မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, October 30, 2012

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မြတ်စွာဘုရားကို ပူဇော်ခြင်း

Inline image 1

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ၊
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော၊
အထသဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါတပတိတေဇသာ၊
(ဓမ္မပဒ၊သံယုတ္တ)
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ။ (ပေါရာဏ)


အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ထိန်လင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါမှသာလျှင်၊ တပတိ၊ ထွန်းလင်းကျက်သရေတင့်တယ်လှပါပေ၏။ စန္နိမာ၊ ယုန်ဖြူလနန်း သော်တာစန်းသည်။ ရတ္တိံ၊ ညဥ့်အခါမှသာလျှင် တပတိ၊ထွန်းလင်းကြက်သရေ တင့်တယ်လှပါပေ၏။ ခတ္တိယော၊ ရေမြေပိုင်သ စိုးရသနင်းပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ ရွှေ၊ငွေ၊စိန်၊ကျောက် ထိန်ထိန်တောက်သည့် မင်းမြောက်တန်ဆာ ဆင်ယင်မှသာလျှင်။ ဘာတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ ဗြဟ္မဏော၊ ကိသေလာကုန်ခန်း ရဟန္တာ ပုဂ္ဂိုလ်သည်။ ဈာယီ၊ အဘိဉာဉ်ဝင်စား ဈန်ကစားမှသာလျှင်။ တပတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးပါးမြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ တေဇသာ၊ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်အားဖြင့်။ သဗ္ဗမဟောရတ္တိံ၊ နေ့ရောညဥ့်ပါဘယ်ခါမဆိုင်း အချိန်တိုင်း၌သာလျှင်၊တပတိ ၊ ထွန်းလင်း ကျကသရေ တင့်တယ်လှပါပေ၏။ တာဒိသံတေဇသမ္မန္နံ၊ ထိုသို့ ကြက်သရေမျိုးစုံတန်ခိုးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ နေမင်း၊လမင်း၊ရဟန်းတသင်းတို့ထက် ထွန်းလင်းကြက်သရေ တင့်တယ်တော်မူပေ ထသော။ ဗုဒ္ဓံ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသော မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ အာဒရံ ၀န္ဒာမိ၊ ဗုဒ္ဓဂုဏ်ကို အာရုံထပ်ထပ် စိတ်ဇောကပ်လျှက် မပြတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါသည် မြတ်စွာဘုရား။
ဒီဂါထာကတော့ အလုံးစုံမင်္ဂလာရှိလို့ "သဗ္ဗမင်္ဂလာ" ဂါထာ, တစ်ထောင်တန်လို့" သဟဿရဟ" သစ္စာပြုတာမို့ "သစ္စ"ဂါထာလို့ခေါ်တဲ့ ဂါထာပါ။
ဓမ္မပဒပါဠိ, သံယုတ္တပါဠိတော်မှာလာတဲ့ ဂါထာပါ။ တချို့ပါဠိရတယ်။ အနက်မရ။ တစ်ချို့ ပါဠိ၊အနက် ရပြန်တော့ ဂါထာဖြစ်ပေါ်လာပုံကိုမသိကြဘူး။ ဒါကြောင့် ပါဠိ၊ အနက်၊ ဂါထာဖြစ်ပေါ်လာပုံလေးကို ရေးသား ပေးလိုက်ပါတယ်။
မြတ်စွာဘုရားဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ညမှာ တရားဟောပလ္လင်ပေါ်မှာ သီတင်းသုံး နေပါတယ်။ အဲဒီအချိန်မှာ နေမင်းကြီး ၀င်တော့မည်ဆဲဆဲ အနောက်တောင်ပေါ်မှာ မေးတင်နေပါတယ်။ အရှေ့ဥဒည်စွန်းမှာတော့ ငွေလမင်းကြီးထွက်ပေါ်စပြုနေပါပြီ။ တစ်ဖက်မှာတော့ ပေဿနဒီကောသလမင်းကြီး မင်းတန်ဆာအစုံဝတ်ဆင်ပြီး မှူးမတ် ဗိုလ်ပါအခြံအရံနဲ့ တရားနာနေပါတယ်။ တစ်ဖက်မှာတော့ ကာဠုဒါယီ ရဟန္တာမထေရ်မြတ်ကြီး ဈန်ဝင်စားပြီးနေပါတယ်။ မြတ်စွာဘုရား၊ နေမင်း၊ လမင်း၊ ကောသလမင်း၊ ကာဠုဒါယီ မထေရ်တို့ဟာ အသီးသီး သူ့ကြက်သရေနဲ့သူ ရှိနေတာကို ရှင်အာနန္ဒာမထေရ်မြတ် မြင်တော်မူပါတယ်။ အဲဒီ ကြက်သရေရှိနေတဲ့ ၅ မျိုးထဲမှာ နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တယ်။ လမင်းဟာ ညဥ့်အခါမှာပဲ တင့်တယ်တယ်။ ကောသလမင်းဟာ မင်းမြောက်တန်ဆာ ဆင်ယင်ထားတဲ့အခါမှာဘဲ တင့်တယ်တယ်။ ရဟန္တာ မထေရ်မြတ်ဟာလည်း ဈန်ဝင်စားတဲ့အခါမှဘဲ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားကတော့ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်တို့ဖြင့် နေ့ရော,ညဥ့်ရော အချိန်ရှိသရွေ့ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ အဲဒီလို ရှင်အာနန္ဒာမထေရ်မြတ်က ရှုမြင်တော်မူပါတယ်။ အဲဒီရှုမြင်တော်မူတဲ့အတိုင်း မြတ်စွာဘုရားကို လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက ရှင်အာနန္ဒာ လျှောက်တာကို လက်ခံတော်မူပါ တယ်။ အဲဒါကြောင့် ဒီဂါထာဟာ မြတ်စွာဘုရားဟောဂါထာဖြစ်လာပါတယ်။ အဲဒါက မြတ်စွာဘုရားလက်ထက်က အကြောင်းအရာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် သီဟိုဠ်ကျွန်းမှာ ဘာတိကတိဿမင်းကြီး နန်းစံပါတယ်။ မင်းကြီးဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့မှာ မှူးမတ်ဗိုလ်ပါ ပရိတ်သတ်နှင့်အတူ မဟာစေတီကို ဖူးမြော်ရန် ထွက်တော်မူပါတယ်။ အဲဒီအချိန်ကလည်း နေ၀င်ခါနီး လထွက်တဲ့အချိန်ဖြစ်ပါတယ်။ ထုတယ်ကြီးမားတဲ့ မဟာစေတီတော်မြတ်ကြီးအပေါ် အနောက်ဘက်မှ နေ၀င်ခါနီးဆည်းဆာရောင်ခြည်၊ အရှေ့ဘက်မှ လထွက်ခါစ ဖြူဝင်းအေးမြသော လရောင်တို့ကျရောက်ကာ ကြက်သရေရှိနေပုံကို မင်းကြီးမြင်ရတော့ အမတ်ကြီးဘက်ကိုလှည့်ပြီး အမတ်ကြီးတို့ မဟာစေတီတော်မြတ်ကြီး ကြက်သရေ ရှိလိုက်တာ။ မြတ်စွာဘုရားဟောတော်မူတဲ့ ပါဠိတော်မှာ ဒီလိုကြက်သရေရှိတဲ့ဂါထာများ မရှိဘူးလားလို့မေး တော့ အမတ်ကြီးတစ်ယောက်က လက်အုပ်ချီပြီး နေမင်းဘက်ကိုလှည့်ကာ "ဒိဝါတပတိ အာဒိစ္စော" ဟုရွတ်ဆိုပါတယ်။ တဖန်လလမင်းဘက်လှည့်ပြီး"ရတ္တိမာ ဘာတိ စန္ဒိမာ" လို့ ရွတ်ဆိုပါတယ်။ တဖန် ဘာတိကတိဿမင်းကြီး ဘက်ကိုလှည့်ပြီး "သန္ဒဒ္ဓေါ ခတ္တိယော ဘာတိ" လို့ဆိုပါတယ်။ မဟာစေတီအနီးရှိ သံဃာတော်များသီတင်းသုံးတဲ့ မဟာဝိဟာရကျောင်းဘက်လှည့်ပြီး "ဈာယီ တပတိ ဗြဟ္မဏော" လို့ရွတ်ဆိုပါတယ်။ နောက်ဆုံးကျတော့မှ နေရောင်လရောင် တို့ဖြင့် တင့်တယ်လျက်ရှိတဲ့ မဟာစေတီတော်မြတ်ကြီး ဘက်ကိုလက်အုပ်ချီလှည့်ပြီး " အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ" လို့ဆိုပြီး ဘုရားရှိခိုးလိုက်ပါတယ်။
အဲဒီအခါမှာ ဘာတိကတိဿမင်းကြီးက "အိုအမတ်ကြီး လက်အုပ်ကိုမချလိုက်ပါနဲ့ဦး" လို့ပြောပြီး အသပြာတစ်ထောင်ထုပ်ကို အမတ်ကြီးရဲ့ လက်ထဲထည့်ပြီး ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့် ဒီ "ဒိဝါတပတိဂါထာ" ဟာသဟဿရဟ=သဟဿ= တစ်ထောင်။ အရဟ=ထိုက်တန်တဲ့ တစ်ထောင်တန်ဂါထာ လို့ဆိုပါတယ်။ သစ္စာပြုရာ ရောက်လို့ "သစ္စာ"ဂါထာလို့လည်း ဆိုပါတယ်။ ဆိုတာလေးကို သီတင်းကျွတ်လပြည့်အမှီ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုးလိုက်ကြပါကုန်စို့………………………..။










မေတ္တာရှင် ဖောင်ဒေးရှင်း

ခင်မင်စွာဖြင့်....
ဇော်သိင်္ခ

Saturday, October 27, 2012

မေတ္တာရှင်ဖောင်ဒေးရှင်း နေ့စဉ် ယာနအလှူ


မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ  စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအဖြစ် သံဃာတော် အရှင်သူမြတ်တို့အား နေ့စဉ် အရုဏ်ဆွမ်းများ နေ့ဆွမ်းများကပ်လှူလျှက်ရှိပြီး ၂၀၁၂ ခုနှစ်မှစ၍ ယာနအလှူအဖြစ်ဆွမ်းခံကြွကြသော သံဃာတော်အရှင်သူမြတ်တို့အား စစ်ကိုင်းမြို့တွင်းမှ တောင်ပေါ်သို့ မပင်မပမ်း ချမ်းသာစွာကြွတော်မူနိုင်ရန် ယာနဒါန ယဉ်အလှူစီမံကိန်းကို ပြည်တွင်းပြည်ပ အလှူရှင် စေတနာရှင်များ ကောင်းမှုဖြင့် မော်တော်ကားနှစ်စီးဖြင့် နေ့စဉ်လှူဒါန်းနိုင်ခဲ့ပါသည်။ ထိုသို့နေ့စဉ် ကုသိုလ်ယူနိုင်ရန်အတွက်  ယာနအလှူ တွင် နေ့စဉ် မော်တော်ကား ဓါတ်ဆီ၊ဒီဇယ်ဆီ ဒရိုင်ဘာလခ များ နှင့်အထွေထွေ ပြုပြင်စားရိတ်များ အတွက် အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်မှ မတည်ငွေ ငွေပဒေသာပင် ကျပ်သိန်းတစ်ရာ ခန့်မတည်လှူဒါန်းခဲ့ပြီး အောက်ပါ ကုသိုလ်ရှင်များမှလည်း လစဉ် အလှူငွေများလှူဒါန်းကြပါသည်

*October လ လစဉ်ကားဆီနဲ့အထွေထွေစရိတ်အလှူရှင်စာရင်း*

၁. မအင်ကြင်းသန့်(စင်္ကာပူ) S$10
 ၂. မခင်ကလျာစိုး(စင်္ကာပူ) S$10
၃. ZYL & KPS(စင်္ကာပူ) Dec 2012 ထိလှုပြီး
 ၄. ကိုမင်းသူရိန်+မသဇင် မိသားစု(စင်္ကာပူ) S$10
 ၅. ကိုစိုးနိုင်ဝင်း+မလဲ့လဲ့နှင်း(ရွှေဘို) S$10
၆. ကိုကျော်ကိုသက်+မလဲ့ဝတ်ရည်ြ
မင့်(စင်္ကာပူ) S$10
၇. ဦးအောင်သိန်း+ဒေါ်မြင့်မြင်
့ဦး မိသားစု(စင်္ကာပူ) S$10
၈. ဦးအောင်စိုး+ဒေါ်ခင်ထားအေး မိသားစု(စင်္ကာပူ) S$10
 ၉. ကိုဇော်ဝင်းထွဋ်+မနှင်းယုယု
ဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ)S$10
၁၀. ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေ
းသန္တာထွန်း(စင်္ကာပူ) S$10
၁၁. ကိုအောင်စေမင်း+မသင်းလဲ့ရီေ
မာင်(စင်္ကာပူ) S$50
၁၂. ကိုထင်အောင်စိုး+မလဲ့လဲ့ဝင်
း(စင်္ကာပူ) S$10
၁၃. မမေဖုန်းသော်(စင်္ကာပူ) S$10
၁၄. ဦးအောင်သာကျော်+ ဒေါ်သန်းသန်းဆွေ (စင်္ကာပူ) S$10
 ၁၅. ကိုဇော်ဝင်းမြင့် + မတင်ဇာပိုင် မိသားစု (စင်္ကာပူ) S$10
*လစဉ်ကားဆီနဲ့အထွေထွေစရိတ်အလှူ ငွေ စုစုပေါင်း S$ 180*

ယာဉ်အလှူကိုပေးလှူခြင်းသည် ချမ်းသာကိုပေးလှူသည်မည်၏ ဟူ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ သပိတ်ကိုပိုက်လျှက် ဖိနပ်မစီးဘဲ ခြေလျှင်လျှောက်ရသော ခရီးကို မိမိတို့ကုသိုလ်ကောင်းမှုဖြင့်လှူဒါန်းထားကြသော မော်တော်ယဉ်ဖြင့် ကြွရသောအခါ မပင်မပန်း ချမ်းသာစွာဖြင့် လိုရာခရီးကိုရောက်ကြသည်ကို အမြဲတွေးကြည့်လျှက် ပရစေတနာ ကိုသိုလ် ပွားများနိုင်ကြပြီး စိတ်ချမ်းသာခြင်း ကိုယကျန်းမာခြင်းအပေါင်းတို့နှင့်ပြည့်စုံကြပါစေ။

Inline image 4

Inline image 1

Inline image 2

Inline image 3

Inline image 5

Inline image 6

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။





Monday, October 22, 2012

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ) တို့၏ မင်္ဂလာနှစ်ပတ်လည်အလှူ ၂၂.၁၀.၂၀၁၂


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၇) ရက်၊  ၂၂.၁၀.၂၀၁၂ တနင်္လာနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့် (စင်္ကာပူ) တို့၏ မင်္ဂလာနှစ်ပတ်လည်အလှူ ကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင် ကိုခင်မောင်ကျော် + Dr.နေကြည်မြင့် (စင်္ကာပူ) တို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

အလှူရှင်အားလုံးတို့နှင့် အတူ ကြည်ညိုသဒ္ဓါ ပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

Sunday, October 21, 2012

"လမင်းအိမ်"စာပေနှင့်ဓမ္မမိတ်ဆွေများ အရုဏ်ဆွမ်းအလှူနှင့် ကိုအောင်ဆန်းလင်း+မသင်းသင်းညွန့်(စင်္ကာပူ)တို့၏ နေ့ဆွမ်းအလှူကောင်းမှု ၂၁.၁၀.၂၀၁၂


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၆) ရက်၊  ၂၁.၁၀.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်

"လမင်းအိမ်" စာပေ နှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) မှ ဖြစ်ပြီး

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုအောင်ဆန်းလင်း + မသင်းသင်းညွန့် (စင်္ကာပူ)တို့၏ နှစ်ပတ်လည်အလှူ ကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော်  စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ လှူဒါန်းကြသော အရုဏ်ဆွမ်းကုသိုလ်ရှင် လမင်းအိမ် စာပေနှင့်ဓမ္မမိတ်ဆွေများနှင့် နေ့ဆွမ်း ကုသိုလ်ရှင် ကိုအောင်ဆန်းလင်း+မသင်းသင်းညွန့်(စင်္ကာပူ) တို့ အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေး လိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

Sunday, October 7, 2012

၇.၁၀.၂၀၁၂ တနင်္ဂနွေနေ့ မသိမ့်သန္တာနှင်း(ဘရူနိုင်း)၏ မွေးနေ့အလှူ ကောင်းမှု

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလပြည့်ကျော် (၇) ရက်၊ ၇.၁၀.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်


ကိုဇော်ဇော် + မသိမ့်သန္တာနှင်း သား-ဇင်လတ်ပိုင် မိသားစု (ဘရူနိုင်း) မှ

မသိမ့်သန္တာနှင်း ၏ မွေးနေ့အလှူကောင်းမှု ဖြစ်ပါတယ်။


သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
မျှစ်ချဉ်ကြော်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

 ယနေ့ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင် မသိမ့်သန္တာနှင်း တို့ မိသားစုတို့သည် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး ယနေ့ မွေးနေ့မှ စ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်းအဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12

Inline image 13

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။



Saturday, October 6, 2012

၆.၁၀.၂၀၁၂ စနေနေ့ ဒေါ်ခင်စန်းဝင်း မိသားစု (ရန်ကုန်) ကောင်းမှု

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလပြည့်ကျော် (၆) ရက်၊ ၆.၁၀.၂၀၁၂ စနေနေ့

အရုဏ်ဆွမ်း  နန်းကြီးသုပ်  နှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
 
ဒေါ်ခင်စန်းဝင်း မိသားစု (ရန်ကုန်) မှ ကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သား အာလူးဟင်း
ပဲနီပြားနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ် မုန့်တီဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် ဒေါ်ခင်စန်းဝင်း မိသားစုတို့သည် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်းအဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။


Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11


Inline image 17

Inline image 12

Inline image 13

Inline image 14

Inline image 15

Inline image 16

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


 
^ထိပ်ဆုံးသို့