က Accessibility ကိုနှိပါ ။ ပြီးတော့ Formatting ရဲ့အောက်မှာ Box လေး သုံး ခုထဲက ဒုတိယမြောက် က
Ignore font styles specified on webpages ကို တစ်လေး ပေး လိုက်ပါ ပြီးတော့ အဲဒီအာက်နား ကပဲ User style sheet အောက်က box ကိုလည်း တစ်လေး ပေး လိုက်ပါ။ ပြီးတော့ အဲဒီဘေး နား က Browse ကိုနှိပ်လိုက်ရင်...C: drive ထဲက  Alpha Zawgyi ထဲက ie ကို နှိပ်ပြီး open လုပ်လိုက်ရင် box အဖြူလေး ထဲမှာ ဒါမျိုးလေး တွေ့ပါလိမ့်မယ် C:\AlphaZawgyi\ie.css
အဲဒါတွေ ပြီးရင်...OK....OK ပေး လိုက်ရင် ကိုယ့်အီးမေး ထဲ က မြန်မာလိုရေး ထားတဲ့စာတွေ အကုန်လုံး မြန်မာလိုမြင်ရပါပြီဗျာ....။

မှတ်ချက်အနေနဲ့ ပြောရရင်
ကျွန်တော်တို့ မြန်မာတိုင်း ဂျာနယ်ကို မြန်မာလို ဖတ်လို့ ရအောင် ဖွင့်တဲ့ အခါ မှာ Mozila နဲ့ ဖွင့် ရင် အဆင်မပြေပါဘူး ။ Internet Explorer နဲ့ မှ အဆင်ပြေပါတယ်တဲ့။ ဒါပေမယ့် စောစောကလို gmail ထဲမှာ မြန်မာလိုပေါ်အောင် လုပ်ထား လိုက်ရင်တော့ မြန်မာတိုင်း ကလည်း  မြန်မာလို မပေါ် ပြန်ဘူးဗျ။  ဒါကြောင့် မြန်မာ တိုင်း ကို မြန်မာလို ဖတ်လို့ ရအောင် လုပ်ချင်တယ်ဆိုရင်တော့ စောစော က အပေါ် မှာ ပြော ခဲ့တဲ့ တစ်စ် လေး တွေ ကို ပြန်ဖြုတ်ပေး လိုက်ရင် မြန်မာလို ဖတ်လို့ ရသွား ပြန်ပါတယ်ဗျာ................။မသိသေးသူများအတွက်ရည်ရွယ်ပါသည်.....

zawtk...

ချစ်ရတာ မလွယ်ပါလား

တစ်ရက်သော တနင်္ဂနွေနေ့ က. ရတနာပုံသတင်းစာ ဆောင်းပါးကဏ္ဍ မှာ .ပါလာတဲ့..မန္တလေး က ဆရာ ဦးဘုန်း( ဓာတု)ရဲ့  ဆောင်းပါးလေးကို...အခုခေတ်လူငယ်လေးတွေ..အတွက် ပြန်လည် မျှဝေဖော်ပြေပေးလိုက်ပါတယ်...

တစ်နေ့ဆီက ကျွန်တော်အိမ်ကို ကျောင်းသူတစ်ယောက်ရဲ့ မိခင် ရောက်လာတယ်။

“ဆရာ…ကျွန်မရဲ့သမီးက ဆရာ့တပည့်ပါ။သူက အရပ်ထဲကကောင်းလေး တစ်ယောက်နဲ့ သမီးရည်းစားဖြစ်နေတယ်။ ကျွန်မတို့က သူ့ကိုဆုံးမတဲ့အခါ ပို ပြီးအရွဲ့တိုက်တယ်။ ဆရာ့စကားဆိုရင်…သမီးကနားထောင်ပါတယ်။သမီးကို ဆုံး

မပေးပါဦး….ဆရာ။”

ဒီလိုပါ….တစ်နေ့တုန်းက ကျွန်တော့်စာသင်ခန်းမှာ ကျောင်းသားတစ် ယောက်ရဲ့ဖခင်က သူ့သားအကြောင်းလာပြောတယ်။

“ဆရာ…ကျွန်တော့်သားက ဆရာ့စကားဆိုရင် နားထောင်ပါတယ်။ ဒီကောင့်ကိုဆုံးမပေးပါအုံး။ ဒီကောင်ရည်းစားရှိနေတယ်။ အရပ်ထဲကကောင်မ လေးတစ်ယောက်နဲ့တွဲနေတယ်။ ကျွန်တော်ပြောရင် ဒီကောင်က နားမထောင် ဘူး။”

တစ်နေ့တုန်းကလည်း ကျွန်တော်ရဲ့သူငယ်ချင်းက သူ့သမီး အကြောင်း ကို ရင်ဖွင့်တယ်။

“ငါ့သမီးက တက္ကသိုလ်ကျောင်းသူလည်းဖြစ်သွားရော..၀တ်တာစားတာကို ငါ…ကြည့်လို့မရဘူး။ ငါ့သမီးက ကျောင်းသူနဲ့ မတူတော့ဘူး။ ကျောင်းသွားတာ နဲ့လည်း မတူဘူး။ မော်ဒယ်ရှိုးလျှောက်မယ့် မင်းသမီး ကျနေတာပဲ၊ ဆံပင်က အနီရောင်နဲ့၊ ဘောင်းဘီအကျပ်နဲ့။ ငါ့သမီးရဲ့ သူငယ်ချင်းမိန်းကလေးတွေ ကလည်း ငါ့သမီးအတိုင်းပဲ ၀တ်ကြတယ်။ ငါ့တို့ဘယ်လိုလုပ်ကြမလဲ။ ငါ့သမီးက မင်း ရဲ့ သမီးပဲလေ။ သူတို့လို လူငယ်တွေကို အမှန်သိအောင် ငါတို့ဘယ်လိုဆုံး မကြမလဲ။

ဟုတ်ပါတယ်။ ဒီနေ့လူငယ်တွေဟာ…ကျွန်တော်တို့ ငယ်စဉ်ကနဲ့ မတူပါ TV နဲ့ကြီးပြင်းလာကြတယ်။ ကိုရီးယားကားတွေနဲ့ကြီးပြင်းလာကြတယ်။ အင်တာနက်နဲ့ ကြီးပြင်းလာတဲ့သူတွေဖြစ်တယ်။ MP-3, MP-4 ထဲမှာ စာရိတ္တပျက်ယွင်းစေတဲ့ ရုပ်ပုံတွေ၊ ရုပ်ရှင်တွေထည့်ပြီး ကြည့်ဖူး၊ မြင်ဖူးနေတဲ့သူ တွေဖြစ်တယ်။ အရွယ်နဲ့မမျှတဲ့ မျက်လုံးတွေ စိတ်ခံစားချက်တွေနဲ့ လောကကို ရှုမြင်ကြတယ်။

၁၅နှစ်လောက်ဆိုရင်ကို ကြားဖူးနားဝကရှိနေပြီ။ ကျောင်းတွေမှာ MP-3, MP-4 Player တွေနဲ့ ဟိုပုံ ဒီပုံတွေကို ကြည့်ဖူးကြတယ်။ မြင်ဖူးကြတယ်။ ဒီတော့…စိတ်ကစားလွယ်ကြတယ်။ စိတ်ကစားလို့ အချစ်လို့ထင်ကြတယ်။ အဲဒီ အချစ်လို့ဆိုတာကြီးကိုခံစားပြီးမှ မှားကြတယ်။ ဘ၀ပျက်ကြတယ်။ နောက်ဆုံး ရောဂါရကြတယ်။

ညပိုင်းမှာ ကျုံးနံဘေး နဲ့ ကန်တော်ကြီးဘက်မှာ ချစ်သူစုံတွဲတွေ အများကြီးတွေ့နိုင်ပါတယ်။ ဆိုင်ကယ်တွေလည်းပေါတယ်။ လူငယ်တိုင်းနီးပါး ဆိုင်ကယ်စီးတက်ပါတယ်။ ဒီလိုနဲ့ “ရွှတ်ကနဲ” အိမ်ကပျောက်သွားတယ်။ တစ်နေရာမှာ ချစ်သူနဲ့ ချစ်ခဲ့ကြတယ်။ မှားခဲ့ကြတယ်။ မိဘတွေကတော့…ကိုယ့် သားသမီးကို ကလေး လို့ အမြဲထင်တယ်။ သူတို့က အတွေ့အကြုံတွေစုံလိုက် တာ…ကျွန်တော်တို့ထက်သာတယ်။

ဒီနေရာမှာ…လူငယ်တွေကို စာရိတ္တနဲ့ကျန်းမာရေး အကြောင်းပြောဖို့လို လာတယ်။ A ဆိုတာ..လူငယ်တိုင်းသိတာပဲ။ ဘယိလိုနေပါ။ ဘယ်လိုထိုင်ပါ။ ဘယိလိုဆက်ဆံပါ…ဆိုတာ သူတို့ကျွမ်းကျင်ပြီးသားပါ။ ဒါကိုအလွဲသုံးစားလုပ် ကြတယ်။ ကိုယ့်ရဲ့ချစ်သူမှာ A မရှိဘူးလို့ ဘယ်သူမှ မသိနိုင်ဘူး။ စာရိတ္တ ကောင်းကောင်းနဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်စွမ်းဟာ လူငယ်တစ်ယောက် ရဲ့ အဓိကစွမ်းအားဖြစ်တယ်။ စာတော်တယ်။ အမှတ်ကောင်းတယ်။ငွေရှိတယ်။ ဂုဏိရှိတယ်။ ဘွဲ့ရတယ်။ ပညာတက်တယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားမ ကောင်းရင် အဲဒါတွေ ဘာလုပ်မှာလဲ။ I Love You ဆိုတဲ့စကားနေရာမှာ I Like You တွေ ခေတ်စားလာတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက I Love Only One ပါ။ ဒီနေ့လူငယ်တွေမှာ I Love Everyone ဖြစ်နေကြပြီ။ ဒီတော့ ရောဂါရ လွယ်တာပေါ့။

တချို့လူငယ်တွေက ကိုယ်ချစ်သူနဲ့ အတူနေတာပဲ…A မဖြစ်အောင် နေမှာပေါ့လို့ ပြောကြတယ်။ အသည်းရောဂါ C ပိုးဆိုတာ တစ်ယောက်ရဲ့ နှုတ်ခမ်းကို တစ်ယောက်ကနမ်းရင်လည်း ကူးနိုင်တာပဲ။ ကိုယ့်ချစ်သူမှာ အသည်းရောပါ C ပိုးမရှိဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။ A ထက် C က ပိုပြီးတော့ကြောက်စရာကောင်းတယ်။ C ပိုးဆိုတာ လူ့အသုံးအဆောင် ပစ္စည်း ကနေတဆင့် ကူးနိုင်တယ်။ အိမ်မှာ C ပိုးရောဂါရှိတဲ့သူရဲ့ သောက်ရေခွက်၊ ထမင်းပန်းကန်၊ အ၀တ်အစား၊ အိပ်ရာ၊ အိပ်ရာခင်းကအစ သီးခြားစီထားပြီးသုံး ကြရတယ်။ တကယ်လို့များ ကိုယ်ချစ်တဲ့ကိုယ့်ချစ်သူမှာ အသည်းရောဂါ C ပိုး ရှိနေတယ်ဆိုရင် သူ့ရဲ့ အနမ်းတစ်ပွင့်အောက်မှာ ကိုယ့်ရဲ့ဘ၀တစ်ခုလုံးပျက်သုံး သွားနိုင်တယ်။ ကိုယ့်မှာ C ပိုး ကူးစက်ခံရပြီဆိုရင် ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကြောင့်ပြန်ပြီး ဒီရောဂါ ပျံ့နှံ့ သွားနိုင်တယ်။

ဒီတော့…ဒီနေ့အချိန်မှာ ရည်းစား ထားရတာမလွယ်ပါဘူး။ အဲဒီ A နဲ့ C ကြေင့် အသက်နဲ့ ရင်းပြီး ရည်းစားထားကြရတယ်။ အသက်နဲ့ရင်း ပြီး ချစ်ကြ ရတယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ မချစ်သင့်ဘူး။ အဖြေမပေးသင့်ဘူး။ ရင်းရင်းနှီးနှီးမနေသင့်ဘူး။

လူငယ်တွေကိုပြောချင်တယ်…………..အလှတရားဆိုတာ အလင်းရောင် အောက်မှာသာ ခံစားလို့ရတယ်။ ကိုယ်ကျင့်တရားနဲ့ စာရိတ္တဆိုတာ အလင်း အမှောင်မရွေးဘူး။ ဒီတော့ အလှတရားနဲ့ ကိုယ်ကျင့်တရားနှစ်ခုမှာ ဘယ်သူက ပိုပြီးတန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ အလင်းအမှောင်မရွေး တန်ဖိုးရှိနေတဲ့ ကိုယ်ကျင့်တရားကို အလင်းရောင်ရှိမှ သာခံစားလို့ရတဲ့ အလှတရားနဲ့ မလဲသင့်ဘူး။ စတေး မပစ်သင့်ဘူး။

ဒီလိုပဲ….မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုထက် ဘယ်ယောက် ကျားကိုမှ ပိုပြီးတန်ဖိုးမထားသင့်ဘူး။ ကိုယ့်မိဘ မေတ္တာရိပ်ထက် ဘယ်အရိပ်ကို မှ အထင်မကြီးသင့်ဘူး ကိုယ့်ကိုယ်ကိုထက် ကိုယ့်ချစ်သူကောင်လေးကိုပိုပြီး တန်ဖိုးထားလိုက်မိရင် ကိုယ်ခံလိုက်ရပြီသာမှတ်ပေတော့။

ချစ်သူဆိုတာ မြားနတ်မောင်လက်တော့လို့ ဖြစ်လာတဲ့လက်ဆောင် တစ်ခုပါ။ မြားနတ်မောင်ကလည်း ခဏခဏ လက်ဆော့တက်တယ်။ အချစ်ဆို တဲ့လက်ဆောင်တွေ ခဏခဏ ရတက်တယ်။ ဒါပေမယ့် မိဘဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်။ ဘုရားက မြားနတ်မောင်လို လက်မဆော့ ဘူး။ဒါကြောင့် ဘုရားပေးတဲ့လက်ဆောင်ကို တန်ဖိုးထားတက်ဖို့လိုတယ်။ အခုတော့ ဘုရားပေးတဲ့လက်ဆောင်ရဲ့တန်ဖိုးကိုမေ့ပြီး မြားနတ်မောင်လက် ဆော့တဲ့ လက်ဆောင်တွေကို ခဏခဏ တန်ဖိုးထားနေမိတက်ကြတယ်။ တွေး ကြည့်ရင် ရင်လေးစရာ ကောင်းလိုက်တာနော်။

ချစ်သူဆိုတာ ကိုယ့်ရဲ့အောင်မြင်မှုတွေကို ကိုယ်နဲ့ထပ်တူခံစားသူဖြစ် ကောင်းဖြစ်မယ်။ ဒါပေမယ့် မိဘဆိုတာ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ကိုယ့်ထက်အဆပေါင်းများစွာ ခံစားတက်သူဖြစ်တယ်။ ဒီလိုပဲ ချစ်သူဆိုတာ ကိုယ့်ရဲ့ ကျရှုံးမှုတွေကို ဝေမျှပြီး ခံစားသူဖြစ်ချင်ဖြစ်မယ်။ မိဘကတော့ ကိုယ့်ရဲ့ ကျရှုံးမှု တွေကို ကိုယ့်ထက်ပိုပြီး ခံစားပေးမယ့်သူ ဖြစ်တယ်။

မိဘစကားဆိုတာ ရိုးသားတဲ့မတ္တောစကားဖြစ်တယ်။ ချစ်သူစကားဆိုတာ တခုခုကိုလိုချင်လို့ တပ်မက်မှုတွေကို ဖုံးကွယ်ထားတဲ့ မုသားစကားဖြစ်တယ်။

ချစ်သူတစ်ယောက်ရဲ့ အချစ်မှာ အပြန်အလှန်သဘောတွေရှိတယ်။ အတိုင်းအတာတွေရှိတယ်။ အကန့်အသတ်တွေရှိတယ်။ မိဘတစ်ယောက်ရဲ့ အချစ်မှာ အပြန်အလှန်သဘောတွေ မရှိဘူး။ အတိုင်းအတာတွေ အကန့် အသတ်တွေ မရှိဘူး။

ချစ်သူတစ်ယောက်ရဲ့ အချစ်မှာ အစရှိတယ်။ အဆိုးရှိတယ်။ မိဘတွေရဲ့ အချစ်မှာ အစလည်းမရှိဘူး။ အဆိုးလည်းမရှိဘူး။

အချစ်ဆိုတာ လိုက်ရှာစရာမလိုပါဘူး။

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေပါ။ ကိုယ်ကျင့်တရားကောင်းအောင် နေပါ။ မျိုးရိုးဂုဏ်ကိုထိန်းပါ။ အများအကျိုးဆောင်ရွက်ပါ။ အရွယ်နဲ့ ထိုက်တန်တဲ့ အလုပ်ကိုလုပ်ပါ။ ရိုးသားပါ။ စာရိတ္တကောင်းနဲ့ ရှင်သန်နေထိုင်ပါ။ ဒါဆိုရင်… တန်ဖိုးရှိတဲ့ အချစ်တွေ အလိုလိုနေရင်း ကိုယ်ဆီကိုရောက်လာါလိမ့်မယ်။ A နဲ့ C ကြောင့် ဒီနေ့ခေတ်မှာ စဉ်းစဉ်းစားစား ချစ်သင့်တယ်။

ချစ်ရတာ မလွယ်ပါလားနော်…………………………………….။

zawtk...

ခေတ်လူငယ် နှင့် Internet

တစ်ခြားသူတွေ ရေးနေတဲ့ဆောင်းပါးလေး တွေကို ဖတ်ကြည့်ပြီးတော့ ကျွန်တော် ကိုယ်တိုင် ဒီလိုဆောင်းပါးလေးတွေရေးချင်တဲ့စိတ်ကလေးတွေ ခဏခဏ ပေါ်ပေါက်လာပါတယ်။ အဲဒီလို ဆောင်းပါးရေး မယ်လို့ စိတ်ကူးလိုက်ပြန်တော့လည်း ဘာအကြောင်းကိုရေးရမယ်ဆိုတာကို ကျွန်တော် စဉ်စားလို့ မရခဲ့မိပါဘူး ။အခု ကျွန်တော် ဒီအကြောင်းလေးတွေရေးဖြစ်တဲ့ အကြောင်း အရင်း ကတော့ နေ့လည်ပိုင်းက သူငယ်ချင်းတစ်ယောက်နဲ့  လ္ဘက်ရည်ဆိုင် ထိုင်ပြီး ဟိုအကြောင်းဒီအကြောင်း ပြောကြရင်းနဲ့ အခုခေတ်လူငယ်လေး တွေ ရဲ့ အကြောင်း ကို ပြောမိကြပါတယ်။ အဲဒီလိုပြောဖြစ်ကြတဲ့ အကြောင်း ကို ဆောင်း ပါးလေး ရေး ရင်ကောင်း မှာ ပဲ ဆိုပြီးတော့ ကျွန်တော် စိတ်ကူး ရမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါလေး ကိုရေးဖြစ်သွား တာပါ။ ဒီဆောင်းပါလေး ထဲမှာက ကျွန်တော် ကြုံတွေ့နေရတဲ့ အတွေ့အကြုံ လေး တွေ နဲ့ ယှဉ်တွဲ ရေး သားသွား မှာဖြစ်ပါတယ်။


အခု ခေတ်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကြောင်းအရာ ကတော့ အရွယ် ရောက်လာကြတဲ့ လူငယ်လေးတွေရဲ့ အကြောင်းပါ။ ယခု ကျွန်တော် တို့ ပြောပြောနေကြ တဲ့ Globalization ခေတ်လို့ပြောနေကြတဲ့အတိုင်း ကျွန်တော် တို့ နေတဲ့ ကမ္ဘာကြီး ဟာ ရွာကလေး တစ်ရွာလို ဖြစ်နေပြီဆိုတာကို လူအများရဲ့ ပါးစပ်ဖျား မှာ ပြောဆိုနေကြပါတယ်။ Globalization ခေတ်ကြီး မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မှ လည်း နည်း ပညာ တိုးတက် ပြောင်း လဲ မှု တွေ ကလည်း တဖြည်းဖြည်း နဲ့ တိုးတက်လာပါတယ်။ နည်းပညာတွေ တိုးတက် လာတဲ့ အတွက် ကျွန်တော် တို့ မြန်မာနိုင်ငံ မှ လည်း လူကြီး ၊ လူငယ် ၊ လူလတ် မရွေး ကမ္ဘာ နှင့် အညီ ရင်ဘောင်တန်း နိုင်လာ ခဲ့ ကြပါ ပြီ။ အဲဒီလို ကမ္ဘာ နှင့် အညီ ရင်ဘောင်တန်း ပြီးတော့ နည်း ပညပိုင်း ဆိုင်ရာတွေ ၊ ပညာရေး ၊ စီးပွား ရေး နဲ့ အလုပ်အကိုင် အခွင့် အလမ်း တွေ ကို လည်း အင်တာနက်မှ တဆင့် ရှာဖွေဖတ်ရှု လေ့လာ နိုင်ပြီး တော့ လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်နေနိုင်ကြပါပြီ။ အဲဒီလို ဖတ်ရှု လေ့လာ မှတ်သား ရန်အတွက် အင်တာနက်ကို လာရောက်အသုံးပြုကြတဲ့လူတွေထဲမှာ အခုခေတ်လူငယ် လေး တွေကတော့ မပါသလောက်ကို ရှိတဲ့ သဘောပါ။ လူငယ်လေး တွေ အမြဲတမ်း လာရောက်အသုံး ပြုတာကတော့ သူတို့ အတွက် ဗဟုသုတရဖွယ်ရာတွေကို လာ ရောက်ရှာဖွေ ဖတ်ရှုတဲ့ သူတွေ ကတော့ တော်တော် လေး ကို ရှားပါး ပါတယ်။


ကျွန်တော် ကိုယ်တိုင် အင်တာနက်ဆိုင်တွေ မှာကြုံ တွေ့  နေရတာတွေ ကတော့ ….


လူကြီး ပိုင်း တွေ ဟာ သူတို့ ရဲ့ သား သမီးတွေ က နိုင်ငံ ရပ်ခြား မှာ သွား ရောက် အလုပ်လုပ်ကြ ၊ ပညာ သင်ကြ တယ် ဆိုတော့ သူတို့ ရဲ့ သား သမီးတွေ နဲ့ စကား ပြော ဖို့ ရန်အတွက် စနေနဲ့ တနင်္ဂနွေ နေ့ တွေ မှာ ဆိုရင် အင်တာနက်ဆိုင်တွေ ကို လာပြီးတော့ သား တွေ ၊ ဒါမှ မဟုတ် သမီးတွေ  နဲ့ စကား တွေ ကို တ၀ ကြီး ပြောဆို အသုံးပြု နေကြတာကို တွေ့  မြင်နေရပါတယ်။ အဲဒီလို အသံ (           voice ) နဲ့ ပြော ယုံတင်မက webcam လို့ ခေါ်တဲ့ ကင်မရာ တပ် ပြီးတော့ သားသမီးတွေ နဲ့ မိဘတွေ ညီကို မောင် နှမတွေ တစ်ယောက်မျက်နှာ တစ်ယောက် မျက်နှာချင်း ဆိုင် ထိုင် ကြည့် ပြီး တော့ အား ရ၀မ်းသာ ပြောဆိုနေကြတာကိုကြည့်ပြီးတော့ ကျွန်တော်သူတို့ အတွက် ဂုဏ်ယူ ၀မ်းသာ မိပါတယ်။ ဘာကြောင့် လဲ ဆိုတော့ နိုင်ငံ ရပ်ခြား မှာ ရောက်နေတဲ့ သား သမီးတွေ ညီကို မောင်နှ မတွေ နဲ့ ကွန်ပျူတာ screen ပေါ်မှာ အချိန်နှင့် တပြေးညီ ထိုင်ပြော ပြော နေကြတာ မှာ တစ်နာ ရီလောက် အားရပါး ရ ပြော မှ ကုန်ကျ စရိတ်က အများ ဆုံး ၅၀၀ လောက်ပဲ ကုန်ကျ တာ ဖြစ်တဲ့ အတွက်ကြောင့် ပါ။ အဲဒီလို တစ်နာ ရီကို ၅၀၀ ပဲ ကုန်ကျ ခံ ပြီးတော့ အင်တာနက်ပေါ် မှာ မိမိ အတွက် အသုံး ၀င်မယ့် ပညာ တွေ ၊ ဗဟု သုတတွေ ကို ရှာ ဖွေ ဖတ်ရှု မှတ်သား မယ်ဆိုရင် လည်း အချိန် တစ်နာ ရီ နဲ့ ငွေ ၅၀၀ ရဲ့  တန်း ဖိုး ဟာ လည်း တော်တော် လေး အကျိုးကျေးဇူး ကြီးမား လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ သို့သော် ယခု အင်တာနက်လာရောက် သုံးစွဲ နေသူ လူငယ်အများစုမှာတော့ အဲဒီလို အကျိုးကျေး ဇူး တွေ ရ ရှိဖို့ အတွက် လာရောက် အသုံး ပြုကြတဲ့ သူတွေ ကတော့ အလွန်ကို နည်း ပါး ပါတယ်။ အခု လူငယ် အများစု တွေ ဟာ အင်တာနက်ကို အချိန်တွေ အများကြီးကုန်ကျ ခံ ၊ ငွေတွေ အများ ကြီး ကုန်ကျခံ ပြီးတော့ လာရောက်အသုံး ပြုနေကြ ပါတယ်။ သူတို့တွေ အင်တာနက်လာရောက် အသုံး ပြု နေကြတဲ့ အကြောင်း အရင်း ကတော့ သူတို့ အတွက် ဘာအကျိုး ကျေးဇူး မှ မရနိုင်တဲ့ Chatting လာ ထိုင်ကြခြင်းဖြစ်ပါတယ်။ Chatting ထိုင်ကြတယ် ဆိုတဲ့ နေရာ မှာလည်း  မိမိတို့ အတွက် အကျိုး ရှိနိုင်မယ့် နိုင်ငံ ရပ်ခြား မှာ ရောက်နေတဲ့ သူငယ်ချင်းတွေ ညီကိုမောင်နှမတွေ နဲ့ ဆက်သွယ် စကားပြောဆိုကြ ပြီးတော့ နိုင်ငံ ရပ်ခြား က ပညာရေး အကြောင်း တွေ မေးမယ်၊ အလုပ်အကိုင် အကြောင်းတွေ မေး မယ်၊ နိုင်ငံ  ခြားမှာ ဘယ်လို လုပ်ငန်း တွေ လုပ်ရင် ၊ ဘယ်လိုကျောင်းတွေ သွား တက်ရင် အဆင်ပြေ နိုင်မယ်၊ ကောင်းနိုင်မယ် ၊ သူတပါးရဲ့ နိုင်ငံ ကို သွားတော့ မယ် ဆိုရင် မိမိဘက်က ဘယ်လိုကျွမ်း ကျင်မှု တွေ လိုအပ် မယ်၊ ဘယ်လိုပြင်ဆင် မှု တွေ လိုအပ်မယ် ဆိုတာ တွေ ကို ပြောဆို မေးမြန်း ဆွေးနွေး ကြမယ် ဆိုရင်တော့ မိမိတို့ အတွက် အသုံး ၀င် အကျိုးပြု နိုင်ပါတယ်။


သို့သော် အဲဒီလို အသုံးဝင်သော ၊ အကျိုးကျေးဇူး များပြားသော အကြောင်း အရာ များကို လျစ်လျှူ ရှု ပြီးတော့ ၊ သူတို့ အတွက် အကျိုးမပြုနိုင်သော အသုံး မ၀င်သော စကား များ ကို သာ ပြောဆိုကြပြီးတော့ အချိန်တွေနဲ့ ငွေ တွေ အကုန်ခံ ပြီးတော့ ပြော နေကြတာ ကို တွေ့မြင်နေရပါတယ်။ ကောင်လေး တွေ က Online ပေါ်မှာ ရှိတဲ့ တစ်ခြား တစ်နေရာ က ကောင်မလေး တစ်ယောက်နဲ့ စကား တွေ ကို ဖောင်ဖွဲ့ ပြီးပြော ကြမယ်။ ယောက်ျားလေး က မိန်းကလေး ကိုရည်းစားစကား ပြောမယ် ၊ တစ်ဖက်က ကောင်မလေး ကလည်း ကောင်လေး ကပြော တဲ့ ရည်းစားစကား ကို လွယ်လွယ်နဲ့ ပဲ လက်ခံ အဖြေပေး ကြပါတယ်။ ဒီလိုနဲ့ ပဲ အပြင်မှာ ဖြူလား မဲလား ဘယ်လိုလူ လဲ မသိဘဲ နဲ့ Online ပ်ါမှာ ပဲ ချစ်သူရည်းစား တွေ ဖြစ်သွား ကြပါတယ်။ ပြီးမှ ဓာတ်ပုံ လေး တွေ အပြန်အလှန် ပို့ ပေး မှုလေး တွေ လုပ်ကြပါတယ်။ အဲဒီလို ချစ်သူတွေ ဖြစ်သွား ကြတယ် ဆိုတော့ ဒီကောင်လေး က ဒီကောင်မလေး တစ်ယောက်ထဲနဲ့ တင်ပဲ ချစ်သူတွေ ဖြစ်သွား တာလားဆိုတော့ မဟုတ်ပါဘူး။ယောကျာ်းလေးတစ်ယောက် က  Online ပေါ်မျာ ချစ်သူတွေ အများကြီး ထား ကြသလို မိန်းကလေး တစ်ယောက်ကလည်း Online ပေါ်မှာ ချစ်သူတွေ အများကြီး ထား ကြပါတယ်။ အဲဒီလို Online ပေါ်မှာ ချစ်သူတွေ အများကြီး ထား ထားတဲ့ အတွက်ကြောင့် အချိန်မရွေူး အင်တာနက်လာရောက်အသုံးပြုတိုင်း တစ်ယောက်မရှိ တစ်ယောက်ကတော့ ရှိနေတက်ပါတယ်။အဲဒီလို ရှိနေကြတဲ့ အတွက် အင်တာနက်ကို အချိန်တွေ အများ ကြီး အကုန်ခံ ပြီးတော့ သုံးနေကြခြင်းဖြစ်ပါတယ်။ Online ပေါ်မှာ ချစ်သူတွေ ဖြစ်ကြပြီးတော့ အပြင်မှာ တစ်ကယ် တွေ့ဆုံးပြီးတော့ အိမ်ထောင်ကျ သွား ကြတယ်ဆိုတာ ကတော့ တော်တော် လေး ရှား ပါး လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။အခု ခေတ် လူငယ်ယောက်ျားလေး တွေထဲမှာ အင်တာနက်မှ Chatting ကို အသုံးမပြုတက်ကြသော လူငယ်လေး များ ကလည်း Game ဆိုင်တွေ မှာသွား ပြီးတော့ အချိန်နဲ့ ငွေတွေ ကို ဖြုန်းတီးနေကြတာ ကိုလည်း တွေ့ မြင်နေကြရပါတယ်။ အဲဒီလို Chatting တွေ ထိုင် Game တွေ ကစား ပြီးတော့ ၊ အချိန်တွေ ဖြုန်းနေမယ့် အစား အင်တာနက်ပေါ်မှာ ရှိတဲံ ပညာရစရာ ၊ ဗဟုသုတရစရာ တွေ နဲ့ အလုပ်အကိုင် အခွင့် အလမ်း နဲ့ ပတ်သတ်တဲ့ အကြောင်း အရာ တွေကို ရှာဖွေ ဖတ်ရှု စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ ၀င်ရောက်ရှာဖွေ ဖတ်ရှု တဲ့ အခါ မှာ English စာ ကို ကောင်းကောင်း မကျွမ်း ကျင်၍ နိုင်ငံ တကာမှ တင်ထား သော မိမိတို့ အတွက် အသုံးဝင်သော Website များ ကို မဖတ်နိုင်လျှင်ပင်     ကျွန်တော်တို့ မြန်မာနိုင်ငံ မှ တင်ထား သော ပညာရေးပိုင်းဆိုင်ရာ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာ ၊ နည်း ပညာပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ၊ဘာသာရေးပိုင်းဆိုင်ရာ ၊ Website များ ကို မြန်မာလို ၀င်ရောက် ဖတ်ရှု ပြီးတော့မိမိတို့ သိရှိလိုသော အကြောင်း အရာများကို ၀င်ရောက်မေးမြန်း ဆွေးနွေး နိုင်သော မြန်မာ Website အမြောက်အများ တွေ ရှိပါတယ် ဆိုတဲ့ အကြောင်း ကို အသိပေး ရေး သားရင်း ခေတ်လူငယ်လေး တွေ ရဲ့ အသိပညာ ၊ အတက်ပညာ ၊ အထွေထွေ ဗဟုသုတ အကျိုးကျေးဇူး များကို တိုးတက်များပြား လာစေရန် အင်တာနက်ကို အကျိုးရှိရှိ အသုံး ချနိုင်ကြပါစေလို့ တိုက်တွန်း နှိုးဆော် သတိပေး ရေးသား လိုက်ပါတယ်…………..





မှတ်ချက်။   ။ ဒီဆောင်းပါးလေး သည် ကျွန်တော်ရဲ့ ပထမဆုံးရေးသော ဆောင်းပါးဖြစ်သောကြောင့်
ဆောင်းပါး နှင့်မကိုက်ညီသော စာသားများ ပါခဲ့လျှင် ၊ လိုအပ်ချက်လေးတွေရှိခဲ့လျှင် ၊ အားနည်းချက်လေးတွေ ရှိခဲ့လျှင် ကူညီ ဖြည့်စည်း သည်းခံ ဖတ်ရှု ပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



zawtk..

Thursday, October 29, 2009

နေ့ချင်းထပ်ရင် မြတ်သလား?

မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့
အယူအဆကြောင်း နေ့ချင်းထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ်
ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ်ထားသူတွေ၊ ထပ်ချင်သူတွေ၊
ထပ်ဖို့ရည်ရွယ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်

တနင်္ဂနွေ- တနင်္ဂနွေ
`ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့
တနင်္ဂနွေသားချင်း ဖူးစာဖက်ရင်
ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်

တနင်္ဂလာ-တနင်္ဂလာ
`ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´
အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့
အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည်ခွင့်လွတ်သည်းခံမှုမရှိရင်
ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။

အင်္ဂါ-အင်္ဂါ
`ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့်
အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ်

ဗုဒ္ဓဟူး-ဗုဒ္ဓဟူး
`ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို
အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့
ချစ်သူဘ၀မှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ
တော်ကာကျမယ့်သဘောပါ။

ကြာသပတေး-ကြာသပတေး
`ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ သက်ပန်ချမ်းသာကြည်အေး` တဲ့
ကြာသပတေးသားသမီးချင်း အိမ်ထောင်ဖက်ထားသူတေါ ဘ၀တစ်သက်တာ
စိတ်အေးချမ်းသာစရာဖြစ်ပါလိမ့်မယ်။

သောကြာ-သောကြာ
`ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့်
သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုး၊ ငြင်းတာခုံတာကိုလျော့မှ
အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

စနေ-စနေ
`နဂါးနှင့်မြွေ၊ ရန်မိုးစွေ၊ နောင်လာမေတ္တာဝေး´ လို့ဆိုထားတာကြောင့်
သတိထားသင့်တဲ့ ဖူးစာဖက်ပါပဲ


fwdmail..

zawtk...

စေတနာ

“ စေတနာ ”

အတွေ့အကြုံတွေက

မပြည့်စုံသေးပေမယ့်

အဖေ့ရဲ့ပြုစုပျိုးထောင်ပေးမှုနဲ့

အမေ့ရဲ့ပြောင်မြောက်လှတဲ့

မှန်ကန်တဲ့စကားလုံးတွေကြောင့်

သတ္တ၀ါတိုင်းအပေါ်ကို

စေတနာရှေ့ထားလို့

ငါ့ခရီးတခုကို ဆက်နေလေရဲ့  ။

လူတယောက်ရဲ့တန်ဖိုးဟာ

သူဖြတ်သန်းကျော်လွှားနေတဲ့

ခေတ်ကြီးက

သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့

သမိုင်းပေးတာဝန်ကို

သူဘယ်လောက်

သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့

အချက်နဲ့ တိုင်းရမှာပဲ

ကျုပ်ကတော့လေဗျာ

စေတနာရှေ့ထားလို့

ကျုပ်ခရီးတခုကို ဆက်နေလေရဲ့  ။

မေတ္တာ၊ဂရုဏာ

မုဒိတာ နဲ့ ဥပေက္ခာဆိုတဲ့

ဗြဟ္မာစိုရ် တရားလေးပါးက

အေးချမ်းသာယာလှပေမယ့်

ကျုပ်က နောက်တခုထပ်တိုးကာ

စေတနာရှေ့ထားလို့

ကျုပ်ခရီးတခုကို ဆက်နေလေရဲ့ 

ဇာနည်မောင်


zawtk...

ရယ်စရာလေးနော်

တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်
လမ်းမှားပြီးလမ်းပျောက်နေပါတယ်။
ဒါကို
သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့
အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့
သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း

သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက် တောင်းပန်တာပေါ့။ဒါနဲ့
သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို
ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ
ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက
အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့
၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင်
အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ
၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့
သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ
၊နောက်နှစ်လုံးသည်းခံလိုက်ရင်
မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက
အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး
မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ
ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့

****************


မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို
ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက်
သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ
သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့်
ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊
ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃
ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း

ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ
သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို
ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

****************


ရေလာမြောင်းပေး

ရှင်ကျွန်မကို နမ်းရင် အဖေမမြင်စေနဲ့နော်။
ကိုယ်မင်းကို ဘယ်တုန်းကမှ မနမ်းရပါလား။
ဟုတ်ပါတယ် ၊ တကယ်တည်းမှပဲ ၊ နမ်းမယ်ဆိုရင်ပြောတာပါ။
ကောင်း ရော ။


****************
ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ်
တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး
တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို
ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း
မိပြီ"...တဲ့.


*********************
တော်သေးတာပေါ့


လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......


from fwdmail..

zawtk...

Thursday, October 22, 2009

လမင်းထက်သာတဲ့မျက်နှာ

ဒီကဗျာလေးကတော့. ဟိုး.........လွန်ခဲ့တဲ့

ရှစ်နှစ်လောက်ကတည်းက.. မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ဖူးမိလို့

ကြိုက်လို့ သိမ်းထားမိတဲ့ ကဗျာလေးပါ။

အမေ..........
ကောင်းကင်စကြာဝဋ္ဌာမှာ..
မရေတွက်နိုင်တဲ့
ကြယ်တာရာတွေရှိပေမယ့်...
လမင်းလောက်မသာဘူး...
အမှောင်ညရောက်လေလေ
လမင်းကိုတမ်းတလေ ပဲ...။

လူ့လောကကြီးမှာ
မျက်နှာတွေ အများကြီးရှိပေမယ့်...
သားအတွက်တော့...
အမေ့မျက်နှာလောက်
ဘယ်မျက်နှာမှ မလှနိုင်ဘူး...
ဘ၀တိုက်ပွဲရောက်လေ
အမေ့ကို မြင်ယောင်မိလေပါပဲ..........အမေ။
ညွန့်ဝင်း ( မန်း ၊ ရှေးဟောင်းသုတေသန )

zawtk..

Tuesday, October 20, 2009

ပူဇော်ထိုက်သူများ

အောက်တိုဘာ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့..ကြေးမုံသတင်းစာမှာပါတဲ့..

ပန်းတောင်းသန်းကြွယ် ရဲ့ ကဗျာ.လေး နဲ့ ပြန်လည် ဂုဏ်ပြုလိုက်ပါတယ်..

ပူဇော်ထိုက်သူများ
အိုဘယ်ချစ်စွာ၊ တပည့်လှတို့

ချွန်ကြပါစေ၊ တော်ကြစေဟု

စေတနာမှန်စွာ၊ ၀ါသနာနှင့်

နစ်နာခံကာ၊ နာသုံးနာဖြင့်

ရင်မှာပေါက်ဖွား၊ သမီးသားသို့

မခြားနေ့စဉ်၊ စာပေသင်၍

ပဲ့ပြင်နိစ္စ၊ ဆိုဆုံးမခဲ့

မြတ်လှသေချာ၊ ထိုဆရာသည်

ဥစ္စာမွဲမြာ၊ မချမ်းသာလည်း

ရင်မှာအေးချမ်း၊ မြဲရွှင်လန်း၏။

ပင်ပန်းနေ့စဉ်၊ စာကိုသင်၍

ပေါ်လွင်ထင်ရှား၊ တပည့်များ၏

ကြီးပွားနေကြောင်း၊ သတင်းကောင်းကို

ခေါင်းတညိတ်ညိတ်၊ ထောင်နားစိတ်သော်

သိမ့်သိမ့်ရင်မှာ၊ ပီတိဖြာ၏။

မာလာငုံဆင့်၊ ပန်းတို့ပွင့်အောင်

ရင်နှင့်ရင်းကာ၊ ကြိုးပမ်းရှာသည့်

ပညာသင်ကြား၊ ဆရာများသည်

ဦးဖျားထိပ်တွင်၊ အမြဲတင်၍

နေ့စဉ်ရိုကျိုး၊ မြတ်မြတ်နိုးဖြင့်

ရှိခိုးထိုက်သူများပါတကား……။

ပန်းတောင်းသန်းကြွယ်
zawtk...

နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား

နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား
ကျုံးသွင်း ပညာရေး သမဝါယမ လီမိတက်မှ စေတနာအပြည့်ဖြင့် ဘာသာစကား
တိုးတက်စေရန် နိုင်ငံခြားပြန် ဆရာကြီး ကိုယ်တိုင် အသေးစိတ် ပြုစုထားသည့်
နေ့ စဉ်သုံး မြန်မာ-အင်္ဂလိပ် ဘာသာစကား အဘိဓာန် ကြီး ကို သင့်ဆီသို့ ဂုဏ်ယူ
ဝင့်ကြွားစွာ တင်ဆက်လိုက်လေပြီ ။ အမြန် မေးဝယ်ပါ။ အုပ်ရေ ၅၀ အထက်
မှာယူသူများ အတွက် ကံစမ်းမဲ ရှိသည် ။

ပထမဆု ပါဆားရစ် ဘွန်လေး ရထား အသွားအပြန်လက်မှတ် (T & C Apply)
ဒုတိယဆု ဟိုတယ် အယ်လ်ဂျူးနိ ၂ ညအိပ်(ကုတင်၊စောင်နှင့် မနက်စာ မပါ)
( သရဲ ကြောက်တတ်သူ အထီးကျန်အမျိုးသားများ အဖော်ခေါ်နိုင်)
တတိယဆု လက်နှိပ်စက် သုံးလုံး

စားသုံးသူများ၏ စေတနာကို ကျေးဇူးတုံ့ ပြန်သော အားဖြင့် အောက်ပါ စကားလုံးများ
ကို ရက် ၃၀ အမြည်းသဘော အခမဲ့ ပေးဖတ်လိုက်ပြီ ။

ပြဒါးတလမ်း သံတလမ်း - Mercury one way, Iron one way
လက်လွတ်စပယ် - Hand Free Jasmine
ဆရာ မလုပ်နဲ -့ Don't Make the Teacher
ရေချိုးချင်တယ် - I Want to Break the Water
ဒီနေ့  နေပွင့်တယ်  -Today, the Sun is Open
ကျေးဇူးပြုပြီး မီးဖွင့်ပါ  -Please Open the Fire
မီးပိတ်လိုက်တော့ - Close the Fire
ဗိုက်မဆာ ဘူးလား  -Stomach Not Hungry?
ရေဝင်ပြေး  -Water Enter Run
မနေ့ က နှာခေါင်းပိတ်တယ် - Yesterday, My Nose closed
ကိုယ်ပူနေတယ် - Body is Hot
ဖုန်း အားသွင်းလိုက် -Insert the Force to the Phone
သီချင်း နားထောင် - Song Ear Erect
ဖိနပ် စီးတော့  -Ride Your Shoe
ဈေးကြီး မိလာတယ် - Catch the Big Market
အိမ်ရှင် လာလိမ့်မယ် House Will Come Alive
လေတက် သွားပြီ  -Air Climbed Already
ဈေးတွေ တက်ကုန်ပြီ - Markets are Climbing
ခေါင်းကိုက်သေးလား - Still Bite the Head ?
မဲပေးကြ - Give Black
ဝက်သား စားသလား - Eat the Pig's Son?
မြစ်တို့ ၏ မာယာ  -Trick of the Rivers
မတတ်နိုင်ဘူး ဒါဟာ ကံပဲ - I Can't Install. This is Lake
စိတ်ပူ လို့ လား - Mind is Hot ?
ချစ် နေသေးလား - Love Sun Small ?
မိုးရွာ တဲ့ နေ  -့ Rain Village Day
ဖြည်းဖြည်းလုပ်  -Slow Slow Make
ဓာတ်လှေကား  -Electric Ladder
နှလုံးသား လျှို့ ဝှက်ခန်း - Heart Secret Room
မိန်းမ မယူနဲ  -့ Don't Take Woman
ရေခဲ သေတ္တာ - Ice Box

zawtk...

ကြိုက်တာဝယ်စားနှင့်အခြားဟာသများ


ကြိုက်တာဝယ်စား


အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
@hp
စည်းကမ်းရှိသူ


" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "
@hp
မှားယွင်းမှု၏ရလဒ်



" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ "  @hp



သိနားလည်မှု

" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "

" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "

" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ "  @hp

သူ့လက်ရာ

" ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "

" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "

" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် "  @hp

ထီးတစ်လက်၏သံသရာ

" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "

" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။

အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "

" အရေးကြီးပါသော်ကောဗျာ။  ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး


ခဏငှားလာတာတဲ့ "

စိတ်ချစမ်းပါ

" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "

" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး "  @hp

ယုံပါတယ်

" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "

" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် "  @hp

မေမေ့စကား

" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "


" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ "  @hp


ဘယ်သူ့လက်ချက်လဲ


" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ "  @hp



တစ်ယောက်တစ်လှည့်



" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "

" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ " @hp

သူ့နေရာသူပြန်သွား



" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "

" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "

" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် "  @hp





မေးမှသိတယ်




" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "

" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "  @hp


ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "

" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "  @hp

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "

" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "

" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "

" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ " @hp
စနစ်တကျအသုံးပြုနည်း


" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp
နားလေးသူမို့ပါ


" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " @hp
ဟိုတစ်မျိုး ဒီတစ်မျိုး


" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp
မေမေ့တာဝန်ထားလိုက်


" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp
အမွေဆက်ခံမိလို့


" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp
မမြောက်ပါနဲ့ဗျာ


" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp
အထင်နဲ့အမြင်


" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp
ထင်တာကတခြား


" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " @hp
သိချင်လို့


" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp
ပြင်ပအစားအစာ


" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp
သမ်းပြတာမဟုတ်ပါ


" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ " @hp
ယောက်ျားဆိုတာ


" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
@hp

တလွဲမထင်ပါနဲ့


" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp
ဆရာ့ညွှန်ကြားချက်


" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp
လိုချင်ရင်ပြောပါ


" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "


ရယ်မောခြင်းသည် အသက်ရှည်၏......

zawtk...

မျောက်တစ်အုပ်နဲ့ ဦးထုပ်သည်

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။

´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ပုံပြင်လေးကတော့ဒါပါပဲ….။

ကောင်းသန့်..
zawtk..
 
^ထိပ်ဆုံးသို့