မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, October 30, 2009

ဓမ္မလက်ဆောင်

၁ ။    လုပ်တိုင်း မဖြစ် စိတ် မညစ်နှင့်
ကိုယ်လုပ်တိုင်း သာဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။



၂ ။    ဆင်းရဲ ကြုံမှု မညည်း ညူနှင့်
ချမ်းသာ ချမ်းသာ ကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း ။


၃ ။     အာရုံဟူသမျှ မတောင့်တ နှင့်
အာရုံတိုင်းသာ တောင့်တ ပါက ဘယ်မှာ လောဘ ဆုံးမည်နည်း ။



၎ ။     ပြောတိုင်း မရ ဒေါမထ နှင့်
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း ။



၅ ။     သိဉာဏ် မလိုက် သင် မမိုက် နှင့်
သိဉာဏ် မရ မိုက်နေပါက ဘယ်မှာ မောဟ ဆုံးမည်နည်း ။



၆ ။     ပျက်စီးတိုင်း လျှင် မပူပင် နှင့်
မပျက်စီးကာ ခိုင်မြဲ ပါက ဘယ်မှာ အနိစ္စ ရှိမည်နည်း ။



၇ ။     ဗုဒ္ဒတရား မေ့ မထား နှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း ။

ရွှေပေါ်ကျွန်း ဆရာတော်
အရှင်ဇေယျ သိဒ္ဓိဓမ္မဉာဏိက

zawtk...

0 comments:

 
^ထိပ်ဆုံးသို့