မေတ္တာရှင် ဖောင်ဒေးရှင်း အဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မကွေးတိုင်း၊ မခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ မကျီးစု ရွာတွင် ၆ လက္မ ပတ်လည် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းကို ၂၂.၇.၂၀၁၁ ရက်နေ့ တွင် အောင်မြင်စွာဖြင့် တူးဖော် ပြီးစီးခဲ့ပါသည်။ (စတင်တူးဖော်ခြင်း အကြောင်းကို ဒီနေရာတွင်သွားရောက်ကြည့်ရှု့နိုင်ပါသည်။) ထို နေ့တွင် စက်ရေတွင်းအတွက် ရေများကို စက်ဖြင့်မောင်းတင်နိုင်ရန် အတွက် ရေပန့် (Submersible Pump) တပ်ဆင်ခြင်းလုပ်ငန်းများလုပ် ဆောင်ရန်အတွက် မန္တလေးမှ ရေပန့်ဆရာကိုခေါ်၍ မကျီးစု ကျေးရွာသို့ ဦးဇင်း ဦးကောဝိဒ နှင့် အတူ သွားရောက်ခဲ့ကြပါသည်။ ကျောင်းသို့ ရောက်လျှင် မကျီးစု ကျေးရွာ၊ ရွာသူ ရွာသားများမှ ဦးဇင်းကို ဝါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် စက်ရေတွင်းအတွက် ရေပန့် တပ်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါသည်။ ထိုသို့ တပ်ဆင်ခြင်းလုပ်ငန်းများ အားလုံးတပ်ဆင်ပြီး စက်ရေတွင်းမှ ရေများပန်းထွက် လာသော အခါ ရွာသူ၊ ရွာသားများ၏ ဝမ်းသာပီတိ အပြုံးများကို အများပြည်သူများ မြင်တွေ့ ရပြီး ဝမ်းမြောက်ဝမ်းသာ စွာဖြင့် သာဓုခေါ်ဆိုနိုင်စေရန်အတွက် မှတ်တမ်း ဓာတ်ပုံလေးများကို ဖော်ပြပေးလိုက်ရပါသည်။ ထိုစက်ရေတွင်းမှ မကျီးစု ရွာ တစ်ရွာလုံး တစ်နေ့တာ အသုံးပြုနိုင်ရန်အတွက် တစ်နေ့လျှင် ရေဂါလံ ပေါင်း (၃၀၀၀) ကျော် ကို တစ်နာရီ ဂါလံ (၃၀၀) နှုံးဖြင့် (၁၀ ) နာရီကျော် မောင်းနှင် အသုံးပြုလျက် ရှိပါသည်။
မေတ္တာရှင် ဖောင်ဒေးရှင်း အဖွဲ့ မှ စက်ရေတွင်း တူးဖော်ပြီးစီးအောင်မြင်မှုအတွက် ၇.၈.၂၀၁၁ ရက်နေ့ညတွင် မကျီးစု ရွာသို့ သွားရောက်၍ စက်ရေတွင်း ရေစက်ချပွဲနှင့် ရွာသူ၊ ရွာသားများ အတွက် စိတ်အားဖြည့်ဆေး အနေဖြင့် စာပေဟောပြောပွဲ သွားရောက်ကျင်းပ ပေးမည် ဖြစ်ပါသည်။ ထိုနေ့ည တွင် ဆရာ ဦးဘုန်း(ဓာတု)၊ ဆရာ ညိုထွန်းလူ နှင့် ဆရာ ဇော်ခိုင်ဦး တို့မှ မေတ္တာဖြင့် လိုက်ပါ ဟောပြော ပေးသွားကြမည် ဖြစ်ပါသည်။


မကျီးစု ရွာသူရွာသားများမှ ဝါဆိုသင်္ကန်း ကပ်လှူနေပုံ

ပန့် ဆရာမှ ပန့်ပြင်ဆင်နေပုံ

ရေတွင်း တူးဖော်ပြီးစီး၍ ၆ လက္မပိုက်ချထားပုံ

ရေပိုက်အတွင်းသို့ ပန့်ချရန် ပြင်နေပုံ





ရေများမောင်းတင်ဖို့ရန်အတွက် အသုံးပြုသော မီးစက်ကြီး

ရေများ စတင်ပန်းထွက်လာရာ.. ရွာသူရွာသားများမှ ဝမ်းသာစွာ ကြည့်ရှု့နေကြပုံ


ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
ဇော်သိင်္ခ
0 comments:
Post a Comment