ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ၊ ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏ သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို ၁၃၇၃ ခု၊ တပိုတွဲလပြည့်နေ့ ၇.၂.၂၀၁၂ အင်္ဂါနေ့ နံနက် (၅)နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတည်ရှိရာ သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပရာ စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးတော်မူကြသော သံဃာ အပါး (၁၀၀၀) ကျော်တို့အား အာရုဏ်ကြက်သား ကြာဇံဟင်းခါးဆွမ်းကပ်လှူပြီးနောက်၊ နတ်သုဒ္ဒါဆွမ်းနှင့် စာရေးတံမဲများကို ဆရာတော်နှင့် တပည့်သာဝကများမှ ဆက်ကပ်လောင်းလှူခဲ့ကြပါတယ်။
မနက် (၉) နာရီအချိန်တွင် အကယ်ဒမီ ဒေါ်ချိုပြုံးနှင့် တေးဂီတ ပညာရှင်များမှ ဆရာတော်အား ဓမ္မပူဇာတေးများ ဖြင့် ပူဇော်ကန်တော့ခဲ့ကြပါတယ်။
ည (၈) နာရီခွဲ အချိန်တွင် ဆရာတော၏် တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော မော်တော်ကား ရေစက်ချပွဲ ဓမ္မသဘင်ကို ကျင်းပခဲ့ပါတယ်။












သီတဂူကြယ်တစ်ပွင့် ဆရာတော်မှ ဆရာတော်အား မွေးနေ့လက်ဆောင်ပေးအပ်လှူဒါန်းပုံ







--
ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ
2 comments:
မေတ္တာရှင် ဆရာတော်ကြီး သက်တော်ရာကျော် ရှည်ပါစေ ကျန်းမာချမ်းသာပါစေ
KZTK ရေ အလုပ်များနေလို့ မလာလိုက်ရဘူး တောင်းပန်ပါတယ်နော်
ခင်မင်လျှက်
ရွှေစင်ဦး
သာဓု သာဓု သာဓုပါ မောင်ဇော်သိင်္ခရေ။
မေတ္တာရှင်ဆရာတော်ကြီးကိုမြင်ရတာ
စိတ်ထဲမှာကြည်လင်အေးချမ်းနေမိတယ်။
ဒီတစ်ခေါက်မန်းရောက်ရင်ဆက်သွယ်မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment