ဒီတစ်ခေါက် ဇာတိမြေသို့ ပြန်ရာမှာ အရင်တုန်းကအတိုင်း သွားနေကြ ရေလမ်းက မသွားပဲ အနောက်မြောက်တိုင်းဒေသကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှ စစ်ကိုင်းနဲ့ ရွှေဘို ခရိုင် ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့ ခရိုင်ချင်းဆက်လမ်း (ဗျူဟာလမ်း) မှ ပြန်သွားခဲ့ပါတယ်။ အဲဒီလမ်းမကြီးရဲ့ လမ်းဘေး အနီးဝန်းကျင်ရှိ ၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ခေါင်းရွာ အနီး၊ ဆယ်တော ရွာ နားမှာ ရွှေလုပ်ကွက်များ ဖြစ်ထွန်း နေတာ တော်တော် ကြာနေပါပြီ။ ဒီရွှေလုပ်ကွက်များကတော့ မြန်မာပြည် အထက်ပိုင်းက မချောတို့ ဖားကန့်အနီးက ရွှေလုပ်ကွက်များလိုတော့ အရမ်းကြီး ကျယ်ပြန့်မှု၊ ရွှေထွက်မှုနှုံး သိပ်မရှိပါဘူး။ သီးခြား အနေနဲ့ အနည်းငယ်သာ ထွက်ရှိတာ မို့ သိပ်မသိတဲ့ ဒေသလေးလို့လည်း ပြောလို့ရပါတယ်။ အဲဒီဒေသက ရွှေလုပ်ကွက်မှာပဲ ကျွန်တော်တို့ ကျောင်းနေဖက် မန္တလေးမှ သူငယ်ချင်း တစ်ယောက် လုပ်ကွက် ဝယ်ပြီး ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော် ရှိနေပြီး ဖြစ်ပါတယ်။ အဲဒီ ပြန်တဲ့ နေ့မှာ ပဲ သူငယ်ချင်းကလည်း သူ ရွှေတောကို တက်မယ် ဆိုတာ နဲ့ သူငယ်ချင်း နဲ့အတူ လိုက်သွားပြီး တော့ သူတို့ရဲ့ ရွှေလုပ်ငန်း လုပ်ကိုင် တူးဖော် နေမှု လေးများ ကို လှည့်လည်ကြည့်ရှုပြီး မှတ်တမ်းတင် ဓာတ်ပုံလေး တွေ ရိုက်ကူး ခဲ့မိပါတယ်။ အဲဒီ မှတ်တမ်း ဓာတ်ပုံလေး များကို စာဖတ်သူတို့ အတွက် ရွှေလုပ်ငန်း လုပ်ကိုင်းခြင်း ဗဟုသုတ ရဖွယ်၊ လုပ်ငန်းခွင်မှ လုပ်ကိုင်နေသူများအတွက် သနား ဂရုဏာ သက်ဖွယ် အဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

ရွှေတူးဖော်ပြီးသော အပိုင်းနှင့် တူးဖော်ရန် ကျန်ရှိနေသေးသော မြက်ခင်းများဖြင့်စိမ်းစိုနေပုံ

ရွှေတူးဖော်ထားသော တွင်းကြီး၊ ချိုင့်ဝှမ်းကြီး အတွင်း၌ လုပ်ကိုင်နေကြပုံ

ရွှေတူးဖော်ပြီး ဗြုန်းများကို စုတ်ထုတ်ပြီး အပေါ်သို့ မောင်းတင်ရန် ပြင်ဆင်နေသော စက်ကြီး၊ ကျွန်တော်တို့ ရောက်တဲ့နေ့က ထိုစက်ကြီး အဲဒီ ရေများအတွင်း ပြုတ်ကျပြီး မြုပ်သွားလို့ ပြန်လည် ဖော်ယူပြီး ပြင်ဆင်နေကြပုံ။

ရေအိုင်များကို ကန့်သတ်ပြီး ထိုရေများ ကုန်သွားအောင် ရေစုပ်စက်ဖြင့် မောင်းနှင်နေပုံ

ရွှေလုပ်ငန်း လုပ်ကိုင်နေကြသော နေ့စား အလုပ်သမားများဖြင့် လုပ်ကိုင်နေကြပုံ။


ပေ ၄၀ ကျော် နက်သော ချိုင့်ဝှမ်းကြီး အတွင်း လုပ်ကိုင်နေကြပုံ။ ထိုသို့သော ချိုင့်ဝှမ်းကြီး(ချိုင့်ကြီး) ဖြစ်ရန်အတွက် အောက်ပိုင်းမှ မြေများကို တစ်ဖြည်းဖြည်း ချင်း လှိုက်၍ တူးဖော်ပြီး အပေါ်မှ နည်းနည်း ခြင်း ဖြိုချ သွားကြခြင်း ဖြစ်သည်။

ရွှေတူးဖော်ထားသော မြေများ ဘေးတွင် ၊ ရွှေလုပ်သားများ နေထိုင်ကြသော တဲအိမ်လေးများကို တွေ့မြင်ရစဉ်။

ရွှေလုပ်ငန်း လုပ်ကိုင်ရာ တွင် အဆင်ပြေ ချောမွေ့ပြီး အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရန် ဆိုင်ရာ ဆိုင်ရာ ကို ပူဇော်ပသထားပုံ။

တစ်ဖက်မှ ရွှေများတူးဖော်ပြီး စက်ဖြင့် ဗြုန်းကို ကိုအပေါ်သို့ မှုတ်ထုတ်ရာတွေင် ပါလာသော မြေသားများမှ ပြန်လည် ပြည့်မောက်လာပြီး ကုန်းမြေသဘော ပြန်ဖြစ်သွားပုံ။

ရွှေများကို စစ်ယူသယ်ထုတ်ရန်အတွက် ဗြုန်းစင် ကို တွေ့မြင်ရပုံ။

ရေများခြင်းသည် ရွှေတူးဖော်ရာတွင် အဆင်ပြေစေသော်လည်း ရေများ များလျှင် ရွှေပါသည့် ဗြုန်းများ စုပ်ထုတ်ရန် အရမ်းကြာ ခက်ခဲသည့်အတွက် ရေများ နည်းသွားအောင် ရေစုပ်စက်ဖြင့် တွင်းအတွင်းမှ ရေများကို အပေါ်သို့ ရေစုပ်စက်ဖြင့် စုပ်ထုတ် နေခြင်းဖြစ်သည်။ နွေရာသီတွင် ရေအရမ်းခမ်းခြောက်သည့် အတွက် ရေရှားခြင်း ပြဿနာကို ကို ရင်ဆိုင်ရသလို မိုးရာသီတွင်လည်း မိုးများခြင်းအတွက် ရေများခြင်း ပြဿနာကို လည်း ဤသို့ဖြေရှင်းရခြင်း ဖြစ်သည်။

ရွှေများပါလာသော သဲများ၊ ရွံ့ဗြုန်းကို ရွှေစစ်ကန်ကြီးများဖြင့် ခံယူ ထားပုံ။ ထိုစစ်ကန် အတွင်းကျန်ရစ်သာ ခဲများ၊ ဗြုန်းများ မှနေ၍ ရွှေများကို ပြန်လည် ကျင်ယူ(ဝိုင်းလှည့်၍ယူ) ရသည်။

ရွှေများတူးဖော်ရင်း မြေကြီးများကို တဖြည်းဖြည်းချင်း ပေ ၄၀ ကျော် နက်သွားသည်အထိ ၊ ဖြိုချခြင်းများအတွက် ရေပိုက်များ၊ သံတူရွှင်း များဖြင့် ဝိုင်းဝန်း တူးစွ လုပ်ကိုင်နေကြပုံ။
ဤသို့ဖြင့် ရွှေလုပ်ငန်း လုပ်ကိုင်သူတို့၏ ဘဝအခြေအနေ တို့နှင့် တကွ။ လုပ်ငန်းလုပ်ကိုင်ကြသော လုပ်သားတို့ ၏ ပင်ပန်းကြီးစွာ လုပ်ကိုင်စား သောက်ကြရပုံများကို ဂရုဏာသက်ဖွယ် အနေနဲ့ ရေးသား ဖော်ပြ လိုက်ရပါသည်။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
3 comments:
သြော...အညာမှာတောင် စက်တွေနဲ့ ရွှေတူးကုန်ကြပါပကောလား...မြစ်တွေတော့ ကောတော့မှာပဲလေ...သမုဒ္ဒရာ ၀မ်းတစ်ထွာပဲ မဟုတ်ပါလား...လုပ်ကိုင်စားနေတဲ့သူတွေကို ချီးကျူးပါတယ်...ထိုင်စားနေတဲ့သူတွေကိုပဲ သနားတယ်...
လုပ်ငန်းလုပ်ကိုင်ပုံ အသေးစိတ်ကို ဒီထက်ပိုသိချင်လာမိတယ်။
ရေနဲ့ပဲ သန့်စင်ယူတာလား၊
ဒါက ကုန်းတွင်းပိုင်း ရွှေတူးနည်းပေါ့နော်။
မြစ်ထဲကရွှေကျင်ပုံနဲ့ ဘယ်လိုအဆင့်တွေမှာ ကွာလဲမသိဘူး။
ရွှေတွင်းတွေက အကျယ်ကြီးဘဲနော်
လုပ်ပုံကိုင်ပုံတွေကတော့ အထက်ပိုင်းက ရွှေကျင်းတွေနဲ့ အတူတူပါဘဲ
အဲ.. ရွှေထွက်နှုန်းတော့ မပြောတ်ဘူးပေါ့လေ။
မြန်မာပြည်ကြီးကလည်း နေရာတကာ ရွှေထွက်သားဘဲနော် တတကယ်ရွှေမြေပါဘဲ
Post a Comment