မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, March 31, 2010

ဧပရယ်လ် ဖူးလ် အလုပ်မခံကြရအောင်လို့




ဧပရယ်လ် တစ်ရက်နေ့ကို ဧပရယ်လ် ဖူးလ် နေ့ လို့လူသိများကြပါတယ်။ ဒါကြောင့် ဧပရယ်လ် တစ်ရက်နေ့ကို ရောက်တော့မှာဆိုတော့ အဲဒီ နေ့မှာ ဧပရယ်လ်ဖူးလ် အလုပ်မခံကြရအောင်လို့ ကျွန်တော့်ရဲ့ ဘလော့သို့လာရောက် လည်ပတ် ၊ စာဖတ် အားပေးကြသော သူငယ်ချင်းများ ကို့  ကြိုတင် သတိပေးတဲ့ အနေနဲ့ ကျွန်တော်ကိုယ်တိုင် ဧပရယ်လ် ဖူးလ် အလုပ်ခံလိုက်ရတဲ့ အကြောင်းလေး ကို ရေးဖွဲ့ ပြီးတော့ ကြိုတင်သတိပေးတဲ့ အနေနဲ့ ဖော်ပြ ပေးလိုက်ရပါတယ်။

ကျွန်တော်တို့အုပ်စု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ် ပထမ နှစ်ဝက် စာမေးပွဲ ဖြေနေတဲ့ အချိန် ၊ သုံးဘာသာ ဖြေပြီးတဲ့ နေ့ ၊ ဧပရယ်လ် လ တစ်ရက်နေ့မှာ ဖြစ်ပါတယ်။ ရာသီဥတု ကလည်း အဲဒီနေ့မှာ မနက်ပိုင်း မိုးလေးက တဖွဲဖွဲ နဲ့ ရွာနေလိုက်တာ ကျွန်တော်တို့ စာမေးပွဲဖြေဆိုပြီးလို့အပြန်မှာလည်း မိုးက ရွာ နေတော့ လူတွေ လည်း တကိုယ်လုံး ရွဲရွဲစိုနေပါတယ်။ ကျောင်းက နေ စာမေးပွဲ ဖြေပြီးလို့ သူငယ်ချင်းတွေ နဲ့ ကျောင်းကားပေါ်က ဆင်းပြီး ကျွန်တော်တို့ သူငယ်ချင်းတတွေ ထမင်း ဆိုင်သို့ သွား ထမင်း စား ကြပါတယ်။ ထမင်း စားပြီးတဲ့ အခါမှာတော့ ကျွန်တော် တို့ သူငယ်ချင်း တွေရဲ့ ထုံးစံ အတိုင်း လက်ဖက်ရည် လေး တစ်ခွက် လောက်တော့ သောက်လိုက်ရမှ ကျေနပ်ကြတဲ့ ထုံး စံ ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ အုပ်စု လက်ဖက်ရည် ဆိုင်မှာ ထိုင် လက်ဖက်ရည်တစ်ခွက်ဆီ မှာပြီး သောက်လိုက်ကြတယ်။ လက်ဖက်ရည် သောက်ရင်း လူငယ်တွေရဲ့ ထုံး စံ အတိုင်းပဲ ဟိုအကြောင်း ဒီအကြောင်း တွေ ပြောပြီး တော့ လက်ဖက်ရည်ဆိုင်မှာ အချိန် ကြာမြင့် စွာထိုင်လို့ မဖြစ်ကြောင်း မနက်ဖြန် စာမေးပွဲ အတွက် ညပိုင်းမှာ စာကောင်းကောင်း ကြည့်နိုင်အောင်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ တစ်ရေး တစ်မော အိပ်ရအုံး မယ်ဆိုတဲ့ အကြောင်း ပြောပြီး တော့ ပြန်ကြဖို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့ အုပ်စု လိုက် မိုးလည်း မိထားတယ်.။ အခုလည်း မိုးလေးက တဖွဲဖွဲ ရွာနေတုန်း ဆိုတော့ စာမေးပွဲ အတွင်း အအေး မိသွားမှာ ဆိုးတဲ့ အတွက် လက်ဖက်ရည်ဆိုင်မှာ အချိန် ကြာမြင့်စွာ မထိုင်ပဲ ပြန်လာခဲ့လိုက်ကြပါတယ်။ ကျွန်တော်တို့ အုပ်စု ဟာ လက်ဖက်ရည် ဆိုင် ထိုင်ပြီဆိုရင် ဖြင့် အနည်း ဆုံး နှစ် နာရီ လောက်ကို ထိုင်လိုက်ရမှ ကျေနပ်ကြပါတယ်။ နေ့ ခင်း ဆိုရင် တစ်ခါ ထိုင် ပါတယ်။ ညပိုင်း ဆိုရင်လည်း ထမင်း စားသောက်ပြီးကြပြီ ဆိုရင်ဖြင့် သူငယ်ချင်း တွေကလာခေါ်ပါပြီ။ လက်ဖက်ရည်ဆိုင်သွားမယ်ဆိုပြီး။ ဒီလိုနဲ့ပဲ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်ဆိုင် ဖြစ်ကြပါတယ်။ တစ်ယောက်မှာ ပိုက်ဆံ မရှိရင် ရှိတဲ့ တစ်ယောက်က ရှင်း နဲ့ အလှည့်ကျနဲ့ ရှင်းရပါတယ်။ ပိုက်ဆံ မရှိတဲ့ သူဆိုရင်တော့ နေပါစေတော့ ဆိုပြီး ရှိတဲ့ သူက စိုက်ပြီးတော့ ရှင်း ပေးပါတယ်။

ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ကြတာက ခါတိုင်းဆိုရင်တော့် သူငယ်ချင်း ခြောက်ယောက်လောက်ရှိပါတယ်။ ဒီနေ့မှာတာ့ သူငယ်ချင်းက လေးယောက်ထဲပဲ ထိုင်ဖြစ်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်နေရာ က နေ ပြန်လာခဲ့တဲ့ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်မှာ မိန်းကလေး နှစ်ယောက်ပါပါတယ်။ သူတို့ နှစ်ယောက် က ဆေးတက္ကသိုလ်.. နား က အဆောင်မှာ နေပါတယ်။ ကျွန်တော်တို့ ယောက်ျားလေး နှစ်ယောက်က တော့ မိန်းတက္ကသိုလ်နဲ့ နီးတဲ့ ၆၉ လမ်းက အဆောင် မှာ နေကြပါတယ်။ သူတို့နှစ်ယောက်က ဆိုင်ကယ် တစ်စီးပါ။ ကျွန်တော်တို့ ယောက်ျားလေး နှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ပါ။ သူတို့ နဲ့ ကျွန်တော်တို့က တစ်နေရာဆီ ဆိုတော့ သူတို့ နေတဲ့ အဆောင် ထိ လိုက်မပိုတော့ပါဘူး။ လက်ဖက်ရည်ဆိုင်ကနေမှ ပဲ နှစ်ယောက်စီ လမ်းခွဲ ပြီး တော့ ပြန်လာခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ကလည်း သူတို့ အဆောင်ဘက်ကို မိုး ရွာထဲမှာပဲ ပြန်သွားကြပါတယ်။ ကျွန်တော်တို့ လည်း မိုးရွာထဲ မှာပဲ ပြန်လာ လိုက်ကြပါတယ်။ ဒီလို နဲ့ အဆောင်ကို ရောက်တော့ မိုးရွဲထားတဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ ရေချိုးမယ် ။ ရေချိုးပြီးရင် အိပ်မယ် ။ အိပ်ပြီးရင် စာ ထ ကြည့်မယ်ဆို စိတ်ကူး ပြီးတော့ ရေ ချိုမယ်လို့ ပြင်ဆင်နေတုန်းမှာပဲ…

“ ကိုဇော်တို့ ၊ ကိုဂေါက်ကြီးတို့ ဖုန်း လာတယ် “ ဆိုတဲ့ အဆောင် မှူး ရဲ့ ခေါ်သံကြောင့် ရေမချိုးသေးပဲ ဖုန်းသွားကိုင်လိုက်ပါတယ်။

“ဟဲလို… အမိန့်ရှိပါခင်ဗျာ…“ ဒီလို “ဟဲလို အမိန့်ရှိပါခင်ဗျာ“.. ဆိုတာကတော့ ဖုန်းလာရင် ကျွန်တော့်ရဲ့ ပြန်ထူးတက်တဲ့ အကျင့်မို့ပါ။ ခဏနေတော့ … တစ်ဖက်က မိန်းကလေး ရဲ့ အသံထွက်လာပါတယ်.. ။ ကျွန်တော့် သူငယ်ချင်းရဲ့ အသံပါ။

“အမိန့်ရှိပါ လုပ်မနေနဲ့ ကျွန်တော် မိသိမ့်ပါ။..“

“ အေး ပြော မိသိမ့်၊ နင်တို့က ဘာပြောစရာ ရှိလို့ လဲ ၊ အခုမှ ငါတို့ လက်ဖက်ရည်ဆိုင်ကနေ လမ်းခွဲ လာတဲ့ ဟာကို “

“`ဟုတ်တယ် ။ အဲဒီ ခင်ဗျား တို့ နဲ့ လမ်း ခွဲပြီးတော့ ၊ ကျွန်တော်တို့ နှစ်ယောက်က အဆောင် မပြန်ချင်သေးတာရယ်၊ မိုးရွာထဲမှာ ဆိုင်ကယ် လျှောက်စီး ချင်တာ နဲ့ ပဲ ဆိုင်ကယ် လျှောက်စီးကြတာလေ… အခု ဆိုင်ကယ် တိုက်ခံရလို့“

“ဟေ.. ဟုတ်လား နင်တို့ ဘာဖြစ်သွားကြသေးလဲ “

“ တော်တော် ဖြစ်တာလား? ဘယ်နားမှာ တိုက်တာလဲ.. မိသီ ကရော ဘယ်လိုနေလဲ… ? “

“ဟုတ် ပြောမှာပေါ့.. ခင်ဗျားကကြည့်ပဲ မေးနေတော့ ကျွန်တော်က .. ဆိုင်ကယ် အတိုက်ခံထားရလို့ တုန်နေလို့ စကား မပြောနိုင်ရတဲ့ အထဲ… ဘယ်က စပြောရမှန်းတောင် မသိဘူး “

“ အင်း ဟုတ်သားပဲ ပြော“

“ကျွန်တော်တို့ လမ်းသုံးဆယ် ပေါ်က မန်းမြို့တော် နားလေး မှာ တိုက်ခံရတာပါ။ ဆိုင်ကယ် နှစ်စီး တိုက်မိတာ ။ မိသီ ကတော့ တော်တော် များတယ် ဒဏ်ရတာ ၊ ကျွန်တော်လည်း တကိုယ်လုံး ပွန်းပဲ့ကုန်တယ် ဒဏ်ရာတွေက။ ဒါကြောင့် ခင်ဗျားတို့ အခု ချက်ခြင်း လာခဲ့ကြအုံး။ “

“အေး … ငါတို့ အခု လာခဲ့မယ်လေ.. ၊ အခု အဲဒီ မန်းမြို့တော်နားမှာ ပဲလား“

“ဟုတ်တယ် အခုတော့ မန်းမြို့တော်ရှေ့မှာပဲ ရှိသေးတယ်… ။ တစ်ဖက်က တိုက်တဲ့ သူတွေ လည်း ဒဏ်ရာတွေက တော်တော်လေး များတယ်။ အဲဒါ အခု သူတို့ရောပဲ ဆေးရုံကြီးကိုတော့ သွားဖို့ လုပ်နေကြတယ်။ “

“အေး .. အေး ငါတို့ အခုချက်ခြင်း အဲဒီလိုက်ခဲ့မယ်လေ.. နော်. “

“ ဟုတ်၊ ကျွန်တော်တို့ ကို မန်းမြို့တော်ရှေ့  မှာ မတွေ့ ရင် ဆေးရုံကြိးထဲ လိုက်ရှာကြည့်လိုက်နော်… ဆေးရုံကြီးကို အခု သွားကြမှာ..“

“ အေး ပါဟာ.. ငါတို့ မန်းမြို့တော် ရှေ့ တိုက်တဲ့ နေရာ ကို အရင်လာခဲ့ပါမယ်.. တကယ်လို့ အဲဒီမှာ မတွေ့မှ ဆေး ရုံကြီးထဲ ကို လိုက်ခဲ့မယ်နော်….“

“ဟုတ်အကို .. အခု ချက်ခြင်း လာခဲ့နော်..။ ဖုန်းချလိုက်တော့မယ်နော်…“

“ အေး အေး…​ချလိုက်လိုက်တော့“ လို့ ပြောပြီး ဖုန်းချသွားပါတယ်။

ကျွန်တော်လည်း ချက်ခြင်းဆိုသလိုပဲ သူငယ်ချင်း ဂေါက်ကြီး ကို အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူကလည်း ပဲ အရမ်းစိတ်ပူသွားပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ရေကို မချိုးလိုက်ရပါဘူး အင်္ကျီလေး ပြန်ဝတ်ပြီး တော့ ထွက်လာခဲ့လိုက်ကြပါတယ်။

လမ်းမှာလည်း မိုးက ရွာနေတုန်းဆိုတော့ ဆိုင်ကယ် မောင်းရတာကို သတိနဲ့မောင်းနေရတာ ပါ။ သူငယ်ချင်းတွေ ဆိုင်ကယ် အတိုက်ခံရတယ်ဆိုတော့ စိတ်ပူပြီးတော့ ဆိုင်ကယ်နဲ့အပြေး မောင်းလာလိုက်ကြတာ.. ကိုယ်မောင်းတဲ့ဆိုင်ကယ်တောင် ဆိုင်ကယ် ဒေါက် မတင်ခဲ့လိုက်ရပါဘူး။ လမ်းမကြီးပေါ် ရောက်မှ ဘေး မှ ဆိုင်ကယ် တစ်စီးက လှမ်းပြောလို့ ဒေါက်ကို တင်လိုက်ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ဘူတာကြီးရှေ့က လမ်းသုံးဆယ်ပေါ်က မန်းမြို့တော်ရှေ့ကို ရောက်လာကြပါတယ်။ မန်းမြို့တော် ရှေ့သို့ ရောက်တဲ့အခါမှာ ကျွန်တော် သေချာ ကြည့်ပါတယ်။ ဘာမှ လည်း အခြေအနေ ထူးထူးခြားခြားမတွေ့ပါဘူး။ ဆိုင်ကယ်တိုက်တာ ဒီနား ရော ဟုတ်ရဲ့လားပေါ့။ ဒါနဲ့ ဆိုင်ရှေ့မှာ ရှိနေတဲ့ စားပွဲထိုး ကလေး တစ်ယောက်ကို ခေါ် ပြီး မေးကြည့်လိုက်တယ်… ။

“ညီလေး ရေ.. ခဏ“

“ ဟုတ် အကို ပါဆယ် ထည့်မှာလား အကို.. ကြက်သားနဲ့လား ? ၀က်သားနဲ့လား ? ဘယ်နှလုံး လုံး ယူမလဲ အကို“ ဆိုပြီး မန်းမြို့တော် ပေါက်ဆီ ဆိုင်ထဲက ညီလေးက စကားတွေကို ပြန်ပြောနေပါတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ပဲ… ကိုယ်မေးရမယ့် စကား ကို ဆက်ပြီး မေးရပါတယ်။

“ညီလေး ရေ.. အကိုက ကြက်သား လည်း မ၀ယ်သေးဘူး။ ၀က်သား ပေါက်ဆီလည်း မ၀ယ်သေးဘူး၊ အကို မေးစရာ ရှိလို့ “

“ ဟုတ်အကို ဘာမေး မလဲ .. မေးလေ.. “ ဆိုပြီး ညီလေး က ပြန်ပြောပါတယ်။

“ဒီဆိုင်ရှေ့မှာ လေ.. စောစောက ဆိုင်ကယ် နှစ်စီး တိုက် တယ် ဆိုလို့ အဲဒါ … ဒီနားမှာ ဖြစ်တာ လား၊ သိချင်လို့ ပါ ညီလေး..“

ကျွန်တော်က အဲဒီလို ပြောလိုက်တဲ့ အခါမှာ စောစောက ညီလေး က ကြောင်အမ်းအမ်းဖြစ်သွားပါတယ် ။ ပြီးမှ.. ပြန်ပြောပါတယ်….

“ ဟာ.. အကိုက လည်း ဒီရှေ့မှာ ဘာဆိုင်ကယ် မှ မတိုက်ပါဘူး ဗျ… ၊ တကယ်လို့ တိုက်ကြရင်လည်း ကျွန်တော်တို့ သိမှာပေါ့ဗျ…“

“ဟေ.. ဟုတ်လား၊ ဒါဆို ဒီရှေ့မှာ ဘာမှ မဖြစ်ဘူးပေါ့“

`ဟုတ် အကို.. ဒီရှေ့ မှာ ဘာမှ မဖြစ်ဘူး ၊ ပုံမှန်ပဲ သွားလာနေကြတာ ပါ“

“အေး..အေး။ ကျေးဇူးပဲ နော်ညီလေး၊ အကိုတို့ က အကိုတို့ သူငယ်ချင်းတွေ ဒီရှေ့မှာ ဆိုင်ကယ် အတိုက်ခံ ရတယ် ပြောလို့ လိုက်လာတာကွ၊ အခုတော့ .. ဘာမှ မဖြစ်ဘူး ဆိုတော့ တို့ တော့ ဘက်ခံ ရပြီလား မသိပါဘူး ကွာ….၊ “

“သွားမယ် နော် ညီလေး“

“ဟုတ် အကို “

ဆိုင်ရှေ့က ညီလေး ကိုနှုတ်ဆက် ပြီး အဲဒီ ဆိုင်ရှေ့က ပြန်ထွက်လာခဲ့ ကြပါတယ်။

“ ဂေါက်ကြီးရေ.. ဒီကောင်မလေး တွေ ၊ သူတို့ ပြောတာ တော့ မန်းမြို့တော် ပေါက်ဆီ ဆိုင်ရှေ့မှာ မတွေ့တော့ ရင် ဆေး ရုံကြီးထဲကို လိုက်ခဲ့လိုက်လို့ တော့ ပြောတယ်ကွ.. ။ ဒါကြောင့် သူတို့ ဆေးရုံ ကြီးထဲ များ ရောက်နေကြလား မသိဘူး ။ တို့ ဆေး ရုံကြီးထဲ လှည့်ပတ်ကြည့်ကြည့်ရအောင်ကွာ၊ တကယ်လို့ ဆေးရုံကြီးထဲမှ မတွေ့ဘူး ဆိုရင်တော့် သူတို့ အဆောင်လိုက်သွားကြတာပေါ့။ သူတို့ အဆောင်ရောက်ရင်တော့ အကျိုးအကြောင်း သိရမှာပဲ။ “

“ ဟုတ် ကိုဇော် ဆေး ရုံထဲ သွား ကြည့်လိုက်ကြတာပေါ့ဗျာ.။ မတွေ့မှ သူတို့ အဆောင်လိုက်သွားကြတာပေါ့။“ သူငယ်ချင်းဂေါက်ကြီးကပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ဆေးရုံ ကြီးထဲ ရောက်လာပြီးတော့ လှည့်ပတ် ကြည့်ကြပါတယ်. ။ ကျွန်တော်တို့ သူငယ်ချင်းတွေ ရဲ့ အရိပ်အယောင်မျှပင် မတွေ့ရပါဘူး။ ဒါကြောင့် ဆေး ရုံကြီးထဲက ပြန်ထွက်လာကြပြီးတော့ သူတို့ နေတဲ့ အဆောင်ကို လိုက်သွားကြပါတယ်။ မိုးကလည်း ရွာနေ၊ စောစောပိုင်းကလည်း မိုး မိထားထာရယ်. အခုလည်း မိုးရွာထဲမှာ ဆိုင်ကယ် စီးရတာ ရယ် ဆိုတော့ လူနှစ်ယောက်လည်း တော်တော် လေး ကို ချမ်း တုံ နေကြပါပြီ….. စိတ်ထဲမှာ လည်း သိပ်မယုံသလို ဖြစ်လာပါပြီ.. ဒါပေမယ့် တကယ်ဖြစ်တယ် ဆိုရင်ခက်နေမှာ ဆိုးတဲ့အတွက်.. အဆောင်ကိုပဲ အပြေးအလွှား မောင်းလာခဲ့လိုက်ကြပါတယ်…။

ဒီလိုနဲ့ သူတို့အဆောင်ရှေ့ရောက်တဲ့ အခါမှာ.. သူတို့ အဆောင်ကို အရိပ်အခြေ လှမ်းကြည့်လိုက်တော့လည်း ။ လူသူ အရိပ်အယောင်တောင် မတွေ့ဘူး ဆိုတော့ ။ “သူငယ်ချင်းတွေ ဆိုင်ကယ် တိုက်ခံရတယ် ဆိုတာ ဟုတ်များဟုတ်နေမလားပေါ့။ ဆေး ရုံကြီးကိုမသွားချင်လို့ တခြား အပြင် ဆေးခန်း များ သွားကြတာလား မသိဘူး။ . အဆောင်မှူး ကိုလှမ်းခေါ် ကြည့်အုံးမှ ပဲ ဆိုပြီး… လှမ်းခေါ်မလို့ အဆောင် အပေါက်ဝနားကို နှစ်ယောက်သား လိုက်တဲ့အခါမှာ.. ထင်မှတ်မထား တဲ့ အပြုအမူ မျိုး အလုပ်ခံလိုက်ရပါတယ်….“

“ဗွမ်း…. .. ဟာ… “

ဆိုပြီး နှစ်ယောက်သား ရေတွေ နဲ့ အလောင်း ခံလိုက်ရပါတယ်… သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာလည်း ရေခွက် ကိုယ်စီနဲ့ ကိုင်ထားရင်း သူတို့ နှစ်ယောက်ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ဟား တိုက် ပြီးတော့ ရယ်နေ လိုက်ကြပါတယ်.။ ကျွန်တော်တို့ ကတော့ သူတို့ နှစ်ယောက် တကယ်ဆိုင်ကယ် အတိုက်ခံရတယ် ဆိုပြီး စိတ်တွေ ပူ ပြီး မိုးရွာထဲမှာ အပြေးအလွှား လိုက်လာရတာ နဲ့ ချမ်းတုံ နေရတဲ့ အထဲ.. အခု ရေ နဲ့ပါ ထပ်ပြီး အလောင်းခံလိုက်ရတော့ နှစ်ယောက်သား စိတ်အရမ်းတို အရမ်းပဲ ဒေါသထွက်သွားပါတယ်။ သူငယ်ချင်း ဂေါက်ကြီးကဆို ပိုပြီးတော့ ကို စိတ်တိုနေတာပါ။

“နင်တို့ ဆိုင်ကယ် တိုက်တယ် ဆိုတာ တကယ် မဟုတ်ဘူးလား..“ လို့ ကျွန်တော်က မေးလိုက်တဲ့အခါမှာ.. သူတို့ နှစ်ယောက်က ရယ်မော နေတဲ့ကြားပဲ.. ဆက်ရယ်ပြီးတော့…..

“တကယ် မတိုက်ပါဘူး ဗျ….. “

“ဟင်.. ဒါဆို နင်တို့ က… ……….. ငါတို့ ကို…“

“ဟုတ်တယ်.. ကျွန်တော် တို့ နှစ်ယောက်က .. ခင်ဗျား တို့ နှစ်ယောက်ကို ဧပရယ် ဖူး လုပ်လိုက်တာ လေ… “

သူတို့က ကျွန်တော်တို့ ကို.. ဧပရယ်ဖူး လုပ်လိုက်တာလို့သာ ပြောတာ..ကိုယ်တို့က အဲဒီအချိန်တုန်းက ဧပရယ် ဖူးဆိုတာကို ကောင်းကောင်း မသိသေးတော့…. ဧပရယ်ဖူး ဆိုတာက ကြားယုံပဲ ကြားဖူးတာ။ တခါမှ လည်းအလုပ်မခံရဖူးတော့်နည်းနည်း တော့ စိတ်တို သွားတာပေါ့လေ.. အခုလို ခံရတာ လည်း ခံသင့်ပါတယ်လို့ ပဲ ဖြေဖျောက်လိုက်ရပါတယ်။ ပြီးတော့ သင်္ကြန် မရောက်ခင်မှာပဲ… ရေက အလောင်း ခံလိုက်ရသေး… ။

“အေးပေါ့ ဟာ. နင်တို့က တော့ ငါတို့ ကို ဧပရယ် ဖူး လုပ်လိုက်ရလို့ ရယ်မော နေနိုင်ပေမယ့် … ငါတို့ နှစ်ယောက်ကတော့ နင်တို့ နှစ်ယောက် တကယ် ဆိုင် ကယ်အတိုက်ခံရတယ်ထင်ပြီး အပြေးအလွှားနဲ့ ဆိုင်ကယ်မောင်းလာလိုက်တာ.. ကိုယ့်ဆိုင်ကယ် ဒေါက် တောင် မတင်မိလို့ လမ်း မှာ ငါတို့ မလဲတာ ကံကောင်း တယ်…“ လို့ ဆိုပြီး ဂေါက်ကြီးက စိတ်တိုတိုနဲ့ ပဲ ပြန်ပြောလိုက်ပါတယ်။ အဲဒီအခါမှာတော့ သူငယ်ချင်း နှစ်ယောက်ကလည်း

“စိတ်မဆိုးရဘူးနော်. .. ကျွန်တော်တို့က ဒါ ပျော်လို့ ဧပရယ်ဖူး လုပ်လိုက်တာနော်….၊ ပျော်ရအောင်လို့ လုပ်လိုက်တာပါ။ စိတ်မဆိုးနဲ့နော်..“ လို့ ပြောပြီး သူတို့က ပြန်တောင်းပန်လိုက်ပါတယ်။ ပြီးတော့ သူတို့ အဆောင်မှာပဲ ဖျော်ရည် တွေ ဖျော်ပြီး ကျွန်တော်တို့  ကို ဖျော်ရည်တိုက်ပြီး ကျေအေးဖို့ ပြောလိုက်တဲ့ အတွက် ကျွန်တော်တို့ လည်း အဲဒီလောက်နဲ့ပဲ ကျေအေးခဲ့ရပါတော့တယ်…။

ထိုအချိန်မှ စ၍ ဧပရယ် ဖူး ဆိုတဲ့ ဧပရယ် တစ်ရက်နေ့ဆိုတာ ကို နှစ်စဉ်နှစ်တိုင်း အမှတ်ရစေ မိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဧပရယ်ဖူး နောက်ထပ် အလုပ်မခံ ရအောင် အမြဲ သတိ နဲ့ နေနေမိပါတော့ တယ်။ ဒီလို နေနေတဲ့ ကြားက ပဲ…. တခါလေ… အမှတ်မထင်နဲ့ပဲ ဧပရယ် ဖူး အလုပ်ခံ လိုက်ရပါသေးတယ်။

ဒီပို့စ် ကိုရေးရတဲ့ အကြောင်းကတော့ အခုလို ဧပရယ် တစ်ရက်နေ့မှာ ဧပရယ်ဖူး လုပ်သွားတဲ့ သူငယ်ချင်းတွေ ကို ပြန်လည် အမှတ်ရစေတဲ့ အပြင် ကိုယ့်နယ်ကိုယ့်ဒေသတွေသို့ အသီးသီးပြန်သွားကြပြီး နေထိုင်စားသောက်လုပ်ကိုင်နေကြသော သူငယ်ချင်း များ အား… သတိတရ အနေနဲ့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်… ။

ကျွန်တော့်ရဲ့ ဘလော့ လေး သို့ လာရောက်စာဖတ်ကြသော သူငယ်ချင်း များ အားလုံးလည်း ဧပရယ်လ် တစ်ရက်နေ့မှာ ဧပရယ် ဖူးလ် အလုပ်မခံကြစေဖို့ … သတိပေး နှိုးဆော် ရင်း… တကယ်လို့ ဧပရယ်ဖူးလ် အလုပ်ခံခဲ့ရရင်လည်း ပျော်ရွှင်ပျော် ဧပရယ်ဖူးလ် ဖြစ်နိုင်ကြပါစေ လို့…… ဆန္ဒ ပြု ရင်း….

ဇော်သိင်္ခ

Tuesday, March 30, 2010

ရယ်မောစရာ ဟာသလေးများ

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနား ဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
“မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား. ” …


*************

အိုင်းစတိုင်း
တခါတုန်းက ကမ္ဘာကျော် ရုပဗေဒ ပညာရှင်ကြီး အိုင်းစတိုင်းကို ဧည့်ခံပွဲတခုမှာ အရမ်းလှပတဲ့မိန်းမတယောက်က လာရောက်နှုတ်ဆက်ပါတယ်တဲ့။
” ရှင်ဟာ တကယ်ပါရမီရှင် (Genius) ပါဘဲ။တကယ်လို့ ရှင်နဲ့ ကျွန်မသာပေါင်းဖက်လိုက်ရင် ရှင့်လို ဦးနှောက် ၊ ကျွန်မလိုရုပ်ရည်နဲ့ ကမ္ဘာမှာ အထူး ခြား ဆုံး ပါရမီရှင်လေးတယောက်ကိုမွေးဖွားပေးနိုင်မှာဘဲတဲ့…. ”
အဲဒီတော့ဆရာကြီးအိုင်းစတိုင်းကပြန်ပြောလိုက်ပါတယ်။

” မထင်ပါနဲ့ကွယ် ..တော်ကြာငါ့လိုရုပ်ရည်နဲ့ မင်းလိုဦးနှောက်ရှိတဲ့ ကလေးမွေးလာရင် ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး ကလေးတယောက်ဖြစ် သွားပါ လိမ့်မယ်”
———————————

နောက်ဆက်တွဲ
ဤအကြောင်းကိုကြားသွားတဲ့ သူမိန်းမက အိုင်းစတိုင်းကိုအိမ်ပြန်ရောက်တော့ ဖောက်တာပေါ့ (ခေတ်စကား) “ကျွန်မ နဲရှင်နဲ့ ရတဲ့ကလေးဟာ ရှင်နဲ့ တူပြီး ကျွန်မလိုဦးနှောက်နဲဆို တော်တော် ကံဆိုးတဲ့ကလေး ဖြစ်သွားမှာပေါ့ ..နော်….”
ဒီတစ်ခါအိုင်းစတိုင်ပြန်ပြောလိုက်တာက …
” အေး …ကလေးက ငါနဲ့ တူရင်ကလေး ကံဆိုးတာပေါ့ … ဒါပေမယ့် ငါနဲမတူလို့ကတော့ မင်းကံဆိုးပြီးမှတ် ”

သိတယ်မှတ်လို့

လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျှင် ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေး ရန်ဖြစ် သည်။ တစ်နှစ်ခန့်အကြာတွင်… ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို စားပွဲပေါ်တင်သည်။ မိန်းမကမူ…တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက…
မကျေမနပ်မေးသည်။
” မင်းကငါ့ကို… တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား”
”ရှင်အတော်… နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ…
ခြောက်လလောက်ရှိပြီ’

*****************

ကလေးတွေကြောင့် မဟုတ်ပါ

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင်အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ် ဆိုပါစို့။ ပညာရေးဝန်ကြီး တဦးဟာ နယ်မြို့လေးကကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီးညာဝန်ကြီး ဆိုရင် လက်အုပ်ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့အခန်းထဲမှာ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့ လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသားတယောက်ကို ဒီကမ္ဘာကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ.. ဆိုပြီး မေးလိုက်ပါသတဲ့။ အမေးခံ ရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့….ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး…. လို့ ပြန်ဖြေလိုက်ပါတယ်။ ၀န်ကြီးလည်း ကလေးတွေရဲ့ ပညာရေး အခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီ ကျောင်းသားလေး က လည်း ခေါင်းကလေးခါပြီး ကျွန်တော်ကဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ ကျွန်တော်လုပ်တာ မဟုတ်ဘူး…. လို့ဖြေပြန်တယ်၊ ၀န်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်း ဆရာမ ဖက်လှည့်ပြီး ဒါဘယ်လို ဖြစ်ရတာလဲဗျ….. လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ ဒါ…. ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာ ကတည်းက ဒီလိုပဲစောင်းနေတာပါ….တဲ့။ ၀န်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။
အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ဆရာကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ်အရိုအသေပြုရင်း အခုလို ရှင်းပြ လိုက်ပါ သတဲ့ဗျာ။
ဝန်ကြီးခင်ဗျာ၊ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ကျောင်းက ရံပုံငွေအခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့
လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ အခုလို တိမ်းစောင်းနေတာပါ။

************************

“ရယ်မောခြင်းသည် အသက်ရှည် ၏ “ တဲ့ အဲဒီဆောင်ပုဒ်လေး အတိုင်း လူတိုင်းလူတိုင်း အချိန်အခါမရွေး ရယ်မော နိုင်ကြမည်ဆိုလျှင် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ မွန်းကြပ်နေမှုများ ၊ စိတ်ဓာတ်ကျနေတာများ ၊ စိတ်သောကရောက်နေတာများ ကင်းဝေးပြီးတော့် စိတ်ပျော်ရွှင်ခြင်းများ ရရှိနိုင်ဖို့ရန် အတွက် ကျွန်တော် မေးထဲ မှာ ဟိုး အရင်က ရောက်ရှိနေသော ဟာသ လေး များ ကို ပြန်လည် ရှာဖွေ ပြီး ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူငယ်ချင်း တို့ အားလုံး လည်း အမြဲတမ်း ရယ်မော ပျော်ရွှင် နိုင်ကြပါစေ လို့ ဆန္ဒပြုရင်း…

ဇော်သိင်္ခ

Saturday, March 27, 2010

Hardware and Data Communication Network


စာအုပ်ထဲမှာပါတဲ့ ခေါင်းစဉ်လေး နှစ်ခုကတော့ Hardware and Data Communication Networkတဲ့။ ပထမတစ်ပိုင်းအနေနဲ့ကတော့ Computer Science အနေနဲ့ကွန်ပျူတာရဲ့ အကြောင်းကို အသေးစိတ် အချက်အလက်များနဲ့ တကွ ရှင်း ပြပေးထားပါတယ်။ ဒါ့အပြင် Computer Hardware အပိုင်းအနေနဲ့လည်း ကွန်ပျူတာ ထဲမှာပါတဲ့ ကွန်ပျူတာ ရဲ့ အစိတ်အပိုင်းတွေကို တစ်ခုခြင်းစီ အခြေခံကျကျ အသေးစိတ် ရှင်းလင်း ရေးသားထားတဲ့ စာအုပ်လေးပါ။ ဒုတိယပိုင်း အနေနဲကတော့ Data Communication အပိုင်းနဲ့ Network အပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီးပါတာကို တွေ့ရပါတယ်။ Data Communication အပိုင်းမှာဆိုရင် Digital နဲ့ Analog Signal တွေ ရဲ့ အကြောင်း ၊ ပြီးတော့ Modem အကြောင်း မှာ ဆိုရင် data တွေကို Communicate လုပ်တဲ့အခါမှာ Modulate လုပ်တာနဲ့ နောက်ထပ် Demodulate ပြန်ပြီးလုပ်ရတဲ့ အကြောင်းကိုရေးဖွဲ့ ထားသည့် အပြင် Network အပိုင်းမှာ လည်း Modem install လုပ်ပုံနှင့် တကွ အင်တာနက် ချိတ်ဆက် အသုံးပြုပုံ တို့ ကိုအသေးစိတ်ရှင်းလင်း ရေးဖွဲထားတဲ့ စာအုပ်လေးပါ။ ကွန်ပျူတာအကြောင်းကို စတင်လေ့လာနေသူတွေ အတွက် တကယ်အသုံး ၀င်တဲ့ စာအုပ်ကလေး ဖြစ်တဲ့ အတွက်စာဖတ်သူများသို့ ပြန်လည် မျှဝေပေး လိုက်ခြင်း ဖြစ်ပါကြောင်း….. ။

အောက်မှာ Download လုပ်ယူနိုင်ပါပြီ။ Size ကတော့ Rar File အနေနဲ့ 9.45 MB ရှိပါတယ်။

Download ( 4 Shared download )

Download ( ifile download )

ဇော်သိင်္ခ

Thursday, March 25, 2010

သူငယ်ချင်းအတွက် အားဆေးတစ်ခွက်

သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ…။ ။

သူငယ်ချင်း ကိုဇာနည်မောင် ရဲ့ ကဗျာလေးပါ။ စာဖတ်သူများအတွက် အားဆေး တစ်ခွက်နေနဲ့ ပြန်လည် မျှဝေ တင်ပြပေးလိုက်တာပါ။

ဇော်သိင်္ခ

Wednesday, March 24, 2010

မောင်မလာတော့ဘူးကွယ်

ရှေ.နေကြီး

အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီးဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
” လူကြီးမင်းဟာ …ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေမထည့်နိုင်ဘူးလား ခင်ဗျာ။”
ရှေ.နေကြီးက ပြန်ပြောသည်။
“ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
သေတော့မယ်ဆိုတာ ခင်ဗျားသိသလား”
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
” ကျနော် တောင်းပန်ပါတယ်။ ကျနော် …ဒါတွေကို ဘာမှ မသိပါဘူး”
ရှေ.နေကြီး ဆက်ပြောသည်။
“စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။”
” ကျနော် အထူးတောင်း…တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး”
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
” ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် ”
” ဘုရား…ဘုရား သနားစရာပါလား ခင်ဗျာ ”
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
” အေး… အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ … ဟင် “

ဖြစ်လာမှာပါ
ဘားကောင်တာသို. ‘ဂျိန်းစ်ဘွန်း’ လျောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။ဘေးကုလားထိုင်တွင် မိန်းမ ချောလေး တစ်ယောက်။ သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင်ပတ်ထားသော မိမိနာရီကိုသာ မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ် ၀င်စားလာပြီး မေးသည်။
” ဘာလဲ … မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား”
” မဟုတ်ပါဘူး….နောက်ဆုံးပေါ် နာရီကို ကြည့်မ၀ဖြစ်နေလို.ပါ ”
” တခြားနာရီတွေထက်… ဘာများသာလို.လဲ ရှင့်”
” အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။
ဥပမာ … ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ ”
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။
” ရှင့် နာရီ မှားပြီ … ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်”
‘ဂျိန်းစ်ဘွန်း’ နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
” အင်း … နာရီက နာရီဝက် တိတိ မြန်နေတာကိုး..”


မောင် မလာ, တော့ဘူးကွယ်
ကိုဘမောင်ဆီ မိတ်ဆွေတွေ အလည်အပတ်ရောက်လာကြသည်။ ကိုဘမောင် တံခါးကို ဖွင့်ပေးသည်။ ပွင့်သွားသော တခါးမှ ကိုဘမောင် မွေး ထားသော ကြောင် လှစ်ခနဲထွက်ပြေးသည်။ အိမ်မျက်နှာကျက်ပေါ် ပြေးတက်သည်။ ထို.နောက် အိမ်အောက်ကို ခုန်ဆင်းသည်။ ယင်းမှ တဖန် အိမ်ခေါင်မိုးပေါ်သို. ဖျက်လက်သွက်လက်စွာ ပြေးတက်ပြန်သည်။ အပေါ်ရောက်တော့လည်း ကြာကြာမနေ ။ ဧည့်ခန်းကိုဖြတ်ကာ ခြံထဲရှိ အမှိုက်ပုံဘက်ကို ခုန်ပေါက်ထွက်သွားသည်။ ဒါတွေအားလုံး မိနစ်ပိုင်းအတွင်းဖြစ်နေရာ ဧည့်သည်များ အငေးသားကြည့်နေကြရသည်။ ဘာမှလည်း နားမလည်ကြ ။ ကိုဘမောင်က ၀မ်းနည်းသံဖြင့် ရှင်းပြသည်။
” ကျနော် ဒီကောင်ကို …ဒီနေ. သင်းလိုက်တာဗျ ”
” အဲဒီတော့ …ဘာဖြစ်သလဲ”
“အချိန်းအချက် လုပ်ထားတာတွေကို ဒီကောင် …လိုက်ဖျက်နေရတာပေါ့ “
*****************
ဖော်ဝါ့မေးက ရတဲ့ ဟာသလေးတွေပါ။ သူငယ်ချင်းတို့ အတွက် စိတ်ပျေလက်ပျောက်အနေနဲ့ ဖတ်ရအောင်လို့ ပြန်လည်မျှဝေလိုက်တာပါ။…
ဇော်သိင်္ခ

Mgy.exe Removal

Mgy.exe ဗိုင်းရပ် သတ်နည်းလေးကိုတော့ ဟိုနေ့က Trogan Removal လေးတွေနဲ့ သတ်တာလည်း အဆင်ပြေသွားပါတယ်။ အခု တင်ပေးမှာကတော့ အဲဒီနေ့က သတ်တဲ့ Trogan Removal နဲ့ မဟုတ်ပဲ Mgy.ex Removal လေးနဲ့ သတ်လိုက်ယုံပါပဲ။ ဒီဆော့ ၀ဲလ် လေးကတော့ အခုမှ ပြန်ရေးထားတဲ့ ဆော့ ၀ဲလ်လေးပါ။ မြန်မာချက်အွန်လိုင်း ကနေမှ ပြန်လည်ရေးသားထားတဲ့ ဆော့ဝဲလ်လေးပါ။ ဒီဆော့ဝဲလ် ကိုလည်း အခကြေးငွေနဲ့ ပြန်လည် ရောင်းချ ခြင်းခွင့်မပြုလို့တော့ ရေးထားပါတယ်။ အွန်လိုင်းကနေမှ တဆင့် ပြန်လည် မျှဝေခွင့်တော့ ပြုမယ် ထင်လို့ ပြန်လည်မျှဝေလိုက်တာပါ။ ဒီဆော့ဝဲလ်လေးကို ရမ်းလိုက်ရင် စက်က restart ကျသွားပါလိမ့်မယ် ။ restart ကျပြီးလို့ ပြန်တက်လာ တဲ့အခါမှာတော့ Mgy.exe ဆိုတဲ့ အကောင် ဟာ.. သေသွားတာကို တွေ့ရပါလိမ့်မယ်။ စတစ်ထဲမှာ လည်း ဒီကောင်ရှိတယ်ဆိုရင် အဲဒီဆော့ဝဲလ် မရမ်းခင် စတစ်ကို လည်း အဲဒီစက်မှာ တက်ပေးထားလိုက်ပါ။ စတစ်ထဲမှာရှိတဲ့ Mgy.exe ဆိုတဲ့ ကောင်လေးကိုလည်း သတ်ပေးသွားပါလိမ့်မယ်။ ပြီးရင်တော့ စက်က ပုံမှန်အတိုင်းပဲ ပြန်ကောင်းသွားပါပြီ။ ဒါဆို အိုကေသွားပြီပေါ့။ ဒီဆော့ဝဲလ် ပိုင်ရှင်က အဲဒီလိုပြောထားလို့ပါ။ ကျွန်တော်တော့ ဒီဆော့ဝဲလ်လေးနဲ့တော့ မစမ်းရသေးပါဘူး။ အဲဒီဗိုင်းရပ်တွေ့ရင်တော့ စမ်းကြည့်လိုက်ပါအုံးမယ်…။

အောက်မှာ ဒေါင်းလုပ် ယူနိုင်ပါပြီခင်ဗျ။

Download

Download

( ဤ Program ကိုအခကြေးငွေဖြင့် ပြန်လည်ရောင်းချခြင်းမပြုလုပ်ရ။)

ဒီဆော့ဝဲလ် ကို မူရင်းရေးသားသူ မြန်မာ ချက်အွန် လိုင်း မှ သူငယ်ချင်းကိုလည်း ကျေးဇူး အများကြီး တင်ရှိပါတယ်ခင်ဗျ။…

ဇော်သိင်္ခ

Tuesday, March 23, 2010

4Shared Desktop

အခုတင်ပေးမယ့် Software လေးကတော့ နည်းနည်း ကြီးတဲ့ ဖိုင်ဆိုဒ်တွေ ကို Upload တင်တဲ့ အခါမှာ ပိုပြီးတော့ မြန်အောင်လို့ ၊ ဒီဆော့ဝဲလ်လေး ကို စက်ထဲမှာ အင်စတောလုပ်ထားလိုက်ပြီးတော့ ။ အကောင့်လေးကိုလည်း register လုပ်ထားလိုက်မယ် ဆိုရင် …. ဖိုင်ဆိုဒ် ခပ်ကြီးကြီးတွေ ကိုလည်း အချိန်တို အတွင်းမှာပဲ( ကော်နက်ရှင် ကောင်းလျှင် ) Upload တင်ရတာ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော် ဒီဆိုဒ်မှာ တင်ထားတဲ့ Download Files တွေ အားလုံး လည်း ဒီဆော့ဝဲလ် ကို အသုံး ပြုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ifile လင့်ကတော့ http://ifile.it မှာ ၀င်ပြီးတော့ Register လုပ်ပြီးတော့ တင်ထားတာပါ။ ဒီအတိုင်းတင်တာ ထက်စာရင် Register လုပ်ပြီးမှ တင်ရတာက ပိုပြီး အဆင်ပြေပါတယ်။

အပေါ်က ပုံကတော့ Login ၀င်ပြီးသား Upload တင်ထားတဲ့ ဖိုင်တွေ ရှိနေတဲ့ ပုံလေးပါ။ အဲဒီထဲကနေမှ လင့်လေး ကို ပြန်ယူရပါတယ်။ ဒီဆော့ ၀ဲလ် လေး ကို တော့ အောက်က လင့် နှစ်ခု မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ဆိုဒ်ကတော့ 4.55 MB ရှိပါတယ်။

Download ( 4 shared download )

Download ( ifile download )

သူငယ်ချင်းတို့ အားလုံးလည်း အဆင်ပြေ ချောမွေ့စွာ နဲ့ပဲ ဒေါင်းလုပ်စွဲနိုင်ကြပါစေလို့ … ဆန္ဒပြု ရင်း ….

ဇော်သိင်္ခ

Monday, March 22, 2010

Mgy.exe Virus သတ်နည်း

အခုတလော တော်တော် လေး ခေတ်စားနေတဲ့ မြန်မာပြည်ကဗိုင်းရပ်တစ်မျိုးကတော့ mgy.exe ဆိုတဲ့ ဗိုင်းရပ်ပါ။ ဒီဗိုင်းရပ်ကိုတော့ Antivirus တော်တော် များများက မသတ် နိုင်ဘူး လို့ ကြားသိရပါတယ်။ ဒီလို မသတ်နိုင်တဲံ့ ဗိုင်းရပ်က လည်း ကျွန်တော် လုပ်နေတဲ့ ဆိုင်က စက်သုံးလုံး မှာ ၀င်ရောက်လာပါလေရော။ အဲဒီတော့ ရှင်းရမယ့် နည်းလမ်းလေးတွေ ရှာရဖွေရပါတော့တယ်။ ပထမ တစ်လုံး ကတော့ အချိန် ကြာနေမှာ ဆိုးလို့ စက်ထဲမှာလည်း အရေးကြီးတာ သိပ်မရှိတော့ Hard Disk တစ်ခု လုံး Format ချပြစ်လိုက်ပါတယ်။ အခုနောက်လုံးတွေကျတော့ Format ချဖို့ အဆင်မပြေတာနဲ့မို့ လို့ ဘယ်လို သတ်ရမလဲ ဆိုပြီး လှည့်ပတ်ရှာဖွေလိုက်တော့ ပထမ Manual သတ်နည်းလေးကိုသွားတွေ့ပါတယ်။ ဒါပေမယ့် အဲဒီသတ်နည်းလေးကတော့ အဲဒီ ဗိုင်းရပ်ကို ထိန်းချုပ်ရုံပဲ ထိန်းချုပ်ထားနိုင်တာပါ။ လုံးဝ ပျောက်မသွားပါ။ ပြီးတော့ CMD တို့ msconfig တို့ကိုလည်း ခေါ်လို့ မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ နောက်ထပ် MZ မှာ ၀င်ရောက်ရှာဖွေလိုက်တဲ့ အခါမှာ…. သတ်နည်း ပေါင်းစုံနဲ့ Software တော်တော် များများ ကို သွားတွေ့ရပါတယ်။ အဲဒီထဲက ဆော့ဝဲလ် တွေကိုလည်း ဒေါင်းလုပ်ဆွဲ ဘယ်ကောင်နဲ့အဆင်ပြေမလဲ ဆိုပြီး စမ်းပြိးတော့ သတ်ကြည့်တဲ့ အခါမှာ အန်တီဗိုင်းရပ် ဆော့ဝဲလ် လေး နှစ်ခုနဲ့ သွားပြီး အဆင်ပြေသွားတာကို တွေ့ရှိရပါတယ်။ အဲဒီ ဆော့ဝဲလ် လေး နှစ်ခုကတော့ Trogan Remover ဆိုတဲ့ ဆော့ဝဲလ် လေးနဲ့ Smart Virus Remover ဆိုတဲ့ ဆော့ ၀ဲလ် လေးနှစ်ခု နဲ့ သတ်ကြည့်လိုက်တာ အဆင်ပြေ သွားတာကို တွေ့ရှိလိုက်ရပါတယ်။ ပထမ စက်တစ်လုံးကို အဲဒီဆော့ဝဲလ် နှစ်ခု နဲ့ သတ်လိုက်တော့ အားလုံး အိုကေသွားတဲ့ အတွက် နောက် စက်တစ်လုံး ကို အဲဒီ ဆော့ဝဲလ် လေးနှစ်ခု နဲ့ သတ်တော့မယ်လုပ်တဲ့ အခါမှာ… အွန်လိုင်းက သူငယ်ချင်းများနဲ့ Myg.exe ဗိုင်းရပ်အတွက် စိတ်ညစ်နေကြသူတွေ အတွက် ဒီသတ်နည်းလေး ကို ပြန်လည် မျှဝေချင်တဲ့ ဆန္ဒ နဲ့ တစ်ဆင့်ခြင်းလေး ကို Screen short ယူ ပြီးတော့ ပုံလေးတွေနဲ့ တကွ ပြန်လည် ရေးသား ဖော်ပြ ပေးလိုက်ပါတယ်။

mgy.exe ဗိုင်းရပ် ကိုယ့်ရဲ့ စက်ထဲ ၀င်ပြီဆိုတာ နဲ့ အဲဒီစက်မှာ Task Manager , Folder Options , registry တို့ ခေါ်မရဘူး ဖြစ်နေတက်ပါတယ်။ ပြီးတော့ Run မှာ cmd ရိုက်လိုက်ရင် လည်း ချက်ခြင်း ပျောက်သွားပါတယ်။ msconfig လို့ ရိုက်လိုက်ရင်လည်း Restart ကျသွားပါတယ်။ အဲဒါဆိုရင်တော့ သေချာပြီ။ mgy.exe ၀င်နေပြီဆိုတာ။ အဲဒီတော့ mgy.exe ကို ဒီလိုသတ်လိုက်ကြရအောင်ပါ။ ပထမဆုံး Trogan Remover Software လေး နှစ်ခု ကို ဒေါင်းလုပ် အရင်လုပ် ရအောင်လို့ ကျွန်တော် အောက်မှာ upload ဆိုဒ် နှစ်ဆိုဒ်က နေ ဆော့ဝဲလ် နှစ်ခုစလုံးပေါင်း ပြီးတော့ ပြန် တင်ပေးလိုက်ပါတယ်။ အောက်မှာ အရင် ဒေါင်းလုပ် ယူလိုက်ကြပါ။ ပြီးရင်တော့ သတ်နည်းလေး ကို ပြောပြပေးပါ့မယ်။ ဆော့ဝဲလ် နှစ်ခု ပေါင်း ဆိုဒ်ကတော့ 9.5 MB ရှိပါတယ်။ တစ်ခုကတော့ Trial Version ဖြစ်လို့ တစ်လပဲ ရမှာပါ။

Download ( 4Shared download )

Download ( ifile download )

********************

mgy.exe ဗိုင်းရပ်ကိုသတ်တော့မယ် ဆိုရင် အပေါ်က ဆော့ဝဲလ်လေး နှစ်ခုကိုအရင် install လုပ်လိုက်ပါ။ အင်စတော လုပ်ပြီးပြီဆိုရင်တော့ Trogan Remover Software လေးကို run လိုက်ပါ။ အဲဒီလို run တဲ့အခါမှာ Trial version ဖြစ်လို့ continue နဲ့ပဲ သွားလိုက်ပါ။ ကီးရှိတယ် ဆိုရင်လည်း ကီးလေး ထည့်ပေးလိုက်ပါ။ run ပြီးပြီ ဆိုရင် Scan ဆိုပြီး စစ်လိုက်ပါ။ အဲဒီလို စစ်လိုက်တဲ့အခါမှာ mgy.exe နဲ့ ပတ်သတ်တဲ့ ဖိုင်တွေကို တွေ့ပါလိမ့်မယ်. အဲဒီအခါမှာ အောက်က ပုံလေးတွေ အတိုင်း Ok နဲ့သာ ဆက်သွားလိုက်ပါ။

Scan ကိုနှိပ်လိုက်ပါ။ Scan ကိုနှိပ်ပြီးရင်ရင် အောက်ကပုံအတိုင်း Scanning စစ်နေပါလိမ့်မယ်.။

အဲဒီလို စစ်နေစဉ်မှာ မသင်္ကကာစရာ ဖိုင်တွေ trogan တွေ ဗိုင်းရပ်တွေ တွေ့လာရင် အောက်ကပုံလို တက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း Select မှတ်ပြီး Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံတက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း ပဲ Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံဆက်ပြီး တက်လာပါလိမ့်မယ်။

ပုံထဲကအတိုင်း ပဲ Select မှတ်ပြီး Ok ပေးလိုက်ပါ။ နောက်ထပ် တစ်ပုံဆက်ပြီး တက်လာပါလိမ့်မယ်။

ဒီပုံထဲက အတိုင်းပဲ OK ပေးပြိးသွားရင်တော့ Scan စစ်လို့ အားလုံး ပြီးသွားပါပြီ။ အဲဒီအခါ မှာ စက်ကို Restart ချမလား မေးပါမယ် ။ Restart ချလိုက်ပါ။ ဒီဆော့ဝဲလ်လေး ရဲ့ ကဏ္ဍက တော့ ဒီနေရာ တင်ပြီးသွားပါပြီ။

********

စက်ကို Restart ချလိုက်လို့ ပြန်တက်လာတဲ့အခါမှာတော့ နောက်ထပ် Smart Virus Remover ဆိုတဲ့ ဆော့်ဝဲလ်လေး ကို run ပါမယ်။ အဲဒီလို run လိုက်တဲ့အခါမှာ အောက်က ပုံလေး အတိုင်း တွေ့ရပါမယ်။


ဒီပုံလေး ထဲမှာ တွေ့တဲ့အထဲက အပေါ်ဆုံးက Delete Autorun File အကို အရင်နှိပ်လိုက်ပါ။ ပြီးရင် တတိယမြောက်က Remove Virus From a Folder ကိုနှိပ်လိုက်ပါ။ နှိပ်ပြီးရင် C: Drive တို့ D: Drive တို့ ရှိသမျှ Drive တွေကို scan လိုက်ပါ။ Drive တစ်ခု ချင်း စစ်ရမှာပါ။ စစ်လိုက်ရင် တွေ့ပါလိမ့်မယ်။ထိုနည်းတူစွာပဲ USB drive ထဲက ဗိုင်းရပ်ကိုလည်း အဲဒီမှာ Remove Virus from USB ဆိုတာ နှိပ်ပြီး သတ်နိုင်ပါတယ်။ အောက်ကပုံလေးထဲက ဖိုင်လေးတွေ…

အဲဒီအတိုင်းတွေ့ရင် အောက်ဆုံးက Delete Selected Files ဆိုတာ ကိုနှိပ်ပြီး သတ်လိုက်ပါ။ ဒါဆိုရင် ရှိသမျှ ဗိုင်းရပ်တွေ သေသွားပါပြီ။ ဗိုင်းရပ်သေသွားပေမယ့် Folder Options တို့ Task Manager တို့ Msconfig တို့ CMD တို့ ခေါ်လို့ ရအောင်လို့ အဲဒီပုံထဲက က ဒုတိယမြောက်က ဟာဖြစ်တဲ့ Restore Windows Default Settings ဆိုတာ ကို နှိပ်လိုက်ပါ။ အဲဒါနှိပ်လိုက်ရင်. အောက်က ပုံအတိုင်း တွေ့ပါလိမ့်မယ်။

အပေါ်က ပုံမှာတွေ့တဲ့အတိုင်းပဲ Task Manager , Registry Editer, Command Prompt, Run , Folder Options , All Folder Settings , Autoplay on All Drive ဆိုတာတွေကို တစ်တွေ အကုန်ပေးပြီးတော့ Apply လုပ် OK လုပ်လိုက်ရင် Restart လုပ်ခိုင်းပါလိမ့်မယ်။ Restart လုပ်လိုက်လို့ ပြန်တက်လာတဲ့အခါမှာ တော့ သင့်ရဲ့ ကွန်ပျူတာ အတွင်းမှာရှိတဲ့ mgy.exe ဆိုတဲ့ အကောင်ဟာ… မရှုမလှ နဲ့ ဂန့်နေတာကိုတွေ့ရပါလိမ့်မယ်။ :) ပြီးတော့ စောစော က ပြောတဲ့ Task Manager တို့ Folder Options တို့ လည်း အကုန်လုံး ပြန်ပေါ်နေတာကိုပါတွေ့ရပါလိမ့်မယ်။ ဒါဆို ဗိုင်းရပ်သေသွားပြီဆိုပေမယ့်လည်း သူ့ရဲ့ ဖိုင်က ရှိနေနိုင်ပါသေးတယ် ။ ဒါကြောင့် C: Drive တို့ D: Drive တို့ ရှိသမျှ Drive တွေထဲမှာ သွားပြီး Shift Delete လုပ်လိုက်ပါအုံး။ အဲဒီ Drive တွေကို ဖွင့်တဲ့အခါမှာ ဒီအတိုင်းဆို တွေ့ရမှာမဟုတ်ပါဘူး။ သူ့ရဲ့ Hidden files တွေကို ဖြတ်ဖို့ အတွက် Folder Options ကို သွားပြီးတော့ View ထဲကို ၀င်လိုက်တဲ့အခါမှာ Show hidden files and folders ကို တစ်ပေး။ ပြီးတော့ Hide extensions for known file types နဲ့ Hide protected operations system files တို့ရဲ့ တစ်တွေကို ဖြုတ်လိုက်ပါ။ ဒါဆိုရင် စောစောက Drive တွေထဲမှာ Hidden files တွေကို တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာပဲ Mgy.exe ဆိုတဲ့ အကောင်ကိုလည်း တွေ့ပါလိမ့်မယ် တွေ့ရင် Shift Delete သာ လုပ်လိုက်ပေတော့ နောက်ထပ် ဘယ်တော့မှ ထလာ နိုင်မှာ မဟုတ်တော့ပါဘူး။ ကဲ….. ဒါဆိုရင်တော့ Mgy.exe ဗိုင်းရပ်ကို သတ်လို့ ပြီးဆုံးသွားပါပြီ။

သူငယ်ချင်းတို့ အားလုံးလည်း ဗိုင်းရပ် ကင်းစင်ပြီးတော့ အဆင်ပြေချောမွေ့စွာနဲ့ပဲ…. အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း……

ဇော်သိင်္ခ

Saturday, March 20, 2010

Networking E-Book

အခုတစ်ခါ တင်ပေးလိုက်မယ့် စာအုပ်လေးတွေကတော့ Networking နဲ့ပတ်သတ်တဲ့ စာအုပ်လေး သုံးအုပ်ပါ။ ဒီစာအုပ်လေးသုံးအုပ်ကတော့ (၁) သတင်းအချက်အလက် ဆက်သွယ်ရေး စနစ် ဆိုတဲ့ ဆက်သွယ်ရေး စနစ်တွေအကြောင်းကို အခြေခံကျကျ ရေးဖွဲထားတဲ့ Networking စာအုပ်လေး တစ်အုပ်

(၂) Network Know-How ဆိုတဲ့ Networking စာအုပ်လေး တစ်အုပ်နဲ့

(၃) Networking Fundamentals ဆိုတဲ့ Power Point ပုံစံလေးနဲ့ လုပ်ထားတဲ့ စာအုပ်လေး တစ်အုပ်ဆိုပြီး သုံးအုပ်ကို စုပေါင်း ထည့်ပေးထားပါတယ် ။ အောက်မှာ ဒေါင်း လိုက်ကြပါစို့နော်…….။

size ကတော့ 10.245 MB ရှိပါတယ်။

Download ( 4Shared download )

Download ( ifile download )

ဇော်သိင်္ခ

Thursday, March 18, 2010

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

***********************

အကယ်၍ လို့ဆိုပြီး စကားလုံးလေး က သုံးလုံးးထဲပါ။ အဲဒီ စကားလုံးလေး သုံးလုံးးရဲ့ နောက်က ကပ်ပါလာတဲ့ စကားလုံးလေးတွေက.. စာဖတ်သူရဲ့ ရင်ထဲကို ဘယ်လောက်အထိ … ထိထိမိမိရောက်ရှိလာမလဲ ဆိုတာ ကိုတော့ ဤစာကို ဖတ်ခဲ့တဲ့သူငယ်ချင်းတို့ သိရှိခံစားမိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။… ဒီစာစုလေးတွေကို ဘာသာ ပြန်ဆိုသူ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး သူငယ်ချင်းတွေရဲ့ ဖော်ဝါ့ မေးက ရလို့ တဆင့် ပြန်လည် မျှဝေပေးလိုက်တာပါ။ ဒီ အကယ်၍ စာစုလေးတွေ ကို ဖတ်ပြီး သူငယ်ချင်းတို့ အားလုံးလည်း စိတ်ဓာတ်ခွန်အားများ တိုးပွားပြီးတော့ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့….. အရာရာ ဘာမဆို စွမ်းစောင်နိုင်ကြပြီးတော့ ယောက်ျား ကောင်း ယောက်ျားမြတ်များ ဖြစ်နိုင်ကြပါစေလို့ .. ဆန္ဒပြုရင်း …..

ဇော်သိင်္ခ

Monday, March 15, 2010

လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်

“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်
ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက
ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍
နိဗ္ဗာန်သို့ သွားသည်။”

ထမင်း အဖျော်ကို လှူတာ ခွန်အားကို လှူရာရောက်တယ်။ အဝတ်ကို လှူတာက
အဆင်းလှခြင်းကို လှူရာရောက်တယ်။ စီးစရာယာဉ်ကို လှူတာက ချမ်းသာကို
လှူရာရောက်တယ်။ ဆီမီးကို လှူတာဟာ မျက်စေ့ကို လှူရာရောက်တယ်။ ကျောင်းကို
လှူတာကတော့ အားလုံးကို လှူရာရောက်တယ်။ အဆုံးအမ၊ အသိပညာ၊ ဓမ္မကို လှူတာကတော့
မသေရာ နိဗ္ဗာန်ကို လှူရာရောက်တယ်။

“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူအားလုံးထဲမှာ တရားအလှူဟာ အအောင်နိုင်ဆုံး၊
အမြတ်ဆုံးလို့ ဘာကြောင့် ဟောကြားရတာလဲဆိုရင် ဒီတရားကို နာရမှ
ဒါနပြုဖြစ်တာ၊ သီလ ဆောက်တည်ဖြစ်တာ၊ ဘာဝနာ ပွားများဖြစ်တာ။ တရားနာကြားခွင့်
မရရင် ဘာကုသိုလ်မှ မဖြစ်တော့ဘူး။ ဒါ့ကြောင့် အလှူအားလုံးထဲမှာ တရားအလှူဟာ
အမြတ်ဆုံးလို့ ဟောကြားထားတာပါ။

အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၊

(“လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ)

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော
လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ် (e-book)များ

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (White Paper)


http://ifile.it/j24w80x/Human%20%28White%20Paper%29.pdf

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (Black Paper)


http://ifile.it/lwnuqhz/Human%20%28Black%20Paper%29.pdf

ဇော်သိင်္ခ
 
^ထိပ်ဆုံးသို့