မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Wednesday, June 23, 2010

ဘ၀ အမောပြေ လေးများ



 မပြောချင်တော့ဘူး

သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက မေးမြန်းနေသည်..
"ဒါ... ဘယ်နှစ်ယောက်မြောက်လဲ"
"၉ ယောက်မြောက်ပါဆရာ..."
"ဟင် ဟုတ်လား..... သားကြောမဖြတ်သေးဘူးလား ....... အမျိုးသားကဘာလုပ်သလဲ.."
"ဆရာရယ်... အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး
တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်.."

သူ့အလှ

သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်....
"သူငယ်ချင်း ..... ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ"
"ဟုတ်လား "
"အေး.... သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ..... မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး... သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ .....
လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး...."
"ဟင်.....ဟုတ်လား........ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့... "

နားလည်မှု

မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး.... ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."

ဘယ်လိုလဲ

ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆို အောက်ခြေကစရတယ်ကွ...
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."
တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."

ပညာရှိ

ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်....
"ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ "
တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်...
"နိမ့်သေးတယ်.... မြင့်တာယူခဲ့"
နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်...
"နိမ့်သေးတယ် "
နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်.....
"နိမ့်သေးတယ်"
နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်.....
"မရဘူး.... နိမ့်သေးတယ်..."
တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်...
"ဆရာခင်ဗျား.... ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံး
စာအုပ်တွေပါခင်ဗျာ..... ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့
ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ......"
"အိမ်း..... နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့
စာအုပ်လိုချင်တာကွ..." 

ဆရာကြီး၏ နောက်ဆုံးဆေးလုံး


တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့်  ရောက်လာ ကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ  ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း  ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး
၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်ဆေးလုံး တစ် လုံးထုတ်ပြီး  မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက  မကြောက်ရန်ပြောပြီး “ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။ ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။ “ဆရာကြီး ၊ ဆရာကြီး  နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“ ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး “ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက လိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။



သရဲ ထင်လို့ပါ


တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။ “သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ “ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။ 
Source:  : forward mail 
ဇော်သိင်္ခ


3 comments:

SHWE ZIN U said...

ဟားးးးးးးးးးးးးးးးးးးးးးးး ရီရတယ် Kztk ရေ

ကောင်းမွန်ဝင်း said...

တော်တော်ရီရတယ်။
အဟင်းဟင်း။

လသာည said...

ဖတ်ပြီးရယ်လိုက်ရတာ အမောကိုပြေသွားတာပဲ ကျေးဇူးနော်း))

 
^ထိပ်ဆုံးသို့