သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၆) ရက်၊ ၂၁.၁၀.၂၀၁၂ တနင်္ဂနွေနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
"လမင်းအိမ်" စာပေ နှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) မှ ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုအောင်ဆန်းလင်း + မသင်းသင်းညွန့် (စင်္ကာပူ)တို့၏ နှစ်ပတ်လည်အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ လှူဒါန်းကြသော အရုဏ်ဆွမ်းကုသိုလ်ရှင် လမင်းအိမ် စာပေနှင့်ဓမ္မမိတ်ဆွေများနှင့် နေ့ဆွမ်း ကုသိုလ်ရှင် ကိုအောင်ဆန်းလင်း+မသင်းသင်းညွန့်(စင်္ကာပူ) တို့ အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေး လိုက်ပါတယ်။












အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment