မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ကျန်းမာချမ်းသာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

Thursday, July 15, 2010

အိမ်အလှ











ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း ။

အိမ်ရှေ့ ပန်းခင်း ၊ ဇာပြတင်းနှင့်
အိမ်တွင်း ကော်ဇော ၊ ဆိုဖာချောနှင့်
အံ့သြ ရင်မ ၊ ဗန်းပြလှလည်း
စိတ်က မောဟ ၊ လက်ကလောဘ
နှုတ်က မာန ၊ ထားတက်ကြမူ
အတ္တ ကိုယ်ကျိုး  ထိုအိမ်မျိုး ။

အိမ်နောက် စိုက်ခင်း ၊ စာမျိုးဟင်းနှင့်
အိမ်တွင်း သန့်စင် ၊ လေ နေ ၀င်နှင့်
အားအင်မျှတ ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး ၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။    ။

ဆရာ ဇော်ဂျီ ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။

 ဇော်သိင်္ခ

6 comments:

SHWE ZIN U said...

ကိုဇော်သိက္ခ

ဘယ်လိုလဲ အဆင်ပြေသွားပြီလား

ကဗျာလေးပြန်ဖတ်သွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

အိမ်နောက် စိုက်ခင်း ၊ စာမျိုးဟင်းနှင့်
အိမ်တွင်း သန့်စင် ၊ လေ နေ ၀င်နှင့်
အားအင်မျှတ ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး ၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။ ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ထိုအိမ်မျိုးလေးတော့နေတယ်။
ဖတ်ခွင့်ရတာ..ကျေးဇူး.ကိုဇော်သိင်္ခ

လသာည said...

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်းလို့ အစချီတဲ့ ကဗျာလေးတွေကို အရင်ကတဲက တအားကြိုက်တယ်။ အမှတ်တရပါပဲ ရိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်ကိုစဉ်းစားစရာပါဘဲ
လေးလေးနက်နက်နဲ့ ပြည့်ဝတဲ့ ကဗျာလေးကို ပြန်ဖတ်ခွင့်ရတာကျေးဇူးပါ...

ကိုအောင် said...

ဆရာဇော်ဂျီရဲ့ ကဗျာ လာဖတ်တယ် ကိုဇော်သိင်္ခရေ၊ အားပေးလျက်ပါ။

သဒ္ဓါလှိုင်း said...

ဆရာဇော်ဂျီရဲ့ကဗျာလေးကိုဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ကိုဇော်သိင်္ခရေ..။
ကျန်းမာရွှင်လန်းပါစေရှင်...

ခင်မင်စွာ
မသဒ္ဓါ

 
^ထိပ်ဆုံးသို့