မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, April 30, 2010

ဘ၀ရဲ့ ကြုံတွေ့ရတဲ့ ဒဿနလေးများ

(၁)
သားအဖနှစ်ဦး လမ်းထွက်လျောက်ကြရင်း ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင်
နောက်ဆုံးပေါ် ကားတစ်စီး ရပ်ထား သည်ကို တွေ့လိုက်သည်။
သား...."ဒီလို ကားမျိုး စီးတဲ့ လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့ လူပဲဖြစ်ရမယ်"
ဖခင်...."ဒီလို စကားပြောတဲ့ လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့ လူပဲဖြစ်ရမယ်"
 အရာဝတ္ထု တစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထား
အမှန်ကို ဖော်ပြ နေပြီလား...
(၂)
ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို
ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။
ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ
တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"
တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့ အမြင်တွေ ကွဲပြား တတ်ကြတယ်။
တစ်ခြားလူ လုပ်ရင် အပြစ် ရှိတယ်.... ကိုယ်လုပ် ရင်တော့ အပြစ်မရှိဘူး။
(၃)
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက်
လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး
ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကို
လမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆို တောင်းပန်ခဲ့သည်။
အခြားလမ်းပြ တစ်ဦးကမူ " ကျွန်တော်တို့ အခုလျောက်နေတဲ့ လမ်းကတော့
ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့" ဟု ကဗျာဆန်ဆန်
ပြောခဲ့သည်။
တူညီတဲ့ အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလဒ်ကို
ခံစားကြရတယ်။ အတွေး ဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဘယ်လို တွေးရင်
ဘယ်လို ခံစားရပါတယ်။ အကောင်း တွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင်
ကိုယ်ပဲ ခံစားရပါတယ်။
(၄)
အပေါ်က ပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်မှာ ၃တန်းကျောင်းသား
ကလေးများကို ဆရာမက ကိုယ့်ဆန္ဒ ဟုသော စာစီစာကုံး တစ်ပုဒ်ကို
ရေးခိုင်းခဲ့သည်။ ကျောင်းသား တစ်ယောက်က သူ၏ဆန္ဒမှာ
မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိ ဆရာမက
ဤသို့ပြောခဲ့သည်။
"ဒီကျောင်းသားဟာ ကြီးပွားမယ့်လူ မဟုတ်ဘူး"
သို့သော် အနောက်တိုင်းရှိ ဆရာမ တစ်ဦးက "ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို
အပြုံးတွေ ဖြန့်မယ့် သူဖြစ်တယ်"
တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့
အဓိပ္ပါယ်ကို အကျယ် မဖွင့်ဆိုချင်ကြဘူး။
(၅)
သူတောင်းစား " ၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ " ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား " ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"
တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင် စိတ်ကို
လွှမ်းမိုး သွားတတ်ကြတယ်။
(၆)
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက် တစ်ခုသို့ သွားရောက်လည်ပတ်ကြသည်။
မိန်းမဖြစ်သူက ယောက်ျားအား " အော်...တစ်လမ်းလုံး ငေးလာလို့ လမ်းလျောက်တာ
အဲလောက်နှေးနေ တာကိုး"
တချို့လူတွေက ဘ၀လမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲ သိပြီး လမ်းဘေး ၀ဲယာက
လှပတဲ့ အရာတွေကို ခဏလောက်ရပ်ပြီး ခံစားဖို့ မေ့နေတတ်ကြတယ်။
(၇)
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား "
ဖြေးဖြေးလုပ်...ဆားထည့်ဦး... ဆီများသွားပြီ... မီးပြင်းပြန်ပြီ..ငါးကို
လှန်လိုက်...ဟော်...တူးပြန်ပြီ.
...ဟာ...အိုး စောင်းသွားပြီ" စသည်ဖြင့်
ဆရာလုပ်နေသည်။
"ရှင်တော်တော့...ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား"
"မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်... မောင် ကားမောင်းနေတဲ့
အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့
ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ"
သူ့နေရာမှာ ၀င်ခံစားကြည့်မယ်။ သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင်
တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။
 
အလင်းစေတန် ရဲ့ ဖော်ဝါ့မေးကနေမှ တဆင့် ရောက်လာတဲ့ ဘ၀ရဲ့ ဒဿနလေးတွေပါ... 
 
ဇော်သိင်္ခ

Saturday, April 24, 2010

ဘ၀ အမောပြေ

အကောင်းဆုံးကာကွယ်နည်း !!
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”
ဒါနောက်ဆုံးပါပဲ !!

သင်္ချာပညာရှင်တစ်ယောက် ရာဇဝတ် မှုတစ်ခုနှင့်် အဖမ်းခံရပြီး သေဒဏ်ပေးခံ ရသည်။
သေဒဏ်ပေးခါနီးတွင် သေဒဏ်ပေးမည့် စစ်သားက ပြောသည်
“ခင်ဗျား နောက်ဆုံးအနေနဲ့ ဆေးလိပ်လေး တစ်လိပ်လောက်မသောက်ချင်ဘူးလား”
“မသောက်ချင်ပါဘူးဗျာ”
“ခင်ဗျားကိုကျွန်တော်တို့ သေနတ် နဲ့ပစ်မသတ်ခင် .. ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒ
တစ်ခု ကိုတောင်းဆိုနိုင်ပါတယ်”
“ခင်ဗျားတစ်ကယ်ပြောတာလား “
“ဟုတ်ပါတယ်ခင်ဗျာ… ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒကိုဖြည့် ဆည်းပေးဖို့
ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်”
ထိုအခါ သင်္ချာပညာရှင်က …….
“ကောင်းပီ… ဒါဆို .. ကျွန်နော်နောက်ဆုံး အနေနဲ့ ဘီယာ ခွက် ၁သန်း
လောက်သောက်ချင်ပါတယ်.. ဒါလေးသောက်ပီးရင်တော့ခင်ဗျားတို့သဘောပါပဲ”

လုံခြုံစိတ်ချရအောင်
ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။
အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ- ကလေး ရဲ့  အမေ အတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော် ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင် ဒါဆို ဘယ်သူ့အတွက်လည်း။
ကလေး–ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင်
စက်ဘီးလည်းစီးနိုင်ပါတယ်၊ ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ်
ဆိုလို့ပါ။
တာဝန်ခံ- တိန်”
ငှက်ကလေး တစ်ကောင်
ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ လှုံ
နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ. သူကလဲ ရှက်တာနဲ.
သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။
ကောင်မလေး – ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး – ငှက်တကောင်ရှိတယ်။
အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။
ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။
ရဲ – မင်းဘာဖြစ်လာတာလဲ။
ကောင်လေး – မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း ကောင်မလေး
တယောက် က ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။ အဲ.နောက်မမှတ်မိတော.ဘူး။
အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။
ရဲ – နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး – အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က ငှက်ကလေးနဲ.ဆော.နေတုန်း
ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။ ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး
ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို.
ပစ်လိုက်တယ်။
ဘ၀မှာ မောပန်းနွမ်းနွယ်မှုကလေးများကို … ဒီဟာသလေးတွေ ဖတ်ပြီး စိတ်ပင်ပန်းမှုလေးများ ပြေပျောက်စေရန်အတွက် ဖော်ဝါ့မေးမှ.. ရသော ဟာသလေးများကို  ပြန်လည် မျှဝေခံစားပေးလိုက်ပါတယ်။ ဟာသဆိုတာ ဘယ်အချိန်ဖတ်ဖတ်… အမောပြေပျောက်မှုကိုရရှိစေပါတယ်..။ ဒါကြောင့် အရင်တစ်ခါ ဖတ်ဖူးပြီးသားဆိုရင်လည်း နောက်တစ်ကြိမ် ဖတ်လိုက်ရတဲ့ အတွက် နောက်တစ်ကြိမ် စိတ်ပေါ့ပါးမှုလေးများ ရရှိသွားနိုင်စေရန်အတွက် ဖြစ်ပါတယ်… ။ ဘ၀ အမောလေး များပြေပျောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း………… ။
ဇော်သိင်္ခ

Wednesday, April 21, 2010

Outlook Express အသုံးပြုနည်း စာအုပ်


ဒီစာအုပ်လေးကတော့ Microsoft Outlook Express အသုံးပြုနည်း စာအုပ်လေးပါ။ အင်တာနက်ကနေ အီးမေးတွေ ပေါင်းစုံ ကို သုံးနေကြတဲ့ အခါမှာ အားလုံးသောမေးများဟာ ပုံစံတူတွေ ဖြစ်တဲ့အတွက် အဆင်ပြေ စွာနဲ့ အသုံးနိုင်ကြသော်လည်းပဲ ရုံးတွေ အနေနဲ့ outlook ကို အသုံးပြုပြီး မေးပို့ ရမယ်လို့ ပြောတဲ့ အခါမှာ outlook ကိုမသုံးတက်တဲ့သူတွေက များပါတယ်။ ကျွန်တော်ကိုယ်တိုင်အပါအ၀င်ပါ။ ကျွန်တော်လည်း outlook ကိုသုံးပြီး မေးပို့ ခိုင်းရင် မပို့တက်ပါဘူး။  အရင်က အင်တာနက်မှာ ရှာဖွေမွှေနှောက်ရင်းနဲ့ outlook အသုံးပြုနည်း အီးဘုတ်လေးကို ရထားပါတယ်။ ဒါကြောင့် ဒီအီးဘုတ်လေးကိုဖတ်ပြီး တော့ မေးပို့ မယ်ဆိုရင် အဆင်ပြေစွာနဲ့ ပဲ ပို့ နိုင်ပါလိမ့်မယ်။ သူငယ်ချင်းတို့ အားလုံးလည်း လိုအပ်မယ်ဆိုရင် ဒေါင်းလုပ်ယူ နိုင်အောင်လို့ အခုလို ပြန်လည် မျှဝေပေးလိုက်ဖြင်းဖြစ်ပါတယ်။ အဆင်ပြေ စွာနဲ့ မေးပို့ နိုင်ကြပါစေနော်….။ အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါပြီ။ ဆိုဒ်ကတော့ 0.24 MB ပဲ ရှိတာပါ။

Download ( ifile download )

Download ( 4shared download )

ဇော်သိင်္ခ

Tuesday, April 20, 2010

မျိုးစေ့


ကမ္ဘာမြေပြင်ရဲ့သဘာဝတရားတွေကိုရင်ဆိုင်ကြရင်း   -----
သီးနှံမျိုးစေ့တွေကရှင်သန်နေကြတယ်
တချို့သီးနှံတွေကမျိုးစေ့ကောင်းလို့
ဖွံ့ထွားရှင်သန်နေကြတယ်
တချို့သီးနှံ့တွေကဥယျာဉ်မှုးကောင်းလို့
ဈေးကွက်မှာလည်းရောင်းပန်းလှကြတယ်
တချို့သီးနှံ့တွေကအဟာရမလုံလောက်ကြလို့
ပိန်လှီကာကြီးထွားလာတယ့့်  ။
ပြဿနာတခုရဲ့အဖြေကိုရှာကြရာဝယ်   -----
အစ၊အလယ်၊အဆုံး သုံးခုစလုံးကို
သုံးသပ်တွေးတောကာရယ်
တွက်ချက်လုပ်ဆောင်ကြသင့်တယ့့်  ။
ခြံထဲကသီးပင်တွေကို   -----
ရောင်းကွက်မှာမျက်နှာပန်းလှပြီး
အဟာရဖြစ်စွာစားသုံးနိုင်အောင်
ပြုစုပျိုးထောင်ကာဂရုစိုက်ရမှာကတော့
ဥယျာဉ်မှုးတို့ရဲ့တာဝန်ပင့့်  ။
...............
ရေးသားသူ - ဇာနည်မောင်
သူငယ်ချင်း ကိုဇာနည်မောင် ပို့ ပေးထားတဲ့ ကဗျာ လေး ပါ။
ဇော်သိင်္ခ

Monday, April 19, 2010

ပျော်ပျော်ပါးပါး မန်းသင်္ကြန်


မန္တလေးရဲ့ သင်္ကြန် အကြောင်းလေး ရေးမလို့ စဉ်းစားနေတုန်း ကွန်နက်ရှင်က တစ်နေကုန် ဒေါင်းနေတာ နဲ့ပဲ အခုမှ ဖြေးဖြေးခြင်း ပြန်စဉ်းစားပြီး ရေးကြည့်လိုက်ပါအုံးမယ်။ ဘယ်က နေ စရေး မလဲ ဆိုတော့ သင်္ကြန် အကြိုနေ့ က အကြောင်း စရေးလိုက်တာ ပေါ့ဗျာ။ ဒါမှ အပြည့်အစုံလေး သိရတာပေါ့နော်။ သင်္ကြန် အကြိုနေ့က တော့ မနက်ပိုင်း မလည်ဖြစ်လိုက်ဘူးဗျ။ မနက်ပိုင်းမှာ ဘာလုပ်လဲ ဆိုတော့ မုန့် ၀ယ်ပြီးတော့ ဘုန်းကြီးကျောင်း သွားတယ်  ဘုန်းကြီးကို မုန့်နဲ့ ကန်တော့တယ်။ ပြီးတော့ ကျွန်တော် ဒီမန္တလေး နေစဉ်ကလအတွင်း ကျွန်တော်နဲ့ ရင်းနှီး ပြီး မိသားစုလို နေထိုင်ပြီးတော့ ကျွန်တော့်ကို လျှောက်ရှောက်ခဲ့ကြတဲ့ မိဘ ဘိုးဘွားတွေကိုလည်း မုန့်နဲ့ သွားပြီးတော့ ကန်တော့ပါတယ်။ သူများတွေကတော့ နှစ်ဆန်းတစ်ရက်နေ့မှ ဘိုးဘွားမိဘ တွေကို ကန်တော့ကြပါတယ်။ ကျွန်တော်ကတော့ နှစ်ဆန်းတစ်ရက်ဆိုတာ မသေချာတဲ့အတွက် ကြိုတင် ကန်တော့ထားလိုက်တာပါ။ မသေချာဘူးဆိုတာက အလုပ် တန်းဝင်မှာမို့ပါ။ ဒါမှ သင်္ကြန်တွင်းမှာ လူကြီး မိဘတွေကို ကန်တော့လိုက်ရမှာပါ။ အဲ… လူကြီး မိဘ ဆိုတော့ မိဘတွေတော့ မကန်တော့လိုက်ရဘူးဗျ။ မေမေကိုတော့ အိမ်ပြန်မှပဲ ပေါင်းပြီး ကန်တော့လိုက် တော့မယ်။ ဖေဖေ အတွက်ကတော့ ကျွန်တော် ဘုန်းကြီးကျောင်းတို့  ဘိုးဘွားတွေကို ကန်တော့ တာတို့ ကိုပဲ သာဓုခေါ်ဖို့ အတွက် အမျှပေးဝေလိုက်ပါတော့တယ်။ အဲဒါတွေကတော့  အကြိုနေ့ မနက်ပိုင်းမှာ လုပ်ခဲ့တဲ့ ကုသိုလ်လေးတွေပါ။ သင်္ကြန်တွင်း ဆိုလို့ အဲဒါလေး ပဲ ကုသိုလ်လုပ် တာပါပဲ။ ကျန်တာ တွေကတော့ ကုသိုလ် ရဖို့ နေနေသာသာ…………….. ။
သင်္ကြန်အကြိုနေ့ ……..
အစောတုန်းကတော့ သင်္ကြန်အကြိုနေ့မှာ မလည်တော့ပဲ  မြို့တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ ကိုသွားကြည့်မလို့ပဲ။ အခုတော့ နေ့လည်  ၁ နာရီလောက်မှာ သူငယ်ချင်း က လာပြီးတော့ခေါ်ပါတယ်။ အဲဒါနဲ့ပဲ လာခေါ်တဲ့ သူငယ်ချင်း နဲ့ ဘေးအိမ်က သူငယ်ချင်း တစ်ယောက်နဲ့ သုံးယောက်ပေါင်း ဆိုင်ကယ်နဲ့ ထွက်လိုက်ကြပါတယ်။ နေ့လည် တစ်နာရီ ဆိုတော့ အချိန် က တော်တော် စောသေးတယ်ဗျ။ နေကလည်း ပူဆိုတော့ နေပူ ခံအောင်ဆိုပြီး သုံးယောက်သား ဘီယာ ၀င်တွယ်နေလိုက်ကြတာပေါ့ဗျာ.. ။ သင်္ကြန်တွင်းဆိုတော့ သိတယ်မို့လား အဲဒါလေး နည်းနည်းမှ မပါရင်လည်း ပျော်စရာက မကောင်းဘူးကိုဗျ။ ဒီလိုနဲ့ နည်းနည်းလေး လည်း အရှိန်က ရလာပြီဆိုတော့ ကျုံးဘေးက သင်္ကြန် မဏ္ဍပ်တွေဆီသွား ပြီး ကဲ တော့ မယ်။ အကြိုနေ့ ဆိုတော့  မြို့တော်ဝန် မဏ္ဍပ်က ဖွင့်ပွဲ ရှိတယ်ဗျ။ အဲဒါကြောင့် ၇၃ လမ်းကနေ၂၆ ဘီလမ်း အတိုင်း ၀င်မယ် လုပ်တော့ ၀င်လို့ မရဘူး ဗျ။ ဖွင့်ပွဲ အတွက် ပိတ်ထားတယ်။ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲကလည်း တော်တော် စည်ကား တယ်ဗျ။ မဏ္ဍပ်ပေါ်မှာ တော့ မန်းစည်ပင်က သမီးပျိုလေး တွေရဲ့ ယိမ်းအက တွေနဲ့ အတူ မဏ္ဍပ်ရဲ့ အောက် ၂၆ လမ်းမကြီးပေါ်မှာတော့ ကျောင်းသူ သုံးထောင် ကျော်တို့ ရဲ့  အက မျိုးစုံ လေး တွေကို ရှုစား ကြရတာ ဖြစ်ပါတယ်။ ဟဲ.. အဲဒီအက တွေကိုတော့ အဲဒီ ညနေက ၀င်ပြီး မကြည့်ခဲ့ ရပါဘူး။ အကြို မတိုင်ခင် နှစ်ရက် ဧပရယ်လ် ၁၁ နေ့ က ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့် တုန်းက ကြည့်လာ ခဲ့မိလို့ပါ။ ပြီးတော့ မနှစ်က သင်္ကြန် ဖွင့်ပွဲမှာ တုန်းကလည်း တစ်ယောက်ထည်း သွား အားပေးထားလို့ပါဗျာ။
ဒီလိုနဲ့ သူငယ်ချင်း သုံးယောက်  မြို့တော်ဝန် မဏ္ဍပ်ရဲ့ အရှေ့ဘက်နားမှာ ဆိုင်ကယ်လေး ရပ်ထားခဲ့ ပြီး တော့ အယ်လ်ပိုင်းမဏ္ဍပ်ရှေ့ ရောက်အောင်တိုးကြတာပေါ့ဗျာ။ အယ်လ်ပိုင်း မဏ္ဍပ်ကလည်း အကြိုနေ့ သာ ပြောတယ် စည်မှစည် ဗျာ…။ ခါတိုင်း နှစ် အကြိုနေ့တွေမှာ  ဒီလောက်မစည်ကားဘူး ထင်တာပဲ။ ဒီနှစ်မှာက အကြိုနေ့မှာပဲ အယ်လ်ပိုင်း မဏ္ဍပ်က  အဆိုတော် တွေက တော်တော်များများ စတင်သီဆိုနေကြတယ်ဗျ။ အခု နောက်ပိုင်းမှာ တက်လာတဲ့ အဆိုတော့ တွေကတော့ တော်တော်များတာပေါ့ဗျာ။ ဒီလိုနဲ့ ပဲ အယ်လ်ပိုင်း မဏ္ဍပ်မှာ ၀င်ပြီးကဲ တယ် ပြီး တော့ အယ်လ်ပိုင်း မဏ္ဍပ်က နေမှ အရှေ့ဘက်ကို တဖြည်းဖြည်း ချင်း ဆိုင်ကယ်နဲ့ ထွက်သွား ပြီးတော့ တော့ နန်းရှေ့က မဏ္ဍပ်တွေ ဆီ ရောက်အောင်သွားခဲ့ပါတယ်။ ကျုံးရဲ့ တောင်ဘက်မှာ အယ်လ်ပိုင်း မဏ္ဍပ်ရှိလို့ လူတွေ တိုးမပေါက်အောင် စည်ကား နေတာမဟုတ်ပဲ ကျုံးရဲ့ အရှေ့ဘက်မှာ လည်း မဏ္ဍပ်တွေက တစ်ခုနဲ့ တစ်ခု သိပ်မကွာဘူးဗျ။ လူတွေကလည်း အကြိုနေ့သာ ပြောတယ် အဲဒီဘက်မှာလည်း တော်တော် လေး စည်တယ်ခင်ဗျ။ ကားတွေလည်း ပြည့်လို့ပေါ့ဗျာ။ မဏ္ဍပ်တွေက ကလည်း အဆိုတော်တွေကလည်း သီချင်း တွေ ကို မြူးကြွ စွာနဲ့ သီဆို ဟစ်ကြွေးနေကြလေရဲ့။ ဒီလိုနဲ့ ပဲ အကြို နေ့လေး ကို လည်ပတ်ရင်းနဲ့ ညပိုင်း ၇ နာရီလောက်ရောက်တော့ ပြန်လာခဲ့ လိုက်သပါသတဲ့ဗျာ။
သင်္ကြန်အကျနေ့ ……..
အကြိုနေ့ ပြီး တော့ အကျ နေ့ မှာလည်း အကြို နေ့က အတိုင်းပါပဲ။ မနက်ပိုင်း မှာ တော့ မလည်ဖြစ်လိုက်ပါဘူး ။ ညနေပိုင်းမှ ပဲ လည်ဖြစ်ပါတယ်။ အကျ နေ့တော့ သူငယ်ချင်း တွေက ငါးယောက်ဖြစ်သွားတယ်ဗျ.။ မနေ့က ဘေးအိမ်နားကနေ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကိုနှစ်ယောက် ကလည်း ပါလာတော့ ၅ ယောက်ဆိုတော့ ဆိုင်ကယ် နှစ်စီးနဲ့ လည်တာပေါ့ဗျာ။ အဲဒီနေ့မှာလည်း ပထမဆုံး ၇၃ လမ်းကနေ စ၀င်ခဲ့ပါတယ်။ အဲဒီကနေမှ  အရှေ့ဘက်ကို မြို့တော်ဝန် မဏ္ဍပ်မှာ အရင် ၀င်ပြီး ကဲလိုက်ကြပါတယ်။ကဲ တယ်ဆိုတာက တော့ ရေပတ်နေတဲ့ မဏ္ဍပ်တွေအောက်ဝင်ပြီး ရေစိုခံ တာကို ပြောတာပါဗျာ။   မြို့တော်ဝန် မဏ္ဍပ်ကနေမှ တဖြည်းဖြည်းချင်း အရှေ့ဘက်က မဏ္ဍပ်တွေဆီကို တစ်ခု ချင်း ၀င်ပြီး ရေပတ်ခံ လိုက်ကြ အပြင်ပြန်ထွက်လိုက်ကြပေါ့ဗျာ။ ဒီလိုနဲ့ ပဲ သူငယ်ချင်း ငါးယောက်မှာ ဆိုင်ကယ်က နှစ်စီးဆိုတော့ နှစ်ယောက်တစ်တွဲက ရှေ့က နေသွားရင်း နဲ့ ကွဲ သွားကြတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်တို့ကတော့ သုံးယောက်စီးတာ ဆိုတော့ ကျုံးဘေးကနေ ရအောင်ထွက်ပြီး အပြင်မှာ ဆိုင်ကယ် ၀င်အပ်လိုက်ကြပြီးတော့ အယ်လ်ပိုင်း မဏ္ဍပ်ရှေ့မှာ ဟို သူငယ်ချင်း နှစ်ယောက်ကို ရှာဖွေရင်း ၀င်တိုးလိုက်ပါတယ်။ လူတွေကလည်း အရင်ရက်ကထက် ပိုပြီး စည်တယ်ဗျ။ ကားတွေကလည်း ပြည့် ၊ လူတွေကလည်း ပြည့်ညက်နေတာပဲ ၊ အဲဒီထဲ ကို ရအောင်တိုးကြပါတယ်။ အဲဒီလို တိုးရင်းနဲ့ သူ့တိုးလိုက်ကိုယ့်တိုးလိုက်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်က သည်းခံနိုင်မှ တော်ကာ ကျသဗျ။ ဒါပေမယ့် ကျွန်တော်တို့ နဲ့ ပါလာတဲ့ သူငယ်ချင်း  အကိုတစ်ယောက်က စိတ်က တော်တော် စပ်သဗျ.။ အတူတူတိုးကျ တာကို သူကလည်း သူ့ ကို တွန်းပြီး တိုးရပါမလား ဆိုပြီး ပြန်ပြီး ထိုးမလို့ လုပ်လို့ ဟိုဘက်က လူတွေကလည်း ပြန်ထိုးမယ် လုပ်တာ ပေါ့ဗျာ။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်က သူတို့ ကို မနည်း ပြန်တောင်းပန် ဟိုဘက်က တစ်ယောက်ကလည်း ပြန်တောင်းပန်နဲ့ လူအုပ်ကြားထဲက နေပဲ ပြန်ထွက်ခဲ့ လိုက်ရပါတော့တယ်။ အပြင် ပြန်ထွက်တော့ စောစောက  ကွဲ သွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို မဏ္ဍပ်ရဲ့ အနောက်ဘက်က ကျုံး ပလက်ဖောင်း ပေါ် မှာ ပြန်တွေ့ကြပါတယ်။ အဲဒီနှစ်ယောက်ထဲက သူငယ်ချင်းတစ်ယောက်က ဘီယာ သောက်တုန်းက မမူးပဲဗျာ။ ကွမ်းစား လိုက်တော့မှ ကွမ်းမူးလို့ ဆိုပြီး သူ့ ကို အမူး ပြေအောင်လုပ်လိုက်ရတာကို မောနေတော့တာပဲ။ သူကို ကွမ်းမူးပြေအောင်လို့ ရေတွေနဲ့ လောင်း ၊ ရေဘူးက ကုန်သွားတော့ သူ့အကိုတစ်ယောက်က ကျုံးဘေးကို ကျော်တက်ပြီး ကျုံးထဲ ရေဆင်းခပ် တယ်ဗျ။ ပြီးတော့ အဲဒီရေတွေနဲ့ ပြန်လောင်း နဲ့ လုပ်တော့ သူက အမူးပြေသွားပါတယ်။ အဲ…. သူမှ အမူးပြေကာ ရှိသေးတယ် သူ့အကိုအကြီးဆုံးက စပြန်ပြီဗျ… သူ့အကို အကြီးဆုံးက တော့ နေ့လည်ခင်းက သောက်ထားတာက အဲဒီအချိန်ကျ မှ ထမူးပါသတဲ့ဗျာ။ အငယ်ကောင်ကို အမူးပြေအောင်လုပ်ပြီးတော့ အခု အကြီးဆုံးလူ ကို အမူးပြေအောင် ပြန်လုပ်နေရပါတယ်။ သူ့ကိုလည်း စောစောက အတိုင်းပဲ အလတ်ကောင်က ကျုံးထဲ ရေတွေ ဆင်းခပ် တယ်။ ပြီးတော့ ရေတွေနဲ့ ခေါင်းပေါ်ကနေ လောင်း နဲ့ အမူးပြေအောင် မနည်း လုပ်လိုက်ရပါတယ်။ ကိုယ်တို့ လည်ရအောင်ကို လည်ချိန် မရလိုက်ပါဘူး ဗျာ။  သူတို့ အမူးပြေအောင် လုပ်ပေးနေရတာနဲ့ ကိုပဲ အချိန်က တော်တော်ကုန်သွားတယ်။ အဲဒါနဲ့ အကြီးဆုံးလူကို နည်းနည်း အမူးပြေအောင်လုပ်ပြီးတော့ ကျုံးအရှေ့ဘက် ဆက်သွားမယ် ဆိုပြီး ထွက်လာလိုက်တာ.. စောစောက နှစ်ယောက် စီးတဲ့ ဆိုင်ကယ်နဲ့ နှစ်ယောက်က နောက်ကနေလိုက်လာတာ။ ကျွန်တော်တို့ လည်း အပြင်မှာ ဆိုင်ကယ်အပ်ထားတဲ့နေရာ ရောက်လို့ ဆိုင်ကယ်ကိုထုတ်လည်း ပြီးရော ရှေ့နားကနေ စောင့်နေတာ.. အကြာကြီးပဲ ဗျာ။ သူတို့က ပေါ်ကို မလာဘူး ။ အဲဒါနဲ့ အဲဒီနားတစ်ဝိုက် ပြန်ရှာပါသေးတယ် မတွေ့ဘူးဗျ။ ပြီးတော့ ဆိုင်ကယ်ပေါ်မှာလည်း စောစောက အကြီးဆုံး အကိုက သိပ်အမူးမပြေသေးဘူးဗျ.။ ကျွန်တော်က ရှေ့က ထိုင်နေတာ ကို ကျွန်တော့ အပေါ်မှာ  မှောက်နေလေ ရဲ့ ဗျာ။ အဲဒါနဲ့ ပဲ အလတ်လူကိုပြောရတယ်။ ဟိုလူတွေ သူတို့ ဘယ်သွားသွား နေပါစေတော့ ဆိုပြီး။ အကြီးဆုံး အကို ကို အိမ်ပြန်ပို့ လိုက်ကြပါတယ်။  အကြီးဆုံး အကိုကို အိမ်ပြန်ပို့ ပြီးတော့ ကျွန်တော်နဲ့ အ လတ်လူနဲ့က ဆိုင်ကယ် တစ်စီး ဖြစ်သွားတာပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်က လည်း အချိန်စောသေးတာ နဲ့ပဲ ကျုံး ရဲ့ အရှေ့ ဘက်ကို ဆိုင်ကယ်တွေနဲ့ ပတ်ကြပါတယ်။ ကျုံး အရှေ့ ဘက်မှာ လည်း မဏ္ဍပ်တွေ ရှေ့ မှာ ရော မဏ္ဍပ်နဲ့ ဝေး သွားတဲ့ နေရာ တွေမှာ ပါ လူတွေ ၊ ကား တွေ ၊ ဆိုင်ကယ်တွေက တော့ ပြည့် လို့ ဗျာ။ ဒီနှစ် မန်းသင်္ကြန်ကလည်း တော်တော် စည်ကား တာကိုဗျ။ အဲဒါနဲ့ ပဲ ကျွန်တော်တို့ နှစ်ယောက်က ဟိုနှစ်ယောက်ကို လည်း ရှာမတွေ့တော့ ပဲ နည်းနည်း မှောင်လာ တော့ ပြန်လာ ခဲ့လိုက်ကြပါတော့ တယ်။ ဟိုလူ နှစ်ယောက်က လည်း ကျွန်တော်တို့ ထက် နောက်ကျ မှ ပြန်ရောက် လာခဲ့ ကြပါတော့တယ်။….. အဲဒါကတော့ သင်္ကြန် အကျနေမှာ လည်ဖြစ်ခဲ့တဲ့ အကြောင်းလေး တွေ ပါ။……….
သင်္ကြန်အကျတ်နေ့ ……
အကျတ်နေ့မှာ လည်း အရင်နေ့တွေက အတိုင်းပါပဲ။ မနက်ပိုင်းမှာ မလည်ဖြစ်လိုက်ပါဘူး။ အဆောင်ရှေ့မှာပဲ ကလေး တွေ ရေ ပတ်တာ ကို ထိုင်ကြည့်နေခဲ့ လိုက်ပါတော့တယ်။ နေ့လည်ပိုင်း ရောက်မှ ခါတိုင်း လာခေါ်တဲ့ သူငယ်ချင်း ရောက်လာတော့မှ ထွက်ဖြစ်လိုက်ပါတော့တယ်။ ဒီနေ့ တော့ မနေ့ က ညီအကို သုံးယောက်မှာ မူးပြီး မှောက်သွားတဲ့ အကိုအကြီးဆုံး နဲ့ ရန်စ တက်တဲ့ အလတ်လူတို့ က မလိုက် ရဲ ကြတော့ဘူးဗျ။ အဲဒါကြောင့် ထုံးစံ အတိုင်း ကျွန်တော်တို့ အရင်ရက်က သူငယ်ချင်း သုံးယောက် ပဲ ထွက်ပြီးလည်ခဲ့လိုက်ကြပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ ကိုလာခေါ် တဲ့ သူငယ်ချင်းက သောက်တာ တော်တော် များနေတယ်ဗျ။ ဆိုင်ကယ်ကိုတော့ သူ့ကို မမောင်းခိုင်းပါဘူး။ ကိုယ်တိုင်ပဲ မောင်းဖြစ်တာ ဆိုတော့ သူဘယ်လောက်မူးမူး ထိန်း လို့ ရသွားတာပေါ့ဗျာ။ ဒီနေ့ မှာလည်း စ လည်လိုက်တာက မြို့တော်ဝန် မဏ္ဍပ်ရှေ့ ကနေပဲ ဆိုင်ကယ်လေး ထိုး ထားပြီးတော့ ရေပတ်ခံ ဖို့ စ၀င်လိုက်ပါတယ်။ အဲဒီလို စ၀င်ဝင်ခြင်းပဲ စောစောက တော်တော် လေး မူးနေတဲ့ သူငယ်ချင်းက ရှေ့ ဆုံးက နေ တိုးသွားလိုက်တာ ဗျာ။ အဲဒါနဲ့ နောက်က သူငယ်ချင်း တစ်ယောက်ကို သူ့နောက်လိုက်ထိန်းဖို့ ထည့်လိုက်ပါတယ်။ ကျွန်တော်က တော့ ဆိုင်ကယ်က ဒီအတိုင်း ရပ်ထားတာ ဆိုတော့ ဆိုင်ကယ် ပြန်ကြည့်ရအုံးမှာမို့ အဝေး ကြီး မသွားဖြစ်ဘူးပေါ့ဗျာ။ စောစောက ထိန်းဖို့ ထည့်လိုက်တဲ့ သူငယ်ချင်းက ခဏနေတော့ ပြန်ရောက်လာပြီးတော့ ဟိုတစ်ယောက်တော့ သွားပြီ တဲ့ဗျာ။ ကျွန်တော်တော့ တိုးလို့ မရလို့ နောက်ပြန်ဆုပ်ခဲ့ ရတယ်တဲ့။ သူတို့ ဘယ်လို ရအောင် တိုးသွားမှန်းကို မသိဘူးတဲ့ဗျ။ သင်္ကြန် အကျတ်နေ့ ဆိုတော့လည်း အရင်ရက်က အတိုင်းပဲဗျ ။ ကားကြီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေနဲ့ လူတွေနဲ့ အရမ်းကို ပြည့် ညက်နေတာပဲဗျ။ အဲဒါနဲ့ ပဲ ခဏနေ သူ ဒီဆိုင်ကယ် ရပ်ထားတဲ့ နေရာ ပြန်လာ လိမ့်မယ်ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ ရပ်စောင့်နေကြတာပေါ့ဗျာ။ ရောက်မလာဘူးခင်ဗျ။ အဲဒါနဲ့ပဲ ဟိုလူကို ဆိုင်ကယ် အစောင့်  ခိုင်းထားခဲ့ပြီးတော့ ကျွန်တော်က စောစောက မဏ္ဍပ်တွေကြားကို ရေပတ်ခံ ရင်းနဲ့ ၀င်ရှာပါတယ်။ မတွေ့ဘူးခင်ဗျာ။ ပြီးတော့ မြို့တော်ဝန် မဏ္ဍပ်ရှေ့က သီချင်း ဆိုနေတဲ့ ထဲ လည်း သွားရှာပါတယ်။ မတွေ့ပါဘူးဗျာ။ ကျွန်တော့် အထင်တော့ ဒီလူ အယ်လ်ပိုင်း မဏ္ဍပ် ဆီကို ခြေလျင် လျှောက်သွားပြီ ထင်တယ်..။ ဒါကြောင့် ဒီလူကို သုံးခါလောက် လှည့်ပတ်ရှာ  ၊ ဆိုင်ကယ်နားကနေ ပြန်စောင့် မတွေ့ဘူးခင်ဗျ။ နောက်တော့ ကျွန်တော်တို့ လည်း အယ်လ်ပိုင်း မဏ္ဍပ်ဆီကို လိုက်လာခဲ့လိုက်ကြပါတော့တယ်။ အဲဒီ မဏ္ဍပ်ရောက်တော့လည်း လူတွေက ပြည့်ညက်နေတာ ဆိုတော့ တွေ့ဖို့ ရာ မလွယ်ဘူးပေါဗျာ။ ဒါပေမယ့် ရအောင် တိုး ပြီး ပြန်ရှာပါသေးတယ်။ ဘယ်လိုမှ ကို မတွေ့တဲ့ အဆုံး ပြစ်ထားခဲ့လိုက်တော့တယ်ဗျာ။.. တော်သေးတာပေါ့.. ဆိုင်ကယ်နဲ့ ဆိုင်ကယ်သော့က  ကျွန်တော်တို့ ဆီမှာ ပါလာလို့ လေ..။ သူ့ကို မတွေ့ တော့ ကျွန်တော်တို့ နှစ်ယောက်က အရင်ရက်က အတိုင်း ပဲ ကျုံး အရှေ့ ဘက်ကို ၀င်ဖို့ အတွက်နန်းရှေ့ ကနေ လှည့်ပတ်သွားကြပြီးတော့  ကျုံးရှေ့က မဏ္ဍပ်တွေမှာ တစ်ခုချင်းဆီ ၀င်ပြီး ရေပတ်ခံ ပြီးတော့ ပြန်လာခဲ့ လိုက်ကြပါတော့တယ်။ ပြန်လာလိုက အဆောင်မှ မရောက်သေးဘူး ဖုန်း ဆိုလို့ သွားကိုင်လိုက်ပါတယ်။ အဲ……. ဘယ်က ဆက်လည်း ဆိုတော့ ကျွန်တော့် ရဲ့ နယ်က အိမ်က ဆက်တာ ခင်ဗျ။ ဘာပြောလဲ ဆိုတော့ မန္တလေး မှာ ဗုံး ကွဲ လို့ ဆိုလို့ ဆက်ကြည့်တာ တဲ့။ ဗျာ… အဲဒီအချိန်ကျမှ ကိုယ်တို့ကလည်း သင်္ကြန်မှာ ကဲ နေကြတာ ဆိုတော့ ဗုံးကွဲ တယ်ဆိုတဲ့ အသံလည်း မကြား ရပါဘူးပေါ့။ ဒါနဲ့ နေအုံး ခဏ ဆိုပြီး ဘေးက လူတွေကို လှမ်းမေးကြည့်မှ မန္တလေး ဟုတ်ဘူးတဲ့။ ရန်ကုန်မှာ ရေကစားမဏ္ဍပ်ရှေ့ မှာ ဗုံးသုံးလုံး ကွဲ တာတဲ့။ လူ ရှစ်ဦးသေ ပြီး တော်တော်များများ ဒဏ်ရာ ရတယ်တဲ့။ အဲဒီသတင်းကို မန္တလေး အက်ဖ်အမ် ကနေ ကြေငြာနေတယ်တဲ့ ။ အဲဒီလို ကြားရမှပဲ အိမ်ကို သေချာ ပြန်ပြောပြလိုက်ရပါတော့တယ်။… တော်ပါသေးရဲ့.. မန္တလေး မဟုတ်လို့…။  ခဏ နေတော့မှ နောက်ထပ် ဖုန်း တဲ့ ဆိုပြီ လာပြန်ရောဗျ.. ဒီတစ်ခါ ဖုန်းက တော့ စောစောက မူးပြီး မဏ္ဍပ်တွေကြား တိုး သွားတော့ ပျောက်သွားတဲ့ သူငယ်ချင်း ကဆက်တာပါ။ သူ့ကိုလာခေါ် ပါအုံး တဲ့ ဆိုလို့   68 လမ်း က ၁၆ ကျောင်း နားလေး မှာ သွားပြီးတော့ ပြန်ခေါ် ခဲ့လိုက်ရပါတော့တယ်ဗျာ… ။ သူ့ ကိုမေး ကြည့်တော့ ဆိုင်ကယ်ပေါ်က ဆင်း ပြီးတော့ ရေကစားနေတဲ့ လူအုပ်ကြားထဲ တိုး သွားလိုက်တာ.. ဆိုင်ကယ် ဘယ်နား ရပ်ထားမှန်းကို မသိလို့ ပြန်မလာ ခဲ့တာတဲ့။ ဒါနဲ့ လူကြားတွေထဲ က နေ တိုးရင်း တိုးရင်းနဲ့ ပဲ… အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ မှာ ပဲ ၀င်ကဲ နေလိုက်တာ ပါတဲ့ဗျာ……. ။ အဲဒီ သင်္ကြန်အကျတ်နေ့မှာပဲ ကျွန်တော်တို့ နယ်က အသိတွေက ကားနဲ့ လာလည်တာ ပြင်ဦးလွင်ကနေ ပြန်လာကြတယ်တဲ့။ အဲဒါနဲ့သူတို့ ဆီ သွားတော့ ညပိုင်းကို မြို့တော်ဝန်တို့ အယ်လ်ပိုင်းတို့ မှာ သီချင်းဆိုတာ ကို သွားကြည့်အုံးမယ်ဆိုလို့ ကျွန်တော်လည်း သူတို့ နဲ့ ညပိုင်းမှာ လိုက်သွားခဲ့ရပါတယ်။ ကျွန်တော်တိုက အုပ်စု သွားတဲ့ နေ့ မှာ ကံဆိုးတာ လားတော့မသိဘူးဗျ။ ညနေက ရန်ကုန်မှာ ဗုံးကွဲ ထားတာ ဆိုတော့ အဲဒီနေ့ ည မှာ.. သီချင်း မတော့တော့ဘူးတဲ့ဗျာ… အဲဒါနဲ့ ပဲ ပြန်လှည်လာခဲ့လိုက်ရပါတော့တယ်။ ဒါကတော့ သင်္ကြန် အကျတ်နေ့ က ကြုံခဲ့ ရတာလေးတွေပါ……. ။
သင်္ကြန်အတက်နေ့ ……….
အတက်နေ့ ရဲ့ အတွေ့အကြုံလေးတွေကတော့ တော်တော်များတယ်ဗျ။ ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်က ဒီနေ့ မှာ အရင်ရက်က လာခေါ်တဲ့ သူငယ်ချင်း နဲ့ မလိုက်တော့ဘူးဗျ။ မနက်ပိုင်းကတည်းကပဲ အရင်ရက်က ရောက်လာတဲ့ ကျွန်တော်တို့ နယ်က  ကားနဲ့ပဲ လိုက်သွားလိုက်လို့ ပေါ့ဗျာ။ မနက် ၈ နာရီခွဲလောက်ကတည်းက စထွက်လာခဲ့ကြပါတယ်။  ကျွန်တော်တို့ စထွက်တာ့ နန်းရှေ့ 62 လမ်း 25 လမ်း ဒေါင့်က ဘုန်းကြီးကျောင်းက နေစထွက်တယ်ခင်ဗျ။ အဲဒီက နေ စထွက်တော့် ကျုံးဘက်ကို အရင် ၀င်ကြည့်လိုက်ပါတယ်။ ဆီဒိုးနား ဟိုတယ်ရှေ့ေ၇ာက်တော့ ကားတွေက ပြည့်နေပါပြီဗျာ။.. ၀င်လို့ ကို မရတော့ပါဘူး။ အဲဒါနဲ့ ပဲ ၂၇ လမ်းဘက်ကို ပြန်ထွက်ပြီးတော့ ကျွန်တော်တို့ ကားက ဘုရားကြီးကို အရင် ဘုရားသွားဖူးလိုက်ပါတော့တယ်။ ဘုရားကြီးမှာလည်း မနက်အစောပိုင်းမို့လားပဲ  တော်တော် စည်တယ်ခင်ဗျာ။ အော်.. ဗုဒ္ဓဘာသာ လူမျိုးတွေပဲလည်း အခါကြီးအရက်ကြီးမှာ.. ဘုရားကြီး ကိုသတိရကြတာ  တကယ် သာဓု ခေါ် ပါတယ်ဗျာ။ ဘုရားကြီးကနေ ဘုရားဖူး ထွက်ပြန်လာတော့ ကျွန်တော်တို့ ကား ကဘယ်က နေ စ၀င်လိုက်လည်း ဆိုတော့ ကျုံးရဲ့  အနောက်ဘက်ကနေ စပြီး ၀င်လိုက်ပါတယ်။ ကျုံး အနောက်ဘက်မှာ လည်း မဏ္ဍပ် သိပ်မရှိဘူး ဆိုပြီး မစည်ကား ဘူး မထင်လိုက်နဲ့ ဗျို့။ မဏ္ဍပ် တွေ ရှိနေတဲ့ အတိုင်းပဲ ကျုံး ဘေးမှာ ကားတွေရော လူတွေေ၇ာ ကို ပြည့်နေတာ ပဲ။ ကျုံးရဲ့ အနောက်ဘက်ကတော့ ဘယ်လို ရေကစားကြလဲ ဆိုတော့ မီးစက်တွေ ချထားပြီးတော့ ရေ ပိုက်လုံးတွေနဲ့ ဒီအတိုင်း မဏ္ဍပ် မပါပဲ ပတ်ကြတာ ခင်ဗျ။ ကားတွေကလည်း ပြည့် ရေပတ်တဲ့ လူတွေကလည်း အပြည့်ပဲ။ ကျွန်တော်တို့ ကားတောင်.. ရှေ့ကို တိုးလို့ ရအောင်လို့ ကျွန်တော်က ရှေ့က နေ လမ်းပြ လုပ်လုပ် ပြီးတိုးလာ လိုက်ရတာ.. ကျုံး အနောက်မြောက်ဒေါင့်ကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ပါဘူးဗျာ။ လူလည်း တော်တော် လည်း ပန်းတယ်ဗျ။ အဲဒီမနက်က။ ကျုံး အနောက်ဘက်က နေ ကျုံးမြောက်ဘက်ကိုပတ်လာခဲ့လိုက်ကြပါတယ်။ မြောက်ဘက်မှာတော့ အနောက်ဘက်ကလောက်မစည်ဘူးဗျ။ မဏ္ဍပ်က လည်း နည်းတယ်။ ပြီးတော့ အတက်နေ့ မနက် အစောကြီးက နေနဲ့ မိုးနဲ့ ချထားတော့ သစ်ပင် ကြီးတစ်ပင်က လဲသွားပြီး မဏ္ဍပ်ကို ဖြတ်စီးခြင်း ခံလိုက်ရသေးတယ်ဗျ။ ဒါကြောင့် ကျုံး ရဲ့ မြောက်ဘက်မှာက သိပ်ပြီးတော့ အကြာကြီး မနေခဲ့ရပဲ ခဏ နဲ့ ပဲ ပြန်ထွက်ခဲ့လိုက်ရတာပေါ့ဗျာ။ အဲဒီကနေ ကျုံးအရှေ့ဘက်ကို ကားနဲ့ ပတ်ပါတယ်။ ရေပတ်ခံ ထွက်တယ်ပေါ့ဗျာ။ ကျုံး အရှေ့ဘက်ရောက်တော့ နေ့လည်ပိုင်း ရောက်သွားပြီဆိုတော့ ရေပတ်တဲ့ မဏ္ဍပ်တွေကလည်း ထမင်းစား နားနေကြပြီလေ။  ဒါကြောင့် ကျွန်တော်တို့ လည်း ကျုံး အရှေ့ဘက် နန်းရှေ့ကနေ ပတ်ထွက်လာခဲ့ ပြီးတော့ ဥပိန်တံတားကို ထွက်လာ ခဲ့လိုက်ကြပါတော့တယ်.။ ဥပိန်တံတား နား မရောက်ခင် အမရပူရ မြို့ထဲ ကတည်းက ရေပတ်တဲ့ သူတွေ ကလည်း တော်တော် များတယ်။ ဒါကြောင့် ဖြည်းဖြည်းခြင်း ကားကို ရှေ့တိုးလာခဲ့လိုက်တာ.. တံတားနား ရောက်တော့ လမ်းကြောကပိတ်သွားပါလေရော..။ အဲဒီမှာတင် ကားပေါ်က လူတွေက အကုန်ဆင်းပြီးတော့  တောင်သမန်အင်း ထဲ မှာ ရေသွားကူး ကြတယ်ဗျ။ ကျွန်တော်ကတော့ ကားနားမှာပဲ နေရတာပေါ့ဗျာ။ ကားမောင်းတဲ့သူက ကျွန်တော့် အကိုဆိုတော့ ကျွန်တော်က ကား ရှေ့တိုး နောက်ဆုတ် လုပ်ရဖို့..နေပေးရတာပါ။ ဒီလိုနဲ့ ရဲသားတွေနဲ့ မော်တော်ပီကယ်တွေရဲ့ ကျေးဇူးနဲ့ အတက်ကားတွေကို ကုန်အောင် ရှင်းထုတ်လိုက်တော့ ကျွန်တော်တိုက ကားက တောင်သမန် ချောင်းဘေးကို ဆင်းခွင့်ရသွားတာပေါ့လေ..။ တောင်သမန် ကလည်း တော်တော်လေး ကို စည်တယ်ဗျ။ စားသောက်ဆိုင်တွေထဲမှာလည်း လူတွေကအပြည့်ပဲ။ ကျွန်တော်တို့ လည်း ကားထိုးထားပြီးတော့ ဗိုက်ဖြည့်ဖို့ စားသောက်ဆိုင်ထဲ ၀င်လိုက်တော့ နေရာတောင် တော်တော် ရှာ ယူ ပါတယ်။ ဆိုင်ထဲ လည်း ရောက်လို့ မေးလိုက်တော့ ထမင်း ဆီဆမ်း တစ်ပွဲ ဘယ်လောက်လဲ ဆိုတော့ ဘာမှ မပါပဲ ဆီဆမ်း တစ်ပွဲကို ငါးရာ တဲ့ဗျာ။ .. အောင်မလေ… သင်္ကြန် ရက်ကိုး………လို့ ပြန်လည် ဖြေလိုက်ရပါတယ်။ ငါးရာလည်း တွယ်ရမှာပဲ။ ထမင်း ဆီဆမ်း  တွေ မှာ.လူက လေးငါးယောက်လောက်ဆိုတော့  ဆတ်သားခြောက်ထောင်း တစ်ပွဲ မှာလိုက်တယ်.. သုံးထောင်တဲ့ ခင်ဗျ။ ဈေးကတော့ ရှယ်ပဲ…။ အဲဒီမှာပဲ… မနက်စာကို ထမင်းဆီဆမ်းလေး နဲ့ စားသောက်လာခဲ့ကြပြီးတော့ ကားပေါ်က အုပ်စုလည်း အဲဒီမှာပဲ ၀င်စားကြပါတယ်။ စားလည်း ပြီးရော.. ကျွန်တော်တို့ အုပ်စု တောင်သမန်ကနေ ငါးရာတန် ထမင်းဆီဆမ်း လေး.. စားလာပြီးတော့ မြို့ထဲ ၀င်လာလိုက်ပါတယ်။ မြို့ထဲ ရောက်တော့ ဘယ်သွားမလဲ ဆိုတော့ မြို့တော် ဥယဉ် တဲ့ ။ အဲဒါနဲ့ မြို့တော်ဥယာဉ် မှာသွား ပြီးတော့ ကားပေါ် က ပါလာတဲ့ ကောင်မလေး တွေရော ယောကျာ်းလေး တွေရော.. မြို့တော်ဥယဉ်မှာ ကဲ ကြတာပေါ့ဗျာ။ ဟိုဟာ စီး ဒီဟာစီးပေါ့။ ကျွန်တော်ကတော့ မစီးချင်ဘူးခင်ဗျ။ တစ်ခုခု စီးရင်.. အနည်းဆုံး ၇၀၀ နဲ့ ၈၀၀ တွေဆိုတော့ နှမောလို့ သူများ  စီးတာ ပဲ ဒီအတိုင်း ကြည့်လာခဲ့လိုက်တော့တယ်။     မြို့တော်ဥယဉ်က လည်း တော်တော်လေး စည်တယ်ခင်ဗျ။ မြို့တော် ဥယဉ်က နေ ထွက်လာပြီးတော့ ကျိုးတောင်ဘက်မှာ ဆက်တိုးမယ်ဆိုပြီး ၀င်တိုးလိုက်တာ.. အစပိုင်းနားရှိသေးတယ် တိုး မရလို့ မနည်း နောက်ဆုတ်ပြီးတော့ ပြန်ထွက်လာ ခဲ့လိုက်ရပါတော့တယ်။ အဲဒီက နေ ပြန်ထွက်လာပြီးတော့ ၂၇ လမ်းကနေ. ကျုံး အရှေ့ ဘက်ေ၇ာက်အောင် ပြန်သွားပြီးတော့ ကားပေါ်က အုပ်စု က အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ တိုး ချင်တာဆိုလို.  အရှေ့ ဘက်က နေ ပြန်တိုး ၀င်ပါသေးတးယ်.. ဒီလောက် ကားတွေ ရော လူတွေ ရော ပြည့်ညက်နေတာ ဆိုတော့ ဘယ်လိုမှ ၀င်မရတာ နဲ့ ပဲ ကျုံး အရှေ့ ဘက် ဒေါင့် နားလေး မှာ.. ကားကို ရပ်ထားခဲ့ ပြီးတော့ ကားပေါ် က အုပ်စုလိုက်ကို ခြေလျှင် တိုးခိုင်း လိုက်ပါတော့တယ်။ အဲ…….. ကျွန်တော်တို့ အုပ်စု ခြေလျှင် တိုး ဖို့ ၀င်သွားတဲ့ အခါမှာ.. ဆီဒိုးနား ဟိုတယ်ရှေ့ က နေ ဖြေးဖြေး ချင်း တိုး သွားလိုက်တာ.. အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို ရောက်ဖို့ မလွယ်ဘူးဗျ။ အဲဒီအချိန် မှာ အယ်လ်ပိုင်း ရဲ့ အရှေ့ဘက်က ရတနာပုံ မဏ္ဍပ်ရှေ့ ရောက်တော့ ခဏ ကြည့်နေတုန်း ရှိသေးတယ်.. မဏ္ဍပ်ပေါ်မှာ ရန်ပွဲ က ချနေကြပါတယ်။ အဲဒီရန်ပွဲ ကို အောက်နေကြည့်နေတုန်း ခဏ နေတော့ မဏ္ဍပ်ပေါ်မှာလည်း ရေပတ်တဲ့သူလည်း တစ်ယောက်မှ မရှိတော့ဘူး ရန်ဖြစ်တဲ့သူတွေပဲရှိတော့တယ်။ အဲဒီအောက်က နေမှ.. တစ်ချို့က ပြန်ပြစ်ကြနဲ့ ဆိုတော့ အဲဒီ မဏ္ဍပ်ရှေ့ မှာက လူတွေ လည်း ပြေးကုန်ကြတာပေါ့ဗျာ.. ။ အဲဒီလို ပြေးတဲ့ အချိန်မှာပဲ ကျွန်တော်တို့ အုပ်စု က အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို ရောက်အောင် တိုး သွားလိုက်ကြတာ ကျွန်တော်ကို မသိလိုက်ဘူး ဗျ.. ကျွန်တော် တစ်ယောက်ထည်း ကျန်ရစ်ခဲ့တော့တယ်။ အဲဒါနဲ့ အယ်လ်ပိုင်း မဏ္ဍပ်ရှေ့ ကို တစ်ယောက်ထဲ တိုး ပြီး ရှာပါသေးတယ်.. ဘယ်လိုမှ မတွေ့တာ နဲ့ ။ နောက်ဆုံး တော့ အဲဒီရှေ့ကနေ ပြန်ထွက်လာပြီးတော့ ဆီဒိုးနား ဒေါင့်က LCD တီဗီ ကြီးနဲ့ အယ်လ်ပိုင်း က သီဆိုနေတာ တွေကို တိုက်ရိုက် ပြထားတာ ကို ခဏ ရပ်ကြည့်ပြီး ကား ရပ်ထားရာ နေရာ ကိုပဲ ပြန်လာခဲ့လိုက်ပါတော့တယ်။… ကားပေါ်က အုပ်စုက တော့ အယ်လ်ပိုင်း ရှေ့ မှာ အားပေးနေလိုက်ကြတာ ကျွန်တော်တော့ ပျင်းလာတာနဲ့ ကားပေါ် မှာ ပဲ အိပ်လိုက်တာ တရေး ရတယ်ဗျ..  ။ စောစောက အုပ်စု ကတော့ တော်တော်ကြီး မှောင်မှ ပဲ ပြန်လာခဲ့ကြတော့ တယ်. ။ သူတို့ ပြန်လာတော့မှာပဲ… သူတို့ လည်း ကျွန်တော်တို့ နယ်ကို ညတွင်းခြင်းပဲ ပြန်သွားကြတယ်.. ကျွန်တော်လည်း သူတို့ တည်းတဲ့ ဘုန်းကြီးကျောင်းက နေမှ ပဲ ဆိုင်ကယ်လေး ယူပြီး ပြန်လာခဲ့လိုက်ပါတော့တယ် ခင်ဗျ……..။
ဒီလို နဲ့ ပဲ သင်္ကြန် လေးရက်လုံး လည်ပတ်ပြီးတော့ …. ၁၃၇၁ ခုနှစ်ရဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေး ကြော ပစ်ရင်း ၁၃၇၂ ခုနှစ်ရဲ့ နှစ်သစ်ကို ကြို ဆိုခဲ့လိုက်ပါတော့တယ်။ နှစ်ဆန်း တစ်ရက်နေ့ မှာတော့ ဘယ်မှ မလည်လိုက်ရတော့ပါဘူး။ ဘာကုသိုလ်မှလည်း မလုပ်လိုက်ရတော့ပါဘူး။ မနက်ကတည်းက အလုပ် ထည်း တန်းရောက်သွားလို့ ညပိုင်း မှ ပဲ အနားယူ အိပ်စက်လိုက်ရပါတော့တယ်။  ဒီထိ ရောက်အောင် ဖတ်လာခဲ့ ကြသော သူငယ်ချင်း များ ကို ကျေး ဇူးအထူး တင်ရှိပါတယ်ခင်ဗျ။ ဘာရယ်  မဟုတ် ကျွန်တော် သင်္ကြန် လည်ပတ်တဲ့ အကြောင်းလေးကို နိုင်ငံ ရပ်ခြား မှာ ရောက်နေတဲ့ မန်းသင်္ကြန်နဲ့ ဝေးကွာနေတဲ့ သူငယ်ချင်း မိတ်ဆွေများ၊ ဘလော့ဂါ မောင်နှမများ အတွက် မန်းသင်္ကြန်လေးကို ကျွန်တော်နဲ့ အတူ စိတ်ကူးထဲကနေ ပြန်လည် ခံစားပြီး ပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းတို့ လည်း ပျော်တက်မယ်ဆို ရင် ဒီစာလေး တွေကို ဖတ်ပြီးတော့ မျှဝေ ပျော်ရွှင်နိုင်ပါတယ် ဆိုတဲ့ အကြောင်း ၊ ပြီးတော့ သူငယ်ချင်းတို့ အတွက် ဒီစာတွေ ကို ဖတ်လိုက် ရတဲ့ အတွက် ဘာမှ  မျှဝေခံစားလို့ မရ ၊ ဗဟုသုတလည်း မရပဲ တန်ဖိုး ရှိတဲ့ အချိန်တွေ  ဆုံးရှုံး သွားတယ် ဆိုရင် လည်း ကျွန်တော် ဒီနေရာ နေပဲ တောင်းပန်စကား ပြောကြားအပ်ပါတယ်……….။
စာလာဖတ်သော သူငယ်ချင်းတို့ အားလုံး နှင့်တကွ ဘလော့ဂါ ညီအကို မောင်နှမ များ အားလုံး လည်း ကျွန်တော်တို့ ရဲ့ မြန်မာ နှစ်သစ်လေး မှာ ပျော်ရွှင်  ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်……….။
ဇော်သိင်္ခ

Saturday, April 17, 2010

နှစ်သစ်ဆုတောင်း



၁၃၇၁ ခုနှစ် ကုန်ဆုံးသွားပြီ ဖြစ်လို့ ၁၃၇၂ နှစ်သို့ ဒီနေ့ စတင်ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ရဲ့ မင်္ဂလာရှိသော မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မှစ၍ မြန်မာ ပြည်သူ ပြည်သား အပေါင်း ၊ ကမ္ဘာသူ ကမ္ဘာသား အပေါင်းအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြ၍ စီးပွား ဥစ္စာ လာတ်လာဘများ တိုးပွားကြ၍ ဘေးရန်ကင်းကွာစွာနဲ့  ပျော်ရွှင်ချမ်းမြေ့ကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်………။


ဇော်သိင်္ခ

Monday, April 12, 2010

ပိတောက်ပန်း

သင်္ကြန်ရက်အတွင်း ဘလော့မှာ ပို့စ် တင်ခြင်း ရပ်နားထားအုံးမည်ဖြစ်သည့်အတွက် သင်္ကြန်ရက်လေးတွေကိုလည်း စာဆိုတော် ဦးကြော့ရဲ့ ``ပိတောက်ပန်း`` ဆိုတဲ့ ကဗျာလေးနဲ့ ကြိုဆိုခဲ့လိုက်ကြရအောင်ဗျာ................ ။

လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။
တကယ်တန်းသာဖြင့်
ဘယ်ပန်းနော် စံမတူဘု
နန္ဒမူ ဖန်ဂူ ထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ ။
တစ်နှစ်တွင်သည်တစ်လပေပ
တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း ။
မြူမင်းလွင်ထန်
ကြူသင်း တာချိန်ယံမတော့
ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့
သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပေမယ့်
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း ။ ။
(ဦးကြော့)
ဇော်သိင်္ခ

“ ရေမြေခြားအလွမ်း ”




“ ရေမြေခြားအလွမ်း ”

တနယ်တကျေးရောက်ကာ

ဝေးနေပေမယ့်လည်း

ဒီအချိန်ဒီလကိုရောက်တိုင်း

နှစ်စဉ်အမြဲသတိရနေတယ့့်  ။

တချိန်တုန်းကဆို

ဒီအချိန်ကိုရောက်တိုင်း

ရွှဲစိုအောင်ရေတွေလောင်းပက်ပါလို့

အပေါင်းအဖေါ်များနဲ့

အပျော်ကြီးပျော်ခဲ့ အဲ့ဒီသင်္ကြန်ရက့့်  ။

ရေမြေခြားသင်္ကြန်ပွဲမှာတော့

အမိမြေမှာလိုမပျော်လည်း

ကပိုကရိုရွှဲစိုပြီး

အပြုံးမပျက်အလှမပျက်အောင်ပဲ

ရသေ့စိတ်ဖြေနည်းနဲ့ဆင်နွဲ

အဲ့ဒီနှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲ့  ။

တချိန်တုန်းကဆိုရင်ပေါ့

အမေမွေးတဲ့အသာမြေမှာ

ကွမ်းတောင်ကိုင်ဆယ်ကျော်သက်ကိုလည်း

ဦးဦးဖျားဖျားရေလောင်းခဲ့ဖူးတယ်

တိုက်ဆိုင်မှုတွေရှိနေတိုင်း

ရေမြေခြားနေပေမယ့်

အမိမြေကိုလွမ်းစိတ်ကပိုကဲ့  ။

ဒီအချိန်ကိုရောက်ရင်တော့

ရေဖလားလေးနဲ့ရေပက်တာကိုလည်း

ထာဝစဉ်အမြဲ လွမ်းရစမြဲ

တနှစ်မှာတခါသာပွင့်တဲ့

သင်းပျံတဲ့ပိတောက်တွေကိုလည်းလွန်းရမြဲ့  ။

ဇာနည်မောင်

မြန်မာပြည်ရဲ့ သင်္ကြန်ရက် တွေနဲ့ တော်တော်လေးဝေးကွာနေ တဲ့ နိုင်ငံ တကာသို့ ရောက်ရှိနေတဲ့ သူငယ်ချင်း ကိုဇာနည်မောင် ရဲ့ သင်္ကြန် အလွမ်းပြေလေး ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။ အခုလို သင်္ကြန်အလွမ်းပြေလေးကို ရေးဖွဲ့ ပေးတဲ့ ကိုဇာနည်မောင် နှင့် တကွ သူငယ်ချင်းတို့ အားလုံး လည်း နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..... ။

ဇော်သိင်္ခ

Sunday, April 11, 2010

သင်္ကြန် သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။

သိကြားမင်း -ဗြဟ္မာမင်း

တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ဂနေဆာ

ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။

ပုဂံခေတ်မြန်မာသင်္ကြန်

အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။

မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

***********

အပေါ်က ရေးထားတဲ့ သင်္ကြန်သမိုင်းကြောင်းလေးက တော့ ဒီက နေမှ ပြန်လည်မျှဝေခံစားပေးထားတာပါ။ ကျွန်တော်တို့ မြန်မာ တွေ ဟာ သင်္ကြန်လို့ ကြားလိုက်ကြတာ နဲ့ လူငယ်တွေ နဲ့ တချို့ လူကြီးတွေ ရဲ့ စိတ်တွေထဲမှာဆိုရင် အလိုလိုကို မြူးကြွ လာခဲ့ကြပါတယ်။ တစ်ချို့ကြ တော့လည်း ဒီရက်တွေမှာ ဦးပဇင်း ၀တ်ဖို့ တို့ ၊ ရိပ်သာ ၀င်ဖို့ တို့သီတင်းသီလ ဆောက်တည်ဖို့ အတွက် သင်္ကြန်ရက် မတိုင်ခင် ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ တချို့ လူငယ်တွေကတော့ တစ်နှစ်တစ်ခါ နှစ်သစ်ကူး တဲ့ သင်္ကြန် ရက်ကို မရောက်ခင်ကတည်းက သင်္ကြန် သီချင်းတွေ ကြားနေရချိန်မှာပဲ စိတ်ဓာတ်တွေက မြူးကြွလို့၊ တက်ကြွလို့ ။ ဒီနှစ်သင်္ကြန်မှာ ငါတို့ ဘယ်လိုကဲလိုက်မယ်ဟေ့ ၊ ဘယ်လိုလည်လိုက်မယ် ဟေ့ ဆိုပြီး တွေးတော ကြံစည်နေကြတဲ့ လူငယ်ပေါင်းကလည်း မနည်းပါဘူး။ ဒါပေမယ့် ဒီလို သင်္ကြန်ကို ဘာကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကိုတော့ သိတဲ့သူ နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ ဒါကြောင့် မသိသေးတဲ့ လူငယ်လူကြီးများနှင့် သူငယ်ချင်း တို့ အတွက် ဒီသင်္ကြန်သမိုင်းကြောင်း လေးကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာ လေးက တော့ ကျွန်တော်ကိုယ်တိုင် ရေးတာ လည်းမဟုတ်ပါဘူး။ ရေးသားသူကိုလည်း ဘယ်သူဆိုတာ မသိရှိရတဲ့ အတွက်ပါ။ ဒါကြောင့် ဒီသင်္ကြန်သမိုင်းကြောင်းလေး ရေးသားသူကိုလည်း ကျေးဇူးတင်ရှိပါတယ် လို့ ပြောကြားရင်း……… ကျွန်တော့်ရဲ့ ဘလော့သို့ လာရောက် လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေ များနှင့်တကွ ဘလော့ဂါ မောင်နှမများ အားလုံးလည်း… နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….။

ပျော်ရွှင် သော အတာ သင်္ကြန်ပွဲတော်လေး ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း………….. ။

ဇော်သိင်္ခ

Saturday, April 10, 2010

မဖြစ်နိုင်ဘူး ထင်သလား

တက်ချင်သည့် လူအတွက် “တက်လမ်း“ဆိုတာ ရှိစမြဲ ဖြစ်သည်။

ဘယ်ကိုတက်မည်လဲ။ သစ်ပင်ထိပ်ဖျားလား၊ တိုက်ခေါင်မိုးလား၊ ဟိုးကောင်းကင်လား။ တကယ် ဆန္ဒပြင်းပြလာပြီဆိုလျှင် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းပင် မိုးကောင်းကင် တိမ်ယံကြား တက်သွားနိုင်ပါတယ်။

အလကားအခြောက်တိုက် လျှောက်ပြောနေသည်ထင်ပါလား။ မယုံမရှိနှင့်။

တကယ် တက်သွားဖူးသူ ရှိပါသည်။ သူ့နာမည်က လယ်ရီဝေါ်လတား(စ)။

ဝေါ်လတား(စ)သည် ထရပ်ကား မောင်းသမားတစ်ယောက်ဖြစ်သည်။ အဲသည်တုန်းက သူ့အသက် ၃၃ နှစ်။ အားလပ်သည့် အချိန်တိုင်း အိမ်နောက်ဖေးကွက်လပ်တွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် ထိုင်ကာ လေမှာ ပျံဝဲလိုက်ရရင် သိပ်ကောင်းမှာဟု တွေးသည်။ စင်စစ် သူက လူမှန်းသိစ အရွယ်ကတည်းကပင် ကောင်းကင်မှာ သိပ်ပျံချင်လှသူ ဖြစ်သည်။ ဟိုး အထက်ကြီး တက်သွား၊ အမြင့်ကြီးကနေ ဟိုးအဝေးကြီး လှမ်းကြည့်၊ သိပ်အရသာ ရှိမှာ၊ အဲသည်လို သူတွေးလေ့ရှိသည်။ သို့သော် စိတ်ကူးသာ ယဉ်နေရသည်။ လက်တွေ့ လုပ်ဖြစ်ဖို့ လမ်းစရှာမရ။

အကယ်၍ လေယာဉ်နှင့် ၀ဲပျံမည် ဆိုပါစို့။ လေယာဉ် ပိုင်းလော့ဖြစ်ဖို့ သူ့မှာ ပညာအခြေခံ မရှိ။ သင်တန်းတက်ဖို့ ငွေမရှိ၊ အချိန်မရှိ၊ အခွင့်ရေးမရှိ။ ဟင်းဂလိုက်ဒါ ( hang glider) ကျတော့လည်း အန္တရာယ် ကြီးလွန်းသည်။ ပြီး – သည်ဟာတွေ စီး၍ကောင်ားသည့် နေရာကလည်း အဝေးကြီးမှာ။ ထို့ကြောင့် သူ့ခမြာ နွေနေ့လယ်ခင်း များစွာကို ထိုင်ရင်းသာ ကုန်လွန်စေရသည်။ သူ့ကုလားထိုင်က ပန်းခြံထဲ နောက်ဖေး ကွက်လပ်များထဲမှာ သူသူငါငါ ချထားတက်သည့် အလျူမီနီယံ ဘောင်တပ်ကြိုးထိုး ကုလားထိုင်ဟောင်း တစ်လုံး ဖြစ်သည်။ အဲသည်လိုနေရင်းက တစ်နေ့မှာတော့ သတင်းစာတွေ၊ တီဗွီတွေထဲမှာ လယ်ရီဝေါ်လတား(စ) အကြောင်း ရုတ်တရက်ကြီး ပါလာသည်။ လော့စ်အိန်ဂျလိ(စ)မြို့ကြီး အထက်က ကောင်း ကင်ပြင်မှာ လယ်ရီကြီး ရောက်နေသည်။ တကယ် လေမှာ ပျံနေပြီ။ တကယ့်ကို ဟိုး အထက်ကြီးမှာ။ သူ့အလျူမီနီယံ ပက်လက် ကုလားထိုင် ဟောင်းကြီးမှာ ပင် ထိုင်လျက်။ သို့သော် သည်ကုလားမှာ ချိတ်ဆွဲထားသည်က သို့မဟုတ် သည်ကုလားထိုင်ကြီးကို မ,ချီထားသည်က ဟီလီယမ် ဓာတ်ငွေ့ ဖြည့်ထားသည့် မိုးလေ၀သ ပူဖောင်းအကြီးစား ၄၅ လုံး။

သူ့ကျောမှာ လေထီးတစ်ခု ပိုးထားသည်။ သူနှင့် အတူ အသံလွှင့် အသံဖမ်း(စီဘီ) ရေဒီယိုတစ်လုံး၊ ဘီယာ ခြောက်ဘူး၊ အသားညှပ်ပေါင်မုန့် အချို့အပြင် အောက်ဘက် ပြန်ဆင်းချင်သည့်အချိန်၌ ပူဖောင်းအချို့ကို ပစ်ဖောက်ရန် လေသေနတ်တစ်လက်ပါသည်။

လယ်ရီ လေထဲတက်သွားသည်က ပေတစ်ရာ နှစ်ရာ မဟုတ်၊ အမြင့်ပေ သောင်းတစ်ထောင်အထိ ဖြစ်သည်။ လော့စ်အိန်ဂျလိ(စ) အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များ၏ ချဉ်းကပ်လမ်းကြောင်းထဲသို့ပင် သူ ရောက်သွားသည်။

လယ်ရီက စကားများများ ပြောလေ့ရှိသူ တစ်ဦးမဟုတ်။ စာနယ်ဇင်းသမားတွေက သူ ဘာကြောင့် ပူစီဖောင်းနှင့် ကောင်းကင်ပေါ်တက်ရသလဲ မေးသည့် အခါ “ ဒီအတိုင်းချည်း ငုတ်တုတ်ထိုင်မနေနိုင်ဘူးလေဗျာ“ ဟုတ်ဖြေသည်။ အပေါ်ရောက်တဲ့အခါ မကြောက်ဖူးလား ဆိုတော့ “ ကြောက်တာပေါ့ဗျ“ တဲ့။ နောက်တစ်ခါ တက်ဦးမလား မေးသည့်အခါ “ ဟင့်အင်း“ ဟု ဆိုသည်။ သို့သော် အခုလို လုပ်လိုက်ရတော့ ခင်ဗျား တော်တော် ကျေနပ်သွားလား မေးသည့်အခါ သူက နှုတ်ခမ်းထောင့်စွန်းတွေ နားရွက်တက်ချိတ်မတက် အားရပါးရကြီး ပြုံးကာ “အရမ်း ကျေနပ်တာပေါ့ဗျာ“ ဟူ၍ ဆိုလေသည်။

******

အဲဒါပဲ ဖြစ်၏

လူတွေ ကြည့်လိုက်လျှင် ပက်လက်ကုလားထိုင်မှာ ထိုင်ကာ မဖြစ်နိုင်ပါဘူးဟု တွေးနေသူများ၏။ ဘယ်သူတွေ ဘာတွေဖြစ်နေကြပေမယ့် ငါ့အတွက်တော့ မျှော်လင့်ချက် မရှိပါဘူးဟု စိတ်ဓာတ်ကျနေသူတွေ များ၏။ သည်အတိုင်း အပျက်ပဲ တွေးကာ ငုတ်တုတ်ထိုင် မှိုင်နေသရွေ့တော့ ဘာမှ ဖြစ်မလာနိုင်တာ အမှန်ပင်။

သို့သော် လယ်ရီဝေါ်လတား(စ)လို ပုဂ္ဂိုလ်မျိုးအဖို့တော့ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိ။

လေမှာ ပျံဝဲချင်သလား။ တခြားနည်းနှင့် မဖြစ်နိုင်လျှင် ကုလားထိုင်မှာ ပူစီဖောင်းချည်သော နည်းနှင့် ဖြစ်ရမည်။ ပေသောင်း တစ်ထောင် ရောက်သည့် အခါ “ဟေး… ၊ ငါရောက်ပြီးကွ၊ ငါ လေထဲ ပျံနေပြီ“ ဟု အော်မည်။ တစ်ကမ္ဘာလုံး ကြားအောင် ရေဒီယိုနှင့် လှမ်းပြောမည်။

မှန်သည်။ လောကကြီးမှာ အပြီးသတ် အဆုံးအဖြတ်ပေးမည့် အရာက စိတ်ဓာတ်ပဲ ဖြစ်သည်။ အချိန်ကာလ ကြာချင် ကြာသွားမည်။ ပုံစံက အများထင်တာ၊ မျှော်လင့်တာနှင့် ကွာခြားကာ ဆန်းဆန်းပြားပြားတွေ ဖြစ်ချင်ဖြစ်နေမည်။ သို့သော် အရေးကြီးသည်က ကောင်းကင်သို့ ရောက်ဖို့၊ ရင်ထဲ နှလုံးသားထဲက ဆန္ဒ ပြည့်ဝဖို့၊ ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်ဖို့၊ ဒါပဲ ဖြစ်သည်။

ကိုယ့်စိတ်ကူးကို မဖြစ်နိုင်ဘူးဟု မချုပ်ချယ်နှင့်။ သူများ စိတ်ကူးကိုလည်း အဓိပ္ပာယ်မရှိတာဟု မလှောင်ပြောင်နှင့်။

လူတွေ လေထဲ မပျံနိုင်ဘူးဟု ဆိုခဲ့သည်။ လေမှာ ပုံစံ အမျိုးမျိုးဖြင့် ပျံသူတွေ ပျံပြခဲ့ကြပြီ။ “ဟေး တခြားကိရိယာ အကူအညီတွေနဲ့ ပျံတာပါကွ၊ ငှက်တွေလို သူ့ ခန္ဓာကိုယ် သက်သက်နဲ့ ပျံနိုင်သလား“ ဟု ဆိုသူတွေ ဆိုကြပါမည်။

စောင့်သာ ကြည့်ကြစမ်းပါ။ ဗီတာမင်ဆေးတွေ တီဗီမှာ ကြော်ငြာသည့် စွမ်းအား မြှင့် ဆေးရည် တွေ သောက်ကာ တစ်ယောက်ထည်း ကျိတ်ပြီး တောင်ပံ ခတ်ကျင့်နေသော ပုဂ္ဂိုတွေ မရှိဟု မပြောနိုင်။

တစ်နေ့သော အခါ သည်လူတွေ လေမှာ ပျံမပြဘူး ဟု ဘယ်သူမျှ မပြောနိုင်။

*********************

လောက မှာ လူတော်တော်များများ ဟာ ပက်လက် ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စိတ်ကူးယဉ်နေကြပြီးတော့ တကယ်တမ်း လက်တွေ့ထလုပ် ရမှာ ကို မဖြစ်နိုင်ပါဘူး ဆိုပြီး ကြောက်နေကြသူတွေဟာ မရေတွက် နိုင်လောက်အောင် များပြားလှပါတယ်။ ထိုနည်းတူစွာပဲ ကိုယ်တိုင်က ဖြင့် မဖြစ်နိုင်ပါဘူး ဆိုပြီး စွန့်စားရမှာ ကို ကြောက်နေတဲ့ အပြင် တခြားသူတွေက စွန့်စားလုပ်ကိုင်မယ် လို့ ပြောတဲ့ အခါမှာလည်း ရင်းနီးသော မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းများဆိုလျှင် “မဖြစ်နိုင်ပါဘူးကွာ။ မဖြစ်နိုင်တာ မလုပ်စမ်းပါနဲ့ ။ မရူးချင်စမ်းပါနဲ့ ။ ကိုယ့်ဖာသာ အေးအေးဆေးဆေးပဲ နေစမ်းပါ ၊ ထသွားမှ အကျိုးမှန်း လူသိနေပါအုံးမယ် “ဟု စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။ မရင်းနှီးသော သူများ ဆိုလျှင်တော့ “ အဲဒီကောင် ငပေါကြီး၊ အရူး မို့ လို့ ဒီလို လုပ်တာ။ စဉ်းစားဉာဏ် မရှိတဲ့ကောင် ၊ အလကားကောင် “ စသည်ဖြင့် သူတစ်ပါးကို ကဲ့ရဲ့ လှောင်ပြောင် တက်ကြတာ ကတော့ လူ့ သဘာဝ လို့ ပဲ ပြောရမလားပဲ။ ဒါကြောင့် ဒီစာစုလေးတွေကို ဖတ်ပြီးတော့ လောက မှာ မဖြစ်နိုင်တာ ဟာ ဘာမှ မရှိပါဘူး ။ မဖြစ်သေးတာ ပဲ ရှိတယ်ဆိုတဲ့ အကြောင်းကို သက်သေပြ နိုင်ဖို့ရန်အတွက် လယ်ရီဝေါ်လတား(စ) လို… ကိုယ် ဖြစ်ချင်နေသော စိတ်ကူး လေးများကို တကယ် အကောင်အထည်ဖော်နိုင်အောင်၊ စိတ်ကူးယဉ် ရေစီးကြောင်းထဲ မှာ မျောပါမနေဘဲ အချိန်ရှိသရွေ့ ကြိုစား အားထုတ် နိုင်ကြ ပါတယ်။ ဒီနည်းလမ်း နဲ့ က မဖြစ်နိုင်ဘူး ဆိုရင်တော့ ဟိုဘက်က နည်းလမ်းနဲ့ ချဲ့ထွင်စဉ်းစားပြီး ၊ ရှု့တောင့် ပေါင်းစုံက နေ ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခု နဲ့ ကြိုးစား ပြုလုပ် နိုင်ကြပါတယ်။ ဒါကြောင့် ဟိုး … အရင်က ဖတ်ဖူးခဲ့တဲ့ စကားပုံလေး ကို ပြန်ပြောပြရရင်……

“ကြိုးစား အားထုတ်နေသမျှ သင်မရှုံး။ လက်မြှောက်နောက်ဆုတ်သွားပြီဆိုလျှင်ကား…. သင်လုံးဝ ဆုံးရှုံးပေပြီ….။“

ဒီစကားပုံလေးကလည်း တကယ် စိတ်ဓာတ် ခွန်အားတွေ တိုးပွားစေတဲ့ စကားပုံလေးပါ။ ဒါကြောင့် စာဖတ်သူ သူငယ်ချင်းတို့တတွေလည်း မဖြစ်နိုင်ပါဘူး ဆိုပြီး တွေဝေ မနေပဲ တကယ်လက်တွေ့ ကြိုးစား လုပ်ဆောင် နိုင်ကြစေရန် အတွက် ဖေမြင့်၏ နှလုံးသား အာဟာရ (၂) စာအုပ်မှ စိတ်အားဆေး လေးများကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဒီစာအုပ်ကိုတော့ ဖတ်ဖူးပြီးသားသူတွေတော့ တော်တော်များများ ပါလိမ့်မယ်ထင်ပါတယ်။ ဖတ်ဖူးသူများရော၊ မဖတ်ရသေးသောသူများပါ ပြန်လည် ဖတ်မိတဲ့ အခါမှာ စိတ်ဓာတ် ခွန်အားများ တိုးပွားပြီးတော့ လက်တွေ့ လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒ ပြုရင်း……………….

Robert Fulghum ၏ All I really Need to Know I Learned in Kindergarten စာအုပ်မှ။

ဇော်သိင်္ခ

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ အပိုင်း (၂)

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ အပိုင်း (၂)

ကိုယ့်ရဲ့ အလှူ မင်္ဂလာကို လာအန္တရယ်ပြုတဲ့ သူကို ယူထားတဲ့ကြွေး လျှော်ပစ်လိုက်တာ၊ ကိုယ့်ကို ဈေးမတန်တဆ တင်ရောင်းခဲ့တဲ့သူကို ပျဉ်ချပ်ထိုးပေး လိုက်တာ။

စာက တစ်ဆင့် ဖတ်ပြီး သိရတာတောင် ရင်ထဲ အေးမြနေတာ၊ ကာယကံရှင်တွေဆိုရင် ဘယ်လောက်အေးမြနေမလဲဆိုတာ မပြောတက်အောင်ပါပဲ။

တကယ်လို့သာ သူတို့ဟာ ဆန့်ကျင်ဘက် တစ်ခုခု ကိုသာပြုမူခဲ့ရင် ကာယကံရှင် တွေ အ ဖို့ကော ဖတ်ရသူတွေအဖို့ကော ပူလောင်မှု တစ်ခုခုကို ခံစားရင်း သက်ပြင်း ရှည်တစ်ခုကို ချကြရမှာပါ။

တကယ်တော့ အေးမြခြင်း ပူလောင်ခြင်းရဲ့ အကြောင်းလေးတွေကို ပထမအဆင့် အနေနဲ့ ကိုယ်ကသိထားလိုက်ဖို့ပါ။ ကျင့်တာ မကျင့်တာက ဒုတိယကိစ္စပါ။

ဒေါသဖြစ်ရင် ဖြစ်တဲ့သူကိုယ်တိုင်က အရင် ပူလောင်ရတာပါ။ ရပ်ကွက်ထဲမှာ ကလေးတွေ အပြောင်အပျက် ပြောပြောနေကြတဲ့ စကား ရှိပါတယ။ ဘာလဲ ဆိုတော့ “ မီး…. မီး ဘယကစလောင်၊ လောင်တဲ့နေရာက စလောင်တဲ့“ တဲ့။

အပြောင်အပျက် ရယ်စရာ အဖြစ်ပြောကြပေမယ့် တကယ်သေချာ စဉ်းစားကြည့်ရင် ဒေါသ မီးလောင်ပြီဆိုရင် ဒေါသစဖြစ်တဲ့ သူကိုယ်တိုင်က အရင်စအလောင်ခံရတာပါ။ လောင်တဲ့နေရာမှာလည်း ရုပ်ကော နာမ်ကော လောင်တာပါ။ ရုပ်ကောနာမ်ကော အလောင်ခံနေရတဲ့လူရဲ့ မျက်နှာဟာ ဘယ်လို ပုံစံပေါက်နေမယ်ဆိုတာ မှန်းဆသာ ကြည့်ပါတော့။

အကုသိုလ်မီးတွေဟာ တစ်မီးနဲ့တစ်မီး မတူပါဘူး။ ဒေါသမီးကျတာ့ “၀ုန်းခနဲ ၀ုန်းခနဲ “ ထလောင်တာပါ။ ဣဿာမစ္ဆရိယမီးကျတော့ တမြည့်မြည်နဲ့ ဖွဲမီးလို လောင်နေတာပါ။ တဏှာရာဂမီးကျတော့လည်း တစ်မျိုးပါ။ အကုသိုလ်မီး အလောင်ခံရပြီဆိုရင် အမှားလား၊ အမှန်လားဆိုတာ လုံးဝကို မသိတော့ပါဘူး မသိတော့ အမှားတွေကိုပဲ ဆင့်ကာဆင့်ကာ ကျူးလွန်တော့တာပါပဲ။ ဒီတော့ မီးက တစ်ခါထပ်လောင်နဲ့ တော်တော်နဲ့ မငြိမ်းနိုင်တော့ပါဘူး။

ရပ်ကွက်ထဲမှာ တကယ့်ပကတိ မီးလောင်ပြီဆိုရင် အင်အားမျိုးစုံသုံးပြီး ငြိမ်းရပါတယ်။ ဒီလိုပါပဲ ကိုယ့်သန္တာန်မှာ အကုသိုလ်မီးတစ်ခုခု လောင်ပြီဆိုရင် လည်း သတိနဲ့ပြန်ငြှိမ်းရပါတယ်။ တိတိကျကျ ကောက်ပြရရင်တော့ ၀ိပဿနာသတိနဲ့ ပြန်ငြှိမ်းရပါတယ်။ မငြှိမ်းဘဲ လွှတ်ထားရင် သံသရာအတိပါ စိုးရိမ်ရပါတယ်။

ပကတိမီးကတော့ ပစ္စုပ္ပန်ဘ၀လောက်ပဲ ဆိုးကျိုးဖြစ်မှာပါ။ ရင်ထဲမှာလောင်တဲ့ မီးကတော့ ပစ္စုပ္ပန်ဘ၀တင်မကဘဲ တမလွန်အထိဆက်ပြီး ဆိုးကျိုး တွေ ပေးတက်ပါတယ်။ တချို့အကုသိုလ်မီးတွေဆို နောက်တစ်ဘ၀သာမကဘဲ သံသရာအဆက်ဆက်အထိတောင် ဆိုးကျိုးတွေ လိုက်လိုက်ပေးလေ့ ရှိပါတယ်။ ပကတိမီးကမှ ဥာဏ် ၀ီရိတွေ သုံး ပြီး ပြန်ရှာရင်မူလအတိုင်း ပြန်ရနိုင်ပါသေးတယ်။ အကုသိုလ်မီးကတော့ ဘ၀အဆက်ဆက်အရှုံးတွေပဲ ပြနေတော့မှာပါ။

ဒီတော့ ကိုယ့်သန္တာန်မှာ ဒေါသ ဣဿာမစ္ဆရိယစတဲ့ မီးတစ်မီး လောင်ပြီဆိုရင် ” သြော်.. ငါ့သန္တာန်မှာ မီးလောင်နေပါလား” ဆိုတာ ပထမဆုံး သိလိုက်ဖို့ပါပဲ။ နောက် ကိုယ့်သန္တာန်မှာ လောင်နေတဲ့မီးကို သတိလေးနဲ့ ဆက်ဆက်ပြီး သိနေလိုက်မယ်ဆိုရင် ငြှိမ်းသွားတာများပါတယ်။ နှေးတာနဲ့မြန်တာပဲ ကွာပါလိမ့်မယ်။

တချို့ကျတော့ အာရုံဆိုးတစ်ခုခု ကို တွေ့လိုက်တာနဲ့ ဖျတ်ခနဲ ဒေါသတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ သတိရပြီး ကိုယ့်ဒေါသကိုယ် ပြန်ထိန်းတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တချို့ကျတော့ အာရုံဆိုးကြောင့် ဒေါသဖြစ်လိုက်တာ အဲဒီဒေါသဟာ အရှိန်မသေတော့ဘဲ တမြည့်မြည့်နဲ့ တော်တော်ကြာကြာအထိ ဖြစ်နေတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တကယ်လို့ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါနိုင်သေးရင်တောင် ဒုတိယ အမျိုးအစားလောက်ကိုတော့ ပါအောင် ကြိုးစားရပါမယ်။

ဒုတိယလူဖြစ်ဖို့ အဓိကအကြောင်းကတော့ ကိုယ်ဖြစ်နေတဲ့ဒေါသကို အပြစ်တစ်ခုအနေနဲ့တကယ်မြင်သွားအောင် ဆင်ခြင်လိုက်နိုင်ဖို့ပါပဲ။ အပြစ်တစ်ခုအနေနဲ့ တကယ်မြင်သွားရင် ပျောက်သွားတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းအဆိုးမသိရလောက်အောင် ဘယ်သူမှမညံ့ကြပါဘူး။

တချို့ပုဂ္ဂိုလ်တွေများ အာရုံဆိုးတစ်ခု ဖျတ်ခနဲဝင်လာတာနဲ့ ဖျတ်ခနဲ အလိုလို သည်းခံပြီးသား ဖြစ်နေတက်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက ပါရမီပါခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ဒါမှ မဟုတ် အကျင့်နဲ့လည်း ဆိုင်ချင် ဆိုင်မယ်ထင်ပါတယ်။ ဘယ်အာရုံနဲ့ပဲတွေ့ ကိုယ်ကသည်းခံ ခွင့်လွှတ် ပြီးသား ဖြစ်နေပါလိမ့်မယ်။

ညောင်တုန်းရွှေဟင်္သာစံကျောင်း ဆရာတော် ဘုရားက ရေစက်ချတဲ့အခါတိုင်း ” ဘယ်လိုအာရုံမျိုးနဲ့ပဲ တွေ့တွေ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါလို၏” လို့ ရေစက်ချပေးလေ့ ရှိပါတယ်တဲ့။

ကိုယ်သဘောမတွေ့တဲ့ အာရုံတွေ့တိုင်း ဒေါသဖြစ်နေရမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ စကားကို ဟိုပြောဒီပြော ပြောတက်တဲ့သူနဲက တွေ့ရရင်လည်း ” သြော် …သူက စကားကို ဟိုပြောဒီပြော ပြောတက်တဲ့စရိုက်ရှီတဲ့သူပဲလေ ” ဆိုပြီး သည်းခံခွင့်လွှတ်ရပါတယ်။ နာမည်ယူတက်တဲ့ သူကိုတွေ့ရရင်လည်း ” သြော် .. သူက နာမည်ယူတက်တဲ့ စရိုက်ရှိတဲ့ သူပဲ လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

စပ်စုတက်တဲ့သူတွေ့ရရင်လည်း ” သြော် .. သူက စပ်စုတက်တဲ့ စရိုက်ရှိတဲ့သူပဲလေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

မနာလို ၀န်တိုတက်တဲ့သူကိုတွေ့ရရင်လည်း ” သြော် .. သူက မနာလို ၀န်တိုတက်တဲ့ စရိုက်ရှိတဲ့ သူပဲလေ “ ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။ ဒီလိုပါပဲ။ လူတွေရဲ့ ဖြစ်တက်တဲ့ စရိုက်ကို အာရုံ ပြုပြီး ” စရိုက်ဆိုတာ ပယ်ရခက်တယ်လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

သီလသမာဓိပညာနံ၊ ခန္တီပဓာန ကာရဏ။

သဗ္ဗေပိ ကုသလာဓမ္မာ၊ ခန္တျာယတ္တာဝ ၀ဍ္ဎရေ။

ဂါထာလေးက ဘာပြောတလဲဆိုတော့ သီလ တွေ ဆောက်တည်တော့မယ်၊ သမထ ၀ိပဿနာတွေ ပွားများတော့မယ်ဆိုရင် ခန္တီဆိုတဲ့ သည်းခံခြင်းဟာ အဓိကပဓာနကျသလို အားကြီးတဲ့ကုသိုလ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီပါမှပဲ ကြီးပွားတိုးတက်အောင်မြင်နိုင်ပါတယ်တဲ့။

ဒီတော့ အားကြီးတဲ့ ဘာသာရေးပရဟိတတွေ၊ အားကြီးတဲ့လူမှုရေး ပရဟိတတွေလုပ်တဲ့အခါ၊ ဒါမှမဟုတ် လုပ်တော့မယ်ဆိုရင် ခန္တီမပါဘဲနဲ့ လုပ်လို့ကို မရပါဘူး။

ခန္တီမပါဘဲနဲ့ လုပ်တဲ့ အဖွဲ့အစည်းတွေဟာ မကြာခင် ကွဲသွားတက်လေ့ရှိပါတယ်။

ကိုယ်လုပ်နေသမျှ ကာလတစ်လျှောက်မှာ ကိုယ်ဘောမတွေ့တဲ့ အာရုံတွေကတော့ တစ်ခုမဟုတ် တစ်ခုတွေ့နေရမှာပါ။

ကိုယ်သဘောမတွေ့တဲ့ အာရုံတစ်ခုနဲကတွေ့တိုင်း ခန္တီကိုလက်ကိုင်ထားပြီး ရှေ့ကို ဆက်ရမှာပါ။

သည်းခံဖူးမှ သည်းခံခြင်းရဲ့ အရသာကို သိတာပါ။ ခွင့်လွှတ်ဖူးမှ ခွင်လွှတ်ခြင်းရဲ့ အရသာကို သိတာပါ။

ကိုယ်က အဲဒီအရသာကိုသိချင်ရင် သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို တစ်တို့နှစ်တို့လောက်တော့ မြည်းကြည့်ရမှာပါ။

အရသာကို ကောင်းကောင်းသိသွားပြီဆိုရင် ခွင်မလွှတ်ရရင် မနေနိုင်လောက်အောင်ကို ဖြစ်သွားပါလိမ့်မယ်။

ကြုံလို့ပြောရရင် ပရဟိတဟာ အစားထိုး ပရဟိတနဲ့ ပရဟိတစစ်စစ် ဆိုပြီး နှစ်မျိုးရှိပါတယ်။

လုပ်သက်စေ့သွားလို့ ပင်စင်ယူတဲ့အခါလူဟာ အလုပ်မရှိတော့ အထီးကျန်နေတက်ပါတယ်။ အဲဒီ အထီးကျန်မှုကို ကုစားဖို့ အတွက် ပရဟိတ အဖွဲ့အစည်းတွေမှာ ၀င်လုပ်လေ့ရှိပါတယ်။ ဒါဟာ အစားထိုး ပရဟိတပါ။

ဒါက ယေဘုယျအသက်အရွယ်နဲ့ယှဉ်ပြီး ပြောတာပါ။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ အထီးကျန်မှုရောဂါလေးတွေ မသိမသာ ရှိနေတက်ပါတယ်။ ကိုယ့်ရဲ့ အထီးကျန်မှု ရောဂါလေးတွေကို ပရဟိတလေးတွေနဲ့ ကုစားရပါတယ်။ ပရဟိတလေးတွေလုပ်နေရင် ကိုယ့်ရဲ့ အထီးကျန်မှုလေးတွေဟာ သက်သာပျောက်ကင်းနေတက်ပါတယ်။

ဒီတော့ ကိုယ်က ” သြော် ငါ့ရဲ့ အထီးကျန်မှုတွေကို ဒီပရဟိတတွေက ကုစားပေးနေပါလား ” ဆိုပြီး ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းကို ကျေးဇူးတစ်တင်တင်ရှိနေရမှာပါ။

တစ်ခုရှိတာက အဲဒီလိုအချိန်မျိုးမှာ ” ငါက ပရဟိတလုပ်တာ၊ ငါက ပရဟိတလုပ်တာ ” ဆိုပြီး အသိမှား၊ အမြင်မှားလေးတွေ ၀င်လာတက်ပါတယ်။ အဲဒီလိုဝင်လာမယ်ဆိုရင်တော့ အဆင်မပြေမှုတွေနဲ့ဆိုးကျိုးတွေပဲ ဆင့်ကာ ဆင့်ကာ ဖြစ်နေတော့မှာပါ ။ ဒါကြောင့် အတွေးများများမ၀င်နိုင်အောင် သတိနဲ့ ပြန်ထိန်းရပါတယ်။

ပရဟိတစစ်စစ်ဆိုတာကတော့ သူတစ်ပါးအကျိုးကိုငဲ့တယ်။ မိမိအကျိုးကို မငဲ့ဘူး။ နိဗ္ဗာန်ကို ဦးတည်တယ်၊ ဒါက တကယ့်ပရဟိတစစ်စစ်ပါ။

ဒါကြောင့် ကိုယ်လုပ်နေတဲ့ ပရဟိတဟာ အစားထိုးပရဟိတလား ပရဟိတစစ်စစ်လားဆိုတာ အရင်ဆုံး ခွဲခြားသိထားဖို့ လိုပါတယ်။

တကယ်လို့ ကိုယ်က အစားထိုးပရဟိတကို လုပ်ဖြစ်နေတယ်ဆိုရင်လည်း ဘာမှ အားငယ်နေစရာမလိုပါဘူး။ ကိုယ်ရဲ့ ပရဟိတဟာ ဘယ်ပရဟိတ ဖြစ်တယ်ဆိုတာသာ သိထားဖို့ အဓိကပါ။

အချစ်ဝတ္ထုရေးဆရာတွေ မကြာခဏရေးလေ့ ရှိတဲ့ စာပိုဒ်တစ်ပိုဒ် ရှိပါတယ်။

ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီတစ်ပတ်လည်နေခဲ့ရိုးမှန်ခဲ့ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။

အချစ်ဝတ္ထုရေးဆရာတွေက သိပ္ပံသဘာဝကိုကိုင်ပြီး ရေးကြတာပါ။

ကံကြမ္မာ သဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။

အဲဒီလိုမျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံကြရတဲ့အခါ ဘယ်လို မျက်နှာတွေနဲ့ ဆုံကြမလဲ………? ။

အဲဒီအခါ သူကလည်းအပြုံး ကိုယ်ကလည်းအပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့အချိန်ဟာ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ အလှတစ်ခုဆင် လိုက်ကြတာပါ ။

ကဲ….. စာဖတ်သူ ၊ ကိုယ့်သဘောမတွေ့တဲ့ အာရုံတစ်ခုကို တွေ့ရတဲ့အခါ သည်းခံခွင့်လွှတ်ကြည့်ပါလား….။ အရသာ ဘယ်လိုရှိတယ်ဆိုတာ သိရအောင်လို့ ပါ။

ပြီးတော့ ခွဲခွာခြင်းတွေနဲ့ ဝေကွာကြရင် တစ်နေရာမှာ ကံအားလျော်စွာ ပြန်ဆုံကြရတဲ့အခါ အပြုံး နဲ့ နှုတ်ဆက်နိုင်အောင် ရယ်ပါ ။

ရဝေနွယ် (အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

မတ်လ၊ ၂၀၀၆ ။

ဇော်သိင်္ခ

Monday, April 5, 2010

PC Hardware

ဒီစာ အုပ်လေးကတော့ ဟိုးအရင်တုန်းက ညီလေး ကိုဇင် ပို့ပေးထားတဲ့ စာအုပ်လေးပါ။ ဆရာ ဦးမျိုးသူရ ရေးသားထားတဲ့ ကွန်ပျူတာ တပ်ဆင် ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ ဆိုတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေး မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ကွန်ပျူတာ တစ်လုံး မှာ ပါဝင်တဲ့ Hardware ပစ္စည်းတွေကို တစ်ခုခြင်း တပ်ဆင်အသုံးပြုပုံ နှင့်တကွ ထို Hardware ပစ္စည်းတွေ ရဲ့ အလုပ် လုပ်ဆောင်ပုံများ ကိုပါ ပုံတွေ နှင့် တကွ ရေးသား ဖော်ပြထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ ကွန်ပျူတာ အကြောင်းကို လေ့လာနေသူတွေ အတွက်တော့ တကယ် အသုံးဝင်မယ့် စာအုပ်လေးပါ။

အောက်မှာ ဒေါင်းလုပ် ယူနိုင်ပါပြီ။ ဆိုဒ်ကတော့ 15.2 MB ရှိပါတယ်။

Download ( ifile download )

Dwonload ( 4Shared download )

ဇော်သိင်္ခ

Sunday, April 4, 2010

မျှော်လင့်ချက် ဒေသနာ.....

မြတ်ဗုဒ္ဓမိန့်တော်မူသည်မှာ အချိန်တန်သောကာလ၌ ဤလောကဘဒ္ဒကမ္ဘာမှာ နောက်ထပ် သမ္မာသမ္ဗုဒ္ဓဗုဒ္ဓတစ်ပါးပွင့်တော်မူဦးမယ်။ ထိုမြတ်စွာဘုရားကလည်း သင်တို့အား ထာဝရသစ္စာတရားကို ငါဟောခဲ့ပြီးသည့်အတိုင်း ဟော်တော်မူဦးမှာပဲ။ ထိုမြတ်စွာဘုရားသည်လည်း ငါကဲ့သို့ပင် ကျေးဇူးတော်အစုံ၊ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူတဲ့ သမ္မာသမ္ဗောဓိစစ်စစ်ဖြစ်တော်မူတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ခုမျက်မှောက်ဘ၀မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြတဲ့ လူတွေဟာ အရိမေတ္တေယျဘုရား ပွင့်တော်မူတဲ့အခါ သူတို့လည်း လူ့ဘ၀ကိုပြန်ရောက်ကြမယ်လို့ ယုံကြည်မျှော်လင့်ကြတယ်။ အဲဒီအခါကျမှ ဂေါတ မဗုဒ္ဓလက်ထက်က ရခဲ့ကြတဲ့ နိဗ္ဗာန်ချမ်းသာနှင့် ထပ်တူချမ်းသာမျိုးကိုလည်း ထိုဘုရားသာသနာမှာ သူတို့ရကြမယ်လို့ ယုံကြည့်မျှော်လင့်ထားကြတယ်။ အဲဒီအခါကျပြန်တော့လည်း ထိုဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ နောင်အခါ ပွင့်မည့်ဘုရားကို မျှော်လင့်ချက်တွေဖြစ်နေဦးမှာပဲ။ သို့သော် ဘာသာရေးကိုကိုင်းရှိုင်းကြတဲ့ ဘယ်သူမျိုးမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် နိဗ္ဗာန်ဓာတ်၊ အငြိမ်းဓာတ်ကို ရနိုင်ကြတာသာဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဘုရားပွင့်တဲ့အခါ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ နိဗ္ဗာန်ကို ရချင်တဲ့ဇောစိတ်နဲ့ ကျင့်ကြံပွားများအားထုတ်ကြရင် ဘယ်အချိန်မဆို နိဗ္ဗာန်ကို ရနိုင်တာချည်း ဖြစ်ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) “ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက“


ဇော်သိင်္ခ

Friday, April 2, 2010

ဆီသွားဝယ်တဲ့ ကိုရင်လေး

တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာ ကိုရင်တစ်ပါးကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင် ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး
” ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်”
လို့ သတိပေး မှာကြားလိုက်တယ်။

ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။ ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။

ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး
“သေချာယူခဲ့ပါလို့ မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်”
ဆိုပြီး ဆူတော့ ကိုရင် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့ ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး
“ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်”
လို့ မှာလိုက်တယ်။

ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။

ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊ လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့ ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။ မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။

************
သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊ အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက် သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့ ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။ ဒါကြောင့် ဒီပုံပြင်လေးထဲက ကိုရင်လေး လို အလုပ်တစ်ခု ကိုလုပ်တဲ့ အခါမှာ အဲဒီ အလုပ်ပေါ်မှာပဲ အာရုဏ်စူးစိုက်ပြီး စိတ်ကို ချုပ်တည်း မထားကြပဲ လွတ်လပ် ပေါ့ပါးစွာ နဲ့ လုပ်ကိုင်ပြီးတော့ ဘ၀ရဲ့ အောင်မြင်မှုလေးတွေ ရယူနိုင်ဖို့ ရန် အတွက် ဟိုး… အရင်အချိန်တွေက ဖော်ဝါ့မေးထဲ ရောက်လာတဲ့ နှစ်သက် သဘောကျတဲ့ စာစုလေး တွေ ကို သိမ်းဆည်း ထားရာက နေ စာဖတ်သူများ သို့ တဆင့် ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါ။ မူရင်း စာရေးသူကို မသိတဲ့ အတွက် ထည့်မပေးနိုင်တာကိုလည်း ခွင့်လွှတ်ပေးပါလို့။ သူငယ်ချင်းတို့ အားလုံးလည်း ပျော်ရွှင်စွာနဲ့ စိတ်ကိုလွတ်လပ် ပေါ့ပါးစွာ အလုပ် လုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……. ။

ဇော်သိင်္ခ

Thursday, April 1, 2010

April Fool's နေ့ အကြောင်း

ဒီနေ့ ဧပရယ်တစ်ရက်နေ့ဟာ ဧပရယ်လ်ဖူးလ်နေ့ (April Fool’s Day ) သို့မဟုတ် အရူးများ နေ့ (All Fool’s Day ) လို့ခေါ်ဆိုကြပါတယ် ။ ဒီနေ့ (April Fool’s Day )ပေါ်ပေါက်လာပုံ အနေနဲ့ကတော့ 16 ရာစု နှစ် ၀န်းကျင် 1582 ခုနှစ်လောက်မှာ ပြင်သစ်နိုင်ငံ ကနေ အစပြုခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ ကိုသတ်မှတ်ခဲ့တာဖြင့် သိပ်ပြီး တော့ တိကျမှု ရှိမယ်လို့ ပြောလို့ မရခဲ့ပါဘူး။ ပြင်သစ်တွေဟာ… အဲဒီအချိန် မ တိုင် ခင်မှာတော့ ဂျူလီ ယန် ပြက္ခဒိန် (Julian calendar ) လို့ခေါ်တဲ့ ပြက္ခဒိန်တစ်မျိုးကို သုံးစွဲကြပါတယ်။ အဲဒီအချိန်မှာ ပြင်သစ် နိုင်ငံရဲ့ န၀မ မြောက် ဘုရင် မင်းမြတ်ဖြစ်တဲ့ ချားလ်စ် ( Charles IX ) မင်းမြတ်ဟာ သူတို့ရဲ့ ပြက္ခဒိန် (Gregorian Calandar) ဂရီဂိုရီယန် မှာ မတ်လ ၂၅ ရက်ကနေ ဧပရယ်လ် တစ်ရက်နေ့အထိ တစ်ပတ် တိတိ ကျင်းပခဲ့တဲ့ (နှစ်သစ်ကူးပွဲတော်သီတင်းပတ် အဖြစ် ) နေ့ကို ဇန်န၀ါရီ ၁ ရက်နေ့ သို့ ပြောင်းလဲ သတ်မှတ်ခဲ့လိုက်ပါတယ်။ ဒီလို နဲ့ပဲ နှစ်တစ်နှစ်ရဲ့ နှစ်သစ်ဆိုတာ ကို ဇန်န၀ါရီ ၁ ရက်နေ့ အဖြစ်သတ်မှတ်ကာ အဲဒီ ဇန်န၀ါရီ ၁ ရက်နေ့မှာပဲ ကျင်းပခဲ့ကြပါတော့တယ်။

ဒီလိုနဲ့ ပဲ သူတို့ ရဲ့ ပြက္ခဒိန်က ဇန်န၀ါရီ ၁ ရက်နေ့မှာ နှစ်သစ်ကူးရက်လို့ ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ပဲ မြို့ပြ နဲ့ အလှမ်းဝေးတဲ့ ဆက်သွယ်ရေးနဲ့ ဝေး ကွာနေတဲ့ ကျေးလက်ဒေသတွေမှာ နေကြတဲ့ လယ်သမားတွေအနေနဲ့ အဲဒီသတင်းက မရောက်လာတော့ သူတို့ ရဲ့ နှစ်သစ်ကူး နေ့ ဟာ ဧပရယ်လ် ၁ ရက် နေ့မှာဆို ပြီး နှစ်ပေါင်း များစွာ ဆက်လက် ကျင်းပနေကြပါတယ်။ အဲဒီလို လ မှား ပြီး ကျင်းပနေကြတာကို မြို့ပြ ဒေသက လူတွေကသိသွားတော့ သူတို့ ကိုနောက် ပြောင်ချင်တဲ့ ဆန္ဒနဲ့ ပဲ သူတို့ ဆီကို အကြောင်ရိုက်ပြီးတော့ လက်ဆောင်တွေ ပို့ ပေးတာ တို့ ပါတီပွဲသို့လာရောက်ကြဖို့အတွက် နောက်ပြောင်ပြီးဖိတ် လိုက်တာ တို့ လုပ်ကြပါတယ်။ အဲဒီလို လုပ်လိုက်တာကို ကျေးလက်နေ လယ်သမားတွေက တကယ် အထင်မှတ်ပြီး ရောက်လာကြတဲ့ အခါမှာ မြို့ပြနေ ပြည်သူတွေက ဟား တိုက် ရယ်မောပြီးတော့ သူတို့ ကို အရူးလုပ်လိုက်ကြပါတယ်။ အဲဒီအချိန်က စလို့ ဧပရယ်လ် တစ်ရက်နေ့ ဟာ ဧပရယ်လ် ဖူးလ် နေ့ ဆိုပြီး သူတို့ ရဲ့ အလေ့ အထ တွေ ဖြစ်လာခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ သူတို့ရဲ့ ပြင်သစ်နိုင်ငံမှာ ဧပရယ်လ်ဖူးလ် အလုပ်ခံရတဲ့လူတွေကို ဧပရယ်လ် ငါး (“poisson d’avril” or “April fish” )လို့ခေါ်ကြတယ် သတဲ့။ သူတို့ ပြင်သစ်ဘာသာနဲ့ Poisson ဆိုတာကို ငါးကိုခေါ်ပါတယ်။ Avril ကတော့ ဧပရယ် လပါ။ အဲဒီလို ပဲ ဧပရယ်လ် ငါး လုပ်ကြတာတွေ ကို ပြင်သစ်မှာ တော့ ကလေးအများစုက ပြုလုပ်လေ့ရှိကြပါသတဲ့။ ပြီးတော့ အဲဒီ ငါးရုပ် ပုံလေးတွေကို သူငယ်ချင်းတွေရဲ့ နောက်ကျောမှာ သူတို့ မသိအောင် လိုက်ကပ်ကြတာမျိုး လုပ် ပြီးတော့ အဲဒီလို အကပ်ခံလိုက်ရတဲ့ သူကို အရူးလုပ်ခံရတဲ့လူလို့ သတ်မှတ်ပြီး တော့ အော်ကြီး ဟစ် ကျယ် ရယ် ပြီး နောက်ပြောင် ကြပါသတဲ့။ အဲဒါနဲ့ပဲ ဧပရယ်လ် ဖူးလ် နေ့ဟာ ပျော်ရွှင်စရာ နေ့လေးတစ်နေ့ ဖြစ်လာခဲ့တာပေါ့။

အဲဒီလို ဧပရယ်လ် ၁ ရက်နေ့ ကို ဧပရယ်လ်ဖူးလ် နေ့ အဖြစ် ပြင်သစ်နိုင်ငံ ကနေ စတင် ကျင်းပလာခဲ့ ရာမှာ ၁၈ ရာစု နှစ် ပိုင်းသို့ ရောက်တဲ့ အခါမှာတော့ ဗြိတိန် တို့ စကော့တလန်တို့ သို့ ပျံ့နှံ့ လာပြီးတော့ သူတို့ ဆီမှာလည်း ဧပရယ်လ် ဖူးလ် နေ့ အဖြစ် ကျင်းပလာခဲ့ကြပါတယ်။ ထို့နောက်မှာတော့ အမေရိက တို့ အပြင် ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံ အသီးသီး သို့ ပျံနှံ့ လာခဲ့ ပြီးတော့ ဒီနေ့ ဒီ ရက်မှာ အားလပ်ရက် ( Holiday) အဖြစ်သတ်မှတ်ကြကာ… ပျော်ရွှင်ဖို့ရာ အတွက် ဟာသတစ်ခု အနေနဲ့ ကျင်းပပြုလလုပ်လာခဲ့ ကြပါတယ်။ အဲဒီက စလို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အတူတူပါပဲ။ ဧပရယ်လ် တစ်ရက်နေ့မှာ ဧပရယ်လ် ဖူးလ် နေ့ အဖြစ် မသိကြ သော ၊ သိထားသော်လည်းပဲ အမှတ်မထင် နေမိကြသော သူများအနေဖြင့် ဧပရယ်လ်ဖူးလ် လုပ်ခြင်း ကို ခံလိုက်ကြရပါကြောင်း ဧပရယ်လ် ဖူးလ်နေ့ အကြောင်း အမှတ်တရ ရေးဖွဲ့ လိုက်ရပါတယ်….

အောက်ပါ လင့်မှ အဆင်ပြေသလို ပြန်လည် ရေးဖွဲ့ ထားခြင်း ဖြစ်ပါကြောင်း ….

Source: http://www.april-fools.us/history-april-fools.htm

သူငယ်ချင်း အားလုံး လည်း ပျော်ရွှင်သော ဧပရယ်လ် ဖူးလ် နေ့ လေး ဖြစ်ကြပါစေလို့ ဆန္ဒ ပြု ရင်း ….

ဇော်သိင်္ခ

 
^ထိပ်ဆုံးသို့