ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည် မဟုတ်ပါ။
ဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊ လ ရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။
ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။
သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား။ ။
ဤ ဖန်မီးအိမ် ကဗျာ လေးကို အရှင်အဘိဝံသ စီစဉ်ပူဇော်သည့်… မြစကြာကျောင်းတိုက် (၁၆) နှစ်ပြည့် အထိမ်းအမှတ်
စာစောင် အဖြစ် ထုတ်ဝေသည့် သာသနာ့ ဖန်မီးအိမ် စာအုပ်မှ…. ကဗျာ ဆရာ တင်မိုး မှ ပူဇော်ထားခြင်းဖြစ်ပါသည်။
ဇော်သိင်္ခ
2 comments:
သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား။ ။
ကောင်းလိုက်တဲ့ကဗျာ..သူ့အဆင်းနဲ့သူ..
လောကကိုအလှဆင်၏
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ဖန်မီးအိမ်ကဗျာလေး လာဖတ်သွားပါတယ်။ တကယ်အဓိပ္ပါယ်ပြည့်ဝပြီး အနှစ်ရှိတဲ့ ကဗျာလေးပါ..။ ကျေးဇူးတင်ပါတယ်..။
Post a Comment