မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, November 28, 2009

အိုင်တီ ကဗျာလေးပါ

မင်းကိုစတွေ့ပြီးကတည်းက ကိုယ့်အချစ်ဟာ register ရော activate ပါလုပ်ပြီးသားပါ
မင်းအတွက် အချိန်မရွေး sign in ပေးထားပါတယ်။

မင်းအချစ်ကိုမရရအောင် hack ချင်ပေမယ့်
မ hack နိုင်ခဲ့လို့ keylogger လေးပဲချထားခဲ့ပါတယ်။(စိတ်မဆိုး
ရဘူးနော် )

မြန်မာက ပုဂ္ဂိုလ်တွေ .ning ကိုကြိုးစားပမ်းစား ထောင်နေကြသလို
မင်းအချစ်ကိုလဲရမလားလို့ ကြိုးစားပမ်းစား ထောင်ဖမ်းခဲ့ပါတယ်။(ဟူး...
မော်တယ်ကွယ်)

Online ပေါ်မှာ connection တွေအမြဲ down သလိုမျိုး
ကိုယ့်အချစ်တွေကိုလည်း မင်း heart ပေါ် အမြဲ down
နေစေချင်တယ်။(၀ိုင်းမဆဲကြနဲ့နော် :mrgreen: )

Internet ပေါ်ရောက်တာနဲ့ Gtalk မှာအမြဲ chat ကြသလို
မင်းနဲ့ကိုယ်တို့နှစ်ယောက် အသည်းချင်း အမြဲ chat နေချင်တယ်။

Wikipedia မှာလူတိုင်းဝင်ပြီး Edit လုပ်နိုင်ပေမယ့်
ကိုယ့်နှလုံးသားကိုတော့ မင်းတစ်ယောက်တည်းပဲ Edit နိုင်မှာပါ။

Website တွေက software တွေပေါ်မှာ trojan နဲ့ malware တွေ မခွဲနိုင်ဘဲ attach
ဖြစ်နေသလို
မင်းဘေးနားမှာအမြဲ attach ဖြစ်ချင်ခဲ့တာ လွန်နေမလားတော့မသိဘူး။(လွန်တာပေါ့
လွန်တာပေါ့)

ချစ်လွန်းလို့ ဒီ inbox ထဲကနေစာအစောင်စောင်ကို Compose ခဲ့ပေမယ့်
မင်း inbox ထဲမှာတော့ ကိုယ့်စာတွေက ဘယ်အချိန်ကြမှ spam အဆင့်ကနေ
လွတ်မြောက်နိုင်မှာလဲ။

မင်း inbox မှာ အမြဲ mail တွေပြည့်နေပေမယ့် ဘာကြောင့်ကိုယ့် mail ကို trash ထဲ
filter ထားတာလဲကွာ
တကယ်ဆို မင်း inbox ရဲ့အောက်ဆုံးနေရာမှာရှိနေရင်တောင်မှ ကျေနပ်နေမှာပါ။

မင်းအသည်းကိုတစ်ချက်လောက်လေး hung အောင်ဆိုပြီး spyware တွေနဲ့ send ခဲ့ပေမယ့်
မင်းအသည်းကတော့ ဒေါ်လာ 2500 ကျော်တန် လို တော်တော်နဲ့ မ hung နိုင်ပါလားကွယ်။

ကိုယ့်အချစ်ကို Microsoft က Password Meter နဲ့မင်းစိတ်ကြိုက်တိုင်းနိုင်ပါတယ်
အမြဲတမ်း အစိမ်းရောင်အတန်းရှည်နဲ့ strongest ဖြစ်နေတာကိုတွေ့ရမှာပါ။

ကိုယ့်အချစ်ကို Accept မလုပ်ချင်နေပါ
Shift Delete နဲ့အပြီးတိုင်ဖျက်မချပစ်ဖို့ ဆုတောင်းနေပါတယ်။

မင်းအချစ်ကို Crack နိုင်ဖို့
နဲ့ဒေါလ်းနေရတဲ့ကောင်ပါကွာ။

ဒါကြောင့်မို့ Virus တစ်ကောင်လို ကိုယ့်နှလုံးသားကိုလွယ်လွယ်နဲု့ Shut down
မချပစ်လိုက်ပါနဲ့လို့ပဲ တောင်းဆိုပါရစေ။

တကယ်ပါ မင်းနဲ့ ADSL လိုင်းလို မနီးစပ်နိုင်ရင်တောင်မှ
WiFi စနစ်လို အဝေးကနေပဲ တိတ်တခိုးလေးချစ်နေမှာပါ။

ဘေးက Desktop PC ၀၀တုတ်တုတ်ကြီးရှိနေပေမယ့် ဟောင်းနေလို့ မကြာခင်ရောင်းထုတ်ပြီး
မင်းလို brand new Laptop ပါးပါးလေးဆီကိုပြေးကပ်လာမှာပါ။

ဘာတွေပဲဖြစ်ဖြစ်ပါကိုယ့်အချစ်တွေကမင်းအပေါ်ကိုတော့ ကိုယ့် hard disk ကို format
မချမချင်းတည်တံ့ခိုင်မြဲနေမှာပါကွယ်။



myanmaritresource ကကူးယူထားခြင်းပါ။

zawtk....

တရားဆွေးနွေးခြင်းဆိုသည်မှာ..


တရားဆွေးနွေးခြင်းဆိုသည်မှာ..........

ဓမ္မ ကိုဆွေးနွေး တဲ့ အခါ မှာ တခါ တလေ ဓမ္မ ကနေ အဓမ္မတွေ ဖြစ်သွားတတ်ပါတယ် ဘယ်အရာရာကိုပဲ ဖြစ်ဖြစ် ဓမ္မနည်းကျဆွေးနွေး ရန်တွက် မြတ်ဗုဒ္ဓ က သေချာ စေ့စေ့စပ်စပ်ဟောပေးခဲ့ ပါတယ်.............


အများစုသော လူတွေ ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် အငြင်းသန်ပြီးရန်ပွဲတွေ ဖြစ်တာ ကြားဘူး သလို မုန်းသွားတတ်တာတွေလဲ ဖြစ်တတ်ပါတယ် ဒါကြောင့် ဘုရားရှင်ဟောထားခဲ့ တာ ကို သိစေချင်ပါတယ်။

အဂုင်္တ္ထုရ် တိကနိပါတ်ထဲ က ကထာဝတ္ထု သုတ် မှ သိခြင်းနှင့် ကြည်ညိုခြင်း ဟာ စင်စစ် သိခြင်းကြည်ညိုခြင်း အကျိုးငှာ လို့ ဆိုတဲ့ စကား ဟာ သိဖို့ အတွက် ၊ ကြည်ညိုခြင်း ဖြစ်ဖို့ အတွက်သာ ပညာရှိ သူတော်ကောင်းများဟာဆွေးနွေးသင့်တယ် လို့  ဆုံးမ တဲ့ စကားဖြစ်ပါတယ် ...........
ဘုရား စကားဟာ ဘယ်လောက်ကြည်ညို ဖို့ ကောင်းသလဲ ..... ဒီသုတ္တန် ဟာ ဘ၀ရှေ့ ဆောင် ဓာတ်မီးရောင် တခု ပါပဲ ..... ဒီသုတ်မှာ ဘုရားက တရားကို ဓမ္မနည်းကျဆွေးနွေး ပုံသဘောကို အတိကျ သတ်မှတ် ပြီး ဟောပါတယ် ဒီတရားကိုသာ တစ်ကမ္ဘာ လုံးက လူ တွေလိုက်နာ ကျင့်ကြံ မယ်ဆို ရင်တောင် ပြသာနာမှန်သမျှ ဖြေရှင်း နိုင်မယ်လို ထင်ပါတယ်....................

ဘုရားဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးမူရဲ့ အဓိက ကျတဲ့ အချက် တွေရှိပါသည်။

(၁) ပညာရှိ သည် မဆန့် ကျင် မထောင်လွှား ဘဲဆွေးနွေးသင့်တယ်၊
(၂) မပြန့် လွင့်တဲ့ စိတ်နဲ့  ဆွေးနွေးသင့်တယ်၊
(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်းမပြု ဘဲ ဆွေးနွေးသင့်တယ်၊
(၄) ကောင်းစွာ သိလို့ သာ ဆွေးနွေးသင့်တယ် ၊
(၅) သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်း ခြင်း ကိုမပြုသင့်
(၆)ချွတ်ချော်သောစကား ကိုလည်း အပြစ်လို့ မယူသင့် ၊
(၇) ပါဠိ ပါဠ်သား များကိုရွတ်ဆိုပြီးလည်းမလွမ်းမိုး သင့် ၊
(၈) အကြောင်းပြပြီး ဖိနှိပ် ခြင်းကို လည်း မပြု သင့် ၊
(၉) အမှန်အမှား ရောထွေးတဲ့ စကားကိုလည်း မပြောသင့် ဘူးလို့ လဲ ဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးခြင်း လမ်းညွန်းခြင်း ကို သဘောကျနှစ်သက်မိပါတယ် ..............

နောက် ပြီးတော့ ဘုရား က ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ် နဲ့ မဆွေး နွေးသင့်တဲ့ ပုဂ္ဂိုလ် ကိုခွဲခြား ပြီး စံထား အတိကျ ဟောထား တာလည်း ထူးခြား လို့ သဘောကျ ပါတယ် ဒါကြောင့် ဆက်လက် ရေးသားချင်ပါတယ်

(၁) ပြသာနာကို မေးလိုက်တဲ့ အခါ တိုက်ရိုက် ဖြေဆိုရမယ့် ပြသာနာမျိုး ဖြစ်ပါလျှက် တိုက်ရိုက်မဖြေချင်ဘူးတဲ့ 
(၂) ဝေဖန်ပြီး ဖြေဆိုရမယ့်ပြသာနာကိုလည်း ဝေဖန်ပြီးမဖြေ ဘူး တဲ့ 
(၃) တစ်ဖန်ပြန်မေးပြီး ပြန်ဖြေရမယ့် ပြသာနာ မျိုးကိုကျတော့ လည်းပြန်မေးပြီး မဖြေဘူး ၊
(၄)တချို့ ကျတော့ပြသာနာ ကို မေးလိုက်တဲ့ အခါ အကြောင်းဟုတ်သည် မဟုတ်သည်ကို လည်းမကြည့်  ၊
(၅) ကြံဆအပ်သောအရာကိုလည်းမကြံ ဆ၊
(၆) သိရမည့်ဝါဒ ကိုလည်းမပြနိုင်၊
(၇) ေ
ဖြဆိုသူ တို့ ရဲ့ ကျင့်ဝတ်မှာလည်းမတည်ဘူးတဲ့ 

(၈) တချို့ ကျတော့ပြသာနာ ကိုမေးလိုက်အခါ စကားတခု ကိုတခြားစကားတစ်ခု (စကားကြောင်းလွဲ) ဖုံးကွယ် တတ်ကြပါတယ် တဲ့  ၊
(၉) မေးတဲ့ ပြသာနာနဲ့ မဆိုင်တဲ့ အပြင်စကားများကို ပြောပြီး ပြသာနာ ကို ပယ်တတ်ကြပါတယ် ၊ (၁၀) တချို့က လဲ စိတ်ဆိုး အမျက်ထွက် ပြီးမနှစ်သက်ဖွယ် အမူရာကိုလည်း ထင်စွာပြတတ်ကြပါတယ် တဲ့ ၊
(၁၁) တချို့ ကျတော့လည်းပြသာနာ ကို မေးလိုက်တဲ့ အခါ ပါဠိ ပါဠ် သားတွေကိုတသီကြီး ရွတ်ပြပြီး တစ်ဖက်သားကို လွှမ်းမိုး ဖို့ ကြိုစား တတ်တယ်တဲ့ 
(၁၂) တချို့က အကြောင်းမျိုးမျိုး ပြပြီးဖိနှိပ်တာ မျိုးလည်းခံရ တတ်ပါ တယ်တဲ့ 
(၁၃) တချို့ ကတော့ တတ်ယောင်ကား ပုံစံ မျိုးနဲ့မေးသူ ရဲ့ စိတ်မှာသံသယ ရှိလာအောင် ဟားတိုက်ရယ်မောတတ်ပါတယ်တဲ့  ၊
(၁၄) တချို့ က တော့အနည်း ငယ် မှားယွင်း ချွတ်ချော်တာတွေ့ ရင် အမှားဖမ်း တတ်ကြပါတယ် တဲ့။ အဲဒီသဘောရှိတဲ့ သူမျိုးနဲ့  မဆွေးနွေးသင့်  ဘူး လို့ ဘုရားဟောထားပါတယ်..................

ဘုရားဟောတဲ့ သဘောတရားကို နားလည်သဘောပေါက်ပြီး ဓမ္မဆွေးနွေး ရာမှာအဓမ္မ ဆွေးနွေးခြင်းများမှ ကင်းဝေးကြပါစေလို့ ....

ညီမလေး လင်းလင်း ဆီမှ ပို့ပေးသော မေးကိုပြန်လည် မျဝေ ခြင်း ဖြစ်ပါသည်..

zawtk...

အရက်ကို ရေအဖြစ်နှင့် သောက်ချင်သူများ

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . . "အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . . ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . " " အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ "တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . . ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ " ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . " "ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . . ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . . "မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . " "မြွေပွေး က ပေါက်မှာပါ ဘုရား " "ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား " "တက်မှာပါ ဘုရား " "အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . " "မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . " "မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ." "သေနိုင်ပါတယ် ဘုရား . . . " "အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . " "မရနိုင်ကြောင်းပါ. . ဘုရား " "ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . " "မကိုင်ဝံ့ပါဘူး ဘုရား . . . " "ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . " "အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . " "အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . " "မူးမှာပါ ဘုရား . . . . . " "မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . " ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

ညီမလေး လင်းလင်း ဆီမှ ပို့ပေးသော မေးကိုပြန်လည် မျဝေ ခြင်း ဖြစ်ပါသည်..

zawtk....

Friday, November 27, 2009

တစ္စေတစ်ကောက်ကို ယုံအပ် မယုံအပ်


ညကြီးအချိန်မတော် မိမိ သည်နေရာကို ဘယ်နည်း ဘယ်ပုံရောက်လာခဲ့သလဲ ကိုသော်တာ မတွေးတတ် ဖြစ်နေသည်။ ကားလမ်းမကြီး၏ အလယ်တည့်တည့်မှာ ရပ်နေတာကို သတိထားမိသဖြင့် လမ်းဘေးသို့ ကမန်းကတန်း ဆင်းလိုက်သည်။ ကားလမ်းမ၏ ဘေးဝဲယာမှာ လရောင်ထိုးနေသော ကွင်းပြင်နှင့် ခင်တန်းများကို တွေ့ရသည်။ ကားလမ်းဘေး တစ်လျှောက်တွင်မူ ကုက္ကိုလ်ပင် မည်းမည်းကြီးများ စီတန်းရပ်နေကြသည်။ လူရိပ်လူယောင်ကိုမူ မမြင်ရ။ ဘယ့်နှယ်နေရာပါလိမ့်။




အို...ဘယ်နေရာပဲ ဖြစ်ဖြစ်။ ရောက်လာမှတော့လည်း ရောက်တော့တာပေါ့။ နေရာကလေးကဖြင့် အေးကအေး၊ ဆိတ်ကဆိတ် လှပါဘိသနှင့်။ ဒီလိုအေးဆိတ်မှုမျိုး ရွှေမြို့တော်ကြီးတွေမှာ ရခဲလှပါဘိတောင်း။ ကလော်တိုင်းမထွက်သော ကဗျာဥာဏ်အာဘော်ကို သွားတိုက်ဆေး ညှစ်သလို အတင်းကာရော ညှစ်ထုတ်ရလျှင် ကောင်းမည်ဟု အတွေးပေါ်မိသဖြင့် ကုက္ကိုလ်ပင်ကြီးကို မှီကာ ကားလမ်းမကို ကျောပေး၊ ခင်တန်းဘက် မျက်နှာမူလျက် ထိုင်ချလိုက်သည်။ ညဥ့်လေအဟပ်မှာ ဖြန်းကနဲ ကြက်သီးထသွားသော ကိုယ်ကိုပမာမခန့်ပြုပြီး တောမြိုင်စွန်းက လွမ်းအောင်ဖန်နေပုံကို သေသေချာချာ ကြည့်မိသည်။

"ငါ့နေရာမှာ ဗီသိုဗင်ဆိုလျှင် ဒီနေရာမှာ ထိုင်နေရုံနှင့် တောကြီးဟေ၀န် တေးသွားတစ်ပုဒ်လောက် စပ်မိမှာအသေအချာ" ဟု တွေးနေမိသည်။ "ငါကတော့ ဗီသိုဗင့် မွန်းလိုက်နဲ့ တယောအစုတ်လေးနဲ့ အရူးထရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါနဲ့ ကနောင်မင်းဖျာ့ထိပ်ထား လှိုင်ထိပ်ခေါင်တင် မင်းသမီးကလေးကတော့... စိန်ခြူးကြာညောင် လရောင်လင်းပါလို့ မှန်ရွှေကူပြတင်းရယ်က မယ်ခုမျှော်... လို့ ဆိုခဲ့ဖူးတာပဲ။ သဉ္စာလီ မွေ့ရာနန်းပေါ်မှာ စံပယ်ရင်း မှန်ပြတင်းကနေတစ်ဆင့် သူ့မှာ လရောင်ကို မြင်ရတယ် ဆိုကပဲ။ ငါကတော့ ဟောဒီတောစပ်ဘေးက သဘာဝကျတဲ့ နက်ချရယ် မြေကြီးပေါ်ကနေ လရောင်ကို တည့်တည့်ထင်းထင်း မြင်ရတယ်။ ငါအသုံးမကျလို့သာ ကဗျာတစ်ပုဒ် မဖြစ်ရင်ရှိမယ်။ ဒီအလှ ဒီအပကို မြင်လိုက်ရလို့ကတော့ နတ်သျှင်နောင်ဆို ရတုတစ်ပုဒ်လောက် အသာအယာထွက်တယ်။ လှိုင်ထိပ်ခေါင်တင်ဆို ဘောလယ်တစ်ပုဒ်လောက် အသာကလေးရနိုင်တယ် " လျှောက်စဉ်းစားနေမိသည်။

ဒီတုန်း "အို ကဗျာဆရာကြီး၊ ကဗျာမှော် ဖမ်းနေသလားရှင့်" ဟူသော သာယာညင်းပျောင်း စောင်းနှင့်တူသည့် အသံကို နောက်ကျောနားကပ်လျက် ရုတ်တရက် ကြားရသဖြင့် ကိုသော်တာ လှည့်ကြည့်လိုက်သည်။ ဆံပင်ရှည်ဖားလျားချထားသော နန်းဝတ်နန်းစားနှင့် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။

"အလို... အမိက ကျုပ်ကို ဘယ်လိုခေါ်လိုက်သလဲ"

"အို..ကဗျာဆရာကြီးလို့ ခေါ်လိုက်တယ်လေ၊ ဘာလဲ မကြိုက်ဘူးလား၊ ဒါဖြင့် အိုဘယ့်..အမောင်ကဗျာဆရာငဲ့ လို့ ခေါ်ရမလား။ နို့မဟုတ် အလို .. ကိုကိုကဗျာဆရာ လို့ ခေါ်ရမှာလား " ဟု အမျိုးသမီးက ခနဲ့တဲ့တဲ့ ဖြေ၏။

"နေစမ်းပါဦး၊ ခင်ဗျားက ကျုပ်ကို ကဗျာဆရာမှန်း ဘယ်လိုသိသလဲ"

"မြွေမြွေချင်း ခြေမြင်တယ်ဆိုတာ ရှင်ကြားဖူးလား"

"ကြားဖူးတာပေါ့၊ သြော် ခင်ဗျားကလည်း ကဗျာဆရာပဲလား၊ ကလောင်နာမည်က ဘယ်လိုခေါ်လဲ"

"ကဗျာဆရာတော့ မဟုတ်ပါဘူးရှင်ရယ်၊ သီချင်းသည်လေးပါ။ မန္တလေးနန်းတွင်းက အညတြ နန်းတွင်း သီချင်းသည်လေး တွေထဲက တစ်ဦးပေါ့၊ ရှင်အခုနကတွေးနေတဲ့ စိန်ခြူးကြာညောင် ဘောလယ် တို့ဘာတို့ကို ကျွန်မတို့ ဆိုလာတီးလာခဲ့တာပေါ့။ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့ ဒေ၀က္ကန္ဒာမောင်မောင်ကြီးတို့ဟာ ကျွန်မရဲ့ ကျေးဇူးရှင် ဆရာသခင်တွေပါပဲ"

"ဆရာတွေကလည်း အခန့်စားတွေပါလား။ ဒါနဲ့ ခင်ဗျားက ကျုပ်ရဲ့အတွေးကိုပါ ဖတ်တတ်သလား"

"ဖတ်တတ်တာပေါ့ရှင့်၊ တစ္ဆေဆိုတာ လူ့အတွေးကို ဖတ်တတ်ရတယ်၊ ဒါနဲ့ ကျွန်မလည်း ရပ်နေရတာ ညောင်းလှပြီရှင်၊ ထိုင်ဖို့ပြုဖို့ ဖိတ်မန္တက ပြုပါဦးတော့။"

"အဲလေ၊ ဟုတ်ပါရဲ့ ထိုင်ပါဗျာ.. ထိုင်ပါ..။ အဲ ထိုင်တော်မူပါ။ ဒါပေမဲ့ အမျိုးသမီး၊ အဲ.. ထိပ်ထား..အဲ ထားပါလေ။ ထိပ်ထားဘုရား... ကျုပ်... အဲ ကျွန်တော်မျိုး တစ်ခုလောက်ပြောမယ်...ထိပ်ထ

မာန်တက်ခြင်း (၁၆) ပါး

မာန်တက်ခြင်း (၁၆)ပါး ကို ညီမလေး လင်းလင်း ပို့ပေးသော မေး မှ တဆင့် ပြန်လည် မျဝေခြင်းဖြစ်ပါသည်။

(၁) မာန် - မာန်တက်ခြင်း။
(၂) အတိမာန် - အလွန်မာန်တက်ခြင်း။
(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။
(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။
(၅) ဂေါတ္တမာန် - အနွယ်ကို စွဲ၍ မာန်တက်ခြင်း။
(၆) အာရောဂျမာန် - ရောဂါမရှိသည်ကို မာန်တက်ခြင်း။
(၇) ယောဗနမာန် - အရွယ်ကိုစွဲ၍ မာန်တက်ခြင်း။
(၈) ဇီဝိတမာန် - အသက်ရှည်သည်ကိုစွဲ၍ မာန်တက်ခြင်း။
(၉) လာဘမာန် - လာဘ်ကို စွဲ၍ မာန်တက်ခြင်း။
(၁၀) သက္ကာရမာန် - ပူဇာသက္ကာရကို စွဲ၍ မာန်တက်ခြင်း။
(၁၁) ဂရုဂါရ၀မာန် - သူတစ်ပါးတို့ အလေးအမြတ်ပြုသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၂) ပုရက္ခာမာန် - ရှေ့သွားအကြီးပြုရသည်ကို မာန်တက်ခြင်း။
(၁၃) ပရိဝါရမာန် - အခြံအရံများသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၄) ဘောဂမာန် - စည်းစိမ်ဥစ္စာရှိသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၅) ၀ဏ(ဏ)မာန် - အဆင်းလှသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၆) သုတမာန် - အကြားအမြင်များသည်ကို စွဲ၍ မာန်တက်ခြင်း။


zawtk...

Wednesday, November 25, 2009

Wi-Fi Wi-Max & Protocol

Wi-Fi နဲ့ Wi-Max ကွာခြား ချက်လေး ပါ။

Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။


Protocol များ အကြောင်း

ဒါလည်း ကိုသူရိန်ရေးထား တဲ့ protocol လေး တွေ ရဲ့ အကြောင်းလေး ပါ။

website လိပ်စာတစ်ခုကို ကြည့်မယ်ဆိုရင် ဥပမာ - http://www.google.com အဲဒီလိပ်စာမှာ ရှေ့က http ဆိုတာက hyper text rtansfer protocol ရဲ့ အတိုကောက်ဖြစ်ပါတယ် ။ protocol ဆိုတာက a set of rules and formats လို့ပြောကြပါတယ် ။ စည်းမျဉ်းစည်းကမ်းတွေကိုစုစည်းထားခြင်း လို့ပြောနိုင်ပါတယ် ။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေလည်းဆိုရင်တော့ data အပို့အယူ လုပ်တဲ့အခါမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ပြောတာပါ ။

protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့ protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသားတွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။

http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ ။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီးပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာလုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့ data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့ a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။

့https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။

နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။ ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့ access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။ ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။





Private IP Addressing
အရင်ကတည်းက Network ဆင်တိုင်း ကွန်ပျူတာတွေရဲ့ IP မှာ network ID ကို Class C ဖြစ်တဲ့ 192.168.0 ကိုပဲ အမြဲပေးမိတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ net ID ပဲ ပေးမိမှန်းမသိဘူး။ နောင်တော်ကြီးတွေဆီကပဲ အတုခိုးမိတာလား။ ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး။ သူငယ်ချင်းတစ်ယောက်ကလည်း မေးဖူးတယ်။ ဘာကြောင့် LAN တွေရဲ့ Net ID ကို 192.168.0 ပဲ သုံးတာလဲတဲ့။ ကျွန်တော်လည်း ဘာရမလဲ။ မှတ်ရတာ လွယ်လို့နေမှာပေါ့ကွာလို့ ဖြေမိတယ်။ အခု MCSE XP SP2 စာအုပ်ဖတ်တော့မှ တက်တက်စင်အောင် လွဲမှန်းသိတော့တယ်။ အဲဒီထဲမှာ ရေးထားတာက

IP တွေသုံးစွဲခွင့်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းကြီး ရှိတယ်။ အင်တာနက်နဲ့ ချိတ်မဲ့ကွန်ပျူတာတိုင်းဟာ IP ရှိရတယ်။ အဲဒီ IP ကို ကိုယ်ပေးချင်တာ ရမ်းပေးလို့မရဘူး။ IANA (Internet Assigned Numbers Authority) ဆိုတဲ့ အဖွဲ့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါပေမဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုမရှိတဲ့ Network (ဒါမှမဟုတ်) Private Network တွေအတွက်တော့ မှတ်ပုံတင်စရာမလိုဘဲ လွတ်လပ်စွာအသုံးပြု ခွင့်ပြုပေးထားတဲ့ IP တွေရှိပါတယ်။


Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255

Class B ဆိုရင် 172.16.0.0 ကနေ 172.31.255.255

Class C ဆိုရင် 192.168.0.0 ကနေ 192.168.255.255 ထိ ပေးခွင့်ရှိတယ်လို့ ရေးထားပါတယ်။ အခုဖော်ပြထားတဲ့ Address range တွေကို ဘယ် Internet Host ကမှ သုံးစွဲထားခြင်းမရှိဘူးလို့လည်း ရေးထားပါသေးတယ်။

ဒီအကြောင်းလေး တွေကိုအပြည့်အစုံ  ဖတ်ချင်ရင်တော့ ကိုသူရိန်တို့ရဲ့  IT Men ကိုသွားဖတ်နိုင်ပါတယ်..


zawtk...

Proxy Server

Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။


CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

IT Men's Blog မှပြန်လည်ဖော်ပြသည်။



zawtk...

ကျောင်းသူတစ်ယောက်ရဲ့ ပေးစာ

သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး

fwdmail..



zawtk...

Monday, November 16, 2009

တန်ဆာခံ အံစာတုံးလေးများမဖြစ်ဖို့

သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။

သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။

ဒီစာသားလေးတွေကတော့ ကျွန်တော့်ရဲ့မေးထဲရောက်လာတဲ့ စာသားလေးတွေပါ.. ရေးတဲ့သူက ဘယ်သူလဲဆိုတာတော့ မပါလာတဲ့အတွက်.. ဘယ်သူရေးထားတာလဲတော့မသိပါဘူး.. စာသားလေးတွေကတော့.တကယ့် အပြင်မှာ ဖြစ်ပြက် နေတာလေးတွေကို..ရေးထားတာ ဖြစ်တဲ့အတွက်.. လူငယ်လေးများ စဉ်းစား ဆုံးဖြတ်ချက်မှန်ကန်စေဖို့အတွက်.. ပြည်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်......

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း
လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။
အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ.....
နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို
တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။
လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့
ကလေးတွေ အများကြီးပါ။
ပါတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု
နာရီလောက်ပဲ ခြားပါတော့တယ်။
အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။
အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊
ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။
ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊
လွတ်လပ်ချင်တယ်.... ဒါ သဘာဝပဲ။
ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ
အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဂိမ်းဆော့တယ်ဆိုတာ ဦးဏှောက်ကို အလုပ်ပေးတာ၊ စဉ်းစားနိုင်တဲ့ ညဏ်ရည်ကို
မြှင့်ပေးတာ။
ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေကိုတောင်  တစ်နေ့တစ်နာရီ
ဂိမ်းဆော့ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတာပေါ့။
ခုတော့ ကလေးတွေ ဂိမ်းဆော့တာက ပြဿနာတစ်ခုကို ဦးတည်နေပြီ။
အများစုသော ကျောင်းသားတွေ ကျောင်းချိန်ပြင်ပတင် မကတော့ပဲ
ကျောင်းချိန်မှာပါ ဂိမ်းဆိုင်မှာ ရောက်နေကြတယ်။
အတန်းမတက်ရုံတင်လားဆိုတော့ ထမင်းမေ့၊ ဟင်းမေ့ကို ညလုံးပေါက် ကစားတဲ့သူက များနေတယ်။
အတန်းပညာကို ထိခိုက်ရုံသာမက၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကိုပါ ထိပါးလာနေတယ်။
တစ်ချို့ဆေးကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ၊
နည်းပညာကျောင်းသားတွေ..... ကျောင်းသားတွေဟာ
ခုဆို ဂိမ်းကျောင်းသားလို့ ခေါ်ရမတက် ကျောင်းထက် ဂိမ်းဆိုင်မှာသာ အနေများနေကြတယ်လေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီပြဿနာကို မဖြေရှင်းရသေးခင်မှာပဲ အင်တာနက်အသုံးပြုမှုက တွင်ကျယ်လာတယ်။
လူငယ်လူရွယ်တွေတင် မဟုတ်တော့ဘူး အသက်အရွယ်မရွေး အင်တာနက်ကို စိတ်ဝင်စားလာတယ်။
မီဒီယာရဲ့ ဆွဲဆောင်မှုက သိပ်ကို ကောင်းလွန်းတာကိုး.............။
ကိုယ်တိုင်တောင် တစ်နေ့ကို သုံးနာရီလောက် အင်တာနက် သုံးဖြစ်နေတာလေ။
တကယ်တမ်း အသုံးချမယ်ဆိုရင် သုံးနာရီဟာ ဒေတာရှာပြီး ဒေါင်းလုဒ်
လုပ်ဖို့လောက်ပဲ ရှိပါတယ်။
အိမ်ကျမှ အသေးစိပ် ပြန်ဖတ်ရတာဗျ။
ဒါပေမယ့်........ အင်း ဒါပေမယ့်ဆိုတာက မသုံးချင်ပေမယ့်
အများဆုံးသုံးနေရတဲ့စကားဖြစ်နေတယ်ဗျာ။
ခက်တာက အများစုက အင်တာနက်ဆိုရင် ချက်မယ်ဆိုတာလောက်ပဲ သိကြတော့တယ်။
ဒီမှာလဲ အပြုသဘောထက် အပျက်သဘောကို လမ်းကြောင်းက စောင်းနေတယ်။
ဒါကိုလဲ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြသေးဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မီဒီယာတွေရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာမှ........အဆိုးဆုံးကတော့............
အတူနေချစ်သူတွေ များလာတာပဲ။
အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ ရှိကြတာ မထူးဆန်းဘူး၊ ပြဿနာ မဟုတ်ဘူး။
သူတို့ဆီမှာ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး ပညာပေးစံနစ်တွေ ရှိတယ်။ အသိညဏ်တွေ
ပေးထားတယ်။ တရားဝင် ခွင့်ပြုထားတယ်။
မြန်မာမိသားစုတွေ အစဉ်အလာက ဖွင့်ပြောရတဲ့ ကိစ္စ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတာ။
မိဘနဲ့ သားသမီးကြားမှာ ပြောအပ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ယူဆထားကြတာ။
ဒီတော့..........ကလေးတွေမှာ လုံလောက်တဲ့ အသိညဏ် မရှိဘူး။ ပြည့်ပြည့်၀၀
နားလည်သဘောပေါက်မှု မရှိကြဘူး။
သို့သော်.... စူးစမ်းချင်တဲ့ အရွယ်မှာ မီဒီယာတွေရဲ့
ဆွဲဆောင်မှုနဲ့........ ကလေးအချို့ လမ်းကြောင်းမှားကြတယ်။
”မှားတော့ ဘာဖြစ်လဲ..... ကိုယ်ဖြစ်ကိုယ်ခံပေါ့... ခင်ဗျား
အပူမပါပါဘူးလို့” တော့ အပြောခံရဖူးတယ်။
ဟုတ်ပါပြီ....ဒါပေမယ့် (သုံးရပြန်ပြီဗျာ)..... ကိုယ်ဖြစ်တာ
ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်ပဲလေ...။
လိုအပ်တဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိညဏ် မရှိပဲ.. ကိုယ်ထင်ရာ
ကိုယ်လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာက ရှိလာပြီ။
ကဲ ဘယ်လိုများ ဖြေရှင်းကြသလဲ.........။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတူနေတုန်းကတော့ ဘာမှမစဉ်းစားမိဘူး။
သူကလဲ ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလဲ သူ့ကို ချစ်တယ်။ ဒါဆို ပြီးပြီပေါ့.
လို့ ခပ်တိမ်တိမ် တွေးတဲ့သူကလဲ မနည်းဘူးလေ။
ဒါဆို အချိန်တန်လို့ လက်ထပ်ယူမယ်ဆိုတော့..... သူ မပြည့်စုံ။
ကိုယ်မပြည့်စုံ။ ပညာက တစ်ပိုင်းတစ်စ၊ အသက်က မပြည့်။
အဲဒီမှာ unwanted baby ဆိုတာ ဖြစ်လာရော......။
ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတယ်။
ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်မှာ
ရေးထားတာတွေက........
တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာလေးတွေပါ။ အခန့်မသင့်ရင် အသက်ကိုပါ
ဆုံးရှုံးသွားနိုင်တာတွေပါ။
(မဖတ်ရသေးသူများ ရှာဖတ်ဖို့ တိုက်တွန်းပါသည်)
နုနယ်တဲ့ အရွယ်မှာ မှားတက်ကြပါတယ်။ မှားတယ်ဆိုတာကိုက လူ့သဘာဝ ဖြစ်နေတာကိုး။
သို့သော်..... အဲဒီသို့သော်က တော်တော်လေး ကြီးမားပါသည်။
မထွေးနိုင်၊ မမျိုနိုင်ဘ၀တွေမှာ......တန်ဆာခံခဲ့ရတဲ့ အန်စာတုံးလေးတွေ
များစွာ ရှိလာရသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေကို ခံစားထိုက်မှ ခံစားရပေမယ့်
ဆိုးမွေဆိုတာကိုတော့ မွေးရာပါ ခံစားရတဲ့သူတွေပါ။
”ဒီကောင့်သား ဒီကောင်လိုပဲ လာမှာပဲ... မအေသမီး မအေအတိုင်း နေမှာပေါ့....
”ဆိုတာတွေက ကြားဖူးနေကြနေမှာပါ။
မိဘက သားသမီးကို ရွေးချယ်ခွင့် ပြုလုပ်နိုင်ပေမယ့် သားသမီးဆိုတာ မိဘကို
ရွေးချယ်ခွင့် မရှိဘူးလေ။
သားသမီးကို မိဘတွေက ပုံသွင်းယူလို့ ရနိုင်သေးတယ်ဗျ။ ရာခိုင်နှုန်းတော်တော်
များပါတယ်။
ဒါပေမယ့်(သုံးရပြန်ပြီ) မိဘဆိုတာကို သားသမီးက    ကောင်းကောင်းဆိုးဆိုး
မိဘပဲ မဟုတ်လား။
မြန်မာမိသားစုတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အထက်လူ၊ အကြီးလူကို ပြန်ပြောခွင့်
မရှိကြဘူး။
ကလေးတွေဟာ ခေါက်ပြီး ပစ်လိုက်တဲ့ အံစာတုံးလေးတွေလို.....ဘယ်မိဘနဲ့
ဆုံရမလဲဆိုတာ ဘုရားမှလွဲပြီး ကြိုမသိနိုင်ဘူးလေ။
ရှေးရှေးဘ၀က ကုသိုလ်ကံနဲ့ ဆိုင်တယ်ဆိုပေမယ့် လက်ရှိဘ၀မှာ ကြုံနေရတဲ့
မိဘရဲ့ စိတ်နေသဘောထားပေါ်မှာပဲ
ကလေးတစ်ယောက်ရဲ့ ကံကြမ္မာက မူတည်နေတယ်ဆိုတာ  ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
သူ့သွေးကနေ ကိုယ်သားဖြစ်လာတဲ့ ကလေးငယ်တွေကို ပစ်ခဲ့ရတဲ့ မိခင်တို့ရဲ့
စိတ်အခက်အခဲကို လှမ်းမြင်နိုင်ပေမယ့်.....
(ပြောလာမှာဗျ ဘယ်သူကတော့ ကိုယ့်ကလေးကို ပစ်ချင်မှာလဲ မဖြစ်လို့သာပေါ့ ဆိုတာတွေလေ..)
တကယ်ဆို အစကတည်းက ထိန်းသိမ်းသင့်တာလားလို့ ပြောချင်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ.......
မိန်းကလေးတွေကိုပဲ အပြစ်တင်ချင်တယ်။
ယောင်္ကျားလေးဆိုတာကတော့ ရရင် ရသလောက် ယူမှာပဲဗျ။
(စော်ကားတာ မဟုတ်ပါ၊ ကိုယ့်မောင်၊ ကိုယ့်အစ်ကိုက အစ မြင်ဖူးပြီးသားမို့ပါ...)
ရှေးတုန်းကလို သုံးနှစ်သုံးမိုးစောင့်ပြီး ၊ ဆယ်နှစ်ဆယ်မိုး ရှိမှ
လက်ထပ်ဖို့ ပြောတာမဟုတ်ပါ။
ခေတ်အရ မြင်မြင်ချင်းလဲ ချစ်နိုင်ပါသည်။ မမြင်လဲပဲ ချစ်နိုင်ပါသည်။
အသံလေးနဲ့လဲ ချစ်လို့ ရပါသည်။
အသည်းပေါက်မတက် ချစ်တယ်ပြောပြော၊ အသက်ထက်
ချစ်တယ်ပြောပြော.....ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေ. ချစ်လို့ ရပါသည်။
သို့ပေသိ(ဒါပေမယ့်
မသုံးချင်တော့လို့ဗျ).........လက်မထပ်ခင်အချိန်ထိတော့............
မိန်းကလေးများ ကိုယ့်ကိုကိုယ့်
စောင့်ရှောက်စေချင်ပါသည်.........တန်ဖိုးထားစေချင်ပါသည်........
တင့်တယ်စေချင်ပါသည်..................။
(ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားပဲ တခြားလူက တန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့တော့)
ပြောသံကြားဖူးပါသည်။ ယောင်္ကျားတွေက အိုင်တွေ့ရင်ခြေဆေးတက်ကြသည်တဲ့။
ဒါက ကိုယ်က အိုင်အမျိုးအစား ဖြစ်နေရင်တော့ အဆေးခံရကောင်း ခံရပါလိမ့်မည်။
တစ်ကယ်လို့သာ ကိုယ်က သောက်ရေ ဖြစ်နေရင်တော့ လွယ်လွယ်ကူကူတော့
ခြေဆေးခံရလိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် မိမိကိုယ်မိမိ ခြေဆေးစရာ အိုင်အဖြစ် မရောက်အောင်
ဆင်ခြင်ထိန်းသိမ်းစေချင်ပါသည်။
”မှားတက်တာက လူ့သဘာဝ၊   အမှားနည်းတာ လူ့အရည်အချင်း” ဆိုတာ သိစေချင်ပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဓိက ပြောချင်တာကတော့ .........
ကမ္ဘာ့ရွာကြီးထဲမှာ.......အိုင်စီတီခေတ်ကြီးထဲမှာ.....မီဒီယာလောကကြီးထဲမှာ.......
အင်တာနက်အ၀န်းအ၀ိုင်းကြီးထဲမှာ......အံစာတုံးလေးတွေ  တန်ဆာခံ မဖြစ်စေချင်ဘူးဗျာ..။
ဒါဟာ လက်သီးတစ်ဆုပ်စာ ဦးဏှောက်လေးနဲ့ စဥ်းစားပြီး လက်တစ်ဝါးစာ ရင်ဘတ်ထဲက ....
ကမ္ဘာကြီးလောက် ကြီးမားသော ဆန္ဒတစ်ခုလို့ပဲ ယူဆပါစို့..။
”အံစာတုံးလေးများ တန်ဆာခံဘ၀က လွတ်ကင်းကြပါစေ.............”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကိုယ်ကိုတိုင်က တော်လွန်း၊ တက်လွန်း၊ သိလွန်း၍ ပြောနေခြင်း မဟုတ်ပါ။
ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရသမျှကို တက်နိုင်သလောက် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။
ကိုယ်တိုင်လဲ perfect ဖြစ်သူ မဟုတ်ပါ။ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါသည်။
လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တွေမို့ ကြိုက်သလို သဘောထား ကွဲလွဲခွင့်ရှိပါသည်။
စိတ်ကြိုက် ဝေဖန်ခွင့်ရှိပါသည်။ အဆင်ပြေသလို ဆင်ခြေပေးခွင့်ရှိပါသည်။
အပြုသဘောကိုဆောင်၍ ဒီပို့စ်လေးအား တင်ခြင်းဖြစ်ပါသဖြင့်....မိမိကိုယ်ကို
လိပ်ပြာသန့်ပါသည်။
တက်နိုင်သမျှ လက်ဆင့်ကမ်း ပြောပေးဖို့လဲ တိုက်တွန်းပါသည်။
မည်သို့ မှတ်ချက်မျိုးမှ မပေးသည့်တိုင်အောင် ဆုံးအောင်အထိ
ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။)

zawtk...

Saturday, November 14, 2009

မန်မာ အက္ခရာသုံး ဒိုမိန်း ထွက်ပြီ

ကိုရီးယားနိုင်ငံ ဆိုလ်း မြို့တွင် ကျင်းပ သော အင်တာနက် ဆိုင်ရာ အမည်နှင့် နံပါတ်များ ခွဲရေးအဖွဲ့ ၏ အောက်တိုဘာ ၂၆  ရက်မှ ၃၀ ရက်ထိ ကျင်းပခဲ့သော အစည်းဝေး က အတည် ပြု ပေးလိုက်သည့် မိခင် ဘာသာဖြင့်


ရေးသား နိုင်သော အင်တာနက် လိပ်စာများ (Uniform Resource Locator, previously Universal Resource Locator) တွင် ယူနီကုဒ်စံ သတ်မှတ်ချက်ကို လိုက်နာထားသည့် မြန်မာ အက္ခရာများကို စတင် သုံးစွဲနိုင်ပြီဟု မြန်မာစာ သုံး ဒိုမိန်းများ အတွက် ဝန်ဆောင်ပေးနေသည့် ကနောင် ဝဘ်ဒီဇိုင်း (http://kanaung.com) မှ အတည်ပြု ပြောဆိုခဲ့သည်။


ပထမဆုံး မြန်မာစာသုံး ဒိုမိန်း လိပ်စာ (Uniform Resource Locator, previously Universal Resource Locator) အဖြစ် ဧရာမြန်မာ ယူနီကုဒ် အင်တာနက် စာမျက်နှာ အတွက် http://www.ဧရာ.com ကို စတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တခြားသော စံများနှင့်လည်း ကိုက်ညီသည့် ဒိုမိန်း လိပ်စာများ အတွက်လည်း ဝယ်ယူ စုဆောင်း ထားကြောင်းလဲ သိရှိရသည်။


လက်ရှိ အခြေအနေတွင် ယူနီကုဒ် ဗားရှင်းများ အလိုက် သတ်မှတ်ထားသော စံကို လိုက်နာကျင်သုံး ထားသည့် မြန်မာ အက္ခရာများ နှင့် ယူနီကုဒ် စံ၏ တစိတ်တပိုင်းကို လိုက်နာထားသည့် de facto standard ဇော်ဂျီ စာလုံးများကြားတွင် မိမိအသုံးပြုမည့် လိပ်စာအား မည်သည့် standard၊ မည်သည့် de facto standard သုံး အက္ခရာဖြင့် ဝယ်ယူမည်ကို အဓိကထား စဉ်းစားရမည့် အချက်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲသူများ အနေဖြင့် အဆင်ပြေမည် ဖြစ်ကြောင်းသိရှိရသည်။


http://www.ဧရာ.com ကို မည်သည့် စာလုံး စံနစ်ဖြင့် ရေးသားထားသည် ဖြစ်ပါစေ အဆင်ပြေမည် ဖြစ်သော်လည်း၊ မဇ္စျိမ ဟူသော စကားလုံးအား de facto standard သုံး ဇော်ဂျီ ရေးသားပါက တမျိုးဖြစ်မည် ဖြစ်ပြီး၊ တခြားသော standard အတိုင်း ရေးသားပါက နောက်တမျိုးဖြစ်မည် ဖြစ်သောကြောင့် သုံးစွဲမည့်သူအတွက် များစွား အနှောင့်အယှက် ဖြစ်လာမည်သာ ဖြစ်သည်။


သို့အတွက် နိုင်ငံတကာ အသိအမှတ် ပြုထားသော စံအတိုင်း ရေးသားထားသော အက္ခရာ များကို သုံးစွဲလာပါက နောက်တွင် ပိုမို အဆင်ပြေ လာမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လောလောဆယ်တွင် မြန်မာ အက္ခရာများကို .com .net များဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း၊ .org အား ရောင်းချခြင်း မရှိသေးကြောင်း သိရှိရသည်။


လက်ရှိ အခြေအနေတွင် သုံးစွဲသူများ အနေဖြင့် http://www.ဧရာ.com ရိုက်ပြီး သွားရောက်နိုင်ပြီ ဖြစ်သော်လည်း၊ ဧရာမြန်မာ ယူနီကုဒ် စာမျက်နှာကို ရောက်သွားပါက http://www.xn--fjdxq.com/ သို့ ပြောင်းလဲသွားအောင် လုပ်ဆောင် ထားသည် ကို တွေ့ရှိရမည်။


xn--fjdxq ကို ဧရာ ဟု နည်းပညာအရ အသိအမှတ် ပြုထားပြန်သည် ကိုလည်း တွေ့ရှိရသည်။ ဆာဗာ ထိုင်ထားသည့် ဒိုမိန်းအမည် စံနစ် Domain Name System (DNS) အား မိခင် ဘာသာ စကားသုံး အက္ခရာများ ဖြစ်ရန်ကိုမှု ၂၀၁၀ စောင့်ဆိုင်းရန် လိုကြောင်း သိရှိရသည်။


Online Journal မှ တဆင့်ပြန်လည်ဖော်ပြခြာင်းဖြစ်သည်။


zawtk...

Thursday, November 12, 2009

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start blogging!

Wednesday, November 11, 2009

အတုခိုးသူ

**အတုခိုးသူ**


ပီတာလေးသည် ၄င်း၏အစ်ကိုအကြီးဆုံး လုပ်သည့်အတိုင်း အတုခိုးလုပ်လေ့ရှိသည်။ တစ်နေ့ အခန်းထဲ ထိုင်နေရင်း တစ်ဖက်အခန်းမှ အစ်ကိုကြီးအသံကို ကြားရသည်။ အစ်ကိုကြီးက ၄င်း၏သူငယ်ချင်းကို ပြောပြနေခြင်း ဖြစ်သည်။

"ငါ ကောင်မလေးကို မော်တော်ဆိုင်ကယ်ပေါ် တင်လိုက်ပြီး တောဘက်ကိုမောင်းသွားတယ်။ တောထဲ ရောက်တော့ သူ့ကိုနမ်းမယ် လုပ်တယ်။ "ဟင့်အင်း၊ ဟင့်အင်း" လို့ပြောပြီး ကောင်မလေး နောက်ကိုဆုတ်သွားတယ်။ ငါ မော်တော်ဆိုင်ကယ်ပေါ် တက်ထိုင်လိုက်ပြီး စက်ကိုနှိုးတယ်။ "ကောင်းပြီလေ၊ ဒါလေးတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီးပြန်ပေတော့" လို့ပြောပြီး ငါ မောင်းထွက်သွားတယ်"

နောက်တစ်နေ့တွင် ပီတာလေး စက်ဘီးစီးနေရင် အိမ်နီးချင်း နာတာရှာလေးကို တွေ့သည်။ စက်ဘီး နောက်ခုံပေါ် နာတာရှာလေးကို တင်ပြီး ပီတာလေး တောထဲဘက်နင်းသည်။ ရောက်သောအခါ ပီတာလေး ကောင်းမလေးကို မေးသည်။
" နာတာရှာ၊ ငါ နင့်ကို နမ်းချင်တယ်။ ရမလား"
" နမ်းလေ"
" အမ်—-ဒီလိုဆိုရင် ရော့ စက်ဘီးကိုယူသွား။ ငါ လမ်းလျှောက်ပြန်မယ်"





မင်းရဲ့ အတွေးအခေါ်ကိုကြိုက်တယ်.


ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။

ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.

ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။

""တော်လိုက်တာ….""


စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့

လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကို

ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။

"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"

"ဟုတ်ကဲပါဆရာ"

အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။

"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "

zawtk...

ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါ

တစ်ခါတုန်းက စီးပွားရေး လုပ်ငန်းရှင် တစ်စုနှင့် ခရစ်ယာန် ခင်ကြီးတစ်ပါးတို့ ဆုံကြရာတွင် ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ကြီးပွားအောင် ကြိုးစားလာကြသူတွေ အကြောင်း ဆွေးနွေးဖြစ်ကြသည်။

စီးပွားရေး လုပ်ငန်းရှင်များက သူတို့အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်း ဖြစ်ကြပါသည် ဟု ထုတ်ဖော်ပြောပြကြသည်။

ဤတွင် အိမ်ရှင်ဖြစ်သူက-

"အခု ဒီလူတွေအားလုံးထဲမှာ ခင်ကြီးက လွဲရင် အားလုံး ကိုယ့်အားကိုယ်ကိုး ကြီးပွားလာကြသူတွေချည်းပါပဲ"

ဟုပြောလိုက်သည်။ ထိုအခါ ခင်ကြီးက-

"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်ကတော့ ကိုယ့်အားကိုယ်ကိုးနည်းနဲ့ အောင်မြင်လာသူ မဟုတ်ပါဘူး"

ဟုပြန်ပြောလိုက်လေသည်။

တကယ်တော့ လောကတွင် သက်ရှိသက်မဲ့ အရာအားလုံးသည် ဒုက္ခ သုက္ခနှင့် အခက်အခဲ အနည်းနှင့် အများကို ကျော်လွှားကာ အနိမ့်ဆုံး အဆင့်မှ အမြင့်ဆုံးအဆင့်သို့ အနှေးနှင့် အမြန် တက်လာ ရောက်လာရသူချည်း ဖြစ်သည်။

ဤအရာသည်ကား လောကနိယာမ တရားကြီးပင်ဖြစ်သည်။

လူသားသည်လည်း ထိုသဘောအတိုင်းပင်။ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

လူသားသည် ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀၊ လူအိုဘ၀ ဟု တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့ရသည်။

ယင်းသို့ အဆင့်ဆင့် တက်လှမ်းလာရာတွင် သဘာဝက ပေးထားသော ရုပ်ဝတ္ထုများကို ပိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်ရင်းဖြင့် မိမိကိုယ်မိမိ လောကတွင် တန်ဖိုးရှိသော လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ဖန်တီးရသည်။

ဤသည်ပင်လျှင် လူသား၏ အဓိက ပြဿနာ ဖြစ်သည်၊ အဓိက လုပ်ငန်းဖြစ်သည်။ လူသားသည် ဤလုပ်ငန်းကို ဘ၀တစ်လျှောက်လုံး အမြဲမပြတ် လုပ်နေရသည်။

"လူတိုင်းရဲ့ ရည်မှန်းချက်ဟာ ဟန်ချက်ညီပြီး ပြည့်စုံ တည်မြဲတဲ့ အမြင့်ဆုံး တိုးတက်မှုကို ရဖို့ပဲဖြစ်တယ်"

ဟု ဂျာမန် သိပ္ပံပညာရှင်နှင့် သဘာဝတ္တပညာရှင်ကြီး ဟွမ်းဘော (၁၇၆၉-၁၈၅၉) က ပြောခဲ့ဖူးသည်။

သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကိုမသိကြ၊ ကိုယ့်ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အရည်အချင်းတွေ အများစုကိုသတိမပြုမိကြ။ လူနည်းစုကမူ ထိုအရည်အချင်းတွေကို သိတော့သိကြသည်၊ သို့သော် မဖော်ထုတ်လိုကြ။ ထို့ကြောင့်လည်း လောကတွင် လူများစုကြီးသည် တိုးတက်အောင်မြင်မှု မရှိကြခြင်းဖြစ်သည်။

ကိုယ်စွမ်းကိုယ်စကိုယုံပါ ဟုလူတွေကို တိုက်တွန်း၍ အလွန်လွယ်သည်။ သို့သော် ယုံအောင် လုပ်ဖို့ ကျတော့ အလွန်ခက်သည်။ ဤအလုပ်က သူများပြော၍မရ၊ သူများလုပ်ပေး၍ မဖြစ်။ ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ကိုယ်တိုင်လုပ်မှ ရသည်၊ ဖြစ်သည်။

ကိုယ့်စွမ်းကိုယ်စကို ရှာဖွေသိရှိခြင်း သည် လူ့ဘ၀ တိုးတက်ရေး တွင်အရေးအကြီးဆုံးသော ပထမဆုံး လုပ်ရပ်ဖြစ်သည်။ "ကြီးပွားတိုးတက်လိုသူသည် ငါ့မှာ လာအရည်အချင်းတွေ ရှိသလဲ၊ ဘာကိုယ်စွမ်းကိုယ်စတွေ ရှိသလဲ" ဟု ကိုယ့်ကိုယ်ကို ရှာဖွေ ဆန်းစစ်ရသည်၊ စာရင်းကောက်ရသည်။

လူတိုင်းတွင် အစွမ်းအစတွေ၊ အရည်အချင်းတွေ ရှိကြရာတွင် နည်းပါးချင် နည်းပါးပါမည်၊ များပြားချင် များပြားမည်၊ သေးငယ်ချင်လည်းသေးငယ်မည်၊ ကြီးကျယ်ချင်လဲ ကြီးကျယ်မည်။ နည်းပါး၍ သေးငယ် သော်လည်း အကြောင်းမဟုတ်။ ကြိုးစားဖြည့်ဆည်းလျှင် တိုးပွားလာနိုင်သည်၊ အများကြီး ဖြစ်လာနိုင်သည်။

ဤသည်ပင်လျှင် ကျွန်ုပ်တို့၏ အဓိကအလုပ် ဖြစ်သည်။ လူသားသည် ဤလောကသို့ ရောက်လာသည်မှာ သဘာဝက ပေးသော အရည်အချင်းများကို တိုးပွားအောင် လုပ်ရန် လာခြင်းဖြစ်သည်.

တကယ်ဆိုလျှင် စစ်မှန်သော ပညာဆည်းပူးခြင်းဆိုသည်မှာ မိမိကိုယ်မိမိ စိတ်အားထက်သန်စွာ လေ့လာ ဆန်းစစ်ကာ လိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းခြင်းပင်ဖြစ်သည်။

မိမိ၏ ကိုယ်စွမ်းကိုယ်စကို အစဉ်တစိုက် ကြိုးစားဖော်ထုတ်နိုင်သူအတွက် လောကတွင် မဖြစ်နိုင် ဟူသော အရာ မရှိနိုင်ပါချေ။

ကိုယ်စွမ်းကိုယ်စကိုဖော်ထုတ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ကြီးပွားရေးတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေသည်။ ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်သူအဖို့ ကြိုးစားမှုတိုင်းသည် တိုးတက်မှုရှိသည်။ ဤနည်းဖြင့် သူ့ကိုယ်သူ ပို၍ပို၍ တိုးတက်အောင် လုပ်ဆောင်သွားသည်။

သို့သော် လူငယ်တစ်ယောက်သည် ဗီဇအားဖြင့် ဘယ်လောက်တော်သည်၊ ဘယ်လောက် အရည်အချင်းရှိသည် ဟူသော အချက်မှာအဓိက မဟုတ်။ ထိုအရည်အချင်းသည် ဘာမှမလုပ်ပဲပစ်ထားလျှင် ဘာမှ မဖြစ်နိုင်။

ရွှေတွင်းများမှ ရွှေရရန် မြေကြီးတွေ အများကြီးကို ဖြိုရသည်။ တူးရသည်။ လူတွေက ချွေးထွက်သံယို ပင်ပန်းခံ၍ အကြာကြီးတူးဆွ ရှာဖွေရသည်။ ထို့အတူ လူတစ်ယောက်၏ အတွင်းသန္တာန်တွင် ငုပ်နေ၊ မြုပ်နေသည့် ကိုယ်စွမ်းကိုယ်စနှင့် အရည်အသွေးကိုလည်း တကူးတက ရှာဖွေ ဖော်ထုတ်မှသာလျှင် တိုးတက်ကြီးပွားနိုင်သည်၊ အောင်မြင်နိုင်သည်။

သို့သော်လည်း လူများစုသည် ကိုယ်စွမ်းကိုယ်စကို မဖော်ထုတ်ပဲ "လူ့ဘ၀မှာ လုပ်တိုင်းဖြစ်တာ မဟုတ်ပါဘူး၊ လူတိုင်း လူတိုင်း သူ့ကံနဲ့ သူ လာကြသူတွေပါ" ဟူ၍ တွေးတတ်ကြတာကတော့ တော်တော် ၀မ်းနည်းစရာ ကောင်းပါသည်။

သူတို့က "လူ့ဘ၀ဆိုတာ ဖြစ်ချင်ရင် သူ့ဟာသူ ဖြစ်လာမှာပါ" ဟု ခံယူကြသည်။ သူတို့ ခံယူသလို သူ့ဟာသူသာ ဖြစ်လာမည်ဆိုလျှင် လောကမှာ ပင်ပန်းခံပြီး ဘာလုပ်နေစရာ လိုသေးသနည်း။

တကယ်တော့ ထိုအယူအဆသည် ကိုယ့်ဘ၀ကို ကိုယ်သတ်သော အယူအဆသာဖြစ်သည်။ ကိုယ်စွမ်းကိုယ်စ တုံးသူတို့၏ အတွေးအမြင်သာ ဖြစ်သည်။

မှန်ပါသည်။ လောကတွင် အချို့လူများက ရွှေဇွန်းကိုက်၍ မွေးလာကြသလို၊ အချို့လူများက သစ်သားဇွန်းကိုက်၍ မွေးလာကြသည်။ သို့သော်လည်း မည်သူမျှ တစ်ချက်လွှတ် အာဏာရှင် ကံကြမ္မာ၏ ရုပ်သေးရုပ်မဟုတ်ကြချေ။ လူတစ်ယောက်သည် ဘယ်လောက်ပင် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပင် ချို့တဲ့ ချို့တဲ့၊ သူတွင် သူ့ကံကြမ္မာကို သူဖန်တီးနိုင်သော စွမ်းအားတွေရှိနေသည်။

မည်သူမဆို မှန်ကန်သောအားထုတ်လျှင် ကံကြမ္မာ၏ သားကောင်မဖြစ်ပဲ ကံကြမ္မာ၏ သခင်ဖြစ်နိုင်သည်။

"လူတစ်ယောက်သည် ပြင်ပအကူအညီ အားလုံး ကင်းရှင်းပြီး ကိုယ့်ခြေထောက်ကိုယ်ရပ်နိုင်မှ သာလျှင် စွမ်းအားရှိသူ၊ အောင်မြင်သူဟူ၍ ကျွန်တော်ယူဆသည်" ဟု အမေရိကန် ပညာရှင်ကြီး အီမာဆင် (၁၈၀၃-၁၈၈၂) က ဆိုခဲ့၏။

ထိုစကားသည် အလွန်မှန်သည်။ ထိုစကားသည် အခက်အခဲများကို ကျော်လွှား၍ အောင်ပွဲခံနိုင်သူတို့၏ အောင်မြင်ရေး လျှို့ဝှက်ချင်ပင်ဖြစ်သည်။

လူတစ်ယောက်သည် မိမိ၏ မွေးရာပါ စွမ်းရည်များကို သိမြင်ကာ အောင်မြင်မှုပန်းတိုင်သို့ ချီတက်လျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာသည်။ အားနည်းခြင်း၊ သူရဲဘောကြောင်ခြင်း၊ ထုံထိုင်းခြင်းတို့ကို မောင်းထုတ်လာနိုင်မည်။

သို့သော်လည်း ကိုယ့်အားကိုယ်ကိုး ကြီးပွားတိုးတက်အောင် လုပ်ခြင်းသည် လွယ်ကူသော အလုပ်တော့ မဟုတ်။ အပင်ပန်းခံရသည်၊ ဇွဲရှိရသည်၊ စွန့်လွှတ်ရသည်။ လူ့ဘ၀သည် ရွှံ့နှင့်တည်ဆောက်ထားခြင်းမဟုတ်၊ သံနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကိုလိုချင်သော ပုံစံကို ရအောင် မှန်မှန်ထုယူရသည်၊ ပြင်းပြင်းထုယူရသည်။

ကျွန်ုပ်တို့အားလုံးပင် အမြင့်ဆုံးအဆင့်ကို ရလိုကြသည်။ သို့သော် ထိုအဆင့်နှင့် ထိုက်တန်သော တန်ဖိုး သို့မဟုတ် အရင်းအနှီးကို ကျွန်ုပ်တို့ ဘယ်လောက်အထိ ပေးနိုင်ကြပါသနည်း။ ထိုအဆင့်နှင့် ထိုက်တန်သော ကိုယ်စွမ်းကိုယ်စကို ဘယ်အတိုင်းအတာအထိ ဖော်ထုတ်နိုင်ကြပါသနည်း။ ဦးနှောက်၊ နှလုံးသား၊ စေတနာနှင့် ကာယစွမ်းအားတို့ကို မည်မျှအထိ အသုံးချ နိုင်ကြပါသနည်း။

အကောင်းဆုံး၊ အလှဆုံး ပန်းဥယာဉ်ကြီးကို လိုချင်လျှင် ပထမဦးစွာ ပင်ပန်းခံ၍ ပေါင်းရှင်းရသည်၊ မြေဆွရသည်၊ စိုက်ပျိုးရသည်၊ မြေတောင်မြှောက်ရသည်၊ ရေလောင်းရသည်။

လောကတွင် လူတိုင်းလူတိုင်း သူ့အခြေအနေ၊ သူ့အဆင့်အတန်း အလိုက် အသိပညာ၊ အတတ်ပညာ အနည်းနှင့်အများ ရှိကြသည်ချည်းဖြစ်သည်။ အချို့တွင် ကျောင်းသင်ပညာ ရှိကြသည်။အချို့မှာ ဘ၀အတွေ့အကြုံပညာ ရှိကြသည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ အတတ်ပညာ၊ အသိပညာ အဆင့်အတန်းအလျောက် အလုပ်အကိုင် အမျိုးမျိုးကို မျှော်မှန်းကြသည်၊ ရချင်ကြသည်။

သို့သော် ထိုအလုပ်ကို ရနိုင်လောက်သော အားထုတ်မှု၊ စွဲမြဲမှု၊ စွန့်လွှတ်မှုမျိုးကား လူတိုင်းတွင်မရှိကြ။

တစ်ခါတုန်းက ပြင်သစ်နိုင်ငံတွင် ဘောလဇက် အမည်ရှိ လူငယ်တစ်ယောက်သည် စာရေးဆရာ အလွန်ဖြစ်ချင်သည်။ သို့သော် သူ့ဖခင်ကဖျက်သည်။

"စာရေးဆရာလုပ်ရင် မင်းဘုရင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတောင်းစားဖြစ်လိမ့်မယ်"

ဟု ဖခင်ဖြစ်သူက ဆိုသည်။ ထိုအခါ ဘောလဇက်က အလျှော့မပေးဘဲ-

"ကျွန်တော်ဘုရင်ဖြစ်အောင် ကြိုးစားမယ်"

ဟုပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

သို့ဖြင့် မိဘများက သားဖြစ်သူအား ဘယ်လိုမှ တား၍ မရတော့သည့်အဆုံး သူလုပ်ချင်ရာ လုပ်ပါစေတော့ ဟူ၍ လွှတ်ပေး လိုက်ရတော့သည်။

ဘောလဇက်သည် စာပေလောကသို့ ခြေစုံပစ်ဝင်လိုက်ပြီး ဆယ်နှစ်လုံးလုံး မအိပ်မနေ ကြိုးစားသည်။ အငတ်ငတ် အပြတ်ပြတ်ဖြင့် အလွန် ဆင်းရဲ ဒုက္ခ ရောက်ရသည်။

သို့သော် သူသည် နောက်ကို ပြန်မလှည့်၊ ရှေ့ကိုသာ ဆက်သွားသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း မဆုတ်မနစ် အားစိုက် လုပ်ဆောင်သည်။ ဤသည်မှာ သူသည် သူဖြစ်ချင်သော လုပ်ငန်းအတွက် တန်ရာတန်ဖိုးကို ပေးခြင်းပင်ဖြစ်သည်။

သို့ကြောင့်လည်း နောက်ဆုံးတစ်နေ့တွင် သူသည် ကမ္ဘာကျော်စာရေးဆရာကြီးအဖြစ် ကမ္ဘာ့ဂန္ထ၀င်တွင် မော်ကွန်းတင် ခံခဲ့ရလေသည်။

ယနေ့ ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေ မနုပညာစသော လုပ်ငန်းအသီးသီးတွင် ထိပ်တန်း ရောက်နေသူများသည် ဘောလဇက်ကဲ့သို့သော လူစားမျိုးတွေချည်းပင်ဖြစ်သည်။

သူတို့သည် သူတို့လိုချင်သော ပစ္စည်းကို အလကားမယူကြ။ အလကားယူ၍ မရနိုင်သည်ကိုလည်း သူတို့သိကြသည်။ ထို့ကြောင့် တန်ရာတန်ဖိုးကို ပေး၍သာ ရယူကြသည်။

ဤသဘောတရားသည် လူတိုင်းအတွက် မှန်ကန်သည်။ အောင်မြင်မှုကို ကိုယ်စွမ်းကိုယ်စဖြင့်သာ ရနိုင်သည်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားခြင်းဖြင့်သာ ရနိုင်သည်။

အောင်မြင်မှုကို လက်ဆောင်ပေး၍ မရ၊ အမွေပေး၍ မရ။ ကိုယ်တိုင်လုပ်မှရသည်။ အောင်မြင်မှု၏ တန်ဖိုးသည် ပင်ပန်းခံ၍ အစဉ်တစိုက် ကြိုးစားလုပ်ကိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် လောကတွင် မိမိဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ၊ မိမိ၏ ကိုယ်စွမ်း ဥာဏ်စွမ်းကို ထိုအရာ အတွက်သာ မြှုပ်နှံ အသုံးချပါ။ ဘယ်လို အခက်အခဲကိုမဆို ကျော်ဖြတ်၍ အောင်ပန်းဆွတ်နိုင်မည်သာတည်း။

zawtk...

Tuesday, November 10, 2009

လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ

ဒီဆောင်းပါးလေးကို.. ကျွန်တော်ဖတ်ကြည့်မိတဲ့အခါမှာ. အခုခေတ် မှာ. အင်တာနက်သုံးနေကြတဲ့. လူငယ်တွေ တော်တော်များများအနေနဲ့ သိသင့်တယ်ထင်လို့. ကျွန်တော် ဒီဆောင်းပါး လေး ကို. တဆင့် ပြန်လည် မျှဝေ လိုက်ခြင်း ဖြစ်ပါတယ်....


ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။

(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။

(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်

အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။

(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။

(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။

(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။

(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။

(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ

လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။

လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။

လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။

လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။

ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။

ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။

အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။

ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး

ချင်းတွင်းမဂ္ဂဇင်း

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ

zawtk...

Saturday, November 7, 2009

ပြန်ချထားခဲ့ပါ

ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …


ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..

ပြသာနာများရှိခဲ့လျှင် အားလုံးကိုတဖြည်းဖြည်းချင်း အောင်မြင်စွာဖြေရှင်းနိုင်ပါစေ...

zawtk...

ဘီလ်ဂိတ် ရဲ့စကား

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

စဉ်းစားစရာလေး ၁ ခုလောက်တော့ ကျန်ခဲ့မယ်ထင်ပါတယ်.. ..သူငယ်ချင်းတွေ အားလုံး
ပျော်ရွှင်ပါစေ..

zawtk...

အခြေအနေဘယ်လိုရှိလဲ

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."

zawtk...

ချစ်သောဇနီး

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့
သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး
အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။
အဲဒီအချိန် ....
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ
ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။
နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့
အားပေးစကားလေးတွေ
ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး
လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက
သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့
ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း
မနက်ဖြန်လာရင်
အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင်
မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....

fwdmail..



zawtk..

စုစီးမှုလေးတွေ

မှန်သလားလို့ပါ


သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက်
ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့်
ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ
မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`
တဲ့။´´


မြိုမကျဘူး


စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး လူနာတစ်ယောက်ကိုမေးသည်။
``ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။´´
``လိပ်ခေါင်းရောဂါပါ။´´
``အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´
``စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ လောင်းချပါတယ်။´´
``မကျေနပ်တာ ရှိလား။´´
``မရှိပါဘူး၊အားလုံးကောင်းပါတယ်။´´
ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက မေးပြန်သည်။
``မိတ်ဆွေကကေရာ ဘာရောဂါနဲ့ ဆေးရုံတက် ကုသနေတာလဲ။´´
``လည်ချောင်းနာတဲ့ရောဂါပါ။´´
``အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´
``အာခေါင်ထဲကို ပိုက်သွင်းပြီးဆေးတွေ လောင်းချပါတယ်။´´
``မကျေနပ်တာ ရှိလား။´´
``တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ပိုက်သွင်းကုတဲ့ ဥစ္စာ ကျွန်တော့ဆီက
စစေချင်ပါတယ်။´´


ကိုက်မထားနဲ့လေ


သွားကုခန်းတွင်ဖြစ်သည်။
အမေဖြစ်သူက ၎င်း၏သားငယ်ကိုပြောသည်။
``သားက လိမ္မာပါတယ်နော်၊ပါးစပ်ကို ဟလိုက်ပါကွယ်။အန်ကယ်ဒေါက်တာကို သူ့လက်ညှိုး
ဆွဲထုတ်ခွင့် ပြုလိုက်ပါကွယ်။´´


မလိုတော့ဘူး


အမျိုးသားနှင့် အမျိုးသမီးတို့ အသိမိတ်ဆွေ ဖြစ်ပြီး ညတစ်ညလုံး အတူတူ
အချိန်ဖြုန်းလိုက်ကြသည်။
နောက်တစ်နေ့ မနက်တွင် အမျိုးသမီးက မေးသည်။
``ရှင့်မှာ AIDS ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်ရှိလား။´´
``ရှိတယ် ဘာဖြစ်လို့မေးတာလဲ။´´
``သြော်....လွှင့်ပစ်ချင်ရင် လွှင့်ပစ်လို့ ရတယ်လို့ ပြောမလို့ပါ။´´


ရဲဆေး


လူနာသည် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးတုန်နေသည်။ဆရာဝန်က
လူနာကို အရက်အနည်းငယ် တိုက်လိုက်သည်။ထို့နောက် ဆရာဝန်ကမေးသည်။
``ဘယ့်နှယ့်လဲ၊ရဲစိတ်ရဲမာန်တွေ ၀င်လာပြီမဟုတ်လားဗျ။´´
``ဟုတ်တယ် အခု ကျုပ်သွားကို လာထိရဲတဲ့ ကောင် ထိကြည့်စမ်း၊
အကြောင်းသိသွားစေရမယ်..ဟင်း´´


ထပ်ယူမယ်


အမေဖြစ်သူကမေးသည်။
``ကိတ်မုန့်ကို ဘယ်သူစားလိုက်သလဲ။´´
သမီးငယ်က ကြောက်လန့်တကြားဖြေသည်။
``မသိဘူး မေမေ။´´
``ထပ်စား ချင်သေးလား။´´
``ဟုတ်ကဲ့။´´


အပေါင်းအသင်းကောင်းသူ


``သူ့မှာ ရန်သူလုံးဝ မရှိဘူး၊ဒါပေမယ့် သူ့ရဲ့ မိတ်ဆွေတွေထဲက
သူ့ကိုကြည့်လို့ရတဲ့သူ တစ်ယေက် မှ မရှိဘူး။´´


သတင်းကောင်း
လူရွှင်တော်မင်းသားတစ်ဦးသည် အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန် မည်သည့်
ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့
ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့် ကားရိုက်ရန် စာချုပ်
ချုပ်လိုက်ပြီဖြစ်ကြောင်း၊
မနက်ဇြန်တွင် နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်သူအားပြောသည်။
``သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ ကြေးနန်းနဲ့
အကြောင်းကြားမယ်ကွ။´´
ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာ
လာပို့သည်။မင်းသားသည် မျက်နှာ
အပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။မိန်းမက
တိုက်တွန်းသည်။
``ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´
လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့် ကြေးနန်းစာကို
မင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာ
ရွှေလမင်း လိုဝင်းလက်လာသည်။ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။
``ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက မင်းအမေ


သေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´


ရောက်ရင်တွေ့မယ်


အရက်သမားတစ်ယောက် အငှားကားကို တက်စီးသည်။ကားဆရာကို
အာလေးလျှာလေးနဲ့ပြောသည်။ ``ကား--ဆရာ၊ကျုပ်ကို----တောင်ဥက္ကလာပ
၈-ရပ်ကွက်ကို-------လိုက်ပို့စမ်းပါဗျာ။´´ ``အိမ်နံပါတ် ဘယ်လောက်လဲ။´´
``ဟိုရောက်တော့---မင်းဟာမင်း---တွေ့---ပါလိမ့်မယ်ကွ။´´


ခက်ခဲတဲ့ ပုစ္ဆာ


ကိုချူချာ ဘူမိဗေဒသမားကိုမေးသည်။
``ကျွန်တော့်လက်ထဲမှာ ငါးဘယ်နှစ်ကောင်ရှိတယ် ဆိုတာပြောနိုင်ရင်
နှစ်ကောင် စလုံးကိုပေးမယ်။´´
``နှစ်ကောင်။´´
``ခင်ဗျား အကြားအမြင်ရတဲ့ လူထင်တယ်၊မှန်တယ်ဗျ ရော့...ယူ။´´


ယောကျာ်းတို့စေတနာ


သားငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ အပြည့်ပါသည့်ဈေးခြင်းကို အနိုင် နိုင်
ဆွဲကြာ့ပန်ရောက်လာသည့် ဇနီးသည်ကိုကြည့်ကာ ယောကျာ်းဖြစ်သူကပြောသည်။
``မင်း အသက်အရွယ်နဲ့ ဒီလိုအလေးအပင် ဆွဲနေတာကို ငါမကြည့်နိုင်ဘူးမိန်းမရေ၊
ဒီနေ့က စပြီးရပ် လိုက်ဖို့လိုပြီ။´´
``ရှင်က ဘယ်လို အကြံပေးချင် လို့လဲ။´´
``ဈေးကို နှစ်ခေါက်သွား။´´

ရယ်မောခြင်းသည် အသက်ရှည်၏...

A to Z Love

၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် 'ချစ်တယ်' အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။




အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ

(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..

(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ

(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော

(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်

မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့

(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး

(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ

(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး

(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု

(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့

(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့

(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။

မေရယ် .......။

(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။

ကိုယ်ဟာ မေ့အပေါ်

(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ

(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့

(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။

ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ

(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး

(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို

(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်

(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။

သည်စာကို ပင်လယ်က

(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့

(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ

(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။

အဲ ....... တစ်ခုတော့ ရှိတယ်။

ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်

(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း

(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

fwdmail..

zawtk...

Wednesday, November 4, 2009

မွန်မြတ်သောအလှူ

ခေတ်မှီစက်ကလေးထဲမှ လျှင်မြန်စွာ လည်နေသော ဖန်ပုလင်းရှည်လေးကိုကြည့်ရင်း
ကျွန်တော့ရင်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သိပ်မကြာခင်မှာပဲ
စက်ထဲမှ ပုလင်းရှည်လေးကိုထုတ်ကာ အထဲမှ အရည်ကြည်လေးများကို
စက္ကူချောင်းလေးများပေါ်သို့ တစ်စက်ခြင်းချလိုက်တာကို တွေ့လိုက်ရသည်။
ပုလင်းရှည်လေးအတွင်းမှ အရည်ကြည်လေးများ စက္ကူချောင်းလေးထဲသို့
အစိမ့်စိမ့်စီးဆင်းနေသလို
ကျွန်တော့်နှလုံးသားမှာလည်း တဆတ်ဆတ်ခုန်လျှက်ရှိသည်။ စိတ်ထဲတွင်လည်း
လွန်စွာမှ လေးလံလှသော အရာတစ်ခုကို တနင့်တပိုးထမ်းထားရသကဲ့သို့
ခံစားနေရသည်။ တစ်စက္ကန့်…. နှစ်စက္ကန့်….  သုံးစက္ကန့်….။
ရင်ခုန်သံများကလည်း တဒိုင်းဒိုင်းနှင့်။

—————————–

“ A သွေးတစ်လုံးလိုတယ်… အခုချက်ချင်းရမှဖြစ်မယ်…လူနာက အရမ်းကို အရေးကြီးနေတာ”
ဆိုသော အသံကို ဆိုင်ကယ်ပေါ်ထိုင်နေသော ကျွန်တော်နားစွန်နားဖျား
ကြားလိုက်မိသည်။ ဆေးရုံ ဆိုင်ကယ်တက္ကစီဂိတ်လေးမှ အမြဲခရီးသည် စောင့်
လေ့ရှိသော  ကျွန်တော်တို့ တက္ကစီသမားများအဖို့တော့  ထိုစကားများမှာ
မကြာခဏဆိုသလို ကြားနေရလေ့ရှိသည်။
“ A သွေးဆိုပါလား”
ကျွန်တော်နုတ်ဖျားမှ ရေရွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော့်သွေးအမျိုးအစားမှာ A သွေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်


“ လူနာက အရမ်းအရေးကြီးနေသည်တဲ့… လိုနေတဲ့သွေးကလည်း A ငါလှူလို့ရသားပဲ…
ငါလှူလိုက်ရင်ကောင်းမလား ”
“ အာ… ငါသွေးလှူနေရင် ခရီးသည်တွေ လွတ်ကုန်မှာပေါ့… ပြီးတော့
ငါ့စီနီယာကလည်း နံပါတ်တစ် ရောက်နေပြီ.. ဒီတစ်ခါ ခရီးသည်လာတာနဲ့
ငါ့အလှည့်.. ငါထွက်ရတော့မှာ”
“ ခရီးသည်လာလည်း ဘာဖြစ်လဲကွာ…ဟိုမှာက အသည်းအသန်ဖြစ်နေတာ..
တကယ်လိုအပ်နေတဲ့ အချိန်မှာ လှူရမယ့်သွေးအတွက် ဘယ်လောက်
ကုသိုလ်ရလိုက်မလဲ”
“ တော်ကြာ တစ်ကြောင်းထဲနဲ့ ၁၅၀၀ တို့ ၂၀၀၀ တို့ရမယ့်
အချီကြီးခရီးသည်လာရင် ဘယ်လိုလုပ်မလဲ”
“ ဒါပေမယ့်ကွာ… အဲလောက်ပိုက်ဆံက
ပြန်ရှာလို့ရပါတယ်လေ..လူ့အသက်တစ်ချောင်းကို ကယ်ဖို့က ပိုအရေးကြီးတယ်…”
ကျွန်တော့်စိတ်ထဲမှ သွေးလှူဖို့နဲ့ မလှူဖို့ကို လွန်စွာလျှင်မြန်လှသော
စိတ်အဟုန်ဖြင့် ဆွဲနေသော လွန်ဖြစ်သည်။

“ ကျွန်တော်လှူမယ်ဗျာ”
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ပြီး လူနာရှင်ကိုကျွန်တော်ပြောလိုက်သည်။
“ ငါ့ညီက A သွေးလား”
“ ဟုတ် ကျွန်တော် A သွေးပါ”

“ ဒါဆို အဆင်ပြေတယ်ကွာ… လာ”

ကျွန်တော်သူခေါ်ရာနောက်သို့လိုက်လာရင်း တစ်ခါမှ သွေးမလှူဖူးသောကျွန်တော်
တကယ့်တကယ် သွေးလှူရတော့မည် ဆိုတော့ အတော် စိတ်လှုပ်ရှားနေမိသည်။
သွေးစစ်ခန်းထဲကိုရောက်တော့ ကျွန်တော့်သွေး အနည်းငယ်ကို ယူကာ
ပုလင်းရှည်လေးထဲသို့ထည့်သည်။ နောက် ထိုပုလင်းရှည်လေးကို စက်အတွင်းသို့
ထည့်လိုက်သည်။

—————————-

“ ကဲ..ငါ့ညီလာ မင်းသွေးလှူလို့ရပြီ… မင်းရဲ့သွေးကို အကုန်စစ်ပြီးပြီ
အားလုံးကောင်းတယ်…”
ဆိုတော့မှပင် ကျွန်တော့်ရင်ထဲမှာ အတော်လေးပေါ့ပါးလန်းဆန်းသွားမိသည်။
နောက် ခုတင်တစ်လုံးပေါ်တွင် အိပ်ခိုင်းသည်။
“ အပ်ထိုးမယ်နော်.. ခဏလေးတော့ နာမယ်”
ဆစ်ကနဲ ခံစားမှုနှင့်အတူ ပီတိတစ်ခု ကျွန်တော့်ရင်ထဲသို့
ကိန်းဝပ်လာခဲ့သည်။ သွေးထုတ်အပြီးတွင် တစ်ကိုယ်လုံး ပေါ့ပါးသွားလို လူလည်း
အတော်ပင်လန်းဆန်းသွားသည်။ သွေးလှူဘဏ်မှ ပေးသော သွေးလှူရှင်ကတ်လေးကို
ကိုင်ကာကျွန်တော့်သွေးကို အလှူခံသော လူနာကိုသွားကြည့်သည်။
ကျွန်တော့်သွေးကို သွင်းနေသော လူနာကလေးငယ်လေးကို ကျွန်တော်ကြည့်ရင်း
ရင်ထဲမှာလည်း ဖော်မပြတတ်သော
ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဂိတ်ပြန်ရောက်တော့
“ မင်းသွေးသွားလှူနေတုန်း ခရီးသည်လာလို့
နံပါတ်နှစ်ကတစ်ယောက်လိုက်သွားတယ်…၁၀၀၀ တန်ခရီး ” လို့ ဂိတ်က
အစ်ကိုကြီးကပြောတော့ ကျွန်တော်ဝမ်းမနည်းမိပါ။ ထိုပိုက်ဆံ တစ်ထောင်အစား
တန်ဖိုးရှိသော အလှူတစ်ခုကို ပြုလိုက်ရသည့်အတွက် ကိုယ့်ကိုယ်ကိုလည်း
ကျေနပ်အားရမိသည်။

“ အမေရေ.. ဒီနေ့သားပထမဆုံး အကြိမ်သွေးလှူခဲ့တယ်.. ဒီမှာ”
ဆိုပြီး ကျွန်တော်က သွေးလှူရှင်ကတ်လေးကိုပြတော့ အမေက
“ နင်က သွေးလှူခဲ့တယ် .. နင်က အရက်ကလည်း သောက်သေးတယ် ဆေးလိပ်လည်း
မလွတ်ဘူး… နင့်သွေးကို ရတဲ့လူတော့ ”
လို့ ကျွန်တော့်ကို စသည်။ နောက်မှ အမေက
“ ငါ့သား သွေးလှူခဲ့တယ်ဆိုတော့ အေပိုး၊ ဘီပိုး၊ စီးပိုး တွေကင်းတာပေါ့.. ”
“ ဟုတ်တယ်အမေ.. အကုန်လုံးစစ်ပြီး အောင်မှ လှူလို့ရတာလေ”
“ အေး..အမေက စိုးရိမ်နေတာ သားရဲ့.. အမေက စီပိုးရှိတယ်ဆိုတော့
ငါ့သားတွေကိုလည်း စီပိုးရှိနေမှာစိုးတာ.. ခုလို မရှိဘူးဆိုတော့
ကောင်းတာပေါ့ သားရယ်.. နောက် သွေးလှူတယ်ဆိုတာ အလွန်  မွန်မြတ်တဲ့
အလှူတစ်ခုပဲသားရဲ့   … ကိုယ့်ရဲ့ အသွေး နဲ့ အသား ဆိုတဲ့ ထဲက
အသွေးကိုလှူတဲ့ အလှူ ၊ ကိုယ့်သွေးသားကိုတောင် လှူတဲ့အလှူဆိုတော့
စဉ်းစားကြည့်လေသားရဲ့    .. ပစ္စည်းဥစ္စာတွေ လှူတဲ့ အလှူထက်
အများကြီးမြတ်တယ်သားရဲ့ … နောက် သွေးလှူမယ်ဆိုတော့ သွေးတွေစစ်ရတယ်..
အဲဒီတော့ ကိုယ်ရဲ့ ကျန်းမာရေးအတွက်လည်း စစ်ပြီးသားဖြစ်သွားတယ်…
ခန္ဓာကိုယ်ထဲက သွေးတစ်ပုလင်း ထုတ်လိုက်တဲ့ အတွက် အဲဒီသွေးတစ်ပုလင်းစာ
ကိုယ်ထဲမှာ အသစ်ပြန်ဖြစ်တယ်လေ…   သွေးသစ်လောင်းတာဆိုတော့
ကျန်းမာတာပေါ့ကွယ်… ပြီးတော့ သွေးလှူနေတဲ့ လူတစ်ယောက်ဟာ အကြီးအကျယ်
သွေးထွက်သံယိုမှုတွေဆိုတာ ဖြစ်ခဲတယ်သားရဲ့… သားလှူခဲ့တဲ့ သွေးအတွက် အမေ
သာဓုခေါ်ပါတယ်သားရယ်…”
ဆိုပြီး အမေပြောပြတော့မှပင် သွေးလှူခြင်း အကျိုးတွေကို
ကျွန်တော်ပိုသိခဲ့ရသည်။ ပိုပြီးလည်း ၀မ်းသာပီတိဖြစ်မိသည်။

——————————

“ ဟယ်လို .. ကိုမောင်မောင် ရှိပါသလား”
“ ဟုတ်ကဲ့ ပြောနေပါတယ်”
“ ရင်ခုန်သံ သွေးလှူအသင်းကပါ.. လာမယ့် ၆ လပိုင်း ၆ ရက်နေ့ စနေနေ့မှာ
သွေးလှူပွဲရှိတယ်ဆိုတာ အကြောင်းကြားပေးတာပါရှင် ”

——————————-

နံပါတ် ၅ သို့ ရောက်ပြီဖြစ်သော ကျွန်တော့်သွေးလှူကတ်လေးကို ကိုင်ပြီး
လက်မောင်းမှ သွေးထုတ်ထားသော နေရာသို့ တစ်ချက်ကြည့်မိသည်။ ဒီနှစ်
သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့
ကျွန်တော့်အမေသာရှိနေဦးမယ်ဆိုရင် ဘာပြောဦးမည် မသိ………။

အချစ်မဲ့ဂစ်တာ


fwdmail...

zawtk...

ပထမ နှင့် ဒုတိယ ဆိုင်းဘုတ်

ဒီပုံပြင်လေး ကို ဖတ်လိုက်ရတော့ တခြား သူငယ်ချင်းတွေကိုလည်း တဆင့်ပြန်လည်မျှဝေ ပေးချင်တာနဲ့  ပြန်လည်မျှဝေပေးလိုက်တာပါ..

ခေါင်းစဉ်ကိုတော့ ဘာမှ တက်မထားတော့ ဘာတက်ရမှန်း မသိတာနဲ့ပဲ..စဉ်းစားလို့ရတာက. ပထမ နှင့် ဒုတိယ ဆိုင်းဘုတ် လို့ပဲ.. ပေးလိုက်တာနော်..

အဆောက်အဦးတစ်ခုရှေ့မှာ မျက်မမြင်ကောင်လေးတစ်ယောက် ဦးထုပ်တစ်လုံးကို
ခြေထောက်နားချထားပြီး ထိုင်နေတယ်။
“ကျွန်တော်မျက်မမြင်တစ်ယောက်ပါ.
.ကျေးဇူးပြုပြီး ကူညီကြပါ.” ဆိုတဲ့
ဆိုင်းဘုတ်လေးချပြီးတော့ပေါ့။ ဦးထုပ်ထဲမှာတော့ အကြွေစေ့လေးအနည်းငယ်ပဲ
တွေ့ရတယ်။

ဒီအချိန်မှာပဲ လူတစ်ယောက် အဲဒီကောင်လေးအနားဖြတ်လျှောက်လာတယ်။
သူ့အိတ်ထောင်ထဲက အကြွေစေ့ အနည်းငယ် ထုတ်ပြီး ကောင်လေးရဲ့ ဦးထုပ်ထဲ
ပစ်ထည့်လိုက်တယ်။ ပြီးတော့.. ပတ်ဝန်းကျင်ကို
တစ်ချက်ဝေ့၀ိုက်ကြည့်လိုက်ပြီး.. ကောင်လေးထောင်ထားတဲ့ ဆိုင်းဘုတ်လေးကို
ကောက်ယူလိုက်ပြီး.. စာအနည်းငယ်ကို နောက်ကျောမှာရေးလိုက်တယ်။ ပြီးတော့
လူတိုင်းမြင်နိုင်မဲ့ ဘက်ကို သူရေးထားတဲ့စာလေးမြင်သာအောင်
ဆိုင်းဘုတ်လေးကိုထောင်ထားလိုက်တယ်။

မကြာခင်မှာပဲ.. ဦးထုပ်လေးထဲမှာ ပြည့်လုပြည့်ခင်ပါပဲ။ လူတွေက
အဲဒီမျက်မမြင်ကောင်လေးကို ထည့်ပေးလိုက်တဲ့ ငွေသားတွေပေါ့။ အဲဒီ
နေ့မွန်းလွဲပိုင်းမှာပဲ ကောင်လေးရဲ့ဆိုင်းဘုတ်ကို စာပြောင်းရေးခဲ့တဲ့သူ
ပြန်ရောက်လာတယ်.. သူရေးခဲ့တာ ဘယ်လောက်အကျိုးဝင်တယ်ဆိုတာ ကြည့်ရန်ပေါ့.။
ကောင်လေးက လဲ အဲဒီလူရဲ့ခြေသံကို မှတ်မိတယ်လေ..
သူကိုမေးလိုက်တာပေါ့..“ခင်ဗျားက..ဒီမနက်မှာ ကျွန်တော့်ဆိုင်းဘုတ်ကို
ပြောင်းလိုက်တဲ့သူ မဟုတ်လား? ခင်းဗျားဘာတွေရေးခဲ့တာလဲဗျ?”
အဲဒီလူကပြန်ပြောတယ် “ငါအမှန်တရားကိုပဲ ရေးလိုက်တာပါ. ဒါပေမယ့်
ငါရေးလိုက်တာနဲ့ မင်းရေထားတာက နည်းလမ်းမတူဘူးကွ”။ အဲဒီလူ
ဘာရေးခဲ့သလဲဆိုတော့..

“ ဒီနေ့က အရမ်းသာယာလှပတဲ့နေ့တစ်နေ့ပါပဲ..ကျွန်တော်ကတော့ မမြင်တွေ့နိုင်ဘူးလေ”

ခင်ဗျားတို့ ပထမဆိုင်းဘုတ်နဲ့ ဒုတိယဆိုင်းဘုတ် အတူတူပဲလို့ထင်သလား?

တူတာပေါ့ဗျာ.. ဆိုင်းဘုတ်နှစ်ခုလုံးက ကောင်လေးဟာမျက်မမြင်
တစ်ယောက်ပါဆိုတာ ဖော်ပြထားတာပါပဲ။ ဒါပေမယ့် ပထမဆိုင်းဘုတ်က
ကောင်လေးမျက်မမြင်ဘူးဆိုတာ ရိုးရိုးလေးရေထားတာလေ။
ဒုတိယဆိုင်းဘုတ်ကျတော့.. လူတွေ အရမ်းကိုကံကောင်းကြတာပဲ. သူတို့တွေက
မျက်မမြင်တွေ မဟုတ်လို့လေ။

ဒုတိယဆိုင်းဘုတ်က အကျိုးဖြစ်တယ်ဆိုတာ
ကျွန်တော်တို့အံ့အားသင့်ဖွယ်တွေ့မြင်ရပြီမဟုတ်လား?
လူတစ်ဖက်သားကို ကျေးဇူးတင်ရာမှာ ကိုယ့်မှာ ရှိတဲ့ အတွေးအခေါ်တွေ၊
စဉ်းစားကြံစမှုတွေကို လိုက်လျောညီထွေစွာ ပြောဆိုဖေါ်ပြတတ်ဖို့ပါပဲ...
တခြားသူများကို..ကောင်းမွန်သော ဥာဏ်ပညာနှင့် ဖိတ်ခေါ်ပါ။ ဘ၀မှာ
ဆင်ခြေဆင်လက်တွေ၊ ပူဆွေးဝမ်းနည်းစရာ အချစ်ကိစတွေနဲ့ မနေထိုင်ပါနဲ့။ ဘ၀က
မင်းကို ငိုကျွေးစရာ အခု ၁၀၀ ပေးလာခဲ့လျှင်.. မင်းမှာ
ရယ်ရွှင်ကြည်နူးဖွယ်ရာ အခု ၁၀၀၀ လောက် ဘ၀ကို ပြန်ပြလိုက်ပါ။ မင်းမှာ
ဝမ်းနည်းပူဆွေးစရာတွေ မရှိခဲ့ဖူးလို့ သဘောထားလိုက်ပါ။ လက်ရှိဘ၀ကို
ယုံကြည်မှုတွေနဲ့ ဆုပ်ကိုင်ထားလိုက်ပါ။ အနာဂတ်အတွက်
ကြောက်ရွံမှုတွေကင်းရှင်းအောင်ပြင်ဆင်ထားလိုက်ပါ။ ယုံကြည်မှုကို
ချုပ်ကိုင်ထားပြီးတော့ ကြောက်ရွံမှုကို ဖယ်ရှားလိုက်ပါ။

fwdmail..

zawtk..

မြန်မာ အီးဘုတ် ၆

ဒီ အီးဘုတ် လေးတွေကတော့ မြန်မာပြည်က ဆိုရင်တော့ ဒေါင်းလုပ်လုပ်ဖို့ရာ အနည်းငယ်ခဲယဉ်းမယ်လို့ထင်ပါတယ်..

တခြားနိုင်ငံ ကနေဆိုလျှင်တော့..အီးဘုတ်လေးတွေကို PDF ဖိုင်လေးနဲ့ ဒေါင်းလုပ်လုပ်ပြီးယူလို့ရပါတယ်..


အခုတော့..အွန်းလိုင်း ပေါ်မှာပဲ တိုက်ရိုက် ဖတ်မှ အဆင်ပြေပါလိမ့်မယ်......

ဝတ္ထုများ (အမျိုးသမီးစာရေးဆရာများ)

zawtk...

 
^ထိပ်ဆုံးသို့