မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, November 5, 2011

ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းခြင်း

6908381.jpg

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေဘေးသင့် ပြည်သူများဆီသို့ ရေဘေးထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ လမ်းညွှန်မှုဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း)မှ ဦးဇင်းဦးကောဝိဒ ဦးဆောင်၍ မေတ္တရှင်ဖောင်ဒေးရှင်း အဖွဲ့(မူဆယ်) တို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိကြပြီးနောက် ပခုက္ကူမြို့နယ် ကမ္မရွာအနောက်ဘက် ဂျိုးပျံ ကျေးတွင် ခေတ္တ စခန်းချ ထားခဲ့ပြီးနောက် ခရီးသွားလာရေး ခက်ခဲသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမှုနည်းပါးသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်အတွက် စုံစမ်းခဲ့ပါသည်။ နောက်နေ့တွင် ခရီးသွားလာရန် အလွန်ခက်ခဲသော ပခုက္ကူမြို့နယ်အဆုံး ဂဝံလေးတိုင် ကျေးရွာ နှင့် ပေါက်မြို့နယ် အဆုံး ကျွန်းရင်း ကျေးရွာ များသို့ ခက်ခဲကြမ်းတမ်းသော တောတောင်တွေကြားရှိ လမ်းများကို ဖြတ်သန်းပြီး ဂဝံလေးတိုင်ကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရွာမှတဆင့် လှေများဖြင့် ယောချောင်းကို ဖြတ်သန်းပြီးနောက် ကျွန်းရင်းကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရှိ ရေဘေးသင့် ပြည်သူများအားလုံးတို့နှင့် ထိုရွာရှိ အိမ်ထောင်စုဝင်အားလုံးတို့အား အဝတ်အထည်များ၊ ဆောင်များ၊ ဇလုံပန်းကန်ဇွန်း၊သောက်ရေခွက်များ၊ ဆန်၊ ဆီ များနှင့် အလှူငွေတို့ ဖြင့် ကာယကံမြောက် ပေးဝေ လှူဒါန်းခဲ့ကြပါသည်။ မူဆယ်မြို့ရှိ “လမင်းအိမ်”စာပေမှ ကျွန်းရင်းရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်၊ ကာယကံမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(မူဆယ်)မှ အလှူငွေကျပ် ဆယ်သိန်း၊ ဦးကောဝိဒမှ အလှူငွေတစ်သိန်းကျပ်နှင့် ယော ချောင်းကိုဖြတ်သန်းသွားလာရန်ခက်ခဲသောကြောင့် အဆင်ပြေစေရန်အတွက် “လှေ”ဝယ်ရန်အတွက် လေးသိန်းကျပ်တိတိ၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုင်ကယ် တစ်စီးတို့ကိုလည်း လှူဒါန်း ပေးခဲ့ပါသည်။

ထိုနေ့ညနေပိုင်းတွင် ဂဝံလေးတိုင် ကျေးရွာသို့လည်း ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများကို ကာယကံမြောက်ပေးဝေ လှူဒါန်းကြပြီးနောက် ထိုကျေးရွာမှတစ်ဆင့် တခြား သွားလာရခက်ခဲသော ကျေးရွာများသို့လည်း သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကိုပေးဝေ လှူဒါန်းခဲ့ကြပါသည်။ ဦးကောဝိဒ ဦးဆောင်သော မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ တို့သည် ဂျိုးပျံ ကျေးရွာတွင် ယာယီစခန်းချ ၍ ထိုကျေးရွာမှတဆင့် ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေကို ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက်လှူဒါန်းလျက်ရှိနေပါသည်။

6908340.jpg


6908342.jpg


6908345.jpg


6908346.jpg


6908348.jpg


6908349.jpg


6908350.jpg


6908352.jpg


6908353.jpg


6908354.jpg


6908355.jpg


6908356.jpg


6908357.jpg


6908359.jpg


6908361.jpg


6908363.jpg


6908365.jpg


6908366.jpg


6908368.jpg


6908369.jpg


6908378.jpg


6908377.jpg


6908380.jpg


6908382.jpg


6908383.jpg


ခင်မင်စွာဖြင့်...

ဇော်သိင်္ခ

8 comments:

စံပယ်ချို said...

ပျက်စည်းနေတဲ့မြင်ကွင်းတွေအတွက်စိတ်မကောင်းဖြစ်ရသလို လှူဒါန်းတဲ့ပစ္စည်းတွေကိုကြည့်ပြီးပီတိ
ဖြစ်ရပါတယ်UNHCR ကလဲလာလား
အဲဒီကိုလာလို့ရလားမြန်မာပြည်ကခွင့်ပြုတာလားဟင်
အမြဲကောင်းမွန်တဲ့လုပ်ရပ်တွေလုပ်နိုင်ပါစေ
စာတွေလဲရေးသားနိုင်ပါစေလို့
ခင်တဲ့ jasmine

Unknown said...

အလှူဒါနအတွက်.နှစ်ထောင်းအားရ
ဂုဏ်ယူစရာ ကောင်းလှပါ၏သာဓု သာဓု သာဓု
ကိုကြီးဇော် ရေ..
အနော်မရှင်းတာ တစ်ခုရှီလို့.. ဦးလေးကြီးတစ်ယောက်က
လက်အုပ်လေးချီပြီး စောင့်ကြောင့်လေးထိုင့်လို့.သူရဲ့ရှေ့မှာလဲ ငွေအချို့တွေ့ရတယ်. ဘေးကလူကြီးကလည်းဒုတ်
ကြီးကိုင်လို့.လေ..အနော်အထင် ..ဓါတ်ပုံဆရာ မျက်စေ့
လယ်သွားတယ်ထင့်ပါ့..း)p
ခင်မင်လေးစားလျှက်.
(ဒုတိယ)
.

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံတွေ မြင်ရတာ စိတ်မချမ်းမသာဖြစ်မိတယ်...
ဒါပေမဲ့ အလှူရှင်တွေ လှူကြတဲ့ ပစ္စည်းတွေ လှူနေတာတွေ မြင်ရပြန်တော့ ဝမ်းသာမိပါတယ်..
ခုလို ပရဟိတအလုပ်တွေ လုပ်ကြသူတွေ၊ နိုးဆော်ကြသူတွေ အားလုံးကို လေးစားချီးကျူုးမိပါတယ်..

shwewunyatana said...

ဒကာဇော်ရေပုံတွေမြင်ရတာစိတ်မချမ်းသာစ
ရာဘဲ...အလှူပုံတွေကြည်ပြန်တော့လဲဝမ်း
သာပီတိဖြစ်မိပါရဲ..ဆက်လက်လှူဒါန်နိုင်ပါစေ...
မေတ္တာဖြင့်...
ရွှေဝန်းရတနာ...

ဇော်သိင်္ခ said...

jas... ရေ.. ရေဘေး ဒုက္ခသည်တွေဆီ မြန်မာပြည်တွင်းရှိ အဖွဲ့အစည်းပေါင်းစုံက လာကြပါတယ်။ အားလုံးကိုလာခွင့်ပြုထားပါတယ်။ တော်တော်များများလည်း ပစ္စည်းတွေ ထောက်ပံ့ကြပါတယ်။ ဒါပေမယ့် အိမ်လုံးကျွတ် ရေထဲပါသွားသူတွေအတွက်တော့ စားစရာအတွက်တော့ လုံလောက်ပေမယ့် နေစရာနဲ့ လုပ်ကိုင်စားဖို့အတွက်တော့ ခက်ခဲမှုတွေ ရှိနေကြပါသေးတယ်။

ဒုတိယရေ.... ဦးလေးကြီးက လက်အုပ်လေး ချီနေတယ်ဆိုတာက သူ့ကိုလှူထားတဲ့ ပိုက်ဆံလေး ဘေးချပြီး ရှေ့မှာရှိတဲ့ ဆရာတော်ကို ကန်တော့နေတာပါဗျ။ တုတ်ကိုင်ထားတာကတော့ အဘိုးကြီးရဲ့ တောင်ဝှေးကို ယူပေးထားတာပါ။ ဓာတ်ပုံဆရာက ဆရာတော်ရဲ့ဘေးနားကနေ ရိုက်ယူလိုက်လို့ အဲဒီလိုကြီး ဖြစ်သွားတာပါခင်ဗျာ။ :)

ချော ရေ... အပျက်အစီးပုံတွေက အရမ်းများနေလို့ နည်းနည်းပဲ တင်လိုက်ရတာပါ။ အဲဒီနေရာတွေဆီရောက်သွားရင် စိတ်မချမ်းမသာ ဖြစ်ယုံမကပဲ တစ်ချို့ဆို မျက်ရည်တောင် ကျမိပါတယ်ဗျာ။ နာဂစ်တုန်းကသာဆိုရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်မလဲ နော်... ။ နာဂစ်ထက် အခုပိုပြီး ဝမ်းသာစရာကောင်းတာတစ်ခုကတော့ ထောက်ပံ့ရေးပစ္စည်းအားလုံး ဒုက္ခသည်တွေဆီ အကုန်ရောက်တာကိုက ဝမ်းသာစရာလို့ ပြောရမယ်ဗျာ။.... :)

Anonymous said...

အလှူရှင်များကိုယ်စား
(စိတ်မကောင်းတဲ့ကြားက..)
ဝမ်းသာပီတိ.ဖြစ်မိပါတယ်
ဒီ့ထက်မက..လှူနိုင်.စေဖို့
(သာဓုခေါ်ရင်း).
ဆုတောင်းပေးလိုက်ပါတယ်ရှင်

ခင်မင်လေးစားလျှက်
သမီးစံ

အင်းတော်ရှမ်း said...

လူကိုယ်တိုင် လိုက်ပါနိုင်ခြင်း မရှိခဲ့ပေမဲ့ ပုံတွေကြည့်ပြီး ဝမ်းသာ ဝမ်းနည်း ဖြစ်ရပါတယ်။ နောက်ထပ် ဒီလိုဘဝမျိုးတွေ ကင်းပါစေ

မေသိမ့်သိမ့် ကျော် said...

သဲတွေဖုံးလွှမ်းသွားတဲ့နေရာတွေ ၊ ပျက်စီးယိုယွင်းနေတဲ့ အိမ်တွေ ၊ အားငယ်နေတဲ့ သူတွေအတွက် အကူအညီတစ်ချို့ဟာလည်း တန်ဖိုးမဖြတ်နိုင်ပါဘူးရှင်။ သာဓု သုံးကြိမ် ဝမ်းသာစွာ ခေါ်ပါတယ်နော်။

ခင်တဲ့
မေသိမ့်

 
^ထိပ်ဆုံးသို့