မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, January 26, 2011

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အနီးရှိလမ်းအား ကတ္တရာလမ်းခင်းရန် အလှူရှင်များစာရင်း

4933250.jpg
ကတ္တရာလမ်းခင်းမည့် မြေသားလမ်းနေရာ

စစ်ကိုင်းမြို့ မြစကြာ ကျောင်းတိုက် အနီးရှိ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း အသင်းကို မေတ္တာရှင်ဆရာတော်နဲ့ မြစကြာဆရာတော်တို့မှနာယကအဖြစ်ဆောင်ရွက်လျှက် သြ၀ါဒ ဆရာတော်ကြီးများ လမ်းညွှန်မှုဖြင့် ဦးကောဝိဒ နှင့်ဒါယကာဒါယိကာမများ ဆောင်ရွက်လျှက်ရှိသော ဆွမ်းလောင်းအသင်း ကို  2009 ခုနှစ်တွင် စတည်ထောင်၍ တနင်္လာနေ့တိုင်း သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းလောင်းလှူလျက် ရှိပါသည်။

ထိုသို့ ဆွမ်းလောင်းလှူလျက် ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနီး၊ လပြည့်ဝန်းလမ်း သီလရှင်ကျောင်းတိုက်များ အနီးရှိ ပေ ၅၀၀ ခန့်အရှည်ရှိ လမ်းသွယ်လေးသည် မြေသားလမ်း ဖြစ်နေ၍ မိုးရာသီတွင် ရေအိုင်များဖြစ်နေခြင်းကြောင့် ဆွမ်းခံကြွတော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် ရေအိုင်များကြောင့် အခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် သံဃာတော်များနှင့် သီလရှင်များအတွက် အဆင်ပြေစွာ ဆွမ်းခံကြွတော်မူနိုင်ရန် အတွက် အဆိုပါ လပြည့်ဝန်း လမ်းသွယ်အား ကတ္တရာလမ်းခြင်း လုပ်ငန်းများကို ဦးဇင်း ဦးကောဝိဒမှ ဦးဆောင်၍ လမ်းခင်းမည် ဖြစ်ပါ၍ လမ်းခင်းရန်အတွက် ခန့်မှန်း ကုန်ကျငွေမှာ သိန်းနှစ်ဆယ် ခန့် ကုန်ကြမည်ဖြစ်သောကြောင့် အလှူရှင်များအနေဖြင့် လှူဒါန်းနိုင်ရန် ရေးသားဖော်ပြပေးလိုက်ရပါသည်။
4933258.jpg
သံဃာတော်များဆွမ်းခံကြွရာ ကတ္တရာလမ်းခင်းမည့် မြေသားလမ်း နေရာ

အလှူရှင်များအနေဖြင့် လှူဒါန်းရာတွင်လည်း အဆင်ပြေမှုရှိစေရန်အတွက် တစ်ဦးလျှင် တစ်သိန်းနှုံန်းဖြင့် လှူဒါန်းမည်ဆိုပါက အလှူရှင် ဦးနှစ်ဆယ် ရရှိပါက အဆင်ပြေမည်ဖြစ်ပါသည်။ ထိုသို့ လှူဒါန်းရာတွင်လည်း အလှူရှင်များအတွက် ပိုမိုအဆင်ပြေစေရန် အတွက် တစ်လလျှင် တစ်သောင်းနှုံန်း ဖြင့် လည်း လစဉ် လှူဒါန်း သွားနိုင်ပါသည်။ ထိုလမ်းခင်းခြင်း လုပ်ငန်းများကိုလည်း ယခု ဇန်နဝါရီလကုန်မှ စ၍ စတင် အကောင်အထည် ဖော်မည်ဖြစ်ရာ.. ထိုလမ်းအတွက် စတင် လှူဒါန်းထားသော အလှူရှင်များအား ဖော်ပြပေးလိုက်ပါသည်။
၁။  နော်ဝေးနိုင်ငံမှ မောင်နိုင်းနိုင်း မှ အလှူငွေ  လေးသောင်းကျပ် ။
၂။  ကိုထွန်းဝင်းလတ် မှ အလှူငွေ သုံးသောင်းကျပ် ။
၃။ စစ်ကိုင်းမြို့ ဘိုသု ကွမ်းယာဆိုင်မိသားစု နှင့် အလှူရှင် သုံးဦးတို့မှ လစဉ်လှူဒါန်းရာတွင် ဇန်နဝါရီ လအတွက်  အလှူငွေ လေးသောင်းကျပ် ။
၎။ မန္တလေးမြို့မှ မနီလာအေးမှ လစဉ်လှူဒါန်းရာတွင် ဇန်နဝါရီလအတွက် စတင်အလှူငွေ တစ်သောင်းကျပ်။
၅။ ဒေါ်ရွှေဇင်ဦး (SS DTP & Copy) မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ်။
၆။ ကိုဇော်သိင်္ခ မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ် ။
၇။ MKK1 အင်တာနက်ဆိုင်မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက် အလှူငွေ တစ်သောင်းကျပ် ။
၈။ Wai Yan အင်တာနက်ဆိုင်မှ လစဉ်လှူဒါန်းထားရာ ဇန်နဝါရီလအတွက်အလှူငွေ တစ်သောင်းကျပ် ။
ယခု ဇန်နဝါရီလအတွက် လမ်းခင်းရန် အလှူရှင် ၁၂ ဦးတို့မှ အလှူငွေ တစ်သိန်းခြောက်သောင်း(၁၆၀၀၀၀) ကျပ် ရရှိထားပါသည်။ ယခု လအတွက်လည်း နောက်လှူမည့် အလှူရှင်များလည်း ရှိပါသေးသည်။ ထိုသို့ နောက်ထပ် လက်ခံရရှိမည့် အလှူရှင်များ၏ စာရင်းများကို လည်း ပြန်လည်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
စေတနာရှင်များအနေဖြင့်လည်း ကတ္တရာ လမ်းလေးဖြစ်မြောက်သွားနိုင်ရန်အတွက် ကိုယ်တက်နိုင်သလောက်လေး ပါဝင် လှူဒါန်းလိုပါက အောက်ပါ အီးမေးလ် လိပ်စာများမှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆောင် သတင်ပေးလိုက်ပါတယ်ခင်ဗျာ….။

ဆက်သွယ်ရန်…
Kovida9@gmail.com  ဦးဇင်း ဦးကောဝိဒ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း  ဖုန်း-09-2110202)
Zawtk07@gmail.com   ကိုဇော်သိင်္ခ ( မန္တလေး ၊ မိုးကောင်းကင် ဘလော့ )
Yadanarbon.2010mdy@gmail.com ( မန္တလေးမြို့)


ခင်မင်စွာဖြင့်
ဇော်သိင်္ခ



0 comments:

 
^ထိပ်ဆုံးသို့