မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, April 4, 2010

မျှော်လင့်ချက် ဒေသနာ.....

မြတ်ဗုဒ္ဓမိန့်တော်မူသည်မှာ အချိန်တန်သောကာလ၌ ဤလောကဘဒ္ဒကမ္ဘာမှာ နောက်ထပ် သမ္မာသမ္ဗုဒ္ဓဗုဒ္ဓတစ်ပါးပွင့်တော်မူဦးမယ်။ ထိုမြတ်စွာဘုရားကလည်း သင်တို့အား ထာဝရသစ္စာတရားကို ငါဟောခဲ့ပြီးသည့်အတိုင်း ဟော်တော်မူဦးမှာပဲ။ ထိုမြတ်စွာဘုရားသည်လည်း ငါကဲ့သို့ပင် ကျေးဇူးတော်အစုံ၊ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူတဲ့ သမ္မာသမ္ဗောဓိစစ်စစ်ဖြစ်တော်မူတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ခုမျက်မှောက်ဘ၀မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြတဲ့ လူတွေဟာ အရိမေတ္တေယျဘုရား ပွင့်တော်မူတဲ့အခါ သူတို့လည်း လူ့ဘ၀ကိုပြန်ရောက်ကြမယ်လို့ ယုံကြည်မျှော်လင့်ကြတယ်။ အဲဒီအခါကျမှ ဂေါတ မဗုဒ္ဓလက်ထက်က ရခဲ့ကြတဲ့ နိဗ္ဗာန်ချမ်းသာနှင့် ထပ်တူချမ်းသာမျိုးကိုလည်း ထိုဘုရားသာသနာမှာ သူတို့ရကြမယ်လို့ ယုံကြည့်မျှော်လင့်ထားကြတယ်။ အဲဒီအခါကျပြန်တော့လည်း ထိုဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ နောင်အခါ ပွင့်မည့်ဘုရားကို မျှော်လင့်ချက်တွေဖြစ်နေဦးမှာပဲ။ သို့သော် ဘာသာရေးကိုကိုင်းရှိုင်းကြတဲ့ ဘယ်သူမျိုးမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် နိဗ္ဗာန်ဓာတ်၊ အငြိမ်းဓာတ်ကို ရနိုင်ကြတာသာဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဘုရားပွင့်တဲ့အခါ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ နိဗ္ဗာန်ကို ရချင်တဲ့ဇောစိတ်နဲ့ ကျင့်ကြံပွားများအားထုတ်ကြရင် ဘယ်အချိန်မဆို နိဗ္ဗာန်ကို ရနိုင်တာချည်း ဖြစ်ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) “ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက“


ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့