စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း
နှစ်နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းလောင်းလှူပွဲကို ယနေ့ ၁၁.၇.၂၀၁၁ ခုနှစ် တနင်္လာနေ့
နံနက် ၅ နာရီ အချိန်တွင် ကျင်းပရာ ကြွရောက်လာကြသော သံဃာ တော် အပါး ၈၀၀
ကျော်တို့အား မေတ္တာရှင် ဆရာတော်နှင့်အတူ အလှူရှင်ဒါယကာ၊ ဒါယိကာမများမှ
နတ်သုဒ္ဓါဆွမ်းလောင်းလှူပြီး၊ ဗလာမပါ စာရေးတံမဲများ မဲ ဖောက်လှူဒါန်းပေးခဲ့သည့်
အပြင် လှူဖွယ် ပစ္စည်းမျိုးစုံတို့ဖြင့် လောင်းလှူ ပူဇော်ခဲ့သည့် မှတ်တမ်း
ဓာတ်ပုံလေးများကို အများပြည်သူများ ကြည်ညိုသဒ္ဒါပွားများ ကုသိုလ်ယူ၊
သာဓုခေါ်ဆိုနိုင်ကြစေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။
အထူးအစီအစဉ်အနေဖြင့်
ဆွမ်းလောင်းအသင်းအစီအစဉ်ကို live အနေဖြင့် ၁၁.၇.၂၀၁၁ ရက်နေ့
မြန်မာစံတော်ချိန် ၄း၃၀ အချိန်မှစ၍ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း web
စာမျက်နှာ ဖြစ်သော www.everyoneit.com
မှ တိုက်ရိုက်ထုတ်လွှင့်မှုများလင့်မှတဆင့် http://www.myanmartube.net/video/9/ တွင်
မြန်မာစံတော်ချိန် ၆း၃၀ အချိန်အထိ တကမ္ဘာလုံးသို့ထုတ်လွှင့်ပေးခဲ့ပါသည်။
ထိုအစီအစဉ်များကို http://www.myanmartube.net/2011/06/myittarshin/
တွင် ပြန်လည်ကြည့်ရှု ကြည်ညိုနိုင်ကြပါသည်။






























အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။
ခင်မင်လေးစားစွာဖြင့်...
ဇော်သိင်္ခ
ဇော်သိင်္ခ
2 comments:
မိုးကောင်းကင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်ကွယ်။ ပြုပြုသမျှ ဒါန သီလ ဘဝနာ ကုသိုလ်အစုစုတို့အတွက် သာဓု သာဓု သာဓုပါကွယ်။ ဓာတ်ပုံလေးတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်
အန်တီတင့်
လာရောက်လည်ပတ် သာဓု ခေါ်သွားပါတယ်။
ကိုရီးကတော့ ကုသိုလ်တွေ ပြည့်စုံနေပြီ။
တစ်ခုတော့ လိုသေးတယ်။
Post a Comment