ဒီတစ်ခေါက် ဇာတိမြေပြန်ရာတွင် ရွာအတွင်းရှိ အစ်မ ဝမ်းကွဲတစ်ယောက် ၏ အလှူနှင့် သွားကြုံခဲ့ပါသည်။ ထို့ကြောင့် ပျော်ရွှင်ခဲ့သည်ဟုပင် ပြောရပါမည်။ ရွာအလှူများ မကြုံဖူးသည်၊ မတွေ့ရသည်မှာ နှစ်ပေါင်းအတော်ကြာနေပါသည် ဖြစ်သည့်အတွက် ပျော်ရွှင်ရခြင်း ဖြစ်ပါသည်။ ငယ်စဉ်က ရွာတွင် အလှူရှိလျှင် အရမ်းပျော်စရာ ကောင်းပါသည်။ အလှူအိမ်တွင် သီချင်းဖွင့်လျှင် ထိုအလှူအိမ်တွင် တစ်နေကုန် နေလေ့ရှိတက်ပါသည်။ ထမင်းကိုလည်း အလှူအိမ်မှပင် စားလေ့ရှိသည်။ ကျွန်တော်တို့နယ်တွင် အလှူအဝင်နေ့ ညနေပိုင်း၌ မောင်ရှင်လောင်း လှည့်လေ့ ရှိပါသည်။ တစ်ချို့ တက်နိုင်သောသူများ လှူလျှင် ထိုအလှူဝင်နေ့ ညနေ၌ ရွာထဲရှိ နွားလှည်းများနှင့် ဘေးရွာရှိ နွားလှည်းများကို ခေါ်ယူ၍ မောင်ရှင်လောင်း များနှင့် နားတွင်း (ယောက်ျားလေးများ ကိုရင်မဝတ်ခင်ကို မောင်ရှင်လောင်းဟုခေါ်၍ မိန်းကလေးများ နားသသည်ကို နားတွင်းဟု ခေါ်ကြပါသည် ) များကိုတင်၍ ရွာရှိ ဘုန်းကြီးကျောင်းသို့ အရင်သွားကန်တော့ကြပြီးနောက် ရွာဦး ဘိုးဘိုးကြီး နတ်စဉ်သို့ သွား၍ နတ်ပြ သွားကြပါသည်။ ထိုနောက် ထိုလှည်းများဖြင့် ရွာကို ပတ်၍ လှည့်သွားကြပြီးနောက် အလှူအိမ်သို့ ပြန်လည် ရောက်လာတက်ကြပြီးနောက်။ အလှူဝင် နေ့ ကျွေးသော ထမင်းဟင်းများကို ချွေးတစ်လုံးလုံးဖြင့် စားသောက်ရသည်မှာ စားလည်းကောင်း ပျော်စရာလည်းကောင်းလှပါသည်။
အလှူနေ့သို့ ရောက်သောအခါတွင်လည်း မနက်စောစောတွင် ထမင်းကျွေးလေ့ရှိပါသည်။ ရွာထဲရှိ လူများအားလုံးကို ဘေးရွာမှ ဧသည်များမလာခင် အစောကြီးသွား၍ စားရပါသည်။ နေအနည်ငယ်မြင့်လာမှ ဘေးရွာမှ ဧည့်သည်များကို ကျွေးလေ့ရှိပါသည်။ အားလုံးကျွေးမွေးပြီးလျှင်လည်း ရှင်လောင်းယူလေ့ ရှိပါသည်။ အလှူတွင် ပါဝင်ကြသော မောင်ရှင်လာင်းများကို ထန်းစဉ်များဖြင့် ကာလသားများမှ ထမ်းကြရပြီးနောက် နားတွင်းများက အောက်မှ လမ်းလျှောက်ကြရပါသည်။ ထို့အပြင် ရွာရှိလူကြီးများ၊ ကလေးများနှင့် အမျိုးသမီးလေးများလည်း အလှူနေ့တွင် ရှင်လောင်းယူ လိုက်ရန်အတွက် ပြင်ဆင်ပြီး ရှင်လောင်းလှည့် လိုက်ကြရပါသည်။ ထိုရှင်လောင်းယူရာ တွင်လည်း ရွာဦးဘုန်းကြီးကျောင်းကို သုံးပတ် အရင်ပတ်ရပါသည်။ ထို့နောက် သုံးပတ်ပြည့်လျှင် ရွာထဲသို့လည်း ရွာတစ်ပတ် ပတ်၍ လှည့်ကြရပါသည်။ ထိုသို့ ရွာအတွင်းသို့ ပတ်၍ ပြန်ရောက်လျှင် ယှဉ်လောင်းလှည့်လိုက်သောသူများက ထမင်း တစ်ထပ် ထပ်၍ စားကြပါသည်။ ပြီးနောက် အလှူရှင် မိသားစုမှ အလှူတွင် ပင့်ဖိတ်ထားသော သံဃာများအား ဆွမ်းကပ်ကြပါသည်။ ရွားဦးဆရာတော်မှ ဆွမ်းဘုန်းပေးပြီးလျှင် အလှူရှင်များအတွက် တရားဟောကြားတော်မူပြီးနောက် မောင်ရှင်လောင်းများအား သင်္ကန်းတောင်းများ ရွတ်ဆိုပေးပြီးနောက် ကိုရင်ဝတ်ပေးလိုက်ပါသည်။ ထို့နောက် အလှူရှင်မိသားစုတို့နှင့်အတူ အလှူအတွက် ရေစက်ချ၊ သာဓု အနုမောဓနာ ခေါ်ဆို၍ ညနေစောင်း အချိန်တွင် အလှူပွဲ ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
မှတ်ချက်။ ။ ရွာများတွင် အလှူပေးရာ၌ ပုံစံအမျိုးမျိုးရှိကြပါသည်။ ကျွေးသော ထမင်းဟင်များလည်း ပိုက်ဆံ တက်နိုင်လျှင် တက်နိုင်သလို ကျွေးမွေးမှုများ ကွာခြား သွားတက်ကြပါသည်။ ယခုကြုံခဲ့ရသော အလှူပုံစံလေးကိုပဲ ရေးလိုက်ပြီးနောက် မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံလေးများကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

ဘုန်းကြီးဆွမ်းကပ်ဖို့ရန် ချက်ထားသော ကြက်သားဟင်းအိုးကြီး

အလှူလာသောသူများအား ကျွေးမွေးရန် ချက်နေသော ပဲဟင်းအိုးကြီးများ

ရွာရှိကလေးများ ထမင်းစားနေသည်ကို လှည့်ကြည့်နေသော အလှူ့ဒါယကာနှင့် အလှူ့ဒါယိကာမ

အလှူလာသောသူများ ထမင်းစားနေသည်ကို လှည့်ကြည့်၍ မှတ်တမ်း ဓာတ်ပုံရိုက်နေစဉ်

အလှူရှင် မိသားစုများ

အလှူလာသောသူများ ထမင်းစားနေကြစဉ်

ထိုနေ့အလှူတွင် ရိုးရှင်းစွာကျွေးသော ထမင်း၊ ပဲဟင်း၊ သရက်ချဉ်နှင့် ငါးခြောက်ကြော် တို့ဖြင့်ပြင်ဆင်ထားသော ထမင်းပွဲလေး။

အလှူ့ဒါယကာ၊အလှူဒါယိကာမနှင့် မောင်ရှင်လောင်းများ၊ နားတွင်းများအမှတ်တရ ဓာတ်ပုံရိုက်ကြပုံ။

ရွာဘုန်းကြီးကျောင်းကို ပတ်၍ ရှင်လောင်းယူလှည့်နေကြပုံ

ရွာထဲရှိ အပျိုလေးများမှ ရှင်လောင်းယူလှည့်နေပုံ

မောင်ရှင်လောင်း ကို ထမ်းစဉ်ဖြင့် ထမ်း၍ လှည့်နေကြပုံ


အလှူတွင် ကျွေးသော ထမင်းများကို ပေါင်းအိုးဖြင့် ပေါင်းပြီး မီးဖိုပေါ်မှချနေကြပုံ။
အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ....။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
4 comments:
တောအလှူလေး ကြည့်ရှုရလို့ ငယ်စဉ်က အဖြစ်အပျက်တွေကို ပြန်သတိရမိတယ် ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
ရွာက ကွမ်းတောင်ပန်းတောင်ကိုင်တွေက ချောတယ်နော်..
ရိုးရိုးရှင်းရှင်း အလှူလေးက စိတ်ကြည်နူးဖို့ကောင်းလိုက်တာ..
အလှူရှင်တွေလဲ ကျေနပ်ပီတိဖြစ်နေကြပုံနဲ့..
စိတ်ချမ်းသာစရာ..
ကောင်မလေးတွေချောတယ်.. ရွာကိုလိုက်လည်ဦးမှဘဲး)
လတ်လတ်ဆတ်ဆတ် ကိုဖတ်ရလို့
လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်မိတယ်။
ခင်မင်လေးစားလျှက်
ဘယ်ဒေသလဲရှင့် ........... ကျေးဇူးပြုပြီး သိပါရစေ
ကျွန်မက အလှူပြုလုပ်ကြပုံ ဓလေ့အမျိုးမျိုးကို စုစည်းနေလို့ပါ။
Post a Comment