မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Sunday, May 16, 2010

တစ်ချိန်ချိန်မှာ …တချိန်ချိန်မှာ

ပန်းတိုင်တစ်ခု ဆီရယ်လို့ဦးတည်ချီတက်ရင်း
အိပ်မက်တွေကိုအကောင်ထည်ဖော်
ပြောတဲ့ စကားပုံ ပျော်ရာမနေ တော်ရာနေ
လောကနီတိ ဘာသာပြန်ငဲ့ကြည့်ရင်း
အအိပ်, အနေ ၊ အစား နည်းများအပြင်
ချိုခြင်းနဲ့ခါးခြင်း၊ချဉ်ခြင်းနဲ့ဖန်ခြင်း
ပူခြင်းနဲအေးခြင်း  တို့ရဲ့ ရလဒ်ကို
မြိုသိပ်လို့ ကြိတ်ငို ခဲ့ရတာတွေဟာ
တစ်ချိန်ချိန်မှာ ငါ့အတွက် ရီစရာတွေဖြစ်နေမလား…??
ရေမလာမီးကပျက် မှောင်မိုက်မိုက်
ခြင်ကိုက်ကိုက်နဲ့
မန်းမြေရဲ့ဆောင်းဒဏ် အံတုလို့ပြိုင်ရင်း
မန်းမြေရဲ့အပူဒဏ် ကျောကော့လို့ခံရင်း
လောကဓံ မှာ ပြောပြန်ရင်လည်း
လူနေမှု့ဒဏ် , စိတ်ဖိစီးမှု့ဒဏ်တွေကို
ထပ်ပြောရင်လည်း ထူပြီးဆန်းတဲ့ အကြောင်းမဟုတ်တော့
(ငါတစ်ယောက်ထဲ မဟုတ်ပါပူးလေလို့တွေး)
လွမ်းမိတဲ့ ငါ့ရဲ့သောကကို  ဘယ်သူကုလို့ဖြေမလဲဟာ…………….
ခွဲခွာတဲ့အနီးဆုံး အချိန်  အမေကမှာလိုက်တယ်
လိမ်မာစွာနဲ့ စာကြိုးစားနော် သမီးတဲ့
ပါးထက်က ကျတဲ့ မျက်ရည်
ငါ့ရဲ့ အောင်မြင်မှု့ရလဒ်ရဲ့အရင်းမြစ်က ဘယ်မှာလဲ……….?
အကယ်လို့များ…….
အောင်မြင်ခြင်းဆိုတဲ့ ဘုံတစ်ခု
ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်ထီးကိုယ်ဆောင်းရင်း
မျှော်လင့်ခြင်းအနာဂတ်သစ်ဆီ
လျှောက်ခဲ့ကြရာမှ…
တစ်ချိန်ချိန်မှာ …တချိန်ချိန်မှာ
အသစ်သစ်တွေနဲ့………ငါတို့တွေ…………….
ညီမလေး နောင့်နောင့်  ရဲ့ ကဗျာလေး ပါ။


ဇော်သိင်္ခ

0 comments:

 
^ထိပ်ဆုံးသို့