မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Monday, June 21, 2010

ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့ သော နိုင်ငံ များ


ကမ္ဘာ့ဖလား ဘောလုံးပွဲ ရာသီမှာ ကမ္ဘာ့ဖလား ပွဲတွေ ရဲ့ အကြောင်းကို သိချင်သူများ အတွက် ဒီ ဇယားလေးကို ပြန်လည် တင်ပေးလိုက်ပါတယ်။ ဒီဇယား လေး ရရှိလာခဲ့တာကတော့ နေ့လည်က ကျွန်တော်တို့ ဆီမှာ အပြင်က လူ သုံးယောက်လောက်က 2002 ခုနှစ်က ဗိုလ်လုပွဲ မှာ ဘရာဇီးနဲ့ ဂျာမဏီတို့ ရဲ့ နောက်ဆုံး ဗိုလ်လုပွဲ  ရလဒ် ကို သိချင်တယ် ဆိုလို့ ရှာခိုင်း တာ နဲ့ အခု ဒီဇယားလေး ကို တွေ့ရှိခဲရတာပါ။...... အခု ဒီဇယားလေး နဲ့ အတူ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံ တွေ နဲ့ အိမ်ရှင် အဖြစ် ကျင်းပခဲ့ တဲ့ နိုင်ငံ တွေအပြင် ဗိုလ်လုပွဲ နဲ့ တတိယနေရာ လုပွဲမှာ ရရှိခဲ့တဲ့ Results တွေကိုပါ သိရအောင်လို့ တင်ပေးလိုက်ပါတယ်.....
ကမ္ဘာ့ ဖလား ဘောလုံးပွဲများ ကို 1930  ပြည့်နှစ်မှာ အိမ်ရှင် နိုင်ငံ အဖြစ် ဥရုဂွေး နိုင်ငံ က စတင် ကျင်းပခဲ့တာ ဖြစ်ပြီးတော့ အဲဒီနှစ်မှာ ပဲ ပထမဆုံး အကြိမ် အဖြစ် ဆုဖလားကြီးကို ရရှိသွားခဲ့တဲ့ နိုင်ငံ ကတော့ အိမ်ရှင် ဥရုဂွေး နိုင်ငံ ပဲဖြစ်ပါတယ်။ ဒုတိယ ရရှိသွားတာကတော့ အာဂျင်တီးနား နိုင်ငံ ဖြစ်ပြီးတော့ တတိယ ရရှိသွားတဲ့ နိုင်ငံကတော့ အမေရိကန် နိုင်ငံ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ နောက် လေးနှစ်တစ်ကြိမ် ကျင်းပ ခဲ့တဲ့ ကမ္ဘာဖလား ပွဲ မှာ ဘယ်နိုင်ငံ မှာ ကျင်းပပြီးတာ့ ဘယ်အသင်းကဖြင့် ဆုဖလားကြီး ရရှိသွားတယ် ဆိုတာ ကိုတော့ အောက်မှာ ဇယားလေး နဲ့ပဲ ဖော်ပြပေးသွားလိုက်ပါမယ်။ 1942 ခုနှစ်နဲ့ 1948 ခုနှစ်တွေ မှာတော့ ပထမ ကမ္ဘာစစ် နဲ့ ဒုတိယ ကမ္ဘာစစ် တွေ ကြောင့် ကျင်းပ နိုင်ခြင်း မရှိခဲ့တာကို တွေ့ရှိရပါတယ်။ အဲဒီနောက်မှာ တော့် လေးနှစ် တစ်ကြိမ် ပုံမှန်အတိုင်း ကျင်းပ သွားနိုင်ခဲ့ပါတယ်။ ယခုနှစ် 2010 မှာ အိမ်ရှင်အဖြစ် တောင်အာဖရိက နိုင်ငံ မှာ ကျင်းပ နေတဲ့ ကမ္ဘာ့ ဖလား ဘောလုံးပွဲ ကြီးရဲ့ နောက်ဆုံး ဗိုလ်လုပွဲ မှာ ဘယ်အသင်းတွေ တက်ရောက်နိုင်ပြီးတော့ ဘယ်အသင်းက 2010 ခုနှစ်ရဲ့ ကမ္ဘာ့ ဖလားဆုကြီးကို ရရှိသွားမယ်ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်စို့ဗျာ..... ။


 အပေါ်က ဇယား လေး မှာ သေချာ မမြင်ရဘူး ဆိုတော့ သူ့ရဲ့ မူရင်း ဆိုဒ် ဖြစ် တဲ့  ဒီ နေရာ မှာ သေချာ သွားရောက်ဖတ်ရှု နိုင်ပါတယ်။ မြန်မာဘောလုံး ၀ါသနာ ရှင်များအားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေလို့ ဆုတောင်းပေးရင်း...........


ဇော်သိင်္ခ

2 comments:

နတ်ဆိုးလေး said...

ကျေးဇူးဗျာ...
ဘာရယ်တော့ မဟုတ်ဘူး
ဗဟုသုတပေါ့.. သွားကြည့်လိုက်ဦးမယ်

သဒ္ဓါလှိုင်း said...

ပျောက်နေတာကြာပေါ့...လာချောင်းသွားတယ်..

ခင်မင်စွာ
သဒ္ဓါ

 
^ထိပ်ဆုံးသို့