မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, August 17, 2011

စစ်ကိုင်း မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ သြဝါဒခံယူပွဲ

မေတ္တာရှင်ဖောင်ဒေးရှင်း၊(စစ်ကိုင်း) ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းသို့ မန္တလေးမြို့ ကယကံမေတ္တာရှင်အဖွဲ့မှ ထာဝရငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း အခမ်းအနား


6335971.jpg

မေတ္တာရှင်ဆရာတော်နှင့် စစ်ကိုင်းအဖွဲ့

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ (စစ်ကိုင်း) မြို့ မှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ကို ၁၃၇၃ ခု ၀ါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ တွင် အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်မှ ဦးဆောင်ဖွဲ့ စည်း၍ ငွေပဒေသာပင်သုံးသိန်းကျပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စစ်ကိုင်းတောင်ရိုး၊လပြည့်ဝန်းလမ်းသဒ္ဓမ္မပါလကျောင်းတိုက် တွင် ကျင်းပရာ မန္တလေးမြို့ ကာယကံမေတ္တာရှင် အဖွဲ့ မှ အဖွဲ့သားများစုံညီစွာတက်ရောက်ကြပါသည်။ အခမ်းအနားကို နံနက် ၇ နာရီတွင် နမောတဿ သုံးကြိမ် ရွတ်ဆို အခမ်းအနား ဖွင့်လှစ်၍ မြန်မာနိုင်ငံ ကာယကံမေတ္တာရှင်၊ မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့ များ၏ ဦးစီးပဓါနနာယကဆရာတော်ဖြစ်တော်မူသော ဆရာတော် အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာမှ) သြ၀ါမိန့်ကြားပေးခဲ့ပြီး စစ်ကိုင်းမြို့တွင်ဖွဲ့စည်းထားသေ မေတ္တာရှင်ဖောင်ဒေးရှင်း အဖွဲ့ အားကျန်းမာရေး ကူညီမှု အတွက် ငွေပဒေသာပင် သုံးသိန်းကျပ်လှူဒါန်းခဲ့ပြီ။မြန်မာနိုင်ငံ ကာယကံမေတ္တာရှင် အဖွဲ့ နှင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့များ၏ အကျိုးတော်ဆောင် ဆရာတော် ဦးကောဝိဒ(သဒ္ဓမ္မပါလကျောင်းတိုက်၊) မှ မေတ္တာရှင်ဖောင်ဒေးရှင်း(စစ်ကိုင်း) မြို့အတွက် တစ်သိန်းကျပ်၊ ကိုနေလင်း(လင်းမြန်မာငွေထည်ကြေးထည်မိသားစု၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်) မှ ငါးသောင်းကျပ်၊ စစ်ကိုင်းမြို့ ဘိုသု(ကွမ်းယာ)မှ ငါးသောင်းကျပ်လှူဒါန်းပေးခဲ့ကြပါသည်။

6335972.jpg

ထို့နောက် မေတ္တာရှင်ဖောင်ဒေးရှင်း(စစ်ကိုင်း) မှ နာယကဆရာတော်ဖြစ်တော်မူသော စစ်ကိုင်းမြို့ မြစကြာ ကျောင်းတိုက် ဦးစီးပဓါနနာယကဆရာတော် အရှင် ဣန္ဒကာဘိဝံသ မှလည်း သြ၀ါဒချီးမြင့်ပေးခဲ့ပါသည်။ ဆက်လက် ၍ စစ်ကိုင်းမြို့ သဒ္ဓမ္မပါလကျောင်းတိုက်ဆရာတော် ဦးကောဝိဒမှ လည်း သြ၀ါဒ ချီးမြင့်ပေးခဲ့ပါသည်။ စစ်ကိုင်းမြို့ ပန်တြာဦးမြကြည်မှလည်း လုပ်ငန်းနှင့်ပါက်သက်၍ရှင်းလင်းတင်ပြပေးခဲ့ပြီး။ အဖွဲ့ဝင်အသီးသီး၏ ဆန္ဒခံယူမှုကို ဆောင်ရွှက်ခဲ့ရာ မန္တလေးမြို့မှ ကိုဝင်းဘို(ကျောက်စိမ်း)၊ကိုတွတ်+ဒေါ်ခိုင်(ကားဝပ်ရှော့)၊ ကိုသောင်း(မန္တလေး)၊ ကိုကောင်းစိန်+မအေးမွန်(အင်ဂျင်ဝိုင်)၊ ကိုအောင် (မြတ်တော်ဝင်ရေယာဉ်)၊ကိုအောင်(သံရေကျို)၊ ကိုဇော်မြင့်(ကွန်ပျူတာ) ကိုနေထိုက်ဦး(ဖက်တီး)၊ ……….(ရွှေမြန်မာဆိုင်ကယ်အပိုပစ္စည်း)၊ ဒေါ်ကြင်ကြင်မြိုင်(မန္တလေး)၊ ဒေါ်ပေါက်စီ(မန္တလေး)၊ မစု(မန္တလေး)၊ မစိုး(ရတနာကဖေး)၊ တို့မှ အသီးသီး တစ်ဦးချင်း ဆွေးနွေးခဲ့ကြပါသည်။


6335973.jpg

မေတ္တာရှင်ဆရာတော်နှင့် မန္တလေးအဖွဲ့


ဆက်လက်ပြီး ရွှေမြန်မာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မိသားစုတို့မှလည်း စစ်ကိုင်းမြို့ မြရတနာရပ်ကွက် ရှိကလေးများအား မုန့်ဟင်းခါးတိုက်ကျွေးကုသိုလ်ယူခဲ့ကြပြီး မန္တလေးမြို့ ကာယကံမေတ္တာရှင်အဖွဲ့ဝင်များမှ မေတ္တာရှင်ဖောင်ဒေးရှင်း အဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော "စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း"အတွက် ထာဝရငွေပဒေသာပင် တစ်သိန်းကိုးသောင်းကျပ်အား စိုက်ထူလှူဒါန်းပေးခဲ့ကြပါပြီး။န၀ကမ္မခြောက်သောင်းကျပ်နှင့် သင်္ကန်းစသော လှူဖွယ်ဝတ္တုများအား လှူဒါန်းခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုအခမ်းအနားပြီးဆုံးခဲ့ကြပါသည်။

မေတ္တာအခါတော်နေ့တွင် မေတ္တာရှင်ဆရာတော် ဦးဆောင်မှုဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(စစ်ကိုင်း)ကို ဖွဲ့စည်းခဲ့ရာ အဆိုပါအဖွဲ့သို့ ဆက်သွယ်လှူဒါန်းလိုသူများ ၀၉-၄၇၀၆၃၀၆၂၊ ၀၉-၂၁၁၀၂၀၂၊ ၀၉-၉၁၀၄၁၅၄၀၊၀၉-၂၀၃၅၄၅၈၊ ၀၁၁-၂၉၀၃၆၂ ၊ ၀၉-၂၀၁၃၈၁၁၊ ၀၉-၆၈၁၃၈၁၁၊ ၀၉-၉၁၀၁၃၈၁၁၊ စသည့်ဖုန်းနံပါတ်များသို့ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

အီးမေးမှဆက်သွယ်လိုသူများအတွက်

ဦးကောဝိဒ Kovida9@gmail.com

ကိုဇော်သိင်္ခ zawtk07@googlemail.com

စစ်ကိုင်းမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ဝင်များ

နာယကဆရာတော်များ

၁။ဒေါက်တာနန္ဒမာလာဘိဝံသ

၂။ အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)

၃။ အရှင်ဣန္ဒကာဘိဝံသ (မြစကြာ၊စစ်ကိုင်း)

သြ၀ါဒ ဆရာတော်ကြီးများ

၁။ ရတနာဓူဝံဆရာတော်

၂။ ဇိနောဒယ ပရိယတ္တိစာသင်တိုက်ဆရာတော်

၃။ အောင်မြေသာစည်ကျောင်းဆရာတော်

၎။ ၀ိပဿနာကျောင်းဆရာတော်


ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ
************
http://www.zawtk.com
www.everyoneit.com

0 comments:

 
^ထိပ်ဆုံးသို့