မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, March 15, 2010

လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်

“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်
ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက
ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍
နိဗ္ဗာန်သို့ သွားသည်။”

ထမင်း အဖျော်ကို လှူတာ ခွန်အားကို လှူရာရောက်တယ်။ အဝတ်ကို လှူတာက
အဆင်းလှခြင်းကို လှူရာရောက်တယ်။ စီးစရာယာဉ်ကို လှူတာက ချမ်းသာကို
လှူရာရောက်တယ်။ ဆီမီးကို လှူတာဟာ မျက်စေ့ကို လှူရာရောက်တယ်။ ကျောင်းကို
လှူတာကတော့ အားလုံးကို လှူရာရောက်တယ်။ အဆုံးအမ၊ အသိပညာ၊ ဓမ္မကို လှူတာကတော့
မသေရာ နိဗ္ဗာန်ကို လှူရာရောက်တယ်။

“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူအားလုံးထဲမှာ တရားအလှူဟာ အအောင်နိုင်ဆုံး၊
အမြတ်ဆုံးလို့ ဘာကြောင့် ဟောကြားရတာလဲဆိုရင် ဒီတရားကို နာရမှ
ဒါနပြုဖြစ်တာ၊ သီလ ဆောက်တည်ဖြစ်တာ၊ ဘာဝနာ ပွားများဖြစ်တာ။ တရားနာကြားခွင့်
မရရင် ဘာကုသိုလ်မှ မဖြစ်တော့ဘူး။ ဒါ့ကြောင့် အလှူအားလုံးထဲမှာ တရားအလှူဟာ
အမြတ်ဆုံးလို့ ဟောကြားထားတာပါ။

အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၊

(“လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ)

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော
လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ် (e-book)များ

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (White Paper)


http://ifile.it/j24w80x/Human%20%28White%20Paper%29.pdf

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (Black Paper)


http://ifile.it/lwnuqhz/Human%20%28Black%20Paper%29.pdf

ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့