``သင်ယူခြင်းသည် တစ်ခါတစ်ရံ
နှစ်ဖက်သွား လမ်းတစ်လမ်း ဖြစ်သည်။``
တစ်ခါက ကြားခဲ့ဖူးသော ရှေးဟောင်း ပုံပြင်တစ်ပုဒ်ကို ကျွန်တော် မှတ်မိနေသည်။ ထိုပုံပြင်တွင် ဖခင်က သားငယ်အား နွားပေါက်စကလေးတစ်ကောင် ပေးအပ်ခဲ့သည်။ ထို နွားပေါက်စကလေးအား အစာရေစာ ကျွေးမွေးရန်နှင့် သန့်ရှင်းရေး ပြုလုပ်ရန် သားကို ညွှန်ကြားသည်။ ထိုင့ပြင် နွားပေါက်စကလေးအား ဦးခေါင်းပေါ်သို့ တစ်နေ့လျှင် တစ်ကြိမ် မချီရန် မှာကြားထားခဲ့သည်။
သားငယ် ကြီးပြင်းလာသည်နှင့်အမျှ နွားငယ်သည်လည်း ကြီးထွားလာခဲ့သည်။ ထို့ကြောင့် သားငယ်သည် နွားကလေးအား ဦးခေါင်းပေါ်အရောက် နေ့စဉ် တစ်ကြိမ်ကျ ချီမ ရာတွင် အလေးချိန်တစ်ပေါင် သို့မဟုတ် ထိုထက်ပို၍ ချီမနေခြင်းဖြစ်သည်။ သားငယ် အသက် ၁၆ နှစ်သို့ ရောက်ချိန်တွင် သူသည် ကန်ကျောက်လျက်ရှိသည့် အရွယ်ရောက်ပြီး နွားထီးအား ချီမ နိုင်စွမ်းရှိနေသည်။
ကျွန်တော်၏ ကိုယ်ပိုင်ဘ၀တွင်လည်း အလားတူ ဖြစ်ရပ်တစ်ခု ရှိနေပါသည်။ ကျွန်တော်၏သားက ကျွန်တော့်အတွက် တစ်စုံတစ်ခု လုပ်ပေးနေသလို ခင်ဗျားတို့၏ သားများကလည်း ခင်ဗျာ်းတို့အတွက် တစ်စုံတစ်ခု လုပ်ပေးနေပါလိမ့်မည်။ ထိုသို့ လုပ်ပေးခြင်းကို ခင်ဗျား သိချင်မှ သိရှိပါလိမ့်မည်။
တစ်နေ့တွင် ကျွန်တော် အသက် ၁၀ နှစ်သားအရွယ် သားငယ် အိုင်ဗင်နှင့်အတူ ဆီတဲလ်မြိ့၌ တင်းနစ်ကစားနေပါသည်။ အိုင်ဗင် အသက် ၅ နှစ်သားကပင် သူသည် ကျွန်တော်၏ တင်းနစ်ကစားဖော် ဖြစ်ခဲ့ပါသည်။
နောက် တင်းနစ်ကွင်းတစ်ခုတွင် ဒေသခံ တင်းနစ်အသင်းမှ လူငယ်ကလေးများ ကစေားနေကြပါသည်။ ကျွန်တော်က အဝေးသို့ လွင့်ထွက်သွားသော ဘောလုံးတွေကို လိုက်လံကောက်ယူနေခိုက် ဒေသခံတင်းနစ်အသင်းမှ နည်းပြဆရာမ ကျွန်တော့်အနီးသို့ ချဉ်းကပ်လာသည်။
``ခင်ဗျားသား တကယ် ရိုက်ချက် ကောင်းတယ်ဗျာ``
နည်းပြဆရာက မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ သူသည် အိုင်ဗင်အား ချီးကျူးပြောဆိုရုံမျှမက သူ၏ တင်းနစ်အသင်းသို့ ၀င်ရောက်ရန် စည်းရုံးလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သတိပြုမိလိုက်သည်။ ထို့ကြောင့် ကျွန်တော်က နည်းပြဆရာ စိတ်ပျက်အောင် ပြောပြလိုက်သည်။
``ကျွန်တော်တို့ နယူယောက်မြို့ကပါဗျာ``
အိုင်ဗင်အား သူ့ဦးလေးနှင့် အဒေါ်အိမ်သို့ ကားမောင်း၍ လိုက်ပို့စဉ် နည်းပြဆရာပြောသည့် စကားကို ပြန်ပြော ပြလိုက် သည်။ သို့သော် နည်းပြဆရာက အိုင်ဗင်၏ တင်းနစ်ကစားကွက်တွင်မည်သည့်အချက်ကိုမြင်၍ ချီးကျူးစကား ပြောခဲ့ သနည်းဟု ကျွန်တော် သိချင်စိတ် ပြင်းပြနေခဲ့ပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က အိုင်ဗင်သည် သူ့ကျောင်းတွင် တင်းနစ်ကစားရာ၌ လျင်မြန်စွာ တိုးတက်မှုရှိခဲ့ကြောင်း ကျွန်တော့်အား ပြောပြဖူးသည်။ သူသည် ကျောင်းမှ တင်းနစ်ကစားပွဲ ပြိုင်ဖက် တစ်ဦးပြီးတစ်ဦး အနိုင်ရခဲ့သည်။ ထို့နောက် မြို့မအသင်းမှ တင်းနစ်ချန်ပီယံ တစ်ဦးအား အနိုင်ရခဲ့ကြောင်း ကျွန်တော့်အားသတင်းပေးသည်။ သို့သော် ကျွန်တော်က သား ပြောစကားကို နားတစ်ဖက်မှ နားထောင်ပြီး အခြားနာ်းတစ်ဖက်မှ ထွက်သွားစေသည်။ အမှန် အတိုင်း ပြောရလျှင် အိုင်ဗင်၏ ကစားကွက်တွင် တိုးတက်မှုများစွာ မမြင်ရသောကြောင့် ဖြစ်သည်။
သူသည် ရိုက်ချက်အမှားအယွင်း ယခင်ကထက် ပို၍ နည်းပါးလာမည်။ ဘောလုံးကိုလည်း ရိုက်ချက်ပြင်းပြင်း စားနိုင်မည်မှာ သေချာသည်။ သို့သော် သူ့ဖခင် အဘိုးအိုက သူ့သားအား တင်းနစ်ကစားပွဲတွင် အနိုင်ရနေဆဲ ဖြစ်သည်။ သို့ပါလျက် အိုင်ဗင်၏ ကစားကွက်တွင်အလွန်အမင်း တိုးတက်လာပြီဟု မည်သို့ ဆိုနိုင်ပါမည်နည်း။
ကိုယ့်လောက် ကျွမ်းကျင်မှုမရှိသူ တစ်ဦးအား ယှဉ်ပြိုင်ကစားပြီး အနိုင်ယူခြင်းသည် အဆုံးအစွန်သော ရန်စ စော်ကားမှု ဟူ၍ အမြဲ ယုံကြည်ထားသည်။ ထို့ကြောင့် အသက် ၅ နှစ်အရွယ်က ကျွန်တော်နှင့် တင်းနစ်ကစားရာ၌ သူ့ခြေတောက် ထိမိအောင် ခုတ်ပိုင်းခြင်း မပြုခဲ့။ သူ အနိုင်ရအောင်လည်း လျှော့ကစားခြင်း မပြုခဲ့။ သူ မည်မျှ ကောင်းစွာ ကစားနိုင်ကြောင်း သူကိုယ်တိုင် ချင့်တွက်ရမည်သာ ဖြစ်သည်။ အနိုင် အရှုံးဖြင့် ချင့်တွက်ပိုင်ဖြတ်ရမည် မဟုတ်။ အမှန်အတိုင်းဆိုလျှင် တင်းနစ်ကစားရာတွင် အိုင်ဗင်သည် ကျွန်တော့်အား အနိုင်ရခဲ့ခြင်း တစ်ခါမှ မရှိခဲ့ပါ။
ကျွန်တော်တို့ နယူးယောက်သို့ ပြန်လည်ေ၇ာက်ရှိသောအခါ ထူးခြားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရပါသည်။ ထိုဖြစ် ရပ်မှာ အခြား မဟုတ်။ ကျွန်တော်၏ မိတ်ဟောင်းဆွေဟောင်းတစ်ယောက် နယူးယောက် သို့ ရောက်ရှိလာပြီး ကျွန်တော့်အား သူနှင့် ယှဉ်ပြိုင်၍ တင်းနစ် တစ်ပွဲ ကစားရန် ဖိတ်ခေါ်ခံရခြင်း ဖြစ်သည်။ထိုမိတ်ဆွေဟောင်းသည် ယခင်အခါများက ကျွန်တော်နှင့် တင်းနစ်ကစားခဲ့ရာတွင် ပုံမှန် အနိုင်ရခဲ့သူ ဖြစ်သည်။ ကျွန်တော်က သူ့အား တင်းနစ်မှန်မှန် လေ့ကျင့်နေခဲ့သလားဟု မေးလိုက်ရာ သူက ပြုံးပြီး တစ်နှစ်လုံး တစ်ရက်မှ မပျက်ဘဲ နေ့တိုင်း လေ့ကျင့် ကစားနေခဲ့သည်ဟု ဖြေပါသည်။
ကျွန်တော့် မိတ်ဆွေသည် သူ့အ၀တ်အစားနှင့် သူ့ရုပ်သွင်ကို များစွာ ဂရုစိုက်သူ ဖြစ်သည်။ သူနှင့် ကျွန်တော် တင်းနစ်ပြိုင်ကစားရာ၌ ကျွန်တော်၏ ရိုက်ချက် ကစားကွက်များကို သူကလည်း တုံ့ပြန်နိုင်စွမ်း ရှိပါသည်။ သူ့ကို ကျွန်တော်က အနိုင်ရောအင် မရိုက်နိုင်သလို သူကလည်း ယခင်အခါများကဲ့သို့ ကျွန်တော့်အား အလွယ်တကူ အနိုင်မယူနိုင်တော့ပါ။ ထို့ကြောင့် လက်ရည်တူ ဖြစ်နေကြသော ကျွန်တော်တို့နှစ်ယောက်လုံး အံ့သြနေမိကြပါသည်။
ကျွန်တော် တက္ကစီကားဖြင့် အိမ်သို့ ပြန်လာခိုက် စဉ်းစားမိလိုက်သည့် အချက်က ``အိုင်ဗင်`` ဖြစ်ပါသည်။ အိုင်ဗင်နှင့် ကျွန်တော် တင်းနစ်အမြဲကစားခဲံရာမှ သူ၏ ရိုက်ချက် ကစားကွက်များ တိုးတက်လာခဲံပါသည်။ ထိုနည်းတူ ကျွန်တော်၏ လက်၇ည်လည်း အစွမ်းထက်လာခဲ့ပါသည်။ နွားပေါက်စကလေးအား ဦးခေါင်းပေါ်အရောက် မချီမြှောက်တင်မှု ပြုလုပ်ရာ၌ နံနက်တိုင်း အလေးပေါင်ချိန် တိုးလာသည့် နွားငယ်အား မချီ လေ့ကျင့်နေခဲ့ရသည်။ အိုင်ဗင်သည်လည်း နေ့စဉ် နေ့တိုင်း တင်းနစ်လော့ကျင့်မှုကြောင့် ကစားကွက်များ တိုးတက် လာခဲ့သည် မဟုတ်ပါလော။
အိုင်ဗင်၏ ကစားကွက်များ တိုးတက်လာသလို သူနှင့်ယှဉ်သော ကျွန်တော့်အဖို့လည်း နွားငယ်အား မ ချီ မြှောက်တင် လေ့ကျင့်သည့် လူသယ်ကဲ့သို့ တင်းနစ် ရိုက်ချက်များကို ပို၍ ပို၍ အကွက်မိအောင် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလော။
အိုင်ဗင် ကစားကွက် တိုးတက်လာခြင်းသည် ကျွန်တော့် လက်ရည်ပို၍ ကောင်းလာအောင် တွန်းအားပေးရာ ရောက်သည်။ ခွန်အားသစ်များ မွေးမြူရန်နှင့် ဆုံးဖြတ်ချက်အသစ်များ ရရှိလာစေရန် အထောက်အကူ ပြုခဲ့ခြင်းဖြစ်သည်။ သူက ကျွန်တော့် အား ပို၍ ခဲရာခဲဆစ် ကြိုးပမ်းရန်၊ ခွန်အားစွမ်းရည်ကို ပိုမို ဆွဲထုတ်ရန်၊ အချိန်ကြာကြာ ပို၍ လေ့ကျင့်ကစားရန် သင်ပြပေး နေခဲ့ခြင်းဖြစ်သည် ယင်းသို့ တွန်းအားပေး၍ သင်ပြခဲ့ခြင်းမှာလည်း အနည်းငယ်စီသာ ဖြစ်သောကြောင့် ကျွန်တော်က အလျဉ်း သတိမထားမိခဲ့။
သင်တို့၏ သားတွေကလည်း ဤနည်းအတိုင်း သင်ပြပေးလျက် ရှိမည်ဟု ကျွန်တော် ပြောရဲပါသည်။ သင်တို့ တွေးတော စဉ်းစားမိခြင်း မရှိသော နည်းလမ်းပေါင်း တစ်ထောင်ဖြင့် သင်တို့၏ သားတော်မောင်များက ခက်ခဲ ကျဉ်းမြောင်းသော တောင်ကြားလမ်းတစ်ခုကို သူတို့ ကိုယ်တိုင် မားမားမတ်မတ် ဖြတ်သန်းလျှောက်လှမ်းရန် သင်ပြနေမည် ဖြစ်သည်။ သင်တို့၏ စိတ်ဓတြ် တည်ငြိမ်မှု၊ ဂရုတစိုက်ရျိမှု အရည်အချင်းတို့ အပေါ်၌ မူတည်ကာ သင်တို့အား ချင့်တွက်နေကြမည် ဖြစ်သည်။လူငယ်များက သင်တို့အား မည်သည့်အချိန်တွင် အညံ့ခံ အရှုံပေးပြီး မည်သည့်အချိန်အခါ၌ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေရန် သင်ပြကြသည်။ ထိုအချက်ကို တင်းနစ်ကစားရာ၌ ကျွန်တော်တွေ့မြင်ခဲ့ရသည်။ သို့သော် အထက်ပါ နည်းလမ်းမျိုးသည် ကျွန်တော်တို့၏ ဘ၀ အစိတ်အပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည်။
သင်တို့က သင်တို့၏ သားသမီးများအား သင်ပြပေးခြင်း၊ ပျိုးထောင်ပေးခြင်း ပြုလုပ်ပေးနေစဉ် သားသမီးများကလည်း သင်တို့အား ဥာဏ်ပညာ ကျယ်ပြန့်အောင်၊ ထူးချွန်အောင်၊ အရည်အသွေး ထက်မြက်အောင် ပို၍ တော်သော တင်းနစ် ကစားသမားဖြစ်အောင်၊ ပို၍ ကောင်းသော မိဘများဖြစ်အောင်နှင့် ပို၍ ကောင်းမွန်သော ပြည်သူများဖြစ်အောင် သင်ပြပေးလျက်ရှိနေမည် ဟူ၍သာ။
တက္ကသိုလ် ဇော်မင်း
{သင့်ဘ၀၊ ဇွန်၊ ၁၉၉၇}
1 comments:
သည် ပို့ (စ) လေး ကို ဖတ်ရတာ အတွေး အခေါ် လေး တစ်ခု
ကို ရသွား ပါတယ်၊ နွား ကလေး ကို ပုံမှန် ချီ မ နေခဲ့ တဲ့ 
အပိုက် ကလေး က ပေးခဲ့ ချင်တဲ့  အနှစ် လို့  ထင်ပါတယ်နော်။
Post a Comment