စစ်ကိုင်းမြို့ရှိ မေတ္တာရှင်ဖောင်ဒေးရှင်း အဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအနီးရှိ၊ စစ်ကိုင်းတောင်ရိုးလပြည့်ဝန်းလမ်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တောင်ဘက်တွင် ငွေကျပ်(၈၂)သိန်းခန့်ကုန်ကျသော ပေ (၅၅၀) ကျော် ကွန်ကရစ်လမ်း အား နယက ဆရာတော်ကြီး (၃) ပါးနှင့်အတူ ပြည်တွင်းပြည်ပ အလှူရှင်များ လှူဒါန်း မှုဖြင့် အောင်မြင်စွာပြီးစီးခဲ့ပါသည်။ ထို့ကြောင့် ထိုလမ်းခင်းနေမှုနှင့် ပြီးစီးမှု မှတ်တမ်း ဓာတ်ပုံလေးများကို အလှူရှင်များနှင့်အတူ အများပြည်သူများ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ် ယူ သာဓုခေါ်နိုင်ကြစေရန် ဖော်ပြပေးလိုက်ရပါသည်။
ယခင် လမ်းအတွက်လှူဒါန်းထားသော အလှူရှင်များ စာရင်းကို ဒီနေရာတွင် သွားရောက်ကြည့်ရှုနိုင်ကြပါသည်။

























ထိုခင်းပြီးသွားသော လမ်းဘေးရှိ မီးတိုင်များတွင် ဆွမ်းလောင်းအသင်းကျောင်းတိုက်မှ မီးကြိုးများသွယ်၍ လျှပ်စစ်မီးများကို
ညစဉ်တိုင်း မီးပျက်လျှင်လည်း မီးစက်မောင်း၍ ထွန်းထားပေးရာတွင် ထိုလမ်းပေါ်သို့ လမ်းပတ်ဝန်းကျင်အနီးရှိ
ကလေးများမှ စားပွဲခုံလေးများဖြင့် လာရောက်ဖတ်လေ့ရှိကြပါသည်။

ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
ဇော်သိင်္ခ
0 comments:
Post a Comment