မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Saturday, February 4, 2012

သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမင်္ဂလာ ဖိတ်ကြားလွှာ

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ ၊

ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊ ရပ်စောက်မြို့

ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏

ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏

သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ကျင်းပပူဇော်မည်ဖြစ်ပါ၍

ကြွရောက်တရားနာ ကုသိုလ်ယူနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

+++ အခမ်းအနားအစီအစဉ်များ +++

နေ့ရက်- ၁၃၇၃-ခု၊ တပိုတွဲလပြည့်နေ့၊ (၇-၂-၂၀၁၂) အင်္ဂါနေ့ ၊

နံနက် ၅ နာရီခွဲအချိန်တွင် သံဃာ အပါး(၁၀၀၀) တို့အား နတ်သုဒ္ဒါဆွမ်းနှင့်စာရေးတံမဲများ

လှူဒါန်းမည်ဖြစ်ပါသည်။

နံနက်ခင်း ၉ နာရီအချိန်တွင် အကယ်ဒမီဒေါ်ချိုပြုံးနှင့် တေးဂီတရှင်များမှ ဆရာတော်အား

ပူဇော်မည်ဖြစ်ပါသည်။

ည (၈း၃၀) နာရီ အချိန်တွင် ဆရာတော်အား တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော

မော်တော်ကားရေစက်ချပွဲ ဓမ္မသဘင်ဖြစ်ပါသည်။

နေရာ - သဒ္ဓမ္မပါလကျောင်းတိုက်၊ လပြည့်ဝန်းလမ်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ ။

အကုသိုလ် ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်း ဖြစ်သည်။ စိတ်လည်းဆင်းရဲသည် ။ အပါယ်သို့လည်းသွားသည်။ ကုသိုလ်စိတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုကြည့်လျှင် ကုသိုလ်လည်းရသည်။ စိတ်လည်းချမ်းသာသည်။ နိဗ္ဗာန်နှင့်လည်း နီးသည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နှင့်သာဝကများ

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ



1 comments:

Thameesan said...

ဆရာတော်..အသက်ရာကျော်ရှည်ပါစေ။
ဘာသာ၊သာသနာအကျိုးကို
ဆထက်တန်ဖိုး..ထမ်းဆောင်နိုင်ပါစေ။
ဖောင်ဒေးရှင်းအဖွဲ့သားများလည်း
စိတ်ချမ်းသာ.ကိုယ်ကျန်းမာကြပါစေ။

ခင်မင်လေးစားလျှက်..

 
^ထိပ်ဆုံးသို့