မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Friday, December 2, 2011

အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် တရားပွဲပိတ်ခံရသည်ဆိုသည်မှာ မဟုတ်ပါကြောင်း


နိုဝင်ဘာ(၂၃)ရက်နေ့တွင်ရှမ်းပြည်နယ်တောင်ပိုင်းတာချီလိတ်မြို့တွင် မေတ္တာရှင်ဆရာတော်မှနေ့တရားပွဲ ဟော ပေးခဲ့ပါသည်။အဆိုပါနေ့တွင် ရန်ကုန်မြို့တွင် အခမ်းအနားတစ်ခုမှ ပင့်ဖိတ်ထားသဖြင့် အချိန်မှီကြွရန် နေ့ပွဲဟောပေးခဲ့ပြီးရန်ကုန်သို့အချိန်မှီကြွနိုင်ရန်အတွက် အဆိုပါ၂၃ ရက်နေ့မှာပင်လေယဉ်ခရီးဖြင့် ကြွတော်မူခဲ့ပါသည်။တရားပွဲပိတ်ခံရသည့်သတင်းများထွက်ပေါ်လျှက်ရှိရာ အဆိုပါကောလဟာလ သတင်းများ သည် မှန်ကန်မှုမရှိပါကြောင်းသိစေအပ်ပါသည်။ယခုအချိန်အထိ တရားပွဲများဆက်လက်ဟောကြားပေးလျှက်ရှိပါသည်။ ၂၀၁၂ နှစ်အကုန်အထိ တရားပွဲရက်များပြည့်နေ့ပြီဖြစ်ပါသည်။ တရားပွဲပင့်လျှောက်လိုသူများ mettashinsayadaw@gmail.com သို့ဆက်သွယ်ပြီးလျှောက်လွှာတင်ထားနိုင်ကြပါသည်။

ခင်မင်စွာဖြင့်...

ဇော်သိင်္ခ



0 comments:

 
^ထိပ်ဆုံးသို့