ရေလှူရခြင်း၏ အကျိုးသည် ဆု မတောင်းပဲ ပြည့်သည်ဟု ဗုဒ္ဓတရားတော်များတွင် အဆိုရှိသည့် အတိုင်း ရေလှူရခြင်း၏ အကျိုးဆယ်ပါးကို ဖော်ပြပေးလိုက်ရပါသည်။













``လျင်မြန် ၊ သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့် လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။``
******************
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။``
******************
မကွေးတိုင်း၊ မခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ မကျီးစု ရွာကလေးသည် အိမ်ခြေ နှစ်ရာကျော် ရှိသော ရွာကလေးတစ်ရွာဖြစ်ပါသည်။ ထိုဒေသများရှိ ကျေးရွာများတွင် သောက်သုံးရေ အဖြစ် အသုံးပြုရန်နှင့် ကျွဲ၊ နွားများအတွက်အသုံးပြုရန် ရေများကို ကျေးရွာ တစ်ရွာလျှင် အဝီင်္စိ ရေတွင်း တစ်တွင်းနှုန်းဖြင့် အသုံးပြုလျက် ရှိကြပါသည်။ ထိုမကျီးစု ရွာကလေးသည်လည်း လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ကျော်က တူးဖော်ထားသော အဝီစိရေတွင်း တစ်တွင်းသာ ရှိပါသည်။ ထိုရေတွင်းတစ်တွင်းမှ ထွက်သောရေများကို တစ်ရွာလုံးအတွင်းရှိ လူနှင့် ကျွဲ၊ နွားများအတွက် အသုံးပြုကြရပါသည်။ ယခုအခါ ထိုရေတွင်းသည် နှစ်ပေါင်း မြောက်များစွာ ကြာမြင့်လာသဖြင့် ရေခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ရေတွင်းမှ ရေခမ်းသွားသည်မှာ လေးလ နီးပါး ရှိလာသည်ဖြစ်ပါသည်။ ထိုရေတွင်းမှ ရေမရရှိတော့သဖြင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ရေအခက်အခဲများ ဖြစ်ကြရပါသည်။ ထိုသို့ အခက်အခဲများကို ဖြေရှင်းရန်အတွက် မိမိတို့ သောက်သုံးရန်နှင့် သုံးစွဲရန် ရေများကို ဘေးအနီးဝန်းကျင်မှ ကျေးရွာများရှိ ရေတွင်းများသို့ နွားလှည်းများဖြင့် သွားရောက် ခပ်ယူ သုံးစွဲကြရပါသည်။ ထို့ကြောင့် ထိုရွာသူရွာသားများ အနေဖြင့် အချိန်များကုန်၍ ပင်ပန်းမှု ဒဏ်များခံစားကြရသည်။ ထိုသို့ အခက်အခဲများကို ဖြေရှင်းရန်အတွက် ကျေးရွာအနေဖြင့် ရေတွင်း အသစ် တစ်တွင်း တူးလျှင် ပေငါးရာကျော်တူးဖော်ရာတွင် သိန်းပေါင်း တစ်ရာ့နှစ်ဆယ်ကျော်အထိ ကုန်ကျမည် ဖြစ်သောကြောင့် အခက်အခဲဖြစ်ကြရပါသည်။
ယခုအခါ ထိုအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုကျေးရွာရှိ ရွာသူရွာသားများနှင့် မေတ္တာရှင် ဆရာတော်နှင့်အတူ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ စေတနာရှင် အလှူရှင်တို့၏ ပူးပေါင်း ပါဝင်လှူဒါန်းမှုတို့ ဖြင့် မကျီးစု ကျေးရွာရှိ အဝီစိ ရေတွင်း တူးဖော်ဖြင်းလုပ်ငန်းများကို 28-6-2011 ခုနှစ် အင်္ဂါနေ့ နေ့လည်တွင်၊ စတင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သဖြင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့်တကွ မကျီးစု ကျေးရွာ ဆရာတော်တို့၏ ဝမ်းသာစရာ ပီတိအပြုံးများကို တွေ့မြင်ကြရပြီ ဖြစ်ပါသည်။ အဆိုပါ စက်ရေတွင်းစတင်ထူးဖော်သော နေ့တွင် မေတ္တာရှင် ဆရာတော်၏ မိန့်ကြားချက်ဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဇင်း ဦးကောဝိဒ ၊ ဘိုသု၊ ကိုလတ် တို့နှင့်အတူ ကျွန်တော်တို့တစ်တွေ မြိုင်မြို့နယ် မကျီးစုကျေးရွာသို့ စစ်ကိုင်းမြို့မှ နေ့ချင်းပြန် သွားရောက်၍ ရေတွင်းစတင်တူးဖော်ခြင်းကို စတင် အကောင်အထည်ဖော်ဆောက်ရွက်ခဲ့ကြပါသည်။ ထိုနေ့ နေ့လည် တစ်နာရီခွဲအချိန်တွင် မကျီးစု ကျေးရွာရွာဦးကျောင်း ဆရာတော်နှင့် ဦးကောဝိဒ တို့မှ နမောတသ သုံးကြိမ် ရွတ်ဆို၍ ရတာငွေမိုးများ ရွာသွန်းပြီး စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို ရေတွင်း စတင်တူးဖော်ရာတွင် ကျေးရွာအတွင်းရှိ ရွာသူရွာသားများမှ ပါဝင်၍ ဝမ်းသာအားရ လုပ်အားပေး ဆောင်ရွက်ခဲ့သည့် အပြင် ရွာသူရွာသားများနှင့် ကျောင်းသူ၊ ကျောင်းသးလေး များမှလည်း ဆရာတော်၏ သြဝါဒကို ခံယူလျက် ပျော်ရွှင်စွာဖြင့် လာရောက် အားပေးကြည့်ရှု့ ခဲ့ပါကြပါသည်။ ထိုရေတွင်း တူးဖော်ခြင်းလုပ်ငန်းသည် ဇူလိုင် ၁၁ ရက်ခန့်တွင် အောင်မြင်စွာ တူးဖော် ပြီးစီးမည်ဖြစ်သည့်အတွက် ထိုနေ့မနက်တွင် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှစ်နှစ်ပြည့်အလှူပွဲတွင် အဆိုပါရေတွင်းရေစက်ချပွဲပါ တပါတည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလှူရှင်များနှင့်တကွ အများပြည်သူများ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် အတွက် စက်ရေတွင်းစတင်တူးဖော်ခြင်း မှတ်တမ်း ဓာတ်ပုံလေးများနှင့် တကွ ရေးသား ဖော်ပြပေးလိုက်ရပါသည်။

မကျီးစု ကျေးရွာ အဝင်လမ်းကလေး

ရေအခက်အခဲကြောင့် မိုးတွင်း တွင် ရေအိုင်များမှ ရရှိသော ဤသို့သော ရွံ့ရောင်ပေါက်နေသောရေများဖြင့် အသုံးပြုကြရပုံ

စက်ရေတွင်းတူးဖော်ရင် ပြင်ဆင်ထားသော ရေတွင်းတူးစက်ကြီး

ရေတွင်းတူးဖော်ရန် ရွံ့များဖြင့် နယ်၍ ပြင်ဆင်ထားသော ရွံ့ရေကန်

စတင်ထူးဖော်ရန် ပြင်ဆင်ထားသော တူရွင်း ဒလတ်ကြီး

မကျီးစုရွာ ကျောင်းဆရာတော်နှင့် ဦးကောဝိဒ တို့မှ နမောတသ သုံးကြိမ်ရွတ်ဆိုနေစဉ်

ကျောင်းသူကျောင်းသားလေးများနှင့် ရွာသူရွာသားများမှလည်း နမောတသ သုံးကြိမ်ရွတ်ဆိုကြစဉ်


စတင်တူးဖော်နေစဉ်

ရွာသားများမှ လုပ်အားပေးနေကြပုံ


ရွာသူရွာသားများ၏ ပီတိ အပြုံး ။ ကလေးလေးကပြောနေတယ် ငါတို့ကြီးရင် ရေကို ဖောဖောသီသီ သုံးလို့ရပြီကွတဲ့ .. :)

စက်ဖြင့် တူးဖော်လိုက်သောအခါ ပြန်မှုတ်ထုတ်လိုက်သော ရွံ့ရေများမှ ကျောက်ဖြုန်းလေးများကို စကာခြင်းလေးများဖြင့် ဆယ်ယူနေပုံ။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
4 comments:
ထပ်တူပီတီဖြစ်ရပါတယ်ကိုဇော်သိင်္ခ။။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ
အကိုရေ..တူရွင်းဒလက်လို့ခေါ်တဲ့ဟာက...သူတို့ရေအရင်းမြစ်ဌာနအခေါ်..လွန်လို့ခေါ်ပါတယ်။ကျေးဇူးပါ...ဒီပို့စ်ဖတ်ရတာ..ငယ်ငယ်ကရွာမှာရေတွင်းလာတူးတုန်းက..ပျော်ခဲ့ရတာလေးကို..သတိရမိတယ်။ဒိုးပတ်သံချပ်တွေနဲ့..အသံချဲ့စက်တွေဖွင့်ပြီးပထမဆုံးထွက်လာတဲ့ရေချိုးပြီး..အရမ်းပျော်ခဲ့ရတာဗျ။နတ်လူ..သာဓုခေါ်မှာပါ။
ရေရပြီး...အားလုံးပျော်နေတာလေးတွေကို..ကြိုးစားပြီး..မျှဝေပေးပါနိုင်စေ။
ခင်မင်စွာဖြင့်
ကောင်းသော ပြုလုပ်ခြင်း တွေအတွက်
နတ်လူ သာဓု ခေါ်နှိုင်ပါစေ.......
ရေတွေထွက်လာတဲ့ အခါ ရွာသူ ရွာသားတွေရဲ့
ပိတိ တွေကို ကျွန်တော်အတွေးနဲ့ မြင်မိနေတယ်။
ရေစည်လှည်းလေးတွေမြင်တော့ ရွာကိုလည်းအမှတ်ရ..ပိုလို့လည်း ကရုဏာသက်မိသား...၀မ်းသားပါတယ်...
Post a Comment