မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။
Showing posts with label ဒဿနစာစုလေးများ. Show all posts
Showing posts with label ဒဿနစာစုလေးများ. Show all posts

Thursday, May 19, 2011

`` ထီ ``


5682806.jpg

``ဟူး…. ဒီတစ်ပတ်လည်း ထီမပေါက်ပါလား``

ထိုးထားတဲ့ ထီတွေရယ်၊ ထီပေါက်စဉ်ရယ် တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ထီတိုးခဲ့တာ ဒီအသက် ဒီအရွယ်ထိပါပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ်ပေးခဲ့တယ်။ လစဉ် လဆန်း (၁) ရက်၊ (၂)ရက် ဆိုရင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲရင်ခုန်မိတယ်။ ထီပေါက်ကြောင်း ဖုန်းများဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။

မြတံခွန်နဲ့ အောင်သန်းဆု  ထီဆိုင်ကြီးတွေက သိန်းထောင်ဆုပေါက်တဲ့ သူကို အပိုဆုပေးတဲ့ အခမ်းအနားပွဲတွေ တွေ့တိုင်း အားကျမိတယ်။ တစ်နေ့… အဲဒီနေရာမှာကိုယ်ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာအမြဲရှိနေတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေသေးတယ်။

ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီကနေ့ထိတော့  စိတ်ဓာတ်မကျပဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ်ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။

လက်ဖက်ရည်ဆိုင်တွေမှာထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကိုတွေ့ရင် ကျွန်တော် ထီ အမြဲတမ်းထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတက်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဖူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ် လဆန်းတိုင်း၊ ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။


***************


ကျွန်တော် ညနေ (၃)နာရီဆိုရင် ``မင်းမဟာ`` လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ``လက်ဖက်ရည်မိတ်ဆွေ`` တွေ ကျွန်တော့်မှာ ရှိပါတယ်။ စကားပြောဖော်ပြောဖက်တွေပါ။ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်တွေပါ။ ထီထိုးဖော်ထိုးဖက်တွေပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။

တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း… နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရာသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ပဋိစ္စသပုပ္ပါဒ် အကြောင်း ပြောဖြစ်ပြန်တယ်။ တစ်ခါတလေတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေအကြောင်း မြေဈေးအကြောင်း၊ အိမ်ဈေးအကြောင်း၊ ပြောဖြစ်ပြန်တယ်။

လကုန်ခါနီးတိုင်း ပြောဖြစ်တာကတော့ ထီဖွင့်ခါနီးပြီဆိုတဲ့အကြောင်း၊ ထီပေါက်ရင်ဘယ်လိုကဲလိုက်မယ်…၊ ဘာတွေဝယ်လိုက်မယ်..၊ ဘယ်တွေ သွားလိုက်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။

ကျွန်တော်တို့ စကားပြောတဲ့ လကုန်ခါနီးတစ်ရက်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်က စကားပြောရင်း ``ခေါင်းမူးတယ်`` လို့ ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း (၄)နာရီထိုးတော့ စာသင်ဖို့ အတွက် အတန်းတွေရှိတဲ့ဆီကို သွားခဲ့ရတယ်။ ပထမအချိန် ပြီးခါနီး ညနေ (၅)နာရီလောက်မှာ ကျွန်တော့်ဆီကို တယ်လီဖုန်း မြည်လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့်မိတ်ဆွေ သွေးတိုးဖြစ်ပြီး ဆုံးသွားတယ်တဲ့…။

ကျွန်တော် အရမ်းအံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင်… ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ။ အခုသူက မရှိတော့ဘူးတဲ့.. မြန်လိုက်တာ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော်စဉ်းစားမိတာလေး ပြောပြပါရစေ။

……

မြန်မာနိုင်ငံမှာ လူသန်းပေါင်း (၅၀)ကျော် ရှိတယ်။ တစ်လကို သိန်း (၁၀၀၀) ထီတစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း (၅၀) ထဲမှာ တစ်ယောက်သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲယုံကြည်ကြတယ်။ ထီမပေါက်သေးဘူး.. ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေဝယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင်သွားမယ်၊  ချောင်းသာသွားမယ်၊ မိသားစုနဲ့ ဘုရားဖူးထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်းထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်…။ ဒီလိုတွေးပြီး စိတ်ကူးတွေယဉ်လိုက်ကြရတာ လစဉ်တိုင်းပါပဲ။ ကျွန်တော်လည်း သိန်း (၁၀၀၀) ထီမပေါက်ဖူးဘူး။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း သိန်း (၁၀၀၀) ထီပေါက်တဲ့သူ မကြားဖူးဘူး။

အခု… သေသွားတဲ့ကျွန်တော့်မိတ်ဆွေဟာ သိန်း (၁၀၀၀) ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အမြဲပြောတက်တဲ့သူ။ ဒါပေမဲ့ သူ… မရှိတော့ဘူး။ မသေချာတဲ့ သိန်း(၁၀၀၀) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ သိန်း (၁၀၀၀) ထီပေါက်ဖို့ က မသေချာဘူး။ တစ်ယောက်တည်းသာ ဖြစ်နိုင်တယ်။ အဲဒီတစ်ယောက်ဟာ ကိုယ်ဖြစ်မယ်လို့ အမြဲစိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ နေ့စဉ် နေ့စဉ် သေဆုံးနေကြတဲ့ လူတွေကို မြင်တိုင်း အဲဒီတစ်ယောက်ဟာ ငါဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဖူး။

သေဖို့ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဖူး။

ဒါပေမဲ့ ငါ.. သေမယ်လို့ တစ်ခါမှ မတွေးမိဖူး။ မန္တလေးမြို့မှာဆိုရင် နေ့စဉ် လူ (၇၀) လောက်၊ သေနှုန်းရှိတယ်။ တစ်လကို လူ (၂၀၀၀) ကျော်လောက် သေတယ်။ အဲဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူး။ ဒါပေမဲ့  လူသန်း (၅၀) မှ တစ်ယောက်သာဖြစ်နိုင်တဲ့ သိန်း (၁၀၀၀) ထီကိုတော့ ကိုယ့်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။

ကျွန်တော့်တို့ စိတ်တွေဟာ သိပ်ပြီးအံ့သြစရာကောင်းတယ်။ အကောင်းတွေကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေကိုတော့ နားနဲ့တောင် မကြားချင်ဖူး။

ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကိုထိုး၊ ဘယ်နေ့သားနဲ့တွဲထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီထိုးရင်း စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့သေနိုင်တယ်လို့ပြောရင် မကြိုက်ချင်ဘူး။ ဘယ်ရောဂါနဲ့ သေမယ်။ ဘယ်လိုပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲဒီလိုပြောရင် စိတ်ကူးဖို့နေနေသာသာ အဲဒီလိုပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ, ထိုးမိမှာပဲ။

ထီမပေါက်သေးဖူး။ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ စိတ်ထဲမှာ အများကြီးပဲ။

``သေ``ဖို့ ``သေချာ`` တဲ့ ကျွန်တော်တို့က မသေခင် ဘာလုပ်မယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ သေပြီးရင်လည်း ငါ… ဘာဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘဝတစ်ခုအတွက် အခုကတည်းက ဘာတွေလုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။

သေဖို့ကတော့ လုံးဝသေချာတယ်။ အခုလား.. နေ့လား… ညလား… မနက်ဖြန်လား…။ ဒါပေမဲ့ ဘယ်တော့မှ သေဖို့အတွက် ဘယ်တော့မှ မျှော်လင့်မထားဖူး။

ထီပေါက်ဖို့ကတော့ လုံးဝမသေချာဘူး။ ဒါပေမဲ့… လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတက်ကြတယ်။

``မသေချာ``တဲ့ ​``ထီ`` နဲ့ ``သေချာ`` တဲ့ `` သေခြင်း`` ကို ယှဉ်ပြီး ကျွန်တော်တွေးမိနေခြင်းပါ။

``သေချာ` တဲ့ ``သေခြင်း`` အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော်ဟာ ``မသေချာ​`` တဲ့ ``ထီ`` အတွက် လတိုင်း လတိုင်း၊ ပြင်ဆင်နေမိတယ်။ လူတစ်ယောက်သေဆုံးသွားရင် သေသွားတယ်လို့ပဲ တွေးမိတယ်။ ``ငါလည်း… သေနိုင်တယ်`` လို့အထိ မတွေးမိဘူး။ လူတစ်ယောက် ထီပေါက်ရင်.. ထီပေါက်တယ်လို့ဆိုတဲ့ အတွေးမှာတင် ရပ်မနေပဲ ``ငါလည်း… ထီပေါက်နိုငတယ်`` လို့ အထိ တွေးမိတယ်။

သတင်းစာဖတ်တိုင်း နာရေးကြေငြာတွေမှာ ကျွန်တော်တို့နာမည် တစ်နေ့မဟုတ်တစ်နေ့ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ့်မိတ်ဆွေ နာရေးကြာ်ငြာပါရင်တော့ သူတော့ သေသွားပြီ။ ငါ့အလှည် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။

သတင်းစာထဲက သိန်း (၁၀၀၀) ထီ ထွက်တဲ့နေ့ဆို ``ငါများဖြစ်လေမလား`` လို့ တွေးမိသူတွေချည်းပါပဲ။ ကိုယ့်မိတ်ဆွေတစ်ယောက်သာ ထီပေါက်ရင် နောက်တစ်ခါ ``ငါ့အလှည့်``လို့ ကျွန်တော်တို့ အမြဲတွေးမိကြတယ် မဟုတ်လား


**********************


``ထီပေါက်`` ဖို့ မျှော်လင့်သလို၊ ``ငါသေနိုင်တယ်``လို့လည်း မျှော်လင့်သင့်တယ်။

``ထီပေါက်ဖို့က မသေချာ`` ဖူးနော်…။

``ငါသေဖို့က သေချာ``တယ်…။

``ထီပေါက်ရင် ဘာလုပ်မယ်`` လို့ တွေးထားသလို….

``ငါသေရင် ဘာဖြစ်မယ်`` လို့ တွေးကြည့်စေချင်ပါတယ်…။

ကိုယ့်လက်ထဲမှာတော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန်မျှော်လင့်နေကြတယ်။

ဒီလိုပါပဲ…

ကိုယ့်ဘဝထဲမှာတော့ ကိုယ်ကိုယ်တိုင် ပြုမူထားတဲ့ အကောင်းအဆိုး၊ အဖြူအမည်း။ ကုသိုလ်.. အကုသိုလ်တွေနဲ့….။

*****************



ကဲစာဖတ်သူ အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ရေ… သင်တို့ရော ထီထိုးပြီးတိုင်း ဒီတစ်လ မပေါက်ရင် နောက်တစ်လ တော့ ပေါက်နိုင်တယ်ဆို တွေးပြီး စိတ်ကူးယဉ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြသလို………

သူတော့ သေသွားပြီ… နောက်တစ်ခါ ငါ့အလှည့်များ ဖြစ်လေမလား ဆိုတာကိုတော့… တွေးထားတဲ့သူတွေလည်း တွေးမိကြတဲ့သူတွေ ရှိကြသလို.. လုံးဝ မစဉ်းစားမိတဲ့သူတွေလည်း ရှိကြပါလိမ့်မယ်။ ဒါကြောင့် ဒီစာလေးကို ဖတ်မိပြီး အဲဒီအတွေလေးတွေ တွေးမိအောင် သတိတရား ရစေချင်တဲ့ ဆန္ဒနဲ့ အွန်လိုင်းပေါ်သို့ ပြန်လည် မျှဝေပေးလိုက်ရခြင်ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာစုလေးတွေ ဖတ်မိပြီး ကိုယ့်ကိုယ်ကိုယ် သတိဖော်ပေးသလိုဖြစ်မိလို့လည်း ဒီစာစုမျိုးလေးတွေ ရေးပေး၊ တွေးပေးသော ဆရာကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း ဒီနေရာကနေမှ တစ်ဆင့် ပြောကြားလိုက်ပါတယ်။


ဒီ `` ထီ `` ဆိုသော စာစုလေး များကို ဆရာဦးဘုန်း၏ `` အဖေ့အိမ်`` စာအုပ်မှ ခေါင်းစဉ်လေးကို အွန်လိုင်းမှ စာပေချစ်သူ တွေအတွက် ပြန်လည် မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဆရာ ဦးဘုန်း(ဓာတု)ရဲ့ ကိုယ်ပိုင် ဆိုဒ် တွင်လည်း သွားရောက် ဖတ်နိုင်ပါတယ် ဆိုတဲ့ အကြောင်းလည်း သတင်းပေးလိုက်ရပါတယ်။

ခင်မင်စွာဖြင်...
ဇော်သိင်္ခ




Thursday, July 29, 2010

မှတ်သားသင့်သည့်အချက်လေးများ

၁။  ဆုံးရှုံးသွားတဲ့အချိန်ကျမှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃။  မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။  သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး ။ သူ သင့်ကိုချစ်တာမှန်ရင်သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆို ရင် သူကသင့်ရဲ့
မျက်ရည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။

၅။  ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။

ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲဘယ်လိုရှာရှာမတွေ့ဘူး။  ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀
ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃ သာကျန်တော့တယ်။

၈။  ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။  လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီးစာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။  ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲမှာနေလို့ပါ။
ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။  လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကိုနှစ်သက်နိုင် တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွား ပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။  သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄။  ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့် ရတယ်။

၁၅။  ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။  ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrow share is sorrow half, Joy share is Joy double.

၁၇။  အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။  လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။ မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။  သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။  ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁။  အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂။  လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို စိတ်ညစ်လဲတစ်ရက်ပျော်လဲတစ် ရက် ပေါ့။ တစ်ခုခုကို သင် ရင်ဆိုငိတဲ့အချိန်မှာသင်ရင် ဆိုင်နိုင်တဲ့ သတ္တိက မျှတနေမယ်ဆိုရင် သင်လဲပျော်မယ်စိတ်လဲချမ်းသာမယ်။

၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံးပါ သင်အတ္တကြီးနေမယ်ဆိုရင် င်ပိုင်ဆိုင်ထားတာတောင် ဆုံးရှုံးနိုင်ပါတယ်။

၂၅။ အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။ စိတ်တိုတဲ့အချိန် မှာ စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

 ယခုဖော်ပြခဲ့သော အချက်များအားလုံးသည်  ညီမလေး လင်းလင်း ပို့ပေးသော မေးမှ ရရှိသော စာစုလေးများ ဖြစ်ပါတယ်။ ရေးသားသူ မည်သူဖြစ်တယ်ဆိုတာ မသိသည့်အတွက် ဖော်ပြ မပေးနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါတယ်။ ဤစာစုများလေးများအားလုံးသည် စာဖတ်သူ အတွက် အသုံးဝင်၍ အကျိုးပြုနိုင်စေသော အချက်လေးများ ရရှိနိုင်စေရန် အတွက် ပြန်လည် မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်.........။ 

ခင်မင်စွာဖြင့်.......
ဇော်သိင်္ခ

Thursday, June 3, 2010

လက်တွေ့ကျင့်သုံးရေး


 လောက၌ ပတ်ဝန်း ကျင်ကို ရှုမြင်တက်ရေးသည်
အရေး ကြီး၏။

ကြည့်သောအရာကို ကောင်းစွာမြင်ရေးသည် ပို၍
အရေးကြီး၏။

မြင်သောအရာကို သဘောပေါက်ခြင်းက ထိုထက်
တစ်ဆင့်မြင့်၏။

တဖန် ထိုသဘောပေါက်နားလည်ထားသောအရာမှ
သင်ခန်းစာထုတ်ယူတက်ရေးသည်လည်း
အရေးကြီးပြန်၏။

သို့သော်တကယ် အရေးကြီးဆုံးကား
ရရှိထားသည့် သင်ခန်း စာအတိုင်း လက်တွေ့
ကျင့်သုံးဆောင်ရွက်ရေးပင်ဖြစ်သည်။

 ဇော်သိင်္ခ

Sunday, May 30, 2010

ထင်းခုတ်သမား နှစ်ဦး


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ် သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။
ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ ” အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေး… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ် ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ် ဆိုတဲ့ အကြောင်း အရာလေး ကို ဟိုး အရင်နှစ်ကတည်း ဖော်ဝါ့မေးမှာ ဖတ်ဖူး တားတဲ့ စာလေး ကို ပြန်လည် ရှာဖွေ ပြီး တော့ တင်ပေးလိုက်ပါတယ်… စာဖတ်သူ အပေါင်းလည်း.. ထင်းပဲ ခုတ်နေပြီး.. ပုဆိန်မသွေးပဲ ခုတ်နေမှာ ဆိုးတဲ့ အတွက်… ထင်းလည်း ခုတ် ပုဆိန်လည်း သွေး… လုပ်ရင်း.. အချိန်တို အတွင်း မှာ ထင်းများများ ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….
ဇော်သိင်္ခ

Friday, April 30, 2010

ဘ၀ရဲ့ ကြုံတွေ့ရတဲ့ ဒဿနလေးများ

(၁)
သားအဖနှစ်ဦး လမ်းထွက်လျောက်ကြရင်း ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင်
နောက်ဆုံးပေါ် ကားတစ်စီး ရပ်ထား သည်ကို တွေ့လိုက်သည်။
သား...."ဒီလို ကားမျိုး စီးတဲ့ လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့ လူပဲဖြစ်ရမယ်"
ဖခင်...."ဒီလို စကားပြောတဲ့ လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့ လူပဲဖြစ်ရမယ်"
 အရာဝတ္ထု တစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထား
အမှန်ကို ဖော်ပြ နေပြီလား...
(၂)
ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို
ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။
ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ
တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"
တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့ အမြင်တွေ ကွဲပြား တတ်ကြတယ်။
တစ်ခြားလူ လုပ်ရင် အပြစ် ရှိတယ်.... ကိုယ်လုပ် ရင်တော့ အပြစ်မရှိဘူး။
(၃)
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက်
လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး
ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကို
လမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆို တောင်းပန်ခဲ့သည်။
အခြားလမ်းပြ တစ်ဦးကမူ " ကျွန်တော်တို့ အခုလျောက်နေတဲ့ လမ်းကတော့
ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့" ဟု ကဗျာဆန်ဆန်
ပြောခဲ့သည်။
တူညီတဲ့ အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလဒ်ကို
ခံစားကြရတယ်။ အတွေး ဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဘယ်လို တွေးရင်
ဘယ်လို ခံစားရပါတယ်။ အကောင်း တွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင်
ကိုယ်ပဲ ခံစားရပါတယ်။
(၄)
အပေါ်က ပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်မှာ ၃တန်းကျောင်းသား
ကလေးများကို ဆရာမက ကိုယ့်ဆန္ဒ ဟုသော စာစီစာကုံး တစ်ပုဒ်ကို
ရေးခိုင်းခဲ့သည်။ ကျောင်းသား တစ်ယောက်က သူ၏ဆန္ဒမှာ
မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိ ဆရာမက
ဤသို့ပြောခဲ့သည်။
"ဒီကျောင်းသားဟာ ကြီးပွားမယ့်လူ မဟုတ်ဘူး"
သို့သော် အနောက်တိုင်းရှိ ဆရာမ တစ်ဦးက "ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို
အပြုံးတွေ ဖြန့်မယ့် သူဖြစ်တယ်"
တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့
အဓိပ္ပါယ်ကို အကျယ် မဖွင့်ဆိုချင်ကြဘူး။
(၅)
သူတောင်းစား " ၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ " ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား " ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"
တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင် စိတ်ကို
လွှမ်းမိုး သွားတတ်ကြတယ်။
(၆)
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက် တစ်ခုသို့ သွားရောက်လည်ပတ်ကြသည်။
မိန်းမဖြစ်သူက ယောက်ျားအား " အော်...တစ်လမ်းလုံး ငေးလာလို့ လမ်းလျောက်တာ
အဲလောက်နှေးနေ တာကိုး"
တချို့လူတွေက ဘ၀လမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲ သိပြီး လမ်းဘေး ၀ဲယာက
လှပတဲ့ အရာတွေကို ခဏလောက်ရပ်ပြီး ခံစားဖို့ မေ့နေတတ်ကြတယ်။
(၇)
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား "
ဖြေးဖြေးလုပ်...ဆားထည့်ဦး... ဆီများသွားပြီ... မီးပြင်းပြန်ပြီ..ငါးကို
လှန်လိုက်...ဟော်...တူးပြန်ပြီ.
...ဟာ...အိုး စောင်းသွားပြီ" စသည်ဖြင့်
ဆရာလုပ်နေသည်။
"ရှင်တော်တော့...ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား"
"မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်... မောင် ကားမောင်းနေတဲ့
အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့
ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ"
သူ့နေရာမှာ ၀င်ခံစားကြည့်မယ်။ သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင်
တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။
 
အလင်းစေတန် ရဲ့ ဖော်ဝါ့မေးကနေမှ တဆင့် ရောက်လာတဲ့ ဘ၀ရဲ့ ဒဿနလေးတွေပါ... 
 
ဇော်သိင်္ခ

Tuesday, February 9, 2010

ဆွာမိကြီးပြောတဲ့ အချစ်အကြောင်း

I once had a friend who grew to be very close to me.
Once when we were sitting at the edge of a swimming pool, she filled the palm of her hand with some water and held it before me, and said this: “You see this water carefully contained on my hand? It symbolizes Love.”

တစ်ချိန်တုန်းက ကျူပ်နဲ့ သိပ်ခင်တဲ့ မိတ်ဆွေတစ်ဦးရှိခဲ့ တယ်…

တစ်နေ့ တော့ ရေကူးကန်ဘေးမှာ ကျူပ်တို့ နှစ်ဦးထိုင်နေစဉ် သူမက လက်ခုပ်တစ်ဖက်နဲ့ ရေခပ်ပြီး

ကျူပ်ရှေ့ ကိုလာကာ…” ကျွန်မလက်ထဲကရေကို ကြည့် ပါဦးလေ…ဒါဟာချစ်ခြင်း

မေတ္တာရဲ့ သင်္ကေတအထိန်းအမှတ်ပါပဲ…” လို့ ဆိုလာပါတယ်..

This was how I saw it: As long as you keep your hand caringly open and allow it to remain there, it will always be there. However, if you attempt to close your fingers round it and try to posses it, it will spill through the first cracks it finds.
ဟုတ်ပါတယ်….သင်ဟာသင့် ရဲ့ လက်ကို သေချာစွာဖြန့် ထားပြီးရှိစေမယ်ဆိုယင် ရေတွေဟာ

လက်ခုပ်ထဲမှာပဲရှိနေမှာပါ…ဒါမဟုတ်ပဲ ပိုင်ဆိုင်လိုတဲ့ စိတ်ဇောနဲ့ လက်ကိုဆုပ်ပြီး

ရေတွေကိုယူလိုက်မယ်ဆိုယင်တော့ လက်ချောင်းတွေကြားထဲကနေ

ရေတွေယိုဖိတ်ပြီးထွက်ကျကုန်မှာပါ….

This is the greatest mistake that people do when they meet love…they try to posses it, they demand, they expect… and just like the water spilling out of your hand, love will retrieve from you .

အဲဒီအချက်ဟာ အချစ်နဲ့ ပါတ်သက်လာယင် လူတွေ အမှားကြီးမှားနေကြတဲ့ 

အချက်အလက်ပါပဲ…သူတို့ ဟာ ပိုင်ဆိုင်ချင်ကြတယ်..

ပိုင်ဆိုင်ဖို့ အတွက်ကြိုးပမ်းကြတယ်….အတင်းအကြပ်တောင်းဆိုကြတယ်..အမျှော်လင့် ကြီး

မျှော်လင့် ကြတယ်…အဲဒီအခါမှာတော့ …လက်ခုပ်ထဲကရေတွေလိုပါပဲ…

ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်တိုင်း…လက်ထဲကနေလျှောထွက်သွားသလိုပါပဲ…

ချစ်ခြင်းမေတ္တာဟာလည်း သင့် ထံကနေ ထွက်ခွာသွားပါလိမ့် မယ်….

For love is meant to be free, you cannot change its nature. If there are people you love, allow them to be free beings.
Give and don’t expect.
Advise, but don’t order.
Ask, but never demand.


ချစ်ခြင်းမေတ္တာဆိုတာလွတ်လပ်ခြင်းသဘာဝတရားမို့ ထိုသဘာဝတရားကိုသင်ဘယ်လိုမှ

ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး…ဒါကြောင့် သင်မေတ္တာစစ်နဲ့ ချစ်ခင်နှစ်သက်

နေသူတွေရှိနေမယ်ဆိုယင်တော့ …

သူတို့ ကို….

လွတ်လပ်ပါစေလေ…

ပေးဆပ်လိုက်ပါလေ…ရယူဖို့ တော့ဖြင့် မမျှော်လင့် ပါလေနဲ့ …

အကြံပြုပါလေ….ဘယ်တော့ မှတော့ အမိန့် ပေးစေခိုင်းခြင်းမပြုပါလေနဲ့ …

မေတ္တာရပ်ခံ၊ ခွင့် တောင်းပါလေ…ဘယ်တော့ မှတော့ မတောင်းဆိုပါလေနဲ့ ….

It might sound simple, but it is a lesson that may take a lifetime to truly practice. It is the secret to true love. To truly practice it, you must sincerely feel no expectations from those who you love, and yet an unconditional caring.”
ကြားရဖန်များလို့ ရိုးကောင်းရိုးနေပါလိမ့် မယ်…ဒါပေမယ့် ဒီအမှန်တရားဟာ သင့် ဘဝ

တစ်လျှောက်လုံးအတွက်ကျင့် သုံးရမယ့် လက်ဆောင်မွန်ပါလေ…

ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ လျှို့ ဝှက်ချက်ပါပဲ…

တိတိကျကျ၊တစ်သွေမတိမ်းလိုက်နာကျင့် သုံးချင်တယ်ဆိုယင်ဖြင့် …

ကိုယ်တကယ်ချစ်မြတ်နိုးသူကို ဘာအနှောင်အဖွဲ့ မှမပါတဲ့ ဂရုစိုက်ခြင်းမျိုးဖြင့် ဂရုစိုက်ပါလေ…

ကိုယ်တကယ်ချစ်မြတ်နိုးသူဆီကဘာတစ်ခုကိုမျှ ပိုင်ဆိုင်ရရှိလိမ့် မယ်လို့ မမျှော်လင့် ပါနဲ့ …

Passing thought… Life is not measured by the number of breaths we take; but by the moments that take our breath away…..
အတိုချူပ်ရလျှင် …ဘ၀ဆိုသည်မှာ အသက် ရှူသွင်း၊ရှူရှိုက်နေသည့် အကြိမ်ပမာဏအရေ

အတွက်မဟုတ်…ထိုတစ်ခဏလေးများမျှသာဖြစ်ပါတယ်…
Life is beautiful!!! Live it !!!


သာယာလှပ တန်ဖိုးရှိတဲ့ ဘ၀များမှာ !!!…

အနေတတ်၍ ကျေနပ်ပါစေလေ !!!…

forward mail က ရတာလေးကို….ခံစားတင်ပြသည်…

ဇော်သိင်္ခ

Saturday, February 6, 2010

ပျော်ရွှင်ခြင်းကိုရှာမယ်

လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က
အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ
ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို
ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။
လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ
မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို
“လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး
သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့
အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး
တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ
အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက
ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ
ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို
အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့
ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊
ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်
ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်း

ကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။
ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး
ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။
လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။
လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။
ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို
သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊
ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့
လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ
လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို
ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း
သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့
ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ
ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။
ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင်
ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊
မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ
မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက
မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ
လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို
သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး
ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

form fwdmail..
ဇော်သိင်္ခ

Thursday, February 4, 2010

How To Solve The Problem

ပဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော
တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့သူတို့ ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်း ကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာ လမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်……….

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့
ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။

ခွေးကတော့ ခွေးပါပဲ…..ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲ ဒီလိုပါပဲ…
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား…။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။

ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။ ။

အဖြေရလာပါလိမ့်မယ်….။ ။

Heng Lee Zen ရဲ့ Which One? ကို ကိုဇော် zaw357@gmail.com ဘာသာပြန်ပါသည်..။



ဇော်သိင်္ခ

Wednesday, January 27, 2010

ခရမ်းချဉ်သီး ရောင်းသူ



အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် ….   သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်..    ပြီးတော့  ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…

စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်..   ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက်  ” လို့ ပြောပါတယ်..

ကောင်လေးက   “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး..  ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..

“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ….  ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက  အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..

ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……

စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ…  သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို  ၀ယ်လိုက် ပါတယ်..  ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက  ၂ဆ ဖြစ်သွားခဲ့ပါပြီ..  ၃ကြိမ်မြောက်  ၀ယ်ယူပြီး  ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို  ပြန်နိုင်ခဲ့ပါတယ်..

ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ…  သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်..  ညနက်မှ အိမ်ပြန် ရောက်တယ်..    ဒီလိုနဲ့ သူ့ငွေတွေဟာ   နေ့တိုင်းနေ့တိုင်းကို  ၂ဆ ၃ဆ  တိုးပွားလာပါတယ်..

မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ…….  ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….

၅နှစ်အကြာမှာ…  အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..

သူဟာ  အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်..  သူဌေးက  “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ  မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်..

ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်…   “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင်  ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ….  တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား  ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”

သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်.. အီမေလ်း လိပ်စာသာ ရှိခဲ့မယ် ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့

********

ဒီ  story  လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်    အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်..  အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်….  ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေရှင်….

မူရင်း ကနေ http://www.funzug.com/index.php/stories/the-tomato-story.html နှစ်သစ် လက်ဆောင်အဖြစ် အင်အား တစ်ခုခု ရစေဖို့ ဒီပိုစ့်လေးကို ဘာသာပြန် ဝေမျှလိုက်ပါတယ်..

ကြီးပွားတိုးတက်ကြပါစေ

ချော (အစိမ်းရောင်လွင်ပြင်)

fwdmail ….မှ ပြန်လည်မျှဝေ ခြင်းဖြစ်သည်။

ဇော်သိင်္ခ

ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ

ဒီတစ်ခါ မေးထဲရောက်လာတဲ့ စာလေးတွေကတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ. ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းအကြောင်းအရာ လေးတွေကို  စာဖတ်သူတွေ ဆီကို  စိတ်ဓာတ်ခွန်အား တွေ တက်ကြွ လာစေရန် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကတော့ ဘယ်စာအုပ်မှာ  ပါလဲ ဆိုတောတော့ မသိပါဘူး။ မေးထဲရောက်လာတာလေးပါ။ အောက်မှာတော့ အစိမ်းရောင်လွင်ပြင် လို့တော့ ပါလာပါတယ်……….

ကျွန်တော်ဟာ  တာဝေး အပြေးသမား တစ်ယောက်ပါ… ကြုံတွေ့ရတဲ့ အဖြစ်အပျက် ကလေးကတော့ ကျွန်တော့်ရဲ့ ပြေးလမ်း တစ်ခုပေါ်က အမှတ်တရ လေးပါ ကျွန်တော် မီတာ ၃၂၀၀  အပြေးပြိုင်ပွဲ ၀င်ဖို့အတွက် တစ်ရာသီလုံး လေ့ကျင့်မှုတွေ ကျွန်တော် အကြိမ်ကြိမ် လုပ်နေခဲ့ပေမဲ့ အရင်တုန်းကတည်းက ရထားတဲ့ ခြေထောက် ဒဏ်ရာက ခုချိန်ထိ မသက်သာသေးပါဘူး.. ဒါကြောင့်လဲ ကျွန်တော်ဟာ ဒီပြိုင်ပွဲကို  ၀င်သင့် မ၀င်သင့် အတန်တန် စဉ်းစားခဲ့တယ်.. ဘယ်လိုပင် ဖြစ်စေကာမူ  ပြိုင်ပွဲနေ့ရောက်တော့ ကျွန်တော် ၀င်ပြိုင် ဖြစ်ခဲ့ပါတယ်…

အသင့်ပြင်..

နေရာယူ

ဒိုင်း……………….

သေနတ်သံက ကျယ်လောင်စွာ ထွက်လာပြီး ကျွန်တော်တို့လဲ တာလွှတ်တဲ့ နေရာကနေ ပြေးထွက်လာကြပါတော့တယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့် ရှေ့ကနေ ပြေးနေတာကို ကျွန်တော်တွေ့ရတယ်… ပထမ အပြေးပတ်လမ်း သုံးပတ် ပြည့်တဲ့အချိန်မှာ ခြေထောက်က နာကျင်လွန်းလို့ ထော့နင်း ထော့နင်း ဖြစ်နေပါပြီ.. ကောင်မလေးရဲ့ နောက်မှာ ကျွန်တ်ာဟာ တစ်ဖြေးဖြေး ဝေးပြီး ကျန်ရစ်ခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်မိတယ်.. ဒီအခါမှာတော့ အရှက်တကွဲ ဖြစ်ပြီဆိုတဲ့ စိတ်အနှောက်အယှက်က ပိုပိုပြီး ဖိစီးလာပါတယ်.. ပထမနေရာက ဦးဆောင်ပြေးနေသူ မိန်းခလေးက ကျွန်တော့်ထက် ပြေးလမ်း ၂ပတ် စောနေခဲ့ ပါတယ်..

မိန်းခလေးက ပန်းတိုင်ကို ၀င်သွားတဲ့ အချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဆီက ဝေး ဆိုတဲ့ အလွန်ကျယ်လောင်လှတဲ့ လက်ခုပ်သြဘာသံနဲ့ အော်ဟစ် အားပေးတဲ့ အသံကြီးကို ကျွန်တော်ကြားလိုက်ရပါတယ်.. ကျွန်တော့်တစ်သက်မှာ ကြားဖူးသမျှ အားပေးသံတွေထဲမှာ အကျယ်လောင်ဆုံး အသံတွေဘဲ ဖြစ်ပါတယ်.. အဲဒီချိန်မှာ ကျွန်တော် စဉ်းစားလိုက်မိတာက ဒီပြိုင်ပွဲကနေ ကျွန်တော်ထွက်သင့်ပြီဆိုတာပါဘဲ.. ဒီပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ်တွေက ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပြေးနေတဲ့ ကျွန်တော့်လို လူတစ်ယောက်ရဲ့ ပန်းတိုင် ၀င်ချိန်ထိအောင် စောင့်ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး… ဒါပေမဲ့လည်း ကျွန်တော့် အတွင်းစိတ်ကတော့ ဆက်ပြေးဖို့ကိုဘဲ တိုက်တွန်းနေခဲ့ပါတယ်..

ပန်းဝင်ဖို့ ပြေးလမ်း ၂ပတ်လောက် ကျန်သေးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တွေက ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲလို့နေပါပြီ.. နာကျင်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ ဆက်ပြေးနေရင်းနဲ့ နောက်နှစ်တွေမှာ ဒီအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက် မိပါတယ်.. တကယ်လို့ ကျွန်တော့်ခြေထောက် ပြန်ကောင်းလာခဲ့ရင်လည်း ကျွန်တော် မပြိုင် ချင်တော့ပါဘူး.. ကျွန်တော့်ထက် ပြေးလမ်း ၂ပတ်စောပြီး ပန်းဝင် သွားတဲ့ မိန်းခလေးတစ်ယောက်ကိုတောင် ကျွန်တော်နိုင်အောင် မပြေးနိုင်ခဲ့တာ  ရှက်ဖို့ တော်တော်ကောင်းပါတယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့်ကို အနိုင် ရသွားတဲ့အဖြစ်..  တွေးကြည့်ရင် ကျွန်တော် ဘယ်လောက်များ အသုံးမကျလိုက်တဲ့ လူလဲဗျာ…..

ကျွန်တော် ပန်းဝင်မျဉ်းကြောင်းကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ ခုနက ပထမဆုံးပန်းဝင်သွားတဲ့ မိန်းခလေးကို အားပေးကြသလိုမျိုး ကျယ်လောင်လှတဲ့ အားပေး အော်ဟစ်သံ၊ လက်ခုပ်တီးသံ တွေကို ကြားလိုက်ရပါတယ်.. ဘာတွေ ဒီလောက် အော်ဟစ်နေကြပါလိမ့်…  ကျွန်တော် ကိုယ့်ကိုယ်ကို မေးလိုက်မိတယ်… ဟိုကြည့် ဒီကြည့်နဲ့ သေချာအောင် ကျွန်တော် လိုက်ရှာမိတော့ နောက်ပြိုင်ပွဲ တစ်ခုအတွက် ပြိုင်ပွဲဝင်မဲ့လူတွေက နေရာယူနေကြတာ တွေ့ရပါတယ်…. ဒီတော့ သူတို့ကို အားပေး နေကြတာဘဲလို့ တျွန်တော် သဘောပေါက်မိပြီး ရေချိုးခန်းဘက်ကို လျှောက်လာခဲ့ပါတယ်..   အဲဒီချိန်မှာ ပထမဆုံး ပန်းဝင်သွားတဲ့ ကောင်မလေးနဲ့  မမျှော်လင့်ဘဲ  ၀င်တိုး မိပါတယ်..

သူက ကျွန်တော့်ကို

“အိုး….. ရှင်က အရမ်း တော်တာဘဲနော်… ဒီလို ရဲရင့်တဲ့ ခွန်အား ၊သတ္တိတွေ ရှင် ဘယ်ကများရပါလိမ့်…”

“ ရဲရင့်တယ်? ”

သူ တစ်ယောက်ယောက်နဲ့ လူမှားနေပုံရတယ်.. ကျွန်တော်က ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လူလေ..

“ကျွန်မသာ ရှင့်နေရာမှာဆိုခဲ့ရင် ဒီ ၂မိုင်လောက် ရှိတဲ့ ပြေးပွဲကို ဘယ်လိုမှ ၀င်ပြိုင်နိုင်မယ် မထင်ဘူး.. ပထမ ပြေးလမ်းမှာတင် ထွက်ဖြစ်မှာ သေချာပါရဲ့… ရှင့်ခြေထောက်က ဘာများဖြစ်လို့လဲ … ဒီလောက် နာကျင်နေတဲ့ကြားက ရှင် ကြိုးကြိုးစားစားနဲ့ ပန်းတိုင်ကို ရောက်အောင် ပြေးနိုင်တယ်နော်… ကျွန်မတို့တွေ ရှင့်ကို အော်ဟစ် အားပေးနေကြတာ ရှင်ကြားတယ်မဟုတ်လား… ပွဲကြည့်တဲ့သူတွေ အားလုံးကလဲ နာကျင်နေ တာတောင် အရှုံမပေးဘဲ ပြီးအောင် ပြိုင်ပွဲဝင်သွားတဲ့ ရှင့်ရဲ့ စိတ်ဓာတ်ကို ချီးကျုး လေးစားပြီး အားလုံးက လက်ခုပ်တီး၊ အော်ဟစ်ပြီး အားပေး နေခဲ့ကြတာလေ…”

အိုး… အံ့သြစရာပါလား..ကျွန်တော် ယုံတောင် မယုံနိုင်အောင်ပါဘဲ.. တစ်စိမ်းပြင်ပြင် မိန်းခလေးတစ်ယောက်နဲ့ ပွဲကြည့်ပရိတ်သတ်တွေက ကျွန်တော့်ကို အော်ဟစ် အားပေးနေခဲ့တာတဲ့.. အဲလိုအားပေးခြင်းဟာ ဒီပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲစေလိုသောကြာင့်မဟုတ်ဘဲ.. ကျွန်တော့်အား ပြိုင်ပွဲကို ဆက်လက်ပြီး ပြေးစေချင် သောကြောင့်၊ လက့်လျှော့ အရှုံးမပေး စေလိုသောကြောင့် အားပေး နေကြခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သိရပါပြီ.. ကျွန်တော့်မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ပြန်လည် တောက်ပလို့ လာခဲ့ပါပြီ… ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်… နောက်နှစ်မှာ အပြေးပြိုင်ပွဲကို ကျွန်တော် ပြန်ဝင်ဖြစ်အောင် ၀င်ပါတော့မယ်..

တော်ပါသေးရဲ့… ကျွန်တော်ရဲ့ ချွတ်ခြုံကျသွားခဲ့တဲ့ စိတ်ဓာတ်နဲ့၊ ပျောက်ရှ သွားတော့မဲ့ အိပ်မက်ကို ပြန်လည် အသက်သွင်းပေးလိုက်သူက ထို ပထမ ရသွား ခဲ့သော မိန်းခလေးသာ ဖြစ်ပါတယ်..   အဲဒီနေ့က ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာလေး၂ခုမှာ

ပထမတစ်ခုက     တစ်စုံတစ်ဦးဆီက ရလိုက်တဲ့ အကြင်နာတရားနဲ့ အားပေး ချီးကျူးစကားတွေဟာ မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ဘ၀ကို ကောင်းကောင်းကြီး ပြောင်းလဲ သွားစေနိုင်တယ် ဆိုတာရယ်.

ဒုတိယအချက်က   ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ ဆုတံဆိပ်၊ အောင်မြင်မှု ဆိုတာတွေနဲ့ တိုင်းတာလို့မရဘဲ ပြိုင်ပွဲကို ဘယ်လို အခက်အခဲဘဲ ကြုံတွေ့လာပါစေ.. ပြီးဆုံးအောင် ယှဉ်ပြိုင်ခြင်းနဲ့သာ တိုင်းတာသင့်ကြောင်း နားလည်ခွင့် ရလိုက်ပါတယ်..

ကြီးကျယ်သော ခွန်အားရှိသူ၊ ဘ၀ကိုအောင်နိုင်သူများ ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ဆိုလိုတာ မဟုတ်ဘဲ ဘ၀မှာ အရှုံးနဲ့ ကြုံတွေ့ရသော်လည်း အလွယ်တကူ အားမလျှော့ဘဲ၊ မလျှော့သောဇွဲ၊လုံ့လတို့နဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့ သူတွေကိုသာ ခေါ်ဆိုပါတယ်… အခုတော့ ကျွန်တော့်မှာ အိမ်မက်လေး တစ်ခု ရှိလာပါပြီ.. အဲဒီအိပ်မက်လေးက တစ်ခြားမဟုတ်ပါဘူး… အကြီးတန်းအပြေးသမား ဘ၀နဲ့ဘဲ ဖြစ်ဖြစ် ကျွန်တော့် ခွန်အားသစ်တွေနဲ့ အပြေး ပြိုင်ပွဲကို ပြန်ဝင်ပြီး အနိုင်ရအောင် ယှဉ်ပြိုင်ပါမယ်.. အဲဒီချိန်ကျရင် ကျွန်တော်ရှုံးနိမ့်ခဲ့စဉ်က ရခဲ့ဖူးတဲ့ အားပေးချီးကျူးသံ လက်ခုပ်သံတွေကို ပြန်လည်ရရှိ နိုင်လိမ့်လို့ ကျွန်တော် ယုံကြည်မိပါတယ်… ဒီအိမ်မက်လေးကို ပြန်လည် မွေးဖွားပေးလိုက်တဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော့်ထက်အရင် ပန်းဝင်သွားသူ မိန်းခလေးကို ကျေးဇူးတင် သတိရနေမိမှာပါခင်ဗျာ…………

————————————————————

ကျွန်နုပ်တို့တွေရဲ့ ဘ၀ ဆိုတဲ့ တာဝေး ပြေးလမ်းတစ်လျှောက်မှာ အခက်အခဲဆိုတဲ့ နာကျင်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ လူတိုင်း ကြုံတွေ့ကြမှာပါ.. အဲဒီလို အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံတဲ့အခါမှာ ကျွန်နုပ်တို့ဟာ လွယ်လွယ်ကူကူနဲ့ လက်လျှော့ အရှုံးပေးကြမလား စဉ်းစားစရာပါ…. ကြီးကျယ် မြင့်မြတ်တဲ့ အောင်နိုင်သူ ၊ မဟာ လူသားဆိုတာ ဘ၀မှာ စီးပွားဥစ္စာ ကြီးပွား ချမ်းသာနေပြီး၊ အောင်မြင်ထင်ရှား ကျော်ကြားနေတဲ့သူတွေကို ခေါ်တာမဟုတ်ဘဲ အခက်အခဲများ၊ ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင် ကြုံတွေ့လာတဲ့အခါမှာ လက်လျှော့အရှုံးမပေးဘဲ ပြန်လည်ကြိုးစား ရုန်းကန်ပြီး ဘ၀ပြေးလမ်းကို ခွန်အားသစ်များနဲ့ ဆက်လက် ယှဉ်ပြိုင်သူများကိုသာ ခေါ်ပါတယ်ဆိုတာ ဒီပြေးလမ်းပေါ်က ရှိလိုက်တဲ့ သင်ခန်းစာလေးပါ… ကျွန်နုပ်တို့လဲ ဘယ်လောက်ကြီးမားတဲ့ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရပါစေ ဘ၀ ပြေးလမ်းပေါ်က မစွန့်ခွာဘဲ ရှိသမျှ ခွန်အားတို့နဲ့ ရင်ဆိုင် အနိုင်ယူ ကြပါစို့လား။….

အစိမ်းရောင်လွင်ပြင်

ဇော်သိင်္ခ

Friday, January 8, 2010

နှလုံးသား မှတ်စုလေးများ

***Never lose heart. There is always another day.

Connie Espina


မည်သည့်အခါမှ စိတ်ဓာတ်မကျပါနဲ့။ နေ့ တစ်နေ့ဆိုတာ ရှိစမြဲပင်။

ကောနီအက်စပီနာ


***Home is where the heart is.

Anon


အသည်းနှလုံးတည်ရာသည် အိမ်ပင်မည်၏။

အမည်မသိ


***In matters of  love heart and mind seldom agree.

Sophia Woodman


ချစ်ရေးချစ်ရာ ကိစ္စများတွင် အသည်းနှလုံးနှင့် စိတ်သဘောညီ ခဲပါသည်။

ဆိုဖီယာဝုဒ်မန်


***Take your experience to heart but never curtail your minds right to dare.

Julius Loke


သင့်အတွေ့အကြုံကို နှလုံးသွင်းထားပါ။ သို့သော် သင့် စိတ်၏  ရဲခွင့်ကို မည်သည့်အခါမှ မဖြတ်တောက်ပါနဲ့။

ဂျူလီယပ်လော့ခ်


***The heart  is an eternal child. It can never keep its feelings a secret.

Robert McBeth


အသည်းနှလုံးသားသည် ထာဝရ ကလေးငယ်တစ်ဦးပင် ဖြစ်သည်။ ယင်း၏ ခံစားချက်များကို မည်သည့်အခါမှ လျှို့ဝှက်မထားစွမ်းချေ။

ရောဘတ်မက်ဘတ်


***Absents makes the heart grow fonder.

Anon


ကွာဝေးနေမှုသည် အသည်းနှလုံးကို ပို၍ မြတ်နိုးတတ်စေသည်။

အမည်မသိ


***A cruel heart does the most damage to its owner.

Richard Higgins


ရက်စက်သော အသည်းနှလုံးသည် ပိုင်ရှင်အား ထိခိုက်မှု အများဆုံးပြုသည်။

ရစ်ချတ်ဟဖ်ဝင်းစ်


***When glances meet in love, it is the hearts that do the talking.

Jon Bradley


အချစ်အကြည့်များဆုံသောအခါ စကားပြောဆိုမှုကို နှလုံး သားများက ပြုသည်။

ဂျွန်ဘရဒ်လီး


***Only a kind heart can find happiness.

Donald Chai


ကြင်နာတတ်သော အသည်းနှလုံးသာလျှင် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်သည်။

ဒေါနယ်ချာ


***A heart has to have either love or hate to live on .

Ben Dolven


အသည်းနှလုံးသည် အသက်ရှင်သန်နေရန်အတွက် အချစ် သို့မဟုတ် အမုန်းရှိရသည်။

ဘန်ဒိုလ်ဗန်


***The heart  forgives more easily than the mind.

James Colin


အသည်းနှလုံးသည် စိတ်ထက်ပို၍ လွယ်ကူစွာ ခွင့်လွှတ်သည်။

ဂျိမ်းစ်ကောလင်း


***The fury of a scorned heart can never be doused.

Stu Costello


ပစ်ပယ်ခံရသော အသည်းနှလုံး၏ ဒေါသကို မည်သည့်အခါမှ ငြိမ်းသတ်၍ မရချေ။

စတူ ကော့စ်တယ်လို


***If you are given the chance to live without a heart take it. It will cut down half of your troubles.

Joseph Reed


သင့်အား အသည်းနှလုံးမရှိဘဲ နေထိုင်ခွင့်ပေးလာလျှင် ယူလိုက်ပါ။ သင့်ဒုက္ခများ ထက်ဝက်လျော့ပါးသွား စေမည်။

ဂျိုးဇက်ရိဒ်


***He who gives his heart easily is certain to find it treated badly.

Anon


အသည်းနှလုံးကို အလွယ်တကူ ပေးလိုက်သူသည်  အသည်းနှလုံးကို ဆိုးဝါးစွာ ဆက်ဆံခံရသည့်အဖြစ်ကို မလွှဲမသွေကြုံရမည်။

အမည်မသိ


***It is faith that keeps the heart believing.


Lilly Jones


အသည်းနှလုံးအား ဆက်လက် ယုံကြည်မှု ရှိစေသော အရာကား လောက အဖြစ်တရားကို ခံယူထားမှုပင် ဖြစ်သည်။


လီလီဂျုံးစ်


***The heart goes on fine, till the stomach can no longer supply it with energy.


Alexandra Reffle


ဝမ်းဗိုက်က စွမ်းအင် မဖြည့်ဆည်းပေးနိုင်တော့သည့် အထိ အသည်းနှလုံးက အဆင်ပြေနေတက်သည်။


အဲလက်စန္ဒြားရက်ဖဲလ်


***He who allows his heart to break deserves it. For every mature man knows to believe in this      world    is a fallacy.


Peter Krugman.


မိမိအသည်းနှလုံးကို ကွဲခွင့်ပြုလိုက်သူသည်  အသည်းနှလုံး ကွဲခံထိုက်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလောကကြီးတွင်                        ယုံကြည်ရန်မှာ အမှားဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိသည်။


ပီတာခရုခ်မန်း


***If you are given the chance to live without a heart take it. It will cut down half of your troubles.


Joseph Reed


သင့်အား အသည်းနှလုံးမရှိဘဲ နေထိုင်ခွင့်ပေးလာလျှင် ယူလိုက်ပါ။ သင့်ဒုက္ခများ ထက်ဝက်လျော့ပါးသွား စေမည်။


ဂျိုးဇက်ရိဒ်


***Love nourishes the heart.


Agnes Saford


အချစ်သည် အသည်းနှလုံးကို အာဟာရ ဖြည့်ပေးသည်။


အက်စ်နက်စဆန်ဖို့


In life, the heart is always trying to ambush the mind.


Jnathan Fulham


ဘ၀တွင် အသည်းနှလုံးသည် အမြဲတစေပင် စိတ်အသိကို ချုံခို တိုက်ခိုက်ရန် ကြံနေတက်သည်။


ဂျိုနာသန်ဖူးလ်ဟမ်း


***More or less, first loves end up as mistakes. Because they are drowsy ventures of a heart just awonken.


Cecilia Baum


ပထမအချစ်များသည် အနည်းနှင့်အများ အမှားများအဖြစ် အဆုံးသတ်သွားလေ့ရှိသည်။ အဘယ့်ကြောင့် ဆိုသော် ယင်းတို့သည် နိုးထခါစအသည်းနှလုံးတစ်ခု၏ အိပ်ချင်မူးတူး လက်စမ်းချက်များဖြစ်သောကြောင့် ဖြစ်သည်။


ဆီဆီလီယာဘန်း


***The heart is  a hunter.


Ano


အသည်းနှလုံးသည် မုဆိုးတစ်ယောက်ဖြစ်သည်။


အမည်မသိ


***A heart sees no poor man or rich man.


Ano


အသည်းနှလုံးသည် သူဆင်းရဲ သို့မဟုတ် သူချမ်းသာကို မမြင်ချေ။


အမည်မသိ


***Love nourishes the heart.


Agnes Saford.


အချစ်သည် အသည်းနှလုံးကို အာဟာရဖြည့်ပေးသည်။


အက်စ်နက်စဆန်ဖို့


***The heart shows it true colour only in matters concerning love.


Brian Martin


အသည်းနှလုံးသည် ချစ်ရေးချစ်ရာ ကိစ္စများတွင်သာ သူ၏ အရောင်အသွေး အမှန်ကို လှစ်ဟပြသည်။


ဘရိုင်းမာတင်

Thursday, December 24, 2009

စိတ်ချမ်းသာဖို့

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်
ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူ
း။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --

(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ
ကိုယ်ပိုင်ဖြစ်စေ
ကြိုးစားဖို့လိုအပ်တယ် အဓီကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )

(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်၇ှင်ဖြစ်ဖြစ်
ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို
ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်
အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်
ကိုယ်ရဲ့ ဂတိကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊

(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင်
ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ၀ီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက
အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက

အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက

အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့

လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊

ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကျေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊

ငွေကျေးရှုးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကျေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓိက

ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ

ရေစုံမြောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်

ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့

ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ

အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ

အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်

မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့

ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်

အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ

ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို

တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊

မြန်မာစကားပုံကတော့ ``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ

ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ

ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ
အကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ် ဒါပေမယ်အဲဒါဟာ
အထောက်ပံ့မျှသာပါပဲ

အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ
အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ

ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်``
ဆိုတာလောက်ပဲပြောကြမှာလေ ၊

တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊

နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း

ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း

ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်

နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်

ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်အောင်ကြိုးစားရမယ်လေ၊

လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ
ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့

အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို
သေသေချာချာကြိုးစားပြီးဘ၀ကိုတည်ဆောက်ကြပါ............။


မေးမှ ရရှိသော သုတလေးများ ကို စာဖတ်သူများသို့ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

zawtk...

Tuesday, December 22, 2009

အောင်မြင်ရေး နည်းလမ်း ၁၀ ချက်

အာင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း



ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။

၁။ တည်ဆောင်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။


၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။

စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။

အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။

အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။

၎။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။

၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ။
http://www.ourmandalay.net/ မှ ပြန်လည် ကူးယူ မျှဝေပါသည်.. .

zawtk...

Sunday, December 20, 2009

ပြဿနာ ဖြေရှင်းပုံ

ပြဿနာ  ဖြေရှင်းပုံ(Problem Solving)နှစ်မျိုးရှိတယ်
တစ်မျိုးက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။
နောက်တစ်မျိုးကတော့ . . . . .။
"အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။


ပထမနည်းက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။

မိသားစုတစ်စု ရှိတယ်ဆိုပါကြပါစို့ ။
အဖေရယ်... အမေရယ်...အစ်မဖြစ်သူရယ်၊ မောင်လေးရယ်... ပေါ့။
မောင်လေးဖြစ်တဲ့ သူက အတော်ငယ်သေးတယ်။လမ်းလျှောက်တတ်
ခါစ ဆိုပါတော့...။
ဟိုဟိုဒီဒီ သွားရင်း ဟိုဟာ လှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း...
ဗြုန်းဆို . . . ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲ လိုက်မိတယ်။
"ခွမ်း"ခနဲ မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် အကွဲအကြေ အစအနတွေ ဖွေးသွားရော။
အစ်မ ဖြစ်တဲ့ သူက ကမန်းကတန်း ပြေးလာပြီး သူ့ မောင်လေးရဲ့  ကျောပြင်ကို
" ဗြန်း" " ဗြန်း" နဲ့ နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။
ဒီလောက်ဆော့ရပါ့မလား... ပေါ့လေ။
ပြောလဲ ပြော ၊ ရိုက်လဲ ရိုက်နဲ့ ...။ကလေးငိုသံ ကတော့ ကြွက်ကြွက်ညံရော...။
အဲဒီအချိန်မှာပဲ အမေလုပ်တဲ့သူက လက်လှမ်းမှီရာ သနပ်ခါးတုံးနဲ
့ သူ့ သမီးကို လှမ်းပစ်လိုက်တယ်...။"ကလေးကို ရိုက်မနေနဲ့ ... ညည်းကို က အသုံးမကျတာ။
ဖန်ခွက်ကို ကလေးမမှီတဲ့  နေရာမှာထားပါလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။
စည်းကမ်း မရှိတဲ့ ဟာမ"
သမီး ကလည်း ခွန်းတုံ့ မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ့ တယ်။
ဆူကြ၊ ရိုက်ကြနဲ့  ငရဲပွက်နေတုန်း...အဖေဖြစ်တဲ့ သူက မိန်းမကို အပြစ်တင်ပြန်ရော...
"ကလေးတွေက ဘာသိမှာတုန်း ။နင်က အဲသည်လို ကွဲတတ်မှန်းသိရင် ဘာလို့ ဖန်ခွက်ဝယ်သေးလဲ။
စတီးခွက်ဝယ်ပါလား နလပိန်းတုံးမရဲ့ "
"ရှင်ပေးတဲ့  ပိုက်ဆံက ဘယ်လောက်များ ရှိလို့  စတီးခွက် ၀ယ်နိုင်ရမှာလဲ...။
ပိုက်ဆံလေး ခြောက်ပြားတစ်ပဲ နဲ့  အလကား ဘာမှ သုံးမရတဲ့ ယောင်္ကျားကို ယူထားမိတာကိုး"
အဲသည်မှာတင် လင်နဲ့  မယား ထသတ်ပြီး ၀ုန်းဒိုင်းကြဲတော့တာပဲ။
ကဲ...ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့  ဘယ်လို အချက်တွေကို
သင်ခန်းစာ ယူနိုင်သလဲ။
ပြသနာကို ရှေ့ တန်းတင် ရင်းနဲ့  ဖြေရှင်းတဲ့ ဆီ မရောက်ပဲ တစ်ယောက်ကို တစ်ယောက်
အပြစ်တွေ တင်လိုက်တော့ ပြသနာတွေ ပိုပိုပြီး ပွားမလားဘူးလား။

နောက်တစ်နည်းက တော့ "အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။

ဥပမာ ကတော့ စောစောက မိသားစုနဲ့ တထပ်တည်းပဲ ဆိုပါတော့။
အဖေရယ် ၊ အမေရယ်၊ အစ်မရယ်၊ မောင်လေးငယ်ငယ်လေးတစ်ယောက်ရယ်...။
ဖြစ်ရပ်ကလဲ စောစောကအတိုင်းပဲ ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်...၊
ဖန်ခွက်ကျပြီးကွဲတယ်။
***(ဒီနေရာမှာ မတူညီတဲ့ ပြသနာဖြေရှင်းပုံကို သတိထားပြီး ကြည့်ရအောင်)
အစ်မဖြစ်တဲ့သူက ကမန်းကတန်းပြေးသွားပြီး...
"ဖယ်... ဖယ်...မောင်လေး ဖန်ကွဲစတွေ စူးမယ်"
လို့ ပြောရင်း ကလေးကိုပွေ့ ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ့ အမေဘက်ကို
လှည့်ပြီး...
"မေမေ... မောင်လေးကို မရိုက်ပါနဲ့ ၊ သမီး ကိုယ်တိုင်က ဖန်ခွက်ကို
အစွန်မှာ တင်ထားခဲ့ မိလို့ ပါ"
"အို ...သမီးကလဲ စိတ်မကောင်း မဖြစ်ပါနဲ့ ၊ ဖန်ခွက်ဆိုတာ ကွဲ တတ်တဲ့ ပစ္စည်းပဲ ...၊
တစ်ချိန်မဟုတ် တစ်ချိန်မှာ ကွဲ မှာပဲ"
ပြောပြောဆိုဆိုနဲ့  အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး
ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ့ သူက ...
"ဒီအတိုင်းဆို ကလေးအတွက် အန္တရာယ်ရှိတယ်အမေကြီးရေ...
ဖြစ်နိုင်ရင် တို့ တွေ ဖန်ခွက်အစား စတီးခွက် သုံးကြရအောင်၊ လောလောဆယ်
ပိုက်ဆံမလောက်သေးရင်လဲ ပလတ်စတစ်ခွက်ပဲ ၀ယ်ကြတာပေါ့။
အဓိက က မကွဲဖို့ ၊ မရှဖို့ ပဲ မဟုတ်လား"

ကျွန်တော်တင်ပြချင်တာက အဲဒါပါပဲ။
ဒီနည်းက အဖြေကို အဓိက ထားရှာဖွေတဲ့နည်း (Solution-Oriented Method)"ပါ။
အဲဒီ အိမ်ထောင်စု နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ပြီးတော့....
ပြသနာဖြေရှင်းတဲ့ နည်း (၂) နည်းအနက် ဘယ်နည်းကိုသုံးရင် ကောင်းမယ်ဆိုတာ
ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြစေချင်ပါတယ်။


မင်းခိုက်စိုးစန်

ကလေးအတွေး စာအုပ်မှ . . . .


zawtk...

Wednesday, December 2, 2009

အလုပ်လုပ်ခြင်း နှင့်ခံနိုင်ရည်ရှိခြင်း

( ၁ )

ကျွန်တော် ငယ်ငယ်တုန်းက သစ်ပင်တွေ တဖြည်းဖြည်းရှည်လျားလာတာကို ကြည့်ပြီး တအံ့တသြဖြစ်ဖူးတယ်။
" ဒီ သစ်ပင်တွေဟာ ငါမမြင်လိုက်ရပဲ ဘယ်အချိန်ကများရှည်သွားတာပါလိမ့် "
တစ်နေ့လုံး သစ်ပင်တစ်ပင်ရဲ့ ရှေ့တည့်တည့်မှာထိုင်ပြီး မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့ဖူးတယ်။
သစ်ပင်ရဲ့ အမြင့်ထိပ်ဖျားကရှည်ထွက်လာတာကို မြင်ချင်လို့။
ဒါပေမယ့် မြင်ခွင့်မရခဲ့ပါဘူး။
နောက် ..... အသက်ကြီးလာမှ သိရတယ်။
သစ်ပင်တွေဟာ ညဘက်ကျမှ ရှည်ထွက်တာ ... တဲ့။သြစတြေးလျကဒေါက်တာ ဟွန်ဇာလက်(စ်)ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်က သုတေသန ပြုထားတာပါ။
သစ်ပင်တွေဟာ ည (၉) နာရီကနေ မနက် (၆) နာရီအတွင်းမှာပဲ ရှည်လျား ဆန့်ထွက်ကြတယ် ... တဲ့။
အတိအကျ ပြောရရင် ညဦးပိုင်း အချိန်မှာ၁၀% ကြီးထွားကြပြီး၊ ကျန်တဲ့၉၀% ကတော့ ညဥ့်နက်ပိုင်း
မှောင်နေတဲ့အချိန်ကျမှ ရှည်လျား ဆန့်ထွက်လာကြတာလို့ ဆိုပါတယ်။
သစ်ပင်တွေဟာ လူမြင်သူမြင် အလင်းရောင်ရတဲ့နေ့အချိန်မွန်းတည့်ကနေ ညနေ (၆) နာရီ အတွင်းမှာတော့
ရပ်တန့် အနားယူကြပါသတဲ့။ ( သစ်ပင်တွေမှာလည်း အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ဆိုပြီးခွဲခြားထားတာကိုး
.... လို့ ကျွန်တော် တွေးလိုက်မိတယ် )

အဲဒီ အတွေးလေးကို ကျွန်တော်က ချစ်သူကိုပြောပြမိပါတယ်။ နောက်ပြီး ကျွန်တော်က မေးလိုက်တယ်။
" သစ်ပင်တွေဟာ ဘာဖြစ်လို့ လူတွေအိပ်တဲ့ အချိန်ကျမှအလုပ်လုပ်ကြလဲ မသိဘူးနော် "
ကျွန်တော့် မေးခွန်းကြောင့် သူမက ရယ်မောတယ်။ပြီးတော့ ... နောက်သလို ပြောင်သလိုနဲ့ပြန်ဖြေပါတယ်။
" သူတို့ အလုပ်လုပ်နေတာကို လူတွေမြင်ရင်တစ်နည်းနည်းနဲ့ကြံဖန်ပြီး ကဲ့ရဲ့ပြစ်တင်မှာစိုးလို့ဖြစ်မှာပေါ့ "
သူမရဲ့ အဖြေကြောင့် ကျွန်တော်ခေါင်းကိုစိတ်ပျက်လက်ပျက်ခါယမ်းမိတယ်။ ပြီးတော့ .....
ဘာကြောင့်မှန်း မသိဘူး။ ကျွန်တော် ခေါင်းညိတ်ဖြစ်သွားတယ်။
ဟုတ်တယ်.....။

ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ " အလုပ်လုပ်တဲ့သူ " ဟာ (တစ်နည်းမဟုတ်တစ်နည်းနဲ့) ကဲ့ရဲ့ ဝေဖန်
ခံရတာကိုပဲ အမြဲတွေ့ရတယ်။ ဘယ်တော့မှ အပြစ်လွတ်တယ်လို့ မရှိဘူး။ လူတွေအားလုံးက အဲဒီ
(အလုပ်လုပ်နေတဲ့) လူကိုတစ်ခုခုဝေဖန်ဖို့ အမြဲစောင့်ကြည့်နေကြသလိုပဲ မဟုတ်ဘူးလား.....။
တစ်ခုခုမှားယွင်းသွားလို့ကတော့ ရစရာမရှိအောင်အပြောခံရပြီသာမှတ်ပေတော့ပဲ။ ( တစ်ခုခု ကောင်းသွား
ရင်လည်း အကဲ့ရဲ့ကတော့ မလွတ်ပါဘူး )
( ၂ )

ကျွန်တော် အခုပြောချင်တာက " အလုပ် ဟူသမျှ ဂုဏ်ရှိစွ " ဆိုတဲ့ကိစ္စပါ။
အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်းခံရတယ်။
ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။
ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။
ဒါဖြင့်.....အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။

ဒီနေရာမှာလည်း " ဂုဏ် " ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။
လူအတော်များများကတော့ ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို ...၊

နာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်လို သဘောထားနေကြတာပါ။
သင့်အနေနဲ့ သဘောမတူရင် ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါရစေဦး။

အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့ စကားလေးတစ်ခွန်းပါ။

" ကျွန်မ သမီးလေးကတော့ ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့
ကျောင်းဆရာမပဲ ၀င်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့”
ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင် အလားတူအဓိပ္ပာယ်ရတဲ့ စကားမျိုးတွေကို သင့်
ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။

" ဂုဏ်ရှိဖို့ " ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားပြီးကျောင်းဆရာမအလုပ်ကို ရွေးချယ်ခဲ့တဲ့ မိန်းကလေး
ဟာ တကယ်တမ်း “ဆရာမ” .....ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေ
အပေါ်တကယ်စေတနာ ထားနိုင်ပါ့မလား ? သူ့ဘ၀ကို " စာသင်ကြားခြင်း " အလုပ်ထဲ ဘယ်လောက်ထိ
နှစ်မြုပ်နိုင်ပါ့မလဲ .....

ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ပါ့မလဲ ..... ။
နိုင်ငံတစ်နိုင်ငံအတွက် " ကျောင်းဆရာမ " တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီး
တယ် ဆိုတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက် နားမလည်ဘဲနဲ့ " ဂုဏ်ရှိရုံသက်သက် "
ကျောင်းဆရာမ ၀င်လုပ်တဲ့ မိန်းမတစ်ယောက်ကြောင့် ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသား
တွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေရသွားမှာကို တွေးကြည့်ရင် ကြောက်စရာ ကောင်း
ပါတယ်။

( ၃ )
ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ " အလုပ် " ကို ရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက်
တောင် ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကို သတိထားမိပါတယ်။
ကိုယ်လုပ်မယ့် အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ?
ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ ကိုက်ညီရဲ့လား ?
ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိ စေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ?
ဒီအလုပ်အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို နှစ်မြုပ်နိုင်ရဲ့လား ? .... စသဖြင့်အပြန်ပြန်အလှန်လှန်
စဉ်းစားသင့်ပါတယ်။ ( ကိုယ်နဲ့ အလုပ်နဲ့ နေရာလွဲနေပြီဆိုရင်.....သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ
နစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး )
ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင် ဘွဲ့ရပြီးတဲ့အပြင် ဒီပလိုမာသင်တန်းတွေတက်၊
ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ..... စတဲ့ ဘာညာဘာညာ
သင်တန်းတွေ အကုန်တက် အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။
ပြီးတော့ ..... အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကို စုံတကာစေ့အောင် လိုက်လျှောက်တော့
တာပါပဲ။ အဲဒီလိုဦးတည်ချက် ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့ အလုပ်တစ်ခုကနေ ဘယ်လို " ဂုဏ် "
မျိုးရနိုင်မှာတဲ့လဲ ?

( ၄ )

အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။
ဒါပေမယ့်အဲဒါဟာ ဂုဏ် မဟုတ်ပါဘူး။ လစာငွေကောင်းကောင်း ခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။

အဲဒါဟာလည်း ဂုဏ် မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက

အမေက ပြောဖူးတယ်။
" ငါ့သား ..... စာကြိုးစား။ ပညာတတ်ရင် သူများရဲ့
ချေးတွေသေးတွေမကိုင်ရဘူး " တဲ့။
ကျွန်တော်လည်း ကြိုးစားတာပါပဲ။ အခုကျွန်တော်
ဆရာဝန်လည်း ဖြစ်လာရော လူနာတွေရဲ့ ချေးတွေ
သေးတွေ အပြင် ပြည်ပုပ်သွေးပုပ်တွေပါ ကိုင်နေရတော့တယ်။
ကျေးဇူးပြုပြီး.....မရယ်ပါနဲ့။
ဒါဖြင့် ..... " ဂုဏ် " ဆိုတာဘာလဲ ???

  • (၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါ
    လက်ပါအားသွန်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ ရည်ရွယ်ပြီး " အလုပ် " တစ်ခုကို သိစိတ်ရှိရှိ
    ရွေးချယ်ရမယ်။



  • (၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ ... ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကို ခံရမယ်။ အပြစ်ဒဏ်
    တွေကိုလည်းခံရမယ်။ ပုံပြင်ထဲကနွားလို ပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။



  • (၃) အဲဒီလို ခံနိုင်ရည် ရှိခြင်းသည်ပင်လျှင် " လူသား " ဆိုတဲ့မှတ်ကျောက်တင် စစ်ဆေးခြင်းကို
    ဖြတ်သန်းအောင်မြင်သော " ဂုဏ် " ဖြစ်တယ် ..... လို့ ကျွန်တော်ပြောချင်ပါတယ်။





    • မင်းခိုက်စိုးစန်




zawtk...

Wednesday, November 11, 2009

ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါ

တစ်ခါတုန်းက စီးပွားရေး လုပ်ငန်းရှင် တစ်စုနှင့် ခရစ်ယာန် ခင်ကြီးတစ်ပါးတို့ ဆုံကြရာတွင် ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ကြီးပွားအောင် ကြိုးစားလာကြသူတွေ အကြောင်း ဆွေးနွေးဖြစ်ကြသည်။

စီးပွားရေး လုပ်ငန်းရှင်များက သူတို့အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်း ဖြစ်ကြပါသည် ဟု ထုတ်ဖော်ပြောပြကြသည်။

ဤတွင် အိမ်ရှင်ဖြစ်သူက-

"အခု ဒီလူတွေအားလုံးထဲမှာ ခင်ကြီးက လွဲရင် အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်းပါပဲ"

ဟုပြောလိုက်သည်။ ထိုအခါ ခင်ကြီးက-

"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်ကတော့ ကိုယ့်အားကိုယ်ကိုးနည်းနဲ့ အောင်မြင်လာသူ မဟုတ်ပါဘူး"

ဟုပြန်ပြောလိုက်လေသည်။

တကယ်တော့ လောကတွင် သက်ရှိသက်မဲ့ အရာအားလုံးသည် ဒုက္ခ သုက္ခနှင့် အခက်အခဲ အနည်းနှင့် အများကို ကျော်လွှားကာ အနိမ့်ဆုံး အဆင့်မှ အမြင့်ဆုံးအဆင့်သို့ အနှေးနှင့် အမြန် တက်လာ ရောက်လာရသူချည်း ဖြစ်သည်။

ဤအရာသည်ကား လောကနိယာမ တရားကြီးပင်ဖြစ်သည်။

လူသားသည်လည်း ထိုသဘောအတိုင်းပင်။ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

လူသားသည် ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀၊ လူအိုဘ၀ ဟု တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့ရသည်။

ယင်းသို့ အဆင့်ဆင့် တက်လှမ်းလာရာတွင် သဘာဝက ပေးထားသော ရုပ်ဝတ္ထုများကို ပိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်ရင်းဖြင့် မိမိကိုယ်မိမိ လောကတွင် တန်ဖိုးရှိသော လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ဖန်တီးရသည်။

ဤသည်ပင်လျှင် လူသား၏ အဓိက ပြဿနာ ဖြစ်သည်၊ အဓိက လုပ်ငန်းဖြစ်သည်။ လူသားသည် ဤလုပ်ငန်းကို ဘ၀တစ်လျှောက်လုံး အမြဲမပြတ် လုပ်နေရသည်။

"လူတိုင်းရဲ့ ရည်မှန်းချက်ဟာ ဟန်ချက်ညီပြီး ပြည့်စုံ တည်မြဲတဲ့ အမြင့်ဆုံး တိုးတက်မှုကို ရဖို့ပဲဖြစ်တယ်"

ဟု ဂျာမန် သိပ္ပံပညာရှင်နှင့် သဘာဝတ္တပညာရှင်ကြီး ဟွမ်းဘော (၁၇၆၉-၁၈၅၉) က ပြောခဲ့ဖူးသည်။

သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကိုမသိကြ၊ ကိုယ့်ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အရည်အချင်းတွေ အများစုကိုသတိမပြုမိကြ။ လူနည်းစုကမူ ထိုအရည်အချင်းတွေကို သိတော့သိကြသည်၊ သို့သော် မဖော်ထုတ်လိုကြ။ ထို့ကြောင့်လည်း လောကတွင် လူများစုကြီးသည် တိုးတက်အောင်မြင်မှု မရှိကြခြင်းဖြစ်သည်။

ကိုယ်စွမ်းကိုယ်စကိုယုံပါ ဟုလူတွေကို တိုက်တွန်း၍ အလွန်လွယ်သည်။ သို့သော် ယုံအောင် လုပ်ဖို့ ကျတော့ အလွန်ခက်သည်။ ဤအလုပ်က သူများပြော၍မရ၊ သူများလုပ်ပေး၍ မဖြစ်။ ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ကိုယ်တိုင်လုပ်မှ ရသည်၊ ဖြစ်သည်။

ကိုယ့်စွမ်းကိုယ်စကို ရှာဖွေသိရှိခြင်း သည် လူ့ဘ၀ တိုးတက်ရေး တွင်အရေးအကြီးဆုံးသော ပထမဆုံး လုပ်ရပ်ဖြစ်သည်။ "ကြီးပွားတိုးတက်လိုသူသည် ငါ့မှာ လာအရည်အချင်းတွေ ရှိသလဲ၊ ဘာကိုယ်စွမ်းကိုယ်စတွေ ရှိသလဲ" ဟု ကိုယ့်ကိုယ်ကို ရှာဖွေ ဆန်းစစ်ရသည်၊ စာရင်းကောက်ရသည်။

လူတိုင်းတွင် အစွမ်းအစတွေ၊ အရည်အချင်းတွေ ရှိကြရာတွင် နည်းပါးချင် နည်းပါးပါမည်၊ များပြားချင် များပြားမည်၊ သေးငယ်ချင်လည်းသေးငယ်မည်၊ ကြီးကျယ်ချင်လဲ ကြီးကျယ်မည်။ နည်းပါး၍ သေးငယ် သော်လည်း အကြောင်းမဟုတ်။ ကြိုးစားဖြည့်ဆည်းလျှင် တိုးပွားလာနိုင်သည်၊ အများကြီး ဖြစ်လာနိုင်သည်။

ဤသည်ပင်လျှင် ကျွန်ုပ်တို့၏ အဓိကအလုပ် ဖြစ်သည်။ လူသားသည် ဤလောကသို့ ရောက်လာသည်မှာ သဘာဝက ပေးသော အရည်အချင်းများကို တိုးပွားအောင် လုပ်ရန် လာခြင်းဖြစ်သည်.

တကယ်ဆိုလျှင် စစ်မှန်သော ပညာဆည်းပူးခြင်းဆိုသည်မှာ မိမိကိုယ်မိမိ စိတ်အားထက်သန်စွာ လေ့လာ ဆန်းစစ်ကာ လိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းခြင်းပင်ဖြစ်သည်။

မိမိ၏ ကိုယ်စွမ်းကိုယ်စကို အစဉ်တစိုက် ကြိုးစားဖော်ထုတ်နိုင်သူအတွက် လောကတွင် မဖြစ်နိုင် ဟူသော အရာ မရှိနိုင်ပါချေ။

ကိုယ်စွမ်းကိုယ်စကိုဖော်ထုတ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ကြီးပွားရေးတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေသည်။ ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်သူအဖို့ ကြိုးစားမှုတိုင်းသည် တိုးတက်မှုရှိသည်။ ဤနည်းဖြင့် သူ့ကိုယ်သူ ပို၍ပို၍ တိုးတက်အောင် လုပ်ဆောင်သွားသည်။

သို့သော် လူငယ်တစ်ယောက်သည် ဗီဇအားဖြင့် ဘယ်လောက်တော်သည်၊ ဘယ်လောက် အရည်အချင်းရှိသည် ဟူသော အချက်မှာအဓိက မဟုတ်။ ထိုအရည်အချင်းသည် ဘာမှမလုပ်ပဲပစ်ထားလျှင် ဘာမှ မဖြစ်နိုင်။

ရွှေတွင်းများမှ ရွှေရရန် မြေကြီးတွေ အများကြီးကို ဖြိုရသည်။ တူးရသည်။ လူတွေက ချွေးထွက်သံယို ပင်ပန်းခံ၍ အကြာကြီးတူးဆွ ရှာဖွေရသည်။ ထို့အတူ လူတစ်ယောက်၏ အတွင်းသန္တာန်တွင် ငုပ်နေ၊ မြုပ်နေသည့် ကိုယ်စွမ်းကိုယ်စနှင့် အရည်အသွေးကိုလည်း တကူးတက ရှာဖွေ ဖော်ထုတ်မှသာလျှင် တိုးတက်ကြီးပွားနိုင်သည်၊ အောင်မြင်နိုင်သည်။

သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကို မဖော်ထုတ်ပဲ "လူ့ဘ၀မှာ လုပ်တိုင်းဖြစ်တာ မဟုတ်ပါဘူး၊ လူတိုင်း လူတိုင်း သူ့ကံနဲ့ သူ လာကြသူတွေပါ" ဟူ၍ တွေးတတ်ကြတာကတော့ တော်တော် ၀မ်းနည်းစရာ ကောင်းပါသည်။

သူတို့က "လူ့ဘ၀ဆိုတာ ဖြစ်ချင်ရင် သူ့ဟာသူ ဖြစ်လာမှာပါ" ဟု ခံယူကြသည်။ သူတို့ ခံယူသလို သူ့ဟာသူသာ ဖြစ်လာမည်ဆိုလျှင် လောကမှာ ပင်ပန်းခံပြီး ဘာလုပ်နေစရာ လိုသေးသနည်း။

တကယ်တော့ ထိုအယူအဆသည် ကိုယ့်ဘ၀ကို ကိုယ်သတ်သော အယူအဆသာဖြစ်သည်။ ကိုယ်စွမ်းကိုယ်စ တုံးသူတို့၏ အတွေးအမြင်သာ ဖြစ်သည်။

မှန်ပါသည်။ လောကတွင် အချို့လူများက ရွှေဇွန်းကိုက်၍ မွေးလာကြသလို၊ အချို့လူများက သစ်သားဇွန်းကိုက်၍ မွေးလာကြသည်။ သို့သော်လည်း မည်သူမျှ တစ်ချက်လွှတ် အာဏာရှင် ကံကြမ္မာ၏ ရုပ်သေးရုပ်မဟုတ်ကြချေ။ လူတစ်ယောက်သည် ဘယ်လောက်ပင် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပင် ချို့တဲ့ ချို့တဲ့၊ သူတွင် သူ့ကံကြမ္မာကို သူဖန်တီးနိုင်သော စွမ်းအားတွေရှိနေသည်။

မည်သူမဆို မှန်ကန်သောအားထုတ်လျှင် ကံကြမ္မာ၏ သားကောင်မဖြစ်ပဲ ကံကြမ္မာ၏ သခင်ဖြစ်နိုင်သည်။

"လူတစ်ယောက်သည် ပြင်ပအကူအညီ အားလုံး ကင်းရှင်းပြီး ကိုယ့်ခြေထောက်ကိုယ်ရပ်နိုင်မှ သာလျှင် စွမ်းအားရှိသူ၊ အောင်မြင်သူဟူ၍ ကျွန်တော်ယူဆသည်" ဟု အမေရိကန် ပညာရှင်ကြီး အီမာဆင် (၁၈၀၃-၁၈၈၂) က ဆိုခဲ့၏။

ထိုစကားသည် အလွန်မှန်သည်။ ထိုစကားသည် အခက်အခဲများကို ကျော်လွှား၍ အောင်ပွဲခံနိုင်သူတို့၏ အောင်မြင်ရေး လျှို့ဝှက်ချင်ပင်ဖြစ်သည်။

လူတစ်ယောက်သည် မိမိ၏ မွေးရာပါ စွမ်းရည်များကို သိမြင်ကာ အောင်မြင်မှုပန်းတိုင်သို့ ချီတက်လျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာသည်။ အားနည်းခြင်း၊ သူရဲဘောကြောင်ခြင်း၊ ထုံထိုင်းခြင်းတို့ကို မောင်းထုတ်လာနိုင်မည်။

သို့သော်လည်း ကိုယ့်အားကိုယ်ကိုး ကြီးပွားတိုးတက်အောင် လုပ်ခြင်းသည် လွယ်ကူသော အလုပ်တော့ မဟုတ်။ အပင်ပန်းခံရသည်၊ ဇွဲရှိရသည်၊ စွန့်လွှတ်ရသည်။ လူ့ဘ၀သည် ရွှံ့နှင့်တည်ဆောက်ထားခြင်းမဟုတ်၊ သံနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကိုလိုချင်သော ပုံစံကို ရအောင် မှန်မှန်ထုယူရသည်၊ ပြင်းပြင်းထုယူရသည်။

ကျွန်ုပ်တို့အားလုံးပင် အမြင့်ဆုံးအဆင့်ကို ရလိုကြသည်။ သို့သော် ထိုအဆင့်နှင့် ထိုက်တန်သော တန်ဖိုး သို့မဟုတ် အရင်းအနှီးကို ကျွန်ုပ်တို့ ဘယ်လောက်အထိ ပေးနိုင်ကြပါသနည်း။ ထိုအဆင့်နှင့် ထိုက်တန်သော ကိုယ်စွမ်းကိုယ်စကို ဘယ်အတိုင်းအတာအထိ ဖော်ထုတ်နိုင်ကြပါသနည်း။ ဦးနှောက်၊ နှလုံးသား၊ စေတနာနှင့် ကာယစွမ်းအားတို့ကို မည်မျှအထိ အသုံးချ နိုင်ကြပါသနည်း။

အကောင်းဆုံး၊ အလှဆုံး ပန်းဥယာဉ်ကြီးကို လိုချင်လျှင် ပထမဦးစွာ ပင်ပန်းခံ၍ ပေါင်းရှင်းရသည်၊ မြေဆွရသည်၊ စိုက်ပျိုးရသည်၊ မြေတောင်မြှောက်ရသည်၊ ရေလောင်းရသည်။

လောကတွင် လူတိုင်းလူတိုင်း သူ့အခြေအနေ၊ သူ့အဆင့်အတန်း အလိုက် အသိပညာ၊ အတတ်ပညာ အနည်းနှင့်အများ ရှိကြသည်ချည်းဖြစ်သည်။ အချို့တွင် ကျောင်းသင်ပညာ ရှိကြသည်။အချို့မှာ ဘ၀အတွေ့အကြုံပညာ ရှိကြသည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ အတတ်ပညာ၊ အသိပညာ အဆင့်အတန်းအလျောက် အလုပ်အကိုင် အမျိုးမျိုးကို မျှော်မှန်းကြသည်၊ ရချင်ကြသည်။

သို့သော် ထိုအလုပ်ကို ရနိုင်လောက်သော အားထုတ်မှု၊ စွဲမြဲမှု၊ စွန့်လွှတ်မှုမျိုးကား လူတိုင်းတွင်မရှိကြ။

တစ်ခါတုန်းက ပြင်သစ်နိုင်ငံတွင် ဘောလဇက် အမည်ရှိ လူငယ်တစ်ယောက်သည် စာရေးဆရာ အလွန်ဖြစ်ချင်သည်။ သို့သော် သူ့ဖခင်ကဖျက်သည်။

"စာရေးဆရာလုပ်ရင် မင်းဘုရင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတောင်းစားဖြစ်လိမ့်မယ်"

ဟု ဖခင်ဖြစ်သူက ဆိုသည်။ ထိုအခါ ဘောလဇက်က အလျှော့မပေးဘဲ-

"ကျွန်တော်ဘုရင်ဖြစ်အောင် ကြိုးစားမယ်"

ဟုပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

သို့ဖြင့် မိဘများက သားဖြစ်သူအား ဘယ်လိုမှ တား၍ မရတော့သည့်အဆုံး သူလုပ်ချင်ရာ လုပ်ပါစေတော့ ဟူ၍ လွှတ်ပေး လိုက်ရတော့သည်။

ဘောလဇက်သည် စာပေလောကသို့ ခြေစုံပစ်ဝင်လိုက်ပြီး ဆယ်နှစ်လုံးလုံး မအိပ်မနေ ကြိုးစားသည်။ အငတ်ငတ် အပြတ်ပြတ်ဖြင့် အလွန် ဆင်းရဲ ဒုက္ခ ရောက်ရသည်။

သို့သော် သူသည် နောက်ကို ပြန်မလှည့်၊ ရှေ့ကိုသာ ဆက်သွားသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း မဆုတ်မနစ် အားစိုက် လုပ်ဆောင်သည်။ ဤသည်မှာ သူသည် သူဖြစ်ချင်သော လုပ်ငန်းအတွက် တန်ရာတန်ဖိုးကို ပေးခြင်းပင်ဖြစ်သည်။

သို့ကြောင့်လည်း နောက်ဆုံးတစ်နေ့တွင် သူသည် ကမ္ဘာကျော်စာရေးဆရာကြီးအဖြစ် ကမ္ဘာ့ဂန္ထ၀င်တွင် မော်ကွန်းတင် ခံခဲ့ရလေသည်။

ယနေ့ ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေ မနုပညာစသော လုပ်ငန်းအသီးသီးတွင် ထိပ်တန်း ရောက်နေသူများသည် ဘောလဇက်ကဲ့သို့သော လူစားမျိုးတွေချည်းပင်ဖြစ်သည်။

သူတို့သည် သူတို့လိုချင်သော ပစ္စည်းကို အလကားမယူကြ။ အလကားယူ၍ မရနိုင်သည်ကိုလည်း သူတို့သိကြသည်။ ထို့ကြောင့် တန်ရာတန်ဖိုးကို ပေး၍သာ ရယူကြသည်။

ဤသဘောတရားသည် လူတိုင်းအတွက် မှန်ကန်သည်။ အောင်မြင်မှုကို ကိုယ်စွမ်းကိုယ်စဖြင့်သာ ရနိုင်သည်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားခြင်းဖြင့်သာ ရနိုင်သည်။

အောင်မြင်မှုကို လက်ဆောင်ပေး၍ မရ၊ အမွေပေး၍ မရ။ ကိုယ်တိုင်လုပ်မှရသည်။ အောင်မြင်မှု၏ တန်ဖိုးသည် ပင်ပန်းခံ၍ အစဉ်တစိုက် ကြိုးစားလုပ်ကိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် လောကတွင် မိမိဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ၊ မိမိ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို ထိုအရာ အတွက်သာ မြှုပ်နှံ အသုံးချပါ။ ဘယ်လို အခက်အခဲကိုမဆို ကျော်ဖြတ်၍ အောင်ပန်းဆွတ်နိုင်မည်သာတည်း။

zawtk...

 
^ထိပ်ဆုံးသို့