Drive Clone Pro ဆိုတာက တော့ Hard Disk ကို ကလုံး ရိုက်တဲ့ ဆော့ဝဲလ် လေး တစ်ခုပါ။ ကလုံးရိုက်တယ် ဆိုတာကတော့. ဘယ်နေရာတွေ မှာ အသုံးများလဲ ဆိုရင် ကွန်ပျူတာ ဆားဗစ်စင်တာတွေနဲ့ အင်တာနက်ဆိုင်တွေ မှာ.နည်းပညာသမား တွေ အသုံးများပါတယ်။ ကွန်ပျူတာ ဆားဗစ်စင်တာ တွေမှာ လည်း စက်အလုံးရေ. အများနဲ့လာဝယ်တဲ့အခါမှာ ၀င်းဒိုးတင်ပေးရပါ. အဲဒီလို ၀င်းဒိုး တင်တဲ့အခါမှာ စက်တစ်လုံးချင်းကို တင်နေမယ်ဆိုရင်. အချိန်တွေ အရမ်းကုန်နေမှာဆိုးတဲ့အတွက် စက်တစ်လုံးထဲကို ၀င်းဒိုးတင်ပြီး လိုအပ်တဲ့ဆော့ဝဲလ်တွေ အကုန်ထည့်ပြီးပြီဆိုတော့ ကျန်တဲ့ Model အမျိုးအစား တူတဲ့ စက်တွေ အတွက် Hard Disk လေး ကိုတပ်ပြီး ကလုံးရိုက်ပြီး ပြန်တပ်ပေးလိုက်ယုံပါပဲ.။ကလုံးရိုက်လို့ ကြာတဲ့ အချိန်ကတော့ 10 မိနစ် နဲ့ 15 မိကြားလောက်ပဲ ကြာပါတယ်။ ၀င်းဒိုးအသစ်တင်တာနဲ့ ဆော့ဝဲလ်တွေ အပြည့်အစုံထည့်မယ်ဆိုရင်. ၂ နာရီ ၀န်းကျင်လောက်ကြာပါတယ်။ အခု လို ကလုံးရိုက်လိုက်တော့ နှစ်နာရီ ၀န်းကျင်လောက်ဆိုရင်. စက်အလုံးရေ 10 လုံး ကျော်ကျော်လောက် ပြီးသွားနိုင်ပါတယ်။ အဲဒီအတွက် ကလုံး ရိုက်ကြတဲ့ နေရာ မှာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး ။ ကလုံး ရိုက်တဲ့ ဆော့ ၀ဲလ် တွေ ကလည်း အများ ကြီး ရှိပါတယ်။ ကိုယ် ကြိုက်တာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်သုံးကြပါတယ်။ အဲဒီလို အများကြီးရှိတဲ့ ကြားက ကျွန်တော် အသုံးပြု နေတဲ့ Far Stone က ထုတ်တဲ့ Drive Clone Pro ဆိုတဲ့ ဆော့ဝဲလေးနဲ့ အသုံး ပြုပုံလေး ကို. ကျွန်တော် သိသလောက်လေး ကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဒီဆော့ဝဲလ် လေး က ကလုံးရိုက်ယုံ သက်သက် မဟုတ်ပါဘူး။
ဒီဆော့ဝဲလ် လေး ထည့်ထား မယ်ဆိုရင် အဲဒီစက် မှာ ရှိတဲ့ C: Drive ကြီး တစ်ခု လုံး ကို Backup လုပ်ထားလို့ ရပါတယ်။ အဲဒီ Backup ကို D: Drive ဒါမှ မဟုတ် Memory Stick တစ်ခုခု ထဲသို့  Backup လုပ်ထားလိုက်ရင် အဲဒီစက် မှာ ၀င်းဒိုး လုံးဝ ပြန်မတက်ပဲ ကျသွားပါစေ ဒီ Drive Clone Pro ဆိုတဲ့ဆော့ ၀ဲလ်လေးက ၀င်း ဒိုးမတက်ခင် သူက အရင် လိုင်းလေ နှစ်လိုင်းပြေး နေပါတယ်.အဲဒီအချိန်မှာ အမိအရ စပေ့ဘားလေး နှိပ်လိုက်ရင် Drive Clone Pro ဆိုတဲ့ မီနီ ၀င်းဒိုးလေး ထဲရောက်သွားပါတယ်။ အဲဒီထဲ ရောက်မှ Restore My Computer ကိုနှိပ်ပြီး စောစောက Backup လုပ်ထားတဲ့ ဖိုင် ကို Restore လုပ်လိုက်ရင်. ကြာတဲ့ အချိန်ဟာ သုံး မိနစ်လောက်ပဲ ကြာပါတယ်.. ပြီးတော့ စက်ကို restart နဲ့ ပြန်တက်လိုက်ရင်.. ကျွန်တော်တို့ အရင် Backup လုပ်ထားတဲ့ အချိန်တုန်းက ၀င်းဒိုးအတိုင်း အသစ် ပြန်ဖြစ်သွားပါတယ်။ Backup လုပ်တဲ့ အချိန်တုန်းက ကိုယ်လုပ်ထားတဲ့ Backup ဖိုင်ကို ဗိုင်းရပ် ရန်မှ ကာကွယ်ဖို့ အတွက် Password ခံထားလို့ လည်း ရပါတယ်။ တခြား မော်ဒယ်တူတဲ့ စက်က ဟာ့ဒစ်ကို လည်း ကလုံး မရိုက်ပဲ အဲဒီ Backup ဖိုင်ကို ပဲ Restore ပြန်လုပ်လိုက်မယ်ဆိုရင်လည်း သုံးမိနစ်လောက်နဲ့ ပြီးပါတယ်။ အဲဒီ ဆော့ ၀ဲလ်လေးနဲ့ ကလုံး ရိုက်နည်းလေးကို. ကျွန်တော် တဆင့်ချင်းလေး ပြောရေးပြပေးသွားပါမယ်ခင်ဗျ.. အောက်မှာ စဖတ်လိုက်ကြရအောင်..
ပထမဆုံး ဟာ့ဒစ်ကို အရင် တပ်ထားလိုက်ပါ. ပြီးတော့ ကလုံး ရိုက်မယ့် ဟာ့ဒစ်မှာ အရင်က ၀င်းဒိုးရှိထားခဲ့ရင်. Boot တက်တဲ့ နေရာမှာ အဆင်မပြေဖြစ်မှာ ဆိုးတဲ့အတွက် Drive Clone Pro ဆော့ဝဲလ် လေး တက်လာတာနဲ့ စပေ့ဘားလေး နှိပ်ပြီး အရင် ၀င်လိုက်ပါ. ပြီးတော့ Restart ပြန်ချလိုက်ပါ။ အဲဒါဆိုရင် နောက်တပ်တဲ့ ဟာ့ဒစ်နဲ့ အရင် ၀င်းဒိုးထဲမှာ နှစ်ခု တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဆော့ ၀ဲလ်လေး ကို ဖွင့်လိုက်ပါ။
ပြီးတော့ အောက်က ပုံလေး အတိုင်း Clone Drive ကို နှိပ်လိုက်ပါ။

ပြီးရင် အောက်က ပုံလေး မှာ မြင်ရတဲ့အတိုင်း Clone Drive အောက်မှာ ရှိတဲ့ Source Drive နဲ့ Destination Drive ကို ရွေးပေးလိုက်ပါ။ ပြီးရင်
Next ကိုနှိပ်လိုက်ပါ။

Next ကိုနှိပ်လိုက်ရင် Destination Drive ရဲ့ Partition ပုံစံ ဟာ Source Drive ရဲ့ Partition ပုံစံ အတိုင်း ဖြစ်သွားမယ်ဆိုတဲ့ အကြောင်း ပြထားတာပါ။
ပြီးရင် Next ကို ဆက်နှိပ်ပါ။

Next ကိုနှိပ်လိုက်တဲ့အခါမှာ. အပေါ်မှာ ရွေးထားခဲ့တာ Source Drive နဲ့ Destination Drive ကို သေချာအောင် ပြန်ပြပေးတဲ့သဘောပါ။ တကယ်လို့ Source နဲ့ Destination မှားနေတယ် ဆိုရင် ပြန်ပြင်လို့ရအောင် သေချာအောင် ပြတဲ့သဘောပါ။ သေချာပြီဆိုရင်တော့
Clone Now ကို နှိပ်လိုက်ပါ။ အဲဒီလိုနှိပ်လိုက်ရင်…

ထပ်မံပြီးတော့ သတိပေးတဲ့စာကတော့ Destination Drive ထဲမှာ ရှိတဲ့ Partition တွေထဲမှာ ရှိတဲ့ Data တွေ ပေါ်မှာ Overwrite လုပ်ပြစ်လိုက်မယ်ဆိုတဲ့ သတိပေးစာလေး ပါ။
Continue ကို နှိပ်လိုက်ပါ။

စပြီးတော့ ကလုံး ရိုက်နေပါပြီ. အဲဒီမှာ Estimate Time Remaining : က ၄ မိနစ် လောက်ပဲ ကြာပါတယ်။

အောက်က အခြေအနေက တော့ ကလုံး ရိုက် ချိန် ၄ မိနစ်နဲ့ တင် ပြီးဆုံးသွားပြီဆိုတဲ့အကြောင်း ပြတဲ့ Box လေးပါ။ ကလုံး ရိုက်ပြီးတဲ့အခါမှာ စက်ကို Shut Down ချပြီးတော့ အဲဒီ ဟာ့ဒစ် ကို တခြား စက်မှာ သွားတက်လိုက်ပါတော့ ၀င်းဒိုး အသစ်တစ်လုံး ကို ဟာ့ဒစ် ဖြုတ်ချိန် တက်ချိန်ရောမှ ၁၀ မိနစ်လောက် နဲ့ တင် ပြီးဆုံး သွားပါတယ်။

ကျွန်တော်သုံးတာကတော့ Drive Clone Pro Version 5.0 ပါ ကီးချန် ရော ရှိပါတယ်။ ဆိုဒ်ကတော့ 87.5 MB ရှိပါတယ်။ ဒီဆော့ဝဲလ်လေး ကိုတော့ တင်ပေးချင်ပါတယ် ကျွန်တော် တင်နေတာ သုံးခါ ရှိပါပြီ။ ကောနက်ရှင် အခြေအနေအရ အဆင်မပြေလို့ အခုတော့ တော့ မတင်ပေးနိုင်တာ ကို ခွင်လွှတ်ကြပါလို့. နောက်များမှ အဆင်ပြေရင် ပြန်တင်ပေးပါမယ်ခင်ဗျာ.။
ပြီးတော့ ဒီဆော့ဝဲလ် လေးနဲ့ ပတ်သတ်ပြီးတော့ လည်း တခြား အသုံးဝင်တဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော် မစမ်းသပ်နိုင်သေးလို့ ကျွန်တော်သုံး စမ်းသပ် ဖူးတာလေးတင် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါခင်ဗျာ။
အမှားများ ပါလာခဲ့လျှင် ပြန်လည် ထောက်ပြ ပေးကြပါလို့ တောင်းဆိုအပ်ပါတယ်ခင်ဗျ။
ဇော်သိင်္ခ
0 comments:
Post a Comment