မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Tuesday, July 6, 2010

လောကလက်ဆောင်








 

မင်းရှိနေတာဟာ လောကအတွက်လက်ဆောင်ပါ။
မင်လိုမျိုး တစ်ဦးတည်းသာရှိ။
မင်းဘ၀မှာ မင်းဖြစ်ချင်တာဖြစ်နိုင်ပါတယ်။
နေ့ရက်တွေကို အချိန်တစ်ချိန်မှာတစ်ရက်သာ စဉ်းစားပါလေ။
မင်းကောင်းချီးတွေကို ရေတွက်ပါလေ။
မင်းဒုက္ခတွေကို မရေတွက်လေနဲ့။
ဘာတွေပဲလာလာ မင်းအောင်မြင်ကျော်လွှားနိုင်မှာပါ။
မင်းအတွင်းမှာ အဖြေတွေအများကြီးရှိပါတယ်။
နားလည်ပါ။ သတ္တိရှိပါ။ ခွန်အားရှိပါ။
ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချုပ်ချယ်မှုတွေ မပြုပါနှင့်။
အိမ်မက်အများအပြား အကောင်အထည်ဖော်ဖို့ စောင့်နေလေရဲ့။
ဆုံးဖြတ်ချက်တွေဟာ အရေးကြီးလွန်းသမို့ ကံစီမံရာထားဖို့ မဖြစ်နိုင်။
ထိပ်ဆုံးအတွက်၊ ပန်းတိုင်အတွက်၊ ဆုအတွက်ရောက်အောင်လှမ်းပါ။
ပူပင်တာလောက် စွမ်းအင်ကို ပိုကုန်စေတာ မရှိဘူး။
ပြဿနာတစ်ခုကို သယ်ဆောင်တာ ကြာလေ ပိုမိုလေးလံလေပဲ။
အရာရာကို အလေးအနက် မထားလွန်းပါနဲ့။
ချမ်းမြေ့တဲ့ ဘ၀မျိုးနေထိုင်ပါ။
နောင်တတွေနဲ့ ဘ၀မျိုး မနေထိုင်ပါနဲ့။
အချစ်အနည်းငယ်ဟာ အများကြီးတာသွားတယ်ဆိုတာကို သတိရပါ။
အချစ်အများကြီးဟာ ထာဝရတာသွားတယ်ဆိုတာကို သတိရပါ။
ခင်မင်မှုဆိုတာ ပညာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာ သတိရပါ။
ဘ၀ရဲ့ ရတနာတွေဟာ အတူတစ်ကွနေတဲ့သူတွေပါ။
ဘယ်တော့မှ နောက်မကျဘူးဆိုတာ သိရှိနားလည်ပါ။
ရိုးရိုးလေးကို ဆန်းဆန်းလုပ်ပါ။
ကျန်းမာအောင်နေပါ။ မျှော်လင်ချက်နဲ့ ပျော်ရွှင်အောင်နေပါ။
ကြယ်အပေါ်ကို ဆုတောင်းဖို့ အချိန်ယူပါ။
တစ်နေ့အတွက်တောင်မှ…….
မင်းဟာ ဘယ်လိုအထူးဖြစ်နေတယ်ဆိုတာ..
ဘယ်တော့မှ မမေ့ပါနဲ့။



ရေးသားသူ = ချိုထွန်း
ဇော်သိင်္ခ

3 comments:

SHWE ZIN U said...

အင်း မမေ့အောင် ကျိုးစားရမယ်

ကျေးဇူးကိုဇော်သိက္ခ

ရွှေစင်ဦး

ခိုင်နုငယ် said...

လောကလက်ဆောင်..
မှတ်သားထိုက်တယ်ပေတယ်..
အရောက်လာဖတ်သွားပါအိ။

ချော(အစိမ်းရောင်လွင်ပြင်) said...

လောကရဲ့ လက်ဆောင်လေးကို လာရောက်ခံယူသွားပါတယ်..
စိတ်အားတက်စရာ စာလေးတစ်ပုဒ်ပါဘဲ
အရမ်းကောင်းပါတယ်..

 
^ထိပ်ဆုံးသို့