မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, January 12, 2010

ဟာသလေးများ

ဟာသလေး တွေ မရောက်တာ ကြာတာနဲ့..ဟာသလေးတွေ ကို မတင်ဖြစ်ဘူး ဖြစ်နေတာ. အခု မေးထဲ နောက်ထက်ရောက်လာတဲ့ ဟာသလေး တွေ  ကို ထပ်ဆင့် မျှဝေပေးလိုက်တယ်နော်...........

အကျင့်သိက္ခာ

စီးပွားရေးလုပ်ငန်းရှင်က သားဖြစ်သူကို ပညာပေးနေသည်။
"စစ်မှန်တဲ့ စီးပွားရေးသမား ဆိုတာဟာ အလုပ်မှာရော၊ အိမ်မှာ ပါ အကျင့်သိက္ခကို
စောင့်ထိန်းရတယ်။ ဆိုကြပါစို့။ အဖေ့ရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ဦးဟာ အဖေ့ကို
အကြွေးတစ်သိန်းပေးစရာရှိတယ်။ ဒါပေမယ့် မှားပြီး သူ အဖေ့ကို နှစ်သိန်းပေးမိတယ်။ ဒီမှာ
ဆုံးဖြတ်စရာ ဖြစ်လာပြီ။ ပိုရတဲ့ငွေကို မင်းအမေ လက်ထဲ အပ်လိုက်ရမလား။ ဒါမှ မဟုတ်
အဖေပဲ ယူထားလိုက်ရမလားဆိုတာပဲ"


အဘိုးမတန်သောအတွေး

ရုံးစာရေးဖြစ်သူ အလုပ်ထဲ ထိုင်ပြီး တွေးနေ ငေးနေသည်ကို မြင်ရာ ¤င်းအား
ကျီစယ်လိုသည့်စိတ် ကုမ္ပဏီပိုင်ရှင်တွင် ပေါ်လာသည်။ သို့နှင့် ပြောသည်။
"မင်း အခုဘာတွေးနေသလဲဆိုတာ ငါ့ကို ပြောပြရင် ငွေတစ်ရာပေးမယ်"
စာရေးက အလန့်တကြား ပြန်ပြောသည်။
"ဟာ မလုပ်ပါနဲ့ ခင်ဗျာ။ ကျွန်တော့်အတွေးဟာ ဘာတန်ဖိုးမှ မရှိပါဘူး"
"ဘာပဲဖြစ်ဖြစ် ပြောစမ်းကွာ"
"ဟုတ်ကဲ့။ လူကြီးမင်းအကြောင်းကို တွေးနေတာပါခင်ဗျာ"

ကလေးတွေအကြောင်း

အစမ်းစာမေးပွဲ၌ သမိုင်းဘာသာရပ်တွင် ၂-မှတ်သာ ရသဖြင့် ၃-တန်းကျောင်းသား
သားငယ်ကို အဖေက မေးသည်။
"သား။ ဘာဖြစ်လို့ သမိုင်းဘာသာရပ်မှာ ၂-မှတ်တည်း ရတာလဲကွ"
"သားမမွေးခင်က အကြောင်းတွေကို မေးတာကိုး အဖေရဲ့။ ၂-မှတ်ရတာတောင်
ကံကောင်တယ်မှတ်"
.....

ပီတာလေး နေမကောင်း ဖြစ်သည်။ ဘေးအိမ်က ၄င်း၏ကစားဖော် ချာတိတ် ရောက်လာသည်။
ပီတာ မပြင်းရအောင် အကြာကြီး ထိုင်စကားပြောသည်။ တက်နိုင်သမျှ ပြုစုသည်။
ဤသည်ကို ကြည့်ပြီး ပီတာအမေ၏ ရင်ထဲ ပီတီဖြစ်သည်။ ချာတိတ်ကို
ကျေးဇူးတင်သွားသည်။ သို့နှင့် ချာတိတ် ပြန်မည် လုပ်သောအခါ ချာတိတ်ကို ချောကလက်
လက်ဆောင်ပေးသည်။ ချောကလက်ကို ယူပြီး ချာတိတ်က မမျှော်လင့်ဘဲ ပြောလိုက်သည်။
"အန်တီ၊ ပီတာသေရင် သူ့စက်ဘီးကို ကျွန်တော် ယူလို့ရမလားဟင်"
.....
ချာတိတ်။ မင်းအသက် ဘယ်လောက်ရှိပြီလဲ"
"ငါးနှစ်"
"မင်းဘေးနားက ချာတိတ်မလေးရော။ သူ့နဲ့ မင်း ဘာတော်လဲ"
"သူ့နာမည် ဒေစီ။ ကျွန်တော့် အစ်မ။ အခု သူ ကျွန်တော့်ထက် အသက် ၂-နှစ်ကြီးတယ်။
ဒါပေမယ့် နောက်သုံးနှစ်ကြာရင် သူ့ထက် ကျွန်တော် တစ်နှစ် ကြီးသွားလိမ့်မယ်"
.....

"ကလေးတို့ရေ၊ တို့တစ်တွေ အပေါ်ကို မော့ကြည့်ရင် ဘာကို မြင်ရမလဲကွယ်"
"ိမိုးကောင်ကင်ပါ"
"မိုးရွာနေတဲ့ အချိန်မှာဆိုရင်ကောကွယ်"
"ထီး"
.....

အမေဖြစ်သူ စိတ်ဆိုးဆိုးနှင့် သား၏နားရွက်ကို ဆွဲလိမ်သည်။ တံမြက်စည်းကို ယူပြီး
သားမိုက်ကို ဆုံးမရန် ပြင်သည်။
"လာခဲ့။ ဒန်အိုးကို ကြိုးနဲ့ ကြောင်ရဲ့ အမြီးသွားချည်သတဲ့။ နင့်ကို မှတ်လောက်
သားလောက်အောင် ဆုံးမရမယ်။ လာခဲ့စမ်း။"
ချာတိတ် ငိုငိုမဲ့မဲ့ နှင့် ပြန်ပြောသည်။
"မေမေကလည်း တခြားအိမ်က ကြောင်ပဲ ဥစ္စာ"
"ဒါပေမယ့် အိုးက တို့အိမ်က အိုးဟဲ့"

နောက်မှ ခေါ်လာခဲ့ပါ

လမ်းသွားလမ်းလာများကို အမျိုးမျိုး နောက်ပြောင်ပြီး အနှောင့်အယှက်ပေးသော ချာတိတ်ကို
ရဲသား ဆွဲခေါ်လာသည်။ ချာတိတ်၏အိမ်သို့ ရောက်သောအခါ ရဲသားက
ဘဲလ်တီးလိုက်သည်။ ချာတိတ်၏ အဖေ တံခါးကို ဖွင့်ပေးသည်။
ရဲသားက အသံခပ်မာမာဖြင့်မေးသည်။
"ဒါနောင်ကြီးရဲ့ ကလေးလား"
"ဟုတ်တယ်။ ဒါပေမယ့် နောက်တစ်နာရီ ကြာမှ ခေါ်လာခဲ့ပါလားဗျာ။ အိမ်မှာ ဧည့်သည်တွေ
ရောက်နေ့လိုပါ။"



ရွေးဖို့လား

အိမ်ထောင်စုတွင် အမြွာပူးမွေးသည်။ မိဘနှစ်ပါးစလုံး ဝမ်းသာနေကြသည်။ ငါးနှစ်သား
ပီတာလေးသည် ညီနှစ်ယောက်ကို အကြာကြီး ကြည့်သည်။ ထို့နောက် မိဘများကို
မေးသည်။
"သူတို့ နှစ်ယောက်လုံး ဒီမှာ နေမှာလား။ ဒါမှ မဟုတ် ကြိုက်တာ တစ်ယောက်ကို ရွေးဖို့
ကျွန်တော်တို့ဆီ ပို့လိုက်တာလား"



အရိပ်

အလွန်ဝသော မိန်းမကြီးတစ်ယောက် လမ်းလျှောက်လာသည်။ ¤င်း၏နောက်မှ
ချာတိတ်တစ်ယောက် ထပ်ကြပ်မကွာ လိုက်လာသည်။ တစ်နေရာတွင် မိန်းမကြီး
နောက်ဘက်လှည့်ပြီး ချာတိတ်ကို မေးသည်။
"ဟေ့၊ ချာတိတ်။ မင်း ငါ့နောက်ကို ဘာဖြစ်လို့ လိုက်နေတာလဲ။ ဘာလိုချင်လို့လဲ"
"ဘာမှ မလိုချင်ပါဘူးခင်ဗျ။ လမ်းပေါ်မှာ နေ အင်မတန်ပူတယ်။ ကျွန်တော်က အရိပ်မှာပဲ
လမ်းလျှောက်ချင်တယ် ဒါကြောင့်ပါ"



အရေးပေါ်ဆင့်ခေါ်ခြင်း

ည ၂-နာရီ အချိန်တွင် ဆရာဝန်ကြီး၏အိမ်၌ တယ်လီဖုန်းသံ မြည်လာသည်။
လူတစ်ယောက် အသည်းအသန် ဖြစ်နေ၍ အမြန်ဆုံးလာစေလိုကြောင်း ဆက်သူက
ပြောသည်။ မဖြစ်ဖြစ်လာပါရန် ဆက်သူက အနူးအညွှတ်တောင်းပန်သည်။ ညအချိန်မတော်
ဖြစ်နေရုံမက အပြင်ဘက်တွင် မိုးကလည်း အသည်းအသန် ရွာနေရာ ဆရာဝန်ကြီး
မသွားလိုချေ။ ပြီးတော့ လူနာ၏အိမ်က မြို့စွန်တွင် ဖြစ်နေသည်။ သိုသော် မတက်နိုင်။
လူတစ်ယောက်၏ အသက်ကို ကယ်ရမည့် ကိစ္စဖြစ်နေသည်။
လူနာ၏ အိမ်သို့ ဆရာဝန်ကြီး ခဲခဲယဉ်းယဉ်းနှင့် ရောက်လာသည်။ အိပ်ရာထဲတွင်
ညည်းတွားနေသော လူကြီးတစ်ယောက်ကို တွေ့သည်။
"ဒေါက်တာရယ်၊ ကျွန်တော်ကို ကယ်ပါဦး။ ကျွန်တော့်ကိုယ် ကျွန်တော်
မကြာခင်သေရတော့မယ်လို့ ထင်နေတယ် ခင်ဗျ"
"ဘယ်နေရာမှ နာသလဲ"
"ဘယ်နေရာမှာမှ မနာပါဘူးခင်ဗျ"
"မတော်တဆ ထိခိုက်ဒဏ်ရာရတာ ဖြစ်ဖူးသလား"
"မဖြစ်ဖူးပါဘူး ခင်ဗျ"
လူနာကို ခဏမျှ စမ်းသပ်စစ်ဆေးပြီးသောအခါ ဝမ်းနည်းသော အသံဖြင့် ဆရာဝန်က
လူနာကို ပြောသည်။
"ခင်ဗျား သေတမ်းစာ ရေးပြီးပလား"
"ဒေါက်တာ။ ဘာလဲ။ ကျွန်တော် တကယ်ဘဲ သေတော့မယ်လို့ ဒေါက်တာ ဆိုလိုချင်တာလား
ဟင်။ ဟင့်အင်း။ ဟင့်အင်း။ကျွန်တော် မသေချင်သေဘူး ဒေါက်တာ။ ကျွန်တော့် အသက်ကို
ကယ်ပါဗျ"
"ခင်ဗျားဆီမှာ သားသမီးတွေ ရှိလား။ သူတို့ကို အခုချက်ချင်း ခေါ်ခိုင်းလိုက်ပါ။ ပြီးတော့
ဆွေမျိုးတွေလကိုပါ ခေါ်ဖို့ မမေ့ပါနဲ့"
"ဘုရား။ ဘုရား။ ကျွန်တော် တကယ်သေမှာလား ဆရာရယ်"
"မသေပါဘူး။ ခင်ဗျားရဲ့ ကျန်းမာရေးဟာ ကျွဲရိုင်းကြီး တစ်ကောင်လို
ကောင်းနေပါသေးတယ်။ အဲ ဒါပေမယ့် ဒီလို ရာသီဥတုနဲ့ ဒီလို အချိန်မျိုးမှာ
ကျုပ်တစ်ယောက်တည်း အရူးလုပ်ခံရတာမျိုး အဖြစ်မခံနိုင်ဘူးဗျ။ နားလည်လား"



စောစောက ပြောရော့ပေါ့

ရန်သူ၏ လက်ချက်ကြောင့် ခြေထောက်တွင် ဒဏ်ရာရသော စစ်ဗိုလ်ကို စစ်ဆေးရုံသို့
သယ်ဆောင်လာသည်။ ရောက်ရောက်ချင်း ¤င်းကို ခွဲစိတ်ခန်းထဲ သွင်းပြီး ခွဲစိတ်ရန်
ပြင်ဆင်ကြသည်။ နှစ်နာရီခန့် ကြာသွားသည်။ စစ်ဗိုလ်က သည်းမခံနိုင်တော့ဟန်ဖြင့်
မေးသည်။
"ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ။ ဘာကို ရှာနေကြတာလဲ။
ဒဏ်ရာအပေါက်က သေးသေးလေး။ ဆယ်မိနစ်ချုပ်ရင် ပြီးတဲ့ ကိစ္စ "
"ကျွန်တော်တို့ ကျည်ဆန်ကို ရှာနေကြတာဗျ"
ဤစကားကို ကြာသော် လူနာစစ်ဗိုလ် ပေါက်ကွဲတော့သည်။
"စောစောက ပြောပါတော့လား။ ကျည်ဆန်က ကျွန်တော့် အိပ်ထောင်ထဲမှာ။ ရော့"

ဇော်သိင်္ခ ...

0 comments:

 
^ထိပ်ဆုံးသို့