အတွေ့အကြုံတွေက
မပြည့်စုံသေးပေမယ့်
အဖေ့ရဲ့ပြုစုပျိုးထောင်ပေးမှုနဲ့
အမေ့ရဲ့ပြောင်မြောက်လှတဲ့
မှန်ကန်တဲ့စကားလုံးတွေကြောင့်
သတ္တ၀ါတိုင်းအပေါ်ကို
စေတနာရှေ့ထားလို့
ငါ့ခရီးတခုကို ဆက်နေလေရဲ့  ။
လူတယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့
ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့
သမိုင်းပေးတာဝန်ကို
သူဘယ်လောက်
သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းရမှာပဲ
ကျုပ်ကတော့လေဗျာ
စေတနာရှေ့ထားလို့
ကျုပ်ခရီးတခုကို ဆက်နေလေရဲ့  ။
မေတ္တာ၊ဂရုဏာ
မုဒိတာ နဲ့ ဥပေက္ခာဆိုတဲ့
ဗြဟ္မာစိုရ် တရားလေးပါးက
အေးချမ်းသာယာလှပေမယ့်
ကျုပ်က နောက်တခုထပ်တိုးကာ
စေတနာရှေ့ထားလို့
ကျုပ်ခရီးတခုကို ဆက်နေလေရဲ့ 
ဇာနည်မောင်
zawtk...
0 comments:
Post a Comment