သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၄) ရက်၊ ၁၂.၁၂.၂၀၁၂ ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
Dr.မိုးကိုဦး+ မ၀င်းမင်းသစ် မိသားစု (ဘန်ကောက်) ကောင်းမှု အလှူ။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
မြေထောက်ပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းအလှူရှင် Dr.မိုးကိုဦး + မဝင်းမင်းသစ် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။